MRDA Yangon- စစ်ရေးသတင်း

  • Home
  • MRDA Yangon- စစ်ရေးသတင်း

MRDA Yangon- စစ်ရေးသတင်း MRDA Yangon၏ စစ်ရေးသတင်းများအား ဤpageမှ ထုတ်ပြန်မည်။

23/04/2023

ကိုယ့်နိုင်ငံနဲ့ကိုယ့်ပြည်သူတွေလွတ်မြောက်ဖို့ကိစ္စ ပြည်ပကနိုင်ငံတကာရဲ့အလွန်အမင်းမပြည့်စုံမသေချာနိုင်တဲ့အကူအညီကို ခခယယတောင်းခံမျှော်လင့်နေမယ့်အစား ပြည်တွင်းကတိုင်းရင်းသားတွေရဲ့စည်းလုံးညီညွတ်မှုနဲ့အင်အားကိုတည်ဆောက်ပြီး အဲဒီတန်ဖိုးကိုအသုံးချဖို့ကြိုးစားတာက ပိုအဓိပ္ပါယ်ရှိလိမ့်တော့မယ်။

အဲဒါက အောက်ကျို့ခယနေစရာမလိုပဲ အပြန်အလှန်လေးစားမှုပေးရုံပဲလိုလိမ့်မယ်။

အဲဒါက တချိန်ချိန်မြန်မာ့သမိုင်းကိုပြန်တွေးပြန်ရေးတဲ့အခါလည်း သိက္ခာပိုရှိလိမ့်မယ်လို့ယူဆတယ်။

ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့နိုင်ငံ ကျွန်ုပ်တို့ပြည်သူတွေရဲ့ဘဝကိုလှပဖို့ ကျွန်ုပ်တို့လက်တွေနဲ့ပဲအဓိကအားကိုးတည်ဆောက်ခဲ့ကြတယ် ကိုယ်တိုင်ကြိုးစားခဲ့ကြတယ်ဆိုတာမျိုးပေါ့။

ညီညွတ်ဖို့ပဲလိုတယ် ပြည်တွင်းမှာတင် ကျွန်ုပ်တို့အင်အားတွေပြည့်စုံနေပါပြီ။ ကျွန်ုပ်တို့ကိုယ့်အင်အားနဲ့ကိုယ်လုပ်နိုင်တယ်ဆိုတာ သေချာပါတယ်။

ဒါကြောင့် သူတပါးကို အောက်ကျို့ခယနေမယ့်အစား ကိုယ့်ပြည်သူ ကိုယ့်တိုင်းရင်းသားတွေရဲ့ တန်ဖိုးနဲ့ အင်အားကို အချင်းချင်းလေးစားအသိမှတ်ပြုရင်း ခေါင်းဆောင်ကြီးတွေရော ခေါင်းဆောင်ငယ်တွေရော ပုံစံ​ပြောင်းပြီးကြိုးစားကြည့်ချစေချင်ပါတယ်။

ဘာမှမရေမရာတဲ့နတ်ကပေးမယ့်အကျိုးရလာဒ်ကိုမျှော်ခိုးပြီး နတ်ကိုင်မှာကိုကြောက်နေရသည့်ဘဝမျိုး နတ်ကိုးကွယ်ယုံကြည်မှုနဲ့တူနေတဲ့ နိုင်ငံတကာအကူညီအားကိုးနေကြရသောအခြေအနေမှာတင်ပျော့ညံ့မနေသင့်ကြတော့ဘူး။

မြန်မာတွေဟာ သူတပါးကို အားကိုးလွန်းတဲ့အချောင်သမား လူပျော့လူညံ့တွေမဟုတ်ဘူးဆိုတာ ကိုယ့်တိုင်းရင်းသားတွေအပြန်အလှန်လက်ချင်းချိတ်ပြီး ကြွေးကြော်သင့်ကြတဲ့အချိန်ရောက်နေပါပြီ။

#ဗိုလ်နဂါး
#မြန်မာ့တော်ဝင်နဂါးတပ်တော်
`S ROYAL DRAGON ARMY

05/03/2023
တပ်ဖွဲ့မှ ထုတ်ပယ်ကြောင်း ကြေငြာချက်စာအမှတ်စဉ်။      ။ ၇/၂၀၂၃                                                            ...
20/01/2023

တပ်ဖွဲ့မှ ထုတ်ပယ်ကြောင်း ကြေငြာချက်

စာအမှတ်စဉ်။ ။ ၇/၂၀၂၃ နေ့စွဲ။ ။၂၀.၁.၂၀၂၃

မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA(Yangon)၏ ထောက်ပို့နေရာတွင် တာဝန်ယူ ထမ်းဆောင်နေသော ရဲဘော် Papilon သည် MRDA(Yangon)တပ်ဖွဲ့၏ ကော်မတီအဖွဲ့၀င်များနှင့် အချိန်ကာလတစ်ခုအထိ ပူးပေါင်း လုပ်ဆောင်မှုမရှိသည့်အပြင် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်း တာဝန်များတွင်လည်း ပူးပေါင်းလုပ်ဆောင်နိုင်မှုမရှိသောကြောင့်MRDAနှင့် MRDA(Yangon) အဖွဲ့မှထုတ်ပယ်လိုက်သည်။
ထိုကြောင့် MRDA(Yangon)နှင့် မသက်ဆိုင်သော Papilon Mrda Ygn Facebook account အား နာမည်ချိန်းပေးရန် ပြောဆိုသော်လည်း နာမည်ချိန်း၍မရကြောင်း ပြန်လည်ပြောဆိုခဲ့သည်။Facebook System အရ နာမည်ချိန်းသည့်အချိန်မှစ၍ ရက်ပေါင်း ၆၀ ပြည့်လျှင် နာမည်အသစ် ထပ်ချိန်း၍ရကြောင်း ရှင်းပြသော်လည်း လက်မခံသောကြောင့် ထိုPapilon Mrda Ygn Facebook အကောင့်မှ တင်သမျှ ပို့စ်တိုင်းသည် MRDA ၊ MRDA(Yangon)နှင့် လုံး၀မသက်ဆိုင်ပါကြောင်းနှင့် MRDA စစ်ကိုင်းတပ်ဖွဲနှင့် MRDA ရန်ကုန်တပ်ဖွဲ့ကို ကိုယ်စားပြုသူ မဟုတ်ပါကြောင်းကို မိဘပြည်သူများအား အသိပေးအပ်ပါသည်။

