Light of Rohingya - Burmese

  • Home
  • Light of Rohingya - Burmese

Light of Rohingya - Burmese Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Light of Rohingya - Burmese, News & Media Website, .

20/11/2021

🇲🇲

"The humanitarian situation in Myanmar continues to deteriorate, with more than three million people requiring critical assistance and protection services since the start of 2021. We are particularly concerned about increasing food insecurity in Myanmar," warns the United Nations Spokesperson.

17/11/2021

၁၇ နိုဝင်ဘာ ၂၀၂၁

အကြမ်းဖက်ခေါင်းဆောင်း တစ်ဦးဖြစ်တဲ့ မူနာသည် ရိုဟင်ဂျာ ဒုက္ခသည်စခန်း အမှတ် (၁) လာမ်ဘာရှိယာက ဒုက္ခသည်တချို့ကို မူနာ၏ နိမ့်ချလာရန်း ပြင်းထန်စွာ ရိုက်နှက်ခဲ့ကြောင့် လူများ၏ ပြောဆိုချက်အရ သိရပါည်။ အဆိုပါ မူနာသည် မူးယစ်ဆေးဝါးအရောင်းအဝယ်ပြုလုပ်သူ တစ်ဦးဖြစ်ပြီး ၎င်း၏ မူးယစ်ဆေးဝါးကို ကမ့် အတွင်း လွယ်ကူစွာ တိုးချဲ့နိုင်ရန် ကမ့်များမှာ အဖွဲ့အစည်း ဖွဲ့စည်းနေသည်ဟု သတင်းရပါသည်။

https://m.facebook.com/story.php?story_fbid=120201603791095&id=100074037684239&sfnsn=mo

မည်သူသည် အဖြစ်မဲ့ ရိုဟင်ဂျာတို့ကို ညှဉ်းပန်းနှိပ်စက်လျင် Comment မှာ ဖော်ပြပါ။

15/11/2021

More than 100 years of terror Made in regime.

15/11/2021
14/11/2021

နိုဝင်ဘာ ၁၄၊ ၂၀၂၁ M-Media -ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ် မြန်မာနိုင်ငံကို ပြန်နိုင်တဲ့အချိန်အထိ လူ....

14/11/2021
10/11/2021

The head of the Independent Investigative Mechanism for 🇲🇲 says he is "hopeful" that Facebook will hand over more information to the team as it collects evidence of the most serious international crimes since 2011.

The Mehcanism aims to build case files for proceedings in national, regional or international courts. It was established in 2018 by the UN Human Rights Council and began work the following year.

"We have received some, but certainly not all that we have requested. We continue to negotiate with them and actually I am hopeful that we are going to receive more information. I know that there's some of our requests they've told us they are now again considering."

Safe spaces for   children have reopened so they can enjoy recreational activities and receive psychosocial support.
12/10/2021

Safe spaces for children have reopened so they can enjoy recreational activities and receive psychosocial support.

In case you missed it, the United States announced nearly $180 million in additional humanitarian assistance for Rohingy...
24/09/2021

In case you missed it, the United States announced nearly $180 million in additional humanitarian assistance for Rohingya refugees, affected host communities in Bangladesh, and the people of Burma. This new funding includes nearly $55 million through the United States Agency for International Development (USAID), along with an additional $124 million through the U.S. Department of State.

With this new assistance, USAID is providing emergency food assistance, healthcare services, shelter repairs, safe drinking water, improved sanitation and hygiene services, and protection assistance to Rohingya refugees in Cox’s Bazar, who reside in the world’s largest refugee camp, and to vulnerable host communities.

This latest announcement brings total U.S. assistance to more than $1.5 billion since the outbreak of violence in Rakhine State, Burma, in August 2017. The U.S. remains committed to helping the people affected by this crisis, but only a political solution will ultimately end their suffering.

https://www.usaid.gov/news-information/press-releases/sep-22-2021-united-states-announces-additional-humanitarian-assistance-burma-bangladesh-crisis

ရိုဟင်ဂျာဒုက္ခသည်အရေး စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ် ဆွေးနွေးမှုမရှိသေး(Zawgyi/Unicode)ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက် ရောက်နေတဲ့...
17/09/2021

ရိုဟင်ဂျာဒုက္ခသည်အရေး စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ် ဆွေးနွေးမှုမရှိသေး
(Zawgyi/Unicode)

ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက် ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးကိစ္စနဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား တိုက်ရိုက်ဆွေးနွေးမှု မရှိသေးတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး၀န်ကြီး AK Abdul Momen ပြောကြားချက်ကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံထုတ် bdnews24 သတင်းမှာ ဖေါ်ပြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ပို့ရေး တရုတ်နိုင်ငံပါ ပါ၀င်တဲ့ မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံအကြား ဒီနှစ်ဆန်းက ဆွေးနွေးမှုတွေရှိခဲ့ပေမဲ့ ပြန်ပို့ရေးလုပ်ငန်းစဉ်တွေ ရပ်တန့်နေဆဲ ဖြစ်တဲ့အကြောင်းလည်း ၀န်ကြီး AK Abdul Momen က ဒက္ကာမြို့တော်မှာ မနေ့က သတင်းထောက်တွေကို ပြောဆိုတာပါ။

တရုတ်နိုင်ငံကတော့ မြန်မာစစ်ကောင်စီအနေနဲ့ တိုင်းပြည်တည်ငြိမ်အောင် ပထမကြိုးစားနေပြီး အခြေအနေတွေ တည်ငြိမ်သွားတဲ့အခါ ဒုက္ခသည်ပြန်ပို့ရေးကိစ္စတွေ ဆွေးနွေးမယ့်အကြောင်း ပြောဆိုတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။ မြန်မာစစ်ကောင်စီဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

