Myanmar Teachers' Diary

  • Home
  • Myanmar Teachers' Diary

Myanmar Teachers' Diary ​ပညာရေးနဲ့ပက်သက်တဲ့ အကြောင်းအရာတွေ
(1)

စိတ်ပျော့တဲ့ မိန်းကလေးတွေက မျက်ရည်လွယ်တယ် .. ပြီးတော့ အညှိုးအတေးမရှိဘူး ..ဘယ်လောက်စိတ်နာစရာဖြစ်ဖြစ် ငိုပြီးမေ့သွားတာ ။စိ...
26/05/2024

စိတ်ပျော့တဲ့ မိန်းကလေးတွေက
မျက်ရည်လွယ်တယ် ..
ပြီးတော့ အညှိုးအတေးမရှိဘူး ..
ဘယ်လောက်စိတ်နာစရာဖြစ်ဖြစ် ငိုပြီးမေ့သွားတာ ။

စိတ်မာတဲ့မိန်းကလေးတွေကကျတော့
မျက်ရည်မလွယ်ဘူး ..
ငိုချင်စိတ်ကိုထိန်းချုပ်နိုင်တယ် ပြီးတော့
အမှတ်သည်းခြေကြီးတယ် ..
လွယ်လွယ်နဲ့ ခွင့်မလွှတ်တတ်ကြသလို
ကလဲ့စားချေတတ်ကြတယ် ။

ဒါကြောင့် စိတ်ပျော့တဲ့မိန်းကလေးတွေက
သံယောဇဉ် တစ်ခုပြတ်တောက်ဖို့
အချိန်အများကြီးယူရပေမယ့်
စိတ်ခိုင်တဲ့မိန်းကလေးတွေကျ
နာစရာတွေရင် ပြတ်ပြတ်သားသားကျောခိုင်းပစ်ကြတာ
ဘယ်လောက်ခံစားရရ ပြတ်သားနိုင်ကြတယ် ။

တခုခုဆို ငိုတတ်တဲ့ ကိုယ့်အတွက် ငိုပြီးရင်
အားလုံးကိုနားလည်ပေးနိုင်သွားရော ..
အငိုလွယ်ရင် နှစ်ခါရှုံးပြီး ခဏခဏအနိုင်ပိုင်းခံရတာလည်း အမှတ်မရှိဘူး ။

ဆယ်ခါ ငိုရမယ့်အရာကို တစ်ခါပဲငို
အားရပါးရငို စိတ်တိုင်းကျ ငို
ပြီးတာနဲ့ အားလုံးကိုကျောခိုင်းဖို့ ကြိုးစားပါ ။

လူစိတ်မရှိတဲ့ လူတွေနဲ့နေ့စဉ်ပေါင်းသင်းဆက်ဆံနေရတဲ့အခါ စိတ်ဓာတ်မာလေလေ ကိုယ့်အတွက်အဆင်ပြေလေလေပါပဲ .. ဆိုတော့ ထစ်ခနဲရှိမျက်ရည်ဝဲမယ့် ကိုယ့်စိတ်ကိုပြောင်းလဲဖို့ကြိုးစားနိုင်ရမယ် ။

သက်ထားခင်(THK)
မပျော်ရင်ငိုလို့ရတယ်
#ကျွန်မဖတ်ဖို့

မေတ္တာတွေရနေရင်အဲ့ဒီ မေတ္တာတရား အပေါ်မှာ သိတတ်ရတယ် ။ကိုယ့်ကို စေတနာထားပေးရင်အဲ့ဒီ စေတနာကို မစော်ကားရဘူး ။တန်ပြန် မတုန့်ပ...
25/05/2024

မေတ္တာတွေရနေရင်
အဲ့ဒီ မေတ္တာတရား အပေါ်မှာ သိတတ်ရတယ် ။

ကိုယ့်ကို စေတနာထားပေးရင်
အဲ့ဒီ စေတနာကို မစော်ကားရဘူး ။

တန်ပြန် မတုန့်ပြန်နိုင်ရင်တောင်
မေတ္တာတရားနဲ့ ကျေးဇူးတရားဆိုတာ
သိတတ် နားလည်ရတယ် ။

ကိုယ့်အပေါ် စေတနာထားတဲ့ သူတွေအပေါ်မှာ
ဘယ်တော့မှ တစ်နှပ်စားမကြံရဘူး ။
မေတ္တာတုန်းရင် ဘာနဲ့မှမတူဘူး။ ❤️

ခွင့်လွှတ်ခြင်းနဲ့အနိုင်ယူပါ______________________နှလုံးသားလှသူလေးရေ..လူတစ်ယောက်ရဲ့ ..လက်ငါးချောင်းတောင် အရွယ်စားမတူညီတဲ...
20/05/2024

ခွင့်လွှတ်ခြင်းနဲ့အနိုင်ယူပါ
______________________

နှလုံးသားလှသူလေးရေ..

လူတစ်ယောက်ရဲ့ ..
လက်ငါးချောင်းတောင် အရွယ်စားမတူညီတဲ့လောကကြီးထဲ
သူမှန်တယ် ငါမှန်တယ်ဆိုတဲ့ အငြင်းတရားတွေနဲ့
မရှင်သန်ချင်ဘူး ။

ကိုယ်ပိုင်တဲ့ ခန္ဓာကိုယ်ပေါ်က လက်ငါးချောင်းတောင်
အရွယ်စားမတူညီနိုင်မှ ကိုယ်မဟုတ်တဲ့ တခြားလူရဲ့စိတ်
ဆိုတာ ကိုယ်နဲ့ ဘယ်လိုထပ်တူကျ နိုင်မှာလည်း ။

ကိုယ့်စိတ်နဲ့ကိုယ်ရှင်သန်နေတဲ့လူတွေကို
ကိုယ့်အပေါ် ကောက်ကျစ်သွားရင်တောင်
ဘယ်သူမကောင်းဘူး ဘယ်ဝါမကောင်းဘူးလို့
အပြစ်မပြောချင်ပါဘူး သူ့အပြစ်နဲ့သူ တူသောအကျိုးခံစား
ရလိမ့်မယ်လို့ ဥပေက္ခာပြုထားလိုက်ပါတယ် ။

နေ့စဉ်နဲ့အမျှ ဘဝရပ်တည်ရှင်သန်ရေးအတွက်
ရုန်းကန်နေသူ လူသားတွေတိုင်း
ပြစ်ကင်းတဲ့သူ ဘယ်သူရှိမလည်း
ကိုယ်လည်း အပြစ်ကင်းသူလို့ မခံယူထားပါဘူး
အမှားဆိုတာရှိနိုင်သလို အပြစ်ဆိုတာလည်း
လုပ်မိမှာပါ ကိုယ်ကမသိလိုက်တာပဲ ရှိလိမ့်မယ် ။

ဒါပေမယ့်
လူရယ်လို့ ဖြစ်လာရင် လူတွေကြားထဲ ဖြူနေဖို့တော့
လိုအပ်တယ် အမှားနည်သူဖြစ်အောင် နေတတ်ရပါမယ် ။

ဒါကြောင့်..
နှလုံးသားလှသူလေးရေ...

လူအခြင်းခြင်းဆက်ဆံရေးမှာ
ငါ ဆိုတဲ့အတ္တနဲ့ ရှင်သန်နေမဲ့အစား သူ့ဖက်ကိုလည်း
မြင်တတ်သူ ကိုယ့်ဖက်ကိုလည်းပြန်ကြည့်တတ်သူ
ဖြစ်အောင် နေထိုင်လိုက်ရင်
မုန်းသူလည်းကင်းမယ် ၊
ပြဿနာဆိုတာလည်း ရောက်မလာဘူး
လူဖြစ်ရလာခြင်းအတွက်လည်း အဓျိပါယျ ပြည့်စုံစေပါတယ်။

တချို့ အရာတွေက ခွင့်မလွှတ်သင့်နေရင်တောင်
ခွင့်လွှတ်ခြင်းနဲ့သာ အနိုင်ယူလိုက်ပါ ။

"လူ ချင်းတူပေမယ်.အသိတရားရှိတာချင်း မတူပါဘူး"တခါတလေငါ လူကဲခတ် မှား သွားတာကငါ ကန်းနေလို့ မဟုတ်ပါဘူးငါ ရိုးသား ကြင်နာ တတ်လိ...
20/05/2024

"လူ ချင်းတူပေမယ်.
အသိတရားရှိတာချင်း မတူပါဘူး"

တခါတလေ
ငါ လူကဲခတ် မှား သွားတာက
ငါ ကန်းနေလို့ မဟုတ်ပါဘူး
ငါ ရိုးသား ကြင်နာ တတ်လို့ပါ။

တခါတလေ
ငါ လူ ချစ်မှား သွားတာက
ငါ တုန်း အ လို့မဟုတ်ပါဘူး။
ဒီသံယောဇဉ်တွေကို
ငါ အလေးနက်ထားလို့ပါ။

တခါတလေ
ငါငိုကြွေးနေတာတွေက
ငါ ဝမ်းနည်းလို့ မဟုတ်ပါဘူး
ငါ မတရားခံရလို့ပါ။

တခါတလေ
ငါသည်းခံတာတွေက
ငါ့ မှာ အကြောင်းပြချက်
မရှိလို့မဟုတ်ပါဘူး
ငါ လုယက် ငြင်းခုန်မူကို မကြိုက်လို့ပါ။

တခါတလေမှာ
ငါ့ဘက်ကမကောင်းလို့မဟုတ်ပါဘူး။
လူ့စိတ်ဆိုတာ
ထိုးထွင်း မြင်ရတာမျိုးမှ မဟုတ်တာ။

ဒါပေမဲ့
ငါ နဂိုရှိတဲ့ စိတ်ကောင်းနှလုံးကောင်းကိုပဲ
ငါက အမြဲထာဝရ ထိန်းသိမ်းထားမှာပါ။