MRDA-Yangon
ကော်မတီအဖွဲ့


စာပါအကောင့် Link
https://www.facebook.com/profile.php?id=100071316094798&mibextid=ZbWKwL

15/12/2022

မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) ဦးဆောင်သူ ဗိုလ်နဂါးအနေဖြင့် 11.12.2022 တွင် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဦးဇော်ထက်နှင့် ဒေါက်တာနန်းဝင်းတို့၏ "အချိန်မရွေး ရှင်းလင်းရန်ဖိတ်ခေါ်မှု" ကို လက်ခံ
ကြောင်း ပြောဆိုခဲ့ပြီး ဖြစ်ပါသည်။

အချိန်မရွေးဟု ပြောဆိုထားသောကြောင့် ပြည်သူများစိတ်အမြန်ရှင်းလင်းစေရန်အတွက် ထိုသတင်းစာရှင်းလင်းပွဲကို 18.12.2022 (တနင်္ဂနွေ) နေ့ခင်း ၁:၀၀ တွင် သတင်းမီဒီယာများနှင့် လုပ်ဆောင်သွားမည်ဖြစ်​ကြောင်း ထုတ်ပြန်အပ်ပါသည်။

#မြန်မာ့တော်ဝင်နဂါးတပ်တော်


https://fb.watch/hqNAU2hCiI/?mibextid=qC1gEa

ဗိုလ်နဂါးဦးဆောင်သော MRDA Yangon တပ်ခွဲ (၇) မှ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် လဝကရုံး အား စစ်ရေး mission အရ ဖောက်ခွဲတိုက...
12/12/2022

ဗိုလ်နဂါးဦးဆောင်သော MRDA Yangon တပ်ခွဲ (၇) မှ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် လဝကရုံး အား စစ်ရေး mission အရ ဖောက်ခွဲတိုက်ခိုက်ခြင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက)ရုံးအား ယနေ့ (ဒီဇင်ဘာ ၁၂) နံနက် ၁၀ နာရီ ၁၉ မိနစ် မှာ အဝေးထိန်းမိုင်းဖြင့်
ကျွန်တော်တို့ MRDA YANGON တပ်ဖွဲ့ တပ်ခွဲ (၇) မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။

တိုက်ခိုက်မှုတွင် (လဝက) ရုံးအတွင်းမှ စခ/ရခ နှင့် အရပ်ဝတ်များ အထိခိုက် အကျအဆုံး စာရင်း အတိအကျ မသိရသေးပါ။

ကျွန်တော်တို့ MRDA Yangon တပ်ဖွဲ့အနေဖြင့် ပြည်သူများအား စခ/ရခများနှင့် ပတ်သက်တဲ့နေရာတွေအနီးမှာ မနေဖို့ရာ မပါတ်သက်ဖို့ရာ နှင့် မလွဲမသွေ ဖြတ်သန်း သွားလာရခြင်း ပတ်သက်ရခြင်းများ ရှိခဲ့သော် အချိန်ကြာမြှင့်ခြင်း အလွန်နီးကပ်စွာ ဖြတ်သန်းခြင်းများအား ရှောင်ရှား နိုင်ရန် ထပ်မံ သတိပေးအပ်ပါသည်

ထို့ကြောင့် နောက်နောင်တွင်
လည်း ကျွန်တော် တို့ MRDA Yangon တပ်ဖွဲ့ အနေဖြင့် စခ/ရခများနှင့် ပါတ်သက်သမျှ ထောက်တိုင်များကို စစ်ရေး missions များ ဖော်ဆောင်ပြီး ဆက်လက် တိုက်ခိုက်သွားပါမည်။

ကော်မတီအဖွဲ့
MRDA Yangon
မြန်မာ့တော်ဝင်နဂါးတပ်တော်
"တိုင်းပြည်၏ သမိုင်းကောင်းတစ်ခေတ် ပြည်သူ့လက်ဖြင့် ထုဆစ်နိုင်ရမည်”

11/12/2022

ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) အနေဖြင့် နွေဦးတော်လှန်ရေးတွင် ပုလဲနယ်အခြေပြုစတင်ခဲ့ပြီး ပြည်သူလူထု၏ ပံ့ပိုးကူညီမှုများကို အလေ့အလွင့်နည်းနိုင်သမျှနည်းအောင် စီမံပြီး ဖိနပ်၊ tha Nat ၊ နှုတ်ခမ်းနီ ကိုသာ ဦးစားပေးဖြည့်တင်းကာ ဆားလင်းကြီးမြို့နယ်၊ မြိုင်မြို့နယ်၊ မုံရွာမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ ဘုတလင်မြို့နယ်၊ ရေဦးမြို့နယ် စသည့်မြို့နယ်များအထိ ခြေဆန့်လှုပ်ရှားလျက်ရှိနေသည်မှာ M.R.D.A ၏ ကပွဲမှတ်တမ်းထုတ်ပြန်ချက်များတွင် ပြည်သူများအနေဖြင့် သိရှိနိုင်ခဲ့ပြီး ဖြစ်ပါသည်။
M.R.D.A အနေဖြင့် ကွန်မန်ဒိုရဲဘော်များကိုပင်သီတင်းကျွတ်၊ တန်ဆောင်တိုင်လို အခါကြီးရက်ကြီးများတွင်ပင် မုန့်ဖိုးများ ပေးခြင်း၊ အရက်ဘီယာသောက်စားရန် ခွင့်ပြုခြင်းများ မလုပ်ဆောင်ဘဲ ဆေးလိပ်၊ ကွမ်း နှင့်မုန့်ပဲသရေစာ စားခြင်းကိုသာ ခွင့်ပြုခဲ့ပါသည်။
ဤအ​ချက်များကို ဖော်ပြနေသည်မှာ M.R.D.A အနေဖြင့် ပြည်သူများ၏ ယုံကြည်စွာပံ့ပိုးလာသည်များကို စနစ်တကျအလေအလွင့်နည်းနိုင်သမျှ နည်းအောင် စီမံသုံးစွဲသည်ကို သိရှိစေလိုသောကြောင့်ဖြစ်ပါသည်။

လွန်ခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် NST မှ ဦးဆောင်၍ media အချို့ပါဝင်ပြီး ပုလဲမြို့နယ်အတွင်းရှိ အဖွဲ့အစည်းများ အချင်းချင်းပိုမိုစည်းလုံးညီညွတ်စွာ ရှေ့ဆက်နိုင်ရန်အတွက် မကျေလည်သည်များ၊ သိလိုသည်များကို တော်လှန်ရေးညီအစ်ကိုများ ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