ဒါပေမဲ့လည်း အရင်အစိုးရနဲ့ သဘောတူခဲ့တဲ့ ဒုက္ခသည် ပြန်လည်လက်ခံရေး သဘောတူညီချက်တွေကို အကောင်အထည်ဖော်မယ်လို့တော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး၀န်ကြီးက မျှော်လင့်နေပါတယ်။

ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ်တွေအတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သား အစိုးရလက်ထက် လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဒုက္ခသည်တွေကိုယ်တိုင်က ပြန်ဖို့ ငြင်းဆန်ကြတာကြောင့် ၂၀၁၉ ခုနှစ်မှာ နှစ်ကြိမ် မအောင်မမြင် ဖြစ်ခဲ့တဲ့အကြောင်းနဲ့ နောက်ပိုင်းမှာ ပြန်ပို့ရေးအစီအစဉ် ရပ်တန့်နေတဲ့အကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေး၀န်ကြီးက ပြောဆိုပါတယ်။
#ရိုဟင်ဂျာ #ဗွီအိုအေမြန်မာပိုင်း...................................................................................................
ရိုဟင်ဂျာဒုက္ခသည်အရေး စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ် ဆွေးနွေးမှုမရှိသေး
(Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးကိစ္စနဲ့ ပတ်သက်လို့ မြန်မာစစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား တိုက်ရိုက်ဆွေးနွေးမှု မရှိသေးတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ပြောကြားချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် bdnews24 သတင်းမှာ ဖေါ်ပြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ပို့ရေး တရုတ်နိုင်ငံပါ ပါဝင်တဲ့ မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံအကြား ဒီနှစ်ဆန်းက ဆွေးနွေးမှုတွေရှိခဲ့ပေမဲ့ ပြန်ပို့ရေးလုပ်ငန်းစဉ်တွေ ရပ်တန့်နေဆဲ ဖြစ်တဲ့အကြောင်းလည်း ဝန်ကြီး AK Abdul Momen က ဒက္ကာမြို့တော်မှာ မနေ့က သတင်းထောက်တွေကို ပြောဆိုတာပါ။

တရုတ်နိုင်ငံကတော့ မြန်မာစစ်ကောင်စီအနေနဲ့ တိုင်းပြည်တည်ငြိမ်အောင် ပထမကြိုးစားနေပြီး အခြေအနေတွေ တည်ငြိမ်သွားတဲ့အခါ ဒုက္ခသည်ပြန်ပို့ရေးကိစ္စတွေ ဆွေးနွေးမယ့်အကြောင်း ပြောဆိုတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြန်မာစစ်ကောင်စီဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

ဒါပေမဲ့လည်း အရင်အစိုးရနဲ့ သဘောတူခဲ့တဲ့ ဒုက္ခသည် ပြန်လည်လက်ခံရေး သဘောတူညီချက်တွေကို အကောင်အထည်ဖော်မယ်လို့တော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက မျှော်လင့်နေပါတယ်။

ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ်တွေအတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သား အစိုးရလက်ထက် လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဒုက္ခသည်တွေကိုယ်တိုင်က ပြန်ဖို့ ငြင်းဆန်ကြတာကြောင့် ၂၀၁၉ ခုနှစ်မှာ နှစ်ကြိမ် မအောင်မမြင် ဖြစ်ခဲ့တဲ့အကြောင်းနဲ့ နောက်ပိုင်းမှာ ပြန်ပို့ရေးအစီအစဉ် ရပ်တန့်နေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။
#ရိုဟင်ဂျာ #ဗွီအိုအေမြန်မာပိုင်း


