World Focus

World Focus Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from World Focus, Media/News Company, .

လာအိုနိုင်ငံက ကမ္ဘာ့အကြီးဆုံး ပင့်ကူကြီးများ=================ကမ္ဘာ့အကြီးဆုံး ပင့်ကူမျိုးစိတ်ဟု လူသိများသော ပင့်ကူကြီးမျာ...
12/07/2023

လာအိုနိုင်ငံက ကမ္ဘာ့အကြီးဆုံး ပင့်ကူကြီးများ
=================

ကမ္ဘာ့အကြီးဆုံး ပင့်ကူမျိုးစိတ်ဟု လူသိများသော ပင့်ကူကြီးများကို လာအိုနိုင်ငံတွင် မြင်တွေ့နိုင်မည်ဖြစ်သည်။

အဆိုပါပင့်ကူကြီးများကို Giant Huntsman Spider ဟု အမည်ပေးထားသည်။

Giant Huntsman Spider ပင့်ကူကြီးများတွင် အရွယ်ရောက်ပြီး အကောင်သည် ၁၂ လက်မအထိပင် ကြီးထွားနိုင်ပြီး၊ အရွယ်မလိုက်အောင် လျင်မြန်ကာ တစ်စက္ကန့်တွင် ၃ ပေအထိကို သွားလာနိုင်ကြောင်း သိရသည်။ထို့အပြင် အဆိပ်လည်းရှိသည့်အတွက် အန္တရာယ်ကြီးသော ပင့်ကူများဖြစ်သည်။

၎င်းပင့်ကူများသည် အင်းဆက်များ၊ အခြားပင့်ကူမျိုးစိတ်များအပြင် ကြွက်ငယ်နှင့် ငှက်ငယ်များကိုလည်း ဖမ်းယူစားသုံးလေ့ရှိကာ၊ အခြားပင့်ကူမျိုးစိတ်များကဲ့သို့ပင် အမကောင်သည် မိတ်လိုက်ပြီးချိန်တွင် အထီးကောင်ကို သတ်ဖြတ်စား‌သောက်လေ့လည်းရှိသည်။

အခြားပင့်ကူမျိုးစိတ်များကဲ့သို့ Giant Huntsman Spider များသည် သားကောင်အတွက် ပင့်ကူမျှင်များကို အသုံးမပြုဘဲ သားကောင်များကို ကိုယ်တိုင်အမဲလိုက်လေ့ရှိသည်မှာ ထူးခြားမှုလည်းဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး ဇိမ်ခံသင်္ဘောကြီး==============ကမ္ဘာ့အကြီးဆုံး ဇိမ်ခံသင်္ဘောကြီး၏ အရှည်သည် ပေပေါင်း ၁၂၀၀၀ နီးပါးအထိရှိကြ...
12/07/2023

ကမ္ဘာ့အကြီးဆုံး ဇိမ်ခံသင်္ဘောကြီး
==============

ကမ္ဘာ့အကြီးဆုံး ဇိမ်ခံသင်္ဘောကြီး၏ အရှည်သည် ပေပေါင်း ၁၂၀၀၀ နီးပါးအထိရှိကြောင်း သိရသည်။

Royal Caribbean International ၏ ကမ္ဘာ့အကြီးဆုံး ဇိမ်ခံသင်္ဘောကြီး Icon of the Seas သည် လာမည့်နှစ်တွင် စတင်ရွက်လွှင့်ရန် စီစဉ်ထားလျက်ရှိသည်။

ကမ္ဘာ့အကြီးဆုံး ဇိမ်ခံသင်္ဘောကြီး Icon of the Seas ကို ပင်လယ်ရေပြင်စမ်းသပ်မှုပြုလုပ်ခဲ့ပြီးနောက် အောင်မြင်မှုရရှိခဲ့ရာ ခရီးသည်များနှင့်အတူ ရွက်လွှင့်နိုင်ရန် နီးကပ်လာပြီဖြစ်ကြောင်း Royal Caribbean International အပျော်စီးသင်္ဘောလိုင်းက ကြေညာထားသည်။

ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့သော ကမ္ဘာကျော် Titanic သင်္ဘောကြီး ငါးစီးနှင့် အရွယ်အစားညီမျှသော Icon of the Seas ဇိမ်ခံသင်္ဘောကြီးတွင် ဧည့်သည် ၅၆၀၀ ခန့်နှင့် သင်္ဘောသား ၂၃၅၀ ခန့် လိုက်ပါနိုင်မည်ဖြစ်သည်။

အဆိုပါသင်္ဘောကြီးကို လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စတင်ရွက်လွှင့်နိုင်ရန် စီစဉ်ထားလျက်ရှိသည်။

အမေရိကန် ပြည်နယ်များကို ဖြတ်ကျော်ပျံသန်းသော လေယာဉ်မှူးများ ကမ္ဘာ့စံချိန်တင်==========================အမေရိကန် ပြည်နယ်မျာ...
08/07/2023

အမေရိကန် ပြည်နယ်များကို ဖြတ်ကျော်ပျံသန်းသော လေယာဉ်မှူးများ ကမ္ဘာ့စံချိန်တင်
==========================

အမေရိကန် ပြည်နယ်များကို လောယာဉ်ဖြင့် ဖြတ်ကျော်ပျံသန်းသော လေယာဉ်မှူးများသည် ဂင်းနစ်ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါလေယာဉ်မှူးနှစ်ဦးသည် ကြာမြင့်ချိန် ၃၈ နာရီ ၁၃ မိနစ်အတွင်း အမေရိကန်ပြည်ထောင်စုအတွင်းရှိ ပြည်နယ် ၄၈ ခုကို ဖြတ်ကျော်ပျံသန်းခဲ့ခြင်းဖြစ်သည်။

ယခုလိုပြည်နယ် ၄၈ ခုကို အောင်မြင်စွာဖြတ်ကျော်ပျံသန်းနိုင်ခဲ့သည့်အတွက် လေယာဉ်မှူးနှစ်ဦးသည် ကမ္ဘာ့အမြန်ဆုံး အမေရိကန် ပြည်နယ်များ ဖြတ်ကျော်ပျံသန်းမှု စံချိန်ကိုရရှိခဲ့ခြင်းဖြစ်သည်။

ကြီးမားသော ငါးရံ့ကြီးကို အမျိုးသားတစ်ဦး ဖမ်းဆီးနိုင်ခဲ့====================မေရီလန်းပြည်နယ်မှ ဒေမီယန် ကွက်ခ် အမည်ရ အမျိုး...
08/07/2023