23.11.2022 တွင် ကိုမင်းအောင်ကိစ္စနှင့် ပတ်သက်ပြီး တော်လှန်ရေးခေါင်းဆောင်တစ်ဦးမှ မေးမြန်းသောကြောင့် စနစ်တကျ အချက်အလက်နှင့် ရှင်းပြခဲ့ပြီး မေးမြန်းသည့်ခေါင်းဆောင်နှင့် တက်ရောက်လာသည့် အခြားခေါင်းဆောင်များလည်း ဖြစ်စဉ်ကို နားလည်သိရှိခဲ့ပြီး သဘောပေါက်လက်ခံခဲ့ပါသည်။

ထိုသို့ ညီအကိုများ ပွင့်ပွင့်လင်းလင်း တွေ့ဆုံစကားပြောအဖြေရှာပြီးနောက် ၂ ရက်အကြာ (26.11.2022) တွင် Pone Taung Revolution Force (PTRF) မှ
"ကိုမင်းအောင်ကို M.R.D.A ရဲဘော်များမှ အကြမ်းဖက်ဖမ်းဆီးနှိပ်စက်သည်" ဆိုသည့် အဓိပ္ပါယ်ဖြင့် video file တစ်ခုတင်ခဲ့ပါသည်။
ထို့ကြောင့် သတင်းမီဒီယာများမှ လာရောက်ဆက်သွယ်မေးမြန်းခဲ့ကြပါသည်။ တော်လှန်ရေးညီအကိုများအချင်းချင်း သေချာနားလည်သဘောပေါက်အောင် ပြောဆိုထားပြီး ဖြစ်သောကြောင့် 23.11.2022 တွင် ပါဝင်ဆွေးနွေးခဲ့သော တော်လှန်ရေးခေါင်းဆောင်များကို အချင်းချင်း စနစ်တကျပြောပြ ဖြေရှင်းပေးလျှင် ပိုမိုကောင်းမွန်မည်ဟုပင် အကြံပြုပြောဆိုခဲ့ပါသည်။ M.R.D.A အနေဖြင့် တော်လှန်ရေးညီအကိုများနှင့် ပိုမိုအဆင်ပြေရန် ရည်ရွယ်၍ ထိုသို့ပြောဆိုခဲ့ခြင်းလည်း ဖြစ်ပါသည်။
ကာယကံရှင်ကိုယ်တိုင် ဖြေရှင်းပြောကြားခြင်းက ပိုကောင်းပါသည်ဟု အကြံပြုသောကြောင့် သတင်းမီဒီယာတစ်ခုနှင့် ဖြေရှင်းပြောကြားခဲ့ကာ
Dec 5 2022 တွင် Publish လုပ်ခဲ့ပါသည်။
ထိုသို့ ပြည်သူများကို PTRF မှတင်ထားသော "ကိုမင်းအောင်"ကိစ္စဖြစ်စဉ်ကို ရှင်းပြလုပ်ဆောင်ခဲ့သည်နှင့် ပတ်သက်ပြီး DEC 8 , 2022 နေ့တွင် "ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ " page တွင် ပ.အ.ဖ မှ
ဦးဇော်ထက်နှင့်ဒေါက်တာနန်းဝင်းတို့မှ ဗိုလ်နဂါးဦးဆောင်သည့် M.R.D.A ကို ထပ်မံရှင်းလင်းရန် ပြောဆိုသောကြောင့် ယခု Video ဖိုင်ဖြင့် ပြည်သူများကို ထပ်မံရှင်းလင်းတင်ပြရခြင်း ဖြစ်ပါသည်။

ပြည်သူများအနေဖြင့်လည်း ပိုမိုကောင်းမွန်သော အရွေ့တစ်ခုကို ဖြစ်ရန်အတွက် အကြောင်းဖန်လာသည်ဟုသာ မှတ်ယူစေလို​ပါသည်။

https://fb.watch/hlsxMgmLWf/?mibextid=qC1gEa

“ ပြည်သူသို့ အသိပေးတင်ပြခြင်း”GZDF အဖွဲ့သည် MRDA Yangon တပ်ဖွဲ့မှ ပစ္စည်းဖိုးနှင့် missions စရိတ်များ ဆက်သွယ် တောင်းခံ ရ...
16/11/2022

“ ပြည်သူသို့ အသိပေးတင်ပြခြင်း”

GZDF အဖွဲ့သည် MRDA Yangon တပ်ဖွဲ့မှ ပစ္စည်းဖိုးနှင့် missions စရိတ်များ ဆက်သွယ် တောင်းခံ ရယူသွားသူများဟာ သူတို့ GZDF အဖွဲ့ မဟုတ်ဘဲ တခြားအဖွဲ့ပါဟူ၍ မဇ္ဈိမနဲ့ မနေ့က အင်တာဗျုးမှာ အတိအလင်းချပြခဲ့ပြီး ထိုပစ္စည်းဖိုးယူသွားသူ အဖွဲ့နှင့် GZDF အဖွဲ့မှာ မြေပြင်တွင် အဆက်အသွယ်ရှိသောကြောင့် ထိုအဖွဲ့မှ screen shoot များ လက်ဝယ်ရရှိထားသည်ဟု အင်တာဗျူးဖြေကြားစဉ် စကားကျွံသွားမိခြင်းလား သို့မဟုတ် အတိအလင်းပြောကြားလို၍လားသေချာမသိနိုင်သော်လည်း ထိုသို့ဖြေကြားခဲ့သည်ကို မိဘပြည်သူများ သတိထားမိပြီးဖြစ်ပါလိမ့်မည်။