25/08/2021

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှု ဆိုသည်မှာ
ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်ခံရမှု အောက်မေ့ဘွယ်နေ့ - သြဂုတ်လ ၂၅ရက်
မြန်မာအချိန် - ည ရး၁၅ နာရီ
နေရာ: ဤ page နှင့် DVB page များ မှ live ထုတ်လွှင့်သွားပါမည်။
Zoom link: https://us02web.zoom.us/j/84914414956
ဆယ်စုနှစ်များစွာတိုင်အောင် မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် ရို
ဟင်ဂျာများအပါအဝင် တိုင်းရင်းသားလူမျိုးစုများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးချလာခဲ့သည်။ မြန်မာ့တပ်မတော်မှ အမျိုးသမီးများ နှင့် မိန်းကလေးငယ်များ၊ အမျိုးသားများနှင့် ယောင်္ကျားလေးငယ်များအပေါ် ပစ်မှတ်ထား၍ ပြုလုပ်ခဲ့သော အဓမ္မပြုကျင့်မှု၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ ကျွန်ပြုမှု နှင့် အခြားသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် နှင့် မရေတွက်နိုင်သော အခြားနိုင်ငံတကာအဖွဲ့အစည်းများမှ မှတ်တမ်းပြုစုထားပြီး ဖြစ်ပါသည်။
၎င်းကျူးလွန်ခဲ့သူများကို တာဝန်ခံမှုရှိစေရန် ွပြည်တွင်း နှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ လုပ်ဆောင်မှု ပျက်ကွက်ခဲ့မှုကြောင့် မြန်မာ့တပ်မတော်သည် အတင့်ရဲလာပြီး ကျွန်ုပ်တို့၏ ‘အားလုံးပါဝင်သော ဖယ်ဒရယ်ဒီမိုကရက်တစ်အနာဂတ်’ကို ဖျက်ဆီး၍ တစ်နိုင်ငံလုံးကို အကြမ်းဖက်နေပြီ ဖြစ်ပါသည်။ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်ခံရမှု အောက်မေ့ဘွယ်နေ့တွင် ဆယ်စုနှစ်များစွာတိုင်အောင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကျူးလွန်ခံခဲ့ရသူများအတွက် အလုပ်လုပ်နေသာ ရိုဟင်ဂျာနှင့်အခြားအမျိုးသမီးများ ပါဝင်သည့် အစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားအပ်ပါသည်။ မဝေေ၀နု Moderator လုပ်မည့် ယခုဆွေးနွေးပွဲတွင် လိင်ပိုင်းဆိုင်ရာအကြမ်ဖက်မှု၏ သက်ရောက်မှုနှင့် ကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရရှိရန် လိုအပ်ကြောင်းတို့ကို အဓိကဆွေးနွေးသွားမည် ဖြစ်ပါသည်။ ဆွေးနွေးပွဲပြီးနောက် တက်ရောက်လာသူများအားလုံးအတွက် မေးခွန်းနှင့်အဖြေ ကဏ္ဍ ရှိမည်ဖြစ်ပါသည်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှု ဆိုသည်မှာ
ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်ခံရမှု အောက်မေ့ဘွယ်နေ့ - သြဂုတ်လ ၂၅ရက်
မြန်မာအချိန် - ည ၇း၁၅ နာရီ
ဆယ်စုနှစ်များစွာတိုင်အောင် မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် ရို
ဟင်ဂျာများအပါအ၀င် တိုင်းရင်းသားလူမျိုးစုများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် အသုံးချလာခဲ့သည်။ မြန်မာ့တပ်မတော်မှ အမျိုးသမီးများ နှင့် မိန်းကလေးငယ်များ၊ အမျိုးသားများနှင့် ယောင်္ကျားလေးငယ်များအပေါ် ပစ်မှတ်ထား၍ ပြုလုပ်ခဲ့သော အဓမ္မပြုကျင့်မှု၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ ကျွန်ပြုမှု နှင့် အခြားသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် နှင့် မရေတွက်နိုင်သော အခြားနိုင်ငံတကာအဖွဲ့အစည်းများမှ မှတ်တမ်းပြုစုထားပြီး ဖြစ်ပါသည်။
၄င်းကျူးလွန်ခဲ့သူများကို တာ၀န်ခံမှုရှိစေရန် ွပြည်တွင်း နှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ လုပ်ဆောင်မှု ပျက်ကွက်ခဲ့မှုကြောင့် မြန်မာ့တပ်မတော်သည် အတင့်ရဲလာပြီး ကျွန်ုပ်တို့၏ ‘အားလုံးပါ၀င်သော ဖယ်ဒရယ်ဒီမိုကရက်တစ်အနာဂတ်’ကို ဖျက်ဆီး၍ တစ်နိုင်ငံလုံးကို အကြမ်းဖက်နေပြီ ဖြစ်ပါသည်။ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်ခံရမှု အောက်မေ့ဘွယ်နေ့တွင် ဆယ်စုနှစ်များစွာတိုင်အောင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကျူးလွန်ခံခဲ့ရသူများအတွက် အလုပ်လုပ်နေသာ ရိုဟင်ဂျာနှင့်အခြားအမျိုးသမီးများ ပါ၀င်သည့် အစီအစဉ်တွင် ပါ၀င်ရန် ဖိတ်ကြားအပ်ပါသည်။ မဝေ၀နု Moderator လုပ်မည့် ယခုဆွေးနွေးပွဲတွင် လိင်ပိုင်းဆိုင်ရာအကြမ်ဖက်မှု၏ သက်ရောက်မှုနှင့် ကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှုနှင့် တာ၀န်ခံမှုရရှိရန် လိုအပ်ကြောင်းတို့ကို အဓိကဆွေးနွေးသွားမည် ဖြစ်ပါသည်။ ဆွေးနွေးပွဲပြီးနောက် တက်ရောက်လာသူများအားလုံးအတွက် မေးခွန်းနှင့်အဖြေ ကဏ္ဍ ရှိမည်ဖြစ်ပါသည်။

[အောက်တွင် မြန်မာလို ပါရှိပါသည်။]  people have faced decades of systematic discrimination and abuses under military and ...
23/08/2021

[အောက်တွင် မြန်မာလို ပါရှိပါသည်။]

people have faced decades of systematic discrimination and abuses under military and government rule.

In 2016-2017, the Myanmar military attacked Rohingya people, forcing more than 800,000 to Bangladesh.

The cycle of impunity must end.

Read more: https://www.fortifyrights.org/mya-inv-rep-2021-08-19

ရိုဟင်ဂျာတွေဟာ မြန်မာ့စစ်တပ်နဲ့ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ခွဲခြားဆက်ဆံခံရမှုနဲ့ ဖိနှိပ်မှုတွေကို ခံစားလာခဲ့ရတာ ဆယ်စုနှစ်ပေါင်းများစွာ ရှိပါပြီ။

၂၀၁၆၊ ၂၀၁၇ ခုနှစ်မှာဆိုရင် မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာ ၈ သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

ဒီလို ရက်စက်ကြမ်းကြတ်တဲ့ ပြစ်မှုတွေကို ကျုးလွန်ခဲ့သူတွေဟာ ဒဏ်ခတ်မခံရဘဲ အခုချိန်ထိ လွတ်မြောက်နေပါတယ်။ ဒီလို ဒဏ်ခတ်မခံရခြင်းကို အခုပဲ အဆုံးသတ်ရပါမယ်။
အဲ့ဒီအကြောင်းအရာတွေကို ပိုမို သိရှိနိုင်ဖို့ ဒီနေရာမှာ လေ့လာပါ။ https://www.fortifyrights.org/mya-inv-rep-2021-08-19

ရိုဟင်ဂျာဆိုင်ရာမူဝါဒ NUG ရှင်းလင်းချက်(Zawgyi / Unicode)NUG အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ မ...
24/05/2021

ရိုဟင်ဂျာဆိုင်ရာမူဝါဒ NUG ရှင်းလင်းချက်

(Zawgyi / Unicode)

