Nway Oo Zaw Maung

  • Home
  • Nway Oo Zaw Maung

Nway Oo Zaw Maung စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးအပိုင်ချုပ်ငြိမ်းစေရမည်။

06/01/2023
06/01/2023

အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနိုင်ခဲ့တဲ့ အင်ဒိုနီးရှားက မြန်မာ့အရေးမှာ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဖြစ်လာနိုင်

ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၆ ရက်

ခေါင်းဆောင်တွေက ရုရှားနိုင်ငံရဲ့ ယူကရိန်းကျူးကျော်စစ်ပွဲကို တစ်ညီတစ်ညွတ်တည်း ရှုတ်ချခဲ့တဲ့ G-20 အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် အလယ်အလတ် အင်အားကြီး အင်ဒိုနီးရှားနိုင်ငံဟာ ယ ခုအခါ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဘက်မလိုက်သော ငြိမ်းချမ်းရေးဖျန်ဖြေပေးသူဆိုတဲ့ ယုံကြည်မှုကို ရရှိခဲ့ပါ တယ်။

ဒါပေမယ့်လည်း အာဆီယံရဲ့အင်အားကြီး အင်ဒိုနီးရှားနိုင်ငံအတွက် ပဋိပက္ခတွေကို ဖြေရှင်းနိုင်စွမ်း တစ် ကယ့်စမ်းသပ်မှုက အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူနေချိန်မှာ ရှိလာပြီဖြစ်ပါတယ်။ အာဆီယံ အလှည့်ကျ ဉက္ကဌ ကမ္ဘောဒီးယားနိုင်ငံက မြန်မာ့အရေးမှာ တိုးတက်မှုရှိအောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိတာကြောင့် အင်ဒိုနီး ရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ထမ်းဆောင်စဉ် မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်ခြင်း ရှိ မရှိ အား လုံးက စောင့်ကြည့်နေပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောထားကွဲလွဲနေတာကြောင့် အင်ဒိုနီး ရှားနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဌ တာဝန်ထမ်းဆောင်ချိန်မှာ G-20 အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင် ခဲ့ပုံကို ပုံတူကူးမယ်လို့ မျှော်မှန်းရပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကျပ်အတည်း ဖြစ်လာတာနဲ့အတူ ပြည်သူ ၃၀၀၀ ကျော် သေဆုံး ခဲ့တာကြောင့် ကုလသမဂ္ဂက လူသားမဆန်သော ရာဇဝတ်မှုတစ်ခုအဖြစ် ညွှန်းဆိုခဲ့ပါတယ်။ ယခင် အာဆီယံ အ လှည့်ကျဥက္ကဌတွေဖြစ်တဲ့ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ မဖြေရှင်းနိုင်ခဲ့တဲ့ မြန်မာ့အရေးမှာ အင်ဒိုနီးရှားနိုင်ငံ က ပိုမိုတက်ကြွတဲ့ မူဝါဒတစ်ရပ် ကျင့်သုံးခြင်းဖြင့် ရိုးသားပြီး အမှီအခိုကင်းသော ငြိမ်းချမ်းရေး အကျိုးတော် ဆောင် ဖြစ်လာနိုင်ပါတယ်။

သမိုင်းကြောင်းအရ မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် ချမှတ်ခံခဲ့ရ တဲ့ စီးပွားရေးနဲ့ စစ်ရေးဒဏ်ခတ်မှုတွေကို ခံနိုင်ရည်ရှိခဲ့ပါတယ်။ ကာလရှည်ကြာလာတဲ့ မြန်မာ့အရေးကို မဖြေရှင်း ပါက ဒေသတွင်းလုံခြုံရေးအပေါ် အကျိုးသက်ရောက်မှုတစ်ရပ် ရှိလာမှာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက မြန်မာ့ အရေး ကိုင်တွယ်တဲ့နည်းလမ်းကို ပြောင်းလဲရမှာဖြစ်ပါတယ်။

မြန်မာ့အရေးဖြေရှင်းရာမှာ အင်ဒိုနီးရှားနိုင်ငံက ရိုးသားလွတ်လပ်သော ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဖြစ်လာနိုင်တဲ့ နည်းလမ်းတွေ များစွာရှိပါတယ်။ အာဆီယံခေါင်းဆောင်တွေနဲ့ မြန်မာ့အရေး အစီအမံကို ရှင်းလင်း ပြဖို့ အင်ဒိုနီးရှားနိုင်ငံက အထူး အာဆီယံထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပသင့်ပါတယ်။

