S.H News page

  • Home
  • S.H News page

S.H  News page Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from S.H News page, News & Media Website, .

ပဲနွယ်ကုန်းမြို့၌အရန်သားဖွားလုပ်သူအမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံး=================================      ကျောက်တံခါး နိဂ...
29/11/2020

ပဲနွယ်ကုန်းမြို့၌အရန်သားဖွားလုပ်သူအမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံး
=================================
ကျောက်တံခါး နိဂင်ဘာလ ၂၉ ရက်

ပဲခူးတိုင်းဒေသကြီး၊ကျောက်တံခါးမြိ​ု့နယ်၊ပဲနွယ်ကုန်းမြို့၊အောင်မြေရပ်ကွက်တွင်နိဝင်ဘာလ ၂၉ ရက်နေ့မနက် ၁နာရီခွဲအချိန်ခန့်ကအရန်သားဖွားလုပ်သူအမျိုးသမီးတစ်ဦးကြိုးဆွဲချသေဆုံးမူဖြစ်ပွားခဲ့သည်၊
ဖြစ်စဥ်မှာပဲနွယ်ကုန်းမြို့၊အောင်မြေရပ်ကွက်တွင်လူတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်းသတင်းအရစခန်းမူးရဲအုပ်မင်းဇော်နှင့်တပ်ဖွဲ့ဝင်များသည်သက်သေများနှင့်အတူသွားရောက်စစ်ဆေးရာအခင်းဖြစ်ရပ်တွင်သေဆုံးနေသူမှာမခင်ဥမ္မာအောင်(၃၀)နှစ်(ဘ)ဦးအောင်မောင်း၊အရန်သားဖွားလုပ်၊တောင်သလဲပင်ကျေးရွာ၊အောင်မြေရပ်ကွက်၊ပဲနွယ်ကုန်းမြို့နေသူဖြစ်ကာ၄င်းနေအိမ်၏၃ပင်ပတ်လည်နေအိမ်ကြမ်းခင်းမှထုတ်တန်းသို့၆ပေခန့်အကွာအပြာအဖြူကွက်စိပ်ပါအကျီအားထုတ်တန်းချည်၍သေဆုံးနေသည်ကိုစစ်​​ဆေး​​တွေ့ရှိရ​ပြီးသေဆုံး​ေနသူမှာလည်ပင်းညိုမဲဒဏ်ရာ၊ပါးစပ်တွင်လျာကိုက်ထား၊လက်နှစ်ဖက်ကွေး၊မိန်းမတန်ဆာမှသုတ်ရည်များထွက်၊ကြမ်းပြင်နှင့်ခြေဖဝါးထိလျက်ဖြင့်ပြင်ပဒဏ်ရာတစ်စုံတစ်ရာအတွေ့ရှိရဘဲသေဆုံးနေသည်ကိုစစ်ဆေးတွေ့ရှိရသဖြင့်ရဲမူခင်းဆေးစာဖြင့်ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်၊သေဆုံးမူနှင့်ပက်သက်၍စုံစမ်းသိရှိရသည်မှာမခင်ဥမ္မာအောင်သည်တောင်သလဲပင်ကျေးရွာနေခင်ပွန်းဖြစ်သူဇော်မင်းထွေးနှင့်လွန်ခဲ့သော ၁၅ ရက်ခန့်ကခိုးလိုက်ရာမှမိဘများသဘောမတူသဖြင့်စိတ်ညစ်နေသူဖြစ်ကြောင်းသိရသည်၊
သို့ပါ၍မခင်ဥမ္မာအောင်သေဆုံးမူနှင့်ပတ်သက်၍ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်စစ်ဆေးနိင်ရန်အတွက်ပဲနွယ်ကုန်းနယ်မြေရဲစခန်းကသေမူသေခင်းအမှတ်စဥ် ၅/၂၀၂၀ဖြင့်အမုဖွင့်အရေးယူထားကြောင်းသိရသည်။

ခင်ကို(ကျောက်တံခါး)

