Myanmar News

Myanmar News Myanmar news page မှမြန်မာပြည်သတင်းများကိုနေစ?

This page provides daily breaking news for the people of Myanmar.
ဒီပေ့ခ်ျသည်မြန်မာပြည်သူများအတွက်သတင်းထူးများကိုနေ့စဉ်တင်ဆက်ပေးသွားပါမည်။

05/12/2021
ကိုဗစ်မျိုးကွဲသစ် Omicron သည် ကမ္ဘာအနှံ့ ပြန့်ပွားနိုင်ခြေရှိပြီး အန္တရာယ် "အလွန်မြင့်မား"သောကြောင့် ကိုဗစ်ပိုး ကူးစက်မှ...
01/12/2021

ကိုဗစ်မျိုးကွဲသစ် Omicron သည် ကမ္ဘာအနှံ့ ပြန့်ပွားနိုင်ခြေရှိပြီး အန္တရာယ် "အလွန်မြင့်မား"သောကြောင့် ကိုဗစ်ပိုး ကူးစက်မှု မြင့်နေသော နိုင်ငံ ၁၃ ခုကိုထိုင်းဝင်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။
ထိုင်းမှာလဲ အဆိုပါပိုးကတစ်ယောက်ယောက်မှာ ကူးစက်နေတာတွေ့ရပြီးဆိုရင် လော့ခ်ဒေါင်းချဖို့ စဥ်စားရလိမ့်မည်ဟု သိရပါတယ်။

အောင်ဘာလေထီ အမြင့်ဆုံးဆု ကျပ်သိန်းငါးထောင်ပဲ ဆက်ဖွင့်နိုင်စစ်ကောင်စီက ဖွင့်တဲ့ (၃၃)ကြိမ်မြောက်ကျပ်တစ်ထောင်တန်အောင်ဘာလေထီ...
01/12/2021

အောင်ဘာလေထီ အမြင့်ဆုံးဆု ကျပ်သိန်းငါးထောင်ပဲ ဆက်ဖွင့်နိုင်

စစ်ကောင်စီက ဖွင့်တဲ့ (၃၃)ကြိမ်မြောက်ကျပ်တစ်ထောင်တန်အောင်ဘာလေထီသိန်းဆုဖွင့်ပွဲကို ဒီနေ့ ဒီဇင်ဘာ ၁ ရက်က ရန်ကုန် အောင်ဘာလေသိန်းဆုဌာနခွဲမှာ ပြုလုပ်ရာ အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်းငါးထောင်ဆုသာ ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေရဲ့ထီဖွင့်ပွဲကစပြီးထီရောင်းချရငွေရဲ့ ၇၀ ရာခိုင်နှုန်းထိ တိုးမြှင့်ပြီးထီဆုတွေချီးမြှင့်မယ်လို့ ဆိုထားပြီး ထီပေါက်ဆုငွေကိုလည်း ကန့်သတ်မထားဘဲတလုံးတခဲတည်း ချီးမြှင့်ပေးမယ်လို့ စစ်ကောင်စီက ဆိုထားပေမယ့် အခုလလည်း ကျပ်သိန်းငါးထောင်ဆုသာအမြင့်ဆုံးဖွင့်ပေးနိုင်တာတွေ့ရပါတယ်။အာဏာမသိမ်းခင် ဇန်နဝါရီလအထိအောင်ဘာလေထီဆုကို အမြင့်ဆုံးကျပ် သိန်းတစ်သောင်းခွဲထိ ဖွင့်လှစ်ခဲ့ပါတယ်။

ဓာတ်ပုံ- ရွှေအင်းသားခင်မောင်ဝင်း

ဗိုလ်တထောင်ယာဉ်ထိန်းရုံးတွင်း တပ်စွဲထားတဲ့လုံခြုံရေးစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်မြို့ပြပြောက်ကျားစစ်ဆင်ရေးအဖွဲ့ပ...
23/10/2021

ဗိုလ်တထောင်ယာဉ်ထိန်းရုံးတွင်း တပ်စွဲထားတဲ့လုံခြုံရေးစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်မြို့ပြပြောက်ကျားစစ်ဆင်ရေးအဖွဲ့ပြော

စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးတယ်လို့ဆို

၂၃ အောက်တိုဘာ ၂၀၂၁

ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းပေါ်မှာရှိတဲ့ ယာဉ်ထိန်းရုံးအတွင်းမှာ အကာအကွယ်ယူပြီးလုံခြုံရေးကင်းစခန်းလုပ်ထားတဲ့နေရာကို ရန်ကုန်မြို့ပြပြောက်ကျားလူငယ်အဖွဲ့တွေက ဒီကနေ့အောက်တိုဘာ ၂၃ ရက်မနက်အစောပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဒီလှုပ်ရှားမှုမှာပါဝင်သူတွေကပြောပါတယ်။

“ တိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ စစ်ကောင်စီ ၄ဦးသေတယ်ဆိုတာလည်းအတည်ပြုနိုင်ပါတယ်။စစ်ဆေးတင်းကျပ်တဲ့နေရာတွေမှာ မြို့ပြလှုပ်ရှားမှုတွေအတွက်ကတော့အခက်အခဲတွေရှိနေတုန်းပါပဲ” လို့ရန်ကုန်မြို့ပြပြောက်ကြားစစ်ဆင်ရေးမှာပါဝင်သူတစ်ဦးက ဗိုလ်တထောင်ဖြစ်စဉ်နဲ့ပတ်သက်ပြီးအတည်ပြုပြောပါတယ်။

ဒီပြောက်ကျားတိုက်ခိုက်မှုကိုတော့ ရန်ကုန်မြို့ပြပြောက်ကျားစစ်ဆင်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ S21 က ပြုလုပ်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ရဲ့ဦးစီးမှုနဲ့လုပ်တဲ့လှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ လှုပ်ရှားမှုမှာပါဝင်သူတွေကပြောပါတယ်။

ရန်ကုန်မြို့ထဲမှာဆိုရင် မနေ့အောက်တိုဘာ ၂၂ရက်နေ့ကဗိုလ်တထောင်မြို့နယ်အတွင်းကကမ္ဘောဇဘဏ်ခွဲတစ်ခု ဓါးပြတိုက်မှုဖြစ်ခဲ့တာကြောင့် မြို ထဲဝန်းကျင်နဲ မဟာဗန္ဓုလလမ်းတလျှောက် မှာလည်းစစ်ကောင်စီတပ်ကားတွေ လှည့်လှည်တာ တံတားပေါ်မှာ ပစ်ခတ်ဖို့အသင့်အနေအထားနဲ့ လုံခြုံရေးယူထားတာတွေရှိခဲ့ပါတယ်။

ဒီလိုလုံခြုံရေးတင်းကျပ်မှုတွေကြားက အခုလိုတိုက်ခိုက်မှုတွေဖြစ်ခဲ့တာဖြစ်ပြီးဒီကနေ့ မနက်ပိုင်း ဗိုလ်တထောင်မြို့နယ်အတွင်းက စစ်ကောင်စီတပ်သားတွေ
ပစ်ခတ်ခံရပြီးသေဆုံးတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

စစ်တွေမှာ မွတ်ဆလင်ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေးစထိုးပေးနေရခိုင်ပြည်နယ်အတွင်းကျောင်းသူကျောင်းသားတွေဆေးထိုးပြီးရင်ကျောင...
23/10/2021

စစ်တွေမှာ မွတ်ဆလင်ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေးစထိုးပေးနေ

ရခိုင်ပြည်နယ်အတွင်းကျောင်းသူကျောင်းသားတွေဆေးထိုးပြီးရင်ကျောင်းတွေပြန်ဖွင့်မယ်လို့ဆို

၂၃ အောက်တိုဘာ ၂၀၂၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ မွတ်ဆလင် ကျောင်းသူကျောင်းသားတွေကို ဒီကနေ့အောက်တိုဘာ ၂၃ ရက် ကနေစပြီးတော့ ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ ထိုးပေးနေပြီလို့ဒေသခံတွေကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာဆိုရင်အခုအောက်တိုဘာလ ၁၇ရက်နေ့စပြီးရခိုင်ပြည်နယ်တစ်ခုလုံးမှာရှိတဲ့အသက် ၁၂နှစ်အထက်အခြေခံပညာအလယ်တန်းနဲ့အထက်တန်းကျောင်းသူကျောင်းသားတွေကို
ကာကွယ်ဆေးထိုးပေးနေတာဖြစ်ပါတယ်။

စစ်တွေမြို့နယ်အတွင်းက မွတ်ဆလင်ကျောင်းသားတွေကိုတော့ သက္ကေပြင်ကုန်း၊ ဆေးသမား၊ ခေါင်းဒုက္ကာ၊ သဲချောင်း၊ ဘုမေ၊ အုန်းတောကြီး၊ အုန်းတောချေ IDP၊ သံတော်လီ၊ ဒါးပိုင်၊ အောင်တိုင်၊ ပလ္လင်ပြင် စတဲ့အခြေခံပညာကျောင်းတွေမှာ ထိုးပေးနေတယ်လို့သိရပါတယ်။

