Nerd Street Boys

  • Home
  • Nerd Street Boys

Nerd Street Boys We talk about comic books.

18/04/2024

Happy 86th supes

Invincible Season 2 ထဲမယ် Mark Grayson က Armstrong Levy ရဲ့လက်ချက်နဲ့ Multiverse တွေတခုပြီးတခုဖြတ်သန်းရတဲ့ arc မှာ Marve...
09/04/2024

Invincible Season 2 ထဲမယ် Mark Grayson က Armstrong Levy ရဲ့လက်ချက်နဲ့ Multiverse တွေတခုပြီးတခုဖြတ်သန်းရတဲ့ arc မှာ Marvel Universe ကိုရောက်သွားပြီး Spider-Man အစားထိုး Agent Spider နဲ့ DC Universe က Batman ကို မျက်နှာမပြဘဲ စကားပြောနဲ့ တွေ့သွားတဲ့အကြောင်းအားလုံးကပြောနေကြတာကိုတွေ့ရတယ်ဗျ
ဒါကတော့ ကောမစ်လောကရဲ့ Big 2 ဖြစ်တဲ့ Marvel နဲ့ DC ကို tribute လုပ်တာပေါ့နော်
သို့သော် တကယ် ဇာတ်ကောင်အစစ်တွေကိုသုံးဖို့ ခွင့်ပြုချက်မရတဲ့အတွက် အခုလိုပဲ အစားထိုးပြီးတို့ မျက်နှာမပြဘဲနဲ့တို့လုပ်ပြီးထည့်ပေးလိုက်ရတာပါ
ကောမစ်ထဲမှာတော့ Invincible က Marvel Universe ကို ရောက်သွားပြီး Spider-Man တင်မကဘဲ Avengers တွေနဲ့ တွေ့ခဲ့တဲ့အကြောင်းပဲပါ ပါတယ် (Marvel Team Up Volume 3 Issue 14 Spider-Man meets Invincible တွင်ရှုပါ)
Batman နဲ့တွေ့တာကတော့ Animation ထဲမှာပဲသီးသန့်အပိုထပ်ဆောင်းပြီးထည့်ပေးထားတာပေါ့
နောက်ပြီး Invincible ကောမစ်ကိုရေးတဲ့ Image Comics ရဲ့ ဥက္ကဌ ဆရာ Robert Kirkman ရဲ့ အအောင်မြင်ဆုံး အကျော်ကြားဆုံး ကောမစ်ဖြစ်တဲ့အပြင် ကျနော်တို့ဆီမှာလည်း လူကား စီးရီးနဲ့တခေတ်တခါက ပေါက်ခဲ့တဲ့ The Walking Dead ကိုလည်း Zombie Universe ထဲရောက်သွားတယ်ဆိုပြီး ပြထားတယ်ဗျ
ဒါမျိုး မျက်နှာဖုံးဝတ်စူပါဟီးရိုးလောက ရဲ့ Big 2 ကို tribute လုပ်တာကတော့ ဒါဟာပထမဆုံးမဟုတ်ပါဘူး
သူ့ထက်စောတာရှိသေးတယ်ဗျ
Fun Fact အနေနဲ့ပြောရရင် 1971ခုနှစ်မှာစတင်ထွက်ရှိခဲ့တဲ့ ပထမဦးဆုံး Kamen Rider Series မှာ ဆိုရင် Kamen Rider Ichigo အနေနဲ့ ပထမဦးဆုံးအပိုင်းမှာ ရင်ဆိုင်ရတဲ့ လူဆိုး Man Spider နဲ့ ဒုတိယမြောက်အပိုင်းမှာရင်ဆိုင်ရတဲ့ Bat Man ဟာ Marvel ရဲ့ face icon ဖြစ်တဲ့ Spider-Man နဲ့ DC ရဲ့ face icon ဖြစ်တဲ့ Batman ကို tribute လုပ်ထားတာဖြစ်ပါတယ်
ဒါကတော့ထူးခြားတဲ့တိုက်ဆိုင်မှုလေးတခုပေါ့ခင်ဗျာ

"Welcome to my house. Come freely. Go safely; and leave something of the happiness you bring!" The strength of the hands...
31/03/2024

"Welcome to my house. Come freely. Go safely; and leave something of the happiness you bring!" The strength of the handshake was so much akin to that which I had noticed in the driver, whose face I had not seen, that for a moment I doubted if it were not the same person to whom I was speaking; so to make sure, I said interrogatively:—
"Count Dracula?" He bowed in a courtly way as he replied:—”“I am Dracula; and I bid you welcome, Mr. Harker, to my house. Come in; the night air is chill, and you must need to eat and rest."

