Keyboard Fighters

  • Home
  • Keyboard Fighters

Keyboard Fighters Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Keyboard Fighters, Media/News Company, .

https://www.facebook.com/166580710064489/posts/4436265769762607/
26/08/2021

https://www.facebook.com/166580710064489/posts/4436265769762607/

မြန်မာဝယ်ထားတဲ့ Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ် အချိန်မီပို့မယ်လို့ ရုရှားပြော

မြန်မာနိုင်ငံက မှာယူထားတဲ့ Pantsir လေကြောင်းရန်ကာကွယ်ရေးစနစ် စစ်လက်နက်တွေကို စာချုပ်မှာပါတဲ့ အစီအစဥ်အတိုင်း ရုရှားက ပို့ဆောင်ပေးမယ်လို့ဆို

ဒီသတင်းနဲ့အတူ နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု

https://www.bbc.com/burmese/live/burma-58248887

ပုံစာ- Pantsir-S လေကြောင်းရန်ကာကွယ်ရေးစနစ်

26/08/2021

ရွှေဘိုမြို့မှာ ရှိတဲ့ ကျောင်းသားတွေနဲ့ အပစ်မရှိပြည်သူတွေကို
ဖမ်းဆီးချုပ်နှောင်ထားခဲ့တာ
ယခုဆို တစ်ပတ်ကျော်လာခဲ့ပြီဖြစ်ပါတယ်

သက်သေမရှိပဲ ဖမ်းဆီးတာတွေ ရှိနေတယ်လို့လဲကြားသိနေရပါတယ်

ရဲနဲ့ဘတပ် စတင် ဖြိုခွင်းတဲ့နေ့ကစပြီး လူများ နည်းပါးသွားပြီး ဒလံတွေများလာတယ်
ဆန္ဒပြတဲ့ ပြည်သူတွေကို တံခါးဖွင့်ပေးညအိမ်ထဲအဝင်ခံပြီးမှ ဖုန်းဆက်လှမ်းတိုင်တာတွေရှိနေတဲ့အတွက်ကြောင့် ရွှေဘိုမြို့နေပြည်သူများကလည်း နာကျဉ်းနေကြပါတယ်လို့ သတင်းရပါတယ်
သို့သော်လည်း ရွှေဘိုမြို့ရဲ့ 2021 GEN - Z လေးများကတော့ ယနေ့ထိတိုင် ရရာ အကာကးအကွယ်များကို စွဲကိုင်ပြီးတော့ လူဉီးရေ နည်းပါးစွာပဲ တိုက်ပွဲဝင်နေကြဆဲပဲဖြစ်ပါတယ်

CDM

#အပေါ်ကအချက်အလက်တွေကိုဒီနေ့ဘာလုပ်ရမယ်ဆိုတာကိုကျွန်​ေတာ်ကနေပြီးတော့ပြောပြပေးသွားမှာပဖြစ်ပါတယ်

1
ဖမ်းဆီးထားတဲ့ ကျောင်းသားတွေနဲ့ ပြည်သူတွေကို ပြန်လွတ်ပေးအောင်လုပ်တဲ့နေရာမှာ ရွှေဘိုမြို့အနေ ပြည်သူတွေနဲ့ ဆန္ဒပြတာမျိုးမလုပ်နိုင်ခဲ့ရင်တောင်မှ ဆက်ပြီးတွန်းအားပေးနေဖို့တော့လိုပါတယ် အကုန်မခေါ်နိုင်တောင် ရသလောက်တော့ ခေါ်ရပါမယ် အဲ့လိုခေါ်ထုတ်တဲ့နေရာမှာ အသက်ကြီးပိုင်းတွေ ရောဂါအခံရှိတဲ့သူတွေ လက်ရှိခံစားနေရတဲ့သူတွေကို ခေါ်ထုတ်ကြရပါမယ်
#ဖမ်းဆီးခံထားရတဲ့သူတွေထဲမှာ_နှလုံးရောဂါသည်တွေရှိနေတယ်လို့လည်းကြားရပါတယ်
မတော်တဆများ ဒီ post ကိုရွှေဘိုကပြည်သူတွေရော အာဏာပိုင်တွေရော တွေ့ မြင်ခဲ့မယ်ဆိုရင် အလေးထားပြီး ရောဂါအခံရှိသူတွေနဲ့ လက်ရှိခံစားနေရတဲ့သူတွေကို ချက်ချင်းပြန်လွတ်ပေးပါ ​ေဂေါအခြေနေဟာချက်ချင်းဆိုးဝါးသွားနိုင်ပါတယ် မတော်တဆများအသက်သေဆုံးသွားခဲ့သည်ထိ ဖြစ်ခဲ့လျှင် ဖမ်းဆီးထားတဲ့သူတွေရှိမှာ တာဝန်ရှိနေတဲ့အပြင် ရွှေဘိုရဲ့ ပထမ ဉီးဆုံးသော သေဆုံးမှုဖြစ်ပြီး မည်သူမျှကျေနပ်လိမ့်မယ်မဟုတ်ပါ
အပစ်မရှိပဲ အချိန်အကြာကြီးထိန်းသိမ်းထားတယ်ဆိုတာ အဖြေမဟုတ်ပါဘူး

