Glory Glory Leeds United-GGLU Myanmar

  • Home
  • Glory Glory Leeds United-GGLU Myanmar

Glory Glory Leeds United-GGLU Myanmar လိဒ်စ်ယူနိုက်တက်

ပရီးမီးယားလိဂ်ပွဲစဉ်(၁၆) ဝက်စ်ဘရွန်း vs လိဒ်စ်ယူနိုက်တက်ပွဲထွက်လူစာရင်း
29/12/2020

ပရီးမီးယားလိဂ်ပွဲစဉ်(၁၆)

ဝက်စ်ဘရွန်း vs လိဒ်စ်ယူနိုက်တက်
ပွဲထွက်လူစာရင်း

ဒီညရဲ့ပွဲကောင်းတစ်ပွဲ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲ?မန်ယူနုိက်တက် vs လိဒ်စ်ယူနိုက်တက်
20/12/2020

ဒီညရဲ့ပွဲကောင်းတစ်ပွဲ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲ?

မန်ယူနုိက်တက် vs လိဒ်စ်ယူနိုက်တက်


မနေ့ညက လိဒ်စ်ယူနိုက်တက်အသင်းရဲ့အိမ်ကွင်းအဲလ်လန်ရုဒ့်မှာ ကစားခဲ့တဲ့နယူးကာဆယ်အသင်းကို(၅-၂)ဂိုးရလဒ်ဖြင့်နိုင်ခဲ့တဲ့ပွဲစဉ်ဟာ...
17/12/2020

မနေ့ညက လိဒ်စ်ယူနိုက်တက်အသင်းရဲ့အိမ်ကွင်းအဲလ်လန်ရုဒ့်မှာ ကစားခဲ့တဲ့နယူးကာဆယ်အသင်းကို(၅-၂)ဂိုးရလဒ်ဖြင့်နိုင်ခဲ့တဲ့ပွဲစဉ်ဟာ လိဒ်စ်အသင်းအတွက် နည်းပြမာဆယ်လိုဘီအဲယ်ဆာကိုင်တွယ်ခဲ့တဲ့ (၁၁၄)မြောက်ပွဲစဉ်ပဲ ဖြစ်ပါတယ်။

ဒါဟာ လိဒ်စ်အသင်းအတွက် နည်းပြဘီအဲဆာ ကိုင်တွယ်ခဲ့တဲ့ပွဲရေတွေက သူ့ရဲ့နည်းပြဘဝသက်တမ်းအတွင်း အခြားနိုင်ငံနဲ့အခြားကလပ်အသင်းတွေကိုကုိင်တွယ်ခဲ့တဲ့ပွဲရေတွေထက် လက်ရှိပိုများသွားခဲ့တာပဲ ဖြစ်ပါတယ်။

လိဒ်စ်အသင်းဟာ အိမ်ကွင်းမှာ အဖွင့်ဂိုးအရင်ပေးခဲ့ရပြီး နောက်ကနေလိုက်ကစားခဲ့ရပေမယ့် ပွဲပြီးရလဒ်ကတော့ စောဒကတက်စရာမရှိလောက်အောင် ဒုတိယပိုင်းရဲ့ကစားကွက်အခင်းအကျင်းက အထင်ကြီးစရာပါပဲ။ ဒါနဲ့ပတ်သတ်ပြီး နည်းပြဘီအဲလ်ဆာက-

"ဒါဟာ ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲပါပဲ"

"ကျွန်တော်တို့ ပွဲချိန်နှစ်ပိုင်းစလုံးကို တိုက်စစ်ဆင်ကစားခဲ့ပြီး အခွင့်အရေးလည်းအများကြီးဖန်တီးခဲ့ကြတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုပြီးထိထိရောက်ရောက်စွမ်းဆောင်နိုင်ခဲ့ပါတယ်။"

"အသင်းဟာ စုစုစည်းစည်းနဲ့တည်ငြိမ်စွာ ကစားခဲ့ကြပါတယ်။ နောက်ဆုံးတော့ သူတို့ကို အသာစီးပြန်ရနိုင်ခဲ့ပြီး ကျွန်တော်တို့ လိုအပ်နေတဲ့ဂိုးတွေကို သွင်းယူခဲ့ကြတယ်။"

"အနိုင်ရတယ်ဆိုတာ အမြဲတမ်းအပြုသဘောဆောင်တဲ့အရာပါပဲ၊ အဲဒါက နောက်လာမည့်ပွဲမှာ ပိုပြီးတည်တည်ငြိမ်ငြိမ််ဖြစ်စေမှာပါ။"လို့ ပြောကြားခဲ့ပါတယ်။

လိဒ်စ်အသင်းရရှိတဲ့သွင်းဂိုးတွေဟာ ခေါင်းတိုက်ဘောသုံးလုံးပါဝင်ခဲ့ပြီး ဘမ်းဖို့ဒ်၊ ရိုဒရီဂိုနဲ့ ဒါးလ်လက်စ်တို့က သွင်းယူခဲ့ပါတယ်။ ဒီသွင်းဂိုးတွေနဲ့ပတ်သတ်ပြီး အသင်းရဲ့တိုက်စစ်ပိုင်းကို နည်းပြဘီအဲလ်ဆာက-

