Monywa News

Monywa News မုံရွာမြို့အခြေပြုလူထုမီဒီယာ

25/06/2021

တော်လှန်‌ရေးရဲဘော်များကို ထာဝရ ဦးညွှတ်လျှက်

Monywa News

25/06/2021

မုံရွာမြို့ အာဇာနည်လမ်းနှင့် ပြည်ထောင်စုလမ်းမအနီးမှာ စစ်ကောင်စီလက်နှက်ကိုက်များက သေနတ်ပစ်ဖောက်ခြင်း၊ အသံဗုံးများခွဲခြင်း (စုစုပေါင်း အချက် 20 ကျော်ခန့်) များလုပ်ဆောင်သွားပါသည်။

မုံရွာကန်သာယာ အနီးတစ်ဝိုက်တွင်လည်း‌ ‌ဆိုင်ကယ်စီးနင်းလာသောလူငယ် 2 ဦးကိုစစ်ကောင်စီလက်နှက်ကိုင်များက အကြမ်းဖက် ပစ်ခတ်ခဲ့သည်ဟူ၍လည်း ကြားနေရပါသည်။ သို့သော် သတင်းအတည်ပြုနိုင်ခြင်းမရှိ‌သေးပါ။

Monywa News

မုံရွာမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး~~~~~~■ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပိတောက်ကုန်းရပ်ကွက်က ကိုကုလား ကို ဇ...
05/06/2021

မုံရွာမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး
~~~~~~
■ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပိတောက်ကုန်းရပ်ကွက်က ကိုကုလား ကို ဇွန်လ ၃ ရက် မနေ့ည ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ မုံရွာဒေသခံတွေက ပြောပါတယ်။

ဆိုင်ကယ်ကို စစ်ဆေးဖို့ တားဆီးတာကို မရပ်တဲ့အတွက် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပိတောက်ကုန်းရပ်ကွက်က ဒေသခံတစ်ယောက်က ပြောပါတယ်။

“ကိုကုလားက အပြင်က ပြန်လာတာနေမှာ၊ စစ်သားတွေက တားတာကို မရပ်တော့ သေနတ်နဲ့ လေးငါးခြောက်ချက်ပစ်တယ်။ ဘယ်သူမှထွက်မကြည့်ရဲဘူး။ သုံးချက်ထိသွားတယ်။ လူမှုကူညီရေးအသင်းကား လာဖို့တောင် ၂ နာရီလောက်စောင့်လိုက်ရတယ်။ နောက်တော့ ရပ်ကွက်က ဆေးရုံကြီးကို လိုက်ပို့လိုက်တယ်။ ဒါပေမဲ့ သေသွားတယ်။ အခုတော့ သေဆုံးသူနေအိမ်ကို စစ်သားတွေရောက်နေကြလို့ ရပ်ကွက်ကသူတွေ ရှောင်နေကြတယ်။”

မုံရွာမြို့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်နေတဲ့မြို့ဖြစ်ပါတယ်။

ဆန္ဒပြတာတွေ လုပ်ဆောင်လို့မရအောင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ မုံရွာမြို့မှာ နေ့စဉ်လှည့်ပတ်နေပြီး ကျောက်က္ကာလမ်း၊ မိုးကောင်းဘုရားအနီးမှာတော့ စစ်ကောင်စီက နေ့စဉ်နီးပါး စစ်ဆေးတာတွေလုပ်နေတယ်လို့လည်း မုံရွာဒေသခံတွေက ပြောပါတယ်။


“သရဲမကြောက်ဘူးလည်းဆိုသေးညောင်ပင်ကြီးအောက်ရောက်တာနဲ့ပုဆိုးခေါင်းမြီးခြုံ အော်ပြီးပြေး”မရယ်ရတဲ့အပြင်ရယ်တောင်ရယ်ချင်သေး #မင...
