Felix K - Gaming

  • Home
  • Felix K - Gaming

Felix K - Gaming Gaming Video Creator
(1)

19/12/2023

Road to Division 1
Opponent က Overpowered card တွေနဲ့ဆိုတော့
လုပ်တိုင်းဖြစ်နေတာတော့ ၀န်ခံရမှာပဲ
eFootball မှာ ဆိတ်ကြီး ရော်နယ်ဒို ရဲ့
Rating အမြင့်ဆုံး card ကို သုံးထားပေမယ့်
ထင်သလောက်တော့ အဆင်မပြေရှာဘူး
ဆိတ်ကြီး ရော်နယ်ဒို ရဲ့ Juventus Pack တို့
Real Madrid card version တွေကို
သတိရတာတော့ အမှန်ပဲဗျ
ဆိတ်ကြီး ရော်နယ်ဒို card က အပိုင်တွေချည်း
လွဲရှာတာဗျ အဲ့ဒါက ဂိမ်းရဲ့ သဘောတရားနဲ့ဆိုင်သွားတယ်
ဆိတ်ကြီး ရော်နယ်ဒိုကို Konami အနေနဲ့ လျစ်လျူရှု
ထားတယ်လို့ပဲ မြင်မိတယ်ဗျာ
တဖက်မှာက ဆိတ်ကြီး Messi ရဲ့ card က
Overpowered card ဆိုတော့ တကြိမ်ကန်ခွင့်ပေးမိတာ
တဂိုး ခွင့်ပြုပေးလိုက်ရတယ်ဗျ
Do something for our GOAT (CR7)
Please Konami



13/12/2023

eFootball game က Pay to win ဆိုတာ သေချာပြီလား ..
ဒီပွဲကတော့ Felix ရဲ့ လက်စွမ်းနဲ့ ရှောသွားတဲ့
Squad အလန်းကြီးနဲ့ Opponent လေးပါ
BigTime/ Epic တို့လို Meta cardတွေမပါလဲ
လက်သာကြမ်းရင် တကယ် အနိုင်ယူလို့ရပါတယ်
Division 2 Game play ပါဗျ 🤙
စကား မစပ် Playing Style က လူတကာမကြိုက်တဲ့
Super Outwide ပါ 🤫


Japan League ရဲ့ ဟာလန်းTeam - Kashima AntlersPlayer Name - B. Eleke
27/11/2023

Japan League ရဲ့ ဟာလန်း
Team - Kashima Antlers
Player Name - B. Eleke

ဂိုးသမားကိုမှ ရွေးပေးလို့ ကျေးဇူးတင်တယ် :3
25/08/2023

ဂိုးသမားကိုမှ ရွေးပေးလို့ ကျေးဇူးတင်တယ် :3


My current favorite card " Rasmus Hojlund " ♠️♦️Deadly finisher 🤙💥
15/08/2023

My current favorite card " Rasmus Hojlund " ♠️♦️
Deadly finisher 🤙💥


Finally.. ပထမဆုံးအကြိမ်အဖြစ်Division 1ကို ရောက်ရှိခဲ့ပါပြီ။
18/06/2022

Finally.. ပထမဆုံးအကြိမ်အဖြစ်
Division 1ကို ရောက်ရှိခဲ့ပါပြီ။

တညလုံးကြိုးစားပြီး 100ပြည့်ခဲ့ပြီ😎ဂေါင်းကြီးတို့ရဲ့ squadအခြေအနေရော👇
03/06/2022

တညလုံးကြိုးစားပြီး 100ပြည့်ခဲ့ပြီ😎
ဂေါင်းကြီးတို့ရဲ့ squadအခြေအနေရော👇

Contract tickets ဘယ်လောက်ပဲရှားရှား ကိုယ့်ဆီမှာ ရှိသမျှ ကဒ်အကုန်လုံးက မင်းအတွက်ပဲမင်းမရှိရင်မနေနိုင်လို့🙄😘
02/06/2022

Contract tickets ဘယ်လောက်ပဲရှားရှား ကိုယ့်ဆီမှာ ရှိသမျှ ကဒ်အကုန်လုံးက မင်းအတွက်ပဲ
မင်းမရှိရင်မနေနိုင်လို့🙄😘

ဘာမြင်လဲ👀စထွင်းနားတုန်းလေး ကံဇာတာတက်နေတာ❤️🤍
09/11/2021

ဘာမြင်လဲ👀
စထွင်းနားတုန်းလေး ကံဇာတာတက်နေတာ❤️🤍

အသည်းအသန်လိုက်တုန်းက မရပဲရရ မရရ နှိပ်ကြည့်မယ်ကွာဆိုမှ လာပေးသွားတယ်🙃🙃
05/11/2021

အသည်းအသန်လိုက်တုန်းက မရပဲ
ရရ မရရ နှိပ်ကြည့်မယ်ကွာဆိုမှ လာပေးသွားတယ်
🙃🙃

25/10/2021

မနက်ဖြန် နေ့လည်မှ Matchdayကန်ရင်း ပြန်လာခဲ့မယ်ဗျာ :3

20/10/2021

လပြည့်နေ့မှာ Streamအကြာကြီးလုပ်ပေးရင် ကန်ကြမှာလားဗျ

13/10/2021

ဒီနေ့ နေသိပ်မကောင်းလို့ ကိုကြီးဖီးလစ် နားပါတယ်ဗျာ

ကိုကြီးဖီးလစ်ရဲ့ ပထမဆုံး POTWဆု 🏆💪https://www.facebook.com/104928175216401/posts/131006179275267/
11/10/2021

ကိုကြီးဖီးလစ်ရဲ့ ပထမဆုံး POTWဆု 🏆💪

https://www.facebook.com/104928175216401/posts/131006179275267/

ဒီတပတ် Myanmar E-League Week 8အဖြစ်ကစားခဲ့တဲ့ ပွဲစဉ် 2ပွဲမှာ Felix K Gamingက POTWဆုကို ရရှိခဲ့ပါတယ်။ 2ပွဲ ကစား 2ပွဲ အနိုင်နဲ့
ကစားသမားတွေများနေခဲ့လို့ GD(ဂိုးကွာခြားချက်)နဲ့ ဆုံးဖြတ်ခဲ့ရာမှာ အသင်းခေါင်း‌ဆောင်လဲဖြစ်တဲ့ Felix K Gamingအနေနဲ့ GD +9နဲ့ အများဆုံးဖြစ်ခဲ့လို့
Player of the Weekအဖြစ် သတ်မှတ်ပေးလိုက်ပါတယ်။