"ဘောလုံးပွဲမှာ တိုက်စစ်ဆင်ကစားတယ်ဆိုတာ အခက်ခဲဆုံးအရာတစ်ခုပါ။"

"ပွဲစဉ်အတွင်းမှာ ကိုယ့်ကစားသမားကိုရှာပြီး ဘောလုံးဖြတ်တင်ပေးပို့ဖို့ဆိုတာ အရမ်းလွယ်တာတော့မဟုတ်ပါဘူး။"

"ပင်နယ်တီဧရိယာထဲမှာ ကစားသမားအများကြီး အမြဲတမ်းရှိနေတတ်တယ်၊ အဲ့ထဲမှာ လွတ်နေတဲ့လူကိုရှာပြီး ဘောလုံးပို့ပေးဖို့က လူတစ်ယောက်အတွက် အလွန်ခက်ခဲပါတယ်။"လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။


photo_

ပရီးမီးယားလိဂ်ပွဲအပတ်စဉ်(၁၂)ပွဲပြီးရလဒ်လိဒ်စ်ယူနိုက်တက်  ၁-၂ ဝက်စ်ဟမ်းကလင့်ချ်(၆)မိနစ်၊                           ဆော့ဆက...
12/12/2020

ပရီးမီးယားလိဂ်ပွဲအပတ်စဉ်(၁၂)
ပွဲပြီးရလဒ်

လိဒ်စ်ယူနိုက်တက် ၁-၂ ဝက်စ်ဟမ်း
ကလင့်ချ်(၆)မိနစ်၊
ဆော့ဆက်ခ်(၂၅)မိနစ်၊
အော့ဘွန်နာ(၈၀)မိနစ်

"ဒါဟာ မျှတတဲ့ရှုံးပွဲပါ၊ ပြိုင်ပွဲဆိုတာ ဒီလိုမျိုးပါပဲ၊ ကျွန်တော်တို့အတွက် အံ့ဩစရာမရှိပါဘူး။ ဒီနေ့လိုထူးခြားတဲ့ပွဲမျိုးတစ်ပွဲကို ရင်ဆိုင်ရဖို့ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က ပိုကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပြဿနာ(Set Pieces မှပေးရတဲ့ဂိုး)အကြောင်းကိုသိပါတယ်၊ အဲဒါကို မှန်မှန်ကန်ကန်ကြိုးစားဖို့လိုအပ်နေပါတယ်၊ ဒီလိုပြဿနာ ပွဲကိုလွှမ်းမိုးမှုနည်းအောင်လုပ်ဖို့ကျွန်တော်တို့တိုက်တွန်းခဲ့ပေမယ့် ဒါက မလုံလောက်ခဲ့ဘူး၊ ပုံမှန်ဆို ကျွန်တော်တို့ရတဲ့ဂိုးတစ်ဂိုးထက် ဂိုးပိုရဖို့ထိုက်တန်ခဲ့ပါတယ်၊ ပွဲတွင်း သူတို့မှာမရှိတဲ့အပိုင်းမှာ ကျွန်တော်တို့စွမ်းဆောင်ရည်ဟာ အပြုသဘောဆောင်တာတွေရှိခဲ့ပါတယ်။"
မာဆယ်လိုဘီယဲလ်ဆာ

လွန်ခဲ့တဲ့(၂၃)နှစ်က ဒီနေ့မှာ ကွယ်လွန်ခဲ့တဲ့ ဂန္တဝင်ကစားသမားကြီး ဘီလ်လီဘရမ်နာအား ပြန်လည်လွမ်းဆွတ်သတိရခြင်းအထိမ်းအမှတ်💙🤍  ...
07/12/2020

လွန်ခဲ့တဲ့(၂၃)နှစ်က ဒီနေ့မှာ ကွယ်လွန်ခဲ့တဲ့ ဂန္တဝင်ကစားသမားကြီး ဘီလ်လီဘရမ်နာအား ပြန်လည်လွမ်းဆွတ်သတိရခြင်းအထိမ်းအမှတ်💙🤍

ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ပွဲပြီးရလဒ်ချဲလ်ဆီး ၃-၁ လိဒ်စ်ယူနိုက်တက်                     ဘမ်းဖို့ဒ် ၄မိနစ်ဂီရော့ဒ် ၂၇မိနစ်ဇူ...
05/12/2020

ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)

ပွဲပြီးရလဒ်

ချဲလ်ဆီး ၃-၁ လိဒ်စ်ယူနိုက်တက်
ဘမ်းဖို့ဒ် ၄မိနစ်
ဂီရော့ဒ် ၂၇မိနစ်
ဇူးမား ၆၁မိနစ်
ပူလစ်ဆစ် ၉၃မိနစ်

စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ တိုက်စစ်မှူးဘမ်းဖို့ဒ်ရဲ့အစောပိုင်းသွင်းဂိုးရခဲ့ပေမယ့် အိမ်ရှင်အသင်းကို ခက်ခဲစွာကစားခဲ့ရပြီး အရေးနိမ့်ခဲ့ရပါတယ်။


05/12/2020

Goal! Chelsea 3-1 Leeds

05/12/2020

61' Goal Chelsea, K.Zouma

Chelsea 2-1 Leeds

ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ပထမပိုင်းရလဒ်ချဲလ်ဆီး ၁-၁ လိဒ်စ်ယူနိုက်တက်                    ဘမ်းဖို့ဒ် ၄မိနစ်ဂီရော့ဒ် ၂၇မိနစ်
05/12/2020

ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)

ပထမပိုင်းရလဒ်

ချဲလ်ဆီး ၁-၁ လိဒ်စ်ယူနိုက်တက်
ဘမ်းဖို့ဒ် ၄မိနစ်
ဂီရော့ဒ် ၂၇မိနစ်

05/12/2020

Goal! Chelsea 1-1 Leeds

Giroud 27'

05/12/2020

GOAL! Chelsea 0-1 Leeds (Bamford)4'

ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)အတွက် ချဲလ်ဆီးအသင်းကို စတမ်းဖို့ဒ်ဘရစ်ချ်မှာသွားရောက်ယှဉ်ပြိုင်ကစားမယ့် လိဒ်စ်ယူနိုက်တက်ပွဲထွက်လ...
05/12/2020

ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)အတွက် ချဲလ်ဆီးအသင်းကို စတမ်းဖို့ဒ်ဘရစ်ချ်မှာသွားရောက်ယှဉ်ပြိုင်ကစားမယ့် လိဒ်စ်ယူနိုက်တက်ပွဲထွက်လူစာရင်း

လိဒ်စ်ယူနိုက်တက်အသင်းက အနာဂတ်စီမံကိန်းအတွက် လူငယ်ကစားသမားကို စာချုပ်သစ်ချုပ်ဆို>>>>>>>>>>>>>>
04/12/2020

လိဒ်စ်ယူနိုက်တက်အသင်းက အနာဂတ်စီမံကိန်းအတွက် လူငယ်ကစားသမားကို စာချုပ်သစ်ချုပ်ဆို
>>>>>>>>>>>>>>

လက်ရှိပရီးမီးယားလိဂ်မှာ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ညာနောက်ခံ လုခ့်အေလင်းဟာ အခြားနောက်တန်းကစားသမားတေွထက် ဘောလုံးဖြတ်လုနိုင်မ...
04/12/2020

လက်ရှိပရီးမီးယားလိဂ်မှာ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ညာနောက်ခံ လုခ့်အေလင်းဟာ အခြားနောက်တန်းကစားသမားတေွထက် ဘောလုံးဖြတ်လုနိုင်မှု(Tackles) ပိုမိုပြုလုပ်ထားနိုင်တဲ့ကစားသမား ဖြစ်ပါတယ်။

03/12/2020

Our Yorkshire Pirlo,Kalvin Phillips

ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)အပြီးမှာ Clean sheet လေးပွဲရရှိထားတဲ့ ဂိုးသမားလေး မက်စ်လီယာရဲ့ဂိုးပေါက်ကာကွယ်မှုနဲ့ပတ်သတ်ပြီး သု...
01/12/2020

ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)အပြီးမှာ Clean sheet လေးပွဲရရှိထားတဲ့ ဂိုးသမားလေး မက်စ်လီယာရဲ့ဂိုးပေါက်ကာကွယ်မှုနဲ့ပတ်သတ်ပြီး သုံးသပ်ခဲ့ပါဦး😍😍

အက်ဖ်အေဖလား တတိယဆင့်ပွဲစဉ်အဖြစ်ခရောလေးဒေါင်းအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာပါ
01/12/2020

အက်ဖ်အေဖလား တတိယဆင့်ပွဲစဉ်အဖြစ်
ခရောလေးဒေါင်းအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာပါ

အဲဗာတန်နဲ့ပွဲစဉ်အပြီး"ဒါဟာ ဖျော်ဖြေမှုအလွန်ကောင်းတဲ့ပွဲတစ်ပွဲပါ၊ ရလဒ်ပိုင်းလည်း မျှတမှုရှိခဲ့တဲ့ပွဲလို့ ကျွန်တော်ထင်ပါတယ...
29/11/2020

အဲဗာတန်နဲ့ပွဲစဉ်အပြီး

"ဒါဟာ ဖျော်ဖြေမှုအလွန်ကောင်းတဲ့ပွဲတစ်ပွဲပါ၊ ရလဒ်ပိုင်းလည်း မျှတမှုရှိခဲ့တဲ့ပွဲလို့ ကျွန်တော်ထင်ပါတယ်၊ "
"ကျွန်တော်တို့အသင်းရဲ့စွမ်းဆောင်မှုဟာ အားရကျေနပ်စရာကောင်းပါတယ်၊"
''သူတို့ရဲ့တိုက်စစ်မှူးတွေကို ကာကွယ်ဟန့်တားနိုင်ဖို့ဆိုတာ အလွန်ခက်ခဲပါတယ်၊ သူတို့ဟာ အရမ်းကောင်းတဲ့ကစားသမားတွေပါ၊"
"ကျွန်တော်တို့က ပွဲစဉ်တစ်လျှောက်လုံးကို ဟန်ချက်ညီညီနဲ့ အဆက်မပြတ်ကြိုးစားအားထုတ်မှုမရှိခဲ့ဘူးဆိုရင် ဒီထက်ပိုပြီးအခက်အခဲဖြစ်မှာပါ"

