Kyaw Myo Tun

Kyaw Myo Tun Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaw Myo Tun, News & Media Website, .

သွားပီနော်.. ဘိုင့်ဘိုင့်Comment👇
25/01/2023

သွားပီနော်.. ဘိုင့်ဘိုင့်
Comment👇

24/01/2023

မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ထိုင်းနိုင်ငံက ဖမ်းဆီးထားတဲ့ ခရိုနီ လက်နက်ပွဲစား ဦးထွန်းမင်းလတ်အပါအဝင် တရားခ...

ကိုအောင်ချမ်းအေးဖမ်းဆီးခံရ🥺
22/01/2023

ကိုအောင်ချမ်းအေးဖမ်းဆီးခံရ🥺

11/12/2022

အကြမ်းဖက် စစ်တပ်အတွက် ဒေါ်လာသန်းချီ ငွေရှာပေးနေသည့် ထိုင်း PTT ကုမ္ပဏီ ထုတ်ကုန်များ၊ ဖက်စပ် ကုမ္ပဏီများ၏ ထုတ်ကုန်များကို သပိတ် မှောက် ဆန့်ကျင်ရန် ပြည်သူများကို နှိုးဆော်

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

အကြမ်းဖက်စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်နေပြီး အမေရိကန်ဒေါ်လာ သန်း ပေါင်း များစွာ စစ်ကောင်စီအတွက် ဝင်ငွေရှာပေးနေသည့် ထိုင်း PTT ကုမ္ပဏီ ၏ ထုတ်ကုန်များ၊ ဖက်စပ် ကုမ္ပဏီများ၏ ထုတ်ကုန်များကို သပိတ် မှောက် ဆန့် ကျင်ရန် ပြည်သူများကို သွေးစွန်း ငွေဖြတ်တောက်ရေးအဖွဲ့က နှိုးဆော် သည်။

မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံမှ PTT ကုမ္ပဏီက ပြည်တွင်း Brighter Energy ကုမ္ပဏီ၊ Tunn Star ကုမ္ပဏီနှင့်ပူးပေါင်း၍ PTT အမှတ်တံဆိပ်ပါ အင်ဂျင် ဝိုင်နှင့် စက်ဆီချောဆီအမျိုးမျိုးနှင့် ကဖီးAmazon တို့ကို လုပ်ကိုင်လျက် ရှိ ကြောင်း သိရှိရသည်။

ထိုင်း PTT ကုမ္ပဏီသည် မြန်မာစစ်တပ်နှင့်တွဲဖက်၍ ရေနံ၊သဘာ၀ဓာတ်ငွေ့ လုပ်ငန်းများ တွဲဖက်လုပ်ကိုင်နေသည့် ကုမ္ပဏီလည်းဖြစ်သည်။

ထိုင်းနိုင်ငံမှ PTT ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံပြီး စစ်တပ်ကို ဝင်ငွေအများဆုံး ထောက်ပံ့ပေး နေ သောကုမ္ပဏီတစ်ခုဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် ထိုင်းနိုင်ငံ PTT ကုမ္ပဏီက မြန်မာစစ်တပ်ကို အမေရိကန် ဒေါ်လာသန်းပေါင်း ၄၅၈ ဒသမ ၉သန်း ပေးခဲ့ပြီး လက်ရှိ၂၀၂၂ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာသန်း ၁၀၀၀ နီးပါး အခွန် ပေးဆောင်နိုင်ဖွယ်ရှိ ကြောင်း သိရှိရသည်။

စစ်အုပ်စုသည် ထိုင်းနိုင်ငံ PTT ကုမ္ပဏီထံမှ ရရှိသော အခွန်ငွေ များဖြင့် ပြည် သူ များ ကို နေ့တိုင်း သတ်ဖြတ်နေသဖြင့် ထိုင်းနိုင်ငံ PTT ကုမ္ပဏီနှင့် ထုတ်ကုန်များကို မြန်မာ ပြည်သူများအနေဖြင့် ဆန့်ကျင် သပိတ်မှောက်ကြရန် သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တောင်းဆိုသည်။