06/10/2021

မီးပျက်သွားတယ်ဗျာ
မီးလာမှ ပြန်တက်လာခဲ့မယ်🙃

03/10/2021

ကိုကြီးဖီးလစ်ရဲ့ အသင်းအနိုင်သေချာသွားတဲ့အတွက်
ခဏနေရင် လာခဲ့မယ်ဗျာ
10:30pm👀

03/10/2021

ဒီနေ့ည Streamလေး နားပါတယ်ခင်ဗျ မနက်ဖြန်မှ အပီဖြုတ်ကြမယ်😉

ကိုကြီးဖီးလစ်က CR7 ပရိသတ်‌ဆိုပေမယ့်အသင်းသစ်မှာရုန်းကန်နေရတဲ့ Messiသူ့ရဲ့ PSGကစားသမားဘ၀ ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့...
29/09/2021

ကိုကြီးဖီးလစ်က CR7 ပရိသတ်‌ဆိုပေမယ့်
အသင်းသစ်မှာရုန်းကန်နေရတဲ့ Messi
သူ့ရဲ့ PSGကစားသမားဘ၀ ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့အတွက် Appreciation postပါ။
Well played Leo🔥

အသင်းကောင်းတွေများတဲ့. Myanmar E-League 1မှာ ပါ၀င်ယှဉ်ပြိုင်နေတဲ့ ကိုကြီးဖီးလစ်ရဲ့FC PHOENIX WARRIORS အသင်းကလဲအသင်းကြီးတ...
28/09/2021

အသင်းကောင်းတွေများတဲ့. Myanmar E-League 1
မှာ ပါ၀င်ယှဉ်ပြိုင်နေတဲ့ ကိုကြီးဖီးလစ်ရဲ့
FC PHOENIX WARRIORS အသင်းကလဲ
အသင်းကြီးတသင်းဖြစ်တယ် ဆိုတာကို ပြသထားနိုင်တယ်။ Keep Going Phoenix 🔥💥

We're on top 2
Keep Going Phoenix 💥🔥

Rating 1600ပြည့်ခဲ့ပြီ ဖြစ်တဲ့ ကိုကြီးဖီးလစ်Streamလေး ပြန်လာမယ်နော် လိုင်းလေးနည်းနည်းမကောင်းရင် သည်းခံပေးကြပါဦး😁
27/09/2021

Rating 1600ပြည့်ခဲ့ပြီ ဖြစ်တဲ့ ကိုကြီးဖီးလစ်
Streamလေး ပြန်လာမယ်နော် လိုင်းလေးနည်းနည်း
မကောင်းရင် သည်းခံပေးကြပါဦး😁

ဒီနေ့ညတော့ 4213လေးနဲ့ Streamမယ်ဗျာကိုကြီးဖီးလစ်နဲ့ ဖြုတ်ချင်ရင်စောစောလာခဲ့ကြဦးနော် ရှယ်ဖြုတ်ပေးမယ်နံပါတ်များများကန်ပေးမယ...
24/09/2021

ဒီနေ့ညတော့ 4213လေးနဲ့ Streamမယ်ဗျာ
ကိုကြီးဖီးလစ်နဲ့ ဖြုတ်ချင်ရင်
စောစောလာခဲ့ကြဦးနော် ရှယ်ဖြုတ်ပေးမယ်
နံပါတ်များများကန်ပေးမယ် နောက်ကျရင်တော့
အပေါက်၀ကနေပဲ ထိုင်ကြည့်😛

24/09/2021

Neymar Jr tricksတောင်းနေကြတဲ့ သူတွေအတွက်
အားလုံးပဲ‌ ကံကောင်းကြပါစေဗျာ💪

Barca Iconလေးတွေနဲ့ Streamမယ်နော်ည ၉ခွဲအရောက်လာခဲ့ပေးပါ ဒီနေ့ နံပါတ်များများလေး ကန်ပေးမယ်👀👀
23/09/2021

Barca Iconလေးတွေနဲ့ Streamမယ်နော်
ည ၉ခွဲအရောက်လာခဲ့ပေးပါ ဒီနေ့ နံပါတ်များများလေး ကန်ပေးမယ်👀👀

Neymarလေး ရပြီးကြပြီလား👀
23/09/2021

Neymarလေး ရပြီးကြပြီလား👀

"နှစ်ဦးသဘောတူ လမ်းခွဲခြင်းမှာ ထားခဲ့သူနဲ့ ကျန်ခဲ့သူ ဘယ်သူက ပိုနာကျင်ရမလဲဆိုတာ"

