Seikkun News ဆိပ်ခွန်သတင်း

  • Home
  • Seikkun News ဆိပ်ခွန်သတင်း

Seikkun News ဆိပ်ခွန်သတင်း Seikkun News သတင်းစုံ

22/05/2023

မုံရွာ

မုံရွာ နမခမှ Mi17 သယ်ပို့ရဟတ်ယာဉ်(၁)စင်းအနောက်တောင်သို့ပျံတက်။


May22, 10:41 AM

22/05/2023

မေလ(၉)ရက်နေ့မှ(၂၀)ရက်နေ့အထိချန်နယ်တွင်တင်ပြခဲ့သောစစ်ကိုင်းတိုင်းအတွင်းရှိအပြစ်မဲ့ပြည်သူများ၏ကျေးရွာများကိုအကြမ်းဖက်စစ်‌ခွေးများမီးရှို့ဖျက်ဆီးသွားမှုမှတ်တမ်းများ

မေ(၉)ရက်၊၂၀၂၃

ကန့်ဘလူနယ် ချပ်သင်းခြံမှ ထွက်သောခွေးများ မြတ်သူစံ အဆောင်ကို မီးရှို့သွားခဲ့။

ကန့်ဘလူနယ်ကိုးတောင်ဘို့အထိုင်မှထွက်သောစခများသေတ္တာရွာကိုမီးရှို့သွားခဲ့။

ကန့်ဘလူနယ် စစ်ကြောင်းထိုးနေသော ခလရ၃၆၈မှစခများ ချင်မြစ်ကျင်းရွာကို မီးရှို့ခဲ့ပြီးညောင်ပင်ဆိပ်ရွာသို့ထွက်သွား။

ခင်ဦးနယ် ကဘွက်၊သင်ပေါင်းရွာများကိုမီးရှို့ခဲ့သောစစ်ကြောင်း ရုံးပင်ရွာ ကို မီးရှို့သွားခဲ့။

ချောင်းဦးကနေထွက်‌ေသာစခများနှင့် မြပုလဲကစခများပေါင်းပြီးချောင်းဦးမြို့နယ် အောင်ချမ်းသာရွာကိုမီးရှို့သွားခဲ့။

======================

မေ(၁၀)ရက်၊၂၀၂၃

ခင်ဦးနယ်ရုံးပင်ရွာကို ကဘွက်၊သင်ပေါင်းရွာများကိုမီးရှို့တဲ့စစ်ကြောင်းက မေလ(၁၀)ရက်နေ့မနက်ကထပ်မံမီးရှို့ဖျက်ဆီးသွား။

ခင်ဦးနယ် အင်းဇောက်ရွှေကျင်ဘက်ဝင်တဲ့စစ်ကြောင်းသရက်ကုန်းကျေးရွာစစ်ခွေး များမီရှို့ဖျက်ဆီးခဲ့ပြီးအိမ်ခြေ၂၃လုံးမီးလောင်ပြာကျခဲ့။

======================

မေ(၁၁)ရက်၊၂၀၂၃

ကန့်ဘလူနယ်ခမရ၃၆၈စခစစ်ကြောင်းသရက်ခေါင်းရွာကိုမီးရှို့သွားခဲ့။

ရွှေဘိုမြို့နယ် မအူရွာကိုအကြမ်းဖက်စခများ ယခု မီးရှို့ဖျက်ဆီးကာ ရွာသား ၃ဦးကိုလည်းသတ်ဖြတ်သွားပြီး အင်အား၁၅၀ခန့်ဟာမော်တော်ဖြင့် ဆိပ်သာဘက်သို့ ထွက်ခွာသွား။

ကန့်ဘလူနယ် ခမရ(၃၆၈)ခွေးကြောင်းကဖလုံချိုင်ရွာကိုမီးရှို့သွားခဲ့။

ရွှေဘိုနယ် မအူရွာကိုမီးရှို့ဖျက်ဆီးကာပြည်သူ(၃)ဦးကိုသတ်ဖြတ်သွားပြီး ဆိပ်သာရွာဘက်ထွက်ခွါသွားသော ခမရ၁၂ ခွေးကြောင်း ဆိပ်သာရွာကို မီးရှို့သွားခဲ့။

မုံရွာနယ်ဗိုလ်ချုပ်လမ်း တန်ပိုအဟောင်းအနီး
စခများ မြေနဲ့ရွာမှ ပြည်သူပိုင် ကွမ်းခြံများမီးရှို့ဖျက်ဆီးခဲ့။

ချောင်းဦးနယ်ငါးယှန်ရွာဝင်‌ေရာက်စီးနင်းပြီးမီးရှို့သွားခဲ့ပြီး အိမ်ခြေ(၂၀၀)ခန့်ပျက်စီးခဲ့ရ။

ချောင်းဦးမြို့ပေါ်ရွှေဂူကြီး‌ဘုရား‌အနောက်ဘက်ညောင်ပင်ရပ်ကွက်အတွင်းသို့စခများ သေနတ်များပစ်ဖောက်ကာပြည်သူနေအိမ်တချို့ကိုမီးရှို့သွား။

ချောင်းဦးမြို့ပေါ် ပွဲရပ် ရပ်ကွက်ကို အကြမ်းဖက် စစ်ခွေး‌ေ‌တွ မီးတင်ရှို့ခဲ့ပြီးရွှေဂူကြီးဘုရားထဲမှာ တပ်စွဲထားခဲ့။

======================

မေ(၁၂)ရက်၊၂၀၂၃

ရွှေဘိုမြို့ကုန်းကြီး ရွာ သို့ ရောက်ရှိနေသော ခွေးများကုန်းကြီးရွာ အရှေ့ဘက် တောတိုက်ဘက်သို့ မီးရှို့ခဲ့။

ကန့်ဘလူနယ် ပေကြီးရွာတပ်စွဲ‌ေသာ ခမရ(၃၆၁)ခွေးကြောင်း ခအုန်းတာရွာကို မီးရှို့ခဲ့။

အရာတော်မြို့နယ် အရှေ့ခြမ်း သလဲဘာရွာမှ ထွက်လာသော စခများ ဆင်တလည်ရွာကို မီးရှို့ခဲ့။

======================
မေ(၁၈)ရက်၊၂၀၂၃

ရွှေဘိုမြို့နယ်ညောင်ပင်သာစိုက်ပျိူးရေးခြံမှထွက်လာသောစခများ ကံသာကုန်းကျေးရွာကို မီးရှို့သွားခဲ့။

======================

မေ(၁၉)ရက်၊၂၀၂၃

ဘုတလင်နယ်ဗန္ဓုလကြေးရုပ်မှ တောင်ဘက်သို့ထွက်လာပီး နေပူကုန်းရွာသို့ဝင်ရောက်နေသောစခများသည် နေပူကုန်းရွာကို မီးရှို့သွားခဲ့။