ကြီးမားသော ငါးရံ့ကြီးကို အမျိုးသားတစ်ဦး ဖမ်းဆီးနိုင်ခဲ့
====================

မေရီလန်းပြည်နယ်မှ ဒေမီယန် ကွက်ခ် အမည်ရ အမျိုးသားတစ်ဦးသည် ကြီးမားသော ငါးရံ့ကြီးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသားသည် ၂၁ ပေါင် အလေးချိန်ရှိ ငါးရံ့ကြီးကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

မေရီလန်းပြည်နယ်အတွင်း ဖမ်းဆီးရမိသော ငါးရံ့ကြီးများအနက် ဒေမီယန် ကွက်ခ် ဖမ်းမိသော ၂၁ ပေါင် အလေးချိန်ရှိ ငါးရံ့ကြီးသည် ပြည်နယ်အတွင်း အကြီးမားဆုံး ငါးရံ့ကြီးဖြစ်ကြောင်းလည်း သတင်းဖော်ပြမှုများရှိခဲ့သည်။

ဥရောပ၏ ပထမဆုံး ဘက်ထရီစွမ်းအင်သုံးရထား=================Hitachi Rail က ဥရောပအတွက် ပထမဆုံး ဘက်ထရီစွမ်းအင်သုံးရထားကို မိတ်ဆက...
08/07/2023

ဥရောပ၏ ပထမဆုံး ဘက်ထရီစွမ်းအင်သုံးရထား
=================

Hitachi Rail က ဥရောပအတွက် ပထမဆုံး ဘက်ထရီစွမ်းအင်သုံးရထားကို မိတ်ဆက်ပေးခဲ့ပြီးနောက် ယခုအခါတွင် အီတလီနိုင်ငံတစ်ဝှမ်းရှိ ရထားလိုင်းများတွင် ဘက်ထရီစွမ်းအင်သုံးရထားများ ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

ဘက်ထရီစွမ်းအင်သုံးရထားသည် ဘက်ထရီပါဝါ၊ လျှပ်စစ်နှင့် ဒီဇယ်စွမ်းအင်တွေကို ကူးပြောင်းနိုင်ပြီး၊ ရထားသံလမ်းပေါ်တွင် သွားနေစဉ်အတွင်း ကိုယ်တိုင်အားပြန်ဖြည့်နိုင်သော ဘက်ထရီကို အသုံးပြုကာ ၁၀ မိုင်ခန့် ခရီးနှင်နိုင်မည်ဖြစ်သည်။

တစ်နာရီ မိုင် ၁၀၀ မြန်နှုန်းအထိ သွားလာနိုင်သော်လည်း၊ ရထားပေါ်ရှိ အကြံပေးစနစ်က စွမ်းအင်ကို ချွေတာစေနိုင်ရန်အတွက် ကောင်းဆုံးအမြန်နှုန်းကို အကြံပြုပေးမည်လည်းဖြစ်သည်။

ဒီဇယ်ကို မှီခိုနေရသည့် ရထားများနှင့် နှိုင်းယှဉ်ပါက ဘက်ထရီစွမ်းအင်သုံးရထားသည် လောင်စာဆီသုံးစွဲမှု ၅၀ ရာခိုင်နှုန်းကို လျော့ကျသွားစေမည်ဖြစ်ကြောင်း Hitachi ဆိုသည်။

ကမ္ဘာ့အပူဆုံးနေ့ဖြစ်ခဲ့သော ဇူလိုင် ၃ ရက်================ပြီးခဲ့သော ဇူလိုင် ၃ ရက်နေ့ တနင်္လာနေ့ကို ကမ္ဘာ့အပူဆုံးနေ့အဖြစ် ...
08/07/2023

ကမ္ဘာ့အပူဆုံးနေ့ဖြစ်ခဲ့သော ဇူလိုင် ၃ ရက်
================

ပြီးခဲ့သော ဇူလိုင် ၃ ရက်နေ့ တနင်္လာနေ့ကို ကမ္ဘာ့အပူဆုံးနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာဂြိုဟ်တွင် အပူဆုံးသော နေ့ရက်များကို မှတ်တမ်းတင်ခဲ့ရာ ဇူလိုင် ၃ ရက်နေ့ တနင်္လာနေ့သည် အပူဆုံးနေ့ဖြစ်သည်ကို မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။

လူသားများကြောင့် ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာမှုတို့ကြောင့် အယ်လ်နီညို ရာသီဥတုပုံစံ ဖြစ်ပေါ်လာခဲ့ပြီး ဇူလိုင် ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်တို့တွင် ဆက်တိုက်ဆိုသလို အပူပြင်းထန်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ယခုလို ကမ္ဘာ့အပူဆုံးနေ့အဖြစ် ဇူလိုင် ၃ ရက်နေ့ကို မှတ်တမ်းတင်နိုင်မှုသည် လုံးဝမကြုံစဖူး အလွန်ကြောက်မက်ဖွယ်ရာဖြစ်ကြောင်း သိပ္ပံပညာရှင်များ ဆိုသည်။

လှေကားကို ကင်းမြီးကောက်ထောင်ကာ လက်ဖြင့်ဆင်းသော နီပေါအမျိုးသား ကမ္ဘာ့စံချိန်သစ်တင်=======================ကင်းမြီးကောက်ထော...
08/07/2023

လှေကားကို ကင်းမြီးကောက်ထောင်ကာ လက်ဖြင့်ဆင်းသော နီပေါအမျိုးသား ကမ္ဘာ့စံချိန်သစ်တင်
=======================

ကင်းမြီးကောက်ထောင်ကာ လှေကားကို လက်ဖြင့်ဆင်းသော နီပေါအမျိုးသားသည် ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ဟာရီ ချာဒရာ ဂီရီအမည်ရ အမျိုးသားသည် ၂၅.၀၃ စက္ကန့်ဖြင့် လှေကားထစ် ၇၅ ခုကို ကင်းမြီးကောက်ထောင် လက်ဖြင့်ဆင်းကာ ကမ္ဘာ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခင်ကမ္ဘာ့စံချိန်ဟောင်းမှာ ၃၀.၈ စက္ကန့်ဖြစ်ပြီး၊ ဟာရီ ချာဒရာ ဂီရီက ၂၅.၀၃ စက္ကန့်ဖြင့် စံချိန်ချိုးကာ ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

များပြားလှသော ခြင်္သေ့အုပ်စုကို တောင်အာဖရိကတွင် ဓာတ်ပုံရိုက်ကူးနိုင်ခဲ့======================တောင်အာဖရိကနိုင်ငံရှိ ပုဂ္ဂ...
08/07/2023