Excerpt From
Dracula
Bram Stoker

Robocop,Showgirls,Total Recall နှင့် Basic Instinct ရုပ်ရှင်တွေနဲ့ နာမည်ကြီးတဲ့ director Paul Verhoeven ရဲ့ ရုပ်ရှင်ဖြစ်...
30/03/2024

Robocop,Showgirls,Total Recall နှင့် Basic Instinct ရုပ်ရှင်တွေနဲ့ နာမည်ကြီးတဲ့ director Paul Verhoeven ရဲ့ ရုပ်ရှင်ဖြစ်တဲ့ Starship Troopers ရဲ့ Aesthetic နဲ့ narrative တွေကို အဓိကကိုးကားထားတဲ့ Helldivers 2 game ထွက်ပြီးတဲ့အခါမှာ Starship Troopers ရုပ်ရှင်က ပြန်ခေတ်စားလာခဲ့ပြီး satirical ဖြစ်လားမဖြစ်လားဆိုတဲ့ debate နဲ့အတူ အများရဲ့စိတ်ဝင်စားမှုကိုပြန်လည်ရရှိခဲ့ပါတယ်
ဒါကြောင့် Starship Troopers နဲ့ပတ်သတ်ပြီး
ကျနော်သိတဲ့ Fun Fact လေးတခုကို ပြောပြချင်ပါတယ်
Starship Troopers ရုပ်ရှင်ဟာ စာရေးဆရာ Robert A. Heinlein ရဲ့ ဝတ္ထုကိုအခြေခံထားတာဖြစ်ပါတယ်
Starship Troopers ဝတ္ထုဟာ Power Armor ဆိုတဲ့ စွမ်းရည်မြင့်သံချပ်ကာဝတ်စုံ Concept ကို လူသိများထင်ရှားစေခဲ့တဲ့ ဝတ္ထုဖြစ်ပါတယ်
သူ့ရှေ့မှာ E.E Smith ရေးတဲ့ The Lensman ရှိခဲ့ပေမယ့် ယနေ့ခေတ် media တွေမှာ တွေ့ရတတ်တဲ့ Power Armor ကတော့ Starship Troopers ကနေစတင်ခဲ့တာဖြစ်ပါတယ်
Starship Troopers ဝတ္ထုကို director Paul Verhoeven ဟာ တမျက်နှာနှစ်မျက်နှာလောက်ပဲဖတ်ပြီး fascist ဆန်တယ်ဆိုပြီးတော့ သူ့ရဲ့ ရုပ်ရှင်မှာ N**i တွေရဲ့ aesthetic တွေကိုသုံးပြီး သူ့ရဲ့ signature ဖြစ်တဲ့ satirical ဆန်ဆန်ရိုက်ကူးခဲ့ပါတယ်
အခုဆိုရင် Starship Troopers ဝတ္ထုကနေ စတင်အသုံးပြုခဲ့တဲ့ Power Armor concept ဟာ Halo,Warhammer 40K,မကြာခင်မှာ လူကား Live Action Series ထွက်ရှိတော့မည့် Fallout လို game တွေ Edge of Tomorrow နဲ့ Avatar လို Sci Fi ရုပ်ရှင်တွေ Comic တွေနဲ့ All You Need Is Kill လို manga တွေအထိ ကျယ်ကျယ်ပြန့်ပြန့်အသုံးချလာတဲ့ iconic sci fi element တခုဖြစ်နေပါပြီ
Starship Troopers ရုပ်ရှင်မှာတော့ Power Armor ကိုထည့်ပြီးမရိုက်ပြခဲ့ပေမယ့် လူကားကလွဲရင် Starship Troopers Anime Series နဲ့ Movie တွေ မှာတော့ ဝတ္ထုရဲ့ ထင်ရှားတဲ့ Power Armor concept ကိုထည့်ပြပေးထားတာကိုတွေ့ရပါတယ်

Astroboy ကို ကျနော်တို့ငယ်ငယ်က ကြည့်ဖူးတဲ့ ၂၀၀၉ အမေရိကန် အန်နီမေးရှင်းကားနဲ့ ရုပ်သံလိုင်းတွေမှာ လွှင့်ခဲ့တဲ့ ၁၉၈၀ ဂျပန် ...
06/11/2023