ကျွန်တော်တို့ MRDA Yangon တပ်ဖွဲ့ မြေပြင်တာဝန်ရှိသူမှ ထိုသို့ ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည် အကွက်ချဖန်တီးပြီး ground က တပ်ဖွဲ့ ၂ ဖွဲ့ ကြား ရန်တိုက်ပေးခဲ့သည့်ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းသည် သွေးရိုးသားရိုး မဟုတ် တော်လှန်ရေးအတွက် အနှောက်အယှက်ဖြစ်စေသည့် မရိုးသားသူများဖြစ်သည့် အတွက် MRDA Yangon နှင့် လက်တွဲပြီး စုံစမ်းစစ်ဆေးရေးမှာ ပူးပေါင်းပေးဖို့ GZDF အဖွဲ့ လက်ဝယ်ရရှိထားသော ပြဿနာစတင်ဖန်တီးသူများ၏ screen shoot များကို ပြသပေးရန်နှင့် လူပုဂ္ဂိုလ်အမည် အဖွဲ့အစည်း အမည်ကို မေးမြန်းရာမှာ GZDF အဖွဲ့ တာဝန်ခံမှလက်ဝယ်ရရှိထားသောတစ်ဖက်အဖွဲ့အစည်း၏သက်သေခံ screen shot များအားကျနော်တို့ MRDA YANGON အဖွဲ့ထံသို့ပွင့်လင်းမြင်သာစွာချမပြခြင်းမှာစဉ်းစားဖွယ်ဖြစ်နေပါသည်။

ထိုသို့ချမပြဘဲ ကျနော်တို့အဖွဲ့မှတောင်းပန်ရန်သာတစ်ကြောင်းစွဲပြောဆိုနေခြင်းမှာလည်းသံသယဖြစ်ဖွယ်ရှိနေပါသည်။

အခြေအနေများကိုပြန်လည်သုံးသပ်ကြည့်ရလျင်

( ၁) အကူအညီလာတောင်းသည့်နေ့စွဲနှင့် Missionပြုလုပ်သည်နေ့စွဲမှာရက်အနည်းငယ်သာကွာဟနေခြင်း၊

(၂) ၄င်းလိမ်လည်သွားသော အဖွဲ့မှ Screen Shotများ GZDFတာဝန်ခံ၏လက်ဝယ်တွင်ရှိနေသည်မှာမည်သို့ပင်ငြင်းဆိုစေကာမူထိုအဖွဲ့ထိုပုဂ္ဂိုလ်မှာ GZDFနှင့်တိုက်ရိုက်ပတ်သတ်နေသည်ကို
သိမြင်နိုင်ခြင်း။

အဓိကကျသည့်၄င်းအချက်နှစ်ချက်ဖြင့်ပင် GZDF
နှင့် လာရောက်လိမ်လည်သည့် အဖွဲ့အစည်း လူပုဂ္ဂိုလ်သည် မည်မျှစပ်ဆက်နိုင်ကြောင်း ၊ မည်သည်ရည်ရွယ်ချက်ဖြင့် တောင်းပန်လာရန်သာဖိအားပေးနေခြင်းဖြစ်ကြောင်း မိဘပြည်သူများအနေဖြင့်လည်း စဉ်းစားသုံးသပ်နိုင်ကြလိမ့်မည်ဟုယူဆပါသည်။

ပူးတွဲပါ Screen Shot (၃) စောင်။

ကော်မတီအဖွဲ့
မြန်မာ့တော်ဝင်နဂါးတပ်တော် ရန်ကုန်

16/11/2022

အငြင်းပွားဖွယ်ရာ မစ်ရှင်ပြဿနာအပေါ် GZDF အဖွဲ့ နှင့် မြန်မာ့တော်ဝင်နဂါးတပ်တော် (YGN) အဖွဲ့နှစ်ခုအား ဆက်သွယ်မေးမြန်းချက် (အင်တာဗျူး)

ဂန္ဒမာ

ရန်ကုန်(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ အကျဉ်းဦးစီးဌာနဝင်းရှိ အိမ်ထောင်သည်လိုင်းခန်းနှင့် အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ နံ့သာမြိုင်လမ်းထောင့်နှင့် လှိုင်မြစ်လမ်းထောင့်ရှိ နံ့သာကုန်း အုပ်ချုပ်ရေးမှူးရုံးအား အဝေးထိန်းဗုံး တစ်လုံးစီဖြင့် Generation Z Defence Force & Supply Army (GZDF) အဖွဲ့မှ နိုဝင်ဘာ ၉ ရက် ည ၁၀ နာရီဝန်းကျင်အချိန်ခန့်က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက မဇ္ဈိမကို ဖြေကြားခဲ့ပြီးဖြစ်သည်။

သို့သော် နိုဝင်ဘာလ ၁၀ ရက် ကြာသပတေးနေ့တွင် မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA(YGN) အဖွဲ့သည် အင်းစိန်မြို့နယ်၌ လုပ်ဆောင်ခဲ့သော မစ်ရှင်နှစ်ခုနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက်ကို MRDA(YGN) လိုဂိုတပ်၍ ၎င်းတို့၏ တရားဝင် Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA(YGN) အဖွဲ့နှင့် ပူးပေါင်းမဟာမိတ်ဖြစ်သော GZDF (Generation Z Defence Force) တို့သည် စကစဒေါက်တိုင်များအား နှစ်နေရာတိတိတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရေးသားထားသည်။

ထို့သို့ ရေးသားခဲ့ပြီးနောက် တော်လှန်ရေးအဖွဲ့အစည်းနှစ်ခုကြားတွင် မစ်ရှင်ပြဿနာ အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်လာ၍ GZDF အဖွဲ့နှင့် မြန်မာ့တော်ဝင်နဂါးတပ်တော်- MRDA (YGN) အဖွဲ့တို့အား မဇ္ဈိမသတင်းဌာနက ယခုလို ဆက်သွယ်မေးမြန်းခဲ့သည်။

မဇ္ဈိမ(မေး)။။ တော်လှန်ရေးလုပ်ဆောင်နေတဲ့ အဖွဲ့အမည်နဲ့ အဖွဲ့အစည်းမှာ တာဝန်ယူ ထားတဲ့ အပိုင်းကို မိတ်ဆက်ပေးပါ။

GZDF(ဖြေ)။။ ကျွန်တော်က Generation Z Defense Force & Supply Army (GZDF) အဖွဲ့က တာဝန်ခံ ကိုအာလူးပါဗျ။

MRDA(YGN)(ဖြေ)။ ။ကျွန်တော့်နာမည် ကိုရဲပါ။ MRDA(YGN)ရဲ့ မြေပြင်ခေါင်းဆောင် တစ်ယောက်ပါခင်ဗျာ။

မဇ္ဈိမ(မေး)။။ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အင်းစိန်မြို့နယ်ထဲက နေရာနှစ်ခုကို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တွေ တွေ့ရပါတယ်။ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာပါလဲ။