04/06/2021

“သရဲမကြောက်ဘူးလည်းဆိုသေး

ညောင်ပင်ကြီးအောက်ရောက်တာနဲ့
ပုဆိုးခေါင်းမြီးခြုံ အော်ပြီးပြေး”

မရယ်ရတဲ့အပြင်
ရယ်တောင်ရယ်ချင်သေး

#မင်းကိုနိုင်
၄ ဇွန် ၂၀၂၁ ညနေ ၆နာရီ

04/06/2021

အချိန်တစ်ခုရောက်ရင် စစ်ကောင်စီကိုစတင်တိုက်ခိုက်မယ့် တိုက်ပွဲခေါ်သံပေးမယ်လို့ NUG ပြော
---------------
DVB
တစ်နိုင်ငံလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေကိုဖွဲ့စည်းထားပြီဖြစ်တာကြောင့် ပြည်သူအားလုံး အကြမ်းဖက်စစ်အုပ်စုကို နှိမ်နင်းကြဖို့ အချိန်တစ်ခုရောက်ရင် တိုက်ပွဲခေါ်သံပေးမယ့်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ခင်မမမျိုးက ဒီနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေကို နှိမ်နင်းတဲ့အခါမှာ ဘယ်သူက ဦးဆောင်နေတယ်ဆိုတာက အရေးမကြီးဘဲ ဘုံရန်သူ အကြမ်းဖက်စစ်အုပ်စုကို နှိမ်နင်းရေးက အဓိကဖြစ်ပြီး နေရာတိုင်းမှာ နှိမ်နင်းမယ့်အဖွဲ့တွေရှိနေရမှာဖြစ်တယ်လို့ဆိုပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်သားများနှင့်သက်ဆိုင်သည့် မူဝါဒသဘ...
01/06/2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်သားများနှင့်သက်ဆိုင်သည့် မူဝါဒသဘောထားကြေညာချက်ကို ထုတ်ပြန်။

31/05/2021

နမ့်ဖတ်ကာရှိ စစ်ကောင်စီ ခလရ ၁၂၃ စခန်းကို မြောက်ပိုင်းညီနောင်သုံးဖွဲ့ဝင်တိုက်၊ ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦး သေ၊ စစ်သားအချို့ ထွက်ပြေး

ရန်ကုန်၊ မေ ၃၁

ယနေ မေလ ၃၁ ရက် နံနက် ၁ နာရီခန့်တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ အာဏာသိမ်းဖက်ဆစ် စစ်တပ်၏ ခလရ ၁၂၃ တပ်စခန်းကို မြောက်ပိုင်းညီနောင်သုံးဖွဲ့ AA၊ TNLA နှင့် MNDAA တို့ ဝင်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦးကို အသေဖမ်းမိခဲ့သည်။

စစ်ကောင်စီ တပ်သားအများအပြား ရှိနိုင်သေးပြီး ထွက်ပြေးသွားပြီဟု ယူဆကြောင်း ညီနောင်သုံးဖွဲ့က ပြောသည်။

မင်းကင်းမှာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ရဲ့ ကောင်းကင်ထောက်လှမ်းရေးဒရုန်းတစ်စင်းကို မင်းကင်း(PDF)အဖွဲ့က ပစ်ချနိုင်ခဲ့စစ်ကိုင်...
30/05/2021

မင်းကင်းမှာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ရဲ့ ကောင်းကင်ထောက်လှမ်းရေးဒရုန်းတစ်စင်းကို မင်းကင်း(PDF)အဖွဲ့က ပစ်ချနိုင်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်မှာ မေလ ၃၀ ရက်နေ့ ညပိုင်းက အကြမ်းဖက်စစ်ကောင်စီအဖွဲ့ရဲ့ ကောင်းကင်ထောက်လှမ်းရေးဒရုန်းတစ်စင်းကို မင်းကင်း(PDF)အဖွဲ့က ပစ်ချနိုင်ခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်တွေအရ သိရပါတယ်။

မင်းကင်း(PDF)အဖွဲ့က အဲဒီဒရုန်းကို အဝေးပစ်အရာဝတ္ထုတစ်ခုနဲ့ ပစ်ချခဲ့တာဖြစ်ပြီး ဒရုန်းပျက်ကျရာနေရာအနီးမှာရှိကြတဲ့ ကျေးရွာအချို့က ရွာသားတွေကိုအကြမ်းဖက်စစ်ကောင်စီအဖွဲ့က ကြိမ်းမောင်းခြိမ်းခြောက်တာတွေရှိခဲ့ပါသေးတယ်။

"မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီရဲ့ ကောင်းကင်ထောက်လှမ်းရေးဒရုန်းကို အဝေးပစ်အရာဝတ္ထုတစ်ခုနဲ့ အောင်မြင်စွာ ပစ်ချနိုင်ခဲ့တယ်။အဲဒီဒရုန်းကို ဒီနေ့ညမှာ ပစ်ချနိုင်ခဲ့တယ်။ဒရုန်းပျက်ကျသွားခဲ့တဲ့နေရာကို စစ်ကောင်စီအဖွဲ့က လိုက်လံရှာကြတယ်။အဲဒီနားမှာရှိတဲ့ ရွာတွေထဲက လူတွေကို စစ်ကောင်စီအဖွဲ့က ဆဲဆို ကြိမ်းမောင်း ခြိမ်းခြောက်တာတွေရှိတယ်"လို့ မင်းကင်းမြို့နယ်ဒေသခံတစ်ဉီးက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေ သွားရာနေရာတိုင်းမှာ ဒရုန်းတွေ ပါလေ့ရှိပြီး သွားမည့်နေရာကို မသွားခင် ကနဉီးအနေနဲ့ ကောင်းကင်ပေါ်ကို ဒရုန်းလွှတ်တင်ကာ မြေပြင်ထောက်လှမ်းရေးတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့တို့အကြား တိုက်ပွားဖြစ်ပွားနေချိန်မှာလည်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဘက်က ဒရုန်းလွှတ်တင်ပြီး ​မြေပြင်အခြေအနေကို ရယူတာတွေရှိနေပါသေးတယ်။


#မျက်မှောက်ခေတ်

28/05/2021

သာကေတမှာ အကြမ်းဖက်စစ်ကောင်စီတပ်အား လက်နက်ကိုင်တပ်ဖွဲ့တစ်ခု လာရောက်ပစ်ခတ်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ မေလ ၂၈ ရက်နေ့ ညပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်အား လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ဇိနမာန်အောက် ဘုရားဝင်းအတွင်းကို အမည်မသိလက်နက်ကိုင် တပ်ဖွဲ့က ည ၇ နာရီခွဲလောက်မှာလာရောက်ပစ်ခတ်ရာကနေ အပြန်အလှန်ပစ်ခတ်တာတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုတွေ အပြန်အလှန် ၁၅ မိနစ်လောက်ဖြစ်ပေါ်ခဲ့တာကြောင့် သေဆုံးထိခိုက်ဒဏ်ရာရတာမျိုးတွေ ရှိနိုင်ပေမယ့် အတည်ကျကိုတော့ မသိရသေးပါဘူး။
လက်ရှိအချိန်မှာတော့ သာကေတမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေ ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်နေသလို လုံခြုံရေးလည်း တင်းကြပ်ထားတယ်လို့ သိရပါတယ်။


28/05/2021

ပြည်သူ့ကာကွယ်ရေးတပ်မတော်(တောင်ပိုင်းတိုင်းစစ်ဌာနချုပ်)သင်တန်းဆင်းပွဲ

မုံရွာလူထုခေါင်းဆောင် ဝေမိုးနိုင် ဒဏ်ရာသက်သာကြောင်းနှင့်ဒီကနေ့မှာ ရုံးထုတ်စစ်ဆေး========================================...
27/05/2021

မုံရွာလူထုခေါင်းဆောင် ဝေမိုးနိုင် ဒဏ်ရာသက်သာကြောင်းနှင့်ဒီကနေ့မှာ ရုံးထုတ်စစ်ဆေး
==========================================
Monywa Entertainment-မေလ၂၇ရက်နေ့

မုံရွာမြို့ရဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သော မုံရွာလူထုခေါင်းဆောင် ဝေမိုးနိုင်ကို ဒီကနေ့မှာရုံးထုတ်စစ်ဆေးခဲ့ပီး ဒဏ်ရာများသက်သာလာသည်ဟု မိသားစုဝင်များမှ MEကိုပြောကြားပါသည်။

ဧပြီလ၁၅ရက်နေ့မှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန်နေသည့် ပင်မသပိတ်စစ်ကြောင်းမှာ အကြမ်းဖက်စစ်ကောင်စီများက ဝေမိုးနိုင်ကို အိမ်စီးကားနဲ့ တိုက်ပီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

အဆိုပါဖမ်းဆီးပီးရက်ပိုင်းအတွင်း မျက်နှာတစ်ခုလုံးမှာ ယောင်ကိုင်းနေသည့်ဒဏ်ရာများ လူမှု့ကွန်ယက်ပေါ်တွေမှာ တွေ့မြင်ခဲ့ရပါသည်။

မေလ၂၇ရက်နေ့ ဒီကနေ့မှာ ဝေမိုးနိုင်ကို ရုံးထုတ်စစ်ဆေးခဲ့ပီး ဒဏ်ရာများ သက်သာကြောင်းနှင့် တော်လှန်ရေးသင်္ကေတအဖြစ် လက်သုံးချောင်းထောင်ပြခဲ့သည်ဟု သိရှိရပါတယ်။


ကနီမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ ပြည်သူပိုင်ပစ္စည်း ယူသွား~~~~~~■ စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ ကျော်ရွာက အိမ် ၁၅ အိမ်က...
