Zambudipa Media

  • Home
  • Zambudipa Media

Zambudipa Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zambudipa Media, Media/News Company, .

05/09/2022

Sep 5

မန်ယူနှင့် အာဆင်နယ် ပရိသတ်များကြောင့် တော်လှန်ရေးရန်ပုံငွေ သန်းချီရရှိခဲ့ဟုသိရ

29/08/2022

August 29

ထိုင်းနိုင်ငံ၊ မဲဆောက်ရှိ သဘာ၀တရားရိပ်သာတွင် သီလရှင်နှင့် ဘုန်းကြီး ဟန် ဆောင်ထားသောမြန်မာစစ်တပ်စပိုင်များ အပါအဝင် အထောက်အထားမဲ့သူ ၃၈ ဦးကို ဖမ်းဆီးရမိ၊ စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားသူကို စုံစမ်းထောက်လှမ်းရန် လာရောက်ဟု ထိုင်းအာဏာပိုင်များပြော

29/08/2022

ရေစကြိုတွင် PDFများ၏ ပစ်ခတ်မှုကြောင့် အလွန်ဆိုး သွမ်းသော ပျူစောထီးခေါင်းဆောင် ထွန်းအောင်ကျော်နှင့်အဖွဲ့ဝင် ၅ ဦး သေဆုံးပြီး လက်နက် များရရှိဟုသိရ

ဩဂုတ် ၂၉

25/08/2022

သြဂုတ်လ ၂၅၊ ၂၀၂၂

မင်းအောင်လှိုင် သားသမီး ခင်သီရိသက်မွန် နှင့် အောင်ပြည့်စုံတို့၏ ကုမ္ပဏီ ၂ ခုအပါအဝင် လုပ်ငန်း ၃ ခု ကို ဗြိတိန် က ဒဏ်ခတ် ပိတ်ဆို့ဟုသိရ

24/08/2022

သြဂုတ်လ ၂၄

ကန့်ဘလူ-ကောလင်း-ကျွန်းလှ မြို့နယ် ၃ ခု အစပ်တိုက်ပွဲတွင် ဗိုလ်ကြီး ၂ ဦးနှင့် ဗိုလ် ၁ ဦး အရှင်ဖမ်းမိပြီး စစ်သား ၄၀ ဦး သေဆုံး၊ လက်နက် ၂၂ လက်နှင့်ကျည် ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိဟုသိရ

ကမ္ဘာ့အတော်ဆုံး တော်လှန်ရေးရန်ပုံငွေရှာဖွေရေးသမားမှာ မြန်မာဖြစ်ဟုဆို+++++++++++++++++++++++မြန်မာပြည်ရဲ့ NUG လောက် နည်းပ...
06/08/2022

ကမ္ဘာ့အတော်ဆုံး တော်လှန်ရေးရန်ပုံငွေရှာဖွေရေးသမားမှာ မြန်မာဖြစ်ဟုဆို
+++++++++++++++++++++++

မြန်မာပြည်ရဲ့ NUG လောက် နည်းပညာကိုထိရောက်အကျိုးရှိအောင် ကျွမ်းကျင်စွာအသုံးချမှု၊ တီထွင်ဖန်တီးနိုင်မှုစွမ်းအား၊ ရည်မှန်းချက်ရောက်သည်အထိ အာရုံစူးစိုက်မှု၊ စတာတွေသုံးပြီး အအောင်မြင်ဆုံးရံပုံငွေရှာနိုင်တဲ့ တော်လှန်ရေးအစိုးရမျိုး ကမ္ဘာသမိုင်းမှာ တစ်ခါမှမမြင်ဖူးသေးဘူးလို့ Zachary Abuza ကဆိုလိုက်ပြီး သူ့ရဲ့အမြင်အသေးစိတ်ကိုလည်း အာရှပစိဖိတ်ကနိုင်ငံတွေရဲ့ မျက်မှောက်ရေးရာတွေကို ရေးသားဖော်ပြတဲ့ အထင်ကရစာစောင် Diplomat မှာရေးသားလိုက်ပါတယ်။

ဒေါက်တာ Zachary Abuza ဟာ အမေရိကရဲ့တတိယမြောက် သက်တမ်းအရှည်ဆုံးစစ်တက္ကသိုလ်တစ်ခုဖြစ်တဲ့ National War College ကပါမောက္ခတစ်ယောက်ဖြစ်ပြီး ကမ္ဘာ့တော်လှန်ရေးတွေမှာ ရန်ပုံငွေဘယ်လိုရှာဖွေကြသလဲဆိုတဲ့ အကြောင်းအရာကိုလေ့လာနေခဲ့တာလည်း နှစ်ပေါင်း(၃၀)ရှိပါပြီ။ ပြီးတော့ သူ့ဆောင်းပါးထဲမှာ မူးယစ်ဆေးတွေအမြောက်အမြားထွက်နေချိန်မှာတောင် မူးယစ်ရောင်းဝယ်မှုနဲ့ရန်ပုံငွေရှာတာကို ရှောင်ရှားနိုင်ခဲ့တဲ့အတွက်လည်း NUG ကို ချီးကျူးထားပါသေးတယ်။

ဒီလိုပညာရှင်မျိုးကတောင် လေးလေးစားစားနဲ့ တခုတ်တရ၊ စာတစ်စောင်ပေတစ်ဖွဲ့ရေးသားချီးမြှောက်တာခံရတဲ့ ကျွန်တော်တို့ရဲ့တော်လှန်ရေးဟာ အောင်ကိုအောင်မြင်မယ်ဆိုတာ ပြည်သူအားလုံး အကြွင်းမဲ့ယုံကြည်ကြပြီးသားပါ။
ဒီအောင်ပွဲကို အမြန်တကာ့အမြန်ဆုံးနဲ့ ပြည်သူအထိခိုက်မှု နည်းနိုင်သမျှအနည်းဆုံးရဖို့နည်းလမ်းကတော့ မြေပြင်မှာအသက်ပေးတိုက်ပွဲဝင်နေတဲ့ ပြည်သူ့တပ်သားတွေကို ‌ဆေးဝါး၊ ရိက္ခာ၊ လက်နက်ခဲယမ်းလုံလောက်အောင်ဖြည့်ဆည်းပေးကြဖို့ပါပဲ။
ဒေါက်တာ Zachary Abuza ချီးကျူးခဲ့ရတဲ့ ရန်ပုံငွေရရှိရေးနည်းလမ်းတွေထဲမှာအပါအဝင်ဖြစ်တဲ့ ဘွန်းဝယ်တာ၊ EOD ရှယ်ယာဝယ်တာ၊ နွေဦးထီဝယ်တာနဲ့ NUG pay တွေသုံးတာတွေ၊ ပုံမှန်ကလစ်တာတွေကို ကျန်ပြည်သူတွေက အင်တိုက်အားတိုက်ကူညီထောက်ပံ့လုပ်ကိုင်ပေးကြခြင်းဖြင့် ဖက်ဆစ်မိစ္ဆာစစ်တပ်ကို အမြန်ဆုံးဖြုတ်ချနိုင်ပြီး နောက်ထပ်သမိုင်းမော်ကွန်းသစ်တစ်ခုကိုပါ အခိုင်အမာထိုးနိုင်ဦးမှာ အသေအချာပဲဖြစ်ပါတယ်ခင်ဗျာ။

ရသမျှရန်ပုံငွေတိုင်းဟာ စစ်ကောင်စီကို အလဲထိုးမဲ့ လက်သီးချက်များအဖြစ် အသွင်ပြောင်းသွားမည်ဖြစ်ပါကြောင်း ထပ်လောင်းလို့ အာမခံလိုက်ပါတယ်ခင်ဗျား။ ။

“အောင်ပွဲမြန်ဖို့ ဘွန်းဝယ်စို့ “

မင်းအောင်လှိုင်အား သုတ်သင်ရေး ဘိုင်ဒန်သို့ပေးစာမူရင်းရေးသူ - Alan Clementsဘာသာပြန်သူ - မောင်လွင်မွန်(ကသာ)ကမ္ဘာ့နိုင်ငံအသ...
05/08/2022

မင်းအောင်လှိုင်အား သုတ်သင်ရေး ဘိုင်ဒန်သို့ပေးစာ
မူရင်းရေးသူ - Alan Clements
ဘာသာပြန်သူ - မောင်လွင်မွန်(ကသာ)

ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်များက စိုးရိမ်ပူပန်မှုအမျိုးမျိုးနဲ့ ထွေးလုံးရစ်ပတ်ပြီး ထိထိ ရောက်ရောက် ဆောင်ရွက်ဖို့ တုံ့နှေးနေကြတာ ဖြစ်ပေမယ့် ကမ္ဘာ့ပြည်သူတစ်ဉီးချင်းမှာတော့ ကျွန်တော်တို့အပေါ် တကယ့် ကိုယ်ချင်းစာနာစိတ်နဲ့ စိုးရိမ်ပူပန်မှု အပြည့်ရှိနေနိုင်တာကို သက်သေပြတဲ့ စာလေးတစ်စောင်ပါ။ မူရင်းစာရေးသူရဲ့ ဆန္ဒအတိုင်း ပြန်ဆိုဝေငှလိုက်ပါတယ်။
=================================
သမ္မတကြီး မစ္စတာ ဘိုင်ဒန်ခင်ဗျား

စက်တင်ဘာ-အယ်လဲဗင်း အကြမ်းဖက် တိုက်ခိုက်မှုကို အဓိကတာဝန်ယူ ကျူးလွန်ခဲ့သူ တစ်ဉီးဖြစ်ပြီး အိုစမာဘင်လာဒင်မရှိသည့်နောက်၌ အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့ကို အဓိက တာဝန်ယူ ဉီးဆောင်နေသူ၊ အာမန် အယ်လ်ဇာဝါရီကို အာဖဂန်နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့များက ဒရုန်းဖြင့် ပစ်ခတ်သုတ်သင် လိုက်ခြင်းအားဖြင့် ၂၁နှစ်ကြာ အပူတပြင်းရှာဖွေ ထောက်လှမ်းနေ ခဲ့သည့် အကြမ်းဖက် ခေါင်းဆောင်ကို အပြီးအပြတ်ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း သမ္မတကြီး၏ ကြေငြာချက်ကို ကျွန်တော်တို့ ကမ္ဘာ့ပြည်သူလူထုကြီးအနေဖြင့် သဘောတူထောက်ခံကြိုဆို ကြ ပါသည်။ ယခုကဲ့သို့ ကမ္ဘာကြီးအဖို့ အပူတပြင်းရှာဖွေနေသည့် ကြောက်မက်ဖွယ်အကောင်းဆုံး အကြမ်းဖက်သမားကို ရှင်းလင်းဖယ်ရှားလိုက်နိုင်ခြင်းမှာ လူကြီးမင်းအစိုးရ၏ ကြီးမားသော အောင်မြင်မှု တစ်ရပ်ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပါ။
ယင်းကြေငြာချက်ကို အိမ်ဖြူတော်လသာဆောင်မှ သမ္မတကြီးထုတ်ပြန်ခဲ့ပုံကို ကျွန်တော် ကြားနာခဲ့ရာတွင် အယ်လ်ဇာဝါရီအား တိကျသေချာသော ဒရုန်းတိုက်ခိုက်မှုဖြင့် အပြီးအပြတ် ရှင်း လင်းခဲ့မှုကို မိမိဉီးဆောင် ဆောင်ရွက်ခဲ့ကြောင်းနှင့် ယင်းအကြမ်းဖက်ခေါင်းဆောင်မှာ မည်သည့် အခါမှ ပြန်ပေါ်လာနိုင်တော့မည်မဟုတ်ပဲ တရားမျှတမှုကို ဖော်ဆောင်လိုက်နိုင်ပြီ ဖြစ်ကြောင်း အပြင် ယင်းသုတ်သင်ရှင်းလင်းမှု၌ သူ့မိသားစုဝင်များရော အနီးအနားမှ ပြည်သူများပါ မည် သည့် တစ်ဉီးတစ်ယောက်မှ ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်းလည်း ရှင်းလင်းစွာ ဖော်ပြထားပါသည်။ ကြေငြာချက်ကို သမ္မတကြီးက ကမ္ဘာ့ပြည်သူများအနေဖြင့် ရက်စက်ကြမ်းကြုတ်ယုတ်မာမှုများ ကို တမင်သက်သက်ကြံစည်လွန်ကျူးရန် အားထုတ်လုပ်ကိုင်နေသော အကြမ်းဖက်သမားမျိုးကို ကြောက်ရွံ့ထိပ်လန့်နေရန် မလိုတော့ကြောင်း၊ ယင်းသို့သောကျူးလွန်မှုမျိုးများကို မည်မျှ ကြာခဲ့ ပြီ ဖြစ်စေ၊ မည် သည့်နေရာ၌ ပုန်းအောင်းနေသည်ဖြစ်စေ၊ ခြိမ်းခြောက်ရမ်းကားနေသူ မှန်ပါက ကျွန်ုပ်တို့အနေဖြင့် မရအရ ရှာဖွေသုတ်သင်မည်ဖြစ်ကြောင်းဖြင့် နိဂုံးချုပ်ထားပါသည်။
သမ္မတကြီးသိထားသည့်အတိုင်း ကမ္ဘာကြီး၌ ပို၍ပင်ကြီးမားဆိုးသွမ်းသော အကြမ်းဖက်သမား မှာ လွတ်မြောက်နေဆဲ ရှိပါသည်။ သူ့အမည်မှာ မင်းအောင်လှိုင်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အယ်လ် ကိုင်ဒါကဲ့သို့ ကြမ်းကြုတ်ရက်စက်သော သူ၏အကြမ်းဖက်တပ်နှင့်အတူ ရှိနေပါသည်။ သူသည် သူ၏ ၂၀၂၁ခု ဖေဖေါ်ဝါရီလ ၁ရက်၊ အဓမ္မ အာဏာသိမ်းယူမှုနောက်ပိုင်း၌ အုပ်စုဖွဲ့ အကြမ်းဖက် အနိုင်ကျင့်ကာ အစုလိုက်အပြုံလိုက် ရက်စက်စွာသတ်ဖြတ်များခြင်းအပေါ် အရသာခံလျက် မင်းမူ အုပ်ချုပ်မှုပုံစံဖြင့် မြန်မာပြည်သူတစ်ရပ်လုံးကို အကြမ်းဖက် သောင်းကျန်းနေမှုများ အားလုံး၏ အဓိက လက်သည်တရားခံဖြစ်ပါသည်။ သူ၏ အသေးစိတ် ယုတ်မာရက်စက်မှုများမှာ အလွန် ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်ပြီး လူ့သမိုင်းတွင် အဆိုးဝါးဆုံးများအဖြစ် မှတ်တမ်းဝင်မည် ဖြစ်ပါ သည်။ ထိုပြင် သမ္မတကြီး ကြားသိပြီးမည်ဖြစ်သည့်အတိုင်း သူက လတ်တလောမှာပင် လွတ် မြောက်မှု တိုက်ပွဲဝင်သူလေးဉီးကို ကြိုးပေးကွပ်မျက်ခဲ့ပြီး နောက်ထပ် ထပ်မံသုတ်သင်ရန်လည်း ရာနှင့်ချီသူများကို စာရင်းလုပ်ထားပြီး ဖြစ်ပါသည်။ ယင်းကွပ်မျက်မှုကို ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီက တစ်ညီတစ်ညွတ်တည်း ရှုတ်ချခဲ့ကြသည်ကိုလည်း သမ္မတကြီး သတိပြုမိမည် ဖြစ်ပါသည်။
ကျွန်တော်အနေဖြင့် နိဂုံးမသတ်မီ ရည်ညွှန်းဖော်ပြလိုသော မကြာသေးမီကာလက သမ္မတ ကြီး၏ မိန့်ခွန်းတစ်ခုမှာ “ကျွန်တော်တို့ရဲ့သမိုင်းတလျှောက် ကျွန်တော်တို့ရခဲ့တဲ့ သင်ခန်းစာက အာဏာရှင်တွေက သူတို့ ကျူးကျော်စော်ကားခဲ့သမျှအတွက် ပေးဆပ်ရခြင်း လုံးလုံးမရှိဘူး ဆိုရင် သူတို့ကပိုလွန်ကျူး ပိုစော်ကားတယ်၊ ဒီလိုလွန်ကျူးမှုတွေ ထပ်ထပ်လုပ်နေတော့ ပေးဆပ်ရမှု တန်ဖိုးတွေရော အမေရိကန်နဲ့တကွ ကမ္ဘာကြီးအပေါ် ခြိမ်းခြောက်မှုတွေပါ ပိုပို မြင့်တက်လာ တော့ တာပါပဲ၊ ဒါကို တော့ ကျွန်တော်တို့ အဖြစ်ခံလို့ မရပါဘူး” ဟု ပြောကြားခဲ့ပုံ ဖြစ်ပါသည်။
