FGCCI and CLC Sang

  • Home
  • FGCCI and CLC Sang

FGCCI and CLC Sang Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from FGCCI and CLC Sang, Media, .

18/03/2020
Father thank you for giving us a good lunch
11/02/2020

Father thank you for giving us a good lunch

10/02/2020

သွေးလေးဖက်နာ
××××××××××××
(၁) သွေးလေးဖက်နာ ဘာကြောင့်ဖြစ်ရတာလဲ။

ကံဆိုးသောကြောင့်ဟု ဆိုရပါမည်။ ခန္ဓာကိုယ်တွင်းတွင် ပြင်ပပိုးများကို တိုက်ခိုက်ရန်၊ကိုယ်တွင်းရှိ ကင်ဆာကဲ့သို့ အန္တရာယ်ပေးမည့် ပြောင်းလဲမှုများကို စောင့်ကြည့်ရန်၊ ခန္ဓာကိုယ်တွင်းဆဲလ်များ နေ့စဉ်သေဆုံးမှုကြောင့် ထွက်လာသည့် အပိုင်းအစ အမှိုက်သရိုက်များ ဖယ်ရှားရန် ကိုယ်ခံတပ်ဖွဲ့ဟူ၍ သွေးဖြူဥများနှင့် ဖွဲ့စည်းပေးထားပါသည်။ ကိုယ်တွင်း၌ သွေးဖြူဥများမှ ကိုယ်ခံဓာတ်များ ထုတ်လုပ်မှု လွန်ကဲနေပြီး ပြင်ပပိုးကို တိုက်ရမည့်အစား ကိုယ့်ကိုယ်ခံတပ်က ကိုယ့်ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို ပြန်တိုက်သောကြောင့် အရိုးအဆစ်များ ရောင်ရမ်းလာရခြင်းဖြစ်သည်။ ထို့ကြောင့် သွေးကြောင့်ဖြစ်သည့်သွေးလေးဖက်နာဟု ခေါ်သည်။

HLA-DRB၊ ဗီဇရှိသူ၊ STATU-SNP ဟူသည့် ဗီဇပြောင်းလဲခြင်းမဟုတ်ဘဲ ဗီဇပန်းကုံးအတွင်းရှိ ပန်းတစ်ပွင့်မတူညီမှု (Single Nucleotide Polymorphism) ရှိသူများတွင် ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုကို မခံနိုင်ဘဲ သွေးလေးဖက်နာ ပိုဖြစ်နိုင်သည်ကို တွေ့ရ၏။

ထိုဗီဇရှိသူများမှာ သွေးလေးဖက်နာ မုချမသွေဖြစ်လာမည် မဟုတ်သော်လည်းဖြစ်နိုင်ခြေ ပိုများသူများဖြစ်ရာ မိသားစုဝင်တစ်ဦးတွင် ထိုကဲ့သို့ ဗီဇမျိုးရိုးရှိပါက သားသမီးများ ၊ မောင်နှမများတွင်လည်း အလားတူ ဗီဇ ပါလာနိုင်ရန် သာမန်ပြည်သူများထက်စာလျှင် သွေးလေးဖက်နာ ဖြစ်နိုင်ခြေ ၂ ဆမှ ၁၀ ဆ အထိ ပိုများလာပါသည်။ ဗီဇ ပါလာသူတိုင်း ရောဂါ မဖြစ်အောင်လည်း ဗီဇပါလာသူတစ်ဦးဦးကို သွေးလေးဖက်နာရောဂါအဖြစ် ပြောင်းသွားရန် တွန်းအားပေးသော အချက်များတွင် ပိုးများ၊ ပတ်ဝန်းကျင်ရှိ အဆိပ်အတောက်များ အဓိကပါရှိရာ မိမိမိသားစုဝင်တစ်ဦးတွင် သွေးလေးဖက်နာရှိလျှင် (သို့) ကျန်းမာရေးစစ်ဆေးမှုတွင် လေးဖက်နာ ဖြစ်စေနိုင်သော ဗီဇပါသည်ဟု သိရလျှင် ကြိုတင်ပြင်ဆင်နိုင်က ကောင်းပေသည်။