Astroboy ကို ကျနော်တို့ငယ်ငယ်က ကြည့်ဖူးတဲ့ ၂၀၀၉ အမေရိကန် အန်နီမေးရှင်းကားနဲ့ ရုပ်သံလိုင်းတွေမှာ လွှင့်ခဲ့တဲ့ ၁၉၈၀ ဂျပန် အန်နီမေးရှင်းစီးရီးနဲ့ စပြီးရင်းနှီးကြတယ်
ဒီ Pluto ကတော့ Monster တို့ 20th Century Boys တို့နဲ့နာမည်ကြီးတဲ့ မန်ဂဆရာ Naoki Urasawa က Astroboy နဲ့ Pluto ချတဲ့ arc ကို အခြေခံပြီး သူ့ရဲ့ murder mystery/noir ရေးဟန်နဲ့ပြန်ရေးခဲ့တယ်ပေါ့
Astroboy ထဲက character တွေကိုသုံးဖို့ rights တွေကိုရယူပြီး ကလေးကြိုက် shounen ကနေ ပိုပြီးလေးနက်တဲ့ seinen ပုံစံနဲ့ ပြန်လည်ဖန်တီးခဲ့ပါတယ်
Astroboy ဆိုတာကလည်း ဂျပန်ရဲ့ နာမည်ကြီးတဲ့ icon ပဲလေ ဒီ Pluto မှာတော့ ရှိပြီးသား ဇာတ်ကောင်တွေကို ပိုပြီးလေးနက်လာအောင် ပို mature ဖြစ်လာအောင် တခြားစာရေးဆရာတယောက်က မူပိုင်ခွင့်ရပြီး ကိုယ်ပိုင်ဗားရှင်းနဲ့ပြန်လည်ဆန်းသစ်ကြတဲ့ အနောက်တိုင်းကောမစ်တွေလုပ်နေကြအကွက်တခုကိုတွေ့ရတယ်
စက်ရုပ်တွေမှာ ခံစားချက်တွေရှိလား ဘာညာ မေးခွန်းတွေကတော့ ရိုးအီနေအောင် တွေ့ဖူးပြီးသားဆိုပေမယ့်
Blade Runner လို Cyberpunk/Neo Noir အထိမသွားဘဲ စက်ရုပ်တွေ ခေတ်လွန်သိပ္ပံနည်းပညာတွေပါနေသော်ငြားလည်း စုံထောက်က မှုခင်းဖြစ်တဲ့နေရာတွေကိုလိုက်ကြည့်ပြီး သဲလွန်စတွေရှာတာတို့ အမှုနဲ့ပတ်သတ်နေတဲ့သူတွေကို ကိုယ်တိုင်သွားစကားပြောတာတို့ စသဖြင့် elements တွေနဲ့ Crime/Noir ဆန်ဆန်ပိုသွားထားတာတော့
စိတ်ဝင်စားစရာကောင်းပါတယ်
အနီးစပ်ဆုံး ပြောရရင်တော့ David Fincher NBC’s Hannibal serial killer type beat မျိုးပေါ့ဗျာ
ကျနော်ကြိုက်ပါတယ် I’d recommend it

27/10/2023

Batman:Year One(သို့) ခင်ဗျားတို့ကျနော်တို့အားလုံးသိထားတဲ့ Batman ရဲ့ Origin

Batman:Year One (သို့) ခင်ဗျားတို့ကျနော်တို့အားလုံးသိတဲ့ Batman ရဲ့ OriginNerd Street Boys ကနေပြန်လည်ကြိုဆိုပါတယ်ပြီးခဲ့...
14/10/2023

Batman:Year One (သို့) ခင်ဗျားတို့ကျနော်တို့အားလုံးသိတဲ့ Batman ရဲ့ Origin

Nerd Street Boys ကနေပြန်လည်ကြိုဆိုပါတယ်

ပြီးခဲ့တဲ့လက ကျနော် Frank Miller mood ဝင်နေတာနဲ့
အဘဆရာကြီးရဲ့ကောမစ်တွေ ဖတ်ပြီးသားတွေရော ဖတ်ဖို့တေးထားတဲ့ဟာတွေရောဖတ်ဖြစ်တယ်ဗျ
အဲ့မှာ Matt Reeves ရဲ့ The Batman (2022) အဓိကကိုးကားထားပါတယ်ဆိုတဲ့ Batman:Year One ကို ဖတ်တဲ့အခါမှာ ဒီထဲမှာပါတဲ့ဟာတွေက The Batman(2022) မှ အထူးတလည်မှီငြမ်းထားတာမဟုတ်ဘဲနဲ့ Christopher Nolan ရဲ့ Batman Begins မှာရောဖော်ပြခဲ့တာကို သတိထားမိတယ်ဗျ
အဲ့တော့ ဒီတခေါက် ဗီဒီယိုမှာ Frank Miller အကြောင်းနဲ့ Frank Miller က ဘယ်လို ရေးခဲ့လို့ ဒီရုပ်ရှင်တွေမှာ ဘယ်လိုကိုးကားထားတယ်ဆိုတဲ့အကြောင်းပြောဖြစ်ပါမယ်

10/09/2023

All-Star Superman Deluxe Edition ကောမစ်စာအုပ်
ပါကင်ဖောက်ရင်းနဲ့ ဒီစာအုပ်နဲ့ပတ်သတ်တာလေး
ပြောပြမယ်ဗျ။