ကျွန်တော်က ရိုးရိုးလေးအကြံပေးမည်ကို လက်ခံစေလိုပါသည်။ မြန်မာ အကြမ်းဖက် အာ ဏာရှင် မင်းအောင်လှိုင်အား သူအနေဖြင့် ရာထူးမှမဆိုင်းမတွဆင်းပေးပြီး ဒေါ်အောင်ဆန်းစု ကြည်၊ ရွေးကောက်ခံ သမ္မတကြီးနှင့် အခြားသော နိုင်ငံရေး အကျဉ်းသားများအားလုံးကို အကျဉ်း ချထားခြင်းမှ လွတ်ငြိမ်းခွင့်ပေးခြင်းကို မဆောင်ရွက်ဘူး ဆိုပါက ယင်း၏အကျိုးဆက်အနေဖြင့် အယ်ဇာဝါရီကို ဆုံးမခဲ့ဖူးသကဲ့သို့ သူ့သားသမီး မိသားစုဝင်များနှင့် အခြားအနီးအနား ပြည်သူများ ကို လုံးဝမထိခိုက်စေပဲ သူနေထိုင်ရာ နေပြည်တော်ရှိ သူ့စံအိမ် သို့မဟုတ် သူ ကြိုးစားပုန်းအောင်း နေမည့် မည်သည့်နေရာကိုမဆို ဒရုန်းဖြင့်ပစ်ခွင်းမည်ဖြစ်ကြောင်း ယခုချက်ချင်း သတိပေးရာဇသံ ထုတ်ဆင့်စေလိုပါသည်။
ဒရုန်းဖြင့်ပစ်မည်ဟု ခြိမ်းခြောက်မှုမျှသာ ဆောင်ရွက်လိုက်ခြင်းကပင် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီ၏ တစ်ညီတစ်ညွတ်တည်း ရှုတ်ချခဲ့မှုအပေါ် ကြီးမားသော သက်ရောက်မှု ဖြစ် ပေါ်စေမည် ဖြစ်ပါသည်။ ထိုပြင် ရုရှားနှင့်တရုတ်နှစ်နိုင်ငံစလုံးက အကြမ်းဖက်မင်းအောင်လှိုင် အား ရှုတ်ချကြောင်းအဆိုကို မဲပေးခဲ့ကြပြီးဖြစ်ရာ သူတို့အနေဖြင့် သူနှင့်ပတ်သက်ပြီး စိတ်ကုန်ပြီ ဟု ရှင်းလင်းစွာ ဖော်ပြလိုက်ခြင်းဖြစ်ပြီး သူသည် သူတို့အတွက် တာဝန်မကင်းမှုတစ်ရပ်အဖြစ် တည် ရှိနေပြီ ဖြစ်သည်။ အကယ်၍သာ သူတို့က တနည်းနည်းအားဖြင့် မင်းအောင်လှိုင်အား ထပ်မံပံ့ပိုးရန် ကြိုးစားမည်ဆိုလျှင် ယင်းမှာ သူတို့အဖို့ အာမင် အယ်ဇာဝါရီကို ပံ့ပိုးသည်နှင့်မခြား ထပ်တူကျနေလိမ့်မည် ဖြစ်သည်။
ထို့ပြင် အကယ်၍များ မင်းအောင်လှိုင်က သင့်ရာဇသံကို လိုက်နာဆောင်ရွက်ခြင်း မရှိခဲ့ဘူး ဆိုလျှင် သူ့အား ယင်းရာဇသံကို ထုတ်ဆင့်ခဲ့သော သမ္မတကြီးနှင့် စီအိုင်အေတို့က ယင်းအကျိုး ဆက်ကို ဆက်လက် တာဝန်ယူဆောင်ရွက်ရမည်သာ ဖြစ်သည်။
သမ္မတကြီးထံမှ ရိုးရိုးစင်းစင်းဖြင့် လူသားဆန်လှသော အမိန့်မှာ တစ်ကမ္ဘာလုံးကိုသာ အောင်ပွဲခံစေမည်မဟုတ်ပဲ ကျွန်တော်တို့အားလုံးအဖို့ အမေရိကန်နိုင်ငံသည် အမှန်တကယ် လွတ်လပ်မျှတမှုနှင့် ဒီမိုကရေစီကို ကမ္ဘာအနှံ့ ဖြန့်ကျက်လေးစားပါလားဆိုသော မျှော်လင့်ချက်ကို လည်း ပေးစွမ်းနိုင်မည် ဖြစ်ပါသ့ည်။
သမ္မတကြီးခင်ဗျား။ ယခုကိစ္စမှာ သမ္မတကြီးအနေဖြင့် အသေးအမွှားဆုံးနှင့် အဓိပ္ပာယ် ပြည့်ဝ သော အလုပ် ဖြစ်ပြီး ချက်ချင်းအမိန့်ပေး ဆောင်ရွက်နိုင်ပါမည်။
မြန်မာနိုင်ငံမှ လူကောင်းသူကောင်းများမှာ ကျွန်တော်တို့၏ အထောက်အပံ့ ကိုတောင်း ခံလျက် ရှိပြီး သူတို့အနေဖြင့် ကျွန်တော်တို့ ခင်ဗျားတို့၏ အကူအညီများကို အရေးတကြီး လိုအပ် လျက် ရှိပါသည်။
ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် သင်သည် မှန်ကန်သောခေါင်းဆောင်မှုအတွက် နိုင်ငံတကာ အလေးဂရုပြုဖွယ် စံနမူနာပြုပုဂ္ဂိုလ် ဖြစ်လာပြီး ဒီမိုကရေစီနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့် အရေးများအပေါ် သစ္စာရှိချစ်မြတ်နိုးသူအဖြစ် အသိအမှတ်ပြုခံရပါလိမ့်မည်။
သမ္မတကြီးအနေဖြင့် ရှင်းရှင်းလင်းလင်း ရှုမြင်စေချင်သည်မှာ မြန်မာနိုင်ငံသည် ဒီမိုကရေစီ ကို မျိုးတုန်းအောင်သတ်ဖြတ်ရာနေရာ ဖြစ်နေပြီး မင်းအောင်လှိုင်သည် ကမ္ဘာ့အလိုရှိဆုံး အကြမ်း ဖက်သမား ဖြစ်ပါသည်။ ယခု လက်ငင်းပစ္စုပ္ပန်သည် သင့်လက်ထဲတွင် ရှိပါသည်။ သူတို့အနေဖြင့် ပိုမိုဆိုးဝါးသော လူသတ်မှုများ၊ မုဒိန်းမှုများနင့် မီးရှို့မှုများနှင့် ကြိုးပေးကွပ်မျက်မှုများကို ထပ်မံ ကျူးလွန်ခြင်း မပြုသေးမီ အမြန်ဆုံးဆောင်ရွက်စေလိုပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီဝါဒ ဆုံးရှုံးလုဆဲဆဲ ဖြစ်နေသည်ကို ကယ်တင်ပေးပါ။
ကျေးဇူးတင်ပါသည် သမ္မတကြီး။
Alan Clements
စာကြွင်း ။ ။ ယခုစာကို နိုင်ငံအသီးသီးမှ နိုင်ငံတကာခေါင်းဆောင်များ၊ အဆင့်ဆင့်သော အစိုးရအဖွဲ့ဝင်များ၊ သတင်းစာများ၊ ဘလော့ခ်များနှင့် မီဒီယာ စာမျက်နှာများသို့ ပေးပို့စေလို ပါသည်။ သင့်အတွက် ဝန်မလေးပဲ ဆောင်ရွက်နိုင်သည်ဆိုလျှင် သင်၏ ဘာသာစကားဖြင့် ဘာသာပြန်ဆိုပြီး စာနာမှုဖြင့် ဝေငှပေးရန် တောင်းဆိုပါသည်။ ယခုအကြံပြုချက်သည် လက်တွေ့ကျသော ဖြေရှင်းမှုဖြစ်ပြီး ခြိမ်းခြောက်မှုကြီးမားနေသော အကြမ်းဖက်ဝါဒကို အဆုံး သတ်စေနိုင်မည့် နည်းလမ်း ဖြစ်ပါသည်။ အကယ်၍များ သမ္မတကြီး ဘိုင်ဒန်နှင့် အလွန်နီးစပ် ပတ်သက်သည်ဆိုပါက ယခုစာကို သူမျက်မှောက်ရှေ့တည့်တည့် ချပေးလိုက်စေလိုပါသည်။ ကျေးဇူးအထူးတင်ပါသည်။