အဆိပ်အတောက်များတွင်မူ ဓာတ်ဆီ၊ အင်ဂျင်ဝိုင် စသည့် သတ္တုဆီများနှင့် ထိတွေ့မှု၊ကော်ဖီ၊ ဆေးလိပ်၊ အစားအသောက် အရောင်တင်ဆိုးဆေးများ စားသုံးမှုတို့သည် ဗီဇပန်းကုံးကို ပိုမိုပျက်စီးအောင် တွန်းအားပေးသည့် အချက်များထဲတွင် ထင်ရှားရာ တတ်နိုင်သလောက် လျှော့ချဖို့လိုပါတယ်။

(ခ) သွေးလေးဖက်နာ ရှိကြောင်း မည်ကဲ့သို့ သိနိုင်ပါမည်နည်း

၁။ အဆစ်များ၊ အထူးသဖြင့် လက်ချောင်း၊ ခြေချောင်းကဲ့သို့ အဆစ်သေးများ နာခြင်း၊
၂။ နာရုံသာမက ရောင်ရမ်းမှုပါ ခြောက်ပတ်ထက် ကျော်ခြင်း။
၃။ ရောင်ရမ်းမှု အခြေအနေကို ဖော်ပြသည့် ESR ခေါ် သွေးပျစ်နှုန်း (သို့) CRP စီအာပီ အသားဓာတ် များနေခြင်း။
၄။ ကိုယ့်အဆစ်ကို ကိုယ်ပြန်တိုက်သည့် ခုခံဓာတ် RF (Rheumatic Factor) သို့မဟုတ် Anti – CCP (Anti-Cyclic Citrulinated Peptide) များနေခြင်း။

အထက်ပါအချက်များရှိလျှင် သွေးလေးဖက်နာဟု အမည်တပ်၍ ရပါသည်။ ထို့ကြောင့်မိမိ၏အဆစ်နာလျှင် တစ်ခုတည်းလား၊ လေးခုလား ကြည့်ပါ။ လေးခုဖြစ်လျှင် နာရုံလား၊ဖောင်းလား၊ ရောင်လာလား ကြည့်ပါ။ အဆစ်များရောင်တာ သေချာလျှင် ကုသရင်း တစ်လအတွင်း ပျောက်သွားလား စောင့်ကြည့်ပါ။ တစ်လအတွင်း ကုသမှုခံယူ၍မှ မပျောက်ကင်းပါက ရောင်ရမ်းဓာတ်၊ အဆစ်ခုခံဓာတ်များ စစ်ဆေးရန် လိုမည်ဖြစ်ပါ
သဖြင့် စစ်ဆေးနိုင်သော ဌာန၊ ကျွမ်းကျင်သူများသို့ သွားရောက်ပြသတိုင်ပင်ရန်အရေးကြီးပါသည်။