နောက်တစ်နည်းကတော့ အခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကိုရှောင်ရှားဖို့ အာဆီယံ အ လှည့်ကျဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းသင့်ပါတယ်။ လွတ်လပ်သော ဖျန်ဖြေသူအဖြစ် အင်ဒိုနီးရှားက အာဆီယံ ဥက္ကဌအဖြစ်မဟုတ်ဘဲ အာဆီယံအိမ်နီးချင်းအနေနဲ့ အာဆီယံအဖွဲ့မှ ရပ်ဆိုင်းထားတဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံသင့်ပါတယ်။

နောက်တစ်ခုကတော့ သမ္မတ ဂျိုကိုဝီက မြန်မာ့အရေးမှာ ငြိမ်းချမ်းရေး ဖျန်ဖြေသူတစ်ဉီးဖြစ်လာဖို့ အင်ဒို နီးရှားနိုင်ငံရဲ့ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဖို့ မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့တွေ့ဆုံဖို့ သွားရောက်သင့်ပါတယ်။ မြန်မာ့အရေးဆိုင်ရာ ငြိမ်းချမ်းရေးမစ်ရှင် မဖွဲ့စည်းမီ လူချင်းတွေ့ဆုံမှုက အကျပ်အတည်းအဆုံးသတ်ရေး စေ့စပ် ညှိနှိုင်းရေးစားပွဲဝိုင်းမှာ သဘောတူညီဖို့ နိုင်ငံတကာပစ်ပယ်ခံ စစ်ကောင်စီခေါင်းဆောင်တွေရဲ့ ယုံကြည်မှုကို ရရှိ စေနိုင်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှတစ်ဆင့် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးနဲ့ ဆက်သွယ်နိုင်မယ့် အထူးအဖွဲ့ တစ်ဖွဲ့ကို အင်ဒိုနီးရှားနိုင်ငံက ဖွဲ့စည်းရမှာဖြစ်ပါတယ်။ အဲဒီအဖွဲ့ကို အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးတစ်ဉီးက ဉီး ဆောင်သင့်ပြီး အဖြစ်သင့်ဆုံးပုဂ္ဂိုလ်မှာ သမ္မတဟောင်း ဆူဆီလိုဘမ်ဘန်းယူဒိုယိုနိုဖြစ်ပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စေ့စပ်ညှိနှိုင်းဖို့ စစ်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဉီး စေလွှတ် ခြင်းက စစ်ကောင်စီနဲ့ ဆက်သွယ်ရာမှာ အထိရောက်ဆုံး နည်းလမ်းတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အနေနဲ့လည်း အထူးအဖွဲ့ အကြီးအကဲ သမ္မတဟောင်း ယူဒိုယိုနိုနဲ့ ဆက်သွယ်ဖို့ သမ္မတ ဂျိုကိုဝီအတွက် လွယ်ကူ စေမှာဖြစ်ပါတယ်။ အထူးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်အာဏာက စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နေစဉ် ဆန္ဒပြသူ တွေအပေါ် အကြမ်းဖက်ဖြိုခွင်းတာရပ်တန့်ရေး စစ်ကောင်စီကို တိုက်တွန်းဖို့ဖြစ်ပါတယ်။

ယူဒိုယိုနိုက ဗိုလ်ချုပ်ကြီးတစ်ဉီးအနေနဲ ကြုံတွေ့ခဲ့ရတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်တဲ့ ၁၉၉၈ ခုနှစ်မှာ အင်ဒို နီးရှားနိုင်ငံက စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အောင်မြင်စွာ အသွင်ကူးပြောင်းနိုင်ခဲ့တာကြောင့် အင်ဒိုနီး ရှားနိုင်ငံက ရိုးသားသော ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဖြစ်လာနိုင်တဲ့ အခြေအနေရှိပါတယ်။ အင်ဒိုနီးရှားနိုင် ငံက ၂၀၂၁ ခုနှစ် ဧပြီလမှာ မြန်မာ့အရေး အထူးထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့သလို အာဏာသိမ်းစစ်ကောင်စီက အင်ဒိုနီးရှားနိုင်ငံရဲ့ အကြံပြုမှုကို လေးစားသမှုရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ရခိုင်ပြည်နယ်က လူသားချင်းစာနာမှု အကျပ်အတည်းဖြေရှင်းရာအှာ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖူးတဲ့ သမိုင်းတစ်ရပ်ရှိပါတယ်။ ဒီအချက်ကြောင့် အာဆီယံ အလှည့်ကျဥက္ကဌအနေနဲ့မဟုတ်ဘဲ ဒေသတွင်း အင်အားကြီးတိုင်းပြည်တစ်ခုအနေနဲ့ ရိုးသားသော ဖျန်ဖြေသူအဖြစ် အဆိုပြုနိုင်တဲ့ ကောင်းမွန်သော အခွင့်အလမ်းတစ်ရပ် အင်ဒိုနီးရှားနိုင်ငံမှာ ရှိနေပါတယ်။