GZDF (ဖြေ)။။ကျွန်တော်တို့လူ၊ ကျွန်တော်တို့ပစ္စည်း ကုန်ကျစရိတ်ကအစ ကိုယ့်အဖွဲ့ဟာပါ။ MRDAနဲ့ လုံးဝပတ်သက်မှုမရှိပါဘူး။ သူတို့နဲ့ သိလည်းမသိပါဘူး။ လုပ်ခဲ့တဲ့မစ်ရှင်နှစ်ခုကို သူတို့ထောက်ပံ့ပြီး လုပ်တယ်ဆိုပြီးတင်နေတာပါ။ လုံးဝ ပတ်သက်မှုမရှိပါဘူး။
MRDA(YGN) (ဖြေ)။။ ၁၁ လပိုင်း ၂ ရက်နေ့ (နိုဝင်ဘာ ၂ ရက်နေ့) မှာ မင်းရာမ (ခေါ်) ကျောင်းသားလေး အရင်တုန်းကတော့ HTY လှိုင်သာယာ UG မှာ ကစားဖူးခဲ့တဲ့ ရဲဘော်တစ်ယောက်ပါ။ အဲ့ဒီရဲဘော်က ကျွန်တော်တို့အဖွဲ့ကို ဆက်သွယ်လာပါတယ်။ သူ့ဆီမှာအဖွဲ့တစ်ဖွဲ့ရှိနေတယ်။ အဲ့ဒီအဖွဲ့မှာ မစ်ရှင်ကစားဖို့ လိုအပ်တဲ့ပစ္စည်း လိုအပ်တဲ့ ငွေကြေးမရှိတဲ့အတွက်ကြောင့် မစ်ရှင်မကစား နိုင်တဲ့အကြောင်း၊ အခုလောလောဆယ် scout လိုက်ထားပြီးသားအကြောင်း ကျွန်တော်တို့ကိုချပြပါတယ်။
ကျွန်တော်တို့ အဖွဲ့ကလည်း လိုအပ်တဲ့ပစ္စည်း၊ လိုအပ်တဲ့ မစ်ရှင်စရိတ်နဲ့ အတူတကွ ပူးတွဲ လုပ်ဆောင်မယ်လို့ပြောတဲ့အချိန်မှာ UG ရဲ့ စည်းမျဉ်းအရ တစ်ယောက်နဲ့ တစ်ယောက် လုံခြုံမှုရှိတဲ့အတွက် သူတို့က သူတို့အဖွဲ့ကြီးပဲ သီးသန့်ကစားချင်ပါတယ် လို့ ပြောတဲ့အတွက်ကြောင့် ကျွန်တော်တို့က သူတို့လိုအပ်တဲ့ပစ္စည်းဖိုးနဲ့ မစ်ရှင်ကဖို့ ငွေကြေးကိုချပေးလိုက်ပါတယ်။ နိုဝင်ဘာ ၄ ရက်နေ့မှာ ငွေလေးသိန်း လွှဲပေးလိုက်ပါတယ်။
နိုဝင်ဘာ ၁၀ ရက်နေ့ မနက် ၉ နာရီ ကျော်ကျော်မှာတော့ သူတို့ မစ်ရှင် လုပ်ဆောင်ပြီးသွားကြောင်း မစ်ရှင်အောင်မြင်ကြောင်းနဲ့ သူတို့အဖွဲ့အနေနဲ့ စာစီထားတဲ့ ပူးတွဲလုပ်ဆောင်ပါတယ်ဆိုတဲ့ ထုတ်ပြန်စာထုတ်ဖို့အတွက် မူကြမ်းကို ကျွန်တော်တို့ဆီ ပေးပို့လာပါတယ်။ အဲ့စာကို ကျွန်တော်တို့ဖတ်လိုက်တဲ့အချိန်မှာ သူတို့အဖွဲ့က GZDF လို့ ရေးသားထားပါတယ်။ အဲ့ဒီစာမရောက်ခင်အချိန်အတွင်းထိ ကျွန်တော်တို့အနေနဲ့ သူတို့အဖွဲ့က GZDF က ဆိုတာကို လုံးဝသိရှိထားခြင်းမရှိပါဘူး။ တော်လှန်ရေးမှာ လိုအပ်တဲ့အထောက်အပံ့မရတဲ့အတွက် မစ်ရှင်မလုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ဖို့ ခက်ခဲနေတဲ့ အဖွဲ့ငယ်တစ်ခုအဖြစ်ပဲ ကျွန်တော်တို့ သိထားတာပါ။ မြေပြင်မှာ ခက်ခက်ခဲခဲ အလုပ်လုပ်နေရတဲ့ ရဲဘော်အချင်းချင်းစာနာစိတ်နဲ့ ကျွန်တော်တို့ တော်လှန်ရေးကို မျက်နှာမူပြီးတော့ သင်္ကာမကင်းစိတ်မရှိဘဲနဲ့ ကျွန်တော်တို့ အဖွဲ့ကြီးတစ်ဖွဲ့အနေနဲ့ ကူညီပေးခဲ့တယ်။

မဇ္ဈိမ(မေး)။။အဖွဲ့နှစ်ဖွဲ့ဟာ သိကျွမ်းမှုလည်းမရှိသလို မဟာမိတ်လည်း မဟုတ်ဘူးလို့ သိရပါတယ်။ အဲ့ဒါဟုတ်ပါသလားခင်ဗျာ။

MRDA(YGN) (ဖြေ)။။မစ်ရှင်ဦးဆောင် လုပ်ဆောင်ခဲ့တဲ့ မင်းရာမဆိုတဲ့အဖွဲ့ ခေါင်းဆောင်က သူမစ်ရှင်လုပ်ပြီးတော့ ခဏခိုလှုံရတော့မယ်ဆိုပြီး အဆက်အသွယ် ဖြတ်သွားပါတယ်။ ကျွန်တော်တို့လည်း အခုအချိန်ထိကို ဆက်သွယ်လို့မရသေးပါဘူး။ ကျွန်တော်တို့ကလည်း သူတို့ပို့ပေးလာတဲ့စာအတိုင်းပေါ့နော် ကျွန်တော်တို့ MRDA နဲ့ ပူးတွဲမစ်ရှင်ကစားပါတယ် ဆိုပြီးတော့ပဲ ဖော်ပြပေးလိုက်တာပါ။