27/05/2021

ကနီမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ ပြည်သူပိုင်ပစ္စည်း ယူသွား
~~~~~~
■ စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ ကျော်ရွာက အိမ် ၁၅ အိမ်ကို ဒီကနေ့ မေလ ၂၇ ရက်နေ့ မနက်က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပြီး ဆိုင်ကယ် လေးစီး၊ ဆန် နှစ်အိတ်နဲ့ ငွေ ၁၈ သိန်း ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- Unicode
---------------

ကနီမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ ပြည်သူပိုင်ပစ္စည်း ယူသွား
~~~~~~
■ စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ ကျော်ရွာက အိမ် ၁၅ အိမ်ကို ဒီကနေ့ မေလ ၂၇ ရက်နေ့ မနက်က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပြီး ဆိုင်ကယ် လေးစီး၊ ဆန် နှစ်အိတ်နဲ့ ငွေ ၁၈ သိန်း ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- Zawgyi
---------------

သာကေတ ၃ မာန်ပြေထဲက ရာအိမ်မှူး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး သာကေတမြို့နယ်၊ ၃ ရပ်ကွက်၊ မာန်ပြေ လမ်း ၂၀ ထဲက ရာအိမ်မှူးတစ်ဦး နေ...
27/05/2021

သာကေတ ၃ မာန်ပြေထဲက ရာအိမ်မှူး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

သာကေတမြို့နယ်၊ ၃ ရပ်ကွက်၊ မာန်ပြေ လမ်း ၂၀ ထဲက ရာအိမ်မှူးတစ်ဦး နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို အတည်ပြုပါတယ်။

ဒီနေ့ မနက် ရှစ်နာရီခန့်မှာ ဗုံးနှစ်လုံးဆင့် ဆက်တိုက်ပေါက်ကွဲသံကြားရပြီးချိန် ရာအိမ်မှူး ဦးဘုန်းငွေရဲ့နေအိမ်ကို သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ရာအိမ်မှူးဟာနေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရာအိမ်မှူးနေအိမ်ထဲက တခြားမိသားစုဝင်တွေကတော့ ထွက်ပြေးလွတ်မြောက်လို့ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့လည်း သိရပါတယ်။

အခု ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ၃ ရပ်ကွက် မာန်ပြေထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီမနက် သာကေတမှာ ဗုံးတွေ ခြောက်ကြိမ်ဆက်တိုက်ပေါက်ကွဲမှုမှာ သာကေတ ၊ ဆယ်ရပ်ကွက်က အမှတ် ၂ ရဲစခန်းအနီးမှာလည်း နှစ်ကြိမ်ပေါက်ကွဲခဲ့ပြီး ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု
https://www.bbc.com/burmese/live/burma-57242648

ပုံစာ-သာကေတ အမှတ် ၂ ရဲစခန်းနား ဗုံးနှစ်လုံးပေါက်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေ လာရောက်စစ်ဆေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အမျိုးသားကာကွယ်ရေးတပ်မတော် စစ်ဘက်ဆိုင်ရာ...
26/05/2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အမျိုးသားကာကွယ်ရေးတပ်မတော် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များထုတ်ပြန်

မေ၂၆၊ မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်း 🚩🚩🚩🚩🚩မုံရွာမြို့ ပင်မ သပိတ်စစ်ကြောင်းသည် ဖောင်းကား ကျေးရွာ လူထုသပိတ်စစ်ကြောင်း နဲ့...