ထိရောက်သော ငြိမ်းချမ်းရေးဖျန်ဖြေသူဖြစ်ဖို့အတွက် အာဏာသိမ်းစစ်ကောင်စီနဲ့ ဆွေးနွေးချိန်မှာ အင်ဒို နီးရှားနိုင်ငံက အာဆီယံအလံကို ချန်ထားသင့်ပြီး နားထောင်သူကောင်းသာဖြစ်သင့်ပါတယ်။ အဓိကစိန်ခေါ်မှုတစ် ခုမှာ ဘုံသဘောတူညီချက်ငါးရပ်ကို မလိုက်နာမှုကြောင့် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ယာယီ ရပ်ဆိုင်းဖို့ အာဆီယံပဋိဉာဉ်ပါ တရားဝင် စာပိုဒ်တစ်ခုရှာဖွေဖို့ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဌအနေနဲ့ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ရပ်ဆိုင်းနိုင်တဲ့ အခြေအနေမှာရှိနေပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က အာဆီယံအဖွဲ့မှ မြန်မာနိုင်ငံကို ရပ်ဆိုင်းလိုက်တာကို သဘောတူမှာမဟုတ်ပေမယ့် အင်ဒိုနီးရှားနိုင်ငံက ဒီဆုံးဖြတ်ချက်ကို ဉီးဆောင်နိုင်စွမ်းရှိပါတယ်။

မြန်မာနိုင်ငံ တည်ငြိမ်မှသာ အင်ဒိုနီးရှားနိုင်ငံသို့ ဒုက္ခသည်တွေရောက်ရှိလာမှု ရပ်တန့်မှာဖြစ်လို့ မြန်မာ ကို အာဆီယံအဖွဲ့မှ ရပ်ဆိုင်းလိုက်တဲ့မူဝါဒကို အောက်လွှတ်တော်က ထောက်ခံမှာဖြစ်ပါတယ်။ အင်ဒိုနီးရှားနဲ့ အာ ဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးရဲ့ အကျိုးစီးပွားအတွက် မြန်မာ့အရေး ဖြေရှင်းခြင်းက ဒေသတွင်း လုံခြုံရေးအပေါ် ဂ ယက်ရိုက်လာမှုကိုရှောင်ရှားဖို့ အကောင်းဆုံးဖြစ်ပါတယ်။

မြန်မာ့အရေးမှာ ရိုးသားသော ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ဖြစ်လာဖို့ အင်ဒိုနီးရှားနိုင်ငံဟာ ပြည် တွင်း၊ ပြည်ပရဲ့ နိုင်ငံရေးထောက်ခံမှုကို ရရှိထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဌသက် တမ်းအတွင်း မြန်မာ့အရေးကို အကောင်းဆုံး ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဇန်နဝါရီလ ၅ ရက်က The Straits Times သတင်းစာပါ ဆောင်းပါးရှင် Haeril Halim ရဲ့ Indonesia can be an honest peace broker in Myanmar crisis ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါတယ်။

29/12/2022

နွေဦးထီကို လစဉ် လကုန်ရက် တစ်ရက်မှလွဲ၍ ကျန်ရက်များတွင် ၂၄ နာရီ ၇ ရက်ပါတ်လုံးရောင်းချပေးလျက်ရှိပါတယ်။

ရောင်းချရငွေများရဲ့ ၇၀% ကိုတော့ CDM သူရဲကောင်းများကိုချီးမြှင့်ပေးလျက်ရှိပြီး၊ ၃၀% ကိုတော့ဆုကြေးအဖြစ်ဖွင့်လှစ်ပေးလျက်ရှိပါတယ်။

