Ya hussain

Ya hussain Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ya hussain, Film/Television studio, .

25/03/2021
24/11/2020
14/11/2020
04/11/2020
03/11/2020
07/10/2020
30/09/2020
08/09/2020

မြန်မာပြည် Q စင်တာတွေမှာ ဖြစ်နေတဲ့ အဓိက လွဲချော်မှုကို ထောက်ပြလိုက်တဲ့ Q ဝင် ဆရာဝန်တဦး ကျ မ သည် ယခု post အား ဆ ရာ ဝ...

15/08/2020
09/08/2020

ကလေးတွေ Super Glue ကို ပါးစပ်ထဲ၊ မျက်စိထဲ ထည့်မိရင်)
(မိခင် တိုင်းအတွက်် မှတ်သားဖွယ်)

အစ်မရေ … အထူးအဆန််းCaseတခု ရောက်လာပြန်ပြီ။ဟေ … ဘာများလဲ။

ကလေးကတနှှစ်ကျော်။လမ်းလျှောက်ခါစ။အမေက ထိန်းနေရာကခဏထပြီး ရေသောက်တာ။ အဲဒီအချိန်ဘေးနားကဘီဒိိုအံဆွဲထဲက Super glue ကိုဖွင့်ပြီး ပါးစပ်ထဲထည့်လို့။

ချက်ချင်းဆွဲလိုက်ပေမယ့် မမီလိုက်ဘူးတဲ့။ခုကြည့်လိုက်တော့…အာခေါင်မှာရယ်လျှာပေါ်ရယ် ခြောက်ပြီးကပ်နေတယ်။

အင်း…ဖြစ်ရမယ်။ကဲဲကဲ … ခုချက်ချင််းစာရှာဖတ်ကြဦး။ဘယ်လိိုToxicity (အဆိပ်သင့်ခြင်း) ရနိုင်သလဲ။ဘယ်လိုကုသမှုပေးရမလဲဆိုတာ။

Super GlueမှာCyanoacrylatesဆိိုတဲ့ဓာတုပစ္စည်းအဓိက ပါဝင်ပါတယ်။

ကပ်အားအလွန်ကောင်းတဲ့ ဓာတုပစ္စည်းမို့မတော်တဆ သူနဲ့ထိမိတဲ့အခါအရေပြားအချင်းချင်း ပူးကပ်သွားတာ…

ဦးရေပြားနဲ့ဆံပင်မှာထွေးကပ်သွားတာ…ပါးစပ်ထဲဝင်သွားတဲ့အခါ…မျက်စိထဲဝင်ပြီး မျက်လုံးပိတ်သွားတာ …

မျက်စိမျက်ကြည်လွှာထိခိုက်ပြီးအမြင်အာရုံကွယ်သွားတာ…တွေထိဖြစ်နိုင်ပါတယ်။

အမြန်ခြောက်သွားတတ်တဲ့သဘာဝကြောင့်ပါးစပ်ထဲဝင်သွားခဲ့ရင်မြိုချမိတဲ့ထိဖြစ်ခဲပါတယ်။ ပါးစောင်အာခေါင်လျှာပေါ်မှာ ခြောက်ပြီးကပ်သွားနိုင်ပါတယ်။

”First aid measure” Super Glueနဲ့ကပ်မိိရင် အရေးပေါ် ဘာလုပ်ပေးနိုင်လဲ။

အရေပြားမှာ ကပ်ခဲ့ရင််မပြာပါနဲ့။ကပ််နေတဲ့အရေပြားကို ဇွတ်ဆွဲမခွာပါနဲ့။အရေပြား ထိခိုက်ပွန်းပဲ့နိုင်ပါတယ်။

ကပ်နေတဲ့နေရာကိိုဟင်းသီးဟင်းရွက်ဆီ (Vegetable oil) ရွှဲရွှဲလူးပေးထားပါ။အဲဒါမရှိရင် ဆပ်ပြာနဲ့ရေနွေးနွေးနဲ့ စိမ်ထားပါ။

အရေပြားကိုရှေ့နောက်အသာအယာပွတ်ဆွဲလှိမ့်ပြီး အနားတွေကစပြီးကပ်နေတဲ့ကော်ကို ငြင်ငြင်သာသာခွာကြည့်ပါ။

တခါနဲ့မရရင််ဆီပြန်လူးပြီးထပ်ခါထပ်ခါကြိုးစားကြည့်ပါ။ချောမွတ်တဲ့ပစ္စည်းတခုခု (ဥပမာ ခဲတံ, ဘီး) ကို ကပ်နေတဲ့ကြားကထားပြီး အသာဆွဲဟကြည့်ပါ။ခွာလို့ရသွားပြီးရင် ခြောက်သွေ့အက်ကွဲတာကာကွယ်ဖို့ အစိုဓာတ်ထိန်းတဲ့ခရင် တခုခုလိမ်းပေးပါ။