2
ရဲနဲ့တပ်က ဖြိုခွင်းလို့ ဆန္ဒပြ ပြည်သူတွေပုန်းအောင်နေလို့ တိုင်တန်းတဲ့ ဒလံခေါ်တဲ့အိမ်တွေ ရွှေဘိုမြို့မှာ အများအပြားပေါ်ထွက်လာတယ်လို့လည်းသိရပါတယ်
ဒီလိုဖြစ်ရပ်ဆိုးတွေကြောင်​့ ရွှေဘိုမြို့နေပြည်သူလူထုဟာ လမ်းပေါ်ထွက်ဆန္ဒပြခြင်းတွေ ရပ်တန့်သွားပါတော့တယ်
အဓိကအချက်ဟာ ဒလံတွေပါပဲ
ဒလံတွေနည်းသွားတာနဲ့ ဆန္ဒပြ ပြည်သူတွေတိုးလာပါလိမ့်မယ် ဒါဟာ
ကျောင်းမှာသင်ခဲ့ရတဲ့ ပြောင်းပြန်အချိုးကျခြင်းပါ
ဒလံတွေတိုအရင်တိုက်ရပါမယ်
ဒီလိုတိုက်ခိုက်တဲ့နေရာမှာ နည်းလမ်းမ​ျားစွာရှိသည့်အနက် အထိရောက်ဆုံးနည်းလမ်းကတော့ ဖြတ်တောက်ခြင်းနဲ့ အမှိုက်ပဲ တို့အပါအဝင်ပဲ ဖြစ်ပါတယ်

ဒလံအိမ်တွေကိုမှတ်ထားပါ တစ်အိမ်ကိုအမှိုက်တစ်ထုတ်နဲ့တင်လုံလောက်ပါတယ်
ပြင်းပြင်းထန်ထန်ကို လှုပ်သင့်ပါတယ်
ဒလံမိသားစုတွေကို အကုန်ဖြတ်တောက်ရပါမယ် သောက်ရေကအစ ရေမပို့နဲ့ မီးလည်းမပေးနဲ့ အဲ့လိုမျိုးတွေလုပ်ဆောင်ရပါမယ် ဒီလိုနည်းတွေလုပ်ခြင်းအားဖြင့်
ဒလံတွေ နည်းပါး ဆန္ဒပြပြည်သူတွေတိုးပွား လာမှာဖြစ်ပါတယ်

3
ဲCDM လုပ်ခြင်း ကိုပြောချင်တဲ့အခါမှာ ရဲကိုအဓိကထားပြောချင်ပါတယ်
ရွှေဘိုမှာ လူငယ်ရေးတစ်ယောက် လက်ကိုသေနတ်မှန်တာကလွဲရင် ကြီးကြီးမားမားထိခိုက်တာမျိုး အသက်သေတာမျိုးမရှိသေးပါဘူးလို့ဘသတင်းကြားပါတယ်
#ရဲနဲ့အုပ်ချုပ်ရေးပိုင်းတွေCDMလုပ်ပေးပါ
အချိန်မှီနေပါသေးတယ်
ရဲတွေအနေနဲ့ CDM လုပ်ချင်နေကြပါတယ် ဖမ်ခံထားရတဲ့ပြည်သူတွေကို လွတ်ပေးချင်နေကြပါတယ်လို့ အတွင်းသတင်းအရကြားသိရပါတယ်
လွတ်မိန့်တွေလည်းပေးထားပြီးဖြစ်ပါတယ် ရဲနဲ့အုပ်ချုပ်ရေးအထက်မှာ စစ်တပ် ရှိနေတဲ့အတွက်ကြောင့် ကြန့်ကြာနေရခြင်းတွေဖြစ်နေပါတယ်