နွေဦးထီရဲ့ဆုကြေးတွေကတော့
• အထူးဆု ကျပ်သိန်း ၁၀၀
• ကျပ် ၁၅ သိန်းဆုများ
• ကျပ် ၅ သိန်းဆုများ
• ကျပ် ၁ သိန်းဆုများ ပဲဖြစ်ပါတယ်။

NUGPay နဲ့ လုံလုံခြုံခြုံ ထီထိုးကံစမ်းရင်း CDM သူရဲကောင်းများကို တတ်အားသ၍ချီးမြှင့်နိုင်ဖို့ အောင်လံလွှင့်ချီနွေဦးထီကို ဝယ်ယူအားပေးကြဖို့ကိုလဲ တိုက်တွန်းလိုက်ရပါတယ်။

#တော်လှန်ရေးမှာပေါင်းကူညီ
#အောင်လံလွှင့်ချီနွေဦးထီ

27/12/2022

နွေဦးထီဖွင့်ဖို့ ၄ ရက်သာလိုပါတော့တယ်။

နွေဦးတော်လှန်ရေးရဲ့တပ်ဦးဖြစ်တဲ့ CDMers သူရဲကောင်းတွေကို ချီးမြှင့်နိုင်ဖို့ နိုင်တဲ့ဘက်က ဝိုင်းဝန်းကြဖို့ကိုတိုက်တွန်းအပ်ပါတယ်။

#တော်လှန်ရေးမှာပေါင်းကူညီ #အောင်လံလွှင့်ချီနွေဦးထီ

27/12/2022

စစ်သားစစ်စစ်တွေရိုက်တဲ့စစ်ကားပေါ့ဗျာ

ဇာတ်လမ်း၊ဇာတ်ညွှန်း၊ဒါရိုက်တာ၊ရိုက်ကူးရေးအဖွဲ့၊
သရုပ်ဆောင်အဖွဲ့သားတွေအားလုံးဒေါနစစ်ကြောင်းက
ရဲဘော်တွေနဲ့ တော်လှန်ရေးရဲဘော်တွေပါပဲခင်ဗျာ။

ဆရာကြီးမင်းသုဝဏ်ရဲ့ "ဖိုးမောင်လာပြီ" ဆိုတဲ့
ကဗျာကိုကျောရိုးယူပြီးတပ်စုမှူးတိုက်မောင်းက
ဒါရိုက်တာအဖြစ်တာဝန်ယူပုံဖော်ထားတဲ့
"ဖိုးမောင်ပြန်လာပြီ"ဆိုတဲ့ ဇာတ်ကားလေးကို
ကျနော်တို့ အွန်လိုင်းရုပ်ရှင်ရုံအနေနဲ့စီစဉ်ပြီး
လက်မှတ်ရောင်းချကာ ပြသသွားမှာဖြစ်ပါတယ်။

လက်မှတ်တစ်စောင်ကို မြန်မာကျပ်ငွေ (၂) သောင်း ၊
SGD 12 , USD 10, THB 300 , DMMK 20000 ဖြင့်
ဝယ်ယူနိုင်ပါတယ်။နိုင်ငံအလိုက် Currency Exchange
Rate များကိုလည်းသက်ဆိုင်ရာ Fundraiser များထံမှ
စုံစမ်းနိုင်ပါတယ်။

ကမ္ဘာတစ်ဝန်းက Fundraiser တွေကလည်း
ကူညီရောင်းချပေးသွားမှာဖြစ်လို့ အောက်မှာဖော်ပြ
ထားတဲ့ နိုင်ငံအလိုက် Fundraiser တွေဆီမှာ
လက်မှတ်များဝယ်ယူနိုင်ပါတယ်။

🇲🇲 Myanmar 🇲🇲

Lucky2PDF
https://www.facebook.com/lucky2pdf

SR-21 Myanmar Support
https://www.facebook.com/profile.php?id=100070135953566

CDM Medical Network
https://www.facebook.com/cdmmn
Messenger 👉 http://m.me/cdmmn

April Roungni
https://www.facebook.com/CDM-and-IDPs-Supporting-Team-April-Roungni-111512811161660/

🇸🇬 SG 🇸🇬

We Are One
https://www.facebook.com/WeR1.sgsupport

Khine SG
https://www.facebook.com/khine.singapore?mibextid=LQQJ4d

The Myanmar People's Spring - ပြည်သူ့နွေဦး
https://www.facebook.com/TMPSfundraiser/