NUG အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ မူဝါဒ အခိုင်အမာ ရှိနေကြောင်း အမေရိကန် လွှတ်တော်အမတ်တွေကို ရှင်းပြနိုင်ခဲ့တယ်လို့ CRPH နိုင်ငံတကာကိုယ်စားလှယ် ဦးထင်လင်းအောင်က ဗွီအိုအေကို ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က ဝါရှင်တန်ဒီစီအခြေစိုက် the Wilson Center က ကြီးမှူးပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အမေရိကန် ဝါရင့်လွှတ်တော်အမတ်တွေ၊ ထိပ်တန်း နိုင်ငံရေးသမားတွေနဲ့ ဆွေးနွေးပွဲမှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ နိုင်ငံသားဖြစ်ခွင့် အစီအစဉ်ကို အသေအချာ ဆောင်ရွက်သွားမယ်လို့ NUG က ပြောကြားခဲ့တာပါ။ အပြည့်အစုံကို မအင်ကြင်းနိုင် တင်ပြပေးထားပါတယ်။

ရိုဟင်ဂျာအကျပ်အတည်းနဲ့ ပတ်သက်လို့ မူဝါဒ အခိုင်အမာမရှိတဲ့အတွက် NUG ကို အမေရိကန် အောက်လွှတ်တော်အမတ်တချို့ရဲ့ ဝေဖန်ကန့်ကွက်မှုတွေ ပြီးခဲ့တဲ့လက ထွက်ပေါ်လာခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမေရိကန် လွှတ်တော်အမတ်တွေနဲ့ ဆွေးနွေးပွဲမှာ NUG ရဲ့ ရပ်တည်ချက်ကို ရှင်းပြနိုင်ခဲ့တယ်လို့ စနေနေ့က ဝါရှင်တန်ဒီစီ ချီတက်ဆန္ဒပြပွဲမှာ မိန့်ခွန်းပြောကြားခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နိုင်ငံတကာ ကိုယ်စားလှယ် ဦးထင်လင်းအောင်က ဗွီအိုအေနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

“အခုနောက်ဆုံး ကျနော်တို့ Wilson Center နဲ့ တွေ့တဲ့အချိန်မှာတော့ မြန်မာ့အရေးကို သိနေတဲ့၊ မြန်မာ့အရေး စိတ်ဝင်စားတဲ့ ကွက်ဂရက်စ်က ပုဂ္ဂိုလ်တွေ တက်တယ်၊ ဆီနိတ်တာတွေ တက်တယ်။ အရင်တုန်းက Derek Mitchell လိုလူမျိုး မြန်မာပြည်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ တက်တယ်။ သူတို့ အကုန်လုံးက NUG ကို ထောက်ခံပါတယ် ဆိုပြီးတော့ ဆွေးနွေးသွားတဲ့ စကားတွေပေါ်မှာ ကြည့်လို့ရှိရင် အရမ်းကို သိသာလွန်းအားကြီးပါတယ်။ ပိုပိုပြီးတော့လည်း စိတ်ဝင်စားလာတယ်။ ပိုပိုပြီးတော့ အရှိန်မြှင့်ပြီး ဆောင်ရွက်ရမယ်လို့လည်း သူတို့ ပြောသွားပါတယ်။ ဆိုတော့ ဟိုရက်တုန်းက ဖြစ်နေတဲ့ NUG အပေါ်မှာ သူတို့ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီးတော့ သံသယရှိနေတာတွေလည်း ပြေပျောက်သွားမယ်လို့ ကျနော် ယုံကြည်နေပါတယ်။”

ဝါရှင်တန်ဒီစီအခြေစိုက် the Wilson Center က ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကြီးမှူးပြုလုပ်တဲ့ မြန်မာ့အရေး ဗွီဒီယိုကွန်ဖရင့် ဆွေးနွေးပွဲမှာ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဦးထင်လင်းအောင်က မြန်မာ့အရေး စိတ်ဝင်စားတဲ့ အမေရိကန် ထိပ်တန်းနိုင်ငံရေးသမားတွေနဲ့ လွှတ်တော်အမတ်တွေကို ရိုဟင်ဂျာအကျပ်အတည်းနဲ့ ပတ်သက်လို့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ဖြေရှင်းဆောင်ရွက်ဖို့ ရှိနေကြောင်း NUG ရဲ့ ရပ်တည်ချက်ကို အခုလိုပြောသွားပါတယ်။

”ရိုဟင်ဂျာတွေကို ပြန်လည်နေရာချထားဖို့နဲ့ နေရပ်ရင်း ပြန်လာသူတွေအတွက် နိုင်ငံသားဖြစ်ခွင့် အစီအစဉ်ကို သေချာစေရေး NUG က ရည်ရွယ်ထားပါတယ်။ ဒါကြောင့် ဒီလိုလုပ်ဆောင်ဖို့အတွက်လည်း ရိုဟင်ဂျာအသိုင်းအဝိုင်းက ခေါင်းဆောင်တွေ၊ အရပ်ဘက့်အဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ မူဝါဒ ချမှတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ဒါပေမယ့် နယ်စပ် လူဝင်မှုကြီးကြပ်ရေးကိစ္စမှာ စစ်တပ်က အာဏာနဲ့ ကိုင်တွယ်ထားသရွေ့တော့ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး ဆိုတာကို ဦးထင်လင်းအောင်က ဆွေးနွေးပွဲမှာ ပါဝင်တဲ့ အမေရိကန် ထိပ်တန်းနိုင်ငံရေးသမားတွေကို သတိပေး ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိ စစ်ခေါင်းဆောင်တွေဟာ ရိုဟင်ဂျာတွေကို အင်အားသုံး ဖိနှိပ်ခဲ့တဲ့ နည်းဗျူဟာအတိုင်း ရန်ကုန်အပါအဝင် မြို့ပေါ်တွေမှာ ကျင့်သုံးလာခဲ့တဲ့အတွက် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်လာတဲ့ ဆန္ဒပြသူတွေဟာ နယ်စပ်တွေမှာဖြစ်နေတဲ့ အခြေအနေတွေကို နားလည်သဘောပေါက်လာကြတယ်လို့လည်း ဦးထင်လင်းအောင်က ဆွေးနွေးပွဲမှာ အခုလို ပြောသွားပါတယ်။