စိတ်ကောင်းထားရင်
လောကကြီးက
သိပ့်လှပ တယ်ဆိုတာ လေးလေးနက်နက်
ငါ ယုံကြည်ထားပါတယ်။ အဆွေ တို့

ရေစက်ရှိလို့ ဆုံတွေ့ခဲ့ကြရတဲ့
သူ တွေကို ချစ်တဲ့ စိတ်နဲ့ ကြည့်ခဲ့လို့
သူတို့အားလုံးက
ချစ်စရာကောင်းပါတယ်"
လောကကြီးမှာ ချစ်ရသူရဲ့ အပြင်မှာ ဘယ်သူမှ မရှိပါဘူး

အနင်းခံရတဲ့ မြက်တွေဆိုတာရှင်သန်လာပြီးဆိုရင် သာမာန် အပင်တွေထက် ပိုသန်မာကြပါတယ်။ဘဝက အဖိအနှိမ်ခံနဲ့ တစ်သက်လုံး နေသွားရမှာမှ...
19/05/2024

အနင်းခံရတဲ့ မြက်တွေဆိုတာ
ရှင်သန်လာပြီးဆိုရင် သာမာန် အပင်တွေထက် ပိုသန်မာကြပါတယ်။

ဘဝက အဖိအနှိမ်ခံနဲ့ တစ်သက်လုံး နေသွားရမှာမှမဟုတ်တာ မဖြစ်နိူင်ဘူးဆိုတဲ့ စကားတွေအောက်မှာ စိတ်ဓာတ်ကျသွားတာထက် စိတ်နာတတ်အောင်လေ့ကျင့်ယူရမှာပါ။

ဒီနေ့အဆင်မပြေဘူးဆိုပြီး ပြိုလဲသွားဖို့မလိုပါဘူး မနက်ဖြန်တွေမှာ ပြန်ရပ်တည်နိူင်ဖို့ အခွင့်အလမ်းတွေရှိပါသေးတယ် ။

လောကဓံက ကြမ်းတယ်ဆိုတာ
ဘဝတွေသန်မာဖို့အတွက် အဆင့်အဆင့် သင်ခန်းစာတွေပါပဲ... မုန်းတိုင်းပြီးရင် လေပြေဆိုတာ လာစမြဲပဲမဟုတ်လား???

အတွေးနွံထဲမှာပဲ စိတ်နှစ်မနေနဲ့
ပစ္စုပ္ပန်မှာ အကောင်းဆုံး ရှင်သန်ပါ
လူတိုင်းက သန်မာနေလို့ တော့ဘယ်ဟုတ်မလဲ... လဲကျသွားမှာစိုးလို့ တောင့်ခံရင်း ရုန်းကန်းနေကြရတာပါ။
ဘဝက ခက်ခဲချင် ခက်ခဲမယ် ကြမ်းတမ်းချင် ကြမ်းမယ်
ဒါပေမယ့် ဘယ်တော့မှ အရှုံးမပေးပါနဲ့။

လေးစားစွာဖြင့်
မေဆု(ရာမညမြေ )

#မေဆုရာမမြေ

"ကျွန်မက ကျွန်မပါပဲ"------------------ကျွန်မက ကျွန်မပဲမို့ ဘယ်သူနဲ့မှ နှိုင်းယှဉ်တာမကြိုက်ဘူး။ကျွန်မရဲ့ ဘဝဟာ ကျွန်မအပိုင...
17/05/2024

"ကျွန်မက ကျွန်မပါပဲ"
------------------

ကျွန်မက ကျွန်မပဲမို့ ဘယ်သူနဲ့မှ နှိုင်းယှဉ်တာမကြိုက်ဘူး။ကျွန်မရဲ့ ဘဝဟာ ကျွန်မအပိုင်မို့ ဘယ်သူမှ ဝင်ရောက်စွတ်ဖက်ပိုင်ခွင့်မရှိဘူး။

ကိုယ့်အနာဂတ်ကိုယ်လျှောက်လှမ်းနေတဲ့အချိန်မှာ ကိုယ့်ကြောင့်ဘယ်သူ့နောက်ကျောမှာမှ ဓားဒဏ်ရာမရှိဘူး။

လိပ်ပြာလုံပြီး သိက္ခာကိုခြုံထားလို့ ကိုယ်ချင်းစာနာခြင်းမဲ့တဲ့ လုပ်ရပ်ကိုလည်းဘယ်တော့မှ မလုပ်ဘူး။

အသိညဏ်မမဲ့ သတိမှန်ကပ်နေလို့ မေတ္တာတရားလည်း ဘယ်တော့မှမပျက်ဘူး။

ရှင်သန်ခြင်းရဲ့ မနက်ဖြန်တိုင်းဟာ လိပ်ပြာလုံနေလို့ မိုးခါးရေကို ဘယ်တော့မှမသောက်ခဲ့ပါဘူး။

တစ်ပွင့်ထဲလည်း တောက်ပမယ်။
တစ်ပွင့်ထဲလည်း ရဲ့ရင့်တယ်။
တစ်ပွင့်ထဲလည်း ရှင်သန်မယ်။

လဲသွားတဲ့အခါ ပြန်ထမယ်
အားငယ်တဲ့အချိန်တိုင်း စာတွေဖတ်မယ်
ဝမ်းနည်ခဲ့ရင် ငိုပစ်လိုက်မယ် ပြီးရင်ပြန်ပြုံးနိူင်အောင် ကြိုးစားမယ်။

ဘဝက ခဏပဲ ဆိုတာသိတဲ့နောက်ပိုင်း ပျော်ရွှင်ဖို့ ကျန်းမာဖို့က ပိုအရေးကြီးလာတယ်။ဒါကြောင့်ပျော်အောင်နေတယ်
ကျန်းမာရေးဂရုစိုက်တယ်။
ချစ်ရတဲ့သူတွေကို ပျော်ရွှင်စေတယ်။
ကိုယ့်ကို မပျော်ရွှင်စေတဲ့ရပ်ဝန်းကိုရှောင်တယ်။

"ကျွန်မက ကျွန်မပါ "ဘယ်တော့မှ သူများဖြစ်မသွားတဲ့အတွက် ဘယ်သူနဲ့မှမနှိုင်းယှဉ်ပါနဲ့။

ငါဆိုတဲ့သူမျိုးက ကိုယ်အတွက်ဖြစ်တည်ထားတဲ့ ဆက်ဆံရေးမျိုးမဟုတ်ဘူးဆိုရင် တစ်ပွင့်တည်းလည်းပွင့်ရဲပြီး၊ တစ်ယောက်တည်းလည်းတောက်ပ...
16/05/2024

ငါဆိုတဲ့သူမျိုးက ကိုယ်အတွက်
ဖြစ်တည်ထားတဲ့ ဆက်ဆံရေးမျိုး
မဟုတ်ဘူးဆိုရင် တစ်ပွင့်တည်းလည်း
ပွင့်ရဲပြီး၊ တစ်ယောက်တည်းလည်း
တောက်ပပစ်ရဲတဲ့သူမျိုး "

ဘယ်သူကိုမှ မှီခိုအားကိုးချင်တဲ့
စိတ်မျိုးမရှိတဲ့အတွက် ကိုယ့်အတွက်
မဟုတ်ဘူးထင်ရင် အလွယ်တကူပဲ
လျစ်လျူရှုပစ်လိုက်နိုင်တာဟာ ငါ့ရဲ့
တန်ဖိုးတစ်ခုဆိုရင်လည်း မမှားဘူး။

လူတစ်ယောက်ကို လျစ်လျူရှုပစ်နိုင်ဖို့
ဆိုရင် အဲ့လူအပေါ်မှာထားတဲ့ မျှော်လင့်
ချက်တွေ၊ မှီခိုတွယ်တာချင်တဲ့ စိတ်တွေကို
စွန့်ပစ်လိုက်နိုင်ဖို့လည်းလိုတယ်တဲ့ . . .

ငါကတော့ရှင်းတယ်။

အဲ့ဒီလူဟာ ငါ့အတွက်ဖြစ်တည်ထားတာ
မဟုတ်ဘူးဆိုတာ သေချာတာနဲ့
အဲ့ဒီလူနဲ့ပတ်သက်သမျှအရာအားလုံးကို
အမှိုက်တခုလိုမျိုး စိတ်ထဲကနေ
စွန့်ထုတ်ပြီး ဖယ်ရှားပစ်လိုက်တာပဲ။

ငါရဲ့ စိတ်ဓာတ်ကို ပြတ်သားလွန်းတဲ့
စိတ်ဓာတ်မျိုးလို့ သတ်မှတ်ရင်လည်း
ရတယ်။

ဘာလို့လဲဆိုတော့ အခုလို ရဲရဲတောက်
ပြတ်သားတတ်လာအောင် ငါဖြတ်သန်းခဲ့
ရတဲ့ကာလထဲက ဆုံ‌တွေ့ခဲ့ရတဲ့
လူတချို့ကပဲ သင်ပေးသွားခဲ့တာ
မို့လို့လေ . . . 🥀🤎

ငါညံ့ရင်  ငါခံရမယ်သူများကို အပြစ်မတင်ဘူး ။ငါလဲရင် ငါထရမယ်တွဲထူမယ့်သူလဲ ငါမမျှော်ဘူး ။ငါပျင်းလို့ ငါဖျင်းတာကြိုးစားတဲ့သူက...
12/05/2024

