Banmauk

Banmauk ဗန်းမောက်ဆိုင်ရာ သတင်းများ သိလိုလျ?

5.8.2022အင်းတော်-ဗန်းမောက်လမ်းပိုင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်(ယနေ့ နေ့လည် ၁၂နာရီတွင် အင်းတော်-ဗန်းမောက်ကားလမ်း ပြန်...
05/08/2022

5.8.2022
အင်းတော်-ဗန်းမောက်လမ်းပိုင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

(ယနေ့ နေ့လည် ၁၂နာရီတွင် အင်းတော်-ဗန်းမောက်ကားလမ်း ပြန်ဖွင့်ပါမည်။)

စစ်ကောင်စီတပ်များသည် အင်းတော်-ဗန်းမောက်ကားလမ်းကိုအသုံးပြုကာ ကျည်၊
လက်နက်ပစ္စည်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နည်းအမျိုးမျိုးဖြင့် သယ်ယူပို့ဆောင်နေသည့်အတွက် ကား၊ဆိုင်ကယ်၊သုံးဘီး စသည့် မည်သည့်ယာဥ်မဆို အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ပါသည်။

-ကုန်ကားများ မိုးကာအုပ်မမောင်းရ
-အိမ်စီးကား၊နာရေးကားများနှင့် ဘုန်းကြီးကားများ မှန်ချမောင်းနှင်ရန်
-ကားများ ညအချိန်မောင်းနှင်မည်ဆိုပါက ရှေ့မီးချမောင်းရန်
-ကား၊ဆိုင်ကယ်၊သုံးဘီး စသည့် မည်သည့်ယာဥ်မဆို စစ်ဆေးပါက စစ်ဆေးခံရမည်။
-ခရီးသယ်ကား၊ဘုန်းကြီးကား၊နာရေးကားပါမကျန် စစ်ကောင်စီနှင့်ပတ်သက်သော ပစ္စည်းများပါလာပါက ယာဥ်လိုင်း၊ယာဥ်မောင်းနှင့် ခရီးသယ်များမကျန် အရေးယူခံရမည်။

ဤစည်းကမ်းချက်များကိုမလိုက်နာပါက. ပြင်းထန်စွာအရေးယူခံရမည်ဖြစ်ပြီး တစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက မိမိကိုယ်တိုင် တာဝန်ယူဖြေရှင်းရမည်ဖြစ်ပါသည်။

ခရီးသွားပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းကင်းဖြင့် ခရီးသွားနိုင်ရန် သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အင်းတော်-ဗန်းမောက်အပါအဝင် အင်းတော်မြို့နယ်ပိုင် လမ်းပိုင်းနှင့်ပတ်သက်၍ သတင်းများကို Indaw Revolution-IR Pageမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးမည်ဖြစ်သောကြောင့် အမြဲမပြတ်စောင့်ကြည့်ပြီး ခရီးသွားလာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

03/08/2022

🚨 3.8.2022 ညနေ 4:00 နာရီတွင် ဗန်းမောက်မြို့နယ် လုံးကင်း+ရွှေကျောင်း အနီး စစ်ကြောင်းထိုးလာသော စကစတပ်များအား ဗန်းမောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရှိရသည်။ စခများထိခိုက်သေဆုံးမှုအခြေအနေကို မသိရှိရသေးပါ။

လတ်တလောတွင် အင်အား ၈၀ ခန့်ရှိသော စခများသည် မြင်သာ+ညောင်ကိုင်း ဘက်မှ တကြောင်း၊ လုံးကင်း+ရွှေကျောင်းဘက်မှတကြောင်း ဖြင့် ဗန်းမောက်တောင်ပိုင်းအား စစ်ကြောင်းနှစ်ကြောင်းထိုးနေကြောင်း သတင်းရရှိပါသည်။

🚨 ယမန်နေ့ည ၂.၈.၂၀၂၂ ည ၁၀နာရီတွင် ဗန်းမောက်မြို့နယ် ကျွဲကောကြီးကျေးရွာနှင့် ဆင်ကန်ရွာကြား စစ်ကြောင်းထိုးနေသော စကစများအား ...
03/08/2022

