Myanmar Daily News

  • Home
  • Myanmar Daily News

Myanmar Daily News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Daily News, News & Media Website, .

(Updated) ဦးဂျင်မီ ဦးဖြိုးဇေယျာသော်တို့ကို ပြစ်ဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီထုတ်ပြန်----------သေဒဏ်ချမှတ်ခံထားရသော ဦးဂျ...
25/07/2022

(Updated) ဦးဂျင်မီ ဦးဖြိုးဇေယျာသော်တို့ကို ပြစ်ဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီထုတ်ပြန်
----------
သေဒဏ်ချမှတ်ခံထားရသော ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားလေးဦးကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်ကြောင်း ယနေ့ (ဇူလိုင်လ ၂၅ ရက်) ထုတ် စစ်ကောင်စီထုတ်သတင်းစာများတွင် ဖော်ပြထားသည်။

ဦးကျော်မင်းယု (ခ) ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်(ခ) မောင်ကျော် (ခ)ရေခဲ ၊ ဦးလှမျိုးအောင် (ခ) ကိုမျိုးနဲ့ အောင်သူရဇော် (ခ) ကိုသူရတို့လေးဦးကို " အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးဖြစ်ကြောင်း" မြန်မာ့အလင်း၊ ကြေးမုံတို့အပြင် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော Global New Light of Myanmar သတင်းစာတို့တွင် ပါရှိသည်။

ဇူလိုင်လ ၂၂ ရက်က အဆိုပါလေးယောက်လုံးကို မိသားစုဝင်များနှင့် ပထမဆုံးအကြိမ် အွန်လိုင်း ဗီဒီယိုကတဆင့်တွေ့ခွင့်ပေးခဲ့ပြီးနောက် ပြစ်ဒဏ်စီရင်ပြီးကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

မဇ္ဈိမအနေဖြင့် သက်ဆိုင်ရာမိသားစုဝင်များ၊ အကျဉ်းဦးစီးဌာနအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်း လူပုဂ္ဂိုလ်များသို့ ဆက်လက်စုံစမ်းနေစဲဖြစ်သည်။

သောကြာနေ့ကတည်းက အင်းစိန်ထောင်ဝန်ထမ်းများကို ပြင်ပနှင့်အဆက်သွယ်တင်းကြပ်ထားခဲ့
---------------------
ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ဇူလိုင် ၂၂ ရက်နေ့ကတည်းက ထောင်ဝန်ထမ်းများကို တင်းကြပ်မှုများပြုလုပ်ထားပြီး ပြင်ပနှင့်အဆက်သွယ်လုပ်မှုပြတ်တောက်အောင် ထိန်းချုပ်ထားခဲ့သည်ဟု ဖမ်းဆီးခံရသော နိုင်ငံရေးအကျဉ်းသားများအတွက် အမှုလိုက်ရှေ့နေတစ်ဦးက မဇ္ဈိမသို့ပြောသည်။

" “မိသားစုနဲ့ တွေ့ခွင့်ပေးမယ်ဆိုကတည်းက တစ်ခုခုတော့ ထူးခြားတယ်လို့ ကျွန်တော်ထင်တယ်။ မနေ့က ကြိုးပေးတယ်လို့တော့ သိရတယ် ၊ ကျိန်းသေတာက သောကြာနေ့ကစပြီး ထောင်ထဲမှာ ဝန်ထမ်းတွေကို တင်းကြပ်ထားတယ်။အထဲနဲ့ကို လုံးဝအဆက်အသွယ်မရတာ ၊ သူတို့ တကယ် ဒီလိုလုပ်လိုက်တယ်ဆိုရင် အားလုံးကို စိန်ခေါ်လိုက်တာပဲ” ဟု အမည်မဖော်လိုသော ရှေ့နေက ပြောသည်။