ငါညံ့ရင် ငါခံရမယ်
သူများကို အပြစ်မတင်ဘူး ။

ငါလဲရင် ငါထရမယ်
တွဲထူမယ့်သူလဲ ငါမမျှော်ဘူး ။

ငါပျင်းလို့ ငါဖျင်းတာ
ကြိုးစားတဲ့သူကို မနာလိုမဖြစ်ဘူး ။

ငါမလေ့လာလို့ ငါမတက်တာ
သူများနှိမ်လဲ မနာဘူး ။

ငါ့လိုအပ်ချက် ငါဖြည့်ဆည်းရမယ်
မကူညီရကောင်းလားလို့လည်း ငါမမြင်ဘူး ။

ငါကောင်းအောင် ငါနေရမယ်
ငါမကောင်းတဲ့အခါ

အပေါင်းအသင်းကြောင့်လို့
ခေါင်းစဉ်မတတ်ဘူး ။

ငါ့အကြောင်း ငါသိနေရမယ်
ဒါမှ ပြုပြင်ပြောင်းလဲနိုင်မယ် ။

Credit

"လူတိုင်းဖတ်သင့်တဲ့စာ"ကိုယ့်အားကိုယ်ကိုးကိုယ့်စိတ်နဲ့ ကိုယ်ရှင်သန်ပါ။ချစ်တယ် ချစ်တယ်နဲ့ပစ်ပယ် သွားတတ်တဲ့ သူတွေရှိမယ်။စာန...
11/05/2024

"လူတိုင်းဖတ်သင့်တဲ့စာ"

ကိုယ့်အားကိုယ်ကိုး
ကိုယ့်စိတ်နဲ့ ကိုယ်ရှင်သန်ပါ။

ချစ်တယ် ချစ်တယ်နဲ့
ပစ်ပယ် သွားတတ်တဲ့ သူတွေရှိမယ်။

စာနာတယ် သနားတယ်နဲ့
နှိမ်ချသွားတတ်တဲ့ သူတွေရှိမယ်။

ကူညီတယ် ကူညီတယ်နဲ့
အခွင့်အရေး ယူသွားတတ်တဲ့ သူတွေရှိမယ်။

ချီးကျူးတယ်ချီးကျူးတယ်နဲ့
အပုပ်ချသွားတတ်တဲ့သူတွေရှိမယ်။

လောကကြီးထဲမှာ
နှုတ်ဖျားက ပျားသကာလိုချို နေပေမဲ့
အတွင်းသဘောက
ပုပ်ပွနေတတ်ကြတာကို သင်သိထားပါ။

ဘ၀သင်ခန်းစာဆိုတာ
ကိုယ်တိုင်ကြုံတွေ့ ဖြတ်သန်းဖူးမှ
သိတာဆိုပေမဲ့ ကြိုတင်သိရှိထားတော့
စိတ်ဆင်းရဲတဲ့ ဒုက္ခခံစားရမှုတွေကို
ရှောင်ရှားနိုင်ပါလိမ့်မယ်။

ဒါကြောင့် နှုတ်ခမ်းဖျားက
စကားတွေမှာ သာယာပြီး
လူတိုင်းကိုလည်း လွယ်လွယ်မချစ်နဲ့
လူတိုင်းကိုလည်း အထင်မကြီးနဲ့
လူတိုင်းကိုလည်း အယုံမလွယ်နဲ့
လူတိုင်းကိုလည်း အားမကိုးမိစေနဲ့

လူဆိုတာ အားနည်းချက်ကိုမှ
ချနင်းသွားတတ်ကြတယ်။

မြေပျော့ရင် ခြေရာကျန်သလို
စိတ်ပျော့ရင် တစ်သက်လုံး
ဒဏ်ရာထင်ကျန် နေတတ်တယ်။

မိမိအားနည်းချက် အခက်အခဲများကို
ဘယ်တော့မှ ထုတ်ဖော်မပြပါနဲ့ ။
အမြဲတမ်း စိတ်ဓာတ်မာကျောရဲရင့်သူဖြစ်နေပါစေ ။

မိမိဘ၀ကို မိမိကိုယ်တိုင်
လျှောက်လှမ်းကြရာမှာ
မိမိကိုယ်ကို အားကိုးပါ ယုံကြည်ပါ
ရဲရင့်ပါ ဇွဲလုံ့လ ဝီရိယထားပါ
စိတ်ဓာတ်မာကျောပါ
ဘယ်အရာကိုမှ တွေးမကြောက်ပါနဲ့ ။

ဖြစ်ပျက်ပြီးခဲ့သမျှ အရာတွေကို
ပြန်လှည့်မကြည့်ပါနဲ့
မိမိရပ်နေတဲ့ ခြေအစုံ နေရာတိုင်းမှာ
မိမိသွေးသား စိတ်ဝိညာဉ်တို့
တည်ကြည်ခိုင်မြဲနေပါစေ ။

#𝘾𝙧𝙚𝙙𝙞𝙩 #𝑠𝑎𝑖𝑝𝑜𝑛𝑒𝑙𝑜𝑎𝑛𝑤𝑛

"စာဖတ်ပါ"စိတ်ဓာတ်တွေ ပြိုလဲတဲ့အခါကိုယ်တိုင်ပြန်ထူမတ်နိုင်ဖို့ စာဖတ်ပါ"လူတွေရဲ့ပြောင်းလဲတတ်တဲ့စိတ်ကိုခံနိုင်ရည်ရှိဖို့ စာ...
10/05/2024

"စာဖတ်ပါ"

စိတ်ဓာတ်တွေ ပြိုလဲတဲ့အခါ
ကိုယ်တိုင်ပြန်ထူမတ်နိုင်ဖို့ စာဖတ်ပါ"

လူတွေရဲ့ပြောင်းလဲတတ်တဲ့စိတ်ကို
ခံနိုင်ရည်ရှိဖို့ စာဖတ်ပါ"

ပတ်ဝန်းကျင်ကို မကြောက်ဘဲ
ရင်ဆိုင်တက်ဖို့ စာဖတ်ပါ"

စိတ်တွေညစ်ထွေးလာတဲ့အခါ
စိတ်ကိုကြည်လင်သန့်ရှင်းဖို့စာဖတ်ပါ"

ဒေါသထွက်လာတဲ့အခါ
ကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းချုပ်နိုင်ဖို့စာဖတ်ပါ"

အသည်းကွဲသွားတဲ့အခါ
ဘဝတစ်ခုလုံးပျက်သွားတာမဟုတ်မှန်း
နားလည်ဖို့စာဖတ်ပါ"

အိမ်မက်တွေကိုအကောင်းထည်ဖော်နိုင်ဖို့
စာအုပ်တွေကလမ်းပြပေးနိုင်တာမို့စာဖတ်ပါ"

ကြုံလာသမျှ လောကဓံကို
အကောင်းဆုံး ရင်ဆိုင်တက်ဖို့စာဖတ်ပါ"

ကိုယ့်ကိုယ်ကိုယ်
ပြန်ရှာမတွေ့တော့တဲ့အခါစာဖတ်ပါ"

စာဖတ်ခြင်းရဲ့ရလဒ် ကောင်းကျိုးများကို
စာဖတ်သူတိုင်း ရကြပါစေ....။

Credit to original writer
Copy by #မိုးမခ ( ဧရာ အနောက် )

ပညာတတ်ခြင်း မတတ်ခြင်း နှစ်ခုကြားမှာ စာနာတတ်ခြင်း ရှိတဲ့သူက ပိုပြီး လူသားဆန်တယ်မြင့်မြတ်ခြင်းနဲ့ ယုတ်ညံ့ခြင်း နှစ်ခုကြားမ...
10/05/2024

ပညာတတ်ခြင်း မတတ်ခြင်း
နှစ်ခုကြားမှာ စာနာတတ်ခြင်း ရှိတဲ့သူက
ပိုပြီး လူသားဆန်တယ်

မြင့်မြတ်ခြင်းနဲ့ ယုတ်ညံ့ခြင်း
နှစ်ခုကြားမှာ လူကိုလူလို ဆက်ဆံ
တတ်တဲ့သူက ပိုပြီး လူသားဆန်တယ်

လက်ဖဝါးနဲ့ လက်ဖမိုး အုပ်စု
နှစ်ခုကြားမှာ အမှန်တရားကို
ဆုပ်ကိုင်နိုင်တဲ့ ဘက်ခြမ်းက
ပိုပြီး လူသားဆန်တယ်

အနိုင်နဲ့ အရှုံး နှစ်ခုကြားမှာ
ကိုယ်ကျိုးအတွက် သိက္ခာကို
ချနင်းနေသူထက် အများအကျိုး
အတွက် အသက်ကို စတေးရဲ သူတွေက
ပိုပြီး လူသားဆန်တယ်

ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်း
နှစ်ခုကြားမှာ စွန့်လွှတ်ရဲ ပေးဆပ်ရဲတဲ့
သူက ပိုပြီး လူသားဆန်တယ်

ခါးသီးခြင်းနဲ့ ချိုမြိန်ခြင်း
နှစ်ခုကြားမှာ ဘဝ ရေဆန်ကို
အားမာန်နဲ့ ကူးနေသူက ပိုပြီး လူသား
ဆန်တယ်

အရှက်တရား မရှိသူတွေက
ပြောချင်ရာပြောတတ်တယ်
လူသားမဆန်တဲ့သူတွေက လုပ်ချင်ရာ
လုပ်တတ်တယ်

ဒါပေမယ့်...