များပြားလှသော ခြင်္သေ့အုပ်စုကို တောင်အာဖရိကတွင် ဓာတ်ပုံရိုက်ကူးနိုင်ခဲ့
======================

တောင်အာဖရိကနိုင်ငံရှိ ပုဂ္ဂလိကပိုင် သဘာဝသစ်တောကြိုးဝိုင်းတစ်ခုအတွင်းတွင် များပြားလှသော ခြင်္သေ့အုပ်စု ရေသောက်ဆင်းလာသော အံ့အားသင့်ဖွယ်ဖြစ်ရပ်ကို ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါရေသောက်ဆင်းလာသော ခြင်္သေ့အုပ်စုတွင် ခြင်္သေ့အမ အကောင်ရေ ၂၀ အထိ ပါဝင်ခြင်းဖြစ်သည်။

ခြင်္သေ့များသည် အုပ်စုဖွဲ့နေထိုင်သော သတ္တဝါများဖြစ်သော်လည်း ယခုလို အကောင်ရေ ၂၀ အထိ တစုတစည်းတည်း မြင်တွေ့ရမှုမှာ ကြုံတောင့်ကြုံခဲဖြစ်သည်။

“ကျွန်‌တော်တို့ မြင်ရခဲတဲ့ ကျားသစ်ကိုရှာဖို့ ထွက်လာခဲ့တာ၊ မထင်မှတ်ဘဲ ခြင်္သေ့အုပ်စုကို တွေ့ခဲ့ရတယ်၊ ဒါက အံ့အားသင့်စရာပဲ၊ ဒီလောက်အများကြီး ကျွန်တော်တို့မတွေ့ဖူးဘူး၊ အဆုံးမှာ အားလုံးပြီးပြည့်စုံတဲ့ မြင်ကွင်းကို တွေ့လိုက်ရတယ်” ဟု ဓာတ်ပုံရိုက်ကူးနိုင်ခဲ့သူက ပြောကြားခဲ့သည်။

ဟော့ဒေါ့စားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော အမျိုးသား=====================ဂျိုဝီ ချက်စ်နပ်အမည်ရ အမျိုးသားသည် ဟော့ဒေါ့စားပြို...
05/07/2023

ဟော့ဒေါ့စားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော အမျိုးသား
=====================

ဂျိုဝီ ချက်စ်နပ်အမည်ရ အမျိုးသားသည် ဟော့ဒေါ့စားပြိုင်ပွဲတွင် အများဆုံးစားသုံးပြီး ထပ်မံဗိုလ်စွဲခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲ၏ လက်ရှိချန်ပီယံဖြစ်သော ၎င်းအမျိုးသားသည် စားသုံးချိန် ၁၀ မိနစ်အတွင်း ဟော့ဒေါ့ ၆၂ ခုကို စားသုံးကာ ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဂျိုဝီ ချက်စ်နပ်သည် ၁၀ မိနစ်အတွင်း ဟော့ဒေါ့ ၆၂ ခုကို စားသုံးကာ ဟော့ဒေါ့စားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော်လည်း၊ ၂၀၂၁ ခုနှစ်က ၎င်းကိုယ်တိုင် ကမ္ဘာ့စံချိန်တင်ထားခဲ့သော ၁၀ မိနစ်အတွင်း ဟော့ဒေါ့နှင့် မုန့်ပေါင်း ၇၆ ခု စားသုံးသော စံချိန်ကိုမူ မချိုးဖျက်နိုင်ခဲ့ပေ။

ရှားပါး ရေဘဝဲမျိုးစိတ်ကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ===================သိပ္ပံပညာရှင်များသည် ရှားပါး ရေဘဝဲမျိုးစိတ်က...
05/07/2023

ရှားပါး ရေဘဝဲမျိုးစိတ်ကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
===================

သိပ္ပံပညာရှင်များသည် ရှားပါး ရေဘဝဲမျိုးစိတ်ကို ရှာဖွေတေွ့ရှိခဲ့ပြီးနောက် ဆက်လက်လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယခုတွေ့ရှိသော ရေဘဝဲမျိုးစိတ်သည် ပင်လယ်ရေနက်ပိုင်းတွင် နေထိုင်သော သတ္တဝါမျိုးစိတ်လည်းဖြစ်သည်။

ကော်စတာရီကာ အနောက်ဘက် ကမ်းရိုးတန်း ရေပြင်တွင် ရှားပါးသော ရေဘဝဲမျိုးစိတ်များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။သိပ္ပံပညာရှင်များသည် ဝေးထိန်းစနစ်ဖြင့် လည်ပတ်နေသော ရေအောက်ရေယာဉ်ကို အသုံးပြုပြီး ရေဘဝဲများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယခုတွေ့ရှိမှုသည် စိတ်လှုပ်ရှားဖွယ်ဖြစ်ကြောင်းနှင့် သမုဒ္ဒရာများအကြောင်း ကို လေ့လာရန် များစွာကျန်ရှိနေသေးသည်ကို သက်သေပြခြင်းလည်းဖြစ်ကြောင်း သိပ္ပံပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

ဥပဒေပြောင်းလဲပြီးနောက် တောင်ကိုရီးယားနိုင်ငံသားများ အသက်တစ်နှစ်ငယ်သွား=========================တောင်ကိုရီးယားနိုင်ငံတွင်...
05/07/2023

ဥပဒေပြောင်းလဲပြီးနောက် တောင်ကိုရီးယားနိုင်ငံသားများ အသက်တစ်နှစ်ငယ်သွား
=========================

တောင်ကိုရီးယားနိုင်ငံတွင် အသက်သတ်မှတ်မှု ဥပဒေကို နိုင်ငံတကာအသိအမှတ်ပြုသော အသက်ရေတွက်နည်းသို့ ပြောင်းလဲပြီးနောက် နိုင်ငံသားများသည် အသက်တစ်နှစ်ငယ်သွားကြောင်း သိရသည်။

ယခင်က တောင်ကိုရီးယားနိုင်ငံတွင်း အသက်သတ်မှတ်ရာတွင် ရိုးရာနည်းလမ်းကို အသုံးပြုခဲ့ပြီး၊ မိခင်၏ဝမ်းထဲတွင် နေခဲ့သည့်အချိန်ကို ထည့်သွင်းစဉ်းစားကာ မွေးဖွားချိန်တွင် အသက်တစ်နှစ်ဟု သတ်မှတ်ခြင်းဖြစ်သည်။