“ PTT ကုမ္ပဏီက သူတို့ပေးလိုက်တဲ့ ပိုက်ဆံကို သုံးပြီး စစ်အုပ်စုက လူသတ် မယ် ဆိုတာကို သိတယ်။ သိလျက်နဲ့ဒီပိုက်ဆံတွေကိုဆက်ပေးနေတယ်။ ဒါဟာ လူသတ်ကြံရာပါပဲ။ ပြည်သူတွေက ဒီပိုက်ဆံတွေကို စစ်အုပ်စုကို ဆက်မပေးဖို့ ဒီလောက်တောင်းဆိုနေတာကိုလည်း မသိချင်ယောင်ဆောင်နေတယ်။ သူတို့ အကျိုးစီးပွား ကိုပဲကြည့်တယ်။ ဒီတော့ မြန်မာပြည်သူတွေအနေနဲ့ စစ်တပ်နဲ့ ပူးပေါင်းတဲ့ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေ သပိတ်မှောက်ပြီးတော့ ကိုယ့် အစွမ်း ကို ပြန်ပြရမှာပေါ့။ အဲ့ဒါကြောင့် သူတို့ကို ဒဏ်ခတ်တဲ့ အနေနဲ့ PTTထုတ်ကုန် တွေ ရယ်၊ ပြည်တွင်းထဲမှာ PTTနဲ့အတူတူ ပေါင်းပြီး အလုပ် လုပ်နေတဲ့ ကုမ္ပဏီ တွေရယ်၊ လူတွေရယ်ကို ကျွန်တော်တို့ အထပ်ထပ် စိစစ်ပြီး မနေ့က သပိတ် မှောက် စာရင်းအဖြစ်ကြေညာခဲ့ပါတယ်။ ဒီလူတွေ ဒီထုတ်ကုန် တွေကို သပိတ် မှောက်ဖို့ သွေးငွေဖြတ် လှုပ်ရှားမှုမှာ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ပေးဖို့ ကိုလည်း လေးလေးစားစားအကူညီတောင်ပါတယ်” လို့ပြောပါသည်။

ထိုင်းနိုင်ငံ PTT ကုမ္ပဏီနှင့် ပူးတွဲလုပ်ကိုင်နေသော Brighter Energy ကုမ္ပဏီ နှင့် Brighter Energy Retail ကုမ္ပဏီတို့သည် KBZ အုပ်စု၏လက်ခွဲကုမ္ပဏီ များ ဖြစ်ပြီး ၂၀၁၉ခုနှစ်မှ စတင်၍ PTT၏လက်ခွဲကုမ္ပဏီဖြစ်သည့် PTTORနှင့် စာချုပ်ချုပ်၍ ပြည်တွင်းစက်ဆီဆိုင်များ နှင့် Cafe Amazonဆိုင်များ ဖွင့်လှစ်နေခြင်းဖြစ်သည်။

ထိုင်းPTT နှင့် KBZ တို့ ပူးပေါင်းလုပ်ကိုင်နေသော မြန်မာပြည်တွင်းရှိ ဆီဆိုင် များ၏ အမည်များကိုလည်း သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က ဆက်လက် ဖော် ထုတ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းPTT ကုမ္ပဏီ နှင့်ပူးပေါင်းနေသော အခြားပြည်တွင်းကုမ္ပဏီဖြစ်သည့် Tunn Star ကုမ္ပဏီသည် ၂၀၀၈ခုနှစ် ၁၀လပိုင်းမှ စတင်၍ PTT အမှတ်တံဆိပ် စက်ဆီ ချောဆီ အမျိုးမျိုးကို မြန်မာနိုင်ငံ၏တစ်ဦးတည်းသော ကိုယ်စား လှယ်အဖြစ် တာဝန်ယူဖြန့်ချိနေသောကိုယ်စားလှယ်ဖြစ်သည်။

29/09/2022

တိုက်လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိသူများကို လွှဲပြောင်းယူရန် AA အကြောင်းကြားသော်လည်း စစ်ကောင်စီအကြောင်းမပြန်ဟုဆို

မောင်တော၊ စက်တင်ဘာ ၂၉
လူငယ်ခေတ်

ရက္ခိုင်ပြည်နယ်ရှိ လက်ပံတောင်ကြောပေါ်သို့ စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် စစ်သုံ့ပန်းများထားရှိရာ AA အကျဉ်းထောင် ၂ ခုကိုထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို လွှဲပြောင်းယူရန် AA က အကြောင်းကြားခဲ့သော်လည်း စစ်ကောင်စီသည် အကြောင်းမပြန်ကြောင်း ရက္ခိုင့်တပ်တော် AA က စက်တင်ဘာ ၂၈ရက်၌ သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ တတိယပတ်အတွင်း တိုက်လေယာဉ် ၃ စီးဖြင့် နာရီဝက်ကြာဗုံးကြဲတိုက်ခိုက်ခဲ့ခြင်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအပြင် အခြားသောအကျဉ်းသား တချို့သေဆုံးမှု၊ ဒဏ်ရာရရှိမှုများလည်ရှိခဲ့ကြောင်း AA ကဆိုသည်။