🚨 ယမန်နေ့ည ၂.၈.၂၀၂၂ ည ၁၀နာရီတွင် ဗန်းမောက်မြို့နယ် ကျွဲကောကြီးကျေးရွာနှင့် ဆင်ကန်ရွာကြား စစ်ကြောင်းထိုးနေသော စကစများအား ဗန်းမောက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့များမှ ထိထိမိမိ မိုင်းဆွဲနိုင်ခဲ့ရာ အသေအပျောက်နှင့် ဒဏ်ရာရသူ အများအပြားရှိကြောင်းသိရှိရပါသည်။

ကာကွယ်ရေးတပ်များမှ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ပြီး ညအချိန်ဖြစ်သည့်အတွက် စကစတပ်များ ထိခိုက်သေဆုံးမှုအရေအတွက်ကို အတိအကျ မသိရှိရကြောင်း သတင်းရရှိပါသည်။

ပုံ / mission ထွက်ရန်ပြင်ဆင်နေကြသော ဗန်းမောက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

03/08/2022

3.8.2022
နန့်စီးအောင်ဂိတ်တွင် အထက်ပိုင်းသို့တက်မည့် ဗန်းမောက်မြို့နယ်မှ ရှမ်းနီလူမျိုးနဲ့ ကတူးလူမျိုး လူငယ်နှစ်ဦးအား pdfဟုစွတ်စွဲကာ ဖမ်းဆီးထားပြီး စရဖ၊ရဲနှင့် စခများမှ မတရား yiteနှက် စစ်မေးနေကြောင်းသိရပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ သူတို့လက်အောက်ခံအဖွဲ့တွေဟာ လူစိတ်လုံးဝပျောက်နေတဲ့ အဖွဲ့အစည်းဖြစ်တာမို့ ပြည်သူများ သွားရင် လာရင် လမ်းကြောအခြေနေစုံစမ်းပြီး သတိထားသွားလာကြပါဗျ။

02/08/2022

ဗန်းမောက်၊ တိုက်ပွဲသတင်း(2-8-2022)‼

ယခုနံနက် အလယ်ရွာ၊ ကံရွာ တောင်တကြောတွင် တိုက်ပွဲဖြစ်နေပါတယ်။ လက်နက်ကြီးသံတွေ သေနတ်သံတွေ ကျယ်လောင်စွာပါဘဲ
လို့ တိုက်ပွဲအနီးရွာက ဆိုပါတယ်။ ယခု သတင်း post အချိန်ထိ ဖြစ်နေဆဲ လို့ပြောရမှာပါ၊ တိုက်ပွဲတွေက နေ့စဥ်မပြတ် ရွာအနီးနားတွေမှာဘဲ ဆိုတော့ အနီးအနားရွာတွေကတော့
အတော်လေး ထိတ်လန့်နေကြပါတယ်။
ဘေးကင်းကြပါစေဗျ။ ဆုတောင်းပေးကြပါလို့ဘဲ ပြောပါရစေဗျ။


ရန်ကုန်(ဘုရင့်နောင်ပွဲရုံ)ဆန်စျေးနှုန်း(1-8-2022).မှ (5-8-2022)ထိစျေးနှုန်များ ပြောင်လဲမူမရှိပါ။ #ရွှေဘိုပေါ်ဆန်းမွှေးအိ...
02/08/2022

ရန်ကုန်(ဘုရင့်နောင်ပွဲရုံ)ဆန်စျေးနှုန်း
(1-8-2022).မှ (5-8-2022)ထိ
စျေးနှုန်များ ပြောင်လဲမူမရှိပါ။

#ရွှေဘိုပေါ်ဆန်းမွှေးအိုးဝင်ထူးထူးရှယ်
👉🍚(၉၀၀၀၀) #

#​ရွှေဘိုပေါ်ဆန်းမွှေးထူးထူးရှယ်
👉🍚(၈၇၀၀၀) #

# # #မဂျမ်းတော # #
👉 🍚၆၈၀၀၀👈

# #ဧရာဝတီရွှေဘိုပေါ်ဆန်း
👉🍚 (၆၉၀၀၀) #အထူးလျောစျေး

#ပုသိမ်ရွေဘိုထူးရှယ် #
🍚👉(၆၈၀၀၀)

#မြောင်းမြနယ်ထွက်​ရွှေဘို #
🍚👉(၆၈၀၀၀)

#ပုသိမ်ပေါ်ဆန်းမွှေး #
🍚👉(၆၇၀၀၀)