ကန့်ဘလူနယ် ခမရ(၃၆၁)ခွေးကြောင်းက ဆူးတပ်ရွာကိုမီးရှို့သွားခဲ့။

ရွှေဘိုနယ်ညောင်ပင်သာမှခွေးများက လိပ်ရွာကုန်းရွာကိုမီးရှို့သွားခဲ့။

ခင်ဦးမြို့နယ်၊ ကံသစ်ရွာ ဝင်ရောက်နေသောစခများ လမ်းတောင်ဘက်ရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့သွားခဲ့။

======================

မေ(၂၀)ရက်၊၂၀၂၃

ခင်ဦးနယ်ကံသစ်ရွာကို(၂)နေရာခွဲ၍ထပ်မံမီးရှို့ဖျက်ဆီးသွားပြီးဂွေးကုန်းရွာသို့ဝင်ရောက်သွား။

Sagaing Scout Network telegram channelတွင်တင်ပြခဲ့သောသတင်းများကိုအခြေပြု၍စုစည်းထားခြင်းဖြစ်သောကြောင့်အချက်အလက်ကွဲပြားမှုများရှိနိုင်ပါသည်။
Sagaing Scout Network အနေဖြင့်ပြည်သူများအကျိုးဆက်လက်သယ်ပိုး၍တိကျမှန်ကန်သောသတင်းများကိုအချိန်နဲ့တပြေးညီတင်ဆက်သွားရန်ကြိုးစားနေပါသဖြင့် သ‌တင်းပေးများလည်းလိုအပ်နေသေးကြောင်းအသိပေးအပ်ပါသည်။
https://t.me/SggScoutNetwork/32805

SSN
May 22, 08:58

02/05/2023

ရွှေဘို

ရွေဘိုနယ်မှထွက်လာသောစစ်ကြောင်းသည်တည်ပင်ရွာစာသင်ကျောင်းထဲမှာပင်ချက်ပြုတ်စားသောက်နေကြောင်းသိရ

SSN
May 2 , 8:02 AM

10/04/2023

စစ်ကိုင်း

စစ်ကိုင်းမြို့နယ် ကန်ကြီးကုန်းရွာတွင် ခွေး ကားအကြီး ၂စီး ရောက်ရှိနေကြောင်း သတင်းရရှိထား။
(ခွေး အင်းအား ၇၀ခန့်)

wetletinformationalnetwork
SSN
Apr 10 , 6:35AM
📬

10/04/2023

ထီးချိုင့်

ကျောက်မှော်က စခများ ဇီးကုန်းရွာဘက် ထွက်လာကြောင်း သိရ။

TR_Team
Tigyaing Revolution - IR
SSN
Apr 10 , 6:50AM
📬

10/04/2023

ဘုတလင်

နမခမှ ထွက်လာသော
စခများ အင်အား(60)ခန့်
အနောက်ဇီးတောရွာမှ ရွှေချောင်းလည်ရွာ
ထဲရောက်နေပြီဟု သိရပါတယ်

ရဲဘော်တို့ ဂရုစိုက်ကြပါဗျ

SSN
Apr.10 7:31AM
📬

09/04/2023

ရေဦးမြို့

ဒီပဲယင်းခွေးခြံမှထွက်လာသောခွေးများနဲ့ရေဦးခြံမှထွက်လာတဲ့ခွေးများပေါင်းပြီးပေလမ်းအတိုင်းရေဦးမြို့ထဲစတင်ဝင်ရောက်နေပြီလို့ထပ်မံကြားသိရ

သဲတောမူးနားမှာလဲနောက်ချန်ခွေးတွေကျန်နေပါသေးတယ်
ရေဦးမြို့ရှိမိဘပြည်သူများအထူးဂရုစိုက်ပြီးသွားလာကြပါဗျာ

SSN
Apr 9, 10:55AM

09/04/2023

ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဟု ကြေညာချက်ကြောင့် စစ်တပ်မြို့တော် ပုလဲမြို့သစ်တွင် ဆောက်ပြီးသား သင်္ကြန်မဏ္ဍပ်များ ဖျက်သိမ်း၊ ရန်ကုန်တိုင်းစစ်ကောင်စီ၏ ပြည်သူ့ရင်ပြင် သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဧပြီ ၉

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်တွင် စစ်တပ်က လုံခြုံရေး တာဝန်မယူနိုင်ခြင်း၊ တပ်တွင်းသင်္ကြန်ပွဲများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဟု ကြေညာထားခြင်းတို့ကြောင့် တည်ဆောက်ပြီးသား သင်္ကြန်မဏ္ဍပ်များကို ပြန်လည် ဖျက်သိမ်းသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလဆန်းပိုင်းတွင် တည်ဆောက်ပြီးစီးခဲ့သော ပုလဲမြို့သစ်ရှိ သင်္ကြန်မဏ္ဍပ်များကို စစ်တပ်က ပြန်လည် ဖျက်သိမ်းသွားကြောင်း၊ ဖျက်သိမ်းရာတွင် စုပုံရှင်း ပုံစံဖြင့် ပြန်လည် ဖျက်သိမ်းသွားခြင်းဖြစ်ပြီး မည်သည့် အကြောင်းပြချက်မှ မပေးဟု သိရှိရသည်။

"ပုလဲမြို့သစ် သင်္ကြန်မဏ္ဍပ်တွေ ဆောက်‌ပြီး ပြန်ဖျက်လိုက်တာတော့ တွေ့ရတယ်။ ဘာလို့လဲတော့မသိဘူး။ အသင့်ဆောက်ထားပြီးသားတွေ အကုန်ပြန်ဖျက်တာ" ဟု ပုလဲမြို့ခံတစ်ဦးက ဆိုသည်။