Review မဟုတ်တဲ့ Review
====================

ဘောလုံးပွဲတွေမှာ 2-1ဆိုတဲ့ ရလဒ်နဲ့ ဦးဆောင်ထားခြင်းက ပွဲမပြီးခင် အချိန်အတွင်း အနိုင်ရဖို့‌ သေချာနေတဲ့ ရလဒ်လို့ မဆိုနိုင်ပါဘူး။ အထူးသဖြင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲလို ဥရောပဘုရင် အရွေးခံနေရတဲ့ အချိန်မျိုးမှာပေါ့။
ဒုတိယဦးဆောင်ဂိုး ပေးလိုက်ရပြီးကတည်းက
ယူဗင်တပ်က ဘာစီလိုနာအသင်းဘက်ကို ဆက်တိုက် ဖိအားပေး တိုက်စစ်ဆင်နေခဲ့တာပါ။ပေါ့ဘာရဲ့ ခေါင်းတိုက်ချက် ဂိုးဘားတန်းပေါ် ကပ်ကျော်သွားတာတွေ ဘာစီလိုနာဂိုးသမားနဲ့ နောက်တန်းက ပုံစံကောင်းပြနေခဲ့တာ‌တွေကြောင့် ယူဗင်တပ်တို့ ကံဆိုးနေခဲ့ပြီး
ဘာစီလိုနာတို့ ပွဲပြီးခါနီးအချိန်ထိ တောင့်ခံနေနိုင်တာဖြစ်ပါတယ်။ ပွဲက 2-1 နဲ့ မပြတ်သားသလို အကြိတ်အနယ်ရှိပြီး ပြိုင်ပွဲပြီးခါနီး နောက်ဆုံးမိနစ်ထဲအရောက် ကွင်းလယ်စက်ဝိုင်း နားလောက်မှာ ယူဗင်တပ်တို့ FreeKickကန်ခွင့် ရထားပါတယ်။ ဒီအခွင့်အရေးက ယူဗင်တပ်အတွက် နောက်ဆုံးအခွင့်အရေးလို့တောင် ပြောနိုင်ပြီး ရလာတဲ့ Freekickကို ဘာစီလိုနာအသင်းရဲ့ ဧရိယာထဲ ကန်တင်ပေးလိုက်ပေမယ့် ခံစစ်မှူး ပီကေးက နှစ်ဆင့်ခေါင်းတိုက် ဖြတ်ထုတ်လိုက်ပါတယ်။ ပြန်ကျလာတဲ့ ဘောလုံးကို တန်ပြန်တိုက်စစ် စဖို့အတွက် မက်စီက ချက်ချင်းရှေ့ကို ထိုးပေးလိုက်ပါတယ်။ ချေပဂိုးရဖို့ အားသန်နေပြီး
တသင်းလုံးနီးပါး ရှေ့တက်နေတဲ့ ယူဗင်တပ်တို့ အငိုက်မိသွားပြီး မက်စီပေးလိုက်တဲ့ ဘောလုံးကို လူငယ်လေး တယောက်က "လေးညှို့ကနေ ပစ်ခွင်းလိုက်တဲ့ မြှားလို အလျင်နဲ့" မြန်မြန်ဆန်ဆန်ပဲ ယူဗင်တပ် ဂိုးဧရိယာထိပ်ထိ ဆွဲသွားပါတယ်။‌ နောက်က ပါလာတဲ့ ပီဒရိုနဲ့ အပေးအယူလုပ်ပြီး ဝါရင့်ဂိုးသမားကြီး ဘူဖွန်ရဲ့ ဘယ်ဘက်ထောင့်ထဲကို 3-1ဖြစ်သွားစေမယ့် အဆုံးသတ်ဂိုး သွင်းယူပြီး
ဘာစီလိုနာအတွက်၊ နာမည်ကြီး MSNတိုက်စစ်အတွဲအတွက် မှတ်ကျောက်တင်စေခဲ့တဲ့ သမိုင်း၀င်ဖလားသုံးလုံးချန်ပီယံဘွဲ့ကို ရရှိသွားစေခဲ့တယ်။ အဆိုပါဂိုးကို သွင်းယူလိုက်တဲ့ သူကတော့ Brazilလူငယ်တိုက်စစ်မှူးလေး NeymarJrပဲ ဖြစ်ပါတယ်။
ဘာစီလိုနာတို့ ရဲ့အကောင်းဆုံးခေါ်ယူမှုတွေထဲက တခုဖြစ်သလို အကောင်းဆုံးကစားသမားဆု (Ballon D'or)အိပ်မက်တွေ အပြည့်နဲ့ ဒီလူငယ်ကစားသမားလေးက တချိန်မှာ ဘာစီလိုနာတို့အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုတခုဖြစ်လာမယ်ဆိုတာ ထိုအချိန်က ဘယ်သူမှ သတိမထားမိခဲ့ပါဘူး။

ထိုအချိန်က အသက် ၂၂အရွယ် NeymarJrလေးကို
Konamiက PES 2021မှာ Iconic Moments seriesအဖြစ် ပြန်လည်အသက်သွင်းခေါ်ယူလာခဲ့ပါတယ်။

NeymarJrကို ဘာလို့ အမိအရ လိုက်ထားသင့်တာလဲ??

Stats
=====
Dribbling (အလိမ်အခေါက်စွမ်းရည်) 99
Speed(လျင်မြန်မှုနှုန်း) 99
Stamina(သက်လုံ) 99
Ball Control(ဘောလုံးအထိန်းအသိမ်း) 99
Balance(ခန္ဓာကိုယ်ညီမျှမှု) 99

Everything is 99ပါ

တကယ့်တကယ် ကစားနေတဲ့အချိန်မှာ 99ထက်ပိုတဲ့ အရသာကို ခံစားမိပါတယ်။တပွဲလုံး သက်လုံမကျတာက အားသာချက်တခုလို့ဆိုနိုင်ပြီး
မြန်နှုန်းမြင့် ကစားပုံကြောင့် ထိန်းနိုင်တဲ့ နောက်တန်း ရှားပါတယ်။ လွတ်ထွက်သွားတိုင်း ဂိုးရဖို့ သေချာသလောက်ပါပဲ။

Skills
=====
Flip Flap
Marseille Turn
Long Range Drive
Gamesmanship
Penalty Specialist

Flip Flap
========
Double Touchနဲ့ ဆင်တူပြီးတော့ ပြိုင်ဘက်ကို လှလှပပကျော်ဖြတ်ပြတဲ့ skillပါ

Marseille Turn
============
ပြိုင်ဘက်ကို ခန္ဓာကိုယ် အသုံးပြု ကာပြီးတော့
ကျော်ဖြတ်တဲ့ skillပါ

Long Range Drive
===============
ဧရိယာအပြင်ကနေ လှလှပပ ကန်သွင်းချင်တဲ့ ညီအကိုများအတွက်လဲ အဆင်ပြေတဲ့ skillပါ

Gamesmanship
=============
ဒါကတော့ ပြိုင်ဘက်က ကိုယ့်ကို ကစားပုံနည်းနည်းကြမ်းတာနဲ့ ပြစ်ဒဏ်ဘောရမယ့် skillပါ ကွင်းလယ်ဒိုင်ရဲ့ မျက်နှာသာပေးမှုကို ရလို့ အလှပြကစားနေတုန်းမှာ အသုံး၀င်ပါတယ်

Penalty Specialist
===============
ဒါကတော့ ထွေထွေထူးထူး ပြောစရာမလိုပါဘူး သိပြီးသားဖြစ်မှာပါ :3

မူရင်း LWFနေရာအပြင် CF AMFတို့လို တိုက်စစ်နေရာအစုံမှာပါ ဆော့နိုင်ပြီး ဘယ်နေရာထားထား ရှယ်ကြမ်းပါတယ်🔥🔥

NeymarJrဟာ ပြောင်းရွှေ့ကြေး သန်း၂၂၀ လောက်တန်ကြေးရှိတဲ့ World Recordကစားသမားဖြစ်ပါတယ်။ PSGနဲ့ အတူ ရွှေရောင်အိပ်မက် မက်ထားတဲ့ နေမာအတွက် သူလိုချင်တဲ့ အောင်မြင်မှုတွေတော့ အခုချိန်ထိ ပြန်လည် မရယူနိုင်သေးပါဘူး။
ဘာစီလိုနာအတွက်လဲ ခက်ခဲခဲ့ပြီး
Brazilသားတွေရဲ့ အစဉ်အလာအတိုင်း အယိမ်းအနွဲ့လေးတွေနဲ့ ကဆုန်ပေါက်ကစားတတ်တဲ့ လူငယ်ကစားသမားလေး ထွက်သွားတဲ့နောက်ပိုင်းမှာ သူ့နေရာကို အခုချိန်ထိ အစားထိုးလို့ မရသေးပါဘူး။ ငွေတွေပုံပေးပြီး ကစားသမားသစ်တွေ ခေါ်ယူစမ်းသပ်ခဲ့ပေမယ့် အချစ်ဦးကို ဆုံးရှူံးထားရတဲ့ လူတယောက်လို ဘာစီလိုနာဟာ ယခုအချိန်ထိ နေမာ‌ရဲ့နေရာအတွက် အစားထိုးဖို့ အဖြေရှာမရခဲ့ဘူး။