ယခုအခါ အဆိုပါရိုးရာနည်းလမ်းဖြင့် အသက်သတ်မှတ်ခြင်းကို ပြောင်းလဲလိုက်သည့်အတွက် တောင်ကိုရီးယားနိုင်ငံသားများသည် အသက်တစ်နှစ်ငယ်သွားခြင်းဖြစ်သည်။

မိကျောင်းနှင့် လက်ထပ်သော မက္ကဆီကိုမြို့တော်ဝန်==================ဗစ်တာ ဟူဂို ဆိုဆာ အမည်ရ မက္ကဆီကိုမြို့တော်ဝန်တစ်ဦးသည် မိ...
05/07/2023

မိကျောင်းနှင့် လက်ထပ်သော မက္ကဆီကိုမြို့တော်ဝန်
==================

ဗစ်တာ ဟူဂို ဆိုဆာ အမည်ရ မက္ကဆီကိုမြို့တော်ဝန်တစ်ဦးသည် မိကျောင်းတစ်ကောင်နှင့် လက်ထပ်ပွဲကျင်းပခဲ့ကြောင်း သတင်းဖော်ပြမှုများအရ သိရသည်။

၎င်းလက်ထပ်ခဲ့သော မိကျောင်းကို ဗစ်တာ ဟူဂို ဆိုဆာက ‘မင်းသမီးလေး’ ဟု ခေါ်ဆိုကြောင်းလည်း ၎င်းက ပြောပြသည်။

မက္ကဆီကိုတောင်ပိုင်း ပြည်နယ်ရှိ ဌာနေတိုင်းရင်းသားများနေထိုင်‌သော မြို့တွင် ဗစ်တာ ဟူဂို ဆိုဆာနှင့် မိကျောင်းတို့၏ လက်ထပ်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ဧည့်ပရိသတ်များလည်း တက်ရောက်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။

လူသားနှင့် မိကျောင်း လက်ထပ်ပွဲမှာ ဘိုးဘွားစဉ်ဆက် ထုံးတမ်းစဉ်လာကို ထိန်းသိမ်းခြင်းဖြစ်ကြောင်းလည်း မြို့တော်ဝန် ဗစ်တာ ဟူဂို ဆိုဆာက ပြောကြားခဲ့သည်။

ခွေးဝင်ပေါက်ကတစ်ဆင့် အိမ်ထဲဝင်ရောက်လာသော မိကျောင်း===================လူဝီစီယားနားပြည်နယ်ရှိ နေအိမ်တစ်ခုသို့ မိကျောင်းတစ်...
05/07/2023

ခွေးဝင်ပေါက်ကတစ်ဆင့် အိမ်ထဲဝင်ရောက်လာသော မိကျောင်း
===================

လူဝီစီယားနားပြည်နယ်ရှိ နေအိမ်တစ်ခုသို့ မိကျောင်းတစ်ကောင်သည် ခွေးဝင်ပေါက်ကတစ်ဆင့် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အိမ်ရှင် စုံတွဲသည် ၎င်းတို့၏ အိမ်မွေးခွေးကလေး ဟောင်သံကြောင့် နိုးလာသောအခါ အိမ်ထဲသို့ ဝင်ရောက်လာသော မိကျောင်းတစ်ကောင်ကို တေွ့ရှိခဲ့ခြင်းဖြစ်သည်။

“ကျွန်‌တော်တို့ရဲ့ ခွေးကလေးက အဆက်မပြတ်ဟောင်နေတော့ ကျွန်တော်လည်း ဇနီးသည်ကို နှိုးပြီး အိမ်ထဲတစ်ယောက်ယောက်ဝင်နေတယ် ထင်တယ်လို့ ပြောလိုက်တယ်၊ သွားကြည့်တော့မှ မိ‌ကျောင်းတစ်ကောင်ဖြစ်နေတယ်” ဟု ဒွန် ရေှာ့လ်ဇ် ဆိုသည်။

အိမ်ရှင် စုံတွဲသည် 911 ကို ဖုန်းဆက်ခဲ့ပြီး၊ အကူအညီတောင်းခဲ့ရာ တောရိုင်းတိရစ္ဆာန်နှင့် ငါးလုပ်ငန်း အရာရှိများက လာရောက်ပြီး မိကျောင်းကို ဖယ်ရှားပေးခဲ့သည်။

ရေဒီယိုရှိုးကို ၅၅ နာရီကျော်ကြာ ထုတ်လွှင့်ပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့သူ=======================သြစတေးလျမှ မာရီယို ဘိခ်စ...
05/07/2023

ရေဒီယိုရှိုးကို ၅၅ နာရီကျော်ကြာ ထုတ်လွှင့်ပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့သူ
=======================

သြစတေးလျမှ မာရီယို ဘိခ်စ်အမည်ရ ရေဒီယိုအသံထုတ်လွှင့်သူတစ်ဦးသည် ၅၅ နာရီကျော်ကြာ ရေဒီယိုရှိုးတစ်ခုကို ထုတ်လွှင့်ပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။

မာရီယို ဘိခ်စ်သည် ၅၅ နာရီနှင့် ၁၆ မိနစ်ကြာ ရေဒီယိုရှိုးကို ထုတ်လွှင့်ပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

အလွန်ကြာရှည်သော ထုတ်လွှင့်မှုတွင် ဧည့်သည်များစွာနှင့် တွေ့ဆုံမေးမြန်းခြင်းအပါအဝင် နားဆင်သူ ပရိသတ်အတွက် အကြံဉာဏ်ပေးမှုများလည်း ပါဝင်သည်။ ၅၅ နာရီနှင့် ၁၆ မိနစ်ကြာ ရေဒီယိုရှိုး ထုတ်လွှင့်မှုအတွင်း မာရီယို ဘိခ်စ်၏ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ရန်အတွက် ဆရာဝန်တစ်ဦးကိုလည်း အသင့်ခေါ်ယူထားခဲ့ကြောင်းလည်း သိရသည်။

အလွန်ကြာရှည်သော ရေဒီယိုရှိုးအတွက် ယခင်စံချိန်ဟောင်းမှာ ၅၃ နာရီနှင့် ၁ မိနစ်ဖြစ်ပြီး၊ မာရီယို ဘိခ်စ်က စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ရှေးအကျဆုံး ရွာတစ်ရွာကို အစ္စရေးတွင် တွေ့ရှိခဲ့===================သမိုင်းမစတင်မီ လွန်ခဲ့သော နှစ်ပေါင်း ၁၂,၀၀၀ ခန့်...
05/07/2023