ရန်ကုန်ခေတ်သစ်က တပ်သတင်းရင်းမြစ်တချို့ ထံသို့ ပုလဲမြို့သစ်မှ သင်္ကြန်မဏ္ဍပ်တချို့ ဖျက်သိမ်းမှုနှင့်ပတ်သက်၍ မေးမြန်းရာ လုံခြုံရေး အာမ မခံနိုင်ခြင်းကြောင့်ဖြစ်ပြီး ပုလဲမြို့သစ်သင်္ကြန်မဏ္ဍပ်များတွင် တပ်မိသားစုများ ပါဝင်ဆင်နွှဲရန် စီစဉ်ထားခဲ့ကြောင်း၊ သို့ရာတွင် တပ်တွင်း သင်္ကြန်ပွဲများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဆိုသော ကြေညာချက်ကြောင့် မဏ္ဍပ်များ ဖျက်သိမ်း လိုက်ခြင်းဖြစ်ကြောင်း၊ စစ်တပ်အတွင်း တပ်တွင်းသင်္ကြန်ပွဲများကိုလည်း မကျင်းပရန် အကျဉ်းချုံးလုပ်ဆောင်ရန် လည်း ညွှန်ကြားချက်များရရှိထားကြောင်း၊ လုံခြုံရေး ဦးစားပေး အရေးကြီးဆုံးဖြစ်၍ သင်္ကြန်ပွဲများကို အဖြစ်သာ ကျင်းပတော့မည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်း၊ ပြည်သူ့ရင်ပြင်တွင် ယနေ့ ဧပြီလ ၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ လူထိခိုက်မှုရှိကြောင်း စစ်တပ်၏ သတင်းဌာန News of Myanmar က တယ်လီဂရမ်တွင်သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်အခြေစိုက် Dark Shadow(YGN UG) အဖွဲ့ကမူ ဧပြီလ ၈ ရက်နေ့် ညနေ ၆ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်မြို့၊ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံးရှေ့ ပြည်သူ့ရင်ပြင်ရှိ အကြမ်းဖက်စစ်တပ် ကျင်းပမည့် သင်္ကြန် မဏ္ဍပ် ၂ ခုကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စမ်းချောင်း ရဲစခန်းရှေ့ မြို့နယ် ရေကစား မဏ္ဍပ်နှင့် ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံးရှေ့ရှိ ဗဟိုသင်္ကြန်မဏ္ဍပ်တို့ကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဖောက်ခွဲတိုက်ခိုက်မှုနှင့် ပတ် သက် ထိခိုက်ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း၊ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များအနေဖြင့် အထိအခိုက်မရှိ ဘေးကင်းလုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်တပ်မြို့တော် ပုလဲမြို့သစ်တွင် ပြန်လည် ဖျက် သိမ်း သွားသော သင်္ကြန်မဏ္ဍပ်များ။

09/04/2023

စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီ အကန့်အသတ်ဖြင့်သာ ရောင်းချပြီး ကားများတန်းစီရပြန်

ရန်ကုန်၊ ဧပြီ ၉

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတွင်းသို့ စက်သုံးဆီ တင်သွင်းမှု လျှော့ချလိုက်ပြီးနောက် စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီများ ပြတ်လပ် ပြီး ကားများကို အကန့်အသတ်ဖြင့်သာ ရောင်းချနေရသဖြင့် တန်းစီ ဝယ်ယူရကြောင်း သိရှိရသည်။

"တချို့ဆိုင်တွေ ဒီဇယ်မရဘူး၊ 92 မရဘူး။ ဆိုင်ထဲမှာ လက်ကျန်မရှိတော့ဘူးဆိုပြီး လက်ခါပြတယ်။။ ရောင်းတဲ့ဆိုင်တွေမှာ တစ်စီးကို 92 ဓာတ်ဆီ နှစ်သောင်းဖိုး ရောင်းပေးတယ်။ အရမ်းကြီးတော့ တန်းမစီရပေမယ့် ၁၅ မိနစ်လောက်တော့ တန်းစီရတယ်။ အခုက ကားတွေက အကုန် ခရီးထွက်ကြလို့ မြို့ထဲမှာ သိပ်တန်းမစီရတာ။ သင်္ကြန်ပြီးရင်တော့ ကြိတ်ကြိတ်တိုး တန်းစီရမယ်ထင်တယ်" ဟု ရန်ကုန်မှ တက္ကစီအငှားယာဉ်မောင်တစ်ဦးက ဆိုသည်။

ဧပြီလ ၇ ရက်နေ့ ညနေပိုင်းမှစတင်၍ အမြန်လမ်းတွင် ခရီးထွက်ကြသည့်ကားများဖြင့် စည်ကားနေခဲ့ရာ အမြန်လမ်း စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီ လိုသလောက် မရဘဲ ကားတစ်စီးလျှင် ငွေကျပ် ၂ သောင်းနှုန်းသာ ဆီရောင်းချပေးသည်ဟု သိရှိရသည်။

"ရန်ကုန်မှာလည်း ဆီအပြည့်ဖို့ နှစ်ဆိုင် သုံးဆိုင်တန်းစီပြီး ဆီဖြည့်ပြီးမှ ထွက်လာတာ။ အမြန်လမ်းမှာ ဆီမရမှာ စိတ်ပူထပ်ဖြည့်တာ အပြည့်မရောင်းဘူး။ တစ်စီးကို 92 ဓာတ်ဆီ နှစ်သောင်းဖိုးပဲ ရောင်းပေးတယ်။ အပြန်ကျရင်တော့ ဘယ်လိုဖြစ်မယ်မသိဘူး" ဟု အမြန်လမ်း ၁၀၅ မိုင်တွင် ဆီဝင်ဖြည့်ခဲ့သူ ရန်ကုန်မှ ခရီးသွား ပြည်သူတစ်ဦးက ဆိုသည်။

ထို့ပြင် စက်ရုံ၊ အလုပ်ရုံများ၊ မီးစက်အသုံးပြုသူများအနေဖြင့် ဒီဇယ်နှင့်ပရီယံဒီဇယ် လုံး၀ ဝယ်ယူ၍ မရကြောင်း ၊ စက်သုံးဆီစျေးနှုန်းများမှာလည်း အဆမတန် မြင့်တက်နေပြီး 92 ဓာတ်ဆီ တစ်လီတာလျှင် ရန်ကုန်စျေး ၂၂၅၀ ကျပ်၊ 95 ဓာတ်ဆီ တစ်လီတာလျှင် ရန်ကုန်စျေး ၂၃၁၅ ကျပ်၊ ပရီယံ ဒီဇယ်ဆီ တစ်လီတာလျှင် ရန်ကုန်စျေး ၂၂၃၀ စျေးပေါက်နေကြောင်း သိရှိရသည်။

09/04/2023

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာအနီးတွင် စစ်ကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၉

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ လယ်တောင်ယာ ရွာအနီးတွင် အကြမ်းဖက်စစ်ကား တစ်စီးကို ကြားဖြတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မြိတ်ခရိုင်တပ် ရင်း - ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၉ ရက် နံနက် အစောပိုင်း ၁ နာရီခွဲခန့်က တနင်္သာ ရီမြို့မှ ထွက်လာသော အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်ကားအကြီးတစ်စီးကို မြိတ်ခရိုင် တပ်ရင်း-၂ တပ်ခွဲ ၂၊တနင်္သာ ရီပြောက်ကျား၊ တနင်္သာရီရိုးမ၊ တောင်ပံနီတပ်ဖွဲ့နှင့် ကျွန်းစုပကဖ အဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နာရီဝက်ခန့် အပြန် အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

“ပြောက်ကျားတိုက်ခိုက်ခဲ့တာပါ၊ အင်အား ၆၀ လောက်ပါတဲ့ခွေးကားအကြီးပါဗျ၊ တနင်္သာရီမြို့နဲ့ နီးတယ်၊ မောတောင်-ထုံခါး ကုန်သွယ်ရေးလမ်းမကြီးပေါ်မှာပါ၊ စစ်ခွေးထိခိုက်ဒဏ်ရာရတာရှိရှိနိုင်ပေမယ့် အတိအကျမသိရသေးပါဘူး၊” မြိတ်ခရိုင်တပ် ရင်း - ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သ တင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်ကားမှာ ခမရ ၅၅၈ တပ်ရင်းအတွင်းသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