05/09/2023

ရုပ်ရှင်ဝါဒများအကြောင်း
အပိုင်း (၂) ကလိထိုးဟာသဝါဒ | Slapstickism

(Video မှာ ပြုပြင်စရာလေးတွေရှိလို့တင်မယ့်အချိန်ကို အင်္ဂါနေ့ ည ၈နာရီပြောင်းထားရပါတယ်ဗျ)SLAPSTICKISM | ကလိထိုးဟာသရုပ်ရှင်...
04/09/2023

(Video မှာ ပြုပြင်စရာလေးတွေရှိလို့
တင်မယ့်အချိန်ကို အင်္ဂါနေ့ ည ၈နာရီပြောင်းထားရပါတယ်ဗျ)

SLAPSTICKISM | ကလိထိုးဟာသရုပ်ရှင်

Slapstick ဆိုတဲ့နာမည်ဟာ ရှေးကလူရွှင်တော်တွေအသုံးပြုလေ့ရှိတဲ့ အသံထွက်သစ်သားတုတ်ရဲ့ နာမည်ကနေလာပေမယ့် ရုပ်ရှင်မှာတော့ အသံမပါပဲအရုပ်ချည်းသက်သက်နဲ့ ရယ်ရွှင်ဖွယ်ရာဖြစ်အောင်လုပ်ပြရခြင်းပါပဲ။ ရှေးကျဆုံးဥပမာကတော့ ရုပ်ရှင်ရဲ့စတင်သူတွေဖြစ်တဲ့ Lumiere ညီအစ်ကိုရဲ့ Watering The Gardner (1985) ဆိုတဲ့ တစ်ခန်းရပ်အတိုမှာ -
- ဥယာဉ်မှူးကြီးရေဖြန်းနေတုန်း ကောင်လေးတစ်ယောက်က ရေပိုက်ကိုတက်နင်းလိုက်တယ်
- ရေမထွက်တော့တဲ့အခါ ဥယျာဉ်မှူးကပိုက်ကိုစစ်ဆေးကြည့်ရှုနေခဲ့တယ်
- ကောင်လေးကရေပိုက်ကိုပြန်လွှတ်တဲ့အခါမှာ ရေပြန်ထွက်လာပြီး ဥယျာဉ်မှူးမျက်နှာကိုရေဖြန်းမိတယ်
ဒါမျိုးဟာ 'Visual Gags' လို့ခေါ်တဲ့ အသံတို့၊စကားပြောတို့နဲ့ စီစဉ်ထားရတာမဟုတ်တဲ့ အရုပ်ပြကွက် ရယ်စရာမျိုးပါပဲ။

ပထမဆုံးသော ဟာသရုပ်ရှင်အများစုကို
၁၉၀၇ခုနှစ် ပြင်သစ်က Pathe company မှာ တစ်ခန်းရပ်ဇာတ်လမ်းတိုတွေအနေနဲ့ရိုက်ကူးခဲ့ပါတယ်။ Andre Deed ကတော့ ပထမဆုံးဟာသ သရုပ်ဆောင် ဖြစ်ခဲ့ပြီး နာမည်ကျော်ကြားခဲ့တာကတော့ Max Linder ဖြစ်ပါတယ်။ Max Linder ဟာ Charlie Chaplin ကတောင် သူရဲ့သင်စရာ၊ မြင်စရာတစ်ယောက်ဖြစ်ကြောင်းပြောပြဖူးပါတယ်။