အခုလို ဆေးထိုးခွင့်ရရှိကြမယ့် မွတ်ဆလင်ကျောင်းသူကျောင်းသားဦးရေကတော့ ၃၀၀၀ဦးဝန်းကျင်ခန့်ရှိပြီး အောက်တိုဘာ ၂၃ ကနေ ၂၈ရက်နေ့အထိ ကာကွယ်ဆေးအပြီးထိုးပေးသွားမှာဖြစ်တယ်လို့ကျန်းမာရေးဌာနရဲ့စာရင်းတွေအရသိရပါတယ်။

ရခိုင်ပြည်နယ် တပြည်နယ်လုံးမှာတော့ ဆေးထိုးခွင့်ရရှိကြမယ့် အခြေခံပညာကျောင်းသားပေါင်း ၁ သိန်း ၈သောင်းကျော်ရှိနေပြီး ကျောင်းသူကျောင်းသားအားလုံး ကာကွယ်ဆေးထိုးပြီးရင်တော့ ကျောင်းတွေအားလုံးပြန်လည်ဖွင့်လှစ်သွားမယ်လို့ပြည်နယ်ကောင်စီကပြောပါတယ်။

လှိုင်သာယာမှာ ဆိုင်ကယ်၊ သုံးဘီးမစီးရလို့ စစ်ကောင်စီကြေညာဖမ်းဆီးမှုတွေလည်းစလုပ်နေ၂၃ အောက်တိုဘာ ၂၀၂၁စစ်အုပ်ချုပ်ရေးကြေညာထာ...
23/10/2021

လှိုင်သာယာမှာ ဆိုင်ကယ်၊ သုံးဘီးမစီးရလို့ စစ်ကောင်စီကြေညာ
ဖမ်းဆီးမှုတွေလည်းစလုပ်နေ

၂၃ အောက်တိုဘာ ၂၀၂၁

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာ ဆိုင်ကယ်နဲ့ ဘေးတွဲ(သုံးဘီး)ဆိုင်ကယ်တွေ စီးနင်းခွင့်မပြုတော့ဘူးလို့ မနေ့အောက်တိုဘာ ၂၂ ရက်ညပိုင်းကနေစပြီး အုပ်ချုပ်ရေးမှူးတွေက မြို့ထဲလိုက်လံကြေညာခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“မနေ့ညကတည်းက လှိုင်သာယာတမြို့လုံး လှည့်ကြေညာနေတာ၊ မြို့တော်ဝန်အမိန့်လို့လည်းပြောတယ်။လှိုင်သာယာမှာဆိုရင် အခြေခံလူတန်းစားလူဦးရေတဝက်လောက်က စက်ရုံဆင်းပြီး တဝက်လောက်က ကယ်ရီဆွဲနေရတာ။ အကုန်ဒုက္ခရောက်ကုန်တော့မှာ။ ဒီကနေ့မနက်တော့ စဖမ်းနေပြီ။ ကယ်ရီဆွဲတဲ့သူတွေကတော့ နေရာရှောင်ပြီးဆွဲနေတဲ့လူလည်းရှိတယ်။ စစ်သားနဲ့ရဲတွေကတော့ လမ်းဆုံတွေမှာ အထိုင်ချပြီးစောင့်ဖမ်းနေတယ်” လို့ လှိုင်သာယာမြို့မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

အခုလို ဆိုင်ကယ်စီးခွင့်တွေ ကန့်သတ်တာဟာ မြို့တွင်းပြောက်ကျားလှုပ်ရှားသူလူငယ်တွေကဆိုင်ကယ်ကိုအသုံးပြုပြီး ဖောက်ခွဲရေးနဲ့ပြောက်ကျားလှုပ်ရှားမှုတွေကိုလုပ်တယ်ဆိုတဲ့ယူဆချက်နဲ့ ပိတ်ပင်မှုတွေလုပ်တာဖြစ်နိုင်ကြောင်းကိုလည်း လှိုင်သာယာဒေသကာကွယ်ရေးတပ်ကလူငယ်တွေကသုံးသပ်ပြောပါတယ်။

ဒီကနေ့အောက်တိုဘာ ၂၃ ရက်မနက်ပိုင်းကစလို့ လှိုင်သာယာမြို့အဝင်အထွက်နဲ့လမ်းဆုံ၊ လမ်းခွနေရာတွေမှာတော့ ရဲနဲ စစ်ကောင်စီတွေတပ်စွဲပြီး စောင့်ကြည့်ဖမ်းဆီးမှုတွေ ဆက်လုပ်နေတယ်လို့လည်းဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