ရန်သူကို အနိုင်ယူဖို့အတွက် မြှားရဲ့ ထိပ်ဖူးအသွားဟာ နှစ်ဖက်ရှိမှ လိုချင်တဲ့ ပစ်မှတ်ကို တည့်တည့်မှန်တာဖြစ်သလို၊ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှာလည်း အသွားတဖက်ဖြစ်တဲ့ မက်စီရှိနေသည့်တိုင် နောက်ထပ်အသွားတဖက်ဖြစ်တဲ့ NeymarJrရဲ့ နေရာကို အစားထိုးနိုင်ခြင်းမရှိခဲ့လို့ ဘာစီလိုနာဟာ အဆိုပါ‌ ဖလားသုံးလုံးအောင်မြင်မှုမျိုး၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲလိုမျိုး ကြီးကျယ်တဲ့ နေရာတခုကို ပြန်တက်လှမ်းဖို့ ယခုအချိန်ထိ အခက်တွေ့နေတုန်းပါ။
တဖက်မှာလဲ ထွက်တော်မူနန်းက ခွာသွားတဲ့
အိမ်ရှေ့စံမင်းသား NeymarJrအတွက် PSGနဲ့ ဘယ်လိုပဲ ခြေစွမ်းပြ‌နေသည့်တိုင် ချန်ပီယံလိဂ် အောင်မြင်မှုကို ယခုအချိန်ထိ ထပ်မံရယူနိုင်ခြင်းမရှိသေးပါဘူး။
ဒါကြောင့် နှစ်ဦးနှစ်ဖက် လမ်းခွဲမှုမှာ ဘာစီလိုနာအတွက်ရော ထွက်ခွာသူ နေမာအတွက်ပါ နှစ်ဖက်လုံး ဘယ်သူကပိုပြီး နာကျင်ရမလဲဆိုတာ..



ကိုကြီးဖီးလစ် Streamပြုတ်ကျသွားပြန်ပါပီ😑😑အားလုံးပဲ Goodnightပါမနက်ဖြန်မှပဲ ပြန်တွေ့မယ်ဗျ
21/09/2021

ကိုကြီးဖီးလစ် Streamပြုတ်ကျသွားပြန်ပါပီ😑😑
အားလုံးပဲ Goodnightပါ
မနက်ဖြန်မှပဲ ပြန်တွေ့မယ်ဗျ

20/09/2021

ကိုကြီးဖီးလစ်ရဲ့ တီတီတာတာ ဆိုတာ..

Friendly Day!!❤️❤️ဒီနေ့ည ၉ခွဲ တက်လာမယ်နော်ကိုကြီးဖီးလစ်နဲ့ ဖြုတ်ချင်တဲ့သူတွေစောစောလာခဲ့ပေးပါ နောက်ကျရင် အပေါက်၀ကထိုင်စော...
20/09/2021

Friendly Day!!❤️❤️
ဒီနေ့ည ၉ခွဲ တက်လာမယ်နော်
ကိုကြီးဖီးလစ်နဲ့ ဖြုတ်ချင်တဲ့သူတွေ
စောစောလာခဲ့ပေးပါ နောက်ကျရင် အပေါက်၀က
ထိုင်စောင့်‌ရမယ်နော်😝😝

ခဏနေ လာခဲ့ပြီနော်😉😉
18/09/2021

ခဏနေ လာခဲ့ပြီနော်😉😉

မနက်ဖြန် နေ့လည် ၁၂နာရီ တက်လာခဲ့မယ်နော်Lg squadလေးနဲ့ ဖြုတ်ပေးမယ်မကန်ရသေးတဲ့ သူတွေကို ဦးစားပေးမယ်နော်(စောစောလာတဲ့သူပဲ)
17/09/2021

မနက်ဖြန် နေ့လည် ၁၂နာရီ တက်လာခဲ့မယ်နော်
Lg squadလေးနဲ့ ဖြုတ်ပေးမယ်
မကန်ရသေးတဲ့ သူတွေကို ဦးစားပေးမယ်နော်
(စောစောလာတဲ့သူပဲ)


ဒီနေ့ည Streamမှာ AMFနေရာမှာ လူကြိုက်များပြီး အငြင်းအခုံဖြစ်နေရတဲ့ ကစားသမားနှစ်ယောက်ကို Admin Felixက နှိုင်းယှဉ်ပြီး ဆော့...
16/09/2021

ဒီနေ့ည Streamမှာ AMFနေရာမှာ လူကြိုက်များပြီး အငြင်းအခုံဖြစ်နေရတဲ့ ကစားသမားနှစ်ယောက်ကို Admin Felixက နှိုင်းယှဉ်ပြီး ဆော့ပြပေးမယ်။
ကဲ သူတို့နှစ်ယောက်က ဘယ်သူတွေဖြစ်မလဲ👀🔥

🟨Transfer Window ⬛Adminဖီးလစ် Captainအဖြစ် ပါ၀င်တဲ့ Phoenix Warriorsအသင်းအတွက် လူခေါ်ပို့စ်ပါ။ Adminတို့အသင်းက Myanmar E...
02/09/2021

🟨Transfer Window ⬛
Adminဖီးလစ် Captainအဖြစ် ပါ၀င်တဲ့ Phoenix Warriorsအသင်းအတွက် လူခေါ်ပို့စ်ပါ။ Adminတို့အသင်းက Myanmar E-League1မှာ ပါ၀င်ယှဉ်ပြိုင်နေပြီး အမှတ်ပေးဇယားမှာ ရလဒ်ကောင်းနေတဲ့ အသင်းတသင်းဖြစ်ပါတယ်။ ကစားသမားအင်အား လိုအပ်နေတဲ့ အတွက် လူခေါ်ခြင်းဖြစ်ပါတယ်ခင်ဗျ။
Rating 1400+ရှိရပါမယ်။
အက်မင်တို့အသင်းရဲ့ အဓိကက ကစားသမားတွေနဲ့ လက်ရည်စစ်ပြီး အဆင်ပြေတဲ့သူ ၃ယောက်ကို Phoenix Warriorsအသင်းသားအဖြစ်ခေါ်ယူသွားပါမယ်။ လက်ရည်စစ်ချင်တဲ့ ဘရိုတွေ ‌Ratingကို screenshotရိုက်ပြီး comment or cbမှာ လာရောက်စာရင်းပေးသွင်းနိုင်ပါပြီ။