09/04/2023

ပေါင်းတည်တွင် အကြမ်းဖက်စစ်ကောင်စီက ဟန်ပြကျင်းပမည့် သင်္ကြန်ပွဲအား သပိတ်မှောက်ရန် ဗဟိုမဏ္ဍပ်ကို အသံမိုင်းဖောက်ခွဲ သတိပေး

ရန်ကုန်၊ ဧပြီ ၉

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက ၎င်း တို့ ၏ အကျိုးစီးပွားအတွက် ဟန်ပြကျင်းပမည့် သင်္ကြန်ပွဲ‌တော်ကို သပိ‌တ် မှောက် ဆန့်ကျင်ကြရန် တိုက်တွန်းသည့်အနေဖြင့် ဗဟိုမဏ္ဍပ်ကို ဧပြီလ ၉ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် ပေါင်းတည်မြို့နယ်ပကဖ (နွေဦးအဖွဲ့)က အသံမိုင်းခွဲ၍ သတိပေးလိုက်ကြောင်း PPDF တပ်ရင်း ၃၆၀၁ ၏ သတင်း ပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးအတွက် ပေါင်း တည်မြို့နယ်တွင်ကံစမ်းမဲလက်မှတ်များပြုလုပ်ပြီး ၎င်းတို့၏ လက်အောက်ခံ ထွေ/အုပ်စာရေးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများမှ တဆင့် လောင်းကစားဒိုင်များ၊ သစ်မှောင်ခိုသမားများ၊ စီးပွားရေးလုပ်ငန်းရှင် များနှင့် ဌာနဆိုင်ရာ NON CDM ဝန်ထမ်းအသီးသီးထံ လက်မှတ်များရောင်း ချ၍ ဆက်ကြေးကောက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်ကောင် စီ သည် ၎င်း၏ရက်စက်ယုတ်မာမှုများနှင့် ကျူးလွန်ဆောင်ရွက်လျက်ရှိသော စစ်ရာဇဝတ်မှုပေါင်းများစွာတို့ကို ဖုံးကွယ်လိမ်ညာ၍ ပြည်သူလူထုအား အာရုံ လွဲ မှားစေရန် မြန်မာ့နှစ်သစ်ကူး အတာသဘင်ပွဲကို ၎င်းတို့ အကျိုးစီးပွားအ တွက် ဟန်ပြကျင်းပနိုင်ရေး အပူတပြင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် သတိပေးဖောက်ခွဲဖြစ်ကြောင်း သိရှိရသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အကျိုး စီးပွား အဖြစ် အသုံးချလျက်ရှိ‌သော အပျော်သင်္ကြန်ကို ပြည်သူများက သပိ‌တ် မှောက်ငြင်းဆန်၍ တော်လှန်သင်္ကြန်ကို ဆင်နွှဲကြရန် ထုတ်ပြန် တိုက်တွန်း ထားသည်။

09/04/2023

ဒီးမော့ဆိုမြို့နယ်တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦး သေဆုံးကာ လက်နက်များ သိမ်းဆည်းရမိ၊ KNDF ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဧပြီ ၈

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အတွင်း ၂ ရက် ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦး သေဆုံးကာ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ထံမှ သိရသည်။

ဧပြီလ ၄ ရက်နှင့် ၅ ရက်နေ့တို့တွင် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ အရှေ့ဖက်တောင်ကြောပေါ်တွင် စစ်ကြောင်းထိုး လှုပ်ရှားနေသော အကြမ်းဖက် စစ်တပ်ကို ကရင်နီတပ်မတော် (KA )၊ KNDF ဗျူဟာ (၆)တပ်ရင်းဖြစ်သည့် KNDF B/09 ၊ KNDF ဗျူဟာ (၄) တပ်ရင်းများ ဖြစ်သည့် KNDF B/01 ၊ KNDF B/05 ၊ KNDF B/06 ၊ KNDF B/07 နှင့် KNDF ဗဟိုဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး အပြင်းအထန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ငွေတောင်အခြေစိုက် ခလရ (၁၀၂) တပ်နှင့် လွိုင်ကော်မြို့နယ်အခြေစိုက်တပ်များမှ လက်နက်ကြီးများ အဆမတန်အသုံးပြုကာ ပစ်ကူပေးခဲ့ပြီး ဧပြီလ ၄ ရက်နေ့ ညနေ ၃ နာရီကျော် အချိန်ခန့်တွင် တိုက်လေယာဥ်ဖြင့် ၆ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားက ခမရ (၅၁၇) တပ်ရင်း အမှတ်တံဆိပ်ပါ MA-1 သေနတ် ၂ လက် ၊ MA-3 သေနတ် ၁ လက် နှင့် ကျည်ဆံများ ၊ ဆက်စပ် ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်ပစ္စည်း အချို့တို့ အား သိမ်းဆည်းရရှိ​ခဲ့ကြောင်း သိရသည်။

ဧပြီလ ၄ ရက်နေ့ တိုက်ပွဲတွင် KNDF B/06 တပ်ရင်းမှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း၊ ထို့ပြင် ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါတမြေး ၊ ဒေါတငူး ၊ တနီးလာလဲ ကျေးရွာများအနီးတွင်စစ်ကြောင်း ထိုးနေသော အကြမ်းဖက် စစ်ကောင်စီ၏ တပ်ဖွဲ့များနှင့် KA ၊ KNDF တပ်ပေါင်းစုများအကြား လက်ရှိချိန်ထိ ဖြစ်ပွားလျက်ရှိကြောင်း KNDF က ထုတ်ပြန်ထားသည်။

09/04/2023

ပဲခူးတိုင်းတွင် ကုလသမဂ္ဂအမှတ်တံဆိပ်များတပ်၍ စစ်တပ်က ရိက္ခာ သယ်ယူ ပို့ဆောင်မှုများ လုပ်ဆောင်နေဟု ဒေသပြည်သူများပြောဆို

ရန်ကုန်၊ ဧပြီ ၉

အကြမ်းဖက်စစ်ကောင်စီက ကုလသမဂ္ဂအမှတ်တံဆိပ်များတပ်၍ စစ်တပ် အတွက် ရိက္ခာ သယ်ယူမှုများ တွေ့မြင်နေရကြောင်း တောင်ငူမြို့မှ ပြည်သူ တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၄ ရက်နေ့က တောင်ငူမြို့နယ်အတွင်းသို့ WFP အမှတ်တံဆိပ်ဖြင့် ရိက္ခာ ကားအများအပြား ဖြတ်သန်းသွားပြီး စစ်မက်ဖြစ်ပွားရာ ပဲခူးတိုင်း အတွင်းသို့ ဦးတည်သွားကြောင်း၊ ယင်းကားများသည် စစ်ဘေးရှောင်ပြည်သူများထံသို့ ဦးတည်သွားခြင်းမဟုတ်ဘဲ ယခုနောက်ဆုံး စုံစမ်းချက်များအရ စစ်တပ်အတွက် ရိက္ခာများ ပေးပို့ သည်ဟု သိရှိရကြောင်း ဒေသပြည်သူများက ဆိုကြသည်။