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ
နှစ်ခုကြားမှာ ကိုယ့်အကျိုးအတွက်
တစ်ခြားသူတွေကို ထိခိုက်နစ်နာအောင်
မလုပ်တတ်တဲ့ ကိုယ်ကျင့်တရား ရှိသူက
ပိုပြီး လူသားဆန်ပါတယ်။

#𝘾𝙧𝙚𝙙𝙞𝙩

"မိဘကိုသိတတ်တဲ့သားသမီးဘယ်တော့မှမဆင်းရဲဘူး".............................................................................မ...
09/05/2024

"မိဘကိုသိတတ်တဲ့သားသမီးဘယ်တော့မှမဆင်းရဲဘူး".............................................................................
မိဘကိုလုပ်ကျွေးတဲ့သားသမီးတွေက ရှာဖွေရပိုလွယ်တယ်။မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သားသမီးတွေက ပိုပြည့်စုံလာတယ်။
မိဘကိုလုပ်ကျွေးတဲ့သူက ရှာဖွေရပိုလွယ်တယ်။
မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူက ပိုပြည့်စုံလာတယ်။
မိဘကိုပြန်ကြည့်တတ်တဲ့သူက ပိုအဆင်ပြေလာတယ်။
မိဘစကားနားထောင်တဲ့သူက ပိုစိတ်ချမ်းသာရတယ်။
ဒါကြောင့်ရှိနေတုန်းမှာ သိတတ်ပါ။ အသက်ကြီးမှ ပြန်ကြည့်မယ်လိုမတွေးပါနဲ့
ကိုယ်ပြန်ကြည့်နိုင်တဲ့အချိန်သူတိုရှိချင်မှရှိတော့လိမ့်မယ်။
မချမ်းသာလို မပြည့်စုံသေးလိုဆိုတဲ့ဆင်ခြေတွေအစားကိုယ်တတ်နိုင်သလောက်
အဖေအမေကြိုက်တတ်တဲ့ မုန့်ကလေးတထုတ် နွေးထည်လေးတထည်
ဖိနပ်လေးတရံနဲ့တင် သူ့တိုကိုစိတ်ချမ်းသာစေတယ် ပြည့်စုံစေတယ်။
စကားတခွန်းရှိတယ်။ မိဘအတွက်ကုန်သွားတဲ့ငွေက အမြဲဆယ်ဆပြန်လာတယ်။
ကိုယ့်ဆီက နဲနဲရပီး များများပြန်ပေးချင်သူကမိဘတွေအပြင်မရှိပါဖူး။
လက်ရှိ အောင်မြင်နေတဲ့သူတွေကိုကြည့်ရင် မိဘကို သိတတ်သူတွေ။
ချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင် မိဘကိုဘယ်တုန်းကမှမငြိုငြင်တတ်သူတွေ။
မယုံမရှိနဲ့။ သူတိုကြောင့် မိဘအဆင်ပြေတာမဟုတ်ပဲ
မိဘကြောင့် သူတိုအဆင်ပြေနေတာကို သူတိုယုံကြည်တယ်။
မိဘကိုသိတတ်တဲ့သား၊သမီး ဘယ်တော့မှမဆင်းရဲဘူး ဒါဟာတကယ့်လက်တွေ့ပါ။အဆင်မပြေဘူးဆိုရင်တောင် ခဏပဲနောက်ပိုင်း သူ့အလိုလို အဆင်ပြေသွားတတ်တယ်။မိဘဆိုတာ လူပိုကြီးတွေမဟုတ်ဘူးဆိုတာတချိုတွေကို သိစေချင်ပါတယ်။ အိုရင်ပယ်တတ်တဲ့ လူတွေကို အသိစိတ်လေးတစ်ခုလောက်ထည့်ပေးစေချင်တယ်။
အမှန်တော့ မိဘတွေဆိုတာ သူ့ထမင်းထုပ်နဲ့ သူလာတာပါ မိဘနှစ်ပါးကို အိမ်ပေါ်ခေါ်တင်ကျွေးမွေးထားရလိုဆင်းရဲရတဲ့ သားသမီးဆိုတာ မရှိပါဘူး။မိဘကို မိဘမှန်းမသိတတ်လို ပစ်ထားတဲ့သူတွေမှ အများကြီးရှိကြပါတယ်။
မိဘကျေးဇူးဆိုတာ ဆပ်ခွင့်ထိုက်တဲ့သူမှ ဆပ်ခွင့်ရတာပါ ဒါတောင်ကျေအောင်ဆပ်တာမဟုတ်ဘူးနော်
အတုမရှိ ဗုဒ္ဓမြတ်စွာဘုရားရှင်ကမိဘကျေးဇူး ကိုအကုန်ကျေခဲ့ပါတယ်။ကျွန်မတိုလို ပုထုဇဉ်လူသားတွေအဖို သက်ရှိထင်ရှားမိဘနှစ်ပါးကို လက်ရှိအချိန်မှာ ကျွေးမွေးပြုစုစောင့်ရှောက် ရခြင်းကမွန်မြတ်တဲ့ကုသိုလ်ကံကြောင့်ပါ။
အဖေရယ်၊အမေရယ် လိုခေါ်ခွင့်ရ ချိန်ရှိတုန်းလေးမှာ ကျေးဇူးတရားတွေကို သိတတ်နားလည်ပါ။ တချိုဘဝတွေဆိုငယ်ငယ်ကတည်းက အဖေမရှိ အမေမရှိနဲ့ မိဘမေတ္တာကို တောင်းတပေမယ့် ဘယ်တော့မှ မရပဲ ဆုံးရှုးခဲ့ကြရပါတယ်။
ကျွန်မ တရားနာဖူးတဲ့ အထဲကမှတ်သားဖူးတာလေးရှိတယ် မိဘဆိုတာအလှူခံပုဂိုလ်နဲ့တူတယ်တဲ့ အလှူတွေ သဒ္ဒါတရားထက်သန်ရင် ထက်သန်သလောက် မိမိမှာလည်းအကျိုးပေးပါတယ်။
အမေတိုအဖေတိုကို ဘာလေးလုပ်ပေးချင်လိုက်တာလိုစိတ်လေးကူးလိုက်တာနဲ့ စိတ်ကူးထဲကအတိုင်း ဆန္ဒပြည့်သွားမျိုးလေးတွေ မကြာခဏကြုံဖူးတယ် ဒါ့ကြောင့်လဲ မိဘကိုသိတတ်တဲ့သားသမီးက ဘယ်တော့မှ မဆင်းရဲဘူးဆိုတာသေချာပြောနိူင်တာပါ။
မိဘကိုပျော်အောင်ထားရင် ကိုယ်တိုင်လည်းပျော်ရွှင်ရသလို မိဘကိုစိတ်ချမ်းသာအောင်ထားရင် ကိုယ်တိုင်လည်းစိတ်ချမ်းသာရပါတယ် အဲ့ဒါမယုံမရှိနဲ့တကယ့် ကိုယ်တွေ့ပါ။မိဘရဲ့မျက်ရည်ကို မြေကျအောင်လုပ်တဲ့သားသမီးက ဘယ်တော့မှ မကြီးပွားဘူး မချမ်းသာဘူး ဒါကြောင့် အဖေတိုအမေတိုအပေါ် မပစ်မှားမိပါစေနဲ့နော်။
တောင်းဆိုးပလုံးဆိုသာ ပစ်ရိုးထုံးစံရှိပေမယ့် သားဆိုးသမီးဆိုး ဆိုရင် အဖေတိုအမေတိုက သိပ်ချစ်တာ ဘယ်တော့မှ မပစ်ဘူး ဒါပေမယ့် အဲ့ဒီအပေါ်မှာစိတ်ကွက်ပြီး မိဘတွေအပေါ် အထင်မမှားပါနဲ့
မိဘတိုင်းက သားသမီးအားလုံးကိုချစ်ပါတယ် ချစ်လိုပဲ အသက်နဲ့ရင်းပြီး ဝမ်းနဲ့လွယ်မွေးခဲ့တာပေါ့ မိဘ
ဆိုတာ ဘယ်လိုပဲ ဖြစ်နေပါစေ မိဘက မိဘပါပဲ။
မိဘမေတ္တာက ကြီးကျယ်ခမ်းနားလွန်းပါတယ်
ဒါကြောင့်လည်း ဘုရားနဲ့နှိင်းပြီးတစ်ဂိုဏ်းထဲ ထားထားတာပါ ထိုကြောင့် လက်ရှိ မိဘတွေအပေါ် ပစ်ထားခဲ့မိရင် ပြောမှားဆိုမှားရှိခဲ့မိရင်တောင်းပန်လိုက်ပါ။ အဖေတိုအမေတိုအဆင်ပြေရဲ့လား?နေကောင်းရဲ့လား?မေးပါ နွေးထွေးပေးပါ ကြင်နာပေးပါ မိဘဆိုတာ အသက်ကြီးလာတာနဲ့အမျှ သိပ်သနားဖိုကောင်းတာ။
စာဖတ်ဖူးတာလေးရှိတယ် မိဘတွေ အသက်ကြီးလာရင် ခလေးတွေလို ပြန်ဖြစ်သွားတတ်တယ်တဲ့ စိတ်ခံစားလွယ်တယ်၊ဝမ်းနည်းလွယ်တယ်၊အားငယ်နေတတ်ကြတယ် အဝေးက သားသမီးတွေ ပြန်လာလို လက်ထဲဘာမှ ပါမလာရင်တောင် အဖေတိုအမေတိုက သား၊သမီးတွေဆီက မေတ္တာကိုပဲပြန်မျှော်လင့်တာကြောင့် သားသမီးတွေက သူတိုရှိတဲ့ဆီကိုရောက်အောင်လာတယ်ဆိုရင်ပဲ ကျေနပ်ပီတိဖြစ်ပြီး အရမ်းကိုပျော်ကြပါတယ်။
ဒါကြောင့် မိဘတွေသက်ရှိထင်ရှားရှိနေတဲ့အချိန် ကျွေးမွေးပြုစုစောင့်ရှောက်ပါ၊ပေးကမ်းပါ၊စိတ်ချမ်းသာအောင်ထားပါကျွန်မ အပေါ်ကရေးခဲ့သမျှတွေက တကယ့်လက်တွေ့တွေ ပါ မိဘကိုသိတတ်တဲ့ သားသမီးက ဘယ်တော့မှမဆင်းရဲဘူး အခက်အခဲဒုက္ခနဲ့ကြုံရင်တောင် ခဏပဲ သူ့အလိုလိုအဆင်ပြေသွားတာပါ။
သူများတော့မသိဘူး ကျွန်မကမိဘနဲ့ပါတ်သက်လာရင် မျက်ရည်က အလိုလိုကျလာတတ်တယ်။ကျွန်မအသက်ရှင်နေသရွေ့ ကျွန်မမိဘအတွက် ကျွန်မအမြဲရှိနေမှာပါ။
"ချမ်းသာချင်ရင် မိဘကိုချမ်းသာအောင်ထားပါ"ဒီစာစုလေးကိုဖတ်ပြီး စာချစ်သူတိုမိဘကျေးဇူးကိုသိတတ်တဲ့ သားသမီးအလိမ္မာတွေဖြစ်ကြပြီး စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒတွေပြည့်စုံကြပါစေ....❤️❤️❤️
#မေဆု(ရာမညမြေ)