မြန်မာ ၃၃ ဦးပိတ်ဆို့ဖမ်း ၂၅၀၀၀ ဘတ်ပေးခဲ့ရဆို----------------------------------၂၀ အောက်တိုဘာ  ၂၀၂၁ကန်ကျနဘူရီခရိုင်ကနေ နယ်...
20/10/2021

မြန်မာ ၃၃ ဦးပိတ်ဆို့ဖမ်း ၂၅၀၀၀ ဘတ်ပေးခဲ့ရဆို
----------------------------------
၂၀ အောက်တိုဘာ ၂၀၂၁
ကန်ကျနဘူရီခရိုင်ကနေ နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်လာတဲ့ မြန်မာနှစ်အုပ်စု လူ ၃၃ ဦးကိုဖမ်းဆီးမိ၊ ဗန်ကောက်၊ စမုဆာခွန်ခရိုင်၊ စမုပရာကန်ခရိုင်နဲ့ ဘန်ပုံကိုသွားမည်ဟုသိရ
အောက်တိုဘာ ၁၉ ရက်၊ သတင်းရရှိချက်အရ ထိုင်းနယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနှစ်အုပ်စုကို ဖမ်းဆီးမိထားတယ်လို့ သိရပါတယ်။
ပထမဦးဆုံးမြန်မာ ၅ ဦးကိုအရင်ဖမ်းမိခဲ့ပါတယ်။ သူတို့ကို မူ ၂ ဘန်ကောင်ကျေးရွာအုပ်စု၊ ကန်ကျနဘူရီမြို့နယ်၊ ကန်ကျနဘူရီခရိုင်မှာဖမ်းဆီးရမိခဲ့တာပါ။ ဝင်ရောက်ဖမ်းစဥ်လမ်းပြဖြစ်သူ ထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။ မြန်မာ ၅ ဦးထဲမှာ ပဲခူးကနေ ၂ ဦး၊ ရန်ကုန် ၃ ဦးတို့ဖြစ်ပြီး၊ ဗန်ကောက်ကိုသွားဖို့ တစ်ဦးလျှင် ၂၅၀၀၀ ဘတ်ပေးခဲ့ရတယ်လို့ ဖမ်းမိတဲ့မြန်မာတွေထံကသိရပါတယ်။
ဒုတိယမြန်မာအုပ်စုကတော့ မူဘန့်ချိုင်ပါကျေးရွာ၊ စီမွန်ခွန်ကျေးရွာအုပ်စု၊ ဆိုင်ယို့မြို့နယ်၊ ကန်ကျနဘူရီခရိုင်မှာဖမ်းမိခဲ့တာလို့သိရပါတယ်။ သံသယဖြစ်စရာလူအုပ်စုတစ်စုတွေ့တယ်လို့ သတင်းပေးပို့ချက်အရ အာဏာပိုင်တွေသွားရောက်စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။
အခင်းဖြစ်တဲ့နေရာကိုရောက်သွားတော့ တောတွင်းမှာပုန်းနေတဲ့မြန်မာ ၂၈ ဦးကိုတွေ့တော့၊ ထိုင်းအာဏာပိုင်တွေကထွက်ပြေးလို့မရအောင် ပိတ်ဆို့ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၅ ဦးတို့ဖြစ်ကြပါတယ်။ ပဲခူး ၂၄ ဦး၊ မကွေး ၁ ဦး၊ မွန်ပြည်နယ်က ၁ ဦးနဲ့ ရန်ကုန်က ၂ ဦီးဖြစ်ပြီး၊ ထိုင်းနိုင်ငံ စမုဆာခွန်ခရိုင်၊ စမုပရာကန်ခရိုင်၊ ဘန်ပိုမြို့၊ ရာချာဘူရီခရိုင်တွေမှာအလုပ်သွားလုပ်ဖို့ တစ်ဦိးလျှင် ၁၇၀၀၀-၁၈၀၀၀ ဘတ်ကုန်ကျခဲ့တယ်လို့ အလုပ်သမားထံကသိရပါတယ်။
ကိုချစ် ဇွဲကပင်မြေ
ข่าวภูมิภาคกาญจนบุรี

မြဝတီမြို့တွင် ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် ဖမ်းဆီးခံရသူများထဲမှ ၂၀ ဦး လွှတ်ပေး၁၉ အောက်တိုဘာ ၂၀၂၁ကရင်ပြည်နယ် မြဝတီမြို့တွ...
19/10/2021