Gasperiniဆိုတဲ့ ခေါင်းဖြူနည်းပြကြီးအကြောင်း🔴Reviewမဟုတ်တဲ့ Review🔴📝Gasperiniရဲ့ နာမည်အပြည့်အစုံကတော့Gian Piero Gasperini...
24/08/2021

Gasperiniဆိုတဲ့ ခေါင်းဖြူနည်းပြကြီးအကြောင်း
🔴Reviewမဟုတ်တဲ့ Review🔴📝

Gasperiniရဲ့ နာမည်အပြည့်အစုံကတော့
Gian Piero Gasperiniဖြစ်ပါတယ်။ ဂတ်စ်ပါရီနီက ကစားသမားဘ၀မှာ ကွင်းလယ်ဗဟိုမှာကစားခဲ့ပါတယ်။ ဂျူဗင်တပ်အသင်း တည်ရှိရာ အီတလီနိုင်ငံ အနောက်မြောက်ပိုင်း တူရင်မြို့နဲ့ မဝေးလှတဲ့ Grugliascoမှာ မွေးဖွားခဲ့တဲ့ ဂတ်စ်ပါရီနီဟာ
လူငယ် ကစားသမားဘ၀ကိုလဲ ဂျူဗင်တပ်အသင်းနဲ့ပဲ စတင်ခဲ့တာပါ။ ကွင်းလယ်ကစားသမားဖြစ်လို့ ဂိုးတွေ အများကြီးသွင်းယူနိုင်ခြင်း မရှိခဲ့ပေမယ့် နည်းပြဘ၀မှာတော့ အတ္တလန်တာ အသင်းကို စွဲမက်ဖွယ်တိုက်စစ် ကစားဟန်နဲ့ အဆင့်အတန်းတခုထိရောက်အောင် ဦးဆောင်ဆွဲတင်ပေးထားနိုင်ခဲ့ပါတယ်။

In game Review
Formation - 3-2-3-2
Attacking Style - Possession Game
Build up - Short pass
Attacking area - Wide
Positioning - Flexible
Defensive style - Frontline Pressure
Containment Area - Center✅
Pressuring - Aggressive

Support Range - 3/4 (Low)✅
Defensive Line - 9/9 (High)❌
Compactness - 8/8 (High)✅

Attacking Area Wideဖြစ်တဲ့အတွက် တိုက်စစ်ကစားသမားတွေက တောင်ပံတွေထိ ထွက်ဆော့ပေးတတ်ပါတယ်။ နေရာယူမှု ပုံသေမရှိတော့တဲ့အတွက် ပြိုင်ဘက် ခံစစ်မှူးတွေကို အတော်အလုပ်ရှုပ်စေမှာပါ။
AMF နေရာမှာ Hole playerတွေထားဖို့ကို ပိုအကြံပြုချင်ပြီး သူတို့က ‌တိုက်စစ်မှူးနှစ်ယောက်နဲ့ အမြဲလို တွဲဆော့ပြီး လိုအပ်ရင် ဂိုးပါ တက်သွင်းပေးနိုင်ပါတယ်။
LMF RMFတွေကို မိမိ ကစားပုံအတိုင်းပဲ ရွေးချယ်စေချင်ပါတယ်။ ကိုယ်က တောင်ပံကနေ ဖြတ်တင်ဘောပေးပြီး ဆော့တာကို ပိုအားသန်ရင် Staminaကောင်းပြီး pinpoint crossing skillပါတဲ့ Beckham Nedved ParkJiSung စတဲ့ကစားသမားတွေကို သုံးသင့်ပြီး ကိုယ်က ကွင်းလယ်ကနေ အထဲကို ချိုး၀င်ပြီး Curl kickတွေနဲ့ ဂိုးသွင်းချင်ရင်တော့ Messi (Pack), Neymarတို့လို skillfull playerတွေကို ရွေးချယ်သင့်ပါတယ်။
DMFနှစ်ယောက်မှာ
Destroyer+Orchestrator
Destroyer+ Box to Box
Orchestrator+ Box to Box
Anchor man+ Box to Box
မိမိနှစ်သက်ရာကို အသုံးပြနိုင်ပါတယ်။

3CBနည်းပြဖြစ်လို့ LB RBမပါတဲ့အတွက် ပြိုင်ဘက်အသင်းမှာ LWF RWFကောင်းတဲ့ ကစားသမားတွေပါလာရင် အထူးသတိထားရမှာပါ။
Containment Area Center ✅ ဖြစ်တဲ့အတွက် ခံစစ်ကစားသမားတွေက အလယ်မှာ စုပြုံပြီး ကာကွယ်မှာပါ။ ဒါကြောင့် တောင်ပံ အားသန်တဲ့ နည်းပြတွေနဲ့ တွေ့တဲ့အခါ တောင်ပံတလျှောက် နေရာလွတ်တွေ ပေးရနိုင်ပြီး ဖြတ်တင်ဘောတွေ ပေးရနိုင်လို့ CBသုံးယောက်ကို Acrobatic Clear/Interception/ Man Marking စတဲ့ Skillsတွေပါတဲ့ ကစားသမားတွေသာ ထားသင့်ပါတယ်။
Defensive Lineတော်တော်လေး မြင့်တဲ့အတွက်
🛑Risky Against Long Ball Playersပါ🛑
ပြိုင်ဘက်က Mbappe Haalandတို့လို ပြေးထွက်အားကောင်းတဲ့ တိုက်စစ်မှူးတွေနဲ့ ကန်တင်ပြေးတဲ့အခါ ခက်ခက်ခဲခဲထိန်းချုပ်ရနိုင်ပြီး သတိကြီးကြီးထားပြီး ထိန်းချုပ်ရမှာပါ။
S.Campbellလို All out defense type နောက်ခံကစားသမားမျိုး မဖြစ်မနေထည့်သုံးထားသင့်ပါတယ်။

Advantages ✅
ပြိုင်ဘက်က 4312လို အလယ်ကနေဖောက်တဲ့ ကစားကွက်မျိုး သုံးလာတဲ့အခါမှာ 3CBဖြစ်လို့ ထိန်းချုပ်ရတာ အသာရနိုင်ပါတယ်။
ကွင်းလယ် ပိုင်းတောင့်တင်းပြီး တိုက်စစ်ကလဲ 4312ကစားကွက်လို 1AMF 2CF ပါတဲ့အတွက် 4312ဆော့တဲ့ သူတွေအနေနဲ့ ဒီခေါင်းဖြူနည်းပြကြီးကို tryကြည့်သင့်ပါတယ်။
CB3ကောင်မှာ Build upသမားကို အလယ်မှာထားပြီး ဘေးနှစ်ဖက်ထဲက တဖက်မှာ Destroyerတယောက်ကို ထည့်သုံးစေချင်ပါတယ်။
ကစားကွက်တော်တော်များများကို 3CBနဲ့ ထိန်းဆော့လို့ အဆင်ပြေပါတယ်။
ဂိုးရလွယ်တဲ့ တိုက်စစ်နဲ့ ကွင်းလယ်ကြောင့် မိမိရဲ့ လက်ရှိ Ratingတွေထက် ပိုတက်လာမှာ သေချာပါတယ်။ 4312အ‌‌ေဆာ့များတဲ့ ပြိုင်ပွဲတွေမှာလဲ အသုံးပြုသင့်ပြီး မိမိကို ဆုတွေ အရင်ကထက် ပိုရလာစေနိုင်ပါတယ်။