Dear Mr Biden,
We, the citizens of the world, followed your announcement that the US had killed Ayman al-Zawahri in a drone strike in Afghanistan, ¬ending a 21-year-manhunt for the terrorist leader, who was instrumental in the attacks of Sept. 11, 2001, and who took command of Al Qaeda after Osama bin Laden’s death.
There is NO doubt that the killing of al-Zawahri, who was one of the world’s most wanted and feared terrorists, is a major victory for your administration.
I also listened to your speech from the balcony of the White House, where you made the statement “I authorized a precision strike that would remove al-Zawahri from the battlefield, once and for all," concluding, "Now justice has been delivered and this terrorist leader is no more.”
It was also made clear that "nobody else was killed in the attack, including members of his family or nearby civilians".
You ended by saying " People around the world NO LONGER NEED TO FEAR this vicious and determined killer.” And "no matter how long it takes, no matter where you hide, if you are a threat ...we will find you and take you out."
As you know Sir, the world has an even GREATER TERRORIST at large. His name is Min Aung Hlaing of the country of Myanmar along with his Al Qaeda-like fellow Terrorists.
After Hlaing’s violent military coup Februrary 1, 2021, he has gone on a SADISTIC RAMPAGE of mass murder and is RESPONSIBLE FOR TERRORIZING THE ENTIRE POPULATION OF BURMA.
The details of his psychotic TERROR are so horrific that they revile the worst in human history. AND, as you know, Hlaing recently hung four freedom fighters, with hundreds more scheduled FOR EX*****ON .
You are also AWARE that the UN Security Council UNANIMOUSLY condemned HLAING'S executions.
I will conclude with this. The other day, I quoted your statement: "Throughout our history we've learned that when dictators DO NOT PAY THE PRICE FOR THEIR AGGRESSION, they engage in more aggression. They keep moving. And the costs, the threats to America and the world, keep rising. We can't let this happen."
PLEASE ALLOW ME TO MAKE A SIMPLE SUGGESTION: IMMEDIATELY PUT MYANMAR'S TERRORIST-DICTATOR Min Hlaing, ON NOTICE that unless he immediately steps down and releases Aung San Suu Kyi, the elected President AND ALL OTHER POLITICAL PRISONERS, THAT YOU WILL DO AS YOU DID WITH al-Zawahiri - ORDER A DRONE ATTACK on his mansion in Naypyidaw or wherever else he tries to hide and in so doing, AVOID HIS CHILDREN, WIFE, FAMILY AND CIVILIANS that may be near.
The MERE THREAT OF A DRONE ATTACK, would PUT PUNCH into the UN Security Council's unanimous condemnation.
Further, with both Russia and China's vote to CONDEMN the TERRORIST HLAING, they have clearly had enough of him. He's now a liability for them. FURTHER SUPPORT for him in anyway is tantamount to them supporting Ayman al-Zawahri.
And if Hlaing does not DO AS YOU ORDER, then you and the CIA HAVE PUT HIM ON NOTICE, to face the consequences.
Not only would this SIMPLE AND HUMANE ORDER FROM YOU BE CELEBRATED WORLDWIDE, it would give all of us HOPE THAT YOU AND THE UNITED STATES TRULY RESPECTS FREEDOM and DEMOCRACY, internationally.
Sir, this is the smallest most meaningful ACTION THAT COULD BE ORDERED BY YOU IMMEDIATELY.
The GOOD PEOPLE IN BURMA ARE CRYING OUT FOR SUPPORT.
THEY NEED OUR /
YOUR HELP
RIGHT NOW.
As such, you would become an international ICON of true leadership and known as a loyal lover of democracy and universal human rights.
Be clear Sir, Myanmar is undergoing a "genocide of democracy and Hlaing is now the world's foremost TERRORIST.
This is your MOMENT.
Please ACT BEFORE there are more murders, rapes, burnings,
and hangings.
Save DEMOCRACY IN BURMA!
Thank you Mr Biden.
Alan Clements
ps: please share if moved with world leaders —at all levels of government.
Along with newspapers, blogs and
media sources in every country. If inclined please translate into your language of choice and kindly share. This is a practical solution to END this unrelenting TERRORISM. And if close to Mr Biden, please put it in front of him. Thank you.
Here is the type of drone that could be used. https://www.cnn.com/.../flying-ginsu-hellfire-missile...w

https://mobile.facebook.com/alan.clements.37/posts/10160555593843784?_rdc=1&_rdr

ယူကရိန်း နေရာအနှံ့အပြားကို ရုရှားက ပစ်ခတ်တိုက်ခိုက်ဖေဖော်ဝါရီ ၂၄ ရုရှားသမ္မတပူတင်က ယနေ့ ယူကရိန်းကို စစ်ကြေညာပြီးနောက် ယူ...
24/02/2022

ယူကရိန်း နေရာအနှံ့အပြားကို ရုရှားက ပစ်ခတ်တိုက်ခိုက်

ဖေဖော်ဝါရီ ၂၄

ရုရှားသမ္မတပူတင်က ယနေ့ ယူကရိန်းကို စစ်ကြေညာပြီးနောက် ယူကရိန်း နိုင်ငံ နေရာ အနှံ့ အပြားတွင် ပေါက်ကွဲသံများကြားရပြီး ရုရှားက ဒုံးများဖြင့် ပစ် ခတ်တိုက်ခိုက် နေကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

ယူကရိန်းအစိုးရကလည်း ရုရှားက ၎င်းတို့ကို ပစ်ခတ် တိုက်ခိုက် နေပြီ ဖြစ် ကြောင်း အတည်ပြုလိုက်ပြီး ယူကရိန်းပြည်သူများကို အရေးပေါ် ရွှေ့ပြောင်း မှုများ စတင်နေပြီဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
Source (khit thit)📌

စစ်အာဏာသိမ်းမှုကြောင့် ဒေါ်လာ ဘီလီယံချီ နှစ်စဉ် အခွန်ပေးဆောင်နေသည့် ပြင်သစ် TOTAL ရေနံနှင့်သဘာ၀ဓာတ်ငွေ့ကုမ္ပဏီ မြန်မာနို...
21/01/2022

စစ်အာဏာသိမ်းမှုကြောင့် ဒေါ်လာ ဘီလီယံချီ နှစ်စဉ် အခွန်ပေးဆောင်နေသည့် ပြင်သစ် TOTAL ရေနံနှင့်သဘာ၀ဓာတ်ငွေ့ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ကြေညာ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

စစ်အာဏာသိမ်းပြီး ပြည်သူများ သတ်ဖြတ်လျက်ရှိသော အကြမ်းဖက်စစ်ကောင်စီကြောင့် TOTAL ရေနံနှင့်သဘာ၀ဓာတ်ငွေ့ကုမ္ပဏီက မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ပြီး ယင်းသို့ ထွက်ခွာမည်ဆိုသော ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း Burma Campaign UK က ကြိုဆိုကြောင်း ယနေ့တွင် တရားဝင်သတင်းထုတ်ပြန်သည်။

TOTAL ကုမ္ပဏီက စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က ကျူးလွန်သော အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံမှ ရင်းနှီး မြှုပ်နှံမှုများကို ရုပ်သိမ်းထွက်ခွာ မည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။

မြန်မာနိုင်ငံမှ နုတ်ထွက်ရန် Total Energies ၏ ဆုံးဖြတ်ချက်ကို Burma Campaign UK က ကြိုဆိုကြောင်း ၊Total Energies ကုမ္ပဏီက Human Rights Watch ထံ စာတစ်စောင်ပေးပို့ပြီး သဘာဝဓာတ်ငွေ့ ၀င်ငွေ ဒဏ်ခတ်ပိတ်ဆို့မှုများကို ထောက်ခံအားပေးသည့်အနေဖြင့် ယနေ့တွင် အဆိုပါ ဆုံးဖြတ် ချက်ကို ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ TOTAL က ဆောင်ရွက်နေသည့် ရတနာသဘာဝ ဓာတ်ငွေ့လုပ်ကွက်သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်တာအတွင်း စစ်တပ်အတွက် အခွန်ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံခွဲခန့် ပေးဆောင်ခဲ့ကြောင်း သိရှိရသည်။