ကိုယ်ချင်းစာစိတ်
09/05/2024

ကိုယ်ချင်းစာစိတ်

မြေပျော့ရင်    ခြေရာကျန်မယ်စိတ်ပျော့ရင်    ဒဏ်ရာကျန်မယ် ဒါကြောင့်မချစ်ပါနဲ့...မချစ်သင့်တဲ့ လူကို မချစ်ပါနဲ့။မလွမ်းပါနဲ့....
09/05/2024

မြေပျော့ရင် ခြေရာကျန်မယ်
စိတ်ပျော့ရင် ဒဏ်ရာကျန်မယ်
ဒါကြောင့်

မချစ်ပါနဲ့...
မချစ်သင့်တဲ့ လူကို မချစ်ပါနဲ့။

မလွမ်းပါနဲ့...
မလွမ်းသင့်တဲ့ လူကို ဘယ်တော့မှ မလွမ်းနဲ့။

လူတိုင်းကို ကိုယ့်စိတ်နဲ့ နှိုင်းပြီး ဘယ်တော့မှ မယုံကြည်နဲ့
-လူတိုင်းက ကိုယ့်စိတ်လိုမဟုတ်ကြဘူး။

ပြင်လိုက်ပါ...
အားငယ်တတ်တဲ့ အကျင့်ကိုပြင်။
လူတိုင်းကို ယုံလွယ်တဲ့ အကျင့်ကိုပြင်။
သင့်ကိုသင် မယုံကြည်တဲ့ အကျငိ့ကိုပြင်။
တွေးပြီး ၀မ်းနည်းတတ်တဲ့ အကျင့်ကိုပြင်။
စိုးရိမ်စိတ်များတဲ့ အကျင့်ကိုပြင်ပါ။

သင်က အားငယ်တတ်ရင် လူတွေက ချနင်းတယ်
~တကိုယ်ကောင်း ဆန်သင့်တဲ့နေရာမှာ ဆန်ပါ။
~မာနကြီးရမယ့် နေရာ မာနကြီးပါ။
~အတ္တကြီးသင့်တဲ့နေရာ အတ္တကြီးပါ။

အားငယ်ပြီး စိတ်ညစ်နေတတ်ရင်...
လူတိုင်းက လိမ်ညာလှည့်စားမှာပဲ။

လူတယောက်က မနာလိုလို့ သင့်မကောင်းကြောင်းပြောရင်တောင်၊.
ပြုံးပြုံးလေးနေပြလိုက်ပါ

လူတယောက်ရဲ့ လိမ်ညာခံရခဲ့ရင်
စိတ်ညစ်မနေနဲ့ သင်တခါပဲ လိမ်ညာခံလိုက်ပါ
ထိုလိမ်ညာခံရတိုင်း သင့်အတွက် ရင့်ကျက်မှုတွေပါပဲ

လူတွေရဲ့ လှည့်စားခံရလေလေ..
ကိုယ့်အတွက် ပညာရလေပါပဲ

လိမ်စမ်းပါ။ညာစမ်းပါ။မနာလိုစမ်းပါ။
(ပြုံးပြပြီး စိန်ခေါ်လိုက်စမ်းပါ)...

လူတယောက်ကြောင့် သင်က စိတ်ညစ်နေရင်
သင်ဟာ အမြဲ ရှုံးနိမ့်နေရမှာပဲ။

ဘာအတွက် စိတ်ညစ်နေမှာလည်း ?

~မိဘအတွက် အားတင်းထားပါ။
~သင့်အတွက် အကောင်းဆုံးတွေ ဖန်တီးရအုံးမယ်။
~သင့်ရှေ့ရေးအတွက် အကျိုးရှိတာ လုပ်ရအုံးမယ်။
~သင့် သံသရာအတွက် ကြိုးစားရအုံးမယ်။
~သင်ကို လူတိုင်းအကောင်းမြင်ဖို့ ကြိုးစားရအုံးမယ်။

ဒီနေ့ စိတ်ညစ်ရင် ညစ်လိုက်ပါ...
ဒါပေမဲ့...
မနက်ဖြန်တိုင်းက သင့်အတွက် ပြုံးပျော်နိုင်ပါစေ...

& Photo

အသက်အရွယ်လေး ရလာတာနဲ့အမျှမဆိုင်တဲ့ကိစ္စတွေမှာ ဝင်မပါဖို့ဂရုစိုက်ရမယ်...။တချို့ကိစ္စတွေမှာ မဆီမဆိုင်ဝင်ပြောမိတဲ့ကိုယ့်စကာ...
07/05/2024

အသက်အရွယ်လေး ရလာတာနဲ့အမျှ
မဆိုင်တဲ့ကိစ္စတွေမှာ ဝင်မပါဖို့
ဂရုစိုက်ရမယ်...။

တချို့ကိစ္စတွေမှာ မဆီမဆိုင်ဝင်ပြောမိတဲ့
ကိုယ့်စကားတွေဟာ
တစ်ဖတ်သားနားဝမှာ အဆင်မပြေဖြစ်နေတတ်တယ်...။

မိမိအနေနဲ့ နားလည်လာတာက
စကားကိုနည်းနိုင်သမျှ နည်းလာသင့်တယ် ဆိုတဲ့
အသိတရားတစ်ခုပါပဲ..။

နေရာတိုင်းမှာဆင်ခြင်တုံတရားနဲ့
ထိန်းထိန်းသိမ်းသိမ်းနေတတ်ဖို့
မဆိုင်တဲ့နေရာ ဝင်မပါဖို့
အရေးကြီးပါတယ်...။

တိတ်ဆိတ်တဲ့ပါးစပ် အေးမြမှုပေးပါတယ်..။

ှင်ပုည (အင်းဝ)
🥀🧡🥀🧡🥀🧡🥀🧡🥀🧡🥀

အရမ်းကြီးလည်းအားမနာပါနဲ့ အရမ်းကြီး အားနာမိရင် တစ်ချို့လူတွေက ကိုယ့်ကို အသုံးချသွားတတ်တယ်။ အရမ်းကြီးလည်း ဂရုမစိုက်ပါနဲ့ အ...
07/05/2024

အရမ်းကြီးလည်းအားမနာပါနဲ့
အရမ်းကြီး အားနာမိရင်
တစ်ချို့လူတွေက
ကိုယ့်ကို အသုံးချသွားတတ်တယ်။

အရမ်းကြီးလည်း ဂရုမစိုက်ပါနဲ့
အရမ်းကြီး ဂရုစိုက် မိရင်
ကိုယ့်ရဲ့တန်ဖိုးကို
နားမလည်ကြတော့ဘူး။

အရမ်းကြီးလည်း မလိုက်လျောပါနဲ့
အရမ်းကြီးလိုက်လျောမိရင်
ကိုယ့်အပေါ် အပိုင်စီးနင်း
အနိုင်ယူလာတတ်တယ် ။

အရမ်းကြီးလည်းချစ်မပြပါနဲ့
အရမ်းကြီးချစ်မိရင်
ကိုယ့်ရဲ့တန်ဖိုးမဲ့သွားတတ်တယ်။

အရမ်းကြီးလည်းမမုန်းပါနဲ့
အရမ်းမုန်းမိရင်
ကိုယ်ပဲပူလောင်နေရတယ်။

အရမ်းကြီးလည်းစကားမများပါနဲ့
အရမ်းစကားများရင်
ကိုယ်ပဲရန်များရတယ်။

အရမ်းကြီးလည်းမလိုချင်ပါနဲ့
အရမ်းလိုချင်မိရင်
ကိုယ်ပဲစိတ်ဆင်းရဲရတယ်။

အရမ်းကြီးလည်းမယုံပါနဲ့
အရမ်းယုံမိရင် နောက်ဆုံး
ကိုယ်ပဲ နာကျင်ရတယ် ။

အရမ်းကြီးလည်းအရှုံးမပေးပါနဲ့
အရမ်းကြီးအရှုံးပေးမိရင်
ကိုယ်အပေါ် အနိုင်ယူတတ်တယ် ။

အရမ်းကြီးလည်းအယုံမလွယ်ပါနဲ့
အရမ်းယုံလွယ်မိရင်
နောက်ဆုံး မဖြစ်သင့်တာတွေဖြစ်ရတယ်

အရမ်းကြီးလည်း အရောမဝင်ပါနဲ့
အရမ်းကြီး အရောဝင်မိရင်
ကိုယ်ပဲ တန်ဖိုးမဲ့သွားရတတ်တယ်။

အရမ်းကြီးလည်း မချစ်ပါနဲ့
အရမ်းကြီး ချစ်မိရင်
ကိုယ်ပဲ အရမ်းခံစားရတယ်။

ဒါကြောင့် ဘယ်အရာမဆို
အလယ်အလတ်လေးပဲ နေတာ
အကောင်းဆုံးပါပဲ။

ဘယ်လောက်ချစ်ချစ် ဘယ်လောက်ခင်ခင်
ဘယ်လောက်သိသိဘယ်လောက်သံယောဇဉ်ရှိရှိ
ဘယ်လောက်ရင်းနှီးနှီး ဘယ်သူ့အပေါ်မဆို
အလိုက်အထိုက်လေးပဲနေတာအကောင်းဆုံးပါပဲ။

Credit-

 #ပြိုလဲမယ့်အချိန်တိုင်း ငါရှင်သန်မှ ဖြစ်မယ်ဆိုတဲ့စိတ်နဲ့ သန်မာခဲ့ဖူးတယ်။ #ကျရှုံးတဲ့အခါတိုင်း ရှေ့ဆက်တိုးဖို့ အားယူမှ ရ...
07/05/2024