အနိုင်ဂိုးသွင်းရှင် ရာဖင်းဟာနဲ့ပတ်သတ်ပြီး
"သူဟာ ပရီးမီးယားလိဂ်မှာ လျင်လျင်မြန်မြန်ပဲ နေသားတကျဖြစ်ခဲ့ပါတယ်။''
"သူ့ဟာ ဒီလိဂ်မှာကစားဖို့အရည်အချင်းရှိတယ်ဆိုတာ ဗစ်တာအော်တာ(လိဒ်စ်ရဲ့အားကစားဒါရိုက်တာ)က ကြိုတင်သိထားလို့ပဲ သူ့ကိုရွေးချယ်ခေါ်ယူခဲ့တာ မှန်ကန်ခဲ့ပါတယ်။''
"သူဟာ ပြိုင်ဘက်နောက်ခံကစားသမားတွေ စိုးရိမ်ရမယ့်ကစားသမားတစ်ဦးဆိုတာ သေချာပါတယ်။'' (လိဒ်စ်ယူနိုက်တက်
အသင်းနည်းပြ ဘီအဲယ်ဆာ


ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)ပွဲပြီးရလဒ်အဲဗာတန် ၀-၁ လိဒ်စ်ယူနိုက်တက်                     ၇၉' ရာဖင်းဟာအဝေးကွင်းမှာ လိဒ်စ်အသင်း...
28/11/2020

ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)ပွဲပြီးရလဒ်

အဲဗာတန် ၀-၁ လိဒ်စ်ယူနိုက်တက်
၇၉' ရာဖင်းဟာ

အဝေးကွင်းမှာ လိဒ်စ်အသင်းအတွက် ရာဖင်းဟာရဲ့ပထမဆုံးသွင်းဂိုးဖြင့်သုံးမှတ်အပြည့်နဲ့ အနိုင်ပွဲကိုထိုက်ထိုက်တန်တန်ယူနိုင်ခဲ့ပါပြီ။



28/11/2020

78' Goooaaaalllll Raphinha

ဒီညအတွက် Line-upထွက်လာပါပြီ ဘမ်းဖို့ဒ်ဂိုးလာဘ်လေးတွေ ပြန်လာမှာ သေချာပါတယ်၊ ကံကောင်းဖို့ ထပ်ပြီးရုန်းကန်လိုက်ကြဦး အဖြူရော...
28/11/2020

ဒီညအတွက် Line-upထွက်လာပါပြီ ဘမ်းဖို့ဒ်ဂိုးလာဘ်လေးတွေ ပြန်လာမှာ သေချာပါတယ်၊ ကံကောင်းဖို့ ထပ်ပြီးရုန်းကန်လိုက်ကြဦး အဖြူရောင်တပ်သားတို့
ဒုန်းးးးဒုန်းးးးဒုန်းးးးးးး


28/11/2020

ဂွဒ်ဒီဆင်ဘက်ခ်ကွင်း

အဲဗာတန် နဲ့ လိဒ်စ် ပွဲအကြိုလေ့လာချက်________________ဒီနေ့ည ဂွတ်ဒီဆင်ပက်ခ်ကွင်းမှာ ကစားမယ့်ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)အဖြစ် ...
28/11/2020

အဲဗာတန် နဲ့ လိဒ်စ် ပွဲအကြိုလေ့လာချက်
________________

ဒီနေ့ည ဂွတ်ဒီဆင်ပက်ခ်ကွင်းမှာ ကစားမယ့်ပရီးမီးယားလိဂ်ပွဲစဉ်(၁၀)အဖြစ် အဲဗာတန်နဲ့လိဒ်ယူနိုက်တက်ပွဲစဉ်မှာ နှစ်သင်းစလုံးက ကစားသမားဒဏ်ရာပြဿနာတွေကြုံနေရပြီး အိမ်ရှင်အဲဗာတန်အသင်းကတော့ ကိုးလ်မန်းဒဏ်ရာရရှိထားသလို အဓိကဘယ်နောက်ခံကစားကမား လူးကပ်စ်ဒိခ်နေးကလည်း လေကျင့်ရေးကွင်းမှာခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့လို့ ပါဝင်နိုင်ဖို့မသေချာတော့ပါဘူး။

လိဒ်စ်ယူနိုက်တက်ကလည်း ဘက်ဗလိုဟာနန်ဒက်ဇ်၊ ဒီယေဂိုလော်ရန်တီ နဲ့ ဂျေမီရှက်ခ်ကဲယ်တန်တို့သုံးယောက်စလုံး ဒဏ်ရာတွေကြောင့်ထပ်မံမပါဝင်နိုင်ခဲ့ပြန်ပါဘူး။

အဲဗာတန်အသင်းရော လိဒ်စ်အသင်းပါ ခံစစ်ပိုင်းမှာ အားနည်းချက်ကိုယ်စီ ရှိနေပါသေးတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ အဲဗာတန်အသင်းဟာ လိဒ်စ်အသင်းနဲ့ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ အိမ်ကွင်းပွဲစဉ်(၁၂)ပွဲထိ ရှံးနိမ့်ခြင်းမရှိခဲ့ဘဲ ကစားခဲ့တဲ့နောက်ဆုံး(၁၀)ပွဲမှာ (၈)ပွဲထိ ပေးဂိုးမရှိ(Clean Sheet)နဲ့ အနိုင်ရခဲ့ပါတယ်။