CSC - Singapore
https://www.facebook.com/CSC-Citizen-Support-Center-107026434878523

🇺🇸US 🇺🇸

Spring Myanmar Society
https://www.facebook.com/SpringMyanmarSociety

Boston Free Burma
https://www.facebook.com/groups/3669963659763924

Helping Hands for Burma- H2B
https://www.facebook.com/H2BNYC/

🇬🇧 UK 🇬🇧

Uk2myanmar
https://www.facebook.com/profile.php?id=100080052974876

Click To Fight - UK
https://www.facebook.com/ClickToFightUK

Pyit Tine Htaung - UK
https://www.facebook.com/pyittinehtaunguk/

🇹🇭 Thailand 🇹🇭

Lucas Elias
https://www.facebook.com/profile.php?id=100081906817110&mibextid=ZbWKwL

နွေဦးထောက်ပို့&Support to Spring-mft/ehm
https://www.facebook.com/Supporting.mft.ehm?mibextid=ZbWKwL

တော်လှန်ကျန်းမာအနာဂတ်တို့ကမ္ဘာ
https://www.facebook.com/healthrevolutionnugaac
🇯🇵Japan🇯🇵

Nagoya ဗြဟ္မာစိုရ်နှလုံးသားပရဟိတအသင်း
https://www.facebook.com/brahmasohnalonether

Together with Satomi
https://www.facebook.com/togetherwithsatomi?mibextid=ZbWKwL

🇹🇼 Taiwan 🇹🇼

台灣聲援緬甸聯盟 Taiwan Alliance for Myanmar
https://www.facebook.com/TaiwanAllianceforMyanmar

🇨🇦 Canada 🇨🇦

2022 Bottle Depot အကောက်ခွန်
https://www.facebook.com/bottledepotminmin

🇲🇾 Malaysia 🇲🇾

နွေဦးထောက်ပို့&Support to Spring-mft/ehm
https://www.facebook.com/Supporting.mft.ehm?mibextid=ZbWKwL

🇰🇷 Korea 🇰🇷

GMSR Korea 글로벌 미얀마 봄혁명 연대 -တကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး
https://www.facebook.com/gmsr.korea/?mibextid=ZbWKwL

🇮🇪 Ireland 🇮🇪

CRPH Funding Ireland
https://www.facebook.com/CRPH-Funding-Ireland-101823198732070/

🇳🇱 Netherlands 🇳🇱
Burma Matters
https://www.facebook.com/BurmaMatters

CRPH Support Group (Norway)
https://www.facebook.com/crphsupportgroupnorway

ပြည်သူ့ဂုဏ်ရည်အသင်း (UAE)

https://www.facebook.com/citizenofburmaawardmiddleeastregion

International Association Myanmar Switzerland
https://www.facebook.com/International-Association-Myanmar-Switzerland-100340048923336

Ma Boke (Australia)
https://www.facebook.com/north.more.37

We love Myanmar
https://www.facebook.com/GenZRevolution2021/
🌐 Global

One-to-One CDM Campaign
https://web.facebook.com/OneToOneCDMCampaign

24/12/2022

ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို လက်မခံနိုင်ဘူးလို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနထုတ်ပြန်

ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၄ ရက်

ကုလသမ္မဂလုံခြုံရေးကောင်စီကမဲခွဲဆုံးဖြတ်ခဲ့တဲ့ မြန် မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်အဆိုကို လက်မခံနိုင်ဘူးလို့ စစ်ကောင်စီလက်အောက်နိုင်ငံခြားရေးဌာနက ဒီကနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာထုတ်ပြန် လာပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးအပေါ်မှာထိခိုက်သက်ရောက်တာမျိုးမရှိတဲ့ ပြည်တွင်းအရေးဖြစ်ပြီး လုံခြုံရေးကောင် စီအနေနဲ့ အခုလိုဆုံးဖြတ်ချက်အဆိုကို အတည်ပြုချမှတ်ခဲ့တာဟာ ကုလသမ္မဂပဋိညာဉ်စာတမ်းနဲ့ညီညွတ်မှုမရှိဘူးလို့စစ်ကောင်စီကပြောပါတယ်။