(ဂ) ရောဂါရှိကြောင်းသိရလျှင် မည်သို့ကုသရမည်နည်း

သွေးလေးဖက်နာ ကုသရာတွင် ရောင်ရမ်းနာကျင်မှု ပျောက်ကင်းအောင် ကုသရသည်မှာ လွယ်ပါသည်။ လမ်းထိပ်က ကွမ်းယာဆိုင်တွင် မေးလျှင်ပင် စပ်ပေးလိုက်ပါဦးမည်။ ဒိုင်ကလိုဖင်နိတ် (Diclofenate) အရောင်ကျဆေး၊ စတီးရွိုက် (Prednisolone)နှင့် ပါရာစီတမောဆေးများကြောင့် အကိုက်အခဲသက်သာ၊ ရောင်ရမ်းမှုများ လျော့ကျလာပါမည်။ သို့သော် တစ်လ၊ နှစ်လတွင်မူ မျက်နှာများ ဖောလာ၊ ကုပ်ပိုးများ ထွက်လာ၊ ဆီးချိုသွေးတိုး တက်လာသည်ကို သတိထားမိပါလိမ့်မည်။ ကွမ်းယာဆိုင်စပ်ဆေးသာမက တချို့သော တိုင်းရင်းဆေး၊ တရုတ်ဆေးနှင့် တချို့ဆေးခန်းများတွင်ပင်အထက်ပါ ဆေးသုံးမျိုးကို စပ်ထည့်ပေးထားသည်ကို တွေ့ရဖူးပါသည်။ ထိရောက်သော၊ မှန်ကန်သော ကုထုံးများကို ဆက်လက်ဖော်ပြပါမည်။

Credit:
ပါမောက္ခဦးချစ်စိုး
အရိုး၊ အကြော၊ အဆစ်နှင့် အထွေထွေရောဂါကုဆရာဝန်ကြီး

မှတ်ချက်။ ။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline နံပါတ် ၇၈၈၇ သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။






ေသြးေလးဖက္နာ
××××××××××××
(၁) ေသြးေလးဖက္နာ ဘာေၾကာင့္ျဖစ္ရတာလဲ။

ကံဆိုးေသာေၾကာင့္ဟု ဆိုရပါမည္။ ခႏၶာကိုယ္တြင္းတြင္ ျပင္ပပိုးမ်ားကို တိုက္ခိုက္ရန္၊ကိုယ္တြင္းရွိ ကင္ဆာက့ဲသို႔ အႏၱရာယ္ေပးမည့္ ေျပာင္းလဲမႈမ်ားကို ေစာင့္ၾကည့္ရန္၊ ခႏၶာကိုယ္တြင္းဆဲလ္မ်ား ေန႔စဥ္ေသဆံုးမႈေၾကာင့္ ထြက္လာသည့္ အပိုင္းအစ အမိႈက္သရိုက္မ်ား ဖယ္ရွားရန္ ကိုယ္ခံတပ္ဖြဲ႔ဟူ၍ ေသြးျဖဴဥမ်ားႏွင့္ ဖြဲ႔စည္းေပးထားပါသည္။ ကိုယ္တြင္း၌ ေသြးျဖဴဥမ်ားမွ ကိုယ္ခံဓာတ္မ်ား ထုတ္လုပ္မႈ လြန္ကဲေနၿပီး ျပင္ပပိုးကို တိုက္ရမည့္အစား ကိုယ့္ကိုယ္ခံတပ္က ကိုယ့္ကိုယ္ခႏၶာ အစိတ္အပိုင္းမ်ားကို ျပန္တုိက္ေသာေၾကာင့္ အရိုးအဆစ္မ်ား ေရာင္ရမ္းလာရျခင္းျဖစ္သည္။ ထို႔ေၾကာင့္ ေသြးေၾကာင့္ျဖစ္သည့္ေသြးေလးဖက္နာဟု ေခၚသည္။

HLA-DRB၊ ဗီဇရွိသူ၊ STATU-SNP ဟူသည့္ ဗီဇေျပာင္းလဲျခင္းမဟုတ္ဘဲ ဗီဇပန္းကံုးအတြင္းရွိ ပန္းတစ္ပြင့္မတူညီမႈ (Single Nucleotide Polymorphism) ရွိသူမ်ားတြင္ ပတ္ဝန္းက်င္၏ ရိုက္ခတ္မႈကို မခံႏိုင္ဘဲ ေသြးေလးဖက္နာ ပိုျဖစ္ႏိုင္သည္ကို ေတြ႔ရ၏။