“ရက္ခိုင့်တပ်တော် AA ကတောင် ကျွန်တော်တို့ကို လူသားချင်းစာနာပြီးတော့ ကမ်းလှမ်းခဲ့တာပါ။ အဲ့ဒါကို မြန်မာ့ တပ်မတော်ဘက်က ကျွန်တော်တို့ကို ဘာဖြစ်လို့လက်မခံရတာလဲခင်ဗျာ။ ကျွန်တော်တို့ဆိုမြန်မာ့တပ်မတော်ထဲ မှာနှစ်ပေါင်း ၁၅ နှစ်လောက် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့တာ” ဟု AA ထံတွင်ဖမ်းဆီးခံထားရသည့် စစ်ကောင်စီတပ်သားမြင့်ဆွေက ပြောသည်။

ဒဏ်ရာရရှိခဲ့သူများကို AA ကဆေးကုသပေးထားသော်လည်း ဆေးဝါးအခက် အခဲကြောင့် တချို့မှာသေဆုံးသွား ခဲ့ပြီး ဒဏ်ရာရရှိသူများအနက်အချို့မှာလည်း ဒဏ်ရာပြင်းထန်သဖြင့် ထိုဒဏ်ရာပြင်းထန်လူနာများကို အမြန်ဆုံး လာရောက်ခေါ်ယူရန် စစ်ကောင်စီလက်အောက်ရှိ တာဝန်ရှိလူပုဂ္ဂိုလ်များထံ AA ကဆက်သွယ်အကြောင်းကြားခဲ့ သည်။

ထိုသို့အကြောင်းကြားမှုကို စစ်ကောင်စီဘက်က လျစ်လျူရှုထားခဲ့သည်မှာ ၅ ရက်ခန့်ကြာမြင့်နေပြီဖြစ်ပြီး အဆိုပါ ရက်အတွင်း ဒဏ်ရာအပြင်းအထန်ရရှိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း AA ကဆို သည်။

“အထက်ကလူကြီးတွေအနေနဲ့ ကျွန်တော်တို့ကို ဆေးကုသခွင့်ပေးပါလို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ။ တပ်ထဲမှာ ၁၅ နှစ်လောက်တာဝန်ထမ်းဆောင်ခဲ့တာတောင် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့အတွက် ကျွန်တော်တို့ကို သံဝေဂယူကြပါလို့မှာချင်ပါတယ်” ဟု တပ်သားမြင့်ဆွေက စစ်ကောင်စီလက်အောက်တွင်တာဝန်ထမ်းဆောင်နေဆဲဖြစ်သည့် တပ်ဖွဲ့ဝင်များကို အမှာစကားပါးခဲ့သည်။

ရက္ခိုင်ပြည်နယ်နှင့် ပလက်ဝဒေသတို့တွင် AA နှင့် စစ်ကောင်စီတပ်တို့အကြား ယခုလအတွင်း တိုက်ပွဲများပိုမိုပြင်းထန်လာခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က အထိအခိုက်အကျအဆုံးများပြားခြင်း၊ စခန်းစွန့်ခွာမှုများခြင်းနှင့် အ တူ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသဖြင့် တပ်ပြေးမှုများလည်း ပိုမိုများပြားလျက်ရှိ ကြောင်း AA ကဆိုသည်။

ထို့ပြင် AA ထံသို့ နီးစပ်ရာမှတစ်ဆင့် လက်နက်နှင့်အတူ ဝင်ရောက်လာသူများရှိသကဲ့သို့ လက်နက်မပါဘဲ ဝင်ရောက်လာသူများအပါအဝင် ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ပြေးအရေအတွက်မှာ လူဦးရေ (၁၅၀) ကျော်အထိရှိခဲ့ကြောင်း သိရသည်။

၎င်းတို့ကို AA က ကောင်မွန်စွာစောင့်လျှောက်ထားပြီး တချို့ကိုလည်း ၎င်းတို့သွားလိုသည့်နေရာသို့ အန္တရာယ်ကင်းစွာပို့ဆောင်ခဲ့ကြောင်း AA ၏ထုတ်ပြန်ချက်တွင် ရေသားထားသည်။