ဒါ့အပြင် ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဲဗာတန်အသင်းတိုက်စစ်မှူး ဒိုမင်နစ်ကယ်ဗက်ထ်လီဝင်ဟာ ပွဲစဉ်(၉)ပွဲမှာ သွင်းဂိုး(၁၀)ဂိုးထိသွင်းထားနိုင်ခဲ့ပြီး ဂိုးသွင်းရှင်များစာရင်းကို ဦးဆောင်ထားနိုင်သူ ဖြစ်ပါတယ်။ တစ်ရာသီတည်း ပရီးမီးယားလိဂ်ပထမဆုံးပွဲစဉ်(၁၀)ပွဲမှာ (၁၀)ဂိုးထက်ပိုပြီးသွင်းယူနိုင်ခဲ့သူကတော့ ၁၉၉၅ /၉၆တုန်းက သွင်းဂိုး(၁၃)ဂိုးထိ သွင်းနိုင်ခဲ့တဲ့ လက်စ်ဖာဒီနန်တစ်ဦးတည်းသာရှိပါတယ်။

လိဒ်စ်အသင်းကိုကြည့်မယ်ဆိုရင် ပြိုင်ပွဲစုံနောက်ဆုံးတွေ့ဆုံမှုမှာ လိဒ်စ်ယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းကို အနိုင်ယူထားခဲ့ပြီး ၂၀၁၂ခုနှစ် စက်တင်ဘာလတုန်းက လိဂ်ဖလားမှာ(၂-၁)ရလဒ်ဖြင့်အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာတော့လိဒ်စ်အသင်းက အဲဗာတန်အသင်းကို နောက်ဆုံးအနိုင်ရခဲ့တာဟာ၂၀၀၁ခုနှစ် ဒီဇင်ဘာလကတည်းကပဲ ဖြစ်ပါတယ်။

လက်ရှိလိဒ်စ်ယူနိုက်တက်အသင်းရဲ့အဓိကအားထားနေရတဲ့တိုက်စစ်မှူးပက်ထရစ်ဘန်းဖို့ဒ်ဟာ ရာသီစအဝေးကွင်းပွဲစဉ်(၄)ပွဲဆက်ဂိုးသွင်းထားနိုင်ပြီး သီယာရီဟင်နရီတင်ထားတဲ့ ရာသီအစ ပရီးမီးယားလိဂ်ပထမဆုံးအဝေးကွင်းပွဲစဉ်(၅)ပွဲဆက်ဂိုးသွင်းစံချိန်မှတ်တမ်းကို တူညီဖို့အလားအလာလည်းရှိနေပါတယ်။

ဒါကြောင့် ဒီပွဲစဉ်မှာ ခံစစ်ပိုင်းမှာအားနည်း ချက်တွေရှိနေတဲ့နှစ်သင်းလုံးဟာ တိုက်စစ်မှူးတွေ သွင်းဂိုးမှတ်တမ်းတွေရဖို့ အားပြိုင်ရမယ့်ပွဲစဉ်တစ်ပွဲလို့ဆိုနိုင်ပါတယ်။ အဲဗာတန်နဲ့လိဒ်စ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံမှုနဲ့ လက်ရှိရာသီ တစ်ပွဲဂိုးသွင်းနှုန်း၊ တစ်ပွဲဂိုးပေးရနှုန်းတွေကို အောက်ပါပုံမှာလေ့လာပြီး ဘယ်အသင်းရဲ့တိုက်စစ်မှူးက ပိုပြီးစွမ်းဆောင်နိုင်မလဲဆိုတာ ဒီညပဲ အတူစောင့်ကြည့်လိုက်ကြရအောင်ဗျာ။



23/11/2020
အချိန်တိုင်း၊ ပွဲတိုင်းကိုအနိုင်ရဖို့ အကောင်းမွန်ဆုံးကြိုးစားကစားခဲ့ပေမယ့် အိမ်ကွင်းအဲယ်လန်ရုဒ့်မှာ အမှတ်ထပ်မံခွဲပေးလိုက...
23/11/2020

အချိန်တိုင်း၊ ပွဲတိုင်းကိုအနိုင်ရဖို့ အကောင်းမွန်ဆုံးကြိုးစားကစားခဲ့ပေမယ့် အိမ်ကွင်းအဲယ်လန်ရုဒ့်မှာ အမှတ်ထပ်မံခွဲပေးလိုက်ရပြန်တဲ့ လိဒ်စ်ယူနိုက်တက်
_____________________

မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်(၉)အဖြစ် အာဆင်နယ်အသင်းနဲ့ကစားခဲ့တဲ့ပွဲဟာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ပရိသတ်တွေအတွက် စိတ်ပျက်စရာပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့မှာသေချာပါတယ်။ ပွဲစဉ်အတွင်း လိဒ်စ်အသင်းဘက်က ကန်သွင်းမှုသုံးကြိမ် ဂိုးဘားတိုင်ထိမှန်သည့်တိုင် ကံမကောင်းခဲ့ဘူးလို့ပဲ ဆိုရတော့မှာပါ။