# Updated
# ဦးဂျင်မီ
# ဦးဖြိုးဇေယျာသော်

23/07/2022

ဆားလင်းကြီးမြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်ထိုင်ရင်း သေဆုံးသွားသည့် ရဲ ၄ ဦး ပစ်ခတ်ခံရသည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာ ၊ ပစ်ခတ်မှုအတွင်း ရဲ ၄ ဦးသာ သေဆုံးခဲ့ပြီး အရပ်သားများ လုံး၀ ထိခိုက်ခြင်းမရှိဟု မြို့ခံများပြော

ရန်ကုန်၊ ဇူလိုင် ၂၃

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်တွင် ယမန်နေ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း သေဆုံးသွားသည့် ရဲ ၄ ဦး ပစ်ခတ်ခံရသည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာပြီး ပစ်ခတ်မှုအတွင်း ရဲ ၄ ဦးသာ သေဆုံးခဲ့ပြီး အရပ်သားများ လုံး၀ ထိခိုက်ခြင်းမရှိဟု မြို့ခံများပြောဆိုကြသည်။

အဆိုပါဗီဒီယိုဖိုင်သည် ယမန်နေ့ ပစ်ခတ်ခံရသည့် လက်ဖက်ရည်ဆိုင်ဖြစ်သည်ဟု မြို့ခံတချို့က ပြောဆိုသော်လည်း သက်ဆိုင်ရာ PDF တပ်ဖွဲ့များထံမှ အတည်ပြုချက် မရရှိသေးပေ။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်တွင် ယနေ့ နံနက်ပိုင်း စံနန်းလက် ဖက်ရည်ဆိုင် ထိုင်နေသော ရဲ ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၇ နာရီအချိန် ဆားလင်းကြီးမြို့ပေါ်၊ စည်ပင်စျေးအနီး လက်ဖက်ရည်ဆိုင်တွင် ရဲ ၄ ဦး လက်ဖက်ရည်သောက် နေကြစဉ် PDF များက ကားဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲ ၄ ဦးသေဆုံးသွားပြီး လက် နက်၃ လက်လည်း ရရှိကြောင်း၊ ထို့ပြင် တပ်စွဲထားသော ဆားလင်းကြီးမြို့ပေါ် မီးသတ်ရုံးကိုလည်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

"လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ ရဲ ၄ ဦး ပစ်သတ်ခံရတာမှန်ပါတယ်။ လက်နက် ၃ လက်လည်းရရှိပါတယ်။ နောက် ပြီး ကားနဲ့ တပ်စွဲထားတဲ့ မီးသတ်ရုံးကိုလည်း ထဲဝင်ပစ်တယ်။ အသေးစိတ် မသိရသေးဘူး။ ချိတ်ဆက်ပြီး မေးနေတုန်းပဲ" ဟု PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံပြောဆိုသည်။

ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း လက်ဖက်ရည်ဆိုင် ထိုင်နေသော ရဲ ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားသော သတင်းကို အတည် ပြုသည်။

ဆားလင်းကြီးဒေသခံတချို့ကမူ လက်ရှိတွင် မြို့ပေါ်ကို စစ်တပ်နှင့်ရဲက ပိတ်ဆို့ထားကြောင်း၊ ပစ်ခတ်သူများကို မြို့တွင်းမှ မထွက်ခွာနိုင်စေရန် သဘောမျိုးဖြင့် ပိတ်ဆို့ စစ်ဆေးနေခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။

02/07/2022

ဥကလိထစခန်းကိုလာတဲ့ ရိက္ခာယာဉ်နှစ်စီးလဲ ရှေ့မတိုးရဲဲပ ပြန်လှည့်သွားပါပြီ

ဝက်လက် GZ အဖွဲ့မှ PDF ရဲဘော်  ၉ ဦးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဖမ်းဆီးပြီးမှ  သတ်ဖြတ်၊ စစ်တပ် တပ်စွဲထားသည့်နေ...
02/07/2022