ထို့ကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော စစ်ကောင်စီလက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်လို စိတ်မရှိသည့် စစ်သားများအနေဖြင့်လည်း AA နှင့် အမြန်ဆုံးဆက်သွယ်ကာအလင်းဝင်နိုင်ကြောင်း ထုတ်ပြန်ထားသည်။


20/11/2021

လမ်း၃၀ ၆၇×၆၈ရှမ်းမလေး ကြက်ဆီထမင်းဆိုင်ဘေးလမ်းကြားမှာ ဝင်ဖမ်းနေတယ်လို့ သိရပါတယ်

20/11/2021

လူတစ်ယောက်မှာ စည်းကမ်းဆိုတာ ရှိရတယ် လူတစ်ယောက်နဲ့ မတည့်တိုင်း အဲ့လူနဲ့ တည့်ထားတုန်းက ပြောထားတဲ့ စကားတွေကို ဖွင့်ချတာဟာ အောက်တန်းစားပါ... ယုတ်ညံ့တာပါ ...

20/11/2021

တစ်နိုင်ငံလုံး Shutdown ကျပြီး
မီးပျက်နေတယ်လို့ သိရပါတယ်
ဘယ်မြို့နယ်တွေ မီးလာလဲခင်ဗျ

ဒီနေ့ မန္တလေးက မြို့နယ်တစ်ချို့မှာ
ရပ်ကွက်လိုက် မီးဖျက်တာတွေလုပ်နေပါတယ်
မီတာမဆောင်မချင်း
ထရမ်စဖော်မာမဖွင့်ပေးဘူးသိရပါတယ်

ပြည်သူရဲ့အင်အား💪

20/11/2021
20/11/2021

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် MNDAA တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်မ ၉၉ ကျန်နေခဲ့တဲ့ လက်နက်ခဲယမ်းအများအပြားကို MNDAA က သိမ်းဆည်းရရှိခဲ့တယ်လို့ ကိုးကန့်သတင်းစဉ်က ဒီနေ့ နိုဝင်ဘာ ၂၀ရက် မွန်းလွဲ ၁၂နာကျော်မှာ ကနဦးထုတ်ပြန်

19/11/2021

ယနေ့မွင်းခါးပွဲရေ 110ပါ
လိုက်ပွဲတွေလာဉီးမယ် မအိပ်ကြနဲ့ဉီး
Nov-19
👇👇

ယနေ့ ( ၁၉.၁၁.၂၀၂၁ ) မွင့် ခါး ပွဲ များ

===========================

1.KNU သထုံ၊ ဘားအံ၊ နို ၁၇ - 10 ပြဲ
2. ဆော၊ တောမ-ကျင်းလိမ်ကြား - 40 ပွဲ
3. ဂန့်ဂေါ၊ ရခကားမိုင်းထိ - 5 ပွဲ
4. ရေစကြို၊ ကန်ထောင့်ပျူ‌ခဆ - 1 ပွဲ
5. မြိုင်၊ ကုန်းဘလူ-လယ်တီကြား - 5 ပွဲ
6. ဂန့်ဂေါ-ထီးလင်း၊ YDF နှင့်တပ - 25 ပွဲ
7. ထီးလင်း၊ ထန်းပင်ကုန်းအနီး - 10 ပွဲ
8. ရေနံချောင်း၊ စည်ပင်ရုံးစောင့်ရခ - 1 ပွဲ
9. ကျောက်ထု၊ ရွှေအောင်သာတပ - 5 ပွဲ
10. ရေဖြူ၊ ဖားချောင်းဒလကျော်ဦး - 1 ပွဲ
11. တွံတေး၊ စမ်းရွာတာဝါစောင့်စခ - 2 ပွဲ
12. ဗဟန်း၊ ရွှေတိဂုံတောင်မုဒ်ရခ - 1 ပွဲ
13. ရေဖြူ၊ မြေခဲတောင်တိုက်ပွဲ - 4 ပွဲ

=============

ယနေ့ စုစုပေါင်း မွင့် ခါး ပွဲ - 110 ပွဲ

(((( အသေးစိတ်အပြည့်အစုံ ဖတ်ရန်

👇👇👇👇👇

1.KNU သထုံ၊ ဘားအံ၊ နို ၁၇ - 10
https://www.facebook.com/365915613790768/posts/1569475046768146/

2. ဆော၊ တောမ-ကျင်းလိမ်ကြား - 40
https://www.facebook.com/734363579978425/posts/4522747767806635/