"တောင်ငူဘက်ကနေ မန္တလေးလမ်းဘက်အတိုင်းကို ဦးတည်သွားခဲ့တာ မြင်ရတယ်။ ဒါပေမယ့် သေသေ ချာချာ စုံစမ်းကြည့်တော့ ပဲခူးရှေ့တန်း တပ်တွေ အတွက် ရိက္ခာသယ်တာလို့ သိရတယ်။ ဘယ်စစ်ဘေးရှောင် တွေဆီ မှလည်း သွားတာမဟုတ်ဘူးတဲ့။ တပ်ဘက်က လူတွေကိုမေးတော့ သူတို့ ရိက္ခာကားတန်းလို့ ပြောတယ်။ အဲဒီလိုကြီး WFP တံဆိပ်တပ်ပြီး ရိက္ခာ သယ်တာ မကြာခဏ ရှိတယ်လို့ ပြော တယ်။ မိုင်းဆွဲခံရမှာနဲ့ ကြားဖြတ် အတိုက်ခံရမှာ ကြောက်လို့ အဲဒီလိုသယ်တယ် ပြော ပါတယ်" ဟု ရိက္ခာ ကားတန်းအကြောင်း စုံစမ်းသိရှိထားသူ ဒေသပြည်သူ တစ်ဦးက ဆိုသည်။

WFP အမှတ်တံဆိပ်ကားများသည် ပဲခူးတိုင်းအတွင်းရှိ စစ်ဘေးရှောင်များထံသို့ အကူအညီပေးပို့လာသည်ဟု မကြားသိရကြောင်း ကူညီရေးအဖွဲ့တချို့က အ တည် ပြုခဲ့ရာ WFP တံဆိပ်ကားများသည် စစ်တပ်ရိက္ခာအတွက် တင်ပို့နေ သည်ဆိုသော ဒေသပြည်သူများ၏ ပြောဆိုချက်များကို ပိုမို၍ ခိုင်မာစေသည့် အခြေအနေများ ဖြစ်ထွန်းလာကြောင်း ဒေသအဖွဲ့အစည်း တချို့ကလည်း ဆိုသည်။

တောင်ငူဘက်တွင် ဧပြီလ ၄ ရက်နေ့ WFP တံဆိပ်ကားများဖြင့်ရိက္ခာ သယ်ယူ ခြင်း ရှိ၊ မရှိ၊ မည်သည့်အတွက် ရိက္ခာများ သယ်ယူခဲ့သည် စသည့် မေးခွန်းများ ကို ရန်ကုန်ခေတ်သစ်အနေဖြင့် ရန်ကုန်ရှိ WFP ရုံးသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားနေဆဲဖြစ်သည်။

ဓာတ်ပုံ- ဧပြီလ ၄ ရက်နေ့ တောင်ငူမြို့သို့ ဖြတ်သန်းသွားသည့် WFP တံဆိပ် တပ် ရိက္ခာသယ်ယူသည့်ကားများ။

09/04/2023

ဘုတလင်

ဇီးတောရွာဘုန်းကြီးကျောင်းထဲမှစခများမှာ စစ်​ကြောင်းစထွက်နေပြီဟုသိရပါတယ်။
ဦးတည်ရာ မသိရသေးပါဗျ ဂရုစိုက်ကြပါ။

ပြည်သူ့အသံ
ဘုတလင်မြို့နယ်သတင်းမှန်ပြန်ကြားရေး
SSN
Apr 9 , 5:48AM
📬

09/04/2023

ကန့်ဘလူ

ချပ်သင်းထွက်ခွေးများ ရှေ့ထွက် စခ 37 ​ကောင် တပ်ကုန်းနားရောက်​နေပြီး နောက်လိုက် စခ 103 ​ကောင် ဆားကျင်း-လှည်းပွဲလမ်းဆုံရောက်ရှိ​နေ​ကြောင်း သတင်းရ

SSN
Apr 9 , 8:00AM
📬

09/04/2023

ထီးချိုင့်

-ရင်ကွဲတောင်နားက စခများ ဇီးကုန်းရွာထဲ ဝင်လာပြီး တောင်မောင်နှမဘက် ဦးတည်ထွက်နေ။

-မဲဟင်းက စခများ အိုးကုန်းတဝိုက်ရှိ ရေတံခွန်တောင်ပေါ် ရောက်နေဟု သိရ။

TRTeam
Tigyaing Revolution - IR
SSN
Apr 9 , 7:50AM
📬

09/04/2023

စစ်ကိုင်း

စစ်ကိုင်းမြို့နယ် တလိုင်းရွာအားစစ်ကြောင်းထိုးသည့် ခွေးကြောင်း
အမှတ်-၃လမ်း အရှေ့ဘက် မင်းဝံတောင်အနီး အုတ်ဖိုရွာ ဘက်သို့ တပ်ဆုတ်ခွာကြောင်း သတင်းရရှိထား။

မနေ့က စဉ့်ကိုင်ဘက်ကနေ လေကြာင်းပစ်ပြီး မနက်ခင်းပိုင်းနှင့်နေလည်ပိုင်း ၂ကြိမ် လေကြောင်ပစ်ခက်ပြီး ခွေး အင်အား (၄၀)ကျော်ခန့်ချကာ စဉ့်ကိုင်မြို့ အုတ်ဖိုရွာမှ စတင်စစ်ကြောင်းထိုးပြီး တလိုင်းရွာ ဘက်ခွေးကြောင်းထိုးစဉ် တပ်ရင်း၊တပ်ဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ညနေ ၄ နာရီခန့်တွင် လေကြောင်းပစ်ကူ ထပ်မံပစ်ခက်ပြီး ခွေးများ အုတ်ဖို ဘက်ကိုဆုတ်သွားကြောင်းသိရပါသည်။
ထိခိုက်ဒဏ်ရာရပြည်သူနှင့် တလိုင်းရွာမီးရှို့ဖျက်ဆီးမှုများ လတ်တလောမြေပြင်အခြေအနေအရ အတည်ပြု မသိရှိနိုင်သေးပါ။

https://m.facebook.com/story.php?story_fbid=175566415363316&id=100087298750828

ကင်းထောက်မြေပြင်သတင်း
SSN
Apr 9 , 7:25AM

08/04/2023

စစ်ကိုင်းနယ်⚠️

မုံရွာ နမခ တက် Mi35 တိုက်ခိုက်​ရေး ရဟတ်ယာဥ် တစီး အရာ​တော်မြို့ ဖြတ်၍ အ​ရှေ့ ဘက်သို့ ဦးတည်ပျံ​နေ