အမေရိကန်ရဲ့ ဟာသရုပ်ရှင်ဇာတ်ကားတွေက တော့ Mack Sennett ရဲ့ Keystone Studio နဲ့အတူ ၁၉၁၂ခုနှစ်မှာပေါ်ပေါက်လာခဲ့ပါတယ်။ Keystone Kops ဆိုတဲ့ ဗရုတ်သုတ်ခန ပြေးလွှားလိုက်ဖမ်းကြတဲ့ ရဲအဖွဲ့ကလည်း Keystone Studio ရဲ့ အထင်ကရအမှတ်အသားတစ်ခု ဖြစ်ပါတယ်။ Mack Sennett က အရှိန်တင်ထားတဲ့ ရုပ်ပုံလှုပ်ရှားမှုတွေ၊ နောက်ပြန်ရစ်တဲ့ပြကွက်တွေ စတဲ့တည်းဖြတ်ခြင်းပညာတွေသုံးပြီး ဟာသရုပ်ရှင်ဇာတ်ကားဟန်ပန်အသစ်ကိုဖန်တီးပြသခဲ့ပါတယ်။ ဇာတ်လမ်းများဟာ သည်းထိတ်ရင်ဖိုကသောင်းကနင်းပြေးတမ်းလိုက်တမ်းများပါတတ်ပြီး အန္တရာယ်များသောစတန့်ပြကွက်များကို သရုပ်ဆောင်များကိုယ်တိုင်ပြုလုပ်လေ့ရှိကြပါတယ်။ Mack Sennett နဲ့ပတ်သတ်တဲ့ အထင်ကရပြောစရာ တွေကတော့ နောက်ပိုင်းဟာသဇာတ်လမ်းတွေမှာသုံးလေ့ရှိတဲ့ ကိတ်မုန့်တွေ၊ Pie မုန့်တွေနဲ့ မျက်နှာကိုလှမ်းပေါက်တဲ့ ပြကွက်က Mack Sennett ရိုက်ကူးခဲ့တဲ့ A Noise From The Deep (1913) ကနေ စတင်ခဲ့တာပဲဖြစ်ပါတယ်။ နောက်ပြီး အမေရိကန်ရဲ့ ပထမဆုံးဟာသရုပ်ရှင် ဇာတ်ကားရှည် Tilly’s Punctured Romance (1914) ကိုရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။ Charlie Chaplin, Mabel Normand, Roscoe ‘Fatty’ Arbuckle, Marie Dressler စတဲ့ဟာသအကျော်အမော်တွေနဲ့ဇာတ်ကားတွေ ရိုက်ကူးခဲ့တဲ့ Mack Sennett ရဲ့ Studio နဲ့ ခေတ်ပြိုင်ဖြစ်ခဲ့တာကတော့ Hal Roach ပဲဖြစ်ပါတယ်။ Hal Roach ရဲ့ Studio မှာလည်း Harold Lloyd, The Our Gang Kids, Stan Laurek, Oliver Hardy တို့လို နာမည်ကျော်ဟာသ သရုပ်ဆောင်များရဲ့ ဇာတ်ကားများကို ရိုက်ကူးထုတ်လုပ်နိုင်ခဲ့ပါတယ်။

အမေရိကန်ရဲ့အကျော်ကြားဆုံး အသံတိတ်ဟာသသရုပ်ဆောင်တွေကတော့ Charlie Chaplin, Buster Keaton, Harold Lloyd တို့ပဲဖြစ်ကြပါတယ်။ သူတို့အားလုံးကတော့ တစ်ခန်းရပ်ဇာတ်လမ်းတိုလေးတွေမှာ စတင်သရုပ်ဆောင်ခဲ့ကြပြီး ၁၉၂၀ နောက်ပိုင်းမှာတော့ ဇာတ်လမ်းရှည်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ ကြပါတယ်။ Charle Chaplin ကတော့ နောက်ပိုင်းမှာ Mack Sennett ရဲ့ ပုံစံကြမ်း၊ ပုံစံဟောင်းတွေကနေ ခွဲထွက်တဲ့ ပိုပြီးဇာတ်လမ်းဇာတ်ကြောင်းပြေပျစ်ချောမောတဲ့ City Lights (၁၉၃၁) ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားမှာတော့ ယခင်ဟာသရုပ်ရှင်တွေလို ရယ်စရာချည်းသက်သက် အသားပေးပြသထားတာမဟုတ်တော့ပဲ ဇာတ်ကောင်တစ်ယောက်စီတိုင်းရဲ့ လူမှုဘဝပတ်ဝန်းကျင်တွေကို ကြည့်ရှုသူတွေခံစားတွေ့မြင်နိုင်အောင်သေချာဖန်တီးထားပါတယ်။ ရေးသားသူနဲ့ ဒါရိုက်တာဟာ Charlie Chaplin ပဲဖြစ်ပြီး Music ပါ ကိုယ်တိုင်စီစဉ်ခဲ့ပြီး စိတ်တိုင်းကျသေချာအကျအန Craft လုပ်ခဲ့ပါတယ်။

Buster Keaton ရဲ့ဇာတ်ကားတွေကတော့ ကိုယ်တိုင်အံ့မခန်းစတန့်အလန်းတွေကို သရုပ်ဆောင်ရုံမက ကင်မရာရှုထောင့်လှည့်စားမှုတွေ၊ Set Design နဲ့ သရုပ်ဆောင်နေရာထားသိုမှုတွေနဲ့ ဇာတ်ကားအဖြတ်အတောက်တွေပေါ်မူတည်ပြီး စီစဉ်ဖန်တီးထားတဲ့ ဟာသပြကွက်မျိုးတွေကို လှိုင်လှိုင်သုံးလေ့ရှိပါတယ်။ The General (1926) မှာတော့ အဲ့ဒီပြကွက်တွေကို အစွမ်းကုန်ထုတ်သုံးထားတာတွေ့ရမှာပါ။