ရဲနှင့်အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ CDM လုပ်ပေးကြပါ ပြည်သူတွေကလည်းတိုက်တွန်းကြပါ
ပြည်သူ အမြဲတမ်းကျွေးထားမယ် မဆိုလို ဒီရေသောက် ဒီမြေပေါ်မှာကြီး ဒီမြို့မှာနေထိုင်ခဲ့တာ ခြင်းအတူတူ ခံယူချက်နဲ့ ယုံကြည်ချက်တွေလည်း တူညီပေးကြပါ

ရွှေဘိုမြို့နေပြည်သူများအနေနဲ့ သတင်းပေးချင်သည်မျာရှိသော် လာရောက်ဆက်သွယ်နိုင်ပါတယ်

ရွှေဘိုမှာ CDM အောင်ကို အောင်ရမယ်
ရွှေဘိုက ပြည်သူတွေကျန်းမာချမ်းသာကြပါစေ

#ငါတို့ကျောင်းသားငါတို့ပြန်ပေး
#မြန်မာပြည်သူအားလုံးဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြပါစေ🙏🙏🙏













#စစ်အာဏာရှင်အလိုမရှိ

ဖျာပုံခရိုင်က အုပ်ချုပ်ရေးမှူးတွေကို လက်နက်ကိုင်ဆောင်ဖို့ ညွှန်ကြားထား  #ဧရာဝတီတိုင်း  #ဖျာပုံ     ဧရာဝတီတိုင်းဒေသကြီး၊ ...
25/08/2021

ဖျာပုံခရိုင်က အုပ်ချုပ်ရေးမှူးတွေကို လက်နက်ကိုင်ဆောင်ဖို့ ညွှန်ကြားထား

#ဧရာဝတီတိုင်း
#ဖျာပုံ



ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်း မြို့နယ်(၄)မြို့နယ်က အုပ်ချုပ်ရေးမှူးတွေကို လုံခြုံရေးအထူးသတိထား သွားလာနေထိုင်ကြဖို့နဲ့ ပြန်ခုခံဖို့ လေးခွ၊ ဓားမြောင်​တွေကိုင်ဆောင်ထားကြဖို့ ဖျာပုံခရိုင်စီမံကောင်စီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဆက်လက်ဖတ်ရှုရန် >> https://deltanewsagency.com/7302/

ဖျာပုံခရိုင်အတွင်း ဘိုကလေးမြို့နယ်၊ ပတ္တမြားကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းကိုဆီကို ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က ကျည်ဆံတစ်တောင့်နဲ့ သတိပေးစာကို သြဂုတ်လ ၂၀ ရက်နေ့က ပို့ဆောင်ပြီးနောက်ပိုင်းအခုလိုညွှန်ကြားချက်ထွက်လာတာလို့ အုပ်ချုပ်ရေးမှူး အသိုင်းအဝိုင်းက​နေ သိရပါတယ်။

ဒါ့အပြင် ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်နဲ့ ဒေးဒရဲမြို့နယ်အတွင်းမှာ စစ်ပညာသင်ကြားပြီး ပြန်လည်ရောက်ရှိလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စာရင်းတွေပြုစုကာ အချိန်မီသတင်းပေးပို့ကြဖို့နဲ့ စောင့်ကြည့်ထားဖို့ ထပ်ဆင့်ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။

ဧရာဝတီတိုင်းအတွင်း သြဂုတ်လ ၁၉ရက်နေ့မှာ သာပေါင်းမြို့နယ်၊ ထန်းဇင်လှကျေးရွာ အုပ်ချုပ်ရေးမှူးဦးမြင့်စန်းနဲ့ သြဂုတ်လ ၂၀ရက်နေ့မှာ ဘိုကလေးမြို့နယ်၊ ပတ္တမြားကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းကိုတို့ဆီကို ကျည်ဆံတစ်တောင့်နဲ့အတူ သတိပေး စာပေးပို့တဲ့ ဖြစ်စဥ်​တွေရှိခဲ့ပါတယ်။

25/08/2021

Address


Website

Alerts

Be the first to know and let us send you an email when Keyboard Fighters posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share