“Total Energies က စစ်အာဏာရှင်(သန်းရွှေလက်ထက်) လက်ထက်မှာ မြန်မာနိုင်ငံထဲကို ဝင်လာပြီး လူ့အခွင့်အရေး စိုးရိမ်မှုတွေကို လျစ်လျူရှုခဲ့တယ်။ မြန်မာစစ်တပ်ကို လက်နက်တွေအတွက် ငွေပေးခဲ့တယ်။ ဒီနေ့ တော့ မြန်မာ နိုင်ငံကနေ နုတ်ထွက်ဖို့ ကြေညာတာက သိသာထင်ရှားတဲ့လုပ်ရပ်ဖြစ်ပါတယ်” ဟု Burma Campaign UK ဒါရိုက်တာ Mark Farmaner က ပြောကြားသည်။

Total Energies သည် ၎င်းတို့၏ လုပ်ငန်းများကို အခြားကုမ္ပဏီသို့ မရောင်းဘဲ မြန်မာနိုင်ငံမှ ထွက်ခွာမည့်အခြေအနေရှိကြောင်း သိရှိရသည်။

“ရတနာဓာတ်ငွေ့စီမံကိန်းဟာ လုပ်ငန်းလည်ပတ်မှုသက်တမ်းကုန်ဆုံးလုနီးနေပြီဖြစ်ပါတယ်။ Total Energies က ရှေ့မှာ ရရှိမယ့် ငွေကြေးထက် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာသိမ်းမှုမှာ တာဝန်ရှိတဲ့ စစ်တပ်ကို ငွေကြေးထောက်ပံ့မှုအတွက် အနုတ်လက္ခဏာ ဂုဏ်သိက္ခာ ကျဆင်းမှုအတွက် ဒီလိုဆုံးဖြတ်လိုက်တာ ဖြစ်နိုင်တယ်” ဟု Mark Farmaner က ပြောကြားခဲ့သည်။

“Total Energies က မှန်ကန်တဲ့အရာကို လုပ်ဆောင်ခဲ့ပေမယ့် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နှစ်ပေါင်းများစွာ ငွေကြေးထောက်ပံ့ကူညီပေးခဲ့တယ်။ မြန်မာနိုင်ငံမှာ သူတို့ရဲ့အတိတ်တွေက ကောင်းတာတော့ မဟုတ်ဘူး”ဟု ၎င်းကဆိုသည်။

TOTAL ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုသော်လည်း အာဏာသိမ်းပြီး တစ်နှစ်အကြာမှ ယင်းသို့ ဆုံးဖြတ်မှုကို အပြစ်တင်လိုကြောင်း Blood Money Campaign မှ ဦးဆောင်သူ ကိုရဲက သုံးသပ်ပြောဆိုသည်။

"နံပါတ်တစ်ကတော့ Blood Money Campaign အနေနဲ့ TOTAL ရဲ့ ကြေ ညာချက်အပေါ်မှာ သတိထားပြီးတော့ ကြိုဆိုတယ်။ ကျနော်တို့အနေနဲ့ မြန်မာပြည်ကထွက်ဖို့ လုပ်ငန်းတွေ ရပ်တန့်ဖို့ တစ်ခါမှ မတောင်းဆိုခဲ့ဘူး။ ကျနော်တို့အဓိက လိုချင်တာက အကြမ်းဖက်စစ်ကောင်စီလက်ထဲကို အခွန်ဘဏ္ဍာတွေ ကျနော်တို့ မပေးဖို့ဘဲ ရှင်းရှင်းလင်းလင်း တောင်းဆိုခဲ့တာဖြစ်တယ်။ တစ်ပြိုင်တည်းမှာပဲ TOTAL ရဲ့ ကြေညာချက်အပေါ်မှာ သိသာတဲ့ဖြစ်ထွန်းအနေနဲ့ လက်ခံတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအမေရိကန်၊ ပြင်သစ်နဲ့ ဥရောပက MOGE ကို စီးပွားရေးပိတ်ဆို့မှုတွေအတွက် လမ်းပွင့်သွားစေတယ်။ လက်ရှိ မြန်မာပြည်မှာ TOTAL ရှိနေတဲ့ကာလမှာလည်း အလွန်အားနည်းတဲ့ သူတို့ ဘာမှ မလုပ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ အကြောင်းပြချက်ပေးနေတာကိုလည်း ရပ်တန့်ဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့နဲ့ စာချုပ်ချုပ်ထားတာက မြန်မာအစိုးရနဲ့ ချုပ်ထားတာ။ MOGE ကို ပိုက်ဆံမပေးဖို့က သူတို့လုပ်နိုင်တယ်။ လုပ်နိုင်ရဲ့သားနဲ့ မလုပ်တာ။ TOTAL အနေနဲ့ အစကတည်းက လုပ်နိုင်ရဲ့သားနဲ့ တစ်နှစ်အကြာမှ လုပ်ခဲ့တာ လူ့အသက်ပေါင်းများစွာ ရင်းလိုက်ရတယ်။ အဲဒီအပေါ်မှာတော့ မနှစ်သက်ဘူး။ TOTAL ကို အပြစ်တင်ချင်တယ်" ဟု Blood Money Campaign မှ ဦးဆောင်သူ ကိုရဲက သုံးသပ်ပြောဆိုသည်။

TOTAL ရေနံနှင့်သဘာ၀ဓာတ်ငွေ့ကုမ္ပဏီသည် ၁၉၉၂ ခုနှစ်မှစတင်ပြီး မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ပြီး နှစ် ၃၀ အကြာတွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် ပြင်သစ် TOTAL ကုမ္ပဏီရုံးချုပ် မြန်မာနိုင်ငံမှ ထွက်ခွာရေး ဆန္ဒပြနေကြသည့် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများ။
crd 📌

Photo- Reuters

ပင်လည်ဘူးမြို့တိုက်ပွဲစစ်ကောင်စီတပ်အများအပြားသေဆုံးပြီး ၆ဦးအရှမ်ဖမ်းမိ၊ လက်နက်အချို့ရ ဟု NUG ထုတ်ပြန်January 21 / Zambud...
21/01/2022

ပင်လည်ဘူးမြို့တိုက်ပွဲစစ်ကောင်စီတပ်အများအပြားသေဆုံးပြီး ၆ဦးအရှမ်ဖမ်းမိ၊ လက်နက်အချို့ရ ဟု NUG ထုတ်ပြန်

January 21 / Zambudipa

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အများအပြားသေဆုံးထိခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၈ရက်နေ့ မနက် ၃နာရီ ၄၅ မိနစ် ခန့်တွင် ပင်လည်ဘူးမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး မနက် ၇နာရီ ၂၅ မိနစ် တွင် ပင်လည်ဘူး ရဲစခန်းနှင့် စစ်ကောင်စီ တပ်စခန်းချရာ ရိပ်သာကုန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့သည်ဟုကာကွယ်​ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၀ ညတွင်ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား များအပြား ကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်သား ၆ဦး အရှင် ဖမ်းမိခဲ့ကြောင်း ၊ စစ်ကောင်စီတပ်သားများထံမှ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်သား ၁ဦး ကျဆုံးကာ ၈ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို​နေ့တိုက်ပွဲတွင် စစ်​ကောင်စီတပ်အထိ့နာသဖြင့် ​စစ်​ကောင်စီတပ်က​လေ​ကြောင်းမှ တိုက်ခိုက်မှုများပင်ပြုလုပ်ခဲ့ရ​ကြောင်း​​ဒေသခံအချို့က ​ပြောသည်။

( ၂၀၂၁ စက်တင်ဘာအတွင်းက ပင်လည်ဘူးမြို့ တွင် KIA၊ PDF ပူး​ပေါင်းအဖွဲ့ က စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ပြီး​နောက်စစ်​ကောင်စီတပ်ထံမှ သိမ်းစည်းရမိ​သော လက်နက်ခဲယမ်းများကို ​တွေ့ရစဥ်)

crd #လူထုနွေဦး 📌

အာဏာရှင်မဟုတ်ဘဲ တိုင်းပြည်ကို ဆင်စီးပြီး မြင်းရံတာမျိုး မြင်ချင် ဟု စစ်ခေါင်းဆောင်ပြော ဇန်နဝါရီ ၂၁ ၊ Zambudipa အစိုးရဆို...
21/01/2022