Apr 8 , 3:37PM
📫သတင်းပို့ရန်

08/04/2023

အင်းတော်မြို့နယ်၊ နံ့သာရွာအနီး ၂ ရက်ကြာတိုက်ပွဲတွင် စစ်သား ၄၀ နီးပါး သေဆုံးပြီး KIA ၊ PDF ၄ ဦးကျဆုံး

ရန်ကုန်၊ ဧပြီ ၈

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နံသာရွာတွင် တပ်စွဲထားသော စစ်တပ်နှင့် KIA၊ PDF ပူးပေါင်းတပ်များအကြား ၂ ရက်ကြာ တိုက်ပွဲတွင် စစ်သား ၄၀ နီးပါး သေဆုံးကာ KIA၊ PDF တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့ကြောင်း Indaw Revolution – IR ကပြောသည်။

ဧပြီလ ၆ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် အင်းတော်မြို့မှ အနောက်ဘက် ၈ မိုင်ခန့်အကွာရှိ နံ့သာရွာ၌ ရက် ပေါင်း ၂၀ ကျော် ကြာ တပ်စွဲထားသော စစ် တပ်က နန့်သာရွာမှ မော်တိတ်ရွာဘက် သို့ စစ်ကြောင်းထိုးလာစဉ် KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ နီးပါး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ KIA ရဲဘော် ၂ ဦး၊ KPDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ ကြောင်း သိရသည်။

ဧပြီလ ၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် နံ့သာရွာအနီး တိုက်ပွဲဆက် လက် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စ်သား ၁၀ ဦး ခန့်သေဆုံးကာ KPDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရ အကြမ်းဖက်စစ်သားများ ကို နာ ရေးကား တစ်စီး၊ စစ်ကားတစ်စီးဖြင့် အင်းတော်မြို့ တပ်ကုန်းထဲသို့ သယ်ဆောင်သွားပြီး သေဆုံး စစ်သားများကို တပ်ထဲတွင် သင်္ဂြိုလ်ကာ ဒဏ်ရာရစစ်သားများ ကို လည်း ကုသနေကြောင်း သိရသည်။

ယနေ့အချိန်အထိ အကြမ်းဖက်စစ်သား ၅၀ ခန့်မှာ အောင်းကုန်းရွာအတွင်း တပ်စွဲထားပြီး စစ်အင်အား ဖြည့်ရန်လာသော ၈၀ ခန့်မှာလည်း သက္ကယ်ကျင်း ရွာသို့ ရောက်နေကြောင်း၊ နံသာကျေးရွာအတွင်း အ ကြမ်းဖက်စစ်တပ်က ရက်ပေါင်း ၂၀ ကျော်ကြာတပ်စွဲထားသဖြင့် နန့်သာ၊ အောင်းကုန်း၊ အင်ပင် မော် တိတ်၊ ရွာသာယာရွာ တို့မှ ပြည်သူထောင်နှင့် ချီပြီး ထွက်ပြေး တိမ်း ရှောင်နေရကြောင်း သိရသည်။

08/04/2023

စစ်ကိုင်းနယ်⚠️

မုံရွာ နမခ တက် Mi35 တိုက်ခိုက်​ရေး ရဟတ်ယာဥ် တစီး အရာ​တော်မြို့ ဖြတ်၍ အ​ရှေ့ ဘက်သို့ ဦးတည်ပျံ​နေ


Apr 8 , 3:37PM
📫

08/04/2023
08/04/2023

စဉ့်ကူး

ထုံးကြီးကခွေး အင်အား၆၀ ခန့် ဖေါကားနှစ်စီးနဲ့ စာကျက်ဖက်ထွက်သွားကြောင်း သတင်းရရှိထား။
ရွာသာယာဖက် ဦးတည်နိုင်(ခန့်မှန်း)

11:40AM
8.4.2023(Sat)
#ကင်းထောက်မြေပြင်သတင်း

စစ်ကိုင်း 🔥🔥ယနေ့ နေ့ခင်းပိုင်း နမခတက် Mi-35 တိုက်ခိုက်ယာဥ် ၁စီးဖြင့် လေကြောင်းအပစ်ခံခဲ့ရတဲ့ စစ်ကိုင်းနယ် မြောက်ဘက်ခြမ်း ...
08/04/2023

စစ်ကိုင်း 🔥

🔥ယနေ့ နေ့ခင်းပိုင်း နမခတက် Mi-35 တိုက်ခိုက်ယာဥ် ၁စီးဖြင့် လေကြောင်းအပစ်ခံခဲ့ရတဲ့
စစ်ကိုင်းနယ် မြောက်ဘက်ခြမ်း တလိုင်းရွာကို အကြမ်းဖက်စစ်ခွေးကောင်များမှ မြေပြင်စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးလက်ကျန်းမာရေးဆေးခန်းအား မီးရှို့ဖျက်ဆီးနေကြကြောင်း မြေပြင်သတင်းအတည်ပြုပေးပို့ချက်အရ သိရှိရပါသည်။

အားလုံးဘေးကင်းကြပါစေ
《April.8.2023》
မြေပြင်သတင်းရရှိချိန် 12:30Pm
☆𝙋𝘿𝘾☆
#အမေ့သား

08/04/2023

ပခုက္ကူတွင် ထောက်လှမ်းရေး သတင်းစုဆောင်းရန် အရပ်ဝတ်ဖြင့် ထွက်လာသည့် တပ်မ ၁၀၁ မှ ဒုအရာခံဗိုလ်မြင့်လွင်ကို PDF က အရှင် ဖမ်းဆီးရမိ

ရန်ကုန်၊ ဧပြီ ၈

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဘုန်းကံရွာတွင် တပ်စွဲထားသော တပ်မ ၁၀၁ မှ ဒုအရာခံဗိုလ်မြင့်လွင်ကို ထောက်လှမ်းရေး သတင်းစုဆောင်းရန် အရပ်ဝတ်ဖြင့် ထွက်လာစဉ် အရှင် ဖမ်းဆီးရမိခဲ့ကြောင်း ဒေါင်းညီနောင် (P. K. U) အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၆ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ဘုန်းကံရွာ၌ တပ်စွဲထားသော တပ်မ ၁၀၁ မှ ဒုအရာခံဗိုလ် မြင့်လွင်သည် အရပ်ဝတ်ဖြင့် ကင်းထောက်ရန် ထွက်လာစဥ် ဒေါင်းညီနှောင် (P. K. U) နှင့် Yesagyo Revolution Group (YRG) တို့က ပူးပေါင်းပြီး အရှင်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