3. ဂန့်ဂေါ၊ ရခကားမိုင်းထိ - 5
https://www.facebook.com/191574990881009/posts/4934874979884296/

4. ရေစကြို၊ ကန်ထောင့်ပျူ‌ခဆ - 1
https://www.facebook.com/191574990881009/posts/4934110303294097/

5. မြိုင်၊ ကုန်းဘလူ-လယ်တီကြား - 5
https://www.facebook.com/191574990881009/posts/4933757166662744/

6. ဂန့်ဂေါ-ထီးလင်း၊ YDF နှင့်တပ - 25
https://www.facebook.com/385165108587508/posts/1351889705248372/

7. ထီးလင်း၊ ထန်းပင်ကုန်းအနီး - 10
https://www.facebook.com/385165108587508/posts/1351722578598418/

8. ရေနံချောင်း၊ စည်ပင်ရုံးစောင့်ရခ - 1
https://m.facebook.com/story.php?story_fbid=3029406090709280&id=2206963259620238

9. ကျောက်ထု၊ ရွှေအောင်သာတပ - 5
https://www.facebook.com/2206963259620238/posts/3029580914025131/

10. ရေဖြူ၊ ဖားချောင်းဒလန်ကျော်ဦး - 1
https://www.facebook.com/2741985585815921/posts/5168865886461200/

11. တွံတေး၊ စမ်းရွာတာဝါစောင့်စခ - 2
https://www.facebook.com/112702393986620/posts/365691498687707/

12. ဗဟန်း၊ ရွှေတိဂုံတောင်မုဒ်ရခ - 1
https://www.facebook.com/599363770175581/posts/4238357669609488/

13. ရေဖြူ၊ မြေခဲတောင်တိုက်ပွဲ - 4
https://www.facebook.com/100301735796697/posts/115503310943206/

ယနေ့ စုစုပေါင်း သေဆုံးသူ - ၁၁၀ ဦး ))))

မှတ်ချက်။ ။ တရားဝင်မီဒီယာများတွင်တက်လာသော အရေအတွက်သာ ဖြစ်ပါ၍ မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်ပါသည်။





19/11/2021

"ဦးဖြိုးမင်းသိန်းက ပြည်သူ့အမေကို စွပ်စွဲထားတဲ့အမှုမှာ သက်သေအဖြစ် အတိုင်ပင်ခံရဲ့ အိမ်မှာ ကူညီလုပ်ဆောင်ပေး‌နေသူကိုပါ သက်သေအဖြစ် ဆင့်ခေါ်ထားတယ်လို့သိရ"

Breaking News- စစ်ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေသော ဆောမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်...
19/11/2021

Breaking News- စစ်ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေသော ဆောမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်းသေဆုံး၊ ကျောက်ထုနှင့်ဂန့်ဂေါတွင်လည်း စစ်သား သေဆုံးမှု အလွန်များနေ

ရန်ကုန်၊ နိုဝင်ဘာ ၁၉

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျင်းလိန်ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အနည်းဆုံး ၂၀ ဦးထက်မနည်း သေဆုံးနေကြောင်း PDF ဆောက သတင်းထုတ်ပြန်သည်။

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျင်းလိန်ကျေးရွာအနီးတိုက်တွင် အကြမ်းဖက်စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ် Mi35p အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့် ဝေဟင်က တိုက်ခိုက်နေသလို မြေပြင်မှလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော YDF၊ PDF-‌ဆော၊ CDF-မင်းတပ်၊ CDF-ကန်ပက်လက်တို့နှင့် ယနေ့တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း၊ လက်ရှိတွင် စစ်ကောင်စီဘက်မှ အနည်းဆုံး ၂၀ ဦးထက်မနည်းသေဆုံးနေကြောင်း သိရှိရသည်။

PDF-SAW နှင့် ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် နေ့လည် ၃ နာရီအချိန်အထိ စခ အကောင် ၂၀ ထက်မနည်း သေဆုံးကြောင်း၊ CDF မှ ရဲဘော် ၁ဦး ထိခိုက်ဒဏ်ရာ ရပြီးPDF-SAW မှ လက်နက်ကြီး ထိမှန်၍ ရဲဘော် ၁ဦး ကျဆုံးကြောင်း ဆော PDF က သတင်းထုတ်ပြန်သည်။