ဝက်လက် GZ အဖွဲ့မှ PDF ရဲဘော် ၉ ဦးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဖမ်းဆီးပြီးမှ သတ်ဖြတ်၊ စစ်တပ် တပ်စွဲထားသည့်နေရာသို့ PDF များကို လမ်းမှား ခေါ်ဆောင်သွားမှုကြောင့်ဖြစ်ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေဟု အဖွဲ့ခေါင်း ဆောင်ပြော

ရန်ကုန်၊ ဇူလိုင် ၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဝက်လက် GZ အဖွဲ့မှ PDF ရဲဘော် ၉ ဦး ဇွန်လ ၂၉ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခံရကာ သတ်ဖြတ်ခံလိုက်ရကြောင်း ဝက်လက် GZ အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသည့် PDF ၉ ဦးမှာ မိန်းကလေး ၄ ဦး ၊ ယောက်ျားလေး ၅ ဦးပါ အဖွဲ့ဖြစ်ပြီး ဆေးဝါးကုသမှု သင်တန်းသွားရန် အသွားတွင် ဖမ်းဆီး သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။

“မိန်းကလေးက လေးယောက် ၊ ယော်ကျားလေးက ငါးယောက်ပါ။ ၂၉ ရက်နေ့မှာ ကလေးတွေကို ဆေးသင်တန်းသွားဖို့ လိုက်ပို့တာ ။ ကျွန်တော် ပြန်လာတော့ ထမင်းဝင်စားရင်း စိတ်မချတော့ ကလေးတွေကို ဖုန်းဆက်လိုက်တော့ ကလေးတွေက မိသွားပြီ။ သူတို့ ဖုန်းကို သိမ်းထားတာဗျ။ တခြား အဖွဲ့က လူတွေက စစ်ဆေးနေတဲ့ အသံတွေကြားရတယ်။ အထုပ်တွေ သေချာစစ် သေနတ်ပါလား ဘာညာနဲ့ အဲလိုတွေ ကြားရတယ်” ဟု ဗိုလ်နဂါး က ပြောသည်။

နောက်ဆုံး သတင်းရချက်အရ ဖမ်းဆီးခံ PDF များသည် သံတိုင်ကွေ့မှ စစ်တပ်တပ်စွဲထားသော ပလိုင်းရွာစာသင် ကျောင်းထဲသို့ ဝင်ရောက်သွားခြင်းဖြစ် ကြောင်း၊ အဆိုပါ ပလိုင်းရွာတွင် အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားသည်မှာ တစ်နှစ်ရှိပြီဖြစ်ကြောင်း ဝက်လက် GZ အဖွဲ့ထံမှ သိရှိရသည်။

“ကလေးတွေက ပလိုင်းစာသင်ကျောင်းထဲကို ဝင်သွားပြီ။ အဲ့မှာ သေနတ်သံလည်း ကြားရတယ်။ ကလေးတွေက စာသင်ကျောင်းထဲကို တန်းပြီး ဝင်သွားတာတဲ့။ သွားမယ့် လမ်းနဲ့ တခြားစီပဲဗျ။ ကျွန်တော်တို့က မယုံနိုင်ဘူး။ အခုကတော့ ပုံတွေက တက်လာပြီး ကျင်းထဲမှာ ခွေးတွေက ပစ်သတ်ထည့်ထားတာ ၉ ဦးလုံးကို” ဟု ဝက်လက်GZ အဖွဲ့ခေါင်း ဆောင်က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

လက်ရှိအချိန်တွင် အဆိုပါ PDF ၉ ဦး မည်သည့်အတွက်ကြောင့် ပလိုင်းရွာထဲ ရောက်သွားသည်ကိုမူ စုံစမ်းနေဆဲ ဖြစ်ကြောင်း ဝက်လက် GZ အဖွဲ့ထံမှ သိရှိရသည်။

စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်သူများမှာ အသက် ၁၄ နှစ်အရွယ် မပပခိုင်၊ အသက် ၁၅ နှစ်အရွယ် မဝင်းအိကျော်၊ အသက် ၂၄ နှစ်အရွယ် မနိုင်နိုင်အောင်၊ အသက် ၃၄ နှစ်ရွယ် မသစ်သစ်လှိုင်၊ အသက် ၁၇ နှစ်အရွယ် ကိုဖိုးထောင်၊ အသက် ၁၇ နှစ်အရွယ် ကိုဘုန်းကျော်၊ အသက် ၂၁ နှစ်အရွယ် ကိုသိန်းသန်းဦး၊ အသက် ၂၇ နှစ်အရွယ် ကိုအောင်ကျော်မိုးနှင့် အသက် ၂၇ နှစ်အရွယ် ကိုဖိုးငြိမ်းတို့ဖြစ်ကြသည်။

01/07/2022

ဥကရစ်ထ စခန်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်တပ်ဆီကနေ လက်နက်အများအပြားသိမ်းဆည်းရမိ
◾️ အကြမ်းဖက်စစ်တပ်ကို ကြိုက်သလောက် တပ်ကူလာဖို့ KNDO ဗိုလ်ကြီး အယ်စေးဝါးစိန်ခေါ်
ဇွန် ၃၀ ၊ ၂၀၂၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်ရဲ့ ဥကရစ်ထ စခန်းကို KNDO ဦးစီးတဲ့ တော်လှန်ရေးတပ် သားတွေက တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ စစ်ကူလာတဲ့ အကြမ်းဖက်စစ်တပ်တွေ အများအပြားသေဆုံးပြီး လက်နက်ခဲ ယမ်းတွေလည်း အများအပြားသိမ်းဆည်းရမိခဲ့ပါတယ်။

KNDO ရဲ့ ဗိုလ်ကြီး အယ်စေးဝါးက အကြမ်းဖက်စစ်တပ်ကို ကြိုက်သလောက် တပ်ကူလာလို့ရတယ်ဆိုပြီးတော့လည်း စိန်းခေါ်ပြောကြားလိုက်ပါတယ်။

"ဒီနေ့ မနက် ၆ နာရီ ။ ၃၀ ရက်နေ့။ နင်တို့ပို့ထားတဲ့ ၄၄ ကွန်မန်ဒို အဖွဲ့ များများ လာခိုင်း။ ၁ နာရီတောင် ငါမပစ်ရဘူး။ ဒီမှာကြည့် နင်တို့ သေနတ်တွေ တွေ့လား။ လာခဲ့ခိုင်း။ မြန်မြန်လာခဲ့ခိုင်း။ တပ်မဟာ ၆ နယ်မြေမှာ လိုက်မေးကြည့်။ နာမည်တူမရှိဘူး။ အယ်စေးဝါး နာမည်တူမရှိဘူး။ တစ်ယောက်ပဲရှိတယ်"လို့ KNDO ဗိုလ်ကြီး အယ်စေးဝါးက အကြမ်းဖက်စစ်တပ်ဆီက သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ ဗီဒီယိုရိုက်ပြီး စိန်ခေါ်ပြောကြားလိုက် တာပါ။

ဥကရစ်ထစခန်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပြီးတော့ မြေပြင်မှာ တက်လာတဲ့ အကြမ်းဖက်တပ်သားတွေအကုန် သေဆုံးပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိထားတာ ပါ။

ဥကရစ်ထ စခန်းကို KNDO ၊ ကော်ဘရာစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ စုပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်နေ တာလည်းဖြစ်ပါတယ်။

25/06/2022

ခများတို့အလှူလေးပဲထည့်ပါ ကျုပ်တို့ အသက်ပေးပါ့မယ်

23/06/2022

ဆားလင်းကြီးမြို့မရဲစခန်းကို ၁၂၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၅ ဦးထက်မနည်းသေဆုံးနိုင်၊ မိုးကြိုးပြင်(မ) ရွာ တွင် လူသတ်မီးရှို့သော စစ်ကြောင်းကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်(ရုပ်/သံ)