Page chat box ကတိုင်ကြားလို့KTV ဝင်ဖမ်းတာ ချစ်စနိုးနဲ့ယွန်းမှိအဖမ်းခံရပြီးအမည်မသိအမျိုးသားတွေကထွက်ပြေးသွားသတဲ့၊=========...
28/11/2020

Page chat box ကတိုင်ကြားလို့
KTV ဝင်ဖမ်းတာ
ချစ်စနိုးနဲ့ယွန်းမှိအဖမ်းခံရပြီး
အမည်မသိအမျိုးသားတွေကထွက်ပြေးသွားသတဲ့၊
==========================
မဟုတ်တာလုပ်သူတွေ နှစ်လုံးဒိုင်တွေကို
Page chat boxကတိုင်ကြားပေးကြပါ
===========================
မကွေးကမ္ဘာအဆင့်မြင့်အအေးခန်းနှင့်စားသောက်ဆိုင်အား ဝင်ရောက်ဖမ်းဆီး
တဲ့ဖြစ်ရပ်ကဒီလိုပါ
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၀င်တို့ကမိမိတို့နယ်မြေအေးချမ်းသာယာရေး၊လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းတာဝန်များကြားမှ Covid – 19 ကူးစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အားအနေဖြင့်ကြိုးစားပါဝင်ထမ်းရွက်လျက်ရှိရာ မကွေးမြို့ပေါ်တွင် Covid – 19 ရောဂါကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များအားလိုက်နာခြင်းမရှိဘဲKTVနှင့်စားသောက်ဆိုင်အား လျှို့ဝှက်ဖွင့်ကာ လုပ်ကိုင်ဆောင်ရွက် နေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ Page Chat Box မှ ဆက်သွယ်တိုင်တန်းလာသဖြင့်မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏လမ်းညွှန်ကြပ်မတ်ချက်အရ မကွေးခရိုင်မှ ရဲတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် (၁) နာရီတွင်မကွေးမြို့၊အောင်မေတ္တာ(စီ)ရပ်ကွက် ရှိမကွေးကမ္ဘာအဆင့်မြင့်အအေးခန်းနှင့်စားသောက်ဆိုင်အားသက်သေလူကြီးများနှင့်အတူဝင်ရောက်စစ်ဆေးခဲ့ရာ ဆိုင်၏အခန်းအမှတ်K–5အတွင်း သီချင်းသီဆိုပြီးသောက်စားနေကြသည့်ဆိုင်ဝန်ထမ်း မနှင်းထက်ထက်ထွန်း (ခ) ယွန်းမီ၊ သွဲ့နိုင်မောင် (ခ) ချစ်စနိုးနှင့် အမည်မသိ အမျိုးသားများအား တွေ့ရှိရပြီးအမည်မသိအမျိုးသားများမှာထွက်ပြေးသွားသဖြင့် မနှင်းထက်ထက်ထွန်း (ခ) ယွန်းမီပါ အမျိုးသမီးနှစ်ဦးအားKTVလုပ်ငန်းလုပ်ကိုင်ရာတွင်အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့သဖြင့်Covid19ကူးစက်ရောဂါကာလအတွင်းကျန်းမာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်များအားမလိုက်နာဘဲဆိုင်ဖွင့်လှစ်လုပ်ကိုင်ခဲ့ကြသည့် ဆိုင်တာဝန်ခံနိုင်လင်းနှင့်အထက်ပါအမျိုးသမီး (၂)ဦးအားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း
မကွေးတိုင်ဒေသကြီးရဲတပ်ဖွဲ့pageသာမျက်နှာတွင်
ဖော်ပြထားပါသည်
်းဆီး #မကွေးတိုင်းရဲတပ်ဖွဲ့ #မကွေးမြို
#ရှုထောင့် #မှုခင်းနှင့်သတင်းဂျာနယ်

28/11/2020

Address


Website

Alerts

Be the first to know and let us send you an email when S.H News page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share