#ပုသိမ်ပေါ်ဆန်းယဥ် #
🍚👉(၆၃၀၀၀)

#ကျားပျံထူးထူးရှယ် #
🍚👉(၆၆၀၀၀)

#တောင်ပျံပေါ်ဆန်းထူးထူးရှယ်
🍚👉(၆၅၀၀၀)

#ဖျာပုံပေါ်ဆန်းမွှေး #
🍚👉(၆၃၀၀၀)

​ #မြောင်းမြပေါ်ဆန်းမွှေး #
🍚👉(၆၅၀၀၀)

#ဒေးဒရဲပေါ်ဆန်းမွှေး #
🍚👉(၆၃၀၀၀)

#လပွတ်တာပေါ်ဆန်းမွှေး #
🍚👉(၆၃၀၀၀)

#မော်ကျွန်းပေါ်ဆန်းယဥ် #
🍚👉(၆၂၀၀၀)

#ပေါ်ဆန်းလတ်ထူးရှယ် #
🍚👉(၅၅၀၀၀)

#ပေါ်ဆန်းမွှေးရိုးရိုး
🍚👉(၅၃၀၀၀)

#ပခမ်းထူးရှယ် #
🍚👉 (၅၀၀၀၀)

#ဆင်းသွယ်ရှယ် #
🍚👉(၄၉၀၀၀)

#ရက်၉၀မြောင်းမြ #
🍚 👉(၄၈၀၀၀)

#မနောသုခရှယ် #
🍚👉 (၄၇၀၀၀)

#ဆင်းသုခရှယ် #
🍚👉(၄၆၀၀၀)

#ဇီယာ #
🍚👉(၄၃၀၀၀)

Today-(2-8-2022) Yangon & MDYရွှေစျေး၊ ဒေါ်လာစျေး၊ စက်သုံးဆီ စျေးနှုန်းများ 💵💰⛽‼အရောင်းအဝယ်လုံးဝ မလုပ်ပါ‼ သတင်းများဖော်ပ...
02/08/2022

Today-(2-8-2022) Yangon & MDY
ရွှေစျေး၊ ဒေါ်လာစျေး၊ စက်သုံးဆီ စျေးနှုန်းများ 💵💰⛽

‼အရောင်းအဝယ်လုံးဝ မလုပ်ပါ‼ သတင်းများဖော်ပြပေးရုံဖြစ်ပါသည်။

ဗန်းမောက်ပညာရေးဆိုင်ရာသတင်းများ(2-8-2022)ဗန်းမောက်မြို့နယ်တွင် တောင်ပိုင်းဒေသ၊ မြို့အနီးအနားဖြစ်သော စက်တော၊ အလယ်ရွာ၊ ကံရ...
02/08/2022

ဗန်းမောက်ပညာရေးဆိုင်ရာသတင်းများ(2-8-2022)