အထောက်အပံ့ နည်းနေပြီး တကယ်အလုပ်လုပ်တဲ့ တော်လှန်ရေးမှာ ဆက်လက်အလုပ်လုပ်ဆောင်နိုင်ဖို့ ဆိုတာက ပြည်သူက သိပြီး ပြည်သူက ထောက်ပံ့မှရတာပါ။ အဲ့အချက်ကြောင့်ပဲ ကျွန်တော်တို့ကလည်း ပြည်သူသိအောင်လို့ မိတ်ဆက်ပေးလိုက်တဲ့အနေနဲ့ ပူးပေါင်း မဟာမိတ်ဖြစ်ပါတယ်လို့ တင်ပြပေးလိုက်တာပါခင်ဗျ။

မဇ္ဈိမ(မေး)။။မစ်ရှင်နှစ်ခုလုံးအတွက် GZDF အဖွဲ့ကပဲ အကုန်စိုက်ထုတ်ပြီး တိုက်ခိုက်ရေးပြုလုပ်ခဲ့တာကြောင့် အဲ့ဒီနေ့က မစ်ရှင်တွေဟာ MRDA နဲ့ သက်ဆိုင်မှု မရှိဘူး လို့ပြောလာပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ရော ပြောပြချင်တာရှိသေးလားခင်ဗျ။

MRDA(YGN) (ဖြေ)။။ကျွန်တော်တို့ MRDA(YGN) အနေနဲ့လည်း သူများမစ်ရှင်ကို ပြောင်ပြောင်တင်းတင်း သွားယူကူးချပြီးတော့ မစ်ရှင်လုပ်ပါတယ်လို့ တင်ရအောင်လည်း အဲ့လောက်ထိ တော်လှန်ရေးမှာ အရှက်မဲ့တဲ့ အဖွဲ့မဟုတ်ပါဘူးခင်ဗျ။ အခုကိစ္စက ကြိုတင်အကွက်ချပြီးတော့ လုပ်ကြံဖန်တီးမှုတစ်ခု ဖြစ်နေနိုင်သလို တော်လှန်ရေး အင်အားစုတွေကို အချင်းချင်းရန်တိုက်ပေးပြီးတော့ သွေးကွဲအောင်လုပ်တဲ့ သဘောတရားသက်ရောက်ပါတယ်လို့ ကျွန်တော်တို့ သွားရောက်ရှင်းလင်းထားပါတယ်။

မဇ္ဈိမ(မေး)။။ဟုတ်ကဲ့။ ရှင်းလင်းမှုပြုလုပ်ကြတဲ့အခါမှာ အဖွဲ့အစည်းနှစ်ခုရဲ့ တာဝန်ခံတွေအနေနဲ့ ဘယ်လိုဖြေရှင်းကြပါသလဲ၊ ရလဒ်ကရော ဘယ်လိုရှိပါသလဲ။

GZDF(ဖြေ)။။အဲ့ဒါကိုရှင်းတော့ ကျွန်တော်တို့ဘက်ကနေ ငွေကြေးလက်ခံပြီး ပူးပေါင်းထုတ်ပြန်တယ်လို့ သူတို့တင်ပါတယ်။ အဲ့ဒါက လုံးဝအမှားပါ၊ အချိန်ကြာလာရင် နှစ်ဖက်လုံးအတွက် မကောင်းပါဘူး။ သူတို့ screenshot တင်ထားတယ်။ စာတွေက ကျွန်တော့်ဆီရောက်နေပါပြီ။ သူတို့တစ်ခြားတစ်ဖွဲ့နဲ့ ချိတ်ဆက်ထားပြီး ပူပေါင်းမစ်ရှင်အတွက် ပြောထားတာပါ။ ဟိုဘက်အဖွဲ့ကလည်း သူတို့အကြောင်းသိလို့ screenshot (ss) ယူသိမ်းထားတာ။ အဲ့အဖွဲ့က သက်သေအကုန်လာပို့ထားပါတယ်။ သူတို့အချင်းချင်း ပြောထားတဲ့စာတွေ ဖျက်သွားပေမယ့် ssတွေ ကျန်ပါသေးတယ်။ သူတို့ ssမှာ သဘောတူထားတဲ့အဖွဲ့က သပ်သပ်ပါ။ ကျွန်တော်တို့ GZDF မဟုတ်ပါဘူး။
သူတို့စာမှာ GZDF တာဝန်ခံပါတဲ့အတွက် ssမှာ နာမည်ပါပါတယ်။ အဲ့ဒါကိုအများ သိအောင်ပွင့်ပွင့်လင်းလင်းချပြပါ။ ကျွန်တော်တို့ဘက်က မှားတယ်ဆိုတောင်းပန်ပါမယ်။ သူတို့ဘက်က မှားနေတာကို မဖြေးရှင်းဘဲ ပြန်စွပ်စွဲပြီး နာမည်ဖျက်နေတဲ့အတွက် တရားဝင်တိတိလင်းလင်း ပြန်လည်တောင်းပန်ပေးရပါမယ်လို့ ပြောချင်ပါတယ်။ သူတို့ဘက်က ပထမတော့ရှောင်ပြေးပြီး တာဝန်ခံက ဆက်သွယ်တာ လက်မခံဘူးတင်တယ်။ အဲ့ဒီကိစ္စပါ ထပ်ရှင်းနေတာပါ။ ကျွန်တော်တို့မနေ့ကတည်းက ဆက်သွယ်တာကို တာဝန်ခံခင်လင်းလင်းဖြူက ခေါင်းရှောင်ပြီး ရဲဘော်အချင်းချင်းပြောပါဆိုပြီး ရှောင်ထွက်သွားတာပါ။