26/05/2021

မေ၂၆၊ မုံရွာမြို့ ပင်မသပိတ်စစ်ကြောင်း
🚩🚩🚩🚩🚩

မုံရွာမြို့ ပင်မ သပိတ်စစ်ကြောင်းသည် ဖောင်းကား ကျေးရွာ လူထုသပိတ်စစ်ကြောင်း နဲ့အတူပူးပေါင်းပြီး လမ်းမပေါ် သပိတ်တိုက်ပွဲ ဆင်နွှဲကာ အာဏာရှင်ကို တော်လှန် ပုန်ကန်ခဲ့ကြသည်။
လူထုအင်အားမြောက်များစွာ ချီတက်ခဲ့ကြသော ထိုစစ်ကြောင်းသည် ငြိမ်းချမ်းစွာ ဆန္ဒပြရင်း သပိတ်ကို အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ပါသည်။

Monywa News
ပြည်သူ့ မီဒီယာ ကွန်ယက်-မုံရွာ

ဒီးမော့ဆိုမြို့နယ်အတွင်း ဒီနေ့မနက်၄နာရီဝန်ကျင်ခန့်မှစ၍ စစ်ကောင်စီအကြမ်းဖက်လက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မျ...
25/05/2021

ဒီးမော့ဆိုမြို့နယ်အတွင်း ဒီနေ့မနက်၄နာရီဝန်ကျင်ခန့်မှစ၍ စစ်ကောင်စီအကြမ်းဖက်လက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား။

အကြမ်ဖက်စစ်ကောင်စီမှလက်နက်ကြီးများဆက်တိုက်ပစ်ခတ်လျက်ရှိပြီး ပြည်သူ့ကာကွယ်ရေတပ်များဆက်တိုက်ခုခံလျက်ရှိ။

Frontier Myanmar သတင်းဌာနက အမေရိကန်နိုင်ငံသား အယ်ဒီတာ ဖမ်းဆီးခံရ~~~~~~■ မြန်မာအခြေစိုက် Frontier Myanmar သတင်းဌာနရဲ့ သတင...
24/05/2021

Frontier Myanmar သတင်းဌာနက အမေရိကန်နိုင်ငံသား အယ်ဒီတာ ဖမ်းဆီးခံရ
~~~~~~
■ မြန်မာအခြေစိုက် Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်းအုပ်ချုပ်မှုအယ်ဒီတာ Mr. Danny Fenster မေလ ၂၄ ရက် ဒီကနေ့မှာ ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံသား Mr. Danny Fenster ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ မလေးရှားနိုင်ငံကို ထွက်ခွာခါနီး စစ်ကောင်စီက ဖမ်းဆီးသွားတာဖြစ်ကြောင်း Frontier Myanmar သတင်းဌာနက အတည်ပြုတယ်လို့လည်း ဆိုပါတယ်။

Mr. Danny Fenster ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူကို မထွက်ခွာခင်အချိန်မှာ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးရတဲ့ အကြောင်းရင်းကိုတော့ မသိရကြောင်းနဲ့ သူ့ကို အင်းစိန်ထောင်မှာ ပြောင်းရွှေ့ဖမ်းဆီးထားကြောင်း Frontier Myanmar ရဲ့ Twitter လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် သတင်းမီဒီယာသမား အယောက် ၈၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။ လက်ရှိ အကျဉ်းထောင်တွေထဲမှာ သတင်းသမား ၅ဝ ဦးထက်မနည်း ချုပ်နှောင်ခံထားရပြီး အများစုက ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ဂျပန်သတင်းထောက် ယူကီ ကီတာဇူမီ (Yuki Kitazumi) ကိုတော့ ဂျပန်နိုင်ငံရဲ့ မေတ္တာရပ်ခံချက်အရ မေလ ၁၄ ရက်နေ့မှာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။
- Unicode
-------------
Frontier Myanmar သတင်းဌာနက အမေရိကန်နိုင်ငံသား အယ်ဒီတာ ဖမ်းဆီးခံရ
~~~~~~