ရန်ကုန်၊ ဇွန် ၂၃

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့မရဲစခန်းကို ယနေ့ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ၁၂၀ မမ လက်နက်ကြီးဖြင့် ၁၁ လုံးပစ်ခတ်ခဲ့ကြောင်း သင်္ချိုင်းဓါးမဆိုင်းပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ ဇွန်လ ၂၃ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန် ဆားလင်းကြီးမြို့ မြို့မရဲစခန်းကို တွေ့ရာသင်္ချိုင်း ဓါးမဆိုင်း ပြောက်ကျားတပ်ဖွဲ့မှ ၁၂၀မမ လက်နက်ကြီးဖြင့် ၁၁လုံး ပစ်ခတ်ခဲ့ရာ စခန်းခေါင်မိုးပေါ်ကျ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာများရရှိနိုင်ကြောင်း၊ မြို့မစခန်းကို တွေရာသင်္ချိုင်းဓါးမဆိုင်းပြောက်ကျားတပ်ဖွဲ့၊ တပ်ခွဲ (၂) ၊ တပ်ခွဲ (၄) တို့ဖြင့် ပူးပေါင်း တိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ဇွန်လ ၂၂ ရက်နေ့ ဆားလင်းကြီး၊ မိုးကြိုးပြင်(မ)ရွာတွင် မီးရှို့ လူသတ်သွားသော စစ်တပ်စစ်ကြောင်းကို Salingyi Border Task Force ၊ Brother Defense Force ၊ဆားလင်းကြီးသမန်းကျားနှင့်အတူ အခြားသောမဟာမ်ိတ်ညီနောင်အပေါင်းတို့က စိန်ပြောင်း /ရှော့တုံး- ၆၀မမ/၈၀မမ/ ၁၂၀မမ တို့ဖြင့် လိုက်လံပစ်ခတ် တိုက်ခိုက်ခဲ့ကြကြောင်း Salingyi Border Task Force - SBTF က သတင်းထုတ်ပြန်ထားသည်။

ဗီဒီယို- ဆားလင်းကြီး၊ မိုးကြိုးပြင်(မ)ရွာတွင် မီးရှို့ လူသတ်သွားသော စစ်တပ်စစ်ကြောင်းကို PDF များက လက်နက်ကြီးဖြင့် ပစ်ခတ်နေစဉ်။

18/06/2022

သတင်းထူးများ(၁၈/၆/၂၀၂)

17/06/2022

ထုတ်ပြန်ပြီးသားအမိန့်ကို ရုတ်သိမ်းရတော့မယ်

15/06/2022

အချိန်ကောင်းကိုစောင့်နေကြတာ ခုတော့အဆင်သင့်ဖြစ်နေကြပြီ

14/06/2022

ဗိုလ်စလုံးရဲ့ ပထမဆုံး ပွဲဦးထွက် စခန်းသိမ်းအောင်မြင်မှု

13/06/2022

ဒီနေ့ပဲ ဝန်ကြီးမိသားစုတွေ နေပြည်တော်ကိုပြောင်းသွားကြပါတယ်

12/06/2022

ဒီလမ်းကိုရွေးလိုက်ကတည်းက အလင်းဝင်ဖို့ဆိုတာ မရှိဘူး

11/06/2022

ကားတွေ ဘာဖြစ်သွားသေးလဲ မေးကြည့်ကြပါအုံး

10/06/2022

နယ်ထိန်းကတော့ အခုဆေးရုံရောက်နေပြီဘာဆက်ဖြစ်မလဲသိချင်နေပြီ

01/06/2022

ပုလဲကိုနယ်တောင် ကျော်ခွင့်မရှိဘူးဆိုတာ သက်သေပြလိုက်တာပဲ

Address


Website

Alerts

Be the first to know and let us send you an email when Myanmar Daily News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share