Disadvantages ❌

Defensive Lineတော်တော်မြင့်တဲ့အတွက် ကန်တင်ပြေးတွေကို ရှင်းထုတ်ရာမှာတော့ အားနည်းသွားတတ်ပါတယ်။
Containment Area Centeဖြစ်ပြီး LB RBမပါတဲ့အတွက် ပြိုင်ဘက် အသင်းက တောင်ပံကစားသမားကောင်းကောင်း အသုံးပြုတတ်ရင် ရုန်းကန်ရနိုင်ပါတယ်။ ဒီလိုပွဲမျိုးတွေမှာဆို ထိန်းဆော့ပြီး အချိန်ပြည့် သတိထားဆော့မှ အဆင်ပြေနိုင်ပါတယ်။

ခြုံပြီးပြောရရင်တော့ G. Gasperiniဟာ Ratingအများကြီးတက်ချင်သူတွေ၊ ပြိုင်ပွဲမှာ ဆုရချင်သူတွေ၊ 4312ကစားကွက်ကို Counterထောက် ဆော့ချင်သူတွေအတွက် အရမ်းအဆင်ပြေနိုင်မယ့် နည်းပြတယောက်လို့ပဲ ပြောချင်ပါတယ်။

ညီအကို‌တို့အနေနဲ့ အဆင်ပြေရင် Like and Shareလေးနဲ့ ကူညီပေးသွားကြဖို့လဲ ပြောချင်ပါတယ်ဗျ။



Barca Iconic Tricks(Ronaldinho Tricksဆိုရင်ပိုမှန်မယ်)ပထမဦးဆုံး sqကို တတ်နိုင်သမျှ အလွတ်ထား မကောင်းတဲ့ ကစားသမားတွေထည့်ထာ...
22/08/2021

Barca Iconic Tricks(Ronaldinho Tricksဆိုရင်ပိုမှန်မယ်)
ပထမဦးဆုံး sqကို တတ်နိုင်သမျှ အလွတ်ထား မကောင်းတဲ့ ကစားသမားတွေထည့်ထား
နည်းပြက L.Roman နဲ့ဆို ပိုကောင်းတယ် CF AMF DMFသုံးနေရာမှာ ကွက်လပ်ဖြစ်အောင်ထား။
နာရီတိုင်းရဲ့ 58မိနစ်မှာ User Profileကို၀င်
Brazilအသင်းယူ
59မိနစ်ရောက်တာနဲ့
Romario တချက်ထောက်
Ter Stegen တချက်ထောက်
Griezmann တချက်ထောက်
ပြီးတာနဲ့ Signကို မနှေးမမြန် တချက်ချင်း နှိပ်လိုက်ရုံပဲ။
ဖိနပ်အဖြူဆိုတာနဲ့ ရော်နယ်ဒင်ဟိုဆိုတာသေချာပီ။
ကိုကြီးဖီးလစ်ကတော့ Coin 300တည်းနဲ့ ဖမ်းမိလိုက်တယ်။
ပေါက်ရမယ်လို့အာမခံပါဘူး အက်မင်ပေါက်ခဲ့တဲ့ နည်းလေးကို ပြန်လည်မျှဝေပေးတာပါ။
လိုချင်တာ ရကြပါစေဗျာ



အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာကျွန်တော်က အားလုံးအတွက် အကျိုးရှိစေမယ့် နည်းပြရွေးချယ်နည်း(တစ်နည်း Proကျကျ ကစားကွက်ရွေးချယ်...
21/08/2021

အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာကျွန်တော်က အားလုံးအတွက် အကျိုးရှိစေမယ့် နည်းပြရွေးချယ်နည်း(တစ်နည်း Proကျကျ ကစားကွက်ရွေးချယ်နည်း)ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ရွှေညီအကိုတို့ ပြိုင်ပွဲTournamentတွေ ၀င်ပြိုင်တဲ့အခါ Online(Matchday)တွေကန်တဲ့ အခါမှာ Ratingတွေ တက်မလာတာ ဆုတွေမရတာ စသဖြင့် ကြုံတွေ့ရတာက အခုကျွန်တော်ပြောပြပေးသွားမယ့် အကြောင်းအရာတွေကို မလေ့လာထားမိလို့လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ကျွန်တော်က ဒီနေ့မှာ မြန်မာပြည်မှာရှိတဲ့ PES Mobileကစားသူတွေအတွက် အကျိုးရှိပြီး skillတက်လာစေမယ့် အဓိက သော့ချက်တခုကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

Containment Area ဆိုတာဘာလဲ? Compactnessဆိုတာဘာလဲ?
ဟုတ်ပီ အဓိပ္ပာယ်တွေကို သိထားပြီပဲ ထားဦးတော့ ဒါတွေကို ဘယ်လိုတွက်ချက်ရမလဲ ဆိုတာကို ကျနော်က အဓိကပြောပြပေးသွားမှာပါ။

Pesမှာညီအကိုတို့ နည်းပြတွေရွေးတဲ့အခါ အများစုက အပေါ်ယံအချက်အလက်တွေဖြစ်တဲ့
Attacking Style( Possession/CounterAttack)
Build up (Short/Long pass)
Attacking Area (wide/center)
Positioning (maintain formation/flexible)
Defensive style (All out def/ Frontline pressure)
စတဲ့အချက်အလက်တွေကိုသာကြည့်ပြီးရွေးချယ်တတ်ကြပါတယ်။ မှားသလားလို့မေးရင်မမှားပါဘူး ခဗျာ။