ကမ္ဘာ့ရှေးအကျဆုံး ရွာတစ်ရွာကို အစ္စရေးတွင် တွေ့ရှိခဲ့
===================

သမိုင်းမစတင်မီ လွန်ခဲ့သော နှစ်ပေါင်း ၁၂,၀၀၀ ခန့်က လူသားများအခြေချခဲ့သည်ဟု ယူဆဖွယ်ရှိသော ရွာတစ်ရွာကို အစ္စရေးတွင် တွေ့ရှိခဲ့သည်။

ယနေ့ အစ္စရေးမြောက်ပိုင်းရှိ ချောင်းငယ်တစ်ခုနားတွင် လူပေါင်း ၂၀၀ ခန့်ရှိသော အုပ်စုတစ်စုသည် အခြေချခဲ့ဖွယ်ရှိသော အထောက်အထားများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယခုတွေ့ရှိမှုသည် လူသားသမိုင်းတွင် ရှေးအကျဆုံးဖြစ်ဖွယ်ရှိသော လူသားများ၏ အထောက်အထားများဖြစ်လာဖွယ်ရှိနေသည်။ထိုစဉ်ကတည်းက လူသားများသည် ကျောက်တုံးအိမ်များဆောက်ပြီး၊ အုပ်စုဖွဲ့နေထိုင်လျက်ရှိသည်ဟုလည်း ရှေးဟောင်းသုတေသနပညာရှင်က ယူဆထားကြသည်။

တွေ့ရှိမှုများထဲတွင် သက်တမ်း နှစ်ပေါင်း ၁၂,၀၀၀ ခန့်ရှိသော တိရစ္ဆာန်အရိုးဆွဲကြိုးများလည်း ပါဝင်သည်။

ပျောက်ဆုံးသွားသော အိမ်မွေးလိပ်ကလေးကို လူမှုကွန်ရက်အကူအညီဖြင့် ပြန်လည်တွေ့ရှိခဲ့======================အင်္ဂလန်နိုင်ငံ နော...
05/07/2023

ပျောက်ဆုံးသွားသော အိမ်မွေးလိပ်ကလေးကို လူမှုကွန်ရက်အကူအညီဖြင့် ပြန်လည်တွေ့ရှိခဲ့
======================

အင်္ဂလန်နိုင်ငံ နော်တန်ဘလန်းတွင် နေထိုင်သော ဘီထရစ်အမည်ရ ကလေးမလေး၏ အိမ်မွေးလိပ်ကလေးသည် လွန်ခဲ့နှစ်နှစ်ခန့်က ပျောက်ဆုံးသွားခဲ့သည်။

သို့သော် တစ်နေ့တွင် ၎င်းတို့သည် Facebook လူမှုကွန်ရက်ကတစ်ဆင့် အိမ်မွေးလိပ်တစ်ကောင်ကို ရှာတွေ့ထားကြောင်း တင်ထားသည်ကို အံ့အားသင့်ဖွယ်တေွ့ရှိခဲ့သည်။

“ကျွန်တော့်သမီးလေးက Facebook ပေါ်က လိပ်က‌လေးကို တွေ့လိုက်တာနဲ့ အဲဒါ ဂျမီမာ (လိပ်အမည်) ပဲလို့ ပြောခဲ့တယ်” ဟု ချားလ်စ် ဝဒ်ဒယ် ဆိုသည်။

“လိပ်ကလေး ဂျမီမာကို ကျွန်တော့်အဖေဆီက ရခဲ့တာပါ၊ သူဆုံးသွားတာ ၂၅ နှစ်ကျော်ပါပြီ၊ အခုဆိုရင် ဂျမီမာကလည်း အသက် ၅၀ ရှိပြီထင်တယ်၊ အဲထက်ပိုတောင်ကြီးမယ်ထင်ပါတယ်၊ သူက ကျွန်တော်တို့မိသားစုထဲမှာ နှစ်ပေါင်းများစွာ နေလာခဲ့ပါတယ်” ဟုလည်း ချားလ်စ် ဝဒ်ဒယ်က ပြောသည်။

အဆုံးသတ်တွင် ပျော်ရွှင်ဖွယ်ဇာတ်လမ်းဖြစ်ခဲ့ပြီး၊ အသက် ၁၀ နှစ်အရွယ် ကလေးမလေး ဘီထရစ်သည် သူမ၏ အချစ်ဆုံး အိမ်မွေးလိပ်ကလေးနှင့် ပြန်ဆုံစည်းနိုင်ခဲ့သည်။

Buffalo တိရိစ္ဆာန်ရုံမှ ကြံ့တစ်ကောင် လွတ်မြောက်သွား======================ကြံ့တစ်ကောင်သည် နယူးယောက်မြို့ရှိ Buffalo တိရိစ...
05/07/2023

Buffalo တိရိစ္ဆာန်ရုံမှ ကြံ့တစ်ကောင် လွတ်မြောက်သွား
======================

ကြံ့တစ်ကောင်သည် နယူးယောက်မြို့ရှိ Buffalo တိရိစ္ဆာန်ရုံမှ ကြုံတောင့်ကြုံခဲ လွတ်မြောက်သွားကြောင်း သိရသည်။

မိုဟန်ဟု အမည်ပေးထားသော ကြံ့တစ်ကောင်သည် တိရိစ္ဆာန်ရုံ၏ အရံအတားများမှ လွတ်မြောက်ပြီး ၁၀ မိနစ်ခန့် အပြင်ဘက်တွင် ရှိနေခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကြံ့တစ်ကောင် ၁၀ မိနစ်ခန့် လွတ်မြောက်သွားခဲ့သော်လည်း ဧည့်သည်များကို အန္တရာယ်မဖြစ်စေခဲ့ကြောင်း တိရိစ္ဆာန်ရုံက ဆိုသည်။

လက်ရှိတွင် လွတ်မြောက်သွားသော ကြံ့ကို ပြန်လည်ဖမ်းမိပြီး၊ ၎င်း၏ လှောင်အိမ်ထဲသို့ ပြန်လည်ပို့ဆောင်ထားပြီဖြစ်ကြောင်း Buffalo တိရိစ္ဆာန်ရုံက ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းသော ခန္ဓာကိုယ်နှင့် ပြေးခဲ့သော အမျိုးသား ကမ္ဘာ့စံချိန်နှစ်ခုတင်===========================ဂျိုနသန် ဗယ်ရို ...
05/07/2023

မီးလောင်ကျွမ်းသော ခန္ဓာကိုယ်နှင့် ပြေးခဲ့သော အမျိုးသား ကမ္ဘာ့စံချိန်နှစ်ခုတင်
===========================