အလားတူ မကွေးတိုင်း၊ ကျောက်ထုဒေသတွင် နိုဝင်ဘာ ၁၇ ရက်နေ့တွင် Kyaukhtu PDF နှင့် မင်းတပ် တိုက်နယ်အမှတ်-၁ ခိုမ်းရိမ်းတပ်ရင်းတို့ ပူးပေါင်း၍ ရွှေအောင်သာရွာ၌တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား ညနေ ၃ နာရီဝန်းကျင်မှ ညနေ ၆ နာရီဝန်းကျင်အထိ သုံးနာရီခန့်ထိ ထိုးစစ်ဆင်ခဲ့ကြပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ဦးထက်မနည်းသေဆုံးခဲ့ပြီး မိမိတို့ပူးပေါင်းတပ်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်းတွင် နိုဝင်ဘာလ(၁၉) ရက်နေ့ နံနက် ၉ နာရီခွဲ ခန့်တွင် ဂန့်ဂေါမြို့မှ တောင်ပိုင်းသို့ထွက်ခွာလာသော ရဲများစီးနင်းလာသည့် အံစာတုံးကားနှစ်စီးအနက် တစ်စီးကို မိုင်တိုင် (၁၃) အနီးတွင် PDF-GanGaw တပ်ခွဲ (၂) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာရဲ ၅ ဦးသေဆုံးသွားကြောင်း PDF-GanGawက သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- ဆောPDFမှ ရဲဘော်များ။

ဘာတွေ စိတ်ဓါတ်ကျနေကြတာလဲအံ့ဩဖို့ကောင်းတယ်။အဖမ်းခံရသူတွေဟာ လူတော်တွေ ဆိုတာမှန်တယ်။ လူလေး/ငါးဆယ် ဖမ်းပြရုံ နဲ့ အရေးတော်ပုံ...
19/11/2021

ဘာတွေ စိတ်ဓါတ်ကျနေကြတာလဲ
အံ့ဩဖို့ကောင်းတယ်။

အဖမ်းခံရသူတွေဟာ လူတော်တွေ ဆိုတာမှန်တယ်။ လူလေး/ငါးဆယ် ဖမ်းပြရုံ နဲ့ အရေးတော်ပုံ ကျရှုံးရမယ်ဆိုရင် ဖေဖော်ဝါရီလ (၁)ရက်နေ့ကတည်းက
မြန်မာ့နိုင်ငံရေးမှာ မရှိမဖြစ်တဲ့ အမေစု ၊ သမ္မတကြီး
အပါအဝင် လူပေါင်းထောင်ချီ ဖမ်းထားတာနော်။

တော်လှန်ရေးက သူတို့မပါပဲတောင် ကိုးလအတွင်း
ဘယ်လောက်ခရီးရောက်ပြီးနေပြီလဲ?

အခုလည်း အတူတူပဲ။ လူနည်းနည်း အဖမ်းခံရတယ်။
စခန်းတခုလောက်ပါသွားတယ် ဆိုတာနဲ့ စိတ်ဓါတ်ကျပါတယ်၊ ဘာဆက်လုပ်ကြမလဲ ပြောနေရအောင် အစတုန်းက ဘယ်သူက ပြောတာကို လိုက်လုပ်နေတာလဲ။ ကိုယ်လုပ်စရာရှိတာ လုပ်နေတာပဲ မဟုတ်လား။

ဒီကိစ္စလောက်နဲ့ ရန်ကုန်ကို ငြိမ်သွားပြီတွေးနေရင် စော်ကားလွန်းရာကျနေပြီ။ ဒီကိစ္စလောက်နဲ့ စိတ်ဓါတ်ကျနေတယ် ဆိုရင် တော်လှန်ရေးအပေါ် အထင်သေးလွန်းရာကျနေပြီ။ တော်ရုံပဲ ကောင်းတယ်။

စိတ်ပေါက်လာရင်... ဒီကိစ္စလောက်အကြောင်းပြပြီး
အရေးတော်ပုံကြီးပဲ ရှုံးသွားသလို စာအရှည်ကြီးတွေ ရေးနေတဲ့ ကမကလတွေကို နာမည်တပ် ဆဲဦးမယ်။
LEE ဖြစ်နေကြတာလား၊ စိတ်မကောင်းဖြစ်တာ လက်ခံတယ်။ အရေးတော်ပုံပဲ ရှုံးပေးရအောင် စစ်ကိုင်း ချင်း ကယား ကချင်က ပြည်သူ့ကာကွယ်ရေး တပ်သားတွေက ပုဆိုးလှန်ပြနေတယ် မြင်ရလား။
ကရင်ဘက်၊ ရခိုင်ဘက်၊ မွန်၊ ရှမ်း သင်တန်းတက်နေသူ‌တွေ ၊ ဆင်းပြီးသူတွေက ထဆဲနေတာ ကြားရလား။