အာဏာရှင်မဟုတ်ဘဲ တိုင်းပြည်ကို ဆင်စီးပြီး မြင်းရံတာမျိုး မြင်ချင် ဟု စစ်ခေါင်းဆောင်ပြော

ဇန်နဝါရီ ၂၁ ၊ Zambudipa

အစိုးရဆိုသည်မှာ ဦးဆောင်နေရသည့်တိုင်းပြည်အား မိဘသဖွယ် ဆင်စီးပြီး မြင်းရံတာမျိုးဖြစ်စေချင်ပြီး အာဏာရှင်များသကဲ့သို့ မဟုတ်ကြောင်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် နစက အစည်းအဝေးတွင် ပြောသည်။

`နိုင်ငံကိုဦးဆောင်နေရတဲ့ အဖွဲ့အစည်းတွေက ကိုယ့်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားနေရတာပဲ။ အကုန်လုံးက မိဘဆိုတော့ သားသမီးကို ဆင်စီးပြီး မြင်းရံချင်တာ မြင်ချင်သလိုပါပဲ၊ အစိုးရဆိုတာ ပြည်သူပြည်သားတွေ ချမ်းသာဖို့အတွက်၊ အာဏာရှင်တွေကလွဲရင်ပေါ့လေ၊ အာဏာရှင်တွေက ဒီလိုမျိုးစိတ်ရှိချင်မှရှိလိမ့်မယ်´ ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယနေ့အစည်းအဝေးတွင် ထည့်သွင်းပြောကြားသည်။

ယခုအစည်းအဝေးသည် အာဏာသိမ်းပြီး တနှစ်ပြည့်မည့်အချိန်တွင် ပြုလုပ်သည့်အစည်းအဝေးဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ပထမဆုံးပြုလုပ်သည့် နစက အစည်းအဝေးဖြစ်သည်။

ယခုရက်ပိုင်း နေပြည်တော်တွင်ပြုလုပ်သည့် ပညာရေးဆိုင်ရာ အစည်းအဝေးတခုတွင်လည်း အာဏာရှင်ဟု သတ်မှတ်ထားသည့် နဝတ စစ်အစိုးရလက်ထက်က ပညာရေးတွင် အရည်အချင်းထက် အတန်းတက်ရေးသာ ဦးစားပေးခဲ့ကြောင်း အာဏာသိမ်းခေါင်ဆောင်က ပြောကြားခဲ့ဖူးသည်။


#မိဘသဖွယ်တိုင်းပြည်အပေါ်သဘောထား
#အာဏာရှင်မဟုတ်
#ဆင်စီးပြီးမြင်းရံတာမြင်ချင်

Credit📌📌
မဲခေါင်သတင်း

ကိုယ့်အမေကိုယ် ထောက်ပံ့ကူညီတဲ့ လူမှုကယ်ဆယ်ရေး ဝန်ကြီး ဆိုသူ သက် သက်ခိုင် ဝေဖန်ခံနေရဇန်နဝါရီ ၂၁ ၊ Zambudipa စစ်ကောင်စီရဲ့...
21/01/2022

ကိုယ့်အမေကိုယ် ထောက်ပံ့ကူညီတဲ့ လူမှုကယ်ဆယ်ရေး ဝန်ကြီး ဆိုသူ သက် သက်ခိုင် ဝေဖန်ခံနေရ

ဇန်နဝါရီ ၂၁ ၊ Zambudipa

စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေး ဝန်ကြီး သက်သက်ခိုင်က သက် ကြီးရွယ်အိုထောက်ပံ့ကူညီရေးအဖြစ် ကိုယ့်အမေကိုယ် ပြန်ထောက်ပံ့ကူညီတာကြောင့် ဝေဖန်မှု‌တွေ အလွန်မြင့်တက်နေပါတယ်။

သက်သက်ခိုင်ရဲ့ နေအိမ်ဖြစ်တဲ့ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ၁၀ ရပ်ကွက်၊ ဓမ္မစေတီလမ်း၊ ခြံအမှတ် ၁၂၇ /အေ မှာ နေထိုင်တဲ့ သက်သက်ခိုင်ရဲ့ မိခင် အသက် ၉၀ နှစ်အရွယ် ဒေါ်ခင်မြမြကို သက်ကြီးရွယ်အိုထောက်ပံ့မှု အစီအစဉ်အဖြစ် လူမှု ဝန် ထမ်းဦးစီးဌာန၊ ရန်ကုန်တိုင်းဦးစီးမှူးတို့က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သွားရောက်၍ ကူညီထောက်ပံ့ခဲ့ကြတာဖြစ်ပါတယ်။

သက်သက်ခိုင်ရဲ့ လက်တွဲဖော် အောင်ကျော်ဝင်းက ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်ခင်မြမြရဲ့ အသက် ၉၀ နှစ်ပြည့်မွေးနေ့ အကြို အမှတ် တရ အဖြစ် လူမှုဝန်ထမ်းဌာနရဲ့ ထောက်ပံံ့မှုဓာတ်ပုံမှတ်တမ်းကို လူမှုကွန်ရက်မှာ ဖော်ပြရာက အဲဒီသတင်းဟာ ပျံ့နှံ့သွားတာဖြစ်ပါတယ်။ နောက်ပိုင်း အရမ်းဝေဖန်ခံရတော့မှ လူမှုကွန်ရက်ပို့စ်ကို အောင်ကျော်ဝင်းက ပြန်လည် ဖြုတ်သွားခဲ့ပါတယ်။

"ရွှေဆိုင်ပိုင်ရှင်ရဲ့အမေ၊ ဓမ္မစေတီလမ်းမှာ အိမ်နဲ့ ခြံနဲ့ ခမ်းခမ်းနားနားနေတဲ့ သူ့အမေကို သမီးဝန်ကြီးက သက်ကြီးရွယ်အို ထောက်ပံ့မှုအဖြစ် ပြန်ထောက်ပံ့တာ ဆိုတော့ ကိုယ်မေကိုယ်ထောက်ပံ့တာလား။ ဒီနိုင်ငံမှာ သက်ကြီးရွယ်အိုတွေ မပြည့်မစုံနဲ့ ဒုက္ခရောက်နေကြတာ အများကြီး။ ဒါတွေကို မထောက်ပံ့ဘဲ ဘယ်နှာ့ ကိုယ့်အမေ ကိုယ် ပြန်ထောက်ပံ့သလဲဆိုတာ နားမလည်နိုင်တော့ဘူး" လို့ ပြည်သူတစ်ဦးက လူမှုကွန်ရက်မှာ ဝေဖန်ထားပါတယ်။

သက်သက်ခိုင်ရဲ့ အမေကို သူ့ဌာနက ပြန်ထောက်ပံ့မှုဟာ စစ်ကောင်စီရဲ့ သရုပ်မှန်ကို ပြနေတယ်လို့ ဝေဖန်သူ ပြည်သူတွေလည်းရှိနေပါတယ်။

"ကိုယ့်ဆွေမျိုး ကိုယ်ထောက်ပံ့။ လူထုက သဘောမတူဘဲ ဝန်ကြီးတက်လုပ်။ စစ်ဖိနပ်ကိုင်ပြီး ဝန်ကြီးလုပ်မှတော့ သူ့ အမျိုးအဆွေပဲ ထောက်ပံ့တာမဆန်းဘူး။ အာဏာ သိမ်း ထားတဲ့ စစ်တပ်ကောင်တွေကလည်း အဲဒီလို အတန်းအစားတွေပဲ။ တူရာ တူရာ စုကြတဲ့သူတွေပဲ" လို့ ပြည်သူတစ်ဦးကလည်း ဝေဖန်ပါတယ်။

NLD အမတ်ဖြစ်ခဲ့တဲ့ သက်သက်ခိုင်ဟာ လူထုဒေါ်အောင်ဆန်းစုကြည်ကို အပြင်း အထန် ဝေဖန်ခဲ့သူတစ်ဦးဖြစ်ပြီး မင်းအောင်လှိုင်လက်ထက်မှာ လူမှုကယ်ဆယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံမှုကို လက်ခံခဲ့တဲ့အတွက် စစ်တပ်ဘက်တော်သား အခွင့် အရေးသမားအဖြစ် ပြည်သူတွေက အပြင်းအထန်ဝေဖန်မှုကို ပြန်လည်ခံစားနေရသူ ဖြစ်ပါတယ်။
မှကူးယူဖော်ပြသည်