ဂျိုနသန် ဗယ်ရို အမည်ရ ပြင်သစ်မီးသတ်သမားတစ်ဦးသည် မီးလောင်ကျွမ်းသော ခန္ဓာကိုယ်ဖြင့် ၈၉၃ အကွာအဝေးကို ပြေးခဲ့ပြီး ကမ္ဘာ့စံချိန်နှစ်ခုတင်နိုင်ခဲ့ကြောင်း သိရသည်။

အသက် ၃၉ နှစ်အရွယ်ရှိ အမျိုးသားသည် လမ်းပေါ်တွင် အောက်ဆီဂျင်မပါဘဲ တစ်ကိုယ်လုံး မီးလောင်ကျွမ်းသည့် ခန္ဓာကိုယ်ဖြင့်ပြေးသည့် အကွာအဝေးအကြာဆုံး စံချိန်များကို ချိုးဖျက်နိုင်ခြင်းဖြစ်သည်။

ဗယ်ရိုသည် မီးသတ်သမားတစ်ဦးအဖြစ် လုပ်ကိုင်လျက်ရှိသလို၊ ပရော်ဖက်ရှင်နယ် စတန့်သမားအဖြစ်လည်း ရပ်တည်လျက်ရှိသည်။

ချစ်စဖွယ် Corgi အမျိုးအစား ခွေးကလေးများ ရာနှင့်ချီ ကမ်းခြေတွင်စုဝေးခဲ့=========================အော်ရီဂွန်ကမ်းခြေတွင် ချစ...
05/07/2023

ချစ်စဖွယ် Corgi အမျိုးအစား ခွေးကလေးများ ရာနှင့်ချီ ကမ်းခြေတွင်စုဝေးခဲ့
=========================

အော်ရီဂွန်ကမ်းခြေတွင် ချစ်စဖွယ် Corgi အမျိုးအစား ခွေးကလေးများ အကောင်ရေ ရာနှင့်ချီသည် အံ့အားသင့်ဖွယ် စုဝေးခဲ့ကြကြောင်း သိရသည်။

Oregon Humane Society နှစ်စဉ် ကျင်းပမြဲဖြစ်‌သော အခမ်းအနားတွင် Corgi အမျိုးအစား ခွေးကလေးများ စုဝေးခဲ့ကြခြင်းဖြစ်သည်။

Corgi အမျိုးအစား ခွေးကလေးများသည် ၎င်း၏ ပြုံးရွှင်ဖွယ် မျက်နှာအမူအရာ ခြေလက်တိုတိုလေးများကြောင့် ပုပုလုံးလုံးလေးများဖြင့် ကမ္ဘာတစ်ဝန်း ခွေးချစ်သူများအကြား နာမည်ကျော်သော ချစ်စဖွယ်ခွေးအမျိုးအစားလေးများလည်းဖြစ်သည်။

ကမ္ဘာ့ရုပ်အဆိုးဆုံး‌ခွေးအဖြစ် သတ်မှတ်ခံလိုက်ရသော ခွေးကလေး=======================ကယ်လီဖိုးနီးယားတွင် နှစ်စဉ်ကျင်းပမြဲဖြစ်...
05/07/2023

ကမ္ဘာ့ရုပ်အဆိုးဆုံး‌ခွေးအဖြစ် သတ်မှတ်ခံလိုက်ရသော ခွေးကလေး
=======================

ကယ်လီဖိုးနီးယားတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးပြိုင်ပွဲတွင် အသက် ၇ နှစ်အရွယ် Chinese crested အမျိုးအစား Scooter အမည်ရ ခွေးကလေးကို ရုပ်အဆိုးဆုံးအဖြစ် သတ်မှတ်ကာ ဗိုလ်စွဲ‌ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော Chinese crested ခွေးကလေး၏ နောက်ခြေထောက်များသည်လည်း နောက်ဘက်သို့ ကွေးကောက်လျက်ရှိသည်။

ခွေးကလေး Scooter က ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီး၊ ဒုတိယဆုနှင့် တတိယဆုများကိုလည်း ရွေးချယ်ပေးခဲ့ကာ၊ အွန်လိုင်းမှ ရွေးချယ်သော အထူးဆုကိုလည်း ကမ္ဘာ့ရုပ်အဆိုးဆုံး‌ခွေးပြိုင်ပွဲတွင် ဆုပေးခဲ့ကြောင်းလည်း သိရသည်။

ရှားပါး မြေထဲပင်လယ်ဖျံကြီးကို တဲလ်အဗစ်တွင် တွေ့ရှိခဲ့=====================မျိုးသုဉ်းလုနီးပါးဖြစ်နေသော ရှားပါး မြေထဲပင်လယ...
27/06/2023

ရှားပါး မြေထဲပင်လယ်ဖျံကြီးကို တဲလ်အဗစ်တွင် တွေ့ရှိခဲ့
=====================

မျိုးသုဉ်းလုနီးပါးဖြစ်နေသော ရှားပါး မြေထဲပင်လယ်ဖျံတစ်ကောင်ကို အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ ကမ်းခြေတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများက အဆိုပါဖျံကြီးကို Yulia ဟု အမည်ပေးခဲ့သည်။

မြေထဲပင်လယ်ဖျံများကို သဘာဝထိန်းသိမ်းရေးအပြည်ပြည်ဆိုင်ရာသမဂ္ဂမှ မျိုးသုဉ်းအန္တရာယ်ရှိ စာရင်းထဲတွင် ထည့်သွင်းထားပြီး၊ အကောင်ရေ ၃၅၀ ခန့်သာ ကျန်ရှိတော့မည်ဟု ခန့်မှန်းထားသည်။

မြေထဲပင်လယ်၏ ဒေသအချို့တွင်သာ မြင်တွေ့ရသော ပင်လယ်ဖျံကြီးများသည် အထူးထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လျက်ရှိနေပြီဖြစ်သည်။

ရှေးဟောင်းဆင်ကြီး၏ ရုပ်ကြွင်းသွားကို ရှာဖွေတွေ့ရှိခဲ့======================ကယ်လီဖိုးနီးယားကမ်းခြေတွင် လမ်းလျှောက်နေသော J...
27/06/2023

ရှေးဟောင်းဆင်ကြီး၏ ရုပ်ကြွင်းသွားကို ရှာဖွေတွေ့ရှိခဲ့
======================

ကယ်လီဖိုးနီးယားကမ်းခြေတွင် လမ်းလျှောက်နေသော Jennifer Schuh အမည်ရ အမျိုးသမီးသည် မျိုးသုဉ်းသွားပြီဖြစ်သော ရှေးဟောင်းဆင်ကြီး၏ သွားကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