MRDA(YGN) (ဖြေ)။။GZDF အဖွဲ့က စွပ်စွဲထားသလို ကျွန်တော်တို့က သူတို့ရဲ့ မစ်ရှင်ကို ကူးယူတင်ပြနေခြင်းမဟုတ်ပါ။ အဲ့လိုမဟုတ်ခဲ့ကြောင်းကိုလည်း ကျွန်တော်တို့ ညတွင်းချင်း စာထပ်တင်ပြီးတော့ screenshot တွေထပ်တင်ပြီးတော့ ရှင်းလင်းခဲ့ပါတယ်။ အဲ့လိုရှင်းလင်းပြီး နောက်နေ့ စနေနေ့မှာတော့ ကျွန်တော်တို့ MRDA ပင်မ စာမျက်နှာကနေပြီးတော့ GZDF ပေ့ချ်ကို တရားဝင် သွားရောက်ဆက်သွယ်ပါတယ်။ သူတို့ရဲ့ တာဝန်ခံ ကိုအာလူး ဆိုတဲ့သူနဲ့လည်း ချိတ်ဆက်ပြီးတော့ စကားပြောခဲ့ပါတယ်။ စကားပြောခဲ့တဲ့အရာတွေ အားလုံးကို သူတို့ ပေ့ချ်ကနေပြီးတော့ ယခုအချိန်မှာ ချပြ ထားပြီးဖြစ်ပါတယ်။
ကျွန်တော်တို့က အဖြစ်မှန်ကို သွားရောက်ရှင်းလင်းတင်ပြခြင်းပါ။ အခုလိုရှင်းလင်းပြပေမယ့် မှားတဲ့သူတောင်းပန်ကြေးဆိုတဲ့အရာက အဖွဲ့အစည်းတွေအတွက် အဆင်မပြေဘူးခင်ဗျ။ လူကြီးလူကောင်းလည်း မဆန်ပါဘူးခင်ဗျ။ ကျွန်တော်တို့ဘက်ကလည်း မှားနေတာမဟုတ်ကြောင်းကို သက်သေအထောက်အထားနဲ့တကွ ချပြပေးထားပါတယ်။ ကျွန်တော်တို့ အဖွဲ့အနေနဲ့လည်း မြေပြင်မှာအလုပ်လုပ်နေတဲ့ ရဲဘော်တွေက ဘယ်အဖွဲ့အစည်းဆိုတာလည်း စုံစမ်းနိုင်ဖို့အတွက် အချိန်လည်းမရှိသလို စုံစမ်းခွင့် လည်းမရှိပါဘူးခင်ဗျ။ ပြောရမယ်ဆိုလို့ရှိရင် UG တိုင်းက လျှို့ဝှက်စွာနေထိုင်နေရတာပါ။ အခု ဒီကိစ္စကို MOD ကို စာတင်ပြီးတော့ အကြောင်းကြားထားပါပြီ။ ပြီးတော့ MRDA(YGN) မှာ တာဝန်ခံ ဒေါ်ခင်လင်းလင်းဖြူ၊ မြေပြင်တာဝန်ခံ ပါပီလွန်ဆိုတာလည်း မရှိတော့ပါဘူး။ မရှိတော့ဘူးဆိုတာက သူတို့ရဲ့ရာထူးတွေမရှိတော့တာပါ။ ကျွန်တော်တို့ MRDA မှာ လွန်ခဲ့တဲ့ သုံးလထဲကနေ ဒီနေရာတွေကို လစ်ဟာလိုက်ပါပြီ။ ကျွန်တော်တို့ ဆီမှာ အခုရှိနေတာက ကော်မတီအဖွဲ့ပဲရှိပါတယ်။

မဇ္ဈိမ(မေး)။။နိုဝင်ဘာ ၉ ရက်နေ့က မစ်ရှင်ဆောင်ရွက်ခဲ့တာကို အဲ့ဒီနေ့မှာပဲ GZDF က ထုတ်ပြန်ပါတယ်။ နောက်နေ့မှာ MRDA(YGN) ကလည်း ထုတ်ပြန်လာပါတယ်။ ၁၁ ရက်နေ့မှာတော့ အဲ့ဒီထုတ်ပြန်ချက်မတွေ့ရတော့ပါဘူး။ ဘာ့ကြောင့်ပါလဲ။

MRDA(YGN) (ဖြေ)။။အခုတော့ ကျွန်တော်တို့ MRDA Main Page ကနေပြီးတော့ စစ်ရေးသတင်းလို့ ကြော်ငြာထားတဲ့အရာတွေကလည်း ခဏခဏ ရီပို့ထုခံရပြီးတော့ ပို့စ်က ပျက်ပျက်ကျသွားပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ပို့စ်ထပ်တင်လို့ မရတော့တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က စစ်ရေးသတင်းဆိုပြီးတော့ ပေ့ချ်အသစ် ထပ်ဖွင့်ပြီးတော့ အဲ့ဒီမှာ ကျွန်တော်တိုရဲ့ စစ်ရေးသတင်းကို ကြော်ငြာပါတယ်။ အခု နောက်ဆုံး ပို့စ်ကလည်း ရီပို့ထုခံရပြီးတော့ ပျက်ကျသွားပါတယ်။ ကျွန်တော်တို့ ၁၀ ရက်နေ့မှာ တင်ထားတဲ့ GZDF နဲ့ ပတ်သက်နေတဲ့ မစ်ရှင်ပေါ့နော် အဲ့မစ်ရှင်ကတော့ စာအမှတ်စဉ် (၃) ပါ။ အခု ကျွန်တော်တို့ ပေ့ချ်မှာဖြစ်နေတာက စာအမှတ်စဉ် (၂) နဲ့ (၃) ရော ရီပို့ ထုခံရလို့ ပျက်ကျနေပါတယ်။

မဇ္ဈိမ (မေး)။။ယခုလိုမျိုး အငြင်းပွားဖွယ်ရာတွေဖြစ်လာတာနဲ့ ပတ်သက်လို့ ပြည်သူကို ပြောပြချင်တဲ့အကြောင်းအရာများရှိဦးမလားခင်ဗျ။

GZDF(ဖြေ)။။တစ်ခုတော့ ပြောပါရစေဗျ။ ပြန်မျှဝေပေးဖို့လည်းမေတ္တာရပ်ခံပါတယ်ဗျ၊ ကျွန်တော်တို့ GZDF သည် တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားခဲ့တာတစ်နှစ်ကျော်ပါပြီ။ တစ်နှစ်ကျော်အတွင်း ပြည်သူလူထုအပေါ် ရိုးသားစွာနဲ့အလှူခံပြီး မစ်ရှင်များစွာဆောင် ရွက်ခဲ့ပါတယ်။ ဒါကြောင့် အခုကိစ္စမှာ ကျွန်တော်တို့လုံးဝမမှားပါဘူး။ ပြည်သူကို သိစေချင်ပါတယ်။ ဘယ်တော့မှ အဲ့လိုလုပ်ရပ်မျိုးလုပ်မှာ မဟုတ်ပါဘူး။ အခု ရှင်းနေရတာကလည်း အမှန်တရားကိုသိပြီး ပြည်သူလူထုက ကျွန်တော်တို့အပေါ် အမြင် ရှင်းစေချင်လို့ပါ။