#ပြိုလဲမယ့်အချိန်တိုင်း ငါရှင်သန်မှ ဖြစ်မယ်ဆိုတဲ့စိတ်နဲ့ သန်မာခဲ့ဖူးတယ်။

#ကျရှုံးတဲ့အခါတိုင်း ရှေ့ဆက်တိုးဖို့ အားယူမှ ရမယ်ဆိုတဲ့စိတ်နဲ့ နောက်တစ်လှမ်းဆုတ်သွားတဲ့ ခြေလှမ်းတွေကို ရှေ့ဆက်နိူင်အောင် ခွန်းအားပေးခဲ့ရတယ်။

#ဘဝမှာ သန်မာနိူင်အောင်
စိတ်ဓါတ်ကို အကြိမ်ကြိမ် အားထင်ထားရတာလည်း အခါခါပါပဲ။

#ရှင်သန်ခြင်းတွေမှာ စိတ်ဓါတ်တွေ
အကြိမ်ကြိမ် ကျနေရင် ဘဝကို အရှုံးပေးလိုက်ရတာနဲ့အတူတူပါပဲ ဒါကြောင့်
ဖြစ်ပျက်လွယ်တဲ့ သံသရာ မှာ ဘယ်အရာကမှမမြဲဘူးဆိုတာ သိဖို့လိုပါတယ်။

#ဒါမှလည်း အဓိကနဲ့သာမညကို ခွဲခြားပြီး
ဘယ်အရာတွေကိုတော့ စိတ်ထဲ ကြာကြာထားသင့်ပြီး ဘယ်အရာတွေကိုတော့ စိတ်ထဲ မထားသင့်ဘူးဆိုတာ ကိုယ်တိုင်သိမှရမှာပါ။

#စိတ်ချမ်းသာခြင်း၊စိတ်ဆင်းရဲခြင်း
အဆင်ပြေခြင်း၊အဆင်မပြေခြင်း
အောင်နိူင်ခြင်း၊ကျရှုံးခြင်း
ချစ်ခြင်း၊မုန်းခြင်း
စတာတွေဆိုတာ ခဏလေးပါပဲ အ ချိန်တစ်ခုကျော်လွန်သွားတာနဲ့ ပြီးသွားမယ့်အရာတွေအပေါ်မှာ အစွဲမထားပါနဲ့။

#ညတိုင်း အိပ်ယာမဝင်ခင်
အရာအားလုံးကို ခွင့်လွှတ်ပြီးမှ
စိတ်ရှင်းရှင်းနဲ့အိပ်စက်ပါ။ဒါမှ မနက်ခင်းတိုင်းမှာ စိတ်ကြည်လင်ပြီး လူရောစိတ်ပါ စိတ်ချမ်းသာကိုယ်ကျန်းမာရှိမှာပါ။

#ဒါကြောင့် လည်း လူလူချင်းတူရင်တောင်
တစ်ချို့က နေပူပြင်မှာ ရုန်းကန်လှုပ်ရှား
ရှင်သန်ရပေမယ့်
ပျော်နိူင်တဲ့ ဘဝကို ပိုင်ဆိုင်ခွင့်ရကြပြီး
တစ်ချို့ကျ အေးချမ်းတဲ့နေရာမှာ
နေရပေမယ့် အမြဲပူလောင်နေကြရတယ်။

#မလိုတာတွေ သိပ်မစွဲနဲ့
အတ္တတွေ လွှတ်ချနိူင်အောင်ကြိုးစားပါ
လောဘ၊ဒေါသ၊မောဟ၊မာန၊တွေ နည်းသွားတဲ့တစ်နေ့
ရှင်သန်ခြင်းတွေမှာ အဆင်ပြေတာ
မပြေတာထက် နေသလိုဖြစ်တဲ့ဘဝမှာ
စိတ်ချမ်းသာအောင်နေတတ်ရင်ပဲ အေးချမ်းနေပါပြီ။

လေးစားစွာဖြင့်
မေဆု(ရာမညမြေ)

ကျွန်မက မရပ်ဘူးဆက်သွားနေအုံးမှာ ။❤ကျွန်မကို လဲကျနေစေချင်တဲ့သူတွေအတွက်ပိုပြီး ရပ်တည်ပြရအုံးမှာ ။❤ကျွန်မကို ဆွဲချနေလည်းခြေ...
07/05/2024

ကျွန်မက မရပ်ဘူး
ဆက်သွားနေအုံးမှာ ။❤

ကျွန်မကို လဲကျနေစေချင်တဲ့သူတွေအတွက်
ပိုပြီး ရပ်တည်ပြရအုံးမှာ ။❤

ကျွန်မကို ဆွဲချနေလည်း
ခြေလှမ်းဆက်လှမ်းနေအုံးမှာ ။❤

ကျွန်မကို မုန်းတီးနေကြတဲ့သူတွေရှေ့
သိပ်အဆင်ပြေစွာနေပြရအုံးမှာ ။❤

ကျွန်မ အပြုံးကို မလိုတဲ့သူတွေကြောင့်
ပိုပြီး ပြုံးပျော် ရယ်မောပြရအုံးမှာ ။

ကျွန်မကို အနိုင်ယူချင်ကြတဲ့သူတွေရှေ့
သန်မာပြရအုံးမှာ ။❤

ကျွန်မကို ဝေဖန်တိုက်ခိုက်နေကြတဲ့သူတွေမောသွားအောင်
ခံနိုင်ရည်ရှိရှိ ရပ်တည်ပြရအုံးမှာ ။❤

ကျွန်မရဲ့ စိတ်အဖြူထည်ကို အရောင်‌ဆိုးခဲ့ကြတဲ့သူတွေ
ဝဋ်လည်မယ့်နေ့ကို အလှဆုံးနေပြီး စောင့်ကြည့်အုံးမှာ ။❤

ကျွန်မကို လဲကျပါစေဆိုတဲ့စိတ်နဲ့ ယုတ်မာနေကြတဲ့သူတွေအတွက် မျက်နှာပြောင်တိုက်ပြီး ပိုကောင်းတဲ့ဘဝ တစ်ခု တည်ဆောက်အုံးမှာ ။❤

ကျွန်မကို လှည့်စား အသုံးချသွားတဲ့သူတွေကို
သွေးအေးအေးနဲ့ ထပ်တိုက်တွေ့အုံးမှာ ။❤

အဲ့ဒီနေ့က ဘယ်တော့လဲ မသိပေမယ့်
ရောက်အောင်သွားမှာ ။❤

ဒီနေ့ ဒီအချိန်အထိ
နာကျင်စေခဲ့သူ ၊ ပြုံးပျော်စေခဲ့သူတွေရဲ့ မျက်နှာကို
တခုမှ မမေ့ဘူး ။❤

ခက်ခဲပင်ပန်းနေချိန်မှာတောင်
ပျော်စရာအခိုက်အတန့်ကို ဖန်တီးပေးခဲ့တဲ့သူ ။❤

အဆင်ပြေမယ့် ရောင်နီကိုမြင်ရချိန်
ပျက်စီးလိုစိတ်နဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်စီးခဲ့သူ ။❤

ပေးထားတဲ့ အတိုင်း ပြန်ပေးဖို့
စိတ်ရည်သွေးနေပြီမို့
ပေးထားတဲ့အတိုင်း လက်ခံဖို့ အသင့်ပြင်ထားပေးပါ ။❤

ဖိချလိုက်တိုင်း သေးသိမ်ကျုံ့ဝင်သွားမယ့် အမျိုးသမီးထဲ
ကျွန်မ မပါဘူး ။❤

ထိုးနှက် ချေမွခံရတိုင်း
အစက ပြန်စဖို့ သတ္တိအပြည့်ရှိတဲ့ မိန်းမ မျိုးပါ ။❤

နင်တို့ အနိုင်ကျင့်ဖို့လူရွေးတာ
အရွေးမှားသွားခဲ့ပုံပဲ


ကိုယ့်ပုံစံနဲ့ကိုယ်နေပါ။ လူတစ်ယောက်အချစ်ကိုရဖို့ အတွက်...အချစ်ခံရဖို့အတွက်နဲ့ ကိုယ့်ပုံစံကို မပြောင်းလဲပါနဲ့..။ ကိုယ့်ပု...
06/05/2024

ကိုယ့်ပုံစံနဲ့ကိုယ်နေပါ။

လူတစ်ယောက်အချစ်ကိုရဖို့ အတွက်...အချစ်ခံရဖို့အတွက်နဲ့ ကိုယ့်ပုံစံကို မပြောင်းလဲပါနဲ့..။

ကိုယ့်ပုံစံကိုပြောင်းလဲ ပြီးမှ ရတဲ့အချစ်က အချစ်စစ်မဖြစ်နိုင်ပါဘူး။ ခနအတွင်းလေးမှာနဲ့ အရောင်တွေပျက်ပြဲသွားပါလိမ့်။

ကိုယ့်ရဲ့ ဖြစ်တည်မူကို မြတ်နိုးတဲ့သူကိုဘဲ ချစ်ပါ။ ကိုယ့်ရဲ့ ရှင်သန်ပုံကို တန်ဖိုးထားတဲ့သူကိုဘဲချစ်ပါ။
ကိုယ့်ဘဝကို နားလည်လက်ခံပေးနိုင်တဲ့သူကိုဘဲ ချစ်ပါ။

ကိုယ့်ပုံစံနဲ့ကိုယ်နေပါ...မူရင်းက မိတ္တူထက်ပိုအဖိုးတန်ပါတယ်။

မေတ္တာများစွာဖြင့်
(ဘဝစာပေ)

"ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့"==================အလုပ်တစ်ခုကို ငါမလုပ်နိုင်ပါဘူးလို့ဘယ်တော့မှ မတွေးလိုက်ပါနဲ့ကိုယ့်ကို စွ...
05/05/2024

"ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့"
==================
အလုပ်တစ်ခုကို ငါမလုပ်နိုင်ပါဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့