ဒါပေမယ့် အမှန်တကယ် ကြည့်သင့်တဲ့
Containment Area( wide/ center)
Defensive line(high/medium/low)
Compactness (high/medium/low)
Support Range (High/Medium/Low) စတဲ့
အချက်အလက်တွေကိုတော့ လျစ်လျူရှုထားကြတာများပါတယ်။
ဒီအချက်အလက်တွေကို တွက်ချက်ပြီးနည်းပြကိုရွေးချယ်ကြည့်တဲ့အခါ ပုံမှန်အတိုင်းရွေးချယ်ဖြစ်တဲ့ နည်းပြတွေထက် ပိုမိုကောင်းမွန်တဲ့ နည်းပြ/ကစားကွက်တွေကို ကိုယ်တိုင် ရွေးချယ်နိုင်လာမှာပါ။ ဒါဆိုရင် ဟိုနည်းပြကောင်းတယ်/ဒီနည်းပြမကောင်းဘူးဆိုတဲ့ သူများစကားတွေကို နားမထောင်ဖြစ်တော့ဘဲ မိမိကစားပုံနဲ့ အံ၀င်မယ့်နည်းပြကို ကိုယ်တိုင်က ရွေးချယ်လာနိုင်မှာပါ။ ကျွန်တော်ကလဲ ညီအကိုတို့ကို အဲ့လိုရွေးချယ်တတ်သွားတဲ့အထိ ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

ကဲဒါဆိုရင် ကျနော်တို့စလိုက်ကြရအောင်

ပထမဆုံးအနေနဲ့ Containment Areaအကြောင်းကိုပြောချင်ပါတယ်
Containment areaမှာထုံးစံအတိုင်းပဲ (၂မျိူး)ရှိပါတယ်။
Centerနဲ့ Wideပါ။

✅Containment Area Center အားသာချက်များ
(Advantages)

ကိုယ်က ခံစစ်ပိုလုံချင်တယ် ပေးဂိုးမများချင်ဘူးဆိုရင် Containment Area Centerပါတဲ့ နည်းပြက ပိုပြီးသင့်တော်ပါတယ်။ Containment Area Centerနည်းပြတွေက သူ့ရဲ့နောက်တန်းကစားသမားတွေကို ကွင်းရဲ့ အလယ်ကိုစုစည်းစေပြီး နောက်တန်းကို ကျစ်လျစ်မှုရှိစေပါတယ်။ ဒီလိုဆိုရင် ပြိုင်ဘက်က One Two(Pass and move)အကွက်နဲ့ ဂိုးသွင်းမယ့်အန္တရာယ်ကို မာမာထန်ထန်တဲ့တားဆီးပေးနိုင်ပါလိမ့်မယ်။

❌Disadvantages(အားနည်းချက်များ)

အားနည်းချက်ကတော့ ပြိုင်ဘက်က တောင်ပံမှာ နေရာလွတ်တွေပိုရသွားနိုင်ပြီး ဖြတ်တင်ဘောတွေပေးဖို့ အခွင့်အရေးပိုရသွားနိုင်ပါတယ်။ ဒါဆိုရင် ပြိုင်ဘက်က Wing play(တောင်ပံအားသန်)ကောင်းတဲ့ နည်းပြနဲ့ဆိုရင် Containment Area Centerနည်းပြတွေက သတိထားရပါမယ်။

✅Containment Area wide အားသာချက်များ
(Advantages)

Containment Area wideပါတဲ့ နည်းပြ
တွေကတော့ ကိုယ့်ရဲ့ နောက်တန်းကို နေရာယူ ကျဲစေပြီး ပြိုင်ဘက်က Wing play(တောင်ပံအားသန်) နည်းပြအသုံးပြုလာတဲ့အခါမှာ တောင်ပံမှာနေရာလွတ်တွေ မပေးရဘဲ ကိုယ့်ကစားသမားတွေကို ဖြန့်ကျက်ထားပေးနိုင်ပါတယ်။

❌(Disadvantages)အားနည်းချက်များ

Containment Area Wideဖြစ်တဲ့အတွက် နောက်တန်းမှာ နေရာယူကျဲသွားလို့ နေရာလွတ်တွေအကျယ်ကြီးပေးရနိုင်ပါတယ်။ ပြိုင်ဘက်က Skill moveတွေသုံးတာတို့ Pass and moveတွေနဲ့ ကျော်ဖြတ်တာတို့မှာ ကောင်းရင် ကိုယ့်နောက်တန်းက နေရာယူတာ ကျဲတဲ့အတွက် ထိန်းနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ ပြိုင်ဘက်ကစားကွက်က 4312လို တောင်ပံမပါပဲ ကစားလာတဲ့အခါမှာ အခက်အခဲအကြီးကြီး တွေ့သွားနိုင်ပါတယ်။ ဒါကြောင့် 4312အသုံးများတဲ့ ပြိုင်ပွဲ Tournamentတွေ Onlineပွဲတွေမှာ ဆိုရင် Containment Area Centerသာ ပိုပြီးသုံးသင့်ပါတယ်။

🔴Containment Areaအကြောင်းနဲ့ဆက်စပ်နေတာကတော့ Compactness(ကျစ်လျစ်မှု)ပါ။
Compactnessမှာ High / medium / lowဆိုပြီး သုံးမျိုးရှိပါတယ်

Compactness high( 7,8,9,10)
Compactness သည် Containment Areaကို ကြည့်ပြီး ဆုံးဖြတ်ရတာမျိုးပါ။ Compactnessက ကျစ်လျစ်မှုဆိုတဲ့အတိုင်းပဲ ခံစစ်ရဲ့ မာကျောမှုကို အဓိက ကိုယ်စားပြုပါတယ်။
Compactnessမြင့်လေလေ ခံစစ်က ပိုပြီးမာကျောလေလေပါ။ ဒါပေမယ့် Compactnessဟာ တခုတည်း ကြည့်လို့မရဘဲ Containment Areaနဲ့တွဲကြည့်မှသာ ကိုယ်က နည်းပြတွေရဲ့ ခံစစ်ကျစ်လျစ်မှုကို ပိုပြီးတွက်ချက်နိုင်မှာဖြစ်ပါတယ်။

တွက်ချက်နည်း📝

✅Containment Area Centerနည်းပြတွေမှာ Compactness level high ( 7,8,9,10 )ရှိသင့်ပါတယ်။ ကျစ်လျစ်မှုများလို့ အလယ်မှာစုပြီး low blockပိတ် ကာမယ့် နည်းပြနဲ့ ပိုပြီး ပနံသင့်ပါတယ်။

✅Containment Area wideနည်းပြတွေက တကွင်းလုံးနီးပါး လူတွေဖြန့်ကျက်ထားမှာဖြစ်လို့ Compactness medium(4,5,6)နဲ့ အသင့်တော်ဆုံးပါ။ အရမ်းကြီးကျစ်လျစ် နေစရာမလိုတဲ့အတွက် compactnessများရင် ခံစစ်က စနစ်တကျမရှိနိုင်ပါဘူး။ ဒါကြောင့် Containment Area wideဆိုရင် Medium Compactnessနဲ့သာ ပိုပနံသင့်ပါတယ်။

❌(Compactness low (1,2,3)သာ ရှိတဲ့ နည်းပြတွေ
ကတော့ လုံး၀ မသုံးသင့်ဘူးလို့သာ ပြောချင်ပါတယ်။