မျက်စိိထဲဝင်တဲ့အခါမပြာပါနဲ့။မျက်ခွံကို ဇွတ်ဆွဲမခွာပါနဲ့။ ဒဏ်ရာရသွားနိုင်ပါတယ်။ကော်ဝင်သွားတဲ့မျက်စိကို ရေနွေးနွေးနဲ့ ချက်ချင်းဆေးပါ။

ရေဆွတ်ထားတဲ့အဝတ်(သို့)ပတ်တီးနဲ့ အသာအုပ်ထားပြီးမျက်စိဆရာဝန်ထံသွားပါ။

တကယ်လို့ပြစရာမျက်စိိဆရာဝန်မရှိရင်လည်း ပြာပြီးလုပ်မိလုပ်ရာမလုပ်ပါနဲ့။ များသောအားဖြင့်၁-၄ ရက်အတွင်းအလိုလိုပြန်ပွင့်လာပါလိမ့်မယ်။

ဆံံပင်နဲ့ဦးရေပြားရေနွေးနွေးနဲ့ ခေါင်းလျှော််ပါ။

Vegetable oilဟင်းသီးဟင််းရွက်ဆီ(သို့)Body oil ကိုယ်လိမ်းဆီတမျိုးမျိုး ရွှဲရွှဲလူးပေးပါ။ တရက်နှစ်ရက်နေရင် အလိုလိုကွာကျသွားပါမယ်။သိပ်လုံးထွေးနေရင် ဆံပင်ကိုအသာလေး ရိတ်ပစ်လို့ရပါတယ်။

ပါးစပ်နဲဲ့နှုတ်ခမ်းဇွတ်ဆွဲမခွာပါနဲ့။ရေနွေးများများနဲ့ အသာဆေးပါ။

ပါးစပ်ထဲဲကပ်နေတဲ့ကော်ကို ပါးစပ်ထဲကသွားရေနဲ့ပဲ စိုအောင်လုပ်ပြီးလျှာကပွတ်တွန်းပေးပါ။ (ကလေးငယ်တွေကတော့ မလုပ်တတ်လောက်ဘူး။)

တရက်နှစ်ရက်နေလိို့ ကွာလာတဲ့အခါမြိုမချမိဖို့သတိထားရပါမယ်။(ဒါလည်း ကလေးငယ်တွေအဖို့ ခက်ခဲမယ်။)

ရှာဖတ်ကြည့်တဲဲ့အခါ …

Super glue မျက်စိထဲဝင်ပြီးမျက်ကြည်လွှာပေါက်ပြီး မျက်စိကွယ်သွားတဲ့ကလေး …

ပါးစပ်အဝကပ်သွားပြီး အသက်ရှူခက်ပြီး ဆေးရုံံရောက်လာတဲ့ကလေး …

ခြောက်နေတဲ့ကော်စက လေပြွန်ထဲဝင်သွားပြီး အဆုတ်ရောင်ဖြစ်…လေပြွန်ထဲ မှန်ပြောင်းထည့်ပြီး ကော်ခြောက်အစအနတွေထုတ်ပစ်ရတဲ့ကလေး …အဲဒီလို ဇာတ်လမ်းတွေ မနည်းမနောပဲကိုး။

ဒါကြောင့်် ကလေးငယ်ရှိတဲ့ မိဘတွေအနေနဲ့ ”Safety is first” ဖြစ်ပါတယ် … အန္တရာယ်ဟာဘာလဲ မသိသေးတဲ့ကလေးငယ်တွေအတွက် ကာကွယ်ခြင်းက အကောင်းဆုံးကုသမှုဖြစ်တယ်…ဆိုတာလေး သတိချပ်စေချင်ပါတယ်။

ချစ်စရာရင်သွေးတိို့ ဘေးကင်းကြပါစေ။ ။

#ကျန်းမာရေးဗဟုသုတ #အထွေထွေဗဟုသုတ

ဒေါက်တာသက်ထားရွှေစင်ဝင်း (ကလေးဆရာဝန်)

ဗဟုသုတ များစွာကို အမြဲတင်ဆက်ပေးနေတာမို့
like and see first, share လေး လုပ်ပေးထားပါဦးနော်

30/07/2020
29/07/2020

၁၀တန်း အောင်စာရင်းများ သြဂုတ် ၉ ရက်နေ့ online တွင်ကြေငြာမည် ကျောင်းတွင် မကပ်တော့ပါ

27/07/2020
27/07/2020
22/07/2020
22/07/2020
22/07/2020
20/07/2020
20/07/2020
09/07/2020
08/07/2020

Address


Website

Alerts

Be the first to know and let us send you an email when Ya hussain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

Comments

‏زندگی کیا ہے۔۔؟؟
یہ سمجھنے کے لیے آپ کو تین مقامات پہ جانا ہو گا۔۔
۔■اسپتال
-■جیل
-■اور قبرستان'
◇اسپتال جا کر آپ کو صحت کو جانو گے
◇جیل جا کر آزادی کا احساس ہو گا
◇قبرستان جا کر یہ علم ہو گا آج جو مٹی قدم کے نیچے ہے۔۔کل یہ ہمارا چھت ہو گی۔۔