ဗန်းမောက်မြို့နယ်တွင် တောင်ပိုင်းဒေသ၊ မြို့အနီးအနားဖြစ်သော စက်တော၊ အလယ်ရွာ၊ ကံရွာ တစ်ဝိုက်တွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေမှုများကြောင့် အခြေခံပညာကျောင်းများမှာ ရပ်နားထားရပါတယ်။ သိရှိရသော အခြေအနေများအရ မြို့အနီးနား ကျောင်းများအားလုံးပိတ်ထားရပါတယ်။ မြို့အနောက်ဖက် ကျောင်းအားလုံးနီးပါး၊ဗန်းမောက်တောင်ပိုင်း ကျောင်းများ အားလုံးနီးပါး ပိတ်ထားပါတယ်။ အချို့တိုက်ပွဲတွေဖြစ်နေသော မြို့အနီးနားကျောင်းများတွင် ကျောင်းဖွင့်နေလျက် မိမိတို့ကလေးအား ပြန်ခေါ်ရတာမျိုးတောင် ရှိတယ်လို့ ကျောင်းသားမိဘတွေကဆိုပါတယ်။ စစ်ကောင်စီတပ်တွေက ရွာထဲဝင်လာပြီဆို နောက်ဆက်တွဲအန္တရာယ်တွေရှိလာခဲ့ရင် ကျွန်မတို့ဘဲ ရင်ကျိုးရမှာလို့ ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။ လက်ရှိ ဗန်းမောက်မြို့နယ်မှာ ထက်၊ လယ်၊ မူ၊ ထ(ခွဲ)၊ လ(ခွဲ)၊ မ(ခွဲ)၊ ဘက-ကျောင်းများရှိပြီး ကျောင်းပေါင်း (၂၀၀)ကျော် ရှိတယ်လို့ သိရပါတယ်။ လက်ရှိအခြေအနေအရဆိုရင် မြို့ပေါ်အထက်တန်းကျောင်းနှင့် မြို့အလယ်တန်းကျောင်း၊ မြို့အနီးနားကျောင်းဖြစ်သော အထက်တန်းကျောင်း-ပင်ဟင်းခါး၊ သာယာကုန်း တို့သာ အမာခံ ဖွင့်လှစ်နေတယ်လို့ သိရပါတယ်။ Banmauk Revolution-BR အဖွဲ့ကတော့ Non-CDM ဝန်းထမ်းများကို ကြိုဆိုနေလျက်ပါလို့ Page မှာ ပြောထားတာ တွေရပါတယ်။ထို့အပြင် ကျောင်းနှင့်ဌာနဆိုင်ရာရုံးများကိုတော့ ဖျက်ဆီးမှာ မဟုတ်ဘူး။ ​ပျက်စီးခဲ့ရင်လည်း သူတို့အဖွဲ့အစည်း မဟုတ်ဘူးဆိုတာ ဇူလိုင်လ စာဖြင့်ထုတ်ပြန်ခဲ့တာ BR Pageမှာ တွေ့ရပါတယ်။
သို့သော်လည်း စစ်ကောင်စီ ဒလန်များနှင့် စကစထောက်တိုင်များကိုတော့ တာဝန်ယူမှာတော့ မဟုတ်ကြောင်း သိရပါတယ်။ ပြီးခဲ့သော ရက်ပိုင်းကတော့ မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် လက်ပစ်ဗုံးဖြင့် ဖောက်ခွဲသတိပေးထားတယ်လို့ BR Page မှာ ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

ဓာတ်ပုံ-Online ဓာတ်ပုံ

အလုပ်မလုပ်ဘဲ ပြည်သူ့ဘဏ္ဍာထိုင်ဖြုန်းနေတဲ့ ဘီးကြဲက.......။
01/08/2022

အလုပ်မလုပ်ဘဲ ပြည်သူ့ဘဏ္ဍာထိုင်ဖြုန်းနေတဲ့ ဘီးကြဲက.......။

01/08/2022

ဗန်းမောက်တိုက်ပွဲ အခြေအနေ(1-8-2022)

ယနေ့ စက်တောတောင်ရိုးတစ်လျှောက် တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲမှာ အချိန်အားဖြင့် ညနေ ၄ နာရီမှ ညနေ ၅ နာရီ ဝန်းကျင်ကြာခဲ့ပေမယ့်။ စစ်ကောင်စီ ဘက်မှ လက်နက်ကြီးတွေ အတော်လေး အသုံးပြုသွားပါတယ်။ PDF တွေရဲ့ မိုင်းခွဲ တိုက်ခိုက်မှုတွေကြောင့် စကစဘက်မှ အထိအခိုက်အကျဆုံးများနိုင်တယ်လိုလည်း သိရပါတယ်။ PDF တွေဘက်ကတော့ အကျဆုံးမရှိဘူးလို့လည်း ဆိုပါတယ်။
မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အကျဆုံးများနိုင်တယ်လို့တော့ စုံစမ်းမိသလောက်သိရပါတယ်။

#ဗန်းမောက်ဆိုင်ရာ သတင်းများ သိလိုလျှင်ဖြင့် follow & Like လုပ်ထားဖို့ ပြောပါရစေခင်ဗျ။

01/08/2022

Time တိုက်ပွဲသံ၊ ဗန်းမောက်နယ်
တိုက်ပွဲက အတော်ပြင်းထန်နေပါပြီဗျ။
စက်သေနတ်သံတွေကလည်း
သေနတ်သံ တွေကလည်း..ထပ်လို့ပါဗျ။
နန့်လင်း၊ နွယ်ရစ်တောင်၊ စက်တောတောင်ရိုးတစ်လျှောက်၊ စက်တောရွာအနီးမှာပင်
၆၀ မမ၊ RPG လုံးဝ မရပ်မနားဘဲ..အသံတွေ တစ်အုံးးးးးးးအုံးနဲ့..အတော်လေးပြင်းထန်နေပါပြီးဗျ။ တိုက်ပွဲက တစ်နာရီခန့်ရှိနေပါပြီဗျ။
အသံတွေက ကြားနေရပါပြီ။

