telegram movies link

  • Home
  • telegram movies link

telegram movies link Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from telegram movies link, Film/Television studio, .

2 Good 2 Be True(2022) ဇာတ်လမ်းတွဲ*********************************ကဲ ဒီတစ်ခါတော့ ကိုရီးယားလည်းမဟုတ် ဂျပန်လည်းမဟုတ် အင်္...
19/08/2022

2 Good 2 Be True(2022) ဇာတ်လမ်းတွဲ

*********************************

ကဲ ဒီတစ်ခါတော့ ကိုရီးယားလည်းမဟုတ် ဂျပန်လည်းမဟုတ် အင်္ဂလိပ်လည်းမဟုတ်တဲ့

ဖိလစ်ပိုင်ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးမှာပါ...
ဖိလစ်ပိုင်ကားလို့ပြောလိုက်တာနဲ့ လူတိုင်းက Kathrine နဲ့ Daniel တို့အတွဲကို

ပြေးမြင်ကြဖို့များပါတယ်...
ဖိလစ်ပိုင်တွေက တကယ့်အတွဲတွေကိုပဲ Chemistry ရှိရှိနဲ့ ရိုက်ကူးလေ့ရှိကြတာမလို့
KathNiel လို့ Nickname ရထားတဲ့ Real Life Couple ကို မြန်မာပရိသတ်တွေက

စိမ်းနေမှာမဟုတ်ပါဘူး...

"She's Dating the Gangster", "Crazy Beautiful You",

"Can't Help Falling in Love", "The Hows of Us"....အစရှိတဲ့
ဇာတ်ကားတွေက နှစ်ယောက်လုံးရဲ့ Chemistry မိ/မမိ ကို မြင်သာထင်သာရှိစေပါတယ်...
သူတို့ရိုက်သမျှကားတိုင်းဟာ ဇာတ်လမ်းပြီးတိုင်း

ရင်ထဲစွဲသွားစေတာရှိသလို ရိုရင်လည်း အားလုံးက ငေးမောအားကျနေရလောက်အောင်ပါပဲ..
အရမ်းကိုလည်း သဘာဝကျပြီး နှစ်ယောက်လုံးက ကျရာဇာတ်ရုပ်မှာ ပိုင်နိုင်တာမလို့...
အခု "2 Good 2 Be True" ဆိုတဲ့ဇာတ်ကားလေးကိုလည်

း အားလုံးသဘောကျကြမှာအသေအချာပါပဲ

KathNiel အတွဲရဲ့ ဒီတစ်ခေါက် Come back က

Movie မဟုတ်ဘဲ Serie ဖြစ်တာကြောင့်မလို့
သူတို့အတွဲကို ချစ်တဲ့သူတွေတဝကြီး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်လို့

သတင်းကောင်းပါးလိုက်ပါတယ်

ကဲ...ဒီလောက်နဲ့တင် လုံလောက်ပြီမလို့ ဇာတ်လမ်းလေးကို

သိပ်မညွှန်းတော့ပါဘူး...
ဖုံးကွယ်ထားတဲ့ နောက်ကြောင်းရာဇဝင်ကိုယ်စီရှိကြတဲ့

စက်ပြင်သမားလေးနဲ့ သူနာပြုမလေးတို့
ဘယ်လိုဆုံတွေ့ပြီး ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို

အရင်ဇာတ်ကားတွေနဲ့ ကွဲထွက်နေတဲ့ပုံစံနဲ့ သရုပ်ဆောင်ချက်တွေမှာ
လိုက်ပါစီးမျောကြည့်ကြရအောင်လားဗျ


Movie link
https://t.me/toogoodtobe007/31

If you wish upon me / 당신이 소원을 말하면 (2022)ဩဂုတ်လ ဒုတိယအပတ်မှာထွက်ရှိလာတဲ့ ဇာတ်ကားလေး‌ကတော့ Sound of Magic အ...
11/08/2022

If you wish upon me / 당신이 소원을 말하면 (2022)