လူမှုကွန်ရက်ပေါ်က ချေးငွေ ရယူနိုင်တယ်ဆိုတဲ့အဖွဲ့ အကောင့်တုနဲ့ ငွေတွေလိမ်လည်ရယူနေဇန်န၀ါရီ၂၀ ရက် လားရှိုး ၊ Zambudipa လူမှ...
20/01/2022

လူမှုကွန်ရက်ပေါ်က ချေးငွေ ရယူနိုင်တယ်ဆိုတဲ့အဖွဲ့ အကောင့်တုနဲ့ ငွေတွေလိမ်လည်ရယူနေ

ဇန်န၀ါရီ၂၀ ရက် လားရှိုး ၊ Zambudipa

လူမှုကွန်ရက် (Online)ပေါ်မှာ ချေးငွေလုပ်ငန်း အကောင့်တုတွေနဲ့ အဖွဲ့ (Group)ဖွဲ့ထားပြီး ငွေကြးတွေကို လိမ်လည်ရယူတာတွေ ကြုံနေရတယ်လို့ ကြုံတွေ့ခဲ့သူတွေက ပြောပါတယ်။

ငွေလိမ်တဲ့အဖွဲ့ဟာ Online ပေါ်မှာ အလွယ်တကူ ချေးငွေ ယူလို့ရတယ်ဆိုပြီးတော့ မှတ်ပုံတင်၊ အိမ်ထောင်စု၊ ဓာတ်ပုံနဲ့ ဖုန်းနံပါတ်တွေကို ပို့လာပေးဖို့ လိုအပ်တယ်လို့ တင်ထားတာကို တွေ့ရပါတယ်။

ငွေလိမ်ခံရသူ အမျိုးသားတစ်ဦးက “သူတို့က Group ဖွဲ့ပြီး ငွေချေးလို့ ရတယ်ပေါ့။ အခုချိန်မှာ လူတွေက ငွေရေးကြေးရေး အခက်အခဲ ရှိကြတယ်။ သူတို့က ငွေချေးဖို့ လျှောက်လွှာတင်ခ ကိုးသောင်း လွှဲပေးရမယ်တဲ့။ ကျနော် ငွေလွဲပေးလိုက်တော့ ငွေရယူဖို့ အခွန်ခ သုံးသိန်းပြန်လွှဲရမယ်ဆိုပြီး ကျနော်လည်း မလွှဲပေးတော့ဘူး” လို့ ပြောပါတယ်။

ချေးငွေ ယူမယ်​့သူတွေက ချေးငွေ မရရှိပဲ ၎င်းတို့ရဲ့ မှတ်ပုံတင်၊ အိမ်ထောင်စု၊ ဓာတ်ပုံတွေနဲ့တကွ ငွေ (၁၀)သိန်း၊ သိန်း(၁၀၀) ငွေချေး ယူထားတယ်ဆိုပြီး Online ပေါ် တင်လိုက်တာတွေ ကြုံနေရတယ်လို့ ၎င်းက ပြောပါတယ်။

“ငွေလိမ်ခံရတဲ့သူကတော့ တစ်ချို့က လျှောက်လွှာတင်တဲ့အထိပဲ လိမ်ခံရတယ်။ တချို့က အခွန်ခ ပို့ပေးရမယ်ဆိုတဲ့အထိ လေးငါးသိန်း လိမ်ခံရတယ်။ လူတော်တော်များများ လိမ်ခံရတယ်” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။

အခြားသူတွေလည်း အခုလိုမျိုး ချေးငွေတွေ ရမယ်ဆိုပြီးတော့ လုပ်စားနေသူတွေဆီကနေ ငွေ အလိမ်မခံရအောင် ​သတိထားစေချင်တယ်လို့ ၎င်းအမျိုးသားက ဆိုပါတယ်။
Source #ရွှေဖီမြေ

#ချေးငွေ #လိမ်လည်ခံရ

စစ်ကောင်စီယာဥ်တန်းကို ဗုံးခွဲတိုက်ခိုက်ရာ သေဆုံးသူများဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်​ပြော—Zambudipa စစ်ကိုင်းတ...
19/01/2022

စစ်ကောင်စီယာဥ်တန်းကို ဗုံးခွဲတိုက်ခိုက်ရာ သေဆုံးသူများဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်​ပြော

—Zambudipa

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်၌ အကြမ်းဖက် စစ် ကောင်စီယာဥ်တန်းကို ဗုံးခွဲတိုက်ခိုက်ရာ သေဆုံးသူများ ပြားနိုင်သည်ဟု ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ထီးချိုင့်မြို့နယ်ရှိ တည်တောရွာသို့ သွားရောက်စစ်ဆေးပြီး မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ (၁၂ ဘီးယာဥ်)တွဲကားလေးစီးပါ ယာဥ်တန်းကို တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆို သည်။

"မနေ့က ညနေ ၆ နာရီလောက်မှာ မိုင်းဆွဲတိုက် တယ်။ခွဲတာ နှစ်လုံးခွဲတာ။သူတို့ ပြန်ဝင်မယ့်အချိန်ကို စောင့်တာပေါ့။လေးစီးမှာ စခအင်အားက ၅၀ ကျော်ပါလာတယ်။နှစ်စီးကို ထိထိမိမိထိတယ်။ သေဆုံးစာရင်းကို မသေချာမှာဆိုးလို့ မပြောသေးတာ။ဒါပေမယ့် ညတွင်းချင်း (၇)မိုင်က တပ်ဆေးရုံကို ပို့ရတာတွေအများကြီးပဲ"ဟု အထက်ပါတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

တိုက်ခိုက်မှုဖြစ်စဥ်တွင် မိုင်းဆွဲခံရသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် လက်နက်ငယ်အပါအဝင် ၆၀(မမ)ဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်းလည်း ထီးချိုင့်မြို့ခံ သတင်းရင်းမြစ်များက ဆိုသည်။

"မနေ့က ညနေ ၆နာရီခွဲလောက်မှာမြို့ဝင်ဂိတ်ကနေ ဆေးရုံ အသစ်ဘက် တည်တောရွာဘက်ကို ပစ်ကြတာ။ပြီးတော့ မြို့ထဲမှာလည်း ပိတ်စစ်တာတွေရှိခဲ့တယ်"ဟု ထီးချိုင့် ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံပြည်သူတပ်ဖွဲ့များအားကောင်းသည့် ထီးချိုင့်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ထားသည်။
မှကူးယူဖော်ပြသည် ⬅

တန့်ဆည်တွင် စစ်ကြောင်းထိုးလာသော စစ်သားနှင့် ပျူစောထီးများ မိုင်းဆွဲခံရပြီး ၅ဦးသေ၊ PDFတစ်ဦး ကျည်ထိမှန်ကျဆုံး-------------...
18/01/2022

တန့်ဆည်တွင် စစ်ကြောင်းထိုးလာသော စစ်သားနှင့် ပျူစောထီးများ မိုင်းဆွဲခံရပြီး ၅ဦးသေ၊ PDFတစ်ဦး ကျည်ထိမှန်ကျဆုံး
---------------------------------------------
ဇန်နဝါရီ၁၈၊၂၀၂၂ Zambudipa

တန့်ဆည်မြို့နယ်၊ သဲစားရွာအရှေ့ဘက် ဆည်ဘောင်တွင် ယနေ့နေ့လည်၃နာရီခန့်က စစ်ကြောင်းထိုးလာသော စစ်သားနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ မိုင်းဆွဲခံရပြီး ၅ဦးသေဆုံးကြောင်း သိရသည်။

"စခတွေ မနက်ကစ ရောက်နေပြီး တောတိုက်တဲတွေ လိုက်မီးရှို့နေတာ၊ နေ့လည်၃နာရီလောက်မှာ မိုင်းကွဲသံကြားရပြီး ပစ်သံတွေထပ်ကြားရတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

တန့်ဆည်PDFတပ်ရင်း(၁၀)နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ပြီး အင်အား၃၀ခန့်ရှိ‌သော စစ်ကောင်စီဘက်မှ ၅ဦးသေဆုံးခဲ့သည်။