■ မြန်မာအခြေစိုက် Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်းအုပ်ချုပ်မှုအယ်ဒီတာ Mr. Danny Fenster မေလ ၂၄ ရက် ဒီကနေ့မှာ ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံသား Mr. Danny Fenster ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မလေးရှားနိုင်ငံကို ထွက်ခွာခါနီး စစ်ကောင်စီက ဖမ်းဆီးသွားတာဖြစ်ကြောင်း Frontier Myanmar သတင်းဌာနက အတည်ပြုတယ်လို့လည်း ဆိုပါတယ်။

Mr. Danny Fenster ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူကို မထွက်ခွာခင်အချိန်မှာ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးရတဲ့ အကြောင်းရင်းကိုတော့ မသိရကြောင်းနဲ့ သူ့ကို အင်းစိန်ထောင်မှာ ပြောင်းရွှေ့ဖမ်းဆီးထားကြောင်း Frontier Myanmar ရဲ့ Twitter လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် သတင်းမီဒီယာသမား အယောက် ၈၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။ လက်ရှိ အကျဉ်းထောင်တွေထဲမှာ သတင်းသမား ၅ဝ ဦးထက်မနည်း ချုပ်နှောင်ခံထားရပြီး အများစုက ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ဂျပန်သတင်းထောက် ယူကီ ကီတာဇူမီ (Yuki Kitazumi) ကိုတော့ ဂျပန်နိုင်ငံရဲ့ မေတ္တာရပ်ခံချက်အရ မေလ ၁၄ ရက်နေ့မှာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။
- Zawgyi
File Photo/AFP

23/05/2021

ကယားပြည်နယ်၊လွိုင်​ကော်တွင် ယခုည တိုက်ပွဲ ပြင်းထန်​နေ

ရန်ကုန်၊ ​​မေ ၂၃

ကယားပြည်နယ်၊ လွိုင်​ကော်မြို့တွင် ပြည်သူ့ကာကွယ်​ရေး တပ်နှင့် စစ်​ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်​နေ​ကြောင်း သိရှိရသည်။

"ပစ်သံ ခတ်သံ​တွေ ၁ နာရီ​ကျော်ကြာ​နေပြီ၊ ထူဒူငံသ​ကျေးရွာ မြကလပ်​တောင်​စေတီနား​ရော၊ ရွာဘက်ထိပ်၊ ရပ်ကွက်နား​တွေမှာ ​​ရောပစ်​နေတာပါ"ဟု ​​ဒေသခံတစ်ဦးက ရန်ကုန်​ခေတ်သစ်သတင်းဌာနသို့​ပြောဆိုသည်။

အကြမ်းစစ်​ကောင်စီဘက်က တင့်ကား၊ လက်နက်ကြီး၊ လက်ပစ်ဗုံး၊ စက်​သေနတ်များ အသုံးပြု၍ အပြင်းအထန် ပစ်ခတ်​နေ​ကြောင်း သိရှိရသည်။

‌ #ခေတ်သစ်မီဒီယာ

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အလံတော်၊ ပြည်သူ့ကာကွယ်ရ...
23/05/2021

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အလံတော်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏သစ္စာဓိဌာန် (၄) ချက်၊ ရည်ရွယ်ချက်၊ အဓိကတာဝန်၊ လုပ်ငန်းတာဝန်များ၊ စစ်ဘက်ဆိုင်ရာတန်ဖိုးထားမှု၊ စစ်ဘက်ဆိုင်ရာ ယဉ်ကျေးမှု၊ Chain of Command စသည့် PDF နှင့်ပတ်သက်သည့် အချက်အလက်များထုတ်ပြန်။

  News >>>>ခန္တီးရတနာနယ်မြေ၊ နမ်စီပွန်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ဝင်တိုက်ခန္တီး၊ မေ ၂၂News Ambassadorယနေ့မနက် ၄ န...