Harold Lloyd ကတော့ Buster Keaton လိုပဲ ကိုယ်တိုင်သက်စွန့်ဆံဖျားတွေ၊ ခုန်ပြတက်ပြမျိုးတွေနဲ့ နာမည်ကြီးလှပါတယ်။ သူ့ရဲ့ Safty Last (1923) ဆိုတဲ့ ဇာတ်ကားနာမည်အတိုင်း အန္တရာယ်များတဲ့ အခြေအနေတွေကို သရုပ်ဖော်ပြလေ့ရှိပါတယ်။ အမြဲတမ်း The Boy ဆိုတဲ့ မျက်မှန်နဲ့ ချာတိတ်တစ်ယောက်ရဲ့ကာရိုက်တာကိုလည်းထိန်းသိမ်းထားသူပါ။ ဆရာဇဝနရဲ့ ‘ကောလိပ်ကျောင်းသား’ ဝတ္ထုကို အခြေခံပြီးရိုက်ကူးထားတဲ့ နာမည်ကျော် “ကောလိပ်ဂျင်” ဇာတ်ကားမှ ကောလိပ်ဂျင်နေဝင်းရဲ့ ဇာတ်ကောင်ဟာ Harold Llyod ကိုအခြေခံထားတာဖြစ်ပါတယ်။ Harold Lloyd ရဲ့ ကောလိပ်ကျောင်းသားပုံစံသရုပ်ဖော်မှုကို The Freshman (1925) မှာ တွေ့မြင်ရမှာဖြစ်ပါတယ်။

Slapstick ဟာ ကျနော်တို့နဲ့မလှမ်းမကမ်းမှာအမြဲရှိနေခဲ့ပါတယ်။ ယနေ့ခေတ်ထိ Jackie Chan, Tom & Jerry, Pink Panther စတဲ့ကားတွေမှာ စကားပြောမပါပဲ ပြရုပ်သက်သက်၊ ရီစရာဖြစ်စေတဲ့ Slapstick ဟာသပြကွက်တွေအသုံးပြုကြပါတယ်။ ကိုယ့်အမြင်နဲ့ကတော့ Slapstickism ဟာ အသံမပါတဲ့ Silent ကားတွေမှာ ပိုပြီးပေါ်လွင်ပြောင်မြောက်လှပါတယ်။ Lego တောင် စကားမပြောခင်တုန်းက ရီရပါတယ်။ ဒါကြောင့် အရင်ကကားတွေပြန်ကြည့်ကြဖို့တိုက်တွန်းပါတယ်ဗျ။ တော်တော်များများကလည်း Public Domain ထဲရောက်နေပြီဆိုတော့ အလွယ်တကူရှာကြည့်နိုင်ပါတယ်။ Slapstick ကားတွေကိုကြိုက်တတ်ရင် 1963ခုနှစ်မှာ ဒါရိုက်တာ Stanley Kramer က ရှေး Slapstick ကားတွေကို Tribute လုပ်ပြီးရိုက်ကူးထားတဲ့ It’s a Mad, Mad, Mad, Mad World ဇာတ်ကားကိုလည်း မဖြစ်မနေကြည့်သင့်ပါတယ်။

ဒီည Nerd Street Boys ရဲ့ ရုပ်ရှင်ဝါဒ အပိုင်း(၂) မှာ Slapstick-ism အကြောင်း Video တင်မှာဖြစ်လို့
စောင့်ကြည့်ပေးကြပါဦး။

Ref; Understanding Film ISMS by Ronald Bergan

06/08/2023

DC ရဲ့ Comic, Animation, Movie က Timeline တွေကို
Reboot လုပ်ခဲ့တဲ့ Flashpoint ဆိုတာဘာလဲ?
ဒီ Video မှာတော့ Flashpoint Event မတိုင်မှီ DC Comics ရဲ့ Timeline အကျဉ်းချုပ်၊Flashpoint Comic အကြောင်း၊ The Flash 2023 ဇာတ်ကားရဲ့ DC Cinematic Universe အသစ်ကို Set Up လုပ်ပုံတွေကို အဓိကပြောသွားကြမှာဖြစ်ပါတယ်။

ဒီတစ်ခေါက် Video မှာတော့ Nerd Street Boys တွေကDC ရဲ့ Comic, Animation, Movie က Timeline နဲ့ Continuity တွေကို The Flash ...
06/08/2023

ဒီတစ်ခေါက် Video မှာတော့ Nerd Street Boys တွေက
DC ရဲ့ Comic, Animation, Movie က Timeline နဲ့ Continuity တွေကို The Flash က Flashpoint event နဲ့ ဘယ်လိုပြောင်းလဲပေးခဲ့သလဲဆိုတာကို ပြောကြမှာဖြစ်ပါတယ်။