ဩဂုတ်လ ဒုတိယအပတ်မှာထွက်ရှိလာတဲ့ ဇာတ်ကားလေး‌ကတော့ Sound of Magic အပြီးမှာ Comeback လာတဲ့ အိုပါး Ji Chang Wook ရဲ့ သမရိုးကျအချစ်ဇာတ်လမ်းကနေ ကွဲထွက်နေတဲ့ တစ်မူထူးတဲ့ရသတစ်မျိုးကို ပေးစွမ်းမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့နောက်ဆုံးအချိန်ကို ကြိုသိနေတဲ့သူတွေမှာ နောက်ဆုံးဖြစ်ချင်တဲ့ဆန္ဒဆိုတာ ရှိတတ်ကြပါတယ်။ လောကကြီးကမထွက်ခွာခင် ထိုဆန္ဒတွေပြည့်ဝသွားတယ်ဆိုရင် သွားရမယ့်ခရီးမှာ ဘယ်လောက်တောင်များ အေးချမ်းစွာအနားယူနိုင်လိုက်မလဲ။

ကိုယ်ကိုယ်တိုင်က ပျော်ရွှင်မှုဆိုတာ ဘာလဲ သေချာမသိသေးဘဲ လောကဓံရဲ့ကြမ်းတမ်းမှုတွေကြောင့် မျှော်လင့်ချက်မဲ့နေတဲ့ လူတစ်ယောက်...

ဘဝမှာခံစားခဲ့ရတဲ့ နာကျင်မှုတွေကို တက်တူးအဖြစ်ပြောင်းလဲရင်း တစ်ကိုယ်လုံးမှာ တက်တူးအပြည့်နဲ့ ထိုသူ...

"ငါလည်း တစ်ခါလောက်တော့ တခြားသူတွေလို ပုံမှန်ဘဝလေးနဲ့ နေထိုင်ကြည့်ချင်တယ်" ဆိုတဲ့ အိပ်မက်နဲ့ ထိုသူ...

ဘဝပေးအခြေအနေကြောင့် ခက်ခဲကြမ်းတမ်းမှုတွေကိုပဲ ရင်ဆိုင်ဖြတ်သန်းလာရတဲ့ Yoon Gyeo Rye ဟာ ငယ်စဉ်ကတည်းက မိဘမဲ့ဂေဟာမှာ‌ကြီးပြင်းခဲ့ရတဲ့သူပါ။ လူငယ်ဘဝကို လူငယ်ထိန်းသိမ်းရေးစခန်းနဲ့ အကျဉ်းထောင်ကြားမှာပဲ ကုန်ဆုံးခဲ့ရပြီး တခြားသူတွေလို သာမန်ဘဝလေးနဲ့ပဲ နေထိုင်သွားချင်သူတစ်ယောက်ပါ။ ထိုကဲ့သို လောကဓံအခက်အခဲတွေကြားမှာ ရုန်းကန်ရှင်သန်ရင်း မတော်တဆမှုတစ်ခုကြောင့် ဆေးရုံတစ်ခုမှာ လုပ်အားပေးဖို ဖြစ်လာတဲ့အခါ ဆေးရုံရဲ့ အဖွဲခေါင်းဆောင် Kang Tae Shik နှင့် သူနာပြုဆရာမလေး Seo Yeon Joo တိုနဲ့အတူတူ ကုမရတော့တဲ့ ရောဂါသည်တွေရဲ့ နောက်ဆုံးဆန္ဒတွေကို ကြိုးစားဖြည့်ဆည်းပေးပါတော့တယ်။ ဒီလိုနဲ့ လောကကြီးကို နှုတ်ဆက်ထွက်ခွာရတော့မယ့် သူတိုမှာ ဘယ်လိုဆန္ဒတွေများရှိနေမှာလဲ။ မျှော်လင့်ချက်မဲ့နေတဲ့ Yoon Gyeo Rye တစ်ယောက် ထိုသူတိုရဲ့ နောက်ဆုံးဆန္ဒတွေကို ပြီးမြောက်‌သွားအောင် ဖြည့်ဆည်းပေးနိုင်မှာလားဆိုတာကို ရသအပြည့်နဲ့ ကြည့်ရှုခံစားရမှာပါ။

ကျရာဇာတ်ရုတ်အပေါ်ပိုင်နိုင်တဲ့ Ji Chang Wook ရဲ့ သရုပ်ဆောင်ချက်တွေနဲ့ အတူ Support မင်းသားကြီး Sung Dong-il နှင့် မင်းသမီး Sooyoung တိုရဲ့ အပိုအလိုမရှိတဲ့ အတွဲညီညီသရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာဖြစ်လို အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ Gold Channel မှာ ဆက်ဆက်စောင့်မျှော်အားပေးကြပါဦးရှင်။


Movie link
https://t.me/c/1753419044/3

Address


Website

Alerts

Be the first to know and let us send you an email when telegram movies link posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share