" ဗိုလ်ကြီးကနေ သတင်းထောက်ဖို့ ဆိုပြီး လွှတ်လိုက်တာ လို့ သိရတယ်။ ပခုက္ကူ တပ်မ ၁၀၁ က ဘုန်းကံရွာမှာ တပ်စွဲထားတဲ့ ဒုအရာခံဗိုလ် ကို အရှင် ဖမ်းဆီးနိုင်ခဲ့တယ်။ လက်ရှိချိန်ထိတော့ ထိန်းသိမ်းထားပြီး စုံစမ်းမေးမြန်းတာတွေ လုပ်နေတယ်" ဟု ဒေါင်းညီနောင် (P. K. U) အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

08/04/2023

ရေဦး 🔥

🔥ရေဦးအနောက်ခြမ်း မစိုးရိမ်ရွာ နှင့် ညောင်လှ မူးဆုံးကြား ယူကလစ်ခြံရောက်နေတဲ့ ခွေးကောင်များ
ယူကလစ်ခြံအတွင်း အစောပိုင်းက မီးရှို့နေဟု သိရှိရပြီး မည်သည့်အရာတွေကို မီးရှို့မှန်း မသိရှိရသေးပါခင်ဗျာ ။

💥အစောပိုင်းအချိန် ရေဦး တိုင်းရင်းဆေးရုံခြံအတွင်းကနေ ခွေးကောင်များမှ ရေဦးအနောက်ခြမ်းဘက်ကို လက်နက်ကြီး 120mm ဖြင့် ရမ်သမ်းထုခဲ့သောကြောင့်
ညောင်လှ မူးဆုံ ငါးကန်အနီး ၂လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရ။

❗️ရေဦးအနောက်ခြမ်း မုတ်စီရွာ ဝင်နေတဲ့ ခွေးအုပ်စု
ကျေးရွာအတွင်း ရှိနေပြီး ထိုရွာအနီး ၃လက်တံပေါ်တွင်လည်း ရှေ့ပြေးရောက်ရှိထားကြောင်း သိရှိရ။

⚠️ယနေ့ ရေဦးအနောက်ခြမ်း မုတ်စီ ၊ ညောင်လှ မူးဆုံ ၊ မစိုးရိမ် ၊ ယူကလစ်ခြံတို့အနီး နေထိုင်ကြတဲ့ ပြည်သူများ မြေပြင်သတင်းအမှန်နားစွင့်ပြီး ယခုညနေပိုင်း အထူးဂရုစိုက်ပေးကြပါရန်။

ပြည်သူများဘေးကင်းကြပါစေ ရေဦးမြေ။

https://m.facebook.com/story.php?story_fbid=229652432938794&id=100076821172589&mibextid=Nif5oz

မြေပြင်သတင်း- 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 link- https://t.me/htookhantzaw5
ဝေဟင်သတင်း- 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 link- https://t.me/aerialintelligence
မြေပြင်/ဝေဟင်သတင်းများ ပေးပို့ရန်- https://t.me/mothersson122021

《April.8.2023》
1:05Pm
☆𝙋𝘿𝘾☆
#အမေ့သား

08/04/2023

မုံရွာ

ကျောက်ကာလမ်းအဝိုင်းပတ်အနီး
အရှေ့ဘက် အပင်ရိပ်အောက် စခ၂ကောင် အနောက်ဘက်
သစ်ပင်ကြီးအောက် ၂ကောင် ၃ကောင်
လမ်းဘေး ဝဲယာခွဲကာ
အကြမ်းဖက်လျှက်ရှိနေပါတယ်။
မြို့ပတ်လမ်း စက်မှုဘက်သွားသော
လမ်းမဘေးအရိပ် အောက်တွင်လည်း
၃ကောင်ခန့်ရှိနေ။

မိဘပြည်သူများ ဂရုစိုက်သွားလာကြပါဗျ🙏🙏🙏

SSN
Apr 8 , 1:05PM
📬

08/04/2023

ဒီပဲယင်း🔥

ဒီပဲယင်းခြံကထွက်လာတဲ့ခွေးများ မူးဆုံမှ ရှေ့ပြေးတစ်ဖွဲ့ နေယက်ချန်ခွေးများ ယူကလစ်ခြံမှာတစ်ဖွဲ့ ကျန်နေပါသည်။

ယူကလစ်ခြံကခွေးများ ကြက်ခြံတွေမီးရှို့နေတယ်လို့သတင်းရ။

ဘေးကင်းကြပါစေ ။
🙏

RDDF
SSN
Apr 8 , 1:15PM
📬

08/04/2023

စစ်ကိုင်း🔥

စစ်ကိုင်းမြို့နယ် တလိုင်းရွာရှိ ကျေးလက် ဆေးခန့်အား ခွေးများမှ မီးရှို့ ဖျက်စီးနေကြောင်း သတင်းရရှိထား။
(ခွေး အင်းအား မသိရ)

wetletinformationalnetwork
SSN
Apr 8 , 12:35PM
📬

08/04/2023

လားရှိုးမြို့နယ်၊ နောင်မွန်ရဲစခန်းအနီးတွင် ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ ၃ ဦးဒဏ် ရာ ရကာ စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုများရှိခဲ့၊ နွားထိုးကြီးတွင်လည်း စစ် ကား ကို မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာရှိ နောင်မွန် နယ် မြေ ရဲစခန်းအနီးတွင် ယမန်နေ့ နံနက်ပိုင်း ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ ၃ ဦးဒဏ် ရာရရှိကြောင်း ၊ စစ်တပ်က ရဟတ်ယာဉ် အသုံးပြု၍ ပစ်ခတ်မှုရှိကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နောင် မွန် ရွာ အနောက်ဘက်နမ့်မခေါ်ရွာအနားတွင် စစ်ကောင်စီတပ်များက လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်း၊ ယင်းသို့ ပစ်ခတ် မှုများကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံသို့ ပို့ဆောင်ရကြောင်း၊ ယင်းနောက် လေယာဉ်ပစ်ကူအဖြစ် ရဟတ်ယာဉ် တစ်စီးဖြင့်ပါ လာရောက် ပစ် ခတ်ခဲ့ကြောင်း သိရှိရသည်။