- Flashpoint Event မတိုင်မှီ DC Comics ရဲ့ Timeline အကျဉ်းချုပ်
- Flashpoint Comic အကြောင်း
- The Flash 2023 ဇာတ်ကားရဲ့ DC Cinematic Universe အသစ်ကို Set Up လုပ်ပုံတွေကို အဓိကပြောသွားကြမှာဖြစ်လို့ ဒီနေ့ည 7နာရီခွဲမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးဗျ။

23/07/2023

Film Isms - Illusionism

Nerd Street Boys ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်
ကျနော်တို့ ဒီအစီအစဉ် မှာတော့
Ronald Bergan ရဲ့ Understanding Films:Isms ဆိုတဲ့ရုပ်ရှင်ဆောင်းပါးစာအုပ်ကိုအခြေခံပြီးတော့
ရုပ်ရှင်ဝါဒ isms တွေအကြောင်းကို video တပုဒ်မှာ
တစ်ခုနဲ့စီးရီးလိုက်ပြောပြပေးသွားပါမယ်
စာအုပ်ထဲမှာ ဥပမာပေးထားတဲ့ ရုပ်ရှင်တွေကို
ကျနော်တို့ အိမ်စာလုပ်ပြီး
ကိုယ်ပိုင် အတွေးအမြင်တွေကိုပါ ဝေမျှထားပါတယ်
အားလုံးပဲ ရှုစားနားဆင်ပေးကြပါဦးခင်ဗျာ

Nerd Street Boys တွေ ရုပ်ရှင်အကြောင်းပြောဖို့ရှိပါတယ်။ Ronald Berganရဲ့Film Isms...Understanding Cinema ဆိုတဲ့စာအုပ်ကို ...
22/07/2023

Nerd Street Boys တွေ ရုပ်ရှင်အကြောင်းပြောဖို့ရှိ
ပါတယ်။ Ronald Berganရဲ့Film Isms...Understanding Cinema ဆိုတဲ့စာအုပ်ကို ကိုးကားပြီး ခေတ်အဆက်ဆက်က ရုပ်ရှင်ဘာသာစကားတွေ၊ ရုပ်ရှင်ဝါဒတွေ ၅၀ကျော်အကြောင်း ပြောကြပါမယ်ဗျ။

မနက်ဖြန် ည ၇နာရီမှာ ပထမဆုံး Ism ဖြစ်တဲ့
Illusionism ဆိုတဲ့ မျက်လှည့်၊ပုံရိပ်ယောင် ရုပ်ရှင်တွေအကြောင်း Video ကိုစောင့်ကြည့်ပေးကြပါဦး။

Illusionism |ပုံရိပ်ယောင်မျက်လှည့်ရုပ်ရှင်

Illusionist ဇာတ်ကား ဒါရိုက်တာတွေက လက်တွေ့ကိုပုံဖော်ဖို့ထက် လက်တွေ့နဲ့တတ်နိုင်သမျှကင်းကွာအောင် မျက်လှည့်ပညာနဲ့ရုပ်ရှင်ပညာပေါင်းပြီးတော့ ကြည့်ရှုသူတွေကို စိတ်ကူးယဉ်ကမ္ဘာတွေထဲ နစ်ဝင်သွားအောင်ဖျားယောင်းကြတယ်။