ဆုံးဖြတ်ချက်အဆိုမှာဖော်ပြထားတဲ့ အကြမ်းဖက်မှုများရပ်တန့်ဖို့နဲ့ပတ်သက်လို့ စစ်ကောင်စီလက်အောက်တပ်ဖွဲ့ဝင်တွေက တည်ဆဲဥပဒေတွေနဲ့အညီဆောင်ရွက်နေတာဖြစ်ပြီး ၎င်းတို့စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားတဲ့ NUG နဲ့ PDF တွေရဲ့လုပ်ရပ်တွေကိုတားဆီးဖို့လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ကအမေရိကန်နိုင်ငံ၊နယူးယောက် မြို့ရှိ ကုလသမ္မဂလုံခြုံရေးကောင်စီမှာ မြန် မာနိုင်ငံနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်အဆိုတစ်ရပ်ကို ဗြိတိန်နိုင်ငံက ဦးဆောင်တင်သွင်းခဲ့ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှ မဲခွဲဆုံးဖြတ်ခဲ့ရာ တရုတ် ၊ရုရှားနဲ့အိန္ဒိယတို့မှ ကြားနေမဲပေးခဲ့ကာကျန်အဖွဲ့ဝင် နိုင်ငံအားလုံးမှထောက်ခံခဲ့သဖြင့် ကန့်ကွက်သူမရှိဘဲ ဆုံးဖြတ်ချက်အဆိုကို လုံခြုံရေးကောင်စီကအတည်ပြုခဲ့တာဖြစ်ပါတယ်။

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အဆိုနဲ့ပတ်သက်ပြီး စစ်ကောင်စီက လက်မခံနိုင်ဘဲ မြန်မာနိုင်ငံရဲ့အခြေခံ မူဝါဒရပ်တည်ချက်တွေအတိုင်းရပ်တည်ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

#ကုလ #လုံခြုံရေးကောင်စီ #ဆုံဖြတ်ချက် #စစ်ကောင်စီ #ထုတ်ပြန်ချက်

19/12/2022

ဒီ story လေး ပဒေသာပင်မှာတင်ခဲ့တာတောင်
မနေ့ကတစ်နှစ်ပြည့်ခဲ့ပြီ။

အမှန်တော့ အဲ့တုန်းက အရင်ချန်နယ်ပျက်သွားလို့
ခု ပဒေသာပင်ရယ်လို့ဖြစ်လာမယ့် ယူကျုချန်နယ်
မှာ ပြန်ပြောင်းတင်ခဲ့တာပါ။ဒီ story ကို ဖန်တီးခဲ့တာက
ဒီ့ထက်စောပါတယ်။

View (8) သိန်းကျော်မှာ တချို့လူတွေက တစ်ကြိမ်ထက်
မနည်း နားထောင်သူတွေလည်းရှိမှာပေါ့။ဒီ story လေး
နားထောင်ပြီးမှ ကျနော့်ကိုသိကြတဲ့သူလည်းများပါတယ်။

အမှန်တော့ ကိုပဒေသာဆိုတာက ကျနော်တို့Channel
ရဲ့ Mascot လေးကိုအမည်ပေးထားတာပါ။
ဒါပေမယ့် လူတွေက ကျနော့်ကိုပဲ ကိုပဒေသာလို့
ခေါ်နေရင်းက ကိုပဒေသာဖြစ်သွားတယ်ပဲဆိုပါတော့ 😅

အဲ့ဒီ Story ကို ဖန်တီးတုန်းကခံစားချက်တွေနဲ့ အခုအချိန် ခံစားချက်တွေ အတော်လေးကွာဟမှုရှိပါတယ်။အမြင်
တချို့လည်းပြောင်းသွားတယ်။ဒါပေမယ့် မပြောင်းလဲတာကတော့တော်လှန်ရေးအောင်ဖို့ နိုင်သလောက် ကြိုးစားနေဆဲဆိုတာပါပဲ။

ဒီကာလတွေအတွင်းကြုံခဲ့ရတဲ့ လောကဓံရိုက်ချက်တွေကလည်း ခပ်ကြမ်းကြမ်းပါပဲ။ကျနော်ချစ်ရတဲ့သူတွေ မိတ်ဆွေ
တွေ ရဲဘော်ရဲဘက်တွေလည်း ကျနော့်ကို ပုံစံမျိုးစုံနဲ့
ခွဲသွားခဲ့ပါပြီ။

တော်လှန်ရေးက ကြာလာတော့ တချို့လည်း စိတ်ပင်ပန်း
လာကြပါပြီ။ကျနော်တို့လည်းပင်ပန်းတာပါပဲ ၊ ကျနော်တို့
လည်း လူငယ်သဘာဝ ပျော်ချင်တာပေါ့ဗျာ။