MRDA(YGN) (ဖြေ)။။ကျွန်တော်တို့ ကော်မတီအဖွဲ့အနေနဲ့ အခုဖြစ်နေတဲ့ ပြဿနာကို ဆက်လက်ပြီး စစ်ဆေးနေပါတယ်။ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ အားလုံးကို ကျွန်တော်တို့ ကော်မတီအဖွဲ့ဝင်တွေအကုန်လုံး စုပေါင်းပြီးတော့ ဝိုင်းဝန်း ဆုံးဖြတ်ကြရင်းနဲ့ပဲ ပြည်သူတွေကိုအခုလိုမျိုး အားနာစွာနဲ့ပဲ အဖြစ်မှန်ကို ချပြလိုက်ရ ပါတယ်။

စာတည်း။ ။မောင်ကောင်း
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#အင်တာဗျူး

-YGN
#မစ်ရှင်ပြဿနာ

၁၂/၁၁/၂၀၂၂ကျွန်တော်တို့ MRDA ရန်ကုန်အား GZDFတာဝန်ခံအနေနဲ့လာရောက်ဆက်သွယ်ပြီး Mission လုပ်မည့်အတွက် ထောက်ပံပေးပါရန် အကူအညီ...
11/11/2022

၁၂/၁၁/၂၀၂၂

ကျွန်တော်တို့ MRDA ရန်ကုန်အား GZDFတာဝန်ခံအနေနဲ့လာရောက်ဆက်သွယ်ပြီး Mission လုပ်မည့်အတွက် ထောက်ပံပေးပါရန် အကူအညီတောင်းခံခဲ့သည်။ ကျွန်တော်တို့ MRDAအနေဖြင့် ယင်းလာရောက်ချိတ်ဆက်သူအား လိုအပ်သည့် ပစ္စည်းနှင့် missions စရိတ် ကိုချပေးပြီး ပူးတွဲ mission လုပ်ဆောင်ရန်သဘောတူညီခဲ့ကြပါတယ်။

ယခုအချိန်တွင် ကျွန်တော်တို့၏ MRDA Yangon အား တမင်မကောင်းကြံစည်တိုက်ခိုက်ခံနေရခြင်းဖြစ်ကြောင်းနှင့် MRDA မှ တင်သမျှ စစ်ရေး missions postများအား အဖွဲ့အစည်းတစ်ခုခုမှ စောင့်ကြည့် Reportထုဖျက်ချခံနေရကြောင်း MRDAအနေဖြင့်သက်သေအချို့ဖြင့် အတိအလင်းကြေငြာအပ်ပါသည်ခင်ဗျာ။

ကျွန်တော် တို့ MRDA Yangonတပ်ဖွဲ့မှ ထိုကဲ့သို့တမင်လိမ်လည် မကောင်းကြံစည်နာမည်ဖျက်သူများကို MOD တိုင်ကြားပြီးလုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

MRDA Yangon တပ်ဖွဲ့

စစ်ရေးသတင်းထုတ်ပြန်ကြေငြာချက် အမှတ် (၀၀၁/၂၀၂၂) နေ့စွဲ။   ။အောက်တိုဘာ ၆ရက်၊ကြာသပတေးနေ့၊၂၀၂၂ နံနက် ၆နာရီအချိန်ခန့်တွင် စစ်...
10/11/2022

စစ်ရေးသတင်းထုတ်ပြန်ကြေငြာချက်

အမှတ် (၀၀၁/၂၀၂၂)

နေ့စွဲ။ ။အောက်တိုဘာ ၆ရက်၊ကြာသပတေးနေ့၊၂၀၂၂

နံနက် ၆နာရီအချိန်ခန့်တွင် စစ်တပ်​၏အမာခံ၊ စစ်တပ်နှင့်အကျိုးတူပူးပေါင်းဆောင်ရွက်မှု၊ သွားလာရာတွင်လည်း စစ်သားတစ်ချို့အားငွေပေး၍ လုံခြုံရေးအနေဖြင့်သွားလာနေသည့် ရွှေစင်စင်္ကြာပိုင်ရှင်အား ၄င်း​၏လုပ်ငန်းတစ်ခုဖြစ်သော "ရွှေစင်စင်္ကြာယာဉ်လိုင်း “ ကို မင်းဂွတ်သီးဖြင့် ပစ်သွင်းကာ ပထမဆုံးနှင့်နောက်ဆုံးအကြိမ်သတိပေးခြင်းပြုလုပ်ခဲ့သည်။

စစ်ကောင်စီနှင့်ပတ်သက်ကာ ကူညီထောက်ပံ့မည်ဆိုပါက ကျွန်ုပ်တို့အနေဖြင့်အသက်အန္တရာယ်ပါ အာမ မခံပါကြောင်းနှင့် MRDA YANGON ၏တပ်ခွဲတခုဖြစ်သော တပ်ခွဲ(၃)သည် ရန်ကုန်မြို့တွင် လူမိုက်/လူရမ်းကားများ၊ တရားမဝင်မူးယစ်ဆေးရောင်းချမူများနှင့် စစ်တပ်​၏ပျုစောထီးလူမိုက်များအပါအဝင် အခြား ပြည်သူအားထိခိုက်စေမည့် မည်သည့်အရာမဆို ရှိသည့်နေရာမှပြည်သူအားလုံခြုံမူ့အပြည့်အဝပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ခါးပိုက်နိူက်၊ ပြန်ပေးဆွဲ၊ ဓားပြမူများအတွက် ယခုကစတင်ကာ ကာကွယ်မှုအပြည့်အဝပေးနိုင်ရန် ကြိုးစားလျက်ရှိပါကြောင်း ပြည်သူတို့အား အသိပေး တင်ပြအပ်ပါသည်။

တိုင်းပြည်၏အနာဂတ်အောင်ပွဲအတွက် မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A) (YANGON)၏ နဂါးစစ်သည်တော်များအနေဖြင့် မိဘပြည်သူများ၏ စေတနာ
ဖြင့် အစဥ်မပြတ်ကြိုးစားလျက်ရှိပါကြောင်း၊ ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ ယခင်ကထက် ပို၍ကြိုးစားသွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်ကြေငြာအပ်ပါသည်။


"တိုင်းပြည်၏ သမိုင်းကောင်းတခေတ် ပြည်သူ့လက်ဖြင့် ထုဆစ်နိုင်ရမည်"

မြန်မာ့တော်ဝင်နဂါးတပ်တော်
MYANMAR’S ROYAL DRAGON ARMY (M.R.D.A) (YANGON)

Address


Website

Alerts

Be the first to know and let us send you an email when MRDA Yangon- စစ်ရေးသတင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share