သူမတွေ့ရှိခဲ့သော အရာသည် မည်သည့်အရာဖြစ်မှန်း မသိခဲ့သည့်အတွက် Jennifer Schuh က Facebook လူမှုကွန်ရက်ပေါ်တွင်တင်ကာ အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။

Santa Cruz သဘာဝသမိုင်းပြတိုက်မှ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် Wayne Thompson က Jennifer Schuh ၏ Facebook ပို့စ်ကို တွေ့ခဲ့ပြီးနောက် မျိုးသုဉ်းသွားပြီဖြစ်သော ရှေးဟောင်းဆင်ကြီး (mastodon) ၏ အံသွားဖြစ်ကြောင်း ပြောကြားခဲ့သည်။

အလွန်ရှားပါးသော ယုန်မျိုးစိတ်ကို ဓာတ်ပုံရိုက်ကူးနိုင်ခဲ့=====================တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ တောင်တန်...
27/06/2023

အလွန်ရှားပါးသော ယုန်မျိုးစိတ်ကို ဓာတ်ပုံရိုက်ကူးနိုင်ခဲ့
=====================

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ တောင်တန်းများတွင် အလွန်ရှားပါးပြီး မျိုးသုဉ်းအန္တရာယ်ရှိသော ယုန်မျိုးစိတ်ကို ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ကြောင်း သိရသည်။

Pika အမည်ရ ယုန်မျိုးစိတ်သည် ကမ္ဘာပေါ်တွင် အကောင်ရေ ၁၀၀၀ အောက် ကျန်ရှိတော့သည်ဟု ခန့်မှန်းရသည်။

ချစ်စဖွယ် Pika ယုန်ကလေးကို လွန်ခဲ့သော ၂၀၂၂ ခုနှစ်က တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ တောင်တန်းများတွင် တေွ့ရှိပြီး၊ ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ခြင်းဖြစ်သည်။၎င်းယုန်မျိုးစိတ်ကို နှစ်ပေါင်း ၂၀ ကြာမြင့်ပြီးနောက် ပထမဆုံး ပြန်လည်တွေ့ရှိပြီး ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ကမ္ဘာ့အထီးအကျန်ဆုံး နေအိမ်===========အိုက်စလန်နိုင်ငံ တောင်ဘက် ကမ်းရိုးတန်းအနီး Elliðaey ကျွန်းပေါ်တွင်  ကမ္ဘာ့အထီးအကျန်...
27/06/2023

ကမ္ဘာ့အထီးအကျန်ဆုံး နေအိမ်
===========

အိုက်စလန်နိုင်ငံ တောင်ဘက် ကမ်းရိုးတန်းအနီး Elliðaey ကျွန်းပေါ်တွင် ကမ္ဘာ့အထီးအကျန်ဆုံး နေအိမ်ဟု သတ်မှတ်ထားသော အဖြူရောင်အိမ်ငယ်လေး တည်ရှိသည်။

အဆိုပါအိမ်ငယ်လေးသည် နှစ်ပေါင်း သက်တမ်း ၁၀၀ နီးပါးခန့်ရှိပြီဖြစ်ပြီး၊ လူနေထိုင်ခြင်းမရှိဘဲ စွန့်ပစ်ထားခြင်းဖြစ်သည်။

ကောလာဟလသတင်းများအရ သန်းကြွယ်သူဌေးတစ်ဦးက အဆိုပါအိမ်ငယ်လေးကို ဖုတ်‌ကောင် (Zpmbie) များကြောင့် ကမ္ဘာပျက်သည့်ဖြစ်ရပ် ဖြစ်လာပါက ရှောင်ပြေးနိုင်ရန် တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရေကူးကန်ထဲ ရေလာကူးသော မိကျောင်း==============ဖလော်ရီဒါတွင် နေထိုင်သော အမျိုးသမီးတစ်ဦးသည် သူမ၏ နေအိမ်ခြံဝန်းရှိ ရေကူးကန်တ...
27/06/2023

ရေကူးကန်ထဲ ရေလာကူးသော မိကျောင်း
==============

ဖလော်ရီဒါတွင် နေထိုင်သော အမျိုးသမီးတစ်ဦးသည် သူမ၏ နေအိမ်ခြံဝန်းရှိ ရေကူးကန်တွင် မိကျောင်းတစ်ကောင် ရေကူးနေသည်ကို မြင်တွေ့ခဲ့ရပြီးနောက် ရဲဌာနသို့ အကြောင်းကြားခဲ့သည်။

ဖလော်ရီဒါ ငါးနှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးကော်မရှင်မှ လက်ထောက်များ ရောက်ရှိလာပြီးနောက် စစ်ဆေးရာ မိကျောင်းငယ်တစ်ကောင်ဖြစ်နေသည်ကို တေွ့ရှိခဲ့ရသည်။

ထို့နောက်တွင် တာဝန်ရှိသူများသည် မိ‌ကျောင်းကို ရေကူးကန်အတွင်းမှ ဖယ်ရှားပြီး၊ ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့သည်။

ဒေါက်ဖိနပ်ဖြင့် ၁၀၀ မီတာပြေးခဲ့သော အမျိုးသား===================Christian Roberto López Rodríguez အမည်ရ အမျိုးသားတစ်ဦးသည်...
27/06/2023

ဒေါက်ဖိနပ်ဖြင့် ၁၀၀ မီတာပြေးခဲ့သော အမျိုးသား
===================

Christian Roberto López Rodríguez အမည်ရ အမျိုးသားတစ်ဦးသည် မီတာ ၁၀၀ အကွာအဝေးကို ဒေါက်ဖိနပ်စီးကာ ပြေးလွှားခဲ့ကြောင်း သိရသည်။

၎င်းအမျိုးသားသည် မီတာ ၁၀၀ အကွာအဝေးကို ၁၂.၈၂ စက္ကန့်ဖြင့် ပန်းဝင်နိုင်ခဲ့သည်။

ထိုသို့ ၁၂.၈၂ စက္ကန့်ဖြင့် ပန်းဝင်နိုင်ခဲ့သည့်အတွက် ၂၀၁၉ ခုနှစ်က ဒေါက်မြင့်ဖိနပ်ဖြင့် မီတာ ၁၀၀ ပြေးပြီး၊ ၁၄.၀၂ စက္ကန့်ဖြင့် ပန်းဝင်ထားသော ကမ္ဘာ့စံချိန်ကို Christian Roberto López Rodríguez က လွှဲပြောင်းရယူနိုင်ခဲ့သည်။