ဒါပေမယ့် အဲ့ဒီတုန်းက ပြောခဲ့တဲ့စကားတစ်ခွန်းကို
ခုချိန်မှာတော့ထပ်ပြောချင်တယ်။

ခင်ဗျားတို့ပျော်ချင်တယ်ဆိုတာသိပါတယ်။
ဒါပေမယ့် ကျားသနားမှ နွားချမ်းသာရသလို
ဘဝမျိုးနဲ့ပျော်မလား ၊ ကိုယ့်လွတ်လပ်ခွင့်ကို
ကိုယ့်ဘာသာဖန်တီးပြီး စိတ်လွတ်လက်လွတ်
ပျော်ရတဲ့ဘဝမျိုးနဲ့ နေမလားဆိုတာကတော့
ခင်ဗျားတို့ရွေးချယ်မှုပါပဲ။

19/12/2022

19/12/2022

ဝေးကွာနေလည်း မေတ္တာတရားကို မျှဝေဖို့ NUGPay က နီးစပ်စေမှာပါ။

NUGPay နဲ့ နေရာဒေသမရွေး ငွေလွှဲငွေပို့ လုပ်ဆောင်နိုင်ပါတယ်။

✅ ဘယ်နှခါ လွှဲလွှဲ

✅ ဘယ်လောက်လွှဲလွှဲ

NUGPay နဲ့ အခမဲ့ ငွေလွှဲနိုင်မှာပါ။

ဒါ့အပြင် NUGPay ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဘဏ္ဍာရေးယန္တရားမှ လုံးဝ လွတ်ကင်းပြီး လုံခြုံမှု အပြည့်ရှိတဲ့ ငွေပေးငွေယူ စနစ်တစ်ခုပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ အားလုံးဟာ စည်းလုံးတူညီတဲ့ ယုံကြည်မှုတွေနဲ့ ရင်ဘတ်ချင်းနီးစပ်ကြောင်း NUGPay ရဲ့ QR Scanning နဲ့ အတူ ငွေလွှဲရင်း ချစ်ခြင်းမေတ္တာကို မျှဝေလိုက်ပါ။

19/12/2022

19/12/2022

NUGPay လည်ပတ်နေသည့် ဒေသများအတွက် ဒီဇင်ဘာလ ၁၈ ရက်နေ့ DMMK Currency Exchange Rate ကိုကြေညာအပ်ပါသည်။

ဤငွေလဲနှုန်းသည် အသစ်ထပ်မံထုတ်ပြန်ခြင်း မတိုင်ခင်အထိ အတည် ဖြစ်ပါသည်။

DMMK Currency Exchange Rate ပြောင်းလဲမှုများကို NUGPay Page မှ ထုတ်ပြန်ကြေညာသွားပါမည်။

19/12/2022
19/12/2022

#အောင်လံလွှင့်ချီနွေဦးထီ ယနေ့အတွက် နွေဦးထီထိုးလို့ရပါပြီ။ လစဉ်လကုန်ရက် တရက်တည်းသာ ထီအရောင်းပိတ်မှာဖြစ်ပြီး ကျန်ရက်များတွင် နွေဦးထီ Page Messenger မှ တစ်ဆင့် 24/7 ဝယ်ယူနိုင်ပါပြီ။

တော်လှန်ရေးထီဖြစ်သည့်အလျောက် အာဏာရှင်ကို ဆန့်ကျင်ရာတွင် ဘယ်သောအခါမျှ သွေးအေးသွားမှာမဟုတ်ကြောင်းကို အကြမ်းမဖက်ပြသနိုင်မယ့် လမ်းကြောင်းတစ်ရပ်လဲဖြစ်တာမို့ နွေဦးထီ ကိုအားပေးရင်း တော်လှန်ရေးမှာပူးပေါင်းပါဝင်အားဖြည့်ပေးကြဖို့အလေးအနက်တိုက်တွန်းလိုက်ရပါတယ်။

နွေဦးထီကို အခက်အခဲ အကြပ်တည်းများကြားမှ အားပေးနေကြတဲ့မိဘပြည်သူများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။

———————————————————————

နွေဦးထီထိုးရန် အခက်အခဲများရှိပါက ကူညီဖြေရှင်းပေးနိုင်ရန် အတွက် "[email protected]” ကို email ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