တန့်ဆည်PDFတပ်ရင်း(၁၀)နှင့် (ပကဖ)တို့ပူး‌ပေါင်း၍ ပြောက်ကျားစစ်ဆင်နွှဲရန် ကြိုးစားခဲ့သော်လည်း စစ်ကောင်စီတပ်က သေနတ်ဖြင့်ပြန်ပစ်၍ နောက်ဆုတ်သွားခဲ့သဖြင့် ထိတွေ့မှုမဖြစ်ခဲ့ကြောင်း တန့်ဆည်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မိုင်းဆွဲခံရပြီးနောက် အကြမ်းဖက်စစ်သားများက သေနတ်ဖြင့်ပစ်သဖြင့် တန့်ဆည်PDFတပ်ရင်း(၁၀)မှ တပ်ဖွဲ့ဝင်တစ်ဦး ကျည်ထိမှန် ကျဆုံးသွားခဲ့ကြောင်း သိရသည်။

Photo-တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်သားများ (ပုံဟောင်း)
Source

ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်၍ စေတီတော် ၁ ဆူ ကျည်ထိမှန်ပျက်စီးပြီး ဒေသခ...
18/01/2022

ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်၍ စေတီတော် ၁ ဆူ ကျည်ထိမှန်ပျက်စီးပြီး ဒေသခံ ၅ ဦး ခန့် ဒဏ်ရာရ

ဇန်နဝါရီ ၁၈ ၊ Zambudipa

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှတဆင့် ယနေ့ ဇန်နဝါရီလ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၂၈ မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လောကသရဖူ ဘုရားကုန်းတွင် တည်ထားသော စေတီတော် ၁ ဆူ ကျည်ထိမှန်ပျက်စီးပြီး၊ အသက် ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှတဆင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်သလို၊ စက်သေနတ်များဖြင့်လည်း ပစ်ခတ်မှုကြောင့် စေတီတော်နှင့် တန်ဆောင်းများ ထိမှန် ပျက်စီးပြီး ဘရားရင်ပြင်ပေါ်တွင် ရှိနေသော အသက် ၅၀ အရွယ် ဦးနတောင်၊ အသက် ၈ နှစ်အရွယ် မောင်ကျော်ဝေမိုး အပါအဝင် ဒေသခံ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသသတင်းရင်းမြစ် KATHA Revolution တွင် ရေးသားဖော်ပြသည်။

ဇန်နဝါရီလ ၁၂ ရက်တွင်လည်း ကသာမြို့နယ်၊ မိုးတားကြီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှတဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့၍ ဒေသခံ ၅ ဦးထိခိုက်ပြီး ဘာသာရေးအဆောက်အဦး ၃ ခုနှင့် အိမ် ၆ လုံးမီးလောင်ပျက်စီးခဲ့သည်။
မှကူးယူဖော်ပြသည်

Photo - KATHA Revolution

မြို့လှ PDF တပ်နှင့် စကစတပ်တို့ ထိတွေ့တိုက်ပွဲတွင် စကစဖက်မှ ၁၅ ဦးထက်မနည်းကျဆုံး မြို့လှ PDF တပ်ဖွဲ့မှ ၃ ဦးဒဏ်ရာရJanuar...
18/01/2022

မြို့လှ PDF တပ်နှင့် စကစတပ်တို့ ထိတွေ့တိုက်ပွဲတွင် စကစဖက်မှ ၁၅ ဦးထက်မနည်းကျဆုံး မြို့လှ PDF တပ်ဖွဲ့မှ ၃ ဦးဒဏ်ရာရ

January 18 -2022

ရွှေငြိမ်းချမ်းရွာမှ ခြေလျှင်စစ်ကြောင်းထိုး၍ ​တက်လာသော စကစအင်အား ၅၀ ကျော်ခန့်သည် ဇန်နဝါရီ ၁၇ ရက် ယမန်နေ့မနက် ၈ နာရီ ၅၀ မိနစ်ခန့်၌ အမှတ်ကြီးကုန်းရွာအနီးတွင် မြို့လှ PDF + KIA ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့သည်။

စကစဖက်မှ ၁၅ ဦးထက်မနည်းကျဆုံး၍ အမြောက်အများ ဒဏ်ရာရရှိခဲ့ပြီး မြို့လှ PDF တပ်မှ ရဲဘော် ၃ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်။ ဇန်နဝါရီ ၁၈ ရက် ယနေ့မနက်ပိုင်းတွင် စကစဖက်မှ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား နီးစပ်ရေလမ်းမှ သယ်ဆောင်မှုများရှိနေသည်။
Source #မြို့လှPDFတပ်ဖွဲ့

ခင်ဦးမြို့နယ်ရှိ မူးယစ်ဂိုဏ်းကို PDF ပူး​ပေါင်းတပ်ဖွဲ့က ပူးပေါင်း နှိမ်နင်း၊ ဖမ်းဆီးရမိသော မူးယစ်ဆေးပြားများ မီးရှို့ဖျ...
18/01/2022

ခင်ဦးမြို့နယ်ရှိ မူးယစ်ဂိုဏ်းကို PDF ပူး​ပေါင်းတပ်ဖွဲ့က ပူးပေါင်း နှိမ်နင်း၊ ဖမ်းဆီးရမိသော မူးယစ်ဆေးပြားများ မီးရှို့ဖျက်ဆီးခဲ့
=========================================

ဇန်နဝါရီလ-၁၈|၂၀၂၂|ခင်ဦး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသည့် ဂိုဏ်းကို သတင်းရ၍ ခင်ဦးမြို့နယ် ပကဖနှင့် ခရိုင်တပ်ရင်း(၃) ခင်ဦး PDF တပ်ဖွဲ့တို့မှ ပူးပေါင်း၍ ဇန်နဝါရီလ ၁၆ ရက်နေ့, ညနေ ၆ နာရီအချိန်ခန့်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးပြား ၈၀၀ ၊ ပစ္စတို တစ်လက်၊ 9မမ ကျည် ၇ တောင့်နှင့် ငွေသား ၇၄၇၀၀ ကျပ် သိမ်းဆည်းရမိခဲ့ကြောင်း၊ လက်နက် ကိုင်ဆောင်ထားသူ မူးယစ်ဂိုဏ်းခေါင်းဆောင် ခင်ဦးမြို့နယ် ကွမ်းတိုင်းကျေးရွာမှ ကိုသန့်ဇင်ဝင်း အသက် ၄၀ နှစ်နှင့် ဂိုဏ်းအဖွဲ့ အတူ မူးယစ်ဆေး သုံးစွဲနေသူများကို ဖမ်းဆီးရမိခဲ့ပြီး ကြိမ်ဒဏ်အဖြစ် ရိုက်နှက် သတိပေးထားခဲ့ကြောင်းထပ်မံသိရသည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများကို ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် မီးရှို့ ဖျက်ဆီးခဲ့ကြသည်။

ခင်ဦးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း လောင်းကစားဝိုင်းများ၊ မူးယစ်ဆေး ဂိုဏ်းများ ပေါများလာမှုအား ရှင်းလင်းဖို့ ပထမခြေလှမ်းပင်ဖြစ်သည်။

crd #ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

မကွေးPDF ၏ Kpay အကောင့်များအား ပြန်လည်အသုံးပြုခွင့်မပေးပါကာ KBZ ဘဏ်အား ဖျက်ဆီးသွားမည်ဟု သတိပေးZambudipa ဇန်နဝါရီ ၁၈ ရက်မ...
18/01/2022

မကွေးPDF ၏ Kpay အကောင့်များအား ပြန်လည်အသုံးပြုခွင့်မပေးပါကာ KBZ ဘဏ်အား ဖျက်ဆီးသွားမည်ဟု သတိပေး

Zambudipa
ဇန်နဝါရီ ၁၈ ရက်

မကွေးPDF ၏ Kpay အကောင့်များအား ပြန်လည်အသုံးပြုခွင့်မပေးပါကာ KBZ ဘဏ်အား စစ်ကောင်စီထောက်တိုင်အဖြစ် သတ်မှတ်၍ တိုက်ခိုက်ဖျက်ဆီးသွားမည်ဟု သတိပေးထုတ်ပြန်ထားသည်။

KBZ ဘဏ်၏ မိုင်ဘိုင်းဖုန်းဖြင့် ငွေပေးချေသည့် ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Kpay မှာ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် ၎င်းတို့အား ထောက်ပံပေးနေသည်ဟု ယူဆရသူများ၏ အကောင့်များအား ပိတ်ပင်မှုများပြုလုပ်နေကြောင်း Kpay အသုံးပြုသူများထံမှ သိရသည်။
မှကူးယူဖော်ပြသည်

Address


Website

Alerts

Be the first to know and let us send you an email when Zambudipa Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share