လိဒ်စ်အသင်းဟာ ပထမပိုင်းမှာ ပွဲကိုလွှမ်းမိုးထားနိုင်ပေမယ့် ဘာအပြောင်းအလဲမှ မပြသနိုင်ခဲ့ပါဘူး။ တိုက်စစ်မှူးဘန်းဖို့ဒ်ရဲ့ကန်သွင်းမှုကို အာဆင်နယ်ဂိုးသမားလီနိုက ကောင်းကောင်းလက်စွမ်းပြကာကွယ်နိုင်ခဲ့သလို ဒယ်လက်စ်နဲ့ကလင့်ချ်တို့ကလည်း ဂိုးဖြစ်နိုင်ဖွယ်အခွင့်အရေးတချို့ လွှဲချော်ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်းဟာ တိုက်စစ်မှူးပီပီက လိဒ်စ်နောက်ခံလူ အလီယိုစကီရဲ့မျက်နှာကို ခေါင်းနဲ့တမင်တကာတိုက်ခဲ့လို့ဆိုပြီး ဒိုင်လူကြီးက VARအဆုံးအဖြတ်နဲ့ အနီကတ်ပြထုတ်ပယ်ခဲ့သဖြင့် ကစားသမားတစ်ယောက်လျော့(၁၀)ယောက်နဲ့ဆက်ကစားခဲ့ရပါတယ်။

ဒါပေမယ့်
ကျန်တဲ့ပွဲကစားချိန်ကို လိဒ်စ်ယူနိုက်တက်ကပဲ အသာစီးနဲ့ ကစားခဲ့ပြီး ဒဲယ်လက်စ်ရဲ့ကန်သွင်းမှုကို အာဆင်နယ်ဂိုးသမားလီနိုက ထပ်မံအကောင်းဆုံးကာကွယ်နိုင်ခဲ့လို့ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပြန်ပါတယ်။ အဲ့ဒီနောက် ရိုဒရီဂိုရဲ့ကန်ချက်၊ ဘန်းဖို့ဒ်ရဲ့ခေါင်းတိုက်ချက်တို့ကလည်း တိုင်ထိမှန်ခဲ့သလို နောက်ဆုံးအခွင့်အရေးအနေနဲ့ ရာဖင်ဟာရဲ့ကန်ချက်လည်း တိုင်ထိထွက်ခဲ့တာကြောင့် လိဒ်စ်ယူနိုက်တက်အတွက် အိမ်ကွင်းမှာကံမကောင်းစွာ (၀-၀)ဆိုတဲ့ရလဒ်ဖြင့် သရေတစ်မှတ်နဲ့သာကျေနပ်ခဲ့ရပါတယ်။

အသင်းအတွက် နိုင်ပွဲမရခဲ့လို့နစ်နာခဲ့ရပေမယ့် အသင်းရဲ့ကစားပုံဟာ ဒီအတိုင်းတည်ငြိမ်တဲ့စွမ်းဆောင်ရည်မျိုး ထပ်မံပြသသွားမယ်ဆိုရင် အပေါင်းလကၡဏာဆောင်တဲ့အနေအထားကိုရောက်ရှိလာမယ်လို့ ပရိသတ်အနေနဲ့ ယုံကြည်ပါတယ်။

"အာဆင်နယ်အသင်းဟာ ကျွန်တော်တို့ကို အမြဲတမ်းအခက်အခဲဖြစ်စေပါတယ်၊ ဒါပေမဲ့ သူတို့ကို ကျွန်တော်တို့ကောင်းကောင်းရင်ဆိုင်နိုင်ခဲ့တယ်လို့ ထင်တယ်"_(ကယ်ဗင်ဖီးလ်လစ်)

"ကျွန်တော်တို့ဟာ အနိုင်ရဖို့ လုံလောက်တဲ့စွမ်းဆောင်မှုမျိုး ပြသနိုင်ခဲ့ပါတယ်"_
(စတူးအာ့ထ် ဒဲယ်လက်စ်)



Klich vs Ceballos
21/11/2020

Klich vs Ceballos

နည်းပြမာဆယ်လိုဘီအဲလ်ဆာက တနင်္ဂနွေနေ့မှာ အာဆင်နယ်အသင်းနဲ့ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ကစားသမားနဲ့အသင်းရဲ...
21/11/2020

နည်းပြမာဆယ်လိုဘီအဲလ်ဆာက တနင်္ဂနွေနေ့မှာ အာဆင်နယ်အသင်းနဲ့ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ကစားသမားနဲ့အသင်းရဲ့နောက်ဆုံးအခြေအနေကို ပြောကြားသွားခဲ့ပါတယ်။

သူက"ကယ်ဗင်ဖီးလ်လစ်နဲ့ ရိုဒရီဂိုတို့ ပြန်ပါလာပါပြီ။ ဒီယေဂိုလော်ရန်တီနဲ့ ဂျေမီရှာခ့်ကဲယ်တန်တို့တော့ မပါနိုင်သေးပါဘူး။"

"လော်ရန်တီက ဒဏ်ရာရသွားခဲ့တာ၊ ပြန်လည်ကောင်းမွန်ခဲ့ပြီးမှ လေ့ကျင့်ရေးအစီအစဉ်မှာ ဒဏ်ရာဟောင်းပြန်ဖြစ်တာပါ။"

"သူ အခုတော့ဆေးကုသမှုခံယူပြီးပါပြီ၊ ဒါပေမယ့်သူ့ဒဏ်ရာဟောင်းပြန်ဖြစ်တာကြောင့် သေသေချာချာ အပြည့်အဝပြန်လည်ကြံ့ခိုင်လာနိုင်အောင်အချိန်ပိုပေးထားပါတယ်။"