နွေဦးထီ မိသားစု
#တော်လှန်ရေးမှာပေါင်းကူညီ

#အောင်လံလွှင့်ချီနွေဦးထီ

19/12/2022

ကျွန်တော်တို့ လက်ရှိလုပ်နေတဲ့ကမ်ပိန်းရဲ့ မဲလက်မှတ်များကို မဂျာမုန်းထံတွေလည်း ဝယ်ယူအားပေးရင်း BPLA တပ်တော်ကို ထောက်ပံ့နိုင်ပါတယ်ခင်ဗျာ။

ကမ်ပိန်းအကြောင်းအပြည့်အစုံသိရှိရန်:
https://m.facebook.com/story.php?story_fbid=150669634383682&id=100083219386509&mibextid=Nif5oz

19/12/2022
19/12/2022

ပဒေသာပင်ကို အရင်ကတော့ကြည့်ဖြစ်တယ်
ခုကတော့ ဘယ်ချန်နယ်ကြည့်ရမလဲမသိဘူး
ဆိုသူများအချိန်ပေးဖတ်ပေးပါနော်။

ကျနော်တို့ ချန်နယ်တွေကြော်ငြာအပိတ်ခံရတာနဲ့
တစ်ခုအသစ်လုပ်လိုက် ၊ ပြန်ပါသွားလိုက် နောက်
အသစ်လုပ်လိုက်နဲ့ ခင်ဗျားတို့လည်း ဘယ်ဟာကို
အချိန်ပေးကြည့်ရမယ်မသိဘဲ ဗျာများသွားတယ်
ဆိုတာနားလည်ပါတယ်။

အခြေအနေအရ လုပ်လိုက်ရတဲ့ကိစ္စတွေကိုလည်း
နားလည်ပေးနိုင်မယ်ထင်ပါတယ်။အခုတော့ ပုံမှာ
ပြထားတဲ့ ချန်နယ်လေးခုလုံးကို ကြိုက်ရာဝင်ကြည့်
လို့ရပါတယ်။အောက်ဆုံးက P2P Channel က
ကြော်ငြာအသစ်ပြန်လျှောက်ထားတာမို့ လတ်တလော
မတက်သေးပေမယ့် မကြာခင် ကြော်ငြာရပါတော့မယ်။

ချန်နယ်တွေ များလာတာကြောင့် ချန်နယ်တစ်ခုချင်းစီ
ကိုလည်း တာဝန်ယူလုပ်ကိုင်မယ့်သူတွေကို ကျနော်
ပြန်လည် လက်လွှဲပေးထားပါတယ်။နောက်ဆိုရင်
ကျနော်က Padaythar P2P တစ်ခုကိုပဲ အာရုံစိုက်
တော့မှာပါ။ဒါပေမယ့် ပဒေသာပင်နဲ့ ပတ်သက်တဲ့
ကိစ္စအဝဝရဲ့ တာဝန်ခံအနေနဲ့တော့ ကျနော်ဆက်ရှိ
နေပါတယ်။

အရင်ကဆိုရင်လေ ကျနော်တို့ချန်နယ်တွေမှာ တစ်ရက်ကို
ဝင်ကြည့်တဲ့သူ (၄) သောင်းကျော် (၅) သောင်းအမြဲရှိပါတယ်။အခုများတော့ ချန်နယ်တစ်ခုကို (၃) ထောင် (၄) ထောင်ပဲရှိပါတော့တယ်ခင်ဗျာ။

အရင်ကဆိုလည်း တစ်ရက်ကို (၁၀) သိန်းလောက်ဝင်ငွေ
ရနေရာကနေ ခုများတော့ တစ်ရက်တစ်သိန်းတောင်
မရတော့ပါဘူး။

အဲ့တော့ VPN သေချာခံပြီး သေချာလေးဝင်ကြည့်ပေးကြပါ။အရင်လို တစ်ရက် (၁၀) သိန်းလောက်ပြန်လိုချင်တယ်ဗျာ။

YouTube app မှာ ကြော်ငြာမတက်သူများ Chrome
ထဲဝင် Desktop Site ပြောင်းပီးကြည့်ပေးပါ။

Video တွေအောက်မှာ တလရနဲ့ဆိုင်သောမန့်များ
လုံးဝမမန့်ရပါ ❌

Address


Website

Alerts

Be the first to know and let us send you an email when Nway Oo Zaw Maung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share