🔴Defensive Line (High,Medium,Low)
Defensive line High(7,8,9,10) နည်းပြတွေကတော့ တဖက်က ကန်တင်ပြေးနဲ့ဆိုရင် ဂိုးတွေအလှူပေးရနိုင်တဲ့နည်းပြမျိုးတွေပါ။
တိုက်စစ်ကို ပိုကူညီနိုင်ပေမယ့် ခံစစ်မှာအားနည်းသွားနိုင်ပါတယ်။

🔴Defensive Line Medium(4,5,6) နည်းပြတွေကတော့ ခံစစ်တိုက်စစ်မျှတတယ်လို့ ယေဘုယျ ဆိုနိုင်ပါတယ်။

🔴Defensive Line low(1,2,3) နည်းပြတွေကတော့ ခံစစ်ကိုပိုလုံစေပါတယ်။ တိုက်စစ်မှာတော့ အတန်ငယ်အားနည်းသွားနိုင်ပါတယ်။

Support Range (high/medium/low) ကစားသမားနေရာယူမှု

✅Support Rangeသည် Containment Area, Buildup(short/long pass) အပေါ်ကြည့်ပြီး ဆုံးဖြတ်ရတာပါ။
Support Range high(7,8,9,10) နည်းပြတွေကတော့ containment Area wide/ Build up(long pass)တွေနဲ့ပိုသင့်တော်ပါတယ်။
Support Rangeမြင့်လေလေ နေရာယူကျဲလေလေပါ။

✅Support Range medium(4,5,6)နည်းပြတွေကတော့ Containment Area (Center/wide), Buildup (short/long pass) နှစ်မျိုးလုံးနဲ့ လိုက်ပါတယ်။

✅Support Range low(1,2,3)နည်းပြတွေကတော့ Support Rangeနည်းလေလေ နေရာယူ စိပ်လေလေဖြစ်တဲ့အတွက် One twoရိုက်လို့ပိုကောင်းပြီး Containment Area Center, Buildup(short pass)နဲ့သာ သင့်တော်ပါတယ်။

အားလုံးကိုခြုံပြီးပြောရရင်တော့ ဒီအချက်အလက်တွေအကုန်လုံးကို ကြည့်ပြီးမှ နည်းပြတယောက်ကောင်းမကောင်းကို ဆုံးဖြတ်ပေးနိုင်ပါတယ်။
ရွှေညီအကိုတို့အနေနဲ့ Onlineမှာ Ratingတွေ ပိုတက်လာပြီး Tournamentပြိုင်ပွဲတွေမှာ ဆုတွေပိုရပါစေလို့ ပြောရင်း..



အက်မင်ကိုကြီးဖီးလစ်ပါ၀င်တဲ့ FC PHOENIX WARRIORSအသင်းကတော့ တာထွက် လှပခဲ့ပြီ🔥နောက်လာမယ့်ပွဲစဉ်တွေမှာ ပိုပြီးကောင်းအောင်ယှဉ...
17/08/2021

အက်မင်ကိုကြီးဖီးလစ်ပါ၀င်တဲ့ FC PHOENIX WARRIORSအသင်းကတော့ တာထွက် လှပခဲ့ပြီ🔥
နောက်လာမယ့်ပွဲစဉ်တွေမှာ ပိုပြီးကောင်းအောင်ယှဉ်ပြိုင်သွားမယ်ဗျာ။
ဒီရက်ပိုင်းထရိန်နင်လေးရှိလို့ ပျောက်နေတာပါ။
မကြာခင် knowledgeလေးတွေတင်ပေးဖို့ရှိပါတယ်💪💪

Myanmar E - League အတွက် Confirmed LineupပါFighting Phoenix 🔥🏆
12/08/2021

Myanmar E - League အတွက် Confirmed Lineupပါ
Fighting Phoenix 🔥🏆

ကျွန်တော်တို့ Phoenix Warriors FCရဲ့ ပထမဦးဆုံး
Local Tournamentဖြစ်တဲ့
Myanmar E - League မှာ ပါ၀င်ယှဉ်‌ပြိုင်မယ့်
ကစားသမားစာရင်း ဖြစ်ပါတယ်။

12/08/2021

Rummenigge + Double Touch = OP🔥🔥💯

ပြိုင်ပွဲ၀င်သစ်များခေါ်ယူခြင်းAdminကို Iconအကြမ်းကြီးတွေပါတော့ မဆော့ချင်ဘူး ပုံမှန် Sqaudနဲ့ပဲ ဆော့ချင်တယ်လို့ လာပြောထား...
30/07/2021

ပြိုင်ပွဲ၀င်သစ်များခေါ်ယူခြင်း
Adminကို Iconအကြမ်းကြီးတွေပါတော့ မဆော့ချင်ဘူး ပုံမှန် Sqaudနဲ့ပဲ ဆော့ချင်တယ်လို့ လာပြောထားတဲ့ ညီအကိုတွေအတွက်ပါ

📝ပြိုင်ပွဲ၀င် 10ယောက်သာ ခေါ်ယူပါမယ်။

📝Base Ball Onlyပါ
✅Gold Ball/BlackBall/SilverBallရ
❌ Feature Card/ Icon/ Legend မရပါ

📝ပွဲကစားချိန် ၈မိနစ်ကန်ရမယ်
ည ( ၇ )နာရီနောက်ပိုင်း အားတဲ့သူဖြစ်ရမယ်
ပွဲကျန်တွေ မကျန်စေချင်လို့ပါ

📝စည်းကမ်းချက်အသေးစိတ်ကို ပြိုင်ပွဲဂရုထဲမှာရှင်းပြပေးမယ်။

📝ပွဲစဉ် တကျော့တည်းသာ ကစားမယ်။
မှန်မှန်ကန်ကန်မြန်မြန်ဆန်ဆန် လုပ်သွားမယ်။

🏆ဆုကြေး
ပထမဆု 10,000 ks
ဒုတိယဆု 5,000 ks
တတိယဆု 3,000 ks

✅၀င်ကြေး 2,000ks
Wavepay / Kpay ရ

ကဲ ပြိုင်ချင်ရင် CBကို အမြန်သာဆက်သွယ်လိုက်ပါ🔥

Adminရဲ့ အသင်း Phoenix Warriors FCရဲ့ ပထမဆုံး 11 vs 11 ခြေစမ်းပွဲ
29/07/2021

Adminရဲ့ အသင်း Phoenix Warriors FCရဲ့ ပထမဆုံး 11 vs 11 ခြေစမ်းပွဲ

Pre-Season Friendly Match

Phoenix Warriors 🇲🇲 Vs 🇲🇲 Red Dragon


Address


Website

Alerts

Be the first to know and let us send you an email when Felix K - Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share