"ဖီးလ်လစ်ပ်က ကစားနေကျကစားသမားတစ်ယောက်ပါ၊ ပုံမှန်ကစားရတဲ့ကစားသမားတွေဖြစ်တယ်။ သူတို့ကို ထည့်သွင်းဖို့ အမြဲတမ်းအရေးကြီးပါတယ်"လို့ပြောကြားခဲ့ပါတယ်။

ဆက်ပြီး နည်းပြဘီအဲလ်ဆာက ဇန်နဝါရီလတုန်းက အာဆင်နယ်အသင်းနဲ့ကစားခဲ့ရတဲ့အခြေအနေနဲ့ လက်ရှိအာဆင်နယ်အသင်းရဲ့အခြေအနေကို သူ့အမြင်နဲ့သုံးသပ်ခဲ့ပါတယ်။

"အာဆင်နယ်အသင်းဟာ လိဂ်ရဲ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းပါ။"

"သူတို့ဟာ အဆင့်အတန်းရှိတဲ့ကစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့အသင်းပါ၊ ပြီးတော့ အသင်းကိုအောင်မြင်အောင်ပုံဖော်နေတဲ့ နည်းပြတစ်ယောက်ရှိတယ်။"

"အာတီတာဟာ သူ့အသင်းကို သူ့စီမံကိန်းနဲ့နည်းဗျူဟာအတိုင်း ကစားစေလိုတဲ့နည်းပြတစ်ဦးပါ၊ အာဆင်နယ်အသင်းကိုအနီးကပ်စောင့်ကြည့်မယ်ဆိုရင် ဘယ်အသင်းမှာမှမတွေ့ဖူးတဲ့အရာတွေကို မြင်တွေ့ရမှာပါ။"

'ဇန်နဝါရီလပွဲတုန်းက ကျွန်တော်တို့အသင်းဟာ ပထမပိုင်းမှာ ကောင်းကောင်းကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ မကစားနိုင်ခဲ့ပါဘူး။"

"ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်းရဲ့တိုးတက်မှုက ပထမပိုင်းတုန်းက ကျွန်တော်တို့ ကောင်းကောင်းလုပ်ခဲ့တဲ့အရာအားလုံးကို ပျက်ပြယ်သွားစေခဲ့ပါတယ်။"

"ဒါပေမယ့် တနင်္ဂနွေနေ့မှာကစားမယ့်ပွဲဟာကျွန်တော်တို့ ဇန်နဝါရီတုန်းက ကစားခဲ့တဲ့ပွဲနဲ့နှိုင်းယှဉ်လို့တော့မရပါဘူး။"လို့ ပြောကြားခဲ့ပါတယ်။



ဒီတပတ်တနင်္ဂနွေညမှာ​ေတာ့ ပရီးမီးယားလိဂ်ပွဲစဉ်(၉)အဖြစ် လိဒ်စ်ယူနိုက်တက်ရဲ့အဲယ်လန်ရုဒ့်ကွင်းမှာ အာဆင်နယ်အသင်းကိုရင်ဆိုင်ကစ...
19/11/2020

ဒီတပတ်တနင်္ဂနွေညမှာ​ေတာ့ ပရီးမီးယားလိဂ်ပွဲစဉ်(၉)အဖြစ် လိဒ်စ်ယူနိုက်တက်ရဲ့အဲယ်လန်ရုဒ့်ကွင်းမှာ အာဆင်နယ်အသင်းကိုရင်ဆိုင်ကစားရမှာဖြစ်ပြီး တောင်ပံကစားသမားတွေဖြစ်တဲ့ ဂျက်ခ်ဟာရစ်ဆန်နဲ့ ဝီလီယံတို့ရဲ့ ပွဲ(၇)ပွဲကစားပြီးခဲ့တဲ့စွမ်းဆောင်ရည်နှိုင်းယှဉ်ချက်

၂၀၂၀-၂၁ ပရီမီးယားလိဂ်ပွစဉ်(၇)ပွဲပြီးရလဒ်လိဒ်စ်ယူနိုက်တက် ၁-၄ လက်စတာစီးတီး                              ဘားနက်စ် ၂မိနစ်၊ ...
02/11/2020

၂၀၂၀-၂၁ ပရီမီးယားလိဂ်ပွစဉ်(၇)
ပွဲပြီးရလဒ်

လိဒ်စ်ယူနိုက်တက် ၁-၄ လက်စတာစီးတီး
ဘားနက်စ် ၂မိနစ်၊
တယ်လီမန်စ် ၂၁မိနစ်၊၉၀မိနစ်(P)
ဒဲယ်လပ်စ် ၄၈မိနစ်
ဗာဒီ ၇၆မိနစ်

ခံစစ်ကိုအသေအချာပြင်ဆင်လာတဲ့ ဧည့်သည်အသင်းလက်ချ်စတာစီးတီးကိုတော့ လိဒ်စ်အသင်း အတော်လေးခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပါတယ်။ လက်ချ်စတာအသင်းရဲ့တန်ပြန်တိုက်စစ်တွေကို
မဟန့်တားနိုင်ခဲ့တဲ့ နောက်တန်းအားနည်းချက်တွေ ရှိနေခဲ့ပါတယ်။