”စစ်တပ်ဟာ သူတို့ရဲ့ ဇာတိရပ်မြေမှာလည်း ဒီလိုမျိုး ရက်စက်ကြမ်းကြုတ်မှုတွေကို ပုံမှန်လို ကျူးလွန်နေတယ်ဆိုတာ အားလုံး တွေ့မြင်လာကြတဲ့အတွက် စစ်တပ်ကို ဆန့်ကျင်တဲ့ သဘောထား ရပ်တည်ချက်၊ စာနာမှုနဲ့ စည်းလုံးညီညွတ်မှုတွေ ဖြစ်လာသလို အမျိုးသားရေး နိုးထလာမှုလို့တောင် ကျနော်ပြောချင်ပါတယ်။”

the Wilson Center က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်လည်း ဗွီဒီယိုကွန်ဖရင့်နဲ့ ပါဝင်ဆွေးနွေးခဲ့ပါတယ်။

အခုလို NUG အနေနဲ့ ရိုဟင်ဂျာ အကျပ်အတည်းနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ မူဝါဒကို ထုတ်ဖော်ပြောဆိုလာတဲ့အပေါ်မှာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်အမတ်ဟောင်း လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတဲ့ ဒေါက်တာတင့်ဆွေက သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“ပြည်တွင်းကတော့ သိတဲ့အတိုင်း ပြည်တွင်းမှာ ကျနော်တို့နိုင်ငံမှာ စစ်အစိုးရ ဒုတိယအကြိမ် တက်ကတည်းက ဒီကိစ္စမှာ တော်တော်လေးကို အာဏာအတွက်၊ အာဏာအကျိုးစီးပွားအတွက် အသုံးချပြီးတော့ နာမည်အခေါ်အဝေါ် အသုံးအနှုန်းကအစ၊ နောက်တခါ ဘာသာရေးမှိုင်းပေါ့၊ အဲတော့ ဒီဟာကြီးက အခုထိ နက်နက်နဲနဲ ရှိနေတဲ့အချိန်မှာ တချို့လူတွေအတွက် ဆုံးဖြတ်ချက် ချတဲ့အခါမှာ နားလည်မှု တော်တော်လေးလွဲနိုင်တဲ့ အနေအထားတရပ် ဖြစ်ပါတယ်။ သို့သော်လည်း ကျနော်တို့က ဒီဟာကို မကျော်လွှားလို့ မဖြစ်ဘူး။ နောက်တခါ နိုင်ငံတကာပေါ့၊ အဲဒီထဲမှာ အဓိကကျတာကတော့ UN နဲ့ EU နဲ့ US ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေက ဗမာနိုင်ငံမှာ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီးတော့ လုံးဝကို အမြင်မကြည်တဲ့ကိစ္စမှာ NUG က အဲဒါကို ကျော်လွှားဖို့ ဖြေရှင်းနိုင်ဖို့အတွက် ကြီးမားတဲ့ ခြေလှမ်းတခုကို ရဲရဲဝံ့ဝံ့ လှမ်းပြီးတော့ ဆုံးဖြတ်လိုက်တယ်လို့ပဲ ကျနော်မြင်ပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် သုံးစွဲထားပါတယ်။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အာဏာသိမ်းမိန့်ခွန်း ပထမဆုံး ပြောကြားတဲ့အထဲမှာ ဘင်္ဂလားဒေ့ရ်ှရောက် ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူသွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ ခေါ်ဝေါ်သုံးစွဲခြင်း မရှိပါဘူး။

#ရိုဟင်ဂျာ #အမျိုးသားညီညွတ်ရေးအစိုးရ #ဦးထင်လင်းအောင် #ဒေါ်ဇင်မာအောင် #ဒေါက်တာတင့်ဆွေ
----------------------

အမျိုးသားညီညွတ်ရေးအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် သုံးစွဲထားပါတယ်။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အာဏာသိမ်းမိန့်ခွန်း ပထမဆုံး ပြောကြားတဲ့အထဲမှာ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူသွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ ခေါ်ဝေါ်သုံးစွဲခြင်း မရှိပါဘူး။

#ရိုဟင်ဂျာ #အမျိုးသားညီညွတ်ရေးအစိုးရ #ဦးထင်လင်းအောင် #ဒေါ်ဇင်မာအောင် #ဒေါက်တာတင့်ဆွေ


ဒါကာမှ ပါလက်စတိုင်းသံအမတ်က ဒီကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းချက်ပေးရန် ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေး၀န်ကြီးနှင့် သံအမတ်ကြီးတို့ တ...
24/05/2021

ဒါကာမှ ပါလက်စတိုင်းသံအမတ်က ဒီကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းချက်ပေးရန် ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေး၀န်ကြီးနှင့် သံအမတ်ကြီးတို့ တွေ့ဆုံရန်တောင်းဆိုခဲ့သည်ဟု ပြောကြားခဲ့သည်။

The ambassador says he plans to meet the home minister and ambassador-at-large for clarification

ရိုဟင်ဂျာဒုက္ခသည်စခန်းငါးခု အသွားလာကန့်သတ်~~~~~~■  ဘင်္ဂလားဒေရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုရိုနာ ရောဂါဖြစ်...
22/05/2021