ဆုတောင်းပေးပါကြပါဗျ။




'sSpring

31/07/2022

ဗန်းမောက်သတင်း(31-7-2021)

အာဏာသိမ်းစစ်ကောင်စီတပ်များဟာ ယမန်နေ့တိုက်ပွဲများတွင် ဒဏ်ရရှိသော တပ်သားများနှင့်စက်တောဘုန်းကြီး ကျောင်းသို့ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။ ယနေ့တွင် ၎င်းတပ်များဟာ စက်တောရွာ ဆေးခန်းတွင်နံနက်ပိုင်းကဆေးကုသမှုရှိခဲ့တယ်လို့လည်း သိရပါတယ်။မိုင်းထိပြင်းထန်ဒဏ်ရာ ရသည့်တပ်သားများရှိတယ်လို့လည်း သိရပါတယ်။ တစ်ချို့က မြို့နယ်ဆေးရုံသို့ ပို့ဆောင်ကုသရတယ်လို့လည်း ပြောဆိုနေပါတယ်။

ယနေ့ နေ့လည်ပိုင်းတွင်လည်း မြို့နယ်ရဲစခန်းနား
ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သေးတယ်လို့သိရပါတယ်။ အကြောင်းအရင်းကတော့ တိတိကျကျ
မသိရသေးပေမယ့်။ တစ်ချို့ပြောနေတဲ့သတင်းအရ ယမန်နေ့က စခန်းတွင် ပေါက်ကွဲမှုတွေဖြစ်ခဲ့တာကြောင့် စခန်းနားသို့ မည်သူမျှသွားလာလို့မရဘူးလို့ဆိုပါတယ်။ ယနေ့ဖြစ်သွားတာက စခန်းအနီးမှာ မသင်္ကါဖွယ်ရာ လူငယ်တစ်ဦးဖြတ်သွားတာကြောင့် ပစ်ခတ်ခဲ့ရာ လူငယ်ကိုမထိဘဲ အနီးနားအိမ်မှ အမည်မသိ အမျိုးသမီးတစ်ဦးအားကျည်ထိမံခဲ့တယ်လို့ ဆိုပါတယ်။ အသက်အန္တရာယ်မထိခိုက်ခဲ့ပေမယ့် ပြင်းထန်ဒဏ်ရာကြောင့် မြို့နယ်ဆေးရုံမှာ ဆေးကုသခံယူနေရတယ်လို့ သိရှိရပါသည်။

31/07/2022

31.7.2022 #အင်းတော်သတိပေးချက်

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အတွက်
ယနေ့ ဇူလိုင်လ ၃၁ရက်နေ့မှစ၍ အင်းတော်- ဗန်းမောက်ကားလမ်းအား ရက်အကန့်သတ်မရှိ မည်သည့်ကားမှ အသုံးပြုသွားလာခြင်းမပြုကြပါရန် သတိပေးထုတ်ပြန်လိုက်သည်။
ပြည်သူများစည်းကမ်းလိုက်နာပေးကြပါ။ လမ်းဖွင့်သည့်အခါ ပြန်အကြောင်းကြားပေးပါ့မယ်ခင်ဗျ။

ကသာခရိုင်-တပ်ရင်း(၂)လူထုသစ္စာအဓိဌာန် ပြုပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(ကသာခရိုင်) တပ်ရင်း(၂) က လုပ်ဆောင်ခဲ့တဲ့ပုံရိပ်မျ...
31/07/2022

ကသာခရိုင်-တပ်ရင်း(၂)

လူထုသစ္စာအဓိဌာန် ပြုပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(ကသာခရိုင်) တပ်ရင်း(၂) က လုပ်ဆောင်ခဲ့တဲ့ပုံရိပ်များဖြစ်ပါတယ်။
*တရားတဲ့သူသာ နိုင်ကြေးဟေ့*