၂၀၂၀-၂၁ ပရီမီးယားလိဂ်ပွစဉ်(၇)ပထမပိုင်းရလဒ်လိဒ်စ်ယူနိုက်တက် ၀-၂ လက်စတာစီးတီး                              ဘားနက်စ် ၂မိနစ်...
02/11/2020

၂၀၂၀-၂၁ ပရီမီးယားလိဂ်ပွစဉ်(၇)
ပထမပိုင်းရလဒ်

လိဒ်စ်ယူနိုက်တက် ၀-၂ လက်စတာစီးတီး
ဘားနက်စ် ၂မိနစ်၊
တယ်လီမန်စ် ၂၁မိနစ်

လိဒ်စ်အသင်းဘက်က အနောက်တန်းအပြောင်းအလဲလုပ်ထားသလို အလယ်တန်းချိတ်ဆက်မှုအားနည်းနေတာ မြင်တွေ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ကစားနိုင်တဲ့အတွက် ဒုတိယပိုင်းမှာ အပြောင်းအလဲတစ်ခုတော့ မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်။ COME ON LEEDS!!!!!!

လစ်တူနီးယားနိုင်ငံသား လိဒ်စ်ယူနိုက်တက်နောက်ခံကစားသမားဟောင်း မာရိယက်စ်ဇယ်လူးကက်စ်ဟာ ၂၀၂၀ခုနှစ် အောက်တိုဘာလ(၃၁)ရက်နေ့က အာရ...
01/11/2020

လစ်တူနီးယားနိုင်ငံသား လိဒ်စ်ယူနိုက်တက်နောက်ခံကစားသမားဟောင်း မာရိယက်စ်ဇယ်လူးကက်စ်ဟာ ၂၀၂၀ခုနှစ် အောက်တိုဘာလ(၃၁)ရက်နေ့က အာရုံကြောရောဂါဖြင့် အသက်(၃၆)နှစ်အရွယ်မှာကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။ သူဟာ ၂၀၁၃/၁၄ဘောလုံးရာသီတုန်းက လိဒ်စ်ယူနိုက်တက်အသင်းအတွက် (၁၅)ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။


Du Du Du Du HATRICK BAMFORD⚽⚽⚽
24/10/2020

Du Du Du Du HATRICK BAMFORD⚽⚽⚽

Premier League History:လိဒ်စ်ယူနိုက်တက်အသင်း တိုက်စစ်မှူးပက်ထရစ်ဘမ်းဖို့ဒ်ဟာ ခရစ်ဆက်တန်(၁၉၉၇-၉၈)၊ ရော်ဘီဖောင်လာ(၁၉၉၈-၉၉)...
24/10/2020

Premier League History:
လိဒ်စ်ယူနိုက်တက်အသင်း တိုက်စစ်မှူးပက်ထရစ်ဘမ်းဖို့ဒ်ဟာ ခရစ်ဆက်တန်(၁၉၉၇-၉၈)၊ ရော်ဘီဖောင်လာ(၁၉၉၈-၉၉)၊ ဂါရတ်ဘေးလ်(၂၀၁၂-၁၃)၊ ဆာဂျီယိုအဂွဲလ်ရုိ(၂၀၁၉-၂၀)တို့နောက်ပိုင်း အက်စ်တွန်ဗီလာရဲ့အိမ်ကွင်း ဗီလာပက်ခ်ကွင်းမှာ ပရီးမီးယားလိဂ်ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပဉ္စမမြောက်ဧည့်သည်ကစားသမား ဖြစ်လာခဲ့ပါတယ်။


ပွဲပြီးရလဒ္အက်စ်တွန်ဗီလာ  0-3 လိဒ်ယူနိုက်တက်             ပတ်ထရစ်ဘမ်းဖို့ဒ်(55' 67' 74')
23/10/2020

ပွဲပြီးရလဒ္

အက်စ်တွန်ဗီလာ 0-3 လိဒ်ယူနိုက်တက်

ပတ်ထရစ်ဘမ်းဖို့ဒ်(55' 67' 74')

73' GGOOAAALLLL!!!!!!! BAMFORD HATRICK  0-3
23/10/2020

73' GGOOAAALLLL!!!!!!! BAMFORD HATRICK 0-3

66' GOALllll BAMFORD  0-2
23/10/2020

66' GOALllll BAMFORD 0-2

55' GGGOOAAAAALLLLL!!! PATRICK BAMFORD!!!! 0-1
23/10/2020

55' GGGOOAAAAALLLLL!!!
PATRICK BAMFORD!!!! 0-1

ပထမပိုင်းရလဒ်အက်စ်တွန်ဗီလာ  ၀-၀ လိဒ်ယူနိုက်တက်ထုံးစံအတိုင်းလိဒ်အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ကစားနိုင်ပြီး ဂို...
23/10/2020

ပထမပိုင်းရလဒ်
အက်စ်တွန်ဗီလာ ၀-၀ လိဒ်ယူနိုက်တက်

ထုံးစံအတိုင်းလိဒ်အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ကစားနိုင်ပြီး ဂိုးကန်သွင်းမှုအကြိမ်လည်းများနေပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when Glory Glory Leeds United-GGLU Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share