ရိုဟင်ဂျာဒုက္ခသည်စခန်းငါးခု အသွားလာကန့်သတ်
~~~~~~
■ ဘင်္ဂလားဒေရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုရိုနာ ရောဂါဖြစ်ပွားမှုတွေ တဟုန်ထိုး မြင့်တက်လာတဲ့အတွက် ဒုက္ခသည် တစ်သိန်းနီးပါးရှိတဲ့ စခန်းငါးခုကို အသွားလာကန့်သတ်ထားပြီး၊ တင်းကြပ်တဲ့ အတားအဆီးတွေ ချထားတယ်လို့ ရိုက်တာသတင်းမှာ သောကြာနေ့က ဖော်ပြပါတယ်။

ကြာသပတေးနေ့ကပဲ စတင်လိုက်တဲ့ အသွားလာကန့်သတ်တဲ့ အမိန့်ထဲမှာ ဒုက္ခသည်တွေကို စခန်းတွေအကြား ကူးသန်းသွားလာခွင့် မပြုတော့ဘဲ မဖြစ်မနေလိုအပ်တဲ့ ဝန်ဆောင်မှုတွေကိုပဲ ဆက်လက်လည်ပတ်သွားမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေ အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးမှု လေးသောင်း တစ်ထောင်ကျော်ပြုလုပ်ခဲ့ပြီး၊ ပိုးတွေ့လူနာ ၈၆၄ ဦးနဲ့ သေဆုံးသူ ၁၃ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အခုလို ရောဂါကူးစက်မှုတွေ တိုးလာတာဟာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်က အဆုံးသတ်တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန် ဥပုဒ်လ ကာလအတွင်းမှာ လူစုလူဝေး ပြုလုပ်မှုတွေ များပြားခဲ့တာနဲ့ ဆက်စပ်မယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင်ပိုင်းက ဒုက္ခသည် စခန်း ၃၄ ခုမှာ ခိုလှုံနေထိုင်ကြရပြီး၊ စခန်းတွေမှာ လူဦးရေ များပြားထူထပ်မှုကြောင့် ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ခြေရာခံဖို့ အလွန်ခက်ခဲလိမ့်မယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ဆိုပါတယ်။

ကိုရိုနာကပ်ရောဂါ စတင်ချိန်မှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေအတွင်း ရောဂါဖြစ်ပွားမှု နည်းပါးခဲ့ပေမယ့် ပြီးခဲ့တဲ့ အပတ်က ရောဂါ ဖြစ်ပွားမှုတွေ တဟုန်ထိုးမြင့်တက်လာပြီး၊ ကြာသပတေးနေ့ တစ်နေ့တည်းမှာတင် ကိုရိုနာပိုးတွေ့လူနာ ၄၅ ဦး ရှိခဲ့တယ် လို့ ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတစ်ဦးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးနှံရာမှာ ရိုဟင်ဂျာဒုက္ခသည်တွေကိုပါ ထိုးပေးသွားမယ်လို့ အစိုးရက ကြေညာထားပေမယ့်၊ ပြီးခဲ့တဲ့ ဧပြီလကစပြီး အိန္ဒိယ နိုင်ငံက ကာကွယ်ဆေး တင်ပို့မှုကို ရပ်နားထားတာကြောင့် ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေ နှောင့်နှေးနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အိန္ဒိယနိုင်ငံကနေ Astra Zeneca ကာကွယ်ဆေး အစုံ သန်း ၃၀ ရရှိဖို့ ရှိပေမယ့် အခုအချိန်အထိ ကာကွယ်ဆေး အစုံ ၇ သန်းသာ ရရှိထားပြီး၊ နိုင်ငံ့လူဦးရေ သန်း ၁၇၀ ရဲ့ ၂ ရာခိုင်နှုန်းကိုပဲ ကာကွယ်ဆေး ထိုးနှံရသေးပါတယ်။
- Unicode
-----------
ရိုဟင်ဂျာဒုက္ခသည်စခန်းငါးခု အသွားလာကန့်သတ်
~~~~~~
■ ဘင်္ဂလားဒေရ်ှနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုရိုနာ ရောဂါဖြစ်ပွားမှုတွေ တဟုန်ထိုး မြင့်တက်လာတဲ့အတွက် ဒုက္ခသည် တစ်သိန်းနီးပါးရှိတဲ့ စခန်းငါးခုကို အသွားလာကန့်သတ်ထားပြီး၊ တင်းကြပ်တဲ့ အတားအဆီးတွေ ချထားတယ်လို့ ရိုက်တာသတင်းမှာ သောကြာနေ့က ဖော်ပြပါတယ်။

ကြာသပတေးနေ့ကပဲ စတင်လိုက်တဲ့ အသွားလာကန့်သတ်တဲ့ အမိန့်ထဲမှာ ဒုက္ခသည်တွေကို စခန်းတွေအကြား ကူးသန်းသွားလာခွင့် မပြုတော့ဘဲ မဖြစ်မနေလိုအပ်တဲ့ ဝန်ဆောင်မှုတွေကိုပဲ ဆက်လက်လည်ပတ်သွားမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေ အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးမှု လေးသောင်း တစ်ထောင်ကျော်ပြုလုပ်ခဲ့ပြီး၊ ပိုးတွေ့လူနာ ၈၆၄ ဦးနဲ့ သေဆုံးသူ ၁၃ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အခုလို ရောဂါကူးစက်မှုတွေ တိုးလာတာဟာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်က အဆုံးသတ်တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန် ဥပုဒ်လ ကာလအတွင်းမှာ လူစုလူဝေး ပြုလုပ်မှုတွေ များပြားခဲ့တာနဲ့ ဆက်စပ်မယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင်ပိုင်းက ဒုက္ခသည် စခန်း ၃၄ ခုမှာ ခိုလှုံနေထိုင်ကြရပြီး၊ စခန်းတွေမှာ လူဦးရေ များပြားထူထပ်မှုကြောင့် ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ခြေရာခံဖို့ အလွန်ခက်ခဲလိမ့်မယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ဆိုပါတယ်။