30/07/2022

30-7-2022
ဗန်းမောက်မြို့တွင် ယနေ့ညနေ(6:00to7:00)
ဝန်းကျင် ဒုန်း...ဒုန်း..အုံးအသံကြား..တယ်လို့သိရ...စုံစမ်းကြည့်တော့...လန်ဒန်...ကို ပို့ပေးနေတယ်၊ ဘာမှ ဖြစ်မသွားဘူးလို့သိရပါတယ်။

စက်တောဘုန်းကြီးတွင် မနေ့ကတိုက်ပွဲမှ စာအုပ်ရောင်းမည့်သူများ ထမ်းသယ်လာတယ်လို့သိရ။
ဒွမ့်သူ ပါမပါတော့ မသိရပါ။

30/07/2022

30.7.2022 #အင်းတော်မြို့နယ်တိုက်ပွဲသတင်းထုတ်ပြန်ချက်

ယနေ့မနက် 9နာရီအချိန်တွင် အင်းတော်- ဗန်းမောက်လမ်းပေါ်ရှိ အင်းတော်အင်းဘက်သို့ စစ်ကြောင်းထိုးလာသော စခအင်အား 70ကျော်ခန့်အား KIA+ဒေသကာကွယ်ရေးတပ်များမှ အင်းတော်အင်းအနီးတွင် Mine 5လုံးဆွဲတို-က်ခို-က်ခဲ့ပါတယ်။ Mineဆွဲတို-က်ခို-က်မှုကြောင့် စခတွေဘက်မှ 5ဦးထက်မနည်းtayဆုံးပြီး 10​ကောင်ကျော် ထိခိုက် ဒ-ဏ်ရာရရှိခဲ့ပါတယ်။ ဒ-ဏ်ရာရစခများကို လူနာတင်ယာဥ်နှစ်စီးဖြင့် အင်းတော်ဘက်သို့ သယ်သွားကြောင်း ပြည်သူများထံမှ သိရသည်။ စခများ၏ ရမ်းတမ်းပစ်ခတ်မှုကြောင့် သက္ကယ်ကျင်းရွာရှိ နေအိမ်တစ်ချို့လည်း ထိခိုက်သွားပြီး ဒေသခံ ပြည်သူနှစ်ယောက်ကိုလည်း ကြိုးတု-တ်ပြီး ဖ-မ်းခေါ်သွားကြောင်း သိရပါတယ်။

30/07/2022

30.7.2022
မန္တလေး-မြစ်ကြီးနား မြတ်မန္တလာထွန်း Express ကားနဲ့ ဖော-က်ခွဲရေးလို့ယူဆရတဲ့ ပစ္စည်းများကို နေ့လည်၁၂ခွဲအချိန် နန့်စီးအောင်ဂိတ်တွင် ရဲတွေစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ရဲတွေကိုယ်တိုင်ကလည်း ဘာပစ္စည်းမှန်းမသိကြသည့်အတွက် မသင်္ကါလို့ဆိုပြီး မြစ်ကြီးနားဘက်ပြန်ပါးကာ ထုတ်လာတဲ့သူကို စောင့်ဖမ်းပြီး ပြန်စစ်ဆေးမယ်လို့သိရပါတယ်။

သတိဆိုတာ ပိုတယ်မရှိပါဘူး သတိထားရအောင်လို့ပါ။ ပြည်သူများ ဂရုစိုက်ကြပါ။ သတင်းပေး​ပေးတဲ့ ခရီးသွား ပြည်သူများကိုလည်း ကျေးဇူးတင်ပါတယ်ဗျ။

30/07/2022

30.7.2022 #အရေးပေါ်ထုတ်ပြန်ချက်

အင်းတော်-ဗန်းမောက်ကားလမ်းအား ဒီ​နေ့တစ်ရက် ကား၊ဆိုင်ကယ်၊သုံးဘီးယာဥ်များ လုံးဝ(လုံးဝ) ဖြတ်သန်းသွားလာခြင်းမပြုကြပါရန် အရေးပေါ်ထုတ်ပြန်ကြေငြာလိုက်သည်။

စည်းကမ်းမလိုက်နာပဲ တစ်စုံတရာဖြစ်ပွားခဲ့ပါက မိမိတို့အဖွဲ့မှ တာဝန်မယူပါခင်ဗျ။

လိုင်းရတဲ့ပြည်သူများ ဖုန်းဖြင့်၎င်း၊သင့်ရာနည်းဖြင့်၎င်း အချင်းချင်းဆက်သွယ်ပြီး သတိပေးပေးကြပါခင်ဗျ။