ကိုယ့်ကို စွန့်ခွာသွားသူတစ်ယောက်ကို
ငါ မမေ့နိုင်ပါဘူးလို့ မတွေးလိုက်ပါနဲ့

သူများအလုပ် လုပ်ကိုင်နေရတော့
ငါ လုပ်ငန်းရှင်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့
မတွေးလိုက်ပါနဲ့

ကိုယ့်မှာ တီးတိုးဖော် မရှိတော့လို့
ငါ တစ်ယောက်တည်း မနေနိုင်ပါဘူးလို့ မတွေးလိုက်ပါနဲ့

ကိုယ်တန်ဖိုးထားရသူတွေ ဆုံးရှုံးတော့လို့
ငါ့ဘဝက အဓိပ္ပါယ်မဲ့သွားပြီလို့ မတွေးလိုက်ပါနဲ့

ရှုံးနိမ့်ခြင်းတွေ ကြုံနေရလို့
ကိုယ့်ကိုကိုယ် အသုံးမကျတဲ့သူပါလားလို့ မတွေးလိုက်ပါနဲ့

ကြမ္မာဆိုးတွေ မွှေနှောက်နေတိုင်း
ငါ့ဘဝက ဘယ်တော့မှ ကံမကောင်းနိုင်ဘူးလို့ မတွေးလိုက်ပါနဲ့

ရောဂါဝေဒ နာတွေ ခံစားနေရလွန်းလို့
ငါ့ဘဝက ဇာတ်သိမ်းခန်းရောက်ပြီလို့ မတွေးလိုက်ပါနဲ့

အဲဒိလို တွေးလိုက်မိပြီဆိုတာနဲ့ သင့်ဘဝက
တစ်ဝက်သေသွားတာ သေချာသွားပြီလေ

ပိုးစုန်းကြူးလို အကောင်သေးသေးလေးတွေတောင်
သူတို့မှာရှိနေတဲ့ ကိုယ်ပိုင်အလင်းရောင်နဲ့ လောကကြီးကို
အလင်းရောင် ပေးစွမ်းနေကြတယ်

အဆင်မပြေမှုတွေ နှလုံးသားရဲ့ ခံစားမှုတွေ
ဖိစီးနှိပ်ဆက်ခံရတိုင်း ဘဝကို ရေစုန်မျောနေမိရင်
လောကကြီးက မင်းကို ကောင်းကြီးပေးလာမှာ မဟုတ်ဘူးလေ

သူငယ်ချင်း.....ကိုယ့်ကိုကိုယ် အထင်သေးတဲ့တစ်နေ့
မင်းဟာ တန်ဖိုးမဲ့လူသားတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာပြီး
လူ့လောကကို လက်ကမ်းကြိုဆိုခဲ့တဲ့ မိဘမျက်နှာကို
အိုးမဲ သုတ်သလိုပဲ

ငါမလုပ်နိုင်ဘူး မဖြစ်နိုင်ဘူးလို့
တွေးတဲ့တစ်နေ့ မင်း သေသွားတဲ့နေ့ပဲ ဖြစ်သင့်တယ်

ခံစားချက်တွေများလွန်းလို့ မခံမရက်နိုင် ဖြစ်နေရင်
တစ်ရက်တော့ ငိုပါ
ပြီးရင်တော့ ပြုံးနိုင်အောင် ကြိုးစားပါနော်

လေးစားစွာဖြင့်....
ေးပါတယ် 🌸🌸🌸
#မေတ္တာဖြင့်ပြန်လည်ဝေမျှသည် ❤️
#ဘဝစာပေနှင့်ဗဟုသုတများ

05/05/2024
"ဘယ်သူ့ဆီကမှ ဘာမှမမျှော်လင့်တဲ့စိတ်ဟာ အငြိမ်းချမ်းဆုံးပါပဲ"ငါသာဆိုရင် သူ့နေရာမှာဆိုတဲ့စိတ်သာ လူတိုင်းမှာရှိခဲ့မယ်ဆိုရင် ...
05/05/2024

"ဘယ်သူ့ဆီကမှ ဘာမှမမျှော်လင့်တဲ့စိတ်ဟာ အငြိမ်းချမ်းဆုံးပါပဲ"

ငါသာဆိုရင် သူ့နေရာမှာဆိုတဲ့စိတ်သာ
လူတိုင်းမှာရှိခဲ့မယ်ဆိုရင် ဘယ်လိုဘဝမျိုး ဖြစ်နေပါစေ.. မျက်ရည်ကျစရာ၊
နာကျင်စရာတွေ ရှိမှာမဟုတ်ဘူး... ။

ဒဏ်ရာတွေဆီက သင်ယူရတယ်ဆိုတာသိရင် အမာရွတ်များတဲ့သူက ပိုရင့်ကျက်နေမှာပေါ့။ သို့ပေမယ့် ဒဏ်ရာများတဲ့သူကိုမှ ပိုနာကျင်အောင်လုပ်တတ်ကြတာ လူ့အသိုင်းအဝိုင်းမှာ သဘာဝလိုဖြစ်နေတော့ ဘယ်ဒဏ်ရာက ပိုနာကျင်ရကောင်းမှန်းမသိတော့ဘူးဖြစ်သွားတတ်တယ်။

ကိုယ့်ဒဏ်ရာကိုဆေးထည့်ပေးသယောင်နဲ့ ကိုယ့်အနားရောက်လာတဲ့သူတွေအပေါ် ယုံကြည်ခြင်းတွေနဲ့ မျှော်လင့်ချက်တွေထားခဲ့ဖူးတယ်.. နောက်ဆုံး ကိုယ်က လိုသုံးဖြစ်မှန်းမသိ ဖြစ်သွားတာပါပဲ။

တကယ်တမ်းတော့ ဘဝမှာလေ နေတတ်မယ်ဆိုရင် တစ်ယောက်တည်းနေတတ်အောင်နေတာအကောင်းဆုံးပါပဲ...
မေတ္တာတွေပိုနေတာလား..
အချစ်တွေ လျှံနေတာလား..
အကောင်းဆုံး ကိုယ့်အပေါ်ထားကြည့်ပါ
ကိုယ်ချစ်ရတဲ့သူ၊ ကိုယ့်ကို တန်ဖိုးထားတဲ့သူတွေအပေါ်ထားကြည့်ပါ.. တန်ပြန်သက်ရောက်ဖို့ မမျှော်လင့်နဲ့ ဒါပေမယ့် ဒီအကျိုးရဲ့အ‌ကြောင်းကတော့ ကိုယ့်အတွက် ကောင်းတာတွေပဲဖန်တီးလာမှာပါ။

"သင်ကောင်းလျှင် ကျွန်ပ်မဆိုးပါ"ဆိုတဲ့
စာတန်းကိုဖြုတ်ပြီး သူမကောင်းလည်း ကိုယ်ကောင်းနိုင်အောင်ကြိုးစားကြည့်ပါ။ ကိုယ့်အပေါ်မကောင်းနိုင်တဲ့သူတွေ သူ့အလိုလိုအနားက ထွက်ခွာသွားကြလိမ့်မယ်။

အတတ်နိုင်ဆုံး သူတစ်ပါးအပေါ် မျှော်လင့်နေတတ်တဲ့စိတ်ကို ပြင်လိုက်ပါ။
ဘယ်သူ့အပေါ်မှာမှ မမျှော်လင့်တဲ့စိတ်ဟာ အငြိမ်းချမ်းဆုံးပဲ မဟုတ်လား.. ။

အထီးကျန်တယ်ထင်ရင် ဇာတ်လမ်းတွဲတွေကြည့်လိုက်၊ ပျင်းတယ်ဆိုရင် စာအုပ်လေးဖတ်လိုက်၊ ကော်ဖီတစ်ခွက်နဲ့ သာယာတဲ့ရှုခင်းတွေအပေါ်အာရုံစိုက်ကြည့်..
ဘဝက ထင်သလောက်မလွယ်တာမဟုတ်ဘူး။ ခက်နေအောင်လုပ်လိုက်တာကိုက ကိုယ့်ရဲ့စိတ်ပါပဲ။

မတန်ဘူးထင်ရင် ဥပေက္ခာပြုထားလိုက်
တန်တဲ့သူတွေ သင့်အနားရောက်လာလိမ့်မယ်။
မမေ့သေးဘူးဆိုရင် နာကျင်စရာတွေနဲ့
နစ်ထားလိုက် တစ်ရက်ချင်းမေ့ရင် မေ့နိုင်သွားလိမ့်မယ်။
မခံစားနိုင်ရင် ဝအောင်ငိုပစ်လိုက်။
မနက်ဖြန်မှာ အကောင်းဆုံးပြုံးနိုင်သွား
လိမ့်မယ်။

လေးစားစွာဖြင့် ❤️
(ရာမညမြေ)

ကိုယ်ဘယ်လောက် ခင်ခင်၊ကိုယ်ဘယ်လောက် ချစ်ချစ်သစ္စာမဲ့တဲ့သူနဲ့တွေ့ရင်ကိုယ်ပေးလိုက်တဲ့အရာတွေက အားလုံးကဘေးရောက်သွားမှာပဲလေ။လေ...
05/05/2024



ကိုယ်ဘယ်လောက် ခင်ခင်၊
ကိုယ်ဘယ်လောက် ချစ်ချစ်
သစ္စာမဲ့တဲ့သူနဲ့တွေ့ရင်
ကိုယ်ပေးလိုက်တဲ့အရာတွေက
အားလုံးကဘေးရောက်သွားမှာပဲလေ။

လောကမှာ လူတစ်ချို့က
ခင်တွယ်မှန်းသိရင်
သစ္စာမဲ့မဲ့သွားတတ်တယ်။
တကယ်ချစ်မှန်းသိရင်
တန်ဖိုးမထားကြတော့ဘူး။
အလျှော့ပေးမှန်းသိရင်
အနိုင်ပိုကျင့်ချင်တယ်။
တိတ်ဆိတ်နေရင်
မှားတယ်လို့ထင်တတ်ကြတာ
သဘာဝပါပဲ။