ရန်ကုန်ကရော ?
တယောက်တည်းအားနဲ့ သွားနေတာ မဟုတ်ဘူး။
အစကတည်းက NUG ကိုတောင် မချိတ်ပဲ ကိုယ်ထူ ကိုယ်ထ လျှောက်နေတဲ့ အဖွဲ့တွေဆိုတာ ဟို ပင်စင်လစာ သိန်းတရာ ယူထားတဲ့ မအလ အသက်ထက်မက များတယ်ဗျ။ အခု လောလောဆယ် အကုန်လုံးက ကွန်ယက် ဖြတ်ချဖို့ ငြိမ်လိုက်ကြတာမျိုး အခိုက်အတန့် ဖြစ်လာနိုင်ပေမယ့် အရေးတော်ပုံဟာ အောင်မြင်သည်အထိ တဗိုလ်ကျ တဗိုလ်တက် ခရီးဆက်နေမှာပဲ။
အရေးတော်ပုံ အောင်ကို အောင်ရမယ်။

ကိုယ့်လူအချင်းချင်း
ဂျင်းထည့်ခြင်း အလျဉ်းကင်းရှင်းကြပါစေ။

.H

ဒီနေ့ လပြည့်နေ့ည ရန်ကုန်မှာ အရေးပေါ်အခြေအနေဖြစ်နေပါတယ်🚨‼️ဇေယျာသော် အဖမ်းခံရ‼️https://www.facebook.com/216265185075061/po...
18/11/2021

ဒီနေ့ လပြည့်နေ့ည ရန်ကုန်မှာ
အရေးပေါ်အခြေအနေဖြစ်နေပါတယ်🚨‼️

ဇေယျာသော် အဖမ်းခံရ‼️

https://www.facebook.com/216265185075061/posts/4988119531222912/

အချက်လက်များပေါက်ကြား‼️

https://www.facebook.com/100011692672312/posts/1558535194546221/

အမြန်ရှောင်ရန်‼️

https://www.facebook.com/100072167268006/posts/130421492706759/

https://www.facebook.com/1520042361455494/posts/4414192952040406/

CCTV ‼️

https://www.facebook.com/100015071147218/posts/1281630889015937/

😓😓

https://www.facebook.com/1086155039/posts/10220355145123838/

(ပျော်ပါးနေတဲ့သူတွေအတွက် ဖတ်ဖို့ ဒီlink လေးပါထည့်ပေးလိုက်ပါတယ်)‼️

https://www.facebook.com/100000000679211/posts/5056917107651595/

#မူရင်းပိုစ့်ကိုcreditပေးပါတယ်

Breaking News‼️ယနေ့ နေ့လည်ပိုင်းကိုဖြိုးဇေယျာသော် ဖမ်းဆီးခံရဟုသိရ၊ ဘေးကင်းစွာဖြင့် အမြန်ဆုံးလွတ်မြောက်ပါစေ🙏
18/11/2021

Breaking News‼️
ယနေ့ နေ့လည်ပိုင်း
ကိုဖြိုးဇေယျာသော် ဖမ်းဆီးခံရဟုသိရ၊ ဘေးကင်းစွာဖြင့် အမြန်ဆုံးလွတ်မြောက်ပါစေ🙏

18/11/2021

MYAING PEOPLE's DEFENCE FORCE

အခြေခံကျန်းမာရေးနှင့် (စစ်ပညာသင်တန်း)
အပတ်စဥ် ၁ ဖွင့်လှစ်ခြင်း

18/11/2021

𝗞𝗮𝗹𝗮𝘆 𝗣𝗗𝗙 - 𝗨𝗚𝗙 𝗞𝗮𝗹𝗮𝘆 အဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ချင်းဆိုင်ရွာအနီးတွင် ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံး

နိုဝင်ဘာ ၁၈၊ ၂၀၂၁

18/11/2021

တောင်ကြီး PDF အတွက် စစ်ကောင်စီတပ်ဖွဲ့ထဲမှ တပ်တွင်းဖရဲသီးတစ်ဦးက ကျည်ဆံ ၂ ကဒ်နဲ့ ငွေ ၃ သိန်း လှူဒါန်းခဲ့တယ်လို့ PDF က မနေ့ နိုဝင်ဘာ ၁၇ ရက် ည ၉ နာရီခွဲကျော်မှာ ထုတ်ပြန်ထားပါတယ်