ကမ္ဘာ့အရှည်ဆုံး ကြက်ဆင်ဘေကွန်==============ပင်ဆယ်လ်ဗေးနီးယားမှ အသားကုမ္ပဏီတစ်ခုသည် ကမ္ဘာ့အရှည်ဆုံး ကြက်ဆင်ဘေကွန်ကို ပြုလ...
27/06/2023

ကမ္ဘာ့အရှည်ဆုံး ကြက်ဆင်ဘေကွန်
==============

ပင်ဆယ်လ်ဗေးနီးယားမှ အသားကုမ္ပဏီတစ်ခုသည် ကမ္ဘာ့အရှည်ဆုံး ကြက်ဆင်ဘေကွန်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အရှည် ၁၇ ပေရှိသော ကြက်ဆင်ဘေကွန်ကို ပြုလုပ်ကာ အဆိုပါကုမ္ပဏီသည် ဂင်းနစ်ကမ္ဘာ့စံချိန် တင်နိုင်ခဲ့သည်။

Godshall ကုမ္ပဏီက ကမ္ဘာ့အရှည်ဆုံး ကြက်ဆင်ဘေကွန်ကို ဖန်တီးခဲ့ခြင်းဖြစ်ပြီး၊ ၆ နာရီကြာ အချိန်ယူ ချက်ပြုတ်ခဲ့ရကြောင်း ကုမ္ပဏီ၏ အကြီးအကဲဖြစ်သူ Ron Godshall ဆိုသည်။

ကော်လိုရာဒိုတွင် ဖြစ်ပွားခဲ့သော အမြွှာတော်နေဒိုး===================ထူးခြားဆန်းကြယ် အမြွှာတော်နေဒိုး လေဆင်နှာမောင်းတိုက်ခ...
27/06/2023

ကော်လိုရာဒိုတွင် ဖြစ်ပွားခဲ့သော အမြွှာတော်နေဒိုး
===================

ထူးခြားဆန်းကြယ် အမြွှာတော်နေဒိုး လေဆင်နှာမောင်းတိုက်ခတ်မှု ဖြစ်ရပ်ကို ‌ကော်လိုရာဒိုပြည်နယ်အတွင်းရှိ လွင်ပြင်တစ်ခုတွင် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

AccuWeather မိုးလေဝသပညာရှင်နှင့် မုန်တိုင်းရှာဖွေသူ Tony Laubach သည် အဆိုပါဖြစ်ရပ်ကို ရိုက်ကူးနိုင်ခဲ့ခြင်းဖြစ်သည်။

လေဆင်နှာမောင်းနှစ်လုံးသည် ပြိုင်တူဖြစ်ပေါ်လာပြီး၊ လယ်ကွင်းထဲတွင် ဘေးချင်းကပ်လျက် တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။

“ကော်လိုရာဒိုမှာ ကျွန်တော်မျက်မြင်တွေ့ခဲ့ရတဲ့ မယုံနိုင်စရာ အကောင်းဆုံး လေဆင်နှာမောင်း မြင်ကွင်းတွေထဲက တစ်ခုပါပဲ” ဟု Tony Laubach က ပြောကြားခဲ့သည်။

စီးကရက်ဝယ်ရန် ဆင်းပြီး ထီကံစမ်းရာမှ သောင်းဆုထီပေါက်ခဲ့သော အမျိုးသားကြီး==========================အလာစကာမှ Gary Lackey အမ...
27/06/2023

စီးကရက်ဝယ်ရန် ဆင်းပြီး ထီကံစမ်းရာမှ သောင်းဆုထီပေါက်ခဲ့သော အမျိုးသားကြီး
==========================

အလာစကာမှ Gary Lackey အမည်ရ အမျိုးသားကြီးသည် စီးကရက်ဝယ်ရန်အတွက် စတိုးဆိုင်တွင် ဆင်းပြီး၊ Powerball ထီလက်မှတ်ကို ကံစမ်းရာမှ သောင်းဆုထီပေါက်ခဲ့ကြောင်း သိရသည်။

Gary Lackey သည် အမေရိကန်ဒေါ်လာ ၅ သောင်းဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်‌တော် မကြာခဏ ထီပေါက်ပါတယ်၊ ၂ ဒေါ်လာ ဆုသေးလေးတွေပေါ့၊ ဒီတစ်ခေါက်ကတော့ ကံထူးတာပဲ၊ စီးကရက်ဝယ်ဖို့အတွက်ပဲ ကျွန်တော်ဆင်းပြီး၊ ထီကံစမ်းမယ်လို့ ဆုံးဖြတ်လိုက်တာ၊ ကံထူးတာပေါ့” ဟု Gary Lackey က ပြောကြားခဲ့သည်။

ကမ္ဘာ့စံချိန် ထပ်မံတင်နိုင်ခဲ့သော စီရော်နယ်လ်ဒို-------------------------------ပေါ်တူဂီလက်‌ရွေးစင် ဝါရင့်ကစားသမားကြီး ခရ...
27/06/2023

ကမ္ဘာ့စံချိန် ထပ်မံတင်နိုင်ခဲ့သော စီရော်နယ်လ်ဒို
-------------------------------

ပေါ်တူဂီလက်‌ရွေးစင် ဝါရင့်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုသည် ကမ္ဘာ့စံချိန်တစ်ခုကို ထပ်မံရယူနိုင်ခဲ့ကြောင်း သိရသည်။

စီရော်နယ်လ်ဒိုသည် ပေါ်တူဂီလက်‌ရွေးစင်အသင်းအတွက် ပွဲ ၂၀၀ ပြည့်ကို ဇွန်လ ၂၀ ရက်နေ့တွင် ကစားပေးခဲ့ပြီး၊ နိုင်ငံတကာလက်ရေွးစင်အတွက် ပွဲအများဆုံး ကစားထားသော ဘောလုံးသမားစံချိန်ကို ဂုဏ်ယူဖွယ်ရရှိခဲ့ခြင်းဖြစ်သည်။

“ထူးခြားတဲ့ အောင်မြင်မှုပါပဲ၊ အရာအားလုံးဟာ အံ့မခန်းပါပဲ၊ ကျွန်တော့်အတွက်တော့ မမေ့နိုင်စရာ ဖြစ်ရပ်တစ်ခုပါ၊ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်၊ ကျွန်တော့်ပရိသတ်တွေနဲ့ ဂင်းနစ်စံချိန်ကို ကျေးဇူးတင်ပါတယ်” ဟု စီရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။

Address


Website

Alerts

Be the first to know and let us send you an email when World Focus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share