ရုပ်ရှင်မွေးဖွားပြီး မကြာခင်မှာပဲ ရုပ်ရှင်က လမ်းစဥ်နှစ်ခုကွဲထွက်ခဲ့တယ်။ Lumière ညီ‌နောင်ရဲ့ လက်တွေ့လောကကို ပုံဖော်ရိုက်ကူးမှုနဲ့ George Méliès ရဲ့ လက်တွေ့နဲ့အစွမ်းကုန်ကင်းကွာလိုတဲ့လမ်းစဉ်။ George Méliès က ပင်ကိုယ် မျက်လှည့်ဆရာ၊ကာတွန်းဆရာ၊စက်မှုလက်မှုဆရာဘဝကနေ ရုပ်ရှင်ဆရာဘဝကူးပြောင်းပြီး ရုပ်ရှင်ကိုမှော်ဝင်ပြပွဲတစ်ခုလိုပြသနိုင်ခဲ့တယ်။ သူ့ရဲ့ ဇာတ်စင်ပညာစွမ်း၊စက်မှုလက်မှုစွမ်းတွေနဲ့ ဖလင်ပေါ်မှာ မှော်ဝင်တဲ့ ပုံရိပ်တွေဖြစ်အောင်ဖန်တီးပြုလုပ်နိုင်ခဲ့တယ်။ သူဖန်တီးခဲ့တဲ့ မှော်ဝင်ပုံရိပ်တွေဆိုတာ အခုအထူးအဆန်းမဟုတ်တော့တဲ့၊ Editing မှာ သုံးနေကြ သုံးနေမြဲဖြစ်တဲ့ Superimposition, Multiple Exposure, Matting, Dissolve, Stop Motion ဆိုတဲ့ ပုံရိပ်ဖြတ်၊ ပုံရိပ်ထပ်၊
ပုံရိပ်လှုပ်တဲ့ special effects တွေပါပဲ။ A Trip To The Moon 1902 ဇာတ်ကားမှာ အာကာသလွန်းပျံယာဉ်နဲ့ လူမျက်နှာပြင်လကြီးရဲ့ မျက်လုံးကိုထိုးစိုက်ပြလိုက်တာက သူ့ရုပ်ရှင်အဆင့်အတန်းဟာ လူတွေခန့်မှန်းလို့မရတဲ့ လယ်ဗယ်တစ်ခုကိုရောက်နေပြီလို့ကြေညာခဲ့တာပါပဲ။
Special effects တွေရဲ့ ဖခင်ကြီး George Méliès နောက်မှာ အာလာဒင်တွေ၊ပီတာပန်တွေ၊ ဟယ်ရီပေါ်တာတွေစတဲ့ မှော်ဆန်လို့မဆုံးတဲ့ကားတွေကတော့ ခုထိဆက်တိုက်ပါပဲ။ အဲ့ဒီကားတွေရဲ့ဖန်တီးသူတွေဟာ မှော်ဆန်တဲ့ပြကွက်တွေနဲ့ ပရိတ်သတ်ရဲ့စိတ်ထဲကနေ လက်တွေ့ဆန်မှုတွေ၊ ယုတ္တိရှိမှုတွေကိုဖယ်ရှားပစ်လိုက်ခြင်းဟာ Illusionism ရဲ့ အသက်ပဲဖြစ်ပါတယ်။

လေ့လာကြည့်ရှုသင့်တဲ့ ရုပ်ရှင်တွေကတော့
Charlie And The Chocolate Factory - Tim Burton
Alice - Jan Svankmajer
Time Bandits - Terry Gilliam
The Saragossa Manuscript - Wojciech Has
Münchausen - Josef von Báky
The Wizard Of Oz - Victor Fleming
The Thief Of Bagdad - Raoul Walsh
The Melomaniac, A Trip To The Moon - George Méliès
စက္ကောမ - ဒါရိုက်တာမောင်ချစ်
တို့ပဲဖြစ်ပါတယ်။

30/06/2023

June လ ရဲ့ အထူးဖော်ပြလိုတဲ့ စာရေးဆရာက
Grant Morrison ဆိုတဲ့ ကောမစ်မှော်ဆရာကြီး
ဖြစ်ပါတယ်။ သူ့ရဲ့ရေးဟန်၊‌ ကောမစ်အမြင်၊ လောကအမြင်တွေကို ကျနော်တို့သိစွမ်းသလောက်ပြန်ဆွေးနွေးပြီး ပြောထားကြပါတယ်ဗျ။

ဒီနေ့ည ၈နာရီမှာ ကျနော်တို့အရမ်းကြိုက်တဲ့ Comic ဆရာ Grant Morrison အကြောင်း Video တင်ပါမယ်ခင်ဗျ။ သူ့ရဲ့ ကောမစ်နဲ့လောကအမြင...
30/06/2023

ဒီနေ့ည ၈နာရီမှာ ကျနော်တို့အရမ်းကြိုက်တဲ့
Comic ဆရာ Grant Morrison အကြောင်း Video တင်ပါမယ်ခင်ဗျ။

သူ့ရဲ့ ကောမစ်နဲ့လောကအမြင်၊ကောမစ်ရေးဟန်တွေ၊
အထင်ကရကောမစ်တွေ၊အထင်ကရဇာတ်ကောင်တွေ အကြောင်းအဓိကထားပြောပါမယ်ဗျ။

Pride Month မကုန်ခင် Non Binary ကောမစ်ဆရာကြီးနဲ့ သူ့ဇာတ်ကောင်တွေအကြောင်းပြောပြချင်လို့ Page ကို လမကုန်ခင်ပဲ Launch လိုက်ပါတယ်။
ပထမဆုံး Video လည်းဖြစ်တဲ့အတွက် ကြည့်ပြီးရင် ရှေ့လျှောက်ဘယ်လိုလုပ်ရင်ပိုကောင်းမလဲဆိုတာတွေ ကူညီပြီး အကြံပြုပေးခဲ့ကြပါဦးခင်ဗျ။

Address


Website

Alerts

Be the first to know and let us send you an email when Nerd Street Boys posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nerd Street Boys:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share