ကိုရိုနာကပ်ရောဂါ စတင်ချိန်မှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေအတွင်း ရောဂါဖြစ်ပွားမှု နည်းပါးခဲ့ပေမယ့် ပြီးခဲ့တဲ့ အပတ်က ရောဂါ ဖြစ်ပွားမှုတွေ တဟုန်ထိုးမြင့်တက်လာပြီး၊ ကြာသပတေးနေ့ တစ်နေ့တည်းမှာတင် ကိုရိုနာပိုးတွေ့လူနာ ၄၅ ဦး ရှိခဲ့တယ် လို့ ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတစ်ဦးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးနှံရာမှာ ရိုဟင်ဂျာဒုက္ခသည်တွေကိုပါ ထိုးပေးသွားမယ်လို့ အစိုးရက ကြေညာထားပေမယ့်၊ ပြီးခဲ့တဲ့ ဧပြီလကစပြီး အိန္ဒိယ နိုင်ငံက ကာကွယ်ဆေး တင်ပို့မှုကို ရပ်နားထားတာကြောင့် ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေ နှောင့်နှေးနေပါတယ်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံဟာ အိန္ဒိယနိုင်ငံကနေ Astra Zeneca ကာကွယ်ဆေး အစုံ သန်း ၃၀ ရရှိဖို့ ရှိပေမယ့် အခုအချိန်အထိ ကာကွယ်ဆေး အစုံ ၇ သန်းသာ ရရှိထားပြီး၊ နိုင်ငံ့လူဦးရေ သန်း ၁၇၀ ရဲ့ ၂ ရာခိုင်နှုန်းကိုပဲ ကာကွယ်ဆေး ထိုးနှံရသေးပါတယ်။
- Zawgyi
Photo: AFP

ရိုဟင်ဂျာဒုက္ခသည်စခန်းငါးခု အသွားလာကန့်သတ်
~~~~~~
■ ဘင်္ဂလားဒေရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုရိုနာ ရောဂါဖြစ်ပွားမှုတွေ တဟုန်ထိုး မြင့်တက်လာတဲ့အတွက် ဒုက္ခသည် တစ်သိန်းနီးပါးရှိတဲ့ စခန်းငါးခုကို အသွားလာကန့်သတ်ထားပြီး၊ တင်းကြပ်တဲ့ အတားအဆီးတွေ ချထားတယ်လို့ ရိုက်တာသတင်းမှာ သောကြာနေ့က ဖော်ပြပါတယ်။

ကြာသပတေးနေ့ကပဲ စတင်လိုက်တဲ့ အသွားလာကန့်သတ်တဲ့ အမိန့်ထဲမှာ ဒုက္ခသည်တွေကို စခန်းတွေအကြား ကူးသန်းသွားလာခွင့် မပြုတော့ဘဲ မဖြစ်မနေလိုအပ်တဲ့ ဝန်ဆောင်မှုတွေကိုပဲ ဆက်လက်လည်ပတ်သွားမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေ အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးမှု လေးသောင်း တစ်ထောင်ကျော်ပြုလုပ်ခဲ့ပြီး၊ ပိုးတွေ့လူနာ ၈၆၄ ဦးနဲ့ သေဆုံးသူ ၁၃ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

အခုလို ရောဂါကူးစက်မှုတွေ တိုးလာတာဟာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်က အဆုံးသတ်တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန် ဥပုဒ်လ ကာလအတွင်းမှာ လူစုလူဝေး ပြုလုပ်မှုတွေ များပြားခဲ့တာနဲ့ ဆက်စပ်မယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင်ပိုင်းက ဒုက္ခသည် စခန်း ၃၄ ခုမှာ ခိုလှုံနေထိုင်ကြရပြီး၊ စခန်းတွေမှာ လူဦးရေ များပြားထူထပ်မှုကြောင့် ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ခြေရာခံဖို့ အလွန်ခက်ခဲလိမ့်မယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ဆိုပါတယ်။

ကိုရိုနာကပ်ရောဂါ စတင်ချိန်မှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေအတွင်း ရောဂါဖြစ်ပွားမှု နည်းပါးခဲ့ပေမယ့် ပြီးခဲ့တဲ့ အပတ်က ရောဂါ ဖြစ်ပွားမှုတွေ တဟုန်ထိုးမြင့်တက်လာပြီး၊ ကြာသပတေးနေ့ တစ်နေ့တည်းမှာတင် ကိုရိုနာပိုးတွေ့လူနာ ၄၅ ဦး ရှိခဲ့တယ် လို့ ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတစ်ဦးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးနှံရာမှာ ရိုဟင်ဂျာဒုက္ခသည်တွေကိုပါ ထိုးပေးသွားမယ်လို့ အစိုးရက ကြေညာထားပေမယ့်၊ ပြီးခဲ့တဲ့ ဧပြီလကစပြီး အိန္ဒိယ နိုင်ငံက ကာကွယ်ဆေး တင်ပို့မှုကို ရပ်နားထားတာကြောင့် ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေ နှောင့်နှေးနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အိန္ဒိယနိုင်ငံကနေ Astra Zeneca ကာကွယ်ဆေး အစုံ သန်း ၃၀ ရရှိဖို့ ရှိပေမယ့် အခုအချိန်အထိ ကာကွယ်ဆေး အစုံ ၇ သန်းသာ ရရှိထားပြီး၊ နိုင်ငံ့လူဦးရေ သန်း ၁၇၀ ရဲ့ ၂ ရာခိုင်နှုန်းကိုပဲ ကာကွယ်ဆေး ထိုးနှံရသေးပါတယ်။
- Unicode
-----------
~~~~~~