"စစ်တပ်က ရမ်းသမ်းပစ်တာ အိမ်တွေပေါ် လက်နက် ကြီးကျ လို့အိမ်ခေါင် မိုးတော့ ပေါက်သွားတယ်။ စစ်တပ်က ရမ်းပစ်တာ။ ဟိုဘက်ကလည်း ပြန် ပစ်တယ်။တိုက်ပွဲလိုမဟုတ်ပေမယ့် ကြိုကြား ကြိုကြား ပြန်ပစ်တယ်။ အဲဒီ ဘက် မှာ ပလောင် TNLA တွေ သွားလာနေတာပါ။ နောင်မွန်ရဲစခန်း နားမှာ ဖြစ်ကြတာ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ၊ နွားထိုးကြီး တောင် သာ လမ်းတွင် ဧပြီလ ၄ ရက်နေ့၌ စစ်ကောင်စီဝင် အင်အား ၁၇ ဦးခန့်ပါ ဒိုင်နာ ကားကို အင်းချောင်းကျေးရွာနှင့် ထန်းတောမကျေးရွာကြားအရောက်တွင် မိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၄ က သတင်းထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဝင်တပ်ဖွဲ့ဝင်များ ဒဏ်ရာ ပြင်းထန် စွာရရှိခဲ့ကြောင်း၊ ကားကို အတင်းမောင်းပြေးကာ နွားထိုးကြီး မြို့နယ် ဆေးရုံ ထဲသို့ တန်းဝင်သွားကြောင်း၊ စစ်ကောင်စီဝင်များ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု သတင်း အတိအကျကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-လားရှိုးမြို့နယ်၊ နောင်မွန်ရဲစခန်းအနီးတွင် လက်နက်ကြီးထိမှန် သွား သော နေအိမ် တစ်လုံး။

08/04/2023

မကွေးရှိ စစ်တပ် လက်နက်ထုတ် ကပစ ၁၀ စက်ရုံကို ရှော့တိုက်ဒုံးဖြင့် တိုက် ခိုက် မှု စက်ရုံ အဆောက်အအုံ မီးလောင်ပျက်စီး၊ တရုတ်၊ ရုရှား၊ မြောက်ကို ရီး ယားမှ ပညာရှင်တချို့ ရောက်ရှိနေချိန် တိုက်ခိုက်ခဲ့ဟုဆို

ရန်ကုန်၊ ဧပြီလ ၈

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်ရှိ လက်နက်ကြီးကျည် များ ထုတ်လုပ်သော အမှတ် ၁၀ ကာကွယ် ရေးပစ္စည်းထုတ်လုပ်ရုံ( ပကစ ၁၀) အား ရှော့တိုက်ဒုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စက်ရုံ အ ဆောက်အအုံ မီးလောင် ပျက် စီး ခဲ့ကြောင်း PRA (မကွေး)တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၇ ရက် ည ၈ နာရီခွဲခန့်က အဆိုပါက ကပစ ၁၀ စက်ရုံသို့ ရှရှား နိုင်ငံရှိ လက်နက်ထုတ် လုပ်ရေးပညာရှင် ၃ ဦးမှ ဦးဆောင်ကာ တရုတ်နှင့် မြောက်ကိုရီယားနိုင်ငံတို့မှ ပညာရှင် ၂၀ ခန့် ရောက် ရှိပြီး ကပစ ၁၀ အတွင်း ထုတ်လုပ်နေသော ၁၂၂ မစ်ဆိုင်းဒုံးများကို အဆင့်မြှင့်တင်ရန် နည်းပညာ ပံ့ပိုး ပေးနေချိန် ဗျူဟာမြောက် ပစ်မှတ်များ ခြေမှုန်းခြင်း စစ်ဆင်ရေးအဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မစ်ရှင်အတွက် သတင်းအချက်အလက်တွေ စုံစမ်းရင်းနဲ့ တရုတ်၊ ရုရှား၊ ကိုရီး ယားပညာရှင် တွေရောက် နေတယ်ဆိုတာ သိရတာ၊ ရုရှားပညာရှင် ၃ ယောက် ကနေ ဦးဆောင်ပြီး စုစုပေါင်းအင်အားကတော့ ၂၀ လောက်ရှိမယ်လို့သိရတယ်၊ သူတို့တွေက ကပစ ၁၀ မှာ ထုတ်လုပ်နေတဲ့ ၁၂၂ မစ်ဆိုင်းဒုံးတွေကို အဆင့် မြှင့် တင်နေတဲ့နည်းပညာပိုင်းမှာ ပံ့ပိုးကူညီနေတယ်လို့ သိရတယ်။” ဟု PRA (မကွေး)တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို People's Revolution Alliance (PRA-Magway)၊ အထက်မင်းလှပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ (အထက်မင်းလှ ပ.က.ဖ)၊ မကွေး တောင် ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (SMPDF)နှင့် အရှိချင်းကာ ကွယ်ရေး တပ်၊ Key of Revolution ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ PRA မကွေးနဲ့ မဟာမိတ်တွေအနေနဲ့က ကပစတွေရဲ့လက်နက် ထုတ် လုပ်ရေးယန္တရားတွေ ရပ်တန့်သွားအောင်၊ နှောင့်နှေးသွားအောင် မဟာ ဗျူဟာမြောက် ပစ်မှတ်တွေကို တိုက်ခိုက်တာဖြစ်တဲ့ အတွက် လူအထိ အခိုက်ကတော့ နည်းနိုင်ပါတယ်၊ အခုပစ်လိုက်တဲ့ ဒုံးကြောင့် စက်ရုံကိုထိ သွားတဲ့ အ ချိန်မှာ ဆင့်ကွဲပေါက်ကွဲမှုတွေ ကြောင့် ထိခိုက်သေဆုံးဒဏ်ရာ ရတွေရှိနိုင်တယ်လို့ သိရတယ်၊ တိတိ ကျ ကျသိရဖို့ တော့ ဆက်ပြီးစုံစမ်း နေတယ်၊ စက်ရုံတစ်ခုလုံးကတော့ ရစရာမရှိအောင် ပျက်စီးသွားတယ်၊ စက်ရုံ အနီး တဝိုက်မှာရှိတဲ့အဆောက်အအုံတွေလည်း ဆင့်ကွဲပေါက်ကွဲမှုတွေနဲ့ ထိခိုက်ပျက်စီးသွားတယ်လို့ ကြားသိရတယ်၊” ဟု PRA မကွေးတပ်ဖွဲ့မှ တာဝန်သူတစ်ဦးက ပြောကြားသည်။

စစ်တပ် လက်အောက်ခံ က.ပ.စ ၁၀ (မင်းလှ)သည် တာဝေးပစ်ဒုံးများ၊ တင့် ကား သုံးအမြှောက်ဗုံးသီးများ၊ လေယာဉ် ပစ်ဒုံးများ ထုတ်လုပ်နေခြင်းဖြစ် ပြီး အကြမ်းဖက်စစ်တပ်ချေမှုန်းရေးအတွက် High - Value Target ဖြစ် သည်ဟု People's Revolution Alliance (PRA-Magway) တာဝန်ရှိသူက ပြောဆို သည်။

ထိုဖြစ်စဥ်နှင့် ပတ်သက်၍ ကပစ ၁၀ တပ်မှ ကုန်းကြီးရွာသား ယခင် NLD ပါတီဝင် ဟောင်း ၅ ဦးကို စစ်ဆေးမေးမြန်းစရာရှိသည် ဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားပြီး လက်ရှိချိန်ထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးကြောင်း သိရှိရသည်။

Address


Website

Alerts

Be the first to know and let us send you an email when Seikkun News ဆိပ်ခွန်သတင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Seikkun News ဆိပ်ခွန်သတင်း:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share