ထိုဗီဇရွိသူမ်ားမွာ ေသြးေလးဖက္နာ မုခ်မေသြျဖစ္လာမည္ မဟုတ္ေသာ္လည္းျဖစ္ႏိုင္ေျခ ပိုမ်ားသူမ်ားျဖစ္ရာ မိသားစုဝင္တစ္ဦးတြင္ ထိုက့ဲသို႔ ဗီဇမ်ိဳးရိုးရွိပါက သားသမီးမ်ား ၊ ေမာင္ႏွမမ်ားတြင္လည္း အလားတူ ဗီဇ ပါလာႏိုင္ရန္ သာမန္ျပည္သူမ်ားထက္စာလွ်င္ ေသြးေလးဖက္နာ ျဖစ္ႏိုင္ေျခ ၂ ဆမွ ၁၀ ဆ အထိ ပိုမ်ားလာပါသည္။ ဗီဇ ပါလာသူတိုင္း ေရာဂါ မျဖစ္ေအာင္လည္း ဗီဇပါလာသူတစ္ဦးဦးကို ေသြးေလးဖက္နာေရာဂါအျဖစ္ ေျပာင္းသြားရန္ တြန္းအားေပးေသာ အခ်က္မ်ားတြင္ ပိုးမ်ား၊ ပတ္ဝန္းက်င္ရွိ အဆိပ္အေတာက္မ်ား အဓိကပါရွိရာ မိမိမိသားစုဝင္တစ္ဦးတြင္ ေသြးေလးဖက္နာရွိလွ်င္ (သို႔) က်န္းမာေရးစစ္ေဆးမႈတြင္ ေလးဖက္နာ ျဖစ္ေစႏိုင္ေသာ ဗီဇပါသည္ဟု သိရလွ်င္ ႀကိဳတင္ျပင္ဆင္ႏိုင္က ေကာင္းေပသည္။

အဆိပ္အေတာက္မ်ားတြင္မူ ဓာတ္ဆီ၊ အင္ဂ်င္ဝိုင္ စသည့္ သတၱဳဆီမ်ားႏွင့္ ထိေတြ႔မႈ၊ေကာ္ဖီ၊ ေဆးလိပ္၊ အစားအေသာက္ အေရာင္တင္ဆိုးေဆးမ်ား စားသံုးမႈတို႔သည္ ဗီဇပန္းကံုးကို ပိုမိုပ်က္စီးေအာင္ တြန္းအားေပးသည့္ အခ်က္မ်ားထဲတြင္ ထင္ရွားရာ တတ္ႏိုင္သေလာက္ ေလွ်ာ့ခ်ဖို႔လိုပါတယ္။

(ခ) ေသြးေလးဖက္နာ ရွိေၾကာင္း မည္က့ဲသို႔ သိႏိုင္ပါမည္နည္း

၁။ အဆစ္မ်ား၊ အထူးသျဖင့္ လက္ေခ်ာင္း၊ ေျခေခ်ာင္းက့ဲသို႔ အဆစ္ေသးမ်ား နာျခင္း၊
၂။ နာရံုသာမက ေရာင္ရမ္းမႈပါ ေျခာက္ပတ္ထက္ ေက်ာ္ျခင္း။
၃။ ေရာင္ရမ္းမႈ အေျခအေနကို ေဖာ္ျပသည့္ ESR ေခၚ ေသြးပ်စ္ႏႈန္း (သို႔) CRP စီအာပီ အသားဓာတ္ မ်ားေနျခင္း။
၄။ ကိုယ့္အဆစ္ကို ကိုယ္ျပန္တုိက္သည့္ ခုခံဓာတ္ RF (Rheumatic Factor) သို႔မဟုတ္ Anti – CCP (Anti-Cyclic Citrulinated Peptide) မ်ားေနျခင္း။