 ျောင်း ျောင်း👏🏻👏🏻👏🏻👏🏻👏🏻👏🏻👏🏻👏🏻👏🏻👏🏻👏🏻
29/07/2022

ျောင်း
ျောင်း

👏🏻👏🏻👏🏻👏🏻👏🏻👏🏻👏🏻👏🏻👏🏻👏🏻👏🏻

ဗန်းမောက်၊ တိုက်ပွဲသတင်းကြေငြာချက်ယနေ့ 29.7.2022 မနက် 11 နာရီတွင် ဗန်းမောက်မြို့နယ် စက်တောတောင်၌ စစ်ကြောင်းထိုးနေသော စကစ...
29/07/2022

ဗန်းမောက်၊ တိုက်ပွဲသတင်းကြေငြာချက်

ယနေ့ 29.7.2022 မနက် 11 နာရီတွင် ဗန်းမောက်မြို့နယ် စက်တောတောင်၌ စစ်ကြောင်းထိုးနေသော စကစတပ်များအား KIA + PDF ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ပြီး ထိတွေ့မှုဖြစ်ပွါးခဲ့ရာ စကစတပ်များ အသေအပျောက်များပြားခဲ့ကြောင်းသိရှိရပါသည်။

နေ့လည် ၂ နာရီတွင်လဲ ဆက်လက်၍ တိုက်ပွဲနောက်တကြိမ်ဖြစ်ပွါးကြောင်းသိရှိရပါသည်။

ည၉နာရီတွင် ဗိုလ်ဇင်ယော်ဦးဆောင်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဗန်းမောက်မြို့တွင်းဝင်ရောက်၍ စကစများတပ်စွဲထားသောနေရာများအား တိုက်ခိုက်ခဲ့ရာ တိုက်ပွဲချိန် တနာရီကျော်ကြာမြင့်ခဲ့ပြီး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရှိရပါသည်။ စကစဘက်မှ အသေအပျောက်စာရင်းကို မသိရှိရသေးပါ။

27.7.2022 တွင်လဲ ဗန်းမောက်မြို့အဝင်အနီးတပ်စွဲထားသော စကစတပ်များအား လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ စခသုံးကောင် ဂိန်သွားကြောင်းသိရှိရသည်။ (အတည်မပြုနိုင်သော သတင်းများအရ ထိုသုံးကောင်ထဲတွင် ဗိုလ်ကြီးတကောင်ပါကြောင်း သတင်းရရှိပါသည်။ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါသည်။)

Non CDM ဝန်ထမ်းများ၊ ရဲများ ပြည်သူ့ရင်ခွင်ထံသို့ ခိုလုံလိုပါက နေထိုင်စားသောက်ရေးအပြင် လုံခြုံရေးပါတာဝန်ယူပေးမည်ဖြစ်ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။




မှတ်ချက်။ တခြားရပ်ကွက်သားများ မမြင်ချင်ရင်ကျော်သွားပါ။ မဖျက်ခိုင်းပါနဲ့...Copy ပါ။

မော်လူးက  KTV မှာ တပ်ကြပ်ကြီးတဦး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးမော်လူး၊ ဇူလိုင် ၂၈၊ ၂၀၂၂။စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ...
29/07/2022

မော်လူးက KTV မှာ တပ်ကြပ်ကြီးတဦး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး

မော်လူး၊ ဇူလိုင် ၂၈၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးက KTVတခုမှာ စစ်ကောင်စီတပ်သား ၂ဦး အရပ်ဝတ်နဲ့ သောက်စားနေတုန်း ဝင်ရောက်ပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ အင်းတော် PDFရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဇူလိုင်လ ၂၈ရက် ယနေ့ မနက် ၂နာရီခွဲအချိန် မော်လူးနဲ့နဘားကြားမှာရှိတဲ့ ပင့်တင်ရွာနားက KTVမှာ KIAနဲ့ PDFပူးပေါင်းအဖွဲ့က ဝင်ဖမ်းခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“သူတို့က အင်းတော်ကနေ မော်လူးရဲစခန်းထဲကိုသွားတာ၊ အဲ့ကနေမှ အရပ်ဝတ်နဲ့ထွက်ပြီး KTVမှာ စားသောက်လိုက်၊ ကားတွေဆီက ပိုက်ဆံတောင်းလိုက်လုပ်နေတာ၊ အဲ့အချိန် ဝင်ဖမ်းခဲ့တာဗျ၊ သူတို့က ထွက်ပြေးတော့ နောက်ကလိုက်ပစ်ရတာ” လို့ အင်းတော်PDF ရဲဘော်က ပြောပါတယ်။