- Zawgyi
Photo: AFP

ဆော်ဒီအာရေးဘီးယားဘုရင် Salman သည် ဂျေရုဆလင်နှင့် ဂါဇာကမ်းမြောင်ဒေသများရှိ အစ္စရေးတို့၏ ကျူးကျော်မှုကို ပြစ်တင်ရှုတ်ချသည်...
22/05/2021

ဆော်ဒီအာရေးဘီးယားဘုရင် Salman သည် ဂျေရုဆလင်နှင့် ဂါဇာကမ်းမြောင်ဒေသများရှိ အစ္စရေးတို့၏ ကျူးကျော်မှုကို ပြစ်တင်ရှုတ်ချသည်။

Saudi Arabia’s King Salman condemns what he calls Israeli aggression in Jerusalem and the Gaza Strip. 🔴 LIVE updates: https://aje.io/fxtfx

ဒီအစွန်းရောက်တွေ ဘာလုပ်နိုင်မလဲဆိုတာကို စိုးရိမ်လို့ ညဘက်အိပ်လို့မရဘူး။  - ရှိတ်ခ်ဂျရာရာအစ္စရေးစစ်တပ်၏ ဖိနှိပ်မှုကို ပါလ...
21/05/2021

ဒီအစွန်းရောက်တွေ ဘာလုပ်နိုင်မလဲဆိုတာကို စိုးရိမ်လို့ ညဘက်အိပ်လို့မရဘူး။ - ရှိတ်ခ်ဂျရာရာအစ္စရေးစစ်တပ်၏ ဖိနှိပ်မှုကို ပါလက်စတိုင်းတို့ကငြင်းဆန်ခဲ့သည်

မြန်မာ့အရေး ထိရောက်အောင်ဆောင်ရွက်ဖို့ အာဆီယံအမတ်တွေ တောင်းဆို{{Zawgyi/Unicode}}မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အရှေ...
21/05/2021

မြန်မာ့အရေး ထိရောက်အောင်ဆောင်ရွက်ဖို့ အာဆီယံအမတ်တွေ တောင်းဆို
{{Zawgyi/Unicode}}
မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က အမြန်ဆုံး ထိရောက်စွာ အကောင်အထည်ဖော်ဖို့၊ အဲဒီ သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့မြန်မာစစ်တပ်ကို တာဝန်ယူမှုရှိအောင် လုပ်ကိုင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များ အဖွဲ့ APHR က တိုက်တွန်းလိုက်ပါတယ်။

မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးကျင်းပခဲ့တာ တလလောက် ရှိလာတဲ့အချိန်ထိ ဘာမှပြောင်းလဲတာ မတွေ့ရသေးဘူးလို့ ဒီကနေ့ မေလ ၂၁ ရက်နေ့ APHR က ထုတ်ပြန်တဲ့ ကြညာချက်မှာ ဖော်ပြထားပါတယ်။ အာဆီယံရဲ့တောင်းဆိုချက်ကို စစ်ကောင်စီဘက်က ဂရုမစိုက်တဲ့အတွက် အာဆီယံ အသင်းကြီးအတွက် အချိန်ကုန်ရုံသက်သက်ပဲလို့လည်း ပြောထားပါတယ်။

ဧပြီလက ရခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက်ဟာ ကောင်းမွန်တဲ့ ဆောင်ရွက်ချက်ဖြစ်ပေမဲ့၊ ဒါ အပြောသက်သက်မဟုတ်ဘူးဆိုတာ သက်သေပြဖို့လိုပြီလို့လည်း ဖော်ပြထားပါတယ်။

စစ်တပ်အနေဲ့သူ့ရဲ့ ကြမ်းကြုတ်ရက်စက်မှုအတွက် အကျိုးဆက်ကိုခံစားရအောင်လုပ်ဖို့လိုတာကြောင့် အရေးယူမှုတွေလုပ်ဖို့လည်း အာဆီယံအသင်းကြီးကို APHR ရဲ့ဥက္ကဋ္ဌလည်းဖြစ်၊ မလေးရှားလွှတ်တော်အမတ်လည်းဖြစ်တဲ့ Charles Santiago ကကြေညာချက်ထဲမှာ တိုက်တွန်း ထားပါတယ်။

အကြမ်းဖက်လုပ်ရပ်ရဲ့အကျိုးဆက်အဖြစ် အာဆီယံအစည်းအဝေးတွေမှာ မြန်မာစစ်တပ်ကို မဖိတ်ဖို့၊ မြန်မာ စစ်ဗိုလ်ချုပ်တွေကို ဒေသတွင်းခရီးသွားလာခွင့်ပိတ်ပင်ဖို့၊ စစ်တပ်နဲ့ ပတ်သက်နေတဲ့စီးပွားရေး လုပ်ငန်းတွေကို ပစ်မှတ်ထား ဒဏ်ခတ်ဖို့လည်း မစ္စတာ Santiago က အဲဒီကြေညာချက်မှာ အကြံပြုထားပါတယ်။

မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချပြီး လက်နက်ရောင်းချခွင့် ပိတ်ပင်ဖို့ဆိုတဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံရဲ့ ပြဌာန်းချက်မူကြမ်းကို ထောက်ခံဖို့လည်း အာဆီယံကို တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းနေတာကြောင့် အာဆီယံ အသင်းကြီးက ဧပြီ ၂၄ ရက်နေ့မှာ မြန်မာ့အရေး အစည်းအဝေး တရပ်ကျင်းပပြီး ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
..............................................
မြန်မာ့အရေး ထိရောက်အောင်ဆောင်ရွက်ဖို့ အာဆီယံအမတ်တွေ တောင်းဆို
{{Unicode}}

မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က အမြန်ဆုံး ထိရောက်စွာ အကောင်အထည်ေ.....

Address

Website

Alerts

Be the first to know and let us send you an email when Light of Rohingya - Burmese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share