တစ်ခါတလေ သူတို့အလိုကျနေပေးလိုက်တဲ့အခိုက်အတန့်တွေမှာ ဘာသံမှမထွက်ပေမယ့် တစ်ကြိမ်တစ်ခါလောက် ကိုယ့်ဘက်ကပြန်တုန့်ပြန်လိုက်ရင် လူကြမ်းကြီးရာထူးကိုအလိုလိုရသွားတတ်တယ်။

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေရဖို့ တန်ပြန်သက်ရောက်မှုတွေက ထပ်တူမကျတဲ့အခါ
အမြဲတမ်း တစ်ယောက်တည်း နေဖြစ်တဲ့
အခိုက်အတန့်တွေလည်းရှိတယ်။

ကိုယ်တစ်ယောက်တည်းနေရင် ဘာမှမသိနားမလည်ပေမယ့် အများနဲ့နေလို့ရတဲ့သင်ခန်းစာတွေကြောင့် လောကအလယ်မှာ ရင့်ကျက်သင့်သလောက်ရင့်ကျက်နေမှာပါ။

ကိုယ့်အနားရောက်လာတိုင်းလည်း
ကိုယ့်ကို တကယ်ခင်လို့၊ တကယ်စေတနာထား မေတ္တာရှိလို့ ဟုတ်ချင်မှဟုတ်မှာပါ
သိပ်အစွဲအလန်းမထားဖို့လိုပါတယ်။

သင်သိထားဖို့က လောကကြီးမှာ
ရှာဖွေရအခက်ခဲဆုံးက
သစ္စာရှိတဲ့သူငယ်ချင်းကောင်းနဲ့
စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေဆိုတာပါ

!!!. ..ပြောမှသိတဲ့ သူကိုပြောလိုက်ပါခိုင်းမှ လုပ်တဲ့သူကိုခိုင်းလိုက်ပါသူ့အသိစိတ်နဲ့ လုပ်မှာပဲလေ ဆိုပြီးအားနာမနေနဲ့လောကမှာ...
04/05/2024

!!!. ..ပြောမှသိတဲ့ သူကို
ပြောလိုက်ပါ
ခိုင်းမှ လုပ်တဲ့သူကို
ခိုင်းလိုက်ပါ
သူ့အသိစိတ်နဲ့ လုပ်မှာပဲလေ ဆိုပြီး
အားနာမနေနဲ့
လောကမှာ လူတိုင်းက
ကိုယ့်စိတ်နဲ့ နှိုင်းတိုင်း
ထပ်တူကျ ဖြစ်ချင်မှဖြစ်မှာပါ။

!!!. ..အားနာတတ်တဲ့ စိတ်နဲ့
အရာအားလုံး ကိုမခြုံထားပါနဲ့
လူမှုရေးအရ လုပ်ပေးလိုက်ရတာနဲ့
အားနာလို့ မဖြစ်မနေလုပ်ပေးတာခြင်းမတူပါဘူး
အားနာတယ် ဆိုတဲ့စကားနဲ့
အမြဲတမ်း သည်းခံပါ များလာတော့
တစ်ဖက်သူက
သိက္ခာတွေနင်းချင်သလိုနင်းသွားလိမ့်မယ်
မဖြစ်နိူင်ဘူးဆိုရင်
ပွင့်ပွင့် လင်းလင်းပြောတာအကောင်းဆုံးပါပဲ။

!!!. ..ကိုယ့်ဘက်ကသာ အားနာလို့သည်းခံပေးထားတာ
တစ်ဖက်သူက သိချင်မှသိမှာပါ
သူက ငါပြောသမျှရတယ်ဆိုတဲ့စိတ်နဲ့
အမြဲအနိူင်ယူပြီး သူတို့မလိုအပ်တဲ့အချိန်ဆို
ကိုယ်က လိုသုံးသာသာပါပဲ...
ဒါကြောင့် လောကကြီးထဲနေတဲ့အခါ
ရိုးသားစွာ နေပါ
မတုံးအပါနဲ့။

လေးစားစွာဖြင့် ❤❤❤
MayHsu(ရာမညမြေ)

#မေဆုရာမညမြေအတွေးစာစုလေးများ

~~တောင်းပန်ပါတယ်တဲ့...ကိုယ်တိုင် နာကျင်ရတာမှမဟုတ်တာလွယ်လွယ်ပြောထွက် ရက်မှာပေါ့။~~~လောကမှာ လူတစ်ချို့ကကိုယ့်အတ္တပဲ ကိုယ်က...
04/05/2024

~~တောင်းပန်ပါတယ်တဲ့...
ကိုယ်တိုင် နာကျင်ရတာမှမဟုတ်တာ
လွယ်လွယ်ပြောထွက် ရက်မှာပေါ့။

~~~လောကမှာ လူတစ်ချို့က
ကိုယ့်အတ္တပဲ ကိုယ်ကြည့်ပြီး သူများဘဝတွေကို စာနာပေးဖို့ ဝန်လေးတတ်ကြတယ်။

~~~ကိုယ့်အတ္တ သာကိုယ်ကြည့်ပြီး
သူများခံစားချက်ကို နားလည်ပေးဖို့ တွန့်ဆုတ်နေတတ်ကြတယ်။

~~~တစ်ကယ်တော့ ငါသာဆိုရင်
သူ့နေရာမှာ ဆိုတဲ့
ခံစားချက်လေးနဲ့ မျှမကြည့်ပေးတတ်ကြလို့ပါ ။

~~~သင့်တန်ဖိုးကို မသိတဲ့သူရဲ့ဘေးမှာနေသရွေ့ ဘယ်တော့မှ သင့်တန်ဖိုးဆိုတာရှိလာမှာမဟုတ်ဘူး။

~~~ဒါကြောင့် ကိုယ့်ရဲ့ဘဝမှာ
ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေမယ့် လူတွေနဲ့ အဝေးဆုံးမှာ နေတတ်ခြင်းက
ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိစေမှာပါ။

လေးစားစွာဖြင့် 🍁🍁🍁
မေဆု(ရာမညမြေ )credit ..

ပြောစရာတွေ ရှိပေမယ့် ပြောချင်တဲ့အချိန်ခုလိုလွဲချော်မှုတွေနဲ့ ပြောခွင့်မရတဲ့အခါနောက်မှ ပြောမယ်နောက်မှ ပြောမယ်နဲ့မပြောပြဖြ...
04/05/2024

ပြောစရာတွေ ရှိပေမယ့်
ပြောချင်တဲ့အချိန်
ခုလိုလွဲချော်မှုတွေနဲ့
ပြောခွင့်မရတဲ့အခါ
နောက်မှ ပြောမယ်
နောက်မှ ပြောမယ်နဲ့
မပြောပြဖြစ်တော့တာ....

မပြောပြဖြစ်တာတွေ
များလာတဲ့အခါ
အချိန်မရတာတွေ
များလာတဲ့အခါ

ရလာတဲ့အချိန်လေးမှာ
ဒါကတော့အရေးမကြီးပါဘူး ဆိုပြီး
အရေးကြီးမယ်ထင်တာလေးတွေပဲ
ရွေးပြောရင်း

မပြောဖြစ်တော့တဲ့
ပြောချင်တဲ့စကားလေးတွေက
ရင်ထဲမှာပဲသိမ်းထားလိုက်တယ်...

တချို့စကားလုံးတွေက
တစ်သက်စာပေါ့ ...

04/05/2024

တချို့ဆက်ဆံရေးတွေကလေ
တအား တစ်ဖက်သတ်ဆန်တယ် ...

သူပဲနာကျင်နေရသလို
သူပဲ ပေးဆပ်နေရသလို
ခေါင်းစဥ်တွေတပ်ပြီး

ချစ်ချင်ခဲ့တုန်းကလဲ သူပါပဲ
မချစ်ချင်တော့တဲ့အခါလဲ
သူကိုယ်တိုင်ပါပဲ

ကိုယ်သာ ...
တိတ်တိတ်လေးနဲ့
လူတစ်ယောက်မဟုတ်သလို
ကြေကွဲရတယ် ။

သူဘယ်လောက်ခံစားနေရမလဲ
သူဘယ်လောက်နာကျင်နေမလဲ
ထည့်မတွေးတတ်ဘူး

သူ နည်းနည်းလေး နာကျင်ရတာသာ
ဒဏ်ရာပါ
ကိုယ်မျိုသိပ်ထားတွေကတော့
ကိုယ့် ရွေးချယ်မှုနဲ့ကိုယ်ပေါ့

#ကျေးကို

“သံယောဇဉ်ဆိုဘယ်သံယောဇဉ်မှ မကောင်းဘူး။ သံယောဇဉ်မရှိသေးသူများ မရှိတဲ့အတိုင်းပဲ နေကြစေချင်တယ်။ရှိကြလို့ရှိရင်လည်းသံယောဇဉ်ကြ...
03/05/2024

“သံယောဇဉ်ဆို
ဘယ်သံယောဇဉ်မှ မကောင်းဘူး။
သံယောဇဉ်မရှိသေးသူများ
မရှိတဲ့အတိုင်းပဲ နေကြစေချင်တယ်။
ရှိကြလို့ရှိရင်လည်း
သံယောဇဉ်ကြိုးကို မရှည်ခင်
တိုတိုဖြတ်တာကောင်းတယ်။

မုန်းစကိုတိုစေ၊ ချစ်စကို ရှည်စေလို့
ဆိုရိုးစကားရှိတယ်။
တစ်ခါတလေ ကျွန်တော် တွေးမိတယ်။

ချစ်စကိုတိုနိုင်ရင်
လူတွေဟာ ဒီထက်
ကံကောင်းကြမလား မသိဘူး”

Address


Alerts

Be the first to know and let us send you an email when Myanmar Teachers' Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share