18/11/2021

ယမန်နေ့ညက ပျော်ဘွယ်မြို့အနီး ရထားမိုင်းဆွဲခံရ၍ ဝန်ထမ်း ၂ဦးTaySoneခဲ့ဟု ခေတ်သစ်Mediaမှရေးသားပေမယ့် PeolpeMediaကတော့ ရထားနှင့်နွားအုပ်တိုက်မိဟုဆို😃

တစ်ပတ်ကြာ ကလေး-ဂန့်ဂေါကားလမ်းမှာ ဖြတ်သန်းသွားလာခြင်းမပြုဖို့ သတိပေးထုတ်ပြန်
18/11/2021

တစ်ပတ်ကြာ ကလေး-ဂန့်ဂေါကားလမ်းမှာ ဖြတ်သန်းသွားလာခြင်းမပြုဖို့ သတိပေးထုတ်ပြန်

18/11/2021

Breaking News ❗️❗️❗️
ယနေ့ မနက် ၁၁း၃၅ မိနစ်ခန့်က
ရွှေတိဂုံဘုရားတောင်ဘက်မုခ် ကားကွင်းမှာ
တာဝန်ကျ ရဲတပ်သားထံမှကျည်ထွက်ပြီး
ဘုရားဖူး အမျိုးသား (၁)ဦး ထိခိုက် ဒဏ်ရာရသွားတယ်ဟု သိရပါတယ်

ယခုတော့ လူနာကို ရွှေတိဂုံလူနာတင်ကားနဲ့ အမှတ်(၂)စစ်ဆေးရုံ သို့ပို့ဆောင်လိုက်သည်ဟု သိရပါသည်...

Edit လူနာ ဆုံးသွားပါပြီ...

စစ်ကောင်စီတပ်များအတွက် ရိက္ခာတင်ဆောင်လာသော ရထားမိုင်းဆွဲတိုက်ခိုက်ခံရပြီး စက်ခေါင်းတွဲ ချောင်းထဲထိုးကျ၊ မီးရထားဝန်ထမ်း ၂...
18/11/2021

စစ်ကောင်စီတပ်များအတွက် ရိက္ခာတင်ဆောင်လာသော ရထားမိုင်းဆွဲတိုက်ခိုက်ခံရပြီး စက်ခေါင်းတွဲ ချောင်းထဲထိုးကျ၊ မီးရထားဝန်ထမ်း ၂ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁၈

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့အနီး စစ်ကောင်စီတပ်များအတွက် ရိက္ခာများ တင်ဆောင်လာသော ရထားမိုင်းဆွဲတိုက်ခိုက်ခံရပြီး ရထားတွဲများချောင်းထဲထိုးကျကာ မီးရထားဝန်ထမ်း ၂ ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

နိုဝင်ဘာ ၁၇ရက်နေ့ ည ၇ နာရီဝန်းကျင် မန္တလေးတိုင်း ပျော်ဘွယ်မြို့အနီး စစ်တပ် ရိက္ခာများ တင်ဆောင်လာသော ရထားကို မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ ပျော်ဘွယ် နှင့် ရွှေဒါး အကြား တံတားမိုင်းဆွဲခံရပြီး စက်ဗိုလ် နှင့် မီးထိုး သေဆုံးပြီး ရထားတွဲအချို့ ​ ချောင်းထဲ ပြုတ်ကျကြောင်း သိရှိရသည်။

"ပျော်ဘွယ်နဲ့ရွှေဒါး ဘူတာကြား ရထားလမ်းမိုင်းခွဲတာ တံတားအောက် စက်ခေါင်း ကျသွားပြီး စက်ခေါင်းမောင်းတစ်ယောက်နဲ့ စက်ပြင်တစ်ယောက်အသက်သေဆုံးပါတယ်။ မီးထိုးတစ်ယောက်နဲ့ ဂတ်ဗိုလ်တစ်ယောက်ဒဏ်ရာပြင်းထန်ရတယ်" ဟု မီးရထားဝန်ထမ်းတစ်ဦးကပြောသည်။

အခြား မီးရထား ဝန်ထမ်း ၂ ဦးမှာလည်း ဒဏ်အရာ အပြင်းအထန်ရရှိပြီး နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

Address


Website

Alerts

Be the first to know and let us send you an email when Kyaw Myo Tun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share