အထက္ပါအခ်က္မ်ားရွိလွ်င္ ေသြးေလးဖက္နာဟု အမည္တပ္၍ ရပါသည္။ ထို႔ေၾကာင့္မိမိ၏အဆစ္နာလွ်င္ တစ္ခုတည္းလား၊ ေလးခုလား ၾကည့္ပါ။ ေလးခုျဖစ္လွ်င္ နာရံုလား၊ေဖာင္းလား၊ ေရာင္လာလား ၾကည့္ပါ။ အဆစ္မ်ားေရာင္တာ ေသခ်ာလွ်င္ ကုသရင္း တစ္လအတြင္း ေပ်ာက္သြားလား ေစာင့္ၾကည့္ပါ။ တစ္လအတြင္း ကုသမႈခံယူ၍မွ မေပ်ာက္ကင္းပါက ေရာင္ရမ္းဓာတ္၊ အဆစ္ခုခံဓာတ္မ်ား စစ္ေဆးရန္ လိုမည္ျဖစ္ပါ
သျဖင့္ စစ္ေဆးႏိုင္ေသာ ဌာန၊ ကၽြမ္းက်င္သူမ်ားသို႔ သြားေရာက္ျပသတိုင္ပင္ရန္အေရးႀကီးပါသည္။

(ဂ) ေရာဂါရွိေၾကာင္းသိရလွ်င္ မည္သို႔ကုသရမည္နည္း

ေသြးေလးဖက္နာ ကုသရာတြင္ ေရာင္ရမ္းနာက်င္မႈ ေပ်ာက္ကင္းေအာင္ ကုသရသည္မွာ လြယ္ပါသည္။ လမ္းထိပ္က ကြမ္းယာဆိုင္တြင္ ေမးလွ်င္ပင္ စပ္ေပးလိုက္ပါဦးမည္။ ဒိုင္ကလိုဖင္နိတ္ (Diclofenate) အေရာင္က်ေဆး၊ စတီးရြိဳက္ (Prednisolone)ႏွင့္ ပါရာစီတေမာေဆးမ်ားေၾကာင့္ အကိုက္အခဲသက္သာ၊ ေရာင္ရမ္းမႈမ်ား ေလ်ာ့က်လာပါမည္။ သို႔ေသာ္ တစ္လ၊ ႏွစ္လတြင္မူ မ်က္ႏွာမ်ား ေဖာလာ၊ ကုပ္ပိုးမ်ား ထြက္လာ၊ ဆီးခ်ိဳေသြးတုိး တက္လာသည္ကို သတိထားမိပါလိမ့္မည္။ ကြမ္းယာဆိုင္စပ္ေဆးသာမက တခ်ိဳ႕ေသာ တိုင္းရင္းေဆး၊ တရုတ္ေဆးႏွင့္ တခ်ိဳ႕ေဆးခန္းမ်ားတြင္ပင္အထက္ပါ ေဆးသံုးမ်ိဳးကို စပ္ထည့္ေပးထားသည္ကို ေတြ႔ရဖူးပါသည္။ ထိေရာက္ေသာ၊ မွန္ကန္ေသာ ကုထံုးမ်ားကို ဆက္လက္ေဖာ္ျပပါမည္။

Credit:
ပါေမာကၡဦးခ်စ္စိုး
အရိုး၊ အေၾကာ၊ အဆစ္ႏွင့္ အေထြေထြေရာဂါကုဆရာဝန္ႀကီး

မွတ္ခ်က္။ ။ အထက္ပါအေၾကာင္းအရာႏွင့္ ပတ္သက္၍ အေသးစိတ္သိရွိလိုပါက Hotline နံပါတ္ ၇၈၈၇ သို႔ MPT မိုဘိုင္းလ္ဖုန္းျဖင့္ ၂၄ နာရီအခ်ိန္မေရြး ေခၚဆိုၿပီး ဆရာဝန္မ်ားႏွင့္ တိုက္ရိုက္တိုင္ပင္ေဆြးေႏြးႏိုင္ပါၿပီ။


08/02/2020

Address


Website

Alerts

Be the first to know and let us send you an email when FGCCI and CLC Sang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share