22/05/2021

News >>>>
ခန္တီးရတနာနယ်မြေ၊ နမ်စီပွန်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ဝင်တိုက်

ခန္တီး၊ မေ ၂၂
News Ambassador

ယနေ့မနက် ၄ နာရီမှစတင်၍ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးရတနာနယ်မြေ ကျောက်စိမ်းမှော်ရှိ စစ်ကောင်စီတပ်စခန်း ၊ ရဲစခန်းများကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံက News Ambassador သို့ သတင်းပေးပို့လာသည်။

“ဒီကနေ့မနက် ၄ နာရီလောက်ကစပြီး ခန္တီးမြို့၊ နမ်စီပွန် ကျောက်စိမ်းတွင်းဒေသ ရဲစခန်း၊ ဦးပိုင်လုပ်ကွက် တပ်စခန်း ကို KIA က ဝင်ပစ်သွားတယ်။ မနက် ၆နာရီခွဲလောက်အထိ တိုက်ပွဲဖြစ်တယ်။ ထိခိုက်ပျက်စီးတာ အခြေအနေတော့ မသိရသေးဘူး ” ဟု အဆိုပါဒေသခံက ပြောသည်။

အခြေအနေအသေးစိတ်ကို စုံစမ်းနေပြီး သတင်းဆက်လက်ဖော်ပြသွားပါမည်။

BREAKING NEWSမုံရွာ ၂၂.၅.၂၀၂၁ယနေ့ ၂၁၊၅၊ ၂၀၂၁၊ ည ၉နာရီ မုံရွာမြို့၊ ဇောတိကကျောင်း ရှေ့ရှိအမှိုက်ကန်ပေါက်ကွဲမှုဖြစ်ပွားခဲ့...
22/05/2021

BREAKING NEWS

မုံရွာ ၂၂.၅.၂၀၂၁

ယနေ့ ၂၁၊၅၊ ၂၀၂၁၊ ည ၉နာရီ မုံရွာမြို့၊ ဇောတိကကျောင်း ရှေ့ရှိအမှိုက်ကန်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ထိုပေါက်ကွဲမှုဖြစ်စဉ်တွင် ပြည်သူတစ်ဦးသေဆုံးမှုဖြစ်ခဲ့ပြီး အလောင်းကို မုံရွာပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။


စစ်ဖိနပ်အောက်မှာ ကြီးပြင်းခဲ့တာမင်းအပြစ်မဟုတ်ပေမယ့်မင်းလက်ထက်မှာ စစ်ဖိနပ်ကိုမတော်လှန်နိုင်ရင် မင်းရဲ့အပြစ်ပဲ
19/05/2021

စစ်ဖိနပ်အောက်မှာ ကြီးပြင်းခဲ့တာ
မင်းအပြစ်မဟုတ်ပေမယ့်

မင်းလက်ထက်မှာ စစ်ဖိနပ်ကို
မတော်လှန်နိုင်ရင် မင်းရဲ့အပြစ်ပဲ

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်၏ ‌‌တွေ့ဆုံစည်းဝေးပွဲကို ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD မတက်ရ...
19/05/2021

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်၏ ‌‌တွေ့ဆုံစည်းဝေးပွဲကို ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD မတက်ရောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရက်စွဲ၊  ၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်ကြေညာချက် အမ...
17/05/2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်
ကြေညာချက် အမှတ် ၁/၂၀၂၁

၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သော အမျိုးသား ညီညွတ်ရေးအစိုးရက ၂၀၂၁ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကာကွယ်ရေးမူဝါဒနှင့်အညီ ဖွဲ့စည်း တည်ထောင်ထားသော တပ်မတော်ဖြစ်သည်။
၂။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အား ပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှု များ၊ စစ်ရေးအရရန်လိုတိုက်ခိုက်မှုများကို ထိန်းချုပ်အဆုံးသတ်ခြင်းဖြင့် နှစ်ပေါင်း ခုနစ်ဆယ်ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ ထိရောက်သော လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဖွဲ့စည်းရာတွင် ရှေ့ပြေးအမြုတေအဖြစ် ပါဝင်ရေး ဟူသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားပြီး၊ အဓိကတာဝန်မှာ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်နှင့် ဖက်ဒရယ်ပြည်ထောင်စုကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။
၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အား ဖွဲ့စည်းရာတွင် ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်သူ လူထုအပေါ် သစ္စာစောင့်သိခြင်း၊ ဂုဏ်သိက္ခာရှိခြင်း၊ ရဲရင့်မှုရှိခြင်း၊ ရိုးသားမှုရှိခြင်း၊ ဖက်ဒရယ် ပြည်ထောင်စုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်း၊ Law of Armed Conflicts အပါအဝင် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာဥပဒေများကို လိုက်နာခြင်း ဟူသည့် စစ်ဘက်ဆိုင်ရာတန်ဖိုး (Military Values) များကို ထားရှိသည်။
၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ဖွဲ့ဝင်များအားလုံးသည် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ အရပ်သားပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှုဆိုင်ရာ ကျင့်ဝတ်များကို မည်သည့်အခြေအနေမျိုးတွင် မဆို လေးစားလိုက်နာရမည်ဖြစ်ပြီး၊ ကျင့်ဝတ်စောင့်ထိန်းသော ဂုဏ်သိက္ခာရှိသည့် တပ်မတော်တစ်ရပ် အဖြစ် ရပ်တည်မည် ဖြစ်သည်။
၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဟူသည့် စစ်တိုင်း ငါးခုဖြင့် ဖွဲ့စည်းထားရှိသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အား ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များကို အခြေခံ၍ ဖွဲ့စည်းထားခြင်း မရှိဘဲ၊ သက်ဆိုင်ရာ စစ်တိုင်းများအောက်တွင် တပ်ရင်း တပ်ဖွဲ့များ အဆင့်ဆင့်ဖြင့် ဖွဲ့စည်းထားရှိသည်။
၆။ ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် အမှုထမ်းလိုသူတိုင်းသည် သတ်မှတ်ထားသော စစ်ပညာ သင်တန်းသို့ တက်ရောက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ စစ်တိုင်းအောက်ရှိ တပ်ရင်းတစ်ခုတွင် ပေးအပ် သော တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်သည်။
၇။ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ကာကွယ်ရေးဝန်ကြီးဌာနက အသိအမှတ်ပြုသော နယ်မြေ ဒေသအလိုက် ဖွဲ့စည်းသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များအား စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ နှင့်အညီ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

ပုံ
ရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

မုံရွာမြို့နယ် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ပြည်သူလူထုထံ ပူးတွဲတင်ပြချက်
15/05/2021

မုံရွာမြို့နယ် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍
ပြည်သူလူထုထံ ပူးတွဲတင်ပြချက်

12/05/2021

ကနီမြို့နယ် ဇီးပင်တွင်းကျေးရွာမှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ
=================================
ဒီကနေ့ မေလ ၁၂ရက်က စစ်ကိုင်းတိုင်းဒေသကြီးကနီမြို့နယ် ဇီးပင်တွင်းကျေးရွာမှာ စစ်ကောင်စီတပ်တွေ ဖမ်းဆီတာတွေ လုပ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“မပြေးနိုင်တဲ့ မကျန်းမမာသက်ကြီးပိုင်းတွေကရွာဦးဘုန်းတော်ကြီးကျောင်းမှာခုံလှုံနေရတယ်၊အစားအသောက်အခက်အခဲတွေရှိနိုင်ပါတယ်၊ဝိုင်းဝန်းကူညီပေးကြပါဖို့တောင်းဆိုပါတယ်”လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

Breaking News ❗️❗️❗️မုံရွာမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦး ပျောက်ဆုံးနေ========================================မုံရွာ...
09/05/2021

Breaking News ❗️❗️❗️

မုံရွာမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦး ပျောက်ဆုံးနေ

========================================

မုံရွာမြို့၊ဆည်မြောင်းရုံးအတွင်းမှာ
တပ်ဆွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သား ဆယ်ဦးပျောက်ဆုံးနေပြီး ပျောက်ဆုံးနေကြောင်းကိုလည်း အနီးအနားပတ်ဝန်းကျင်ရှိစျေးသည်တွေကိုလဲပြောသွားပါသေးသည်။ပျောက်ဆုံးနေချိန်မှစတင်ပီး စစ်ကောင်စီတပ်များက ၎င်းတို့၏ ပျောက်ဆုံးသွားသော တပ်ဖွဲ့ဝင် ၁၀ ဦးကိုနေရာအနှံ့မှာလိုက်လံရှာဖွေနေကြပါတယ်။


#စစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးပျောက်ဆုံး
#စစ်အာဏာရှင်ကျဆုံးရေး

Address


Alerts

Be the first to know and let us send you an email when Monywa News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Monywa News:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share