အဖမ်းခံရသူတွေက တပ်မ (၈၈)လက်အောက်ခံတပ်ရင်း- ၄၁၆မှ တပ်သားချမ်းအေးနဲ့ တပ်ကြပ်ကျော်သူရ ဆိုသူ ၂ဦး ဖြစ်ပြီး ဖမ်းဆီးစဉ် ထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး တပ်သားကိုအရှင်ဖမ်းမိကာ တပ်ကြပ်ကတော့ သေဆုံးသွားတယ်လို့ သူကဆိုပါတယ်။

အရင်ကလည်း အခုလိုမျိုး ပြည်သူတွေဆီက ငွေတောင်းတာတွေ၊ ကားသမားတွေဆီက မတရားယူတာတွေပြုလုပ်နေကျဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ရက်နေ့ကလည်း အင်းတော်-ဗန်းမောက် ကားလမ်းမှာ ကင်းပတ်နေတဲ့ စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့လို့ ၂ဦးသေဆုံးကာ အများပြားဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

source-မြေလတ်အသံ

ထီးချိုင့်မြို့-တိုက်ပွဲသတင်းထုတ်ပြန်ချက်  (၂၈-၇-၂၀၂၂)ရက်နေ့ မနက်(၈:၃၀)ခန့်တွင် အင်းတော်မြို့နယ် ၊ကျောင်းကုန်း ဘက်ကနေ ထီ...
29/07/2022

ထီးချိုင့်မြို့-တိုက်ပွဲသတင်းထုတ်ပြန်ချက်

(၂၈-၇-၂၀၂၂)ရက်နေ့ မနက်(၈:၃၀)ခန့်တွင် အင်းတော်မြို့နယ် ၊ကျောင်းကုန်း ဘက်ကနေ ထီးချိုင့်မြို့အတွင်း ပြန်ဝင်ရောက်လာသော စခများကို ထီးချိုင့်မြို့အဝင် တွင် မိုင်း(၂)လုံးဖြင့် မို-င်း-ဆွဲ တိုက်ခိုက်ရာ စခ(၃)ကောင်ထက် မနည်း ထိခိုက် Thay-ဆုံးနိုင်ကြောင်း သိရပါသည်။ပြည်သူ့ကာကွယ်ရေးဘက်က အထိအခိုက်မရှိပြန်ဆုတ်နိုင်ခဲ့ပါသည်။မိုင်းဆွဲ ခံရပြီး စခ၊ရခများမှ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ပြည်သူများ ထိခိုက်မှု တစုံတရာ မရှိခဲ့ကြောင်း သိရပါသည်။




#လူထုနွေဦး

'sSpring

29/07/2022

(29-7-2022)Now Time ဗန်းမောက် Edit-
အုံးးးးးးးအုံးးးးးးးအသံတွေ..အလယ်ရွာ၊ စက်တော တောတောင်တစ်လျှောက်လုံး ဆက်တိုက်ဆိုသလို ကြားနေရတယ်တဲ့​ဗျာ။

ညီအစ်ကိုတို့အတွက် ဆုတောင်းပေးပါလို့။🥺

Edit-အလယ်ရွာ ဘုရားတောင်ပေါ်မှ လက်နက်ကြီးသံ💣💣💣(3)လုံး ဖြစ်ကြောင်းသိရ(စုံစမ်းဆဲ)

ကာတွန်း-ဟယ်မား
28/07/2022

ကာတွန်း-ဟယ်မား

28/07/2022

ဗန်းမောက်မြို့၊ ရဲစခန်းထဲ..အုံးးးးးးးးးးးကနဲ
ကြားနေရတယ်တဲ့...ဘာသံများလဲနော့.....
ပြောကြဦး...ဗျာ။

မင်မင်...ထင်တာတော့.....💣💣🤐😷

Address


Website

Alerts

Be the first to know and let us send you an email when Banmauk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share