မြဝတီမြို့တွင် ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် ဖမ်းဆီးခံရသူများထဲမှ ၂၀ ဦး လွှတ်ပေး

၁၉ အောက်တိုဘာ ၂၀၂၁

ကရင်ပြည်နယ် မြဝတီမြို့တွင် ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်းဆီးခံရပြီး တရား ရင်ဆိုင်နေရသူ ၂၀ ဦးအား ယနေ့ (အောက်တိုဘာလ ၁၉ ရက်) မွန်းတည့် ၁၂ နာရီခန့်က မြို့နယ်တရားရုံးမှာ အမှုပိတ်သိမ်း၍ လွှတ်ပေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါလအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများတွင် ပါဝင်ခဲ့၍ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရကာ မြဝတီရဲစခန်း၌ (၇) လ နီးပါးထိန်းသိမ်းခံရပြီး မြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်နေရသူ ၅၈ ဦး ရှိသည့် အနက် ယနေ့တွင် ၂၀ ဦးအား အမှုပိတ်သိမ်း၍ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

"ဒီကနေ့ လွှတ်ပေးတာကတော့ အမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီး ၅ ယောက် စုစုပေါင်း အယောက် ၂၀ ပေါ့။ ပြည်ထောင်စုအဆင့်ကနေပြီး ပေးပို့ထားတဲ့ နာမည် စာရင်းအတိုင်း လွှတ်ပေးရတာပါ။ ဒီတစ်ခေါက် လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒီအ ယောက် ၂၀ပဲ ပါဝင်ပါတယ်။ အချုပ်ထဲမှာ ကျန်ရှိနေတဲ့ သူတွေလည်း ရှိပါတယ်။ သူတို့တွေကတော့ နောက်တစ်ကြိမ် လွတ်ငြိမ်းချမ်းသာမှာ အမည်စာရင်းပါမှပဲ လွှတ်ပေးခွင့် ရှိပါမယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် မြဝတီမြို့တွင် ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ခံရသူ ၁၀၀ ကျော်ရှိခဲ့ပြီး ထိုထဲမှ ပြီးခဲ့သည့် နှစ်လခန့်က ၃၉ ဦး လွှတ် ပေးခဲ့သလို ယနေ့တွင် ၂၀ ဦး ထပ်မံလွှတ်ပေးခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍ ပုဒ်မ ၅၀၅(က) ဖြင့် လက်ရှိ မြဝတီရဲစခန်း အချုပ်တွင်းမှ အမှုရင်ဆိုင် နေရသူ ၃၈ ဦး ကျန်ရှိနေသလို တိမ်းရှောင်နေသူ ၃၀ ကျော် ရှိကြောင်း သိရသည်။

သီတင်းကျွတ်ကာလ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံတဝှမ်းရှိ အချုပ်ထောင် အသီး သီးမှ နိုင်ငံရေးအကျဉ်းသား ၁၃၁၆ ဦးနှင့် အမှုရင်ဆိုင်နေရဆဲ ၄၃၂၀ ဦးအား လွှတ် ပေးမည်ဟု စစ်ကောင်စီက ယမန်နေ့ အောက်တိုဘာ ၁၈ ရက်စွဲဖြင့် ထုတ်ပြန် ကြေငြာထားသည်။

ထိုသို့ ထုတ်ပြန်ကြေညာထားပြီးနောက် ယမန်နေ့က ညနေပိုင်းမှစ၍ နိုင်ငံတဝှမ်းရှိ အကျဉ်းထောင် အသီးသီးရှိနိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးပုဒ်မဖြင့် အချုပ်တွင်းမှ အမှုရင်ဆိုင်နေရဆဲ အချုပ်သားများကို အမှုပိတ်သိမ်း၍ လွှတ်ပေး လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးမှု များတွင် မပါဝင်သော ဆန္ဒပြသူများကို လွှတ်ပေးမည်ဟု ဖော်ပြထားသော်လည်း ၎င်းတို့၏ မိသားစုဝင်များမှာ သာမန်ဆန္ဒပြသူများသာဖြစ်သော်လည်း လွှတ်မြောက် လာခြင်း မရှိသေး၍ ယခု လွတ်ငြိမ်းချမ်းသာခွင့်မှာ တန်းတူညီမျှမှုမရှိကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေသည်။

မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်းမှာ ပေါက်ကွဲမှုဖြစ်၁၉ အောက်တိုဘာ ၂၀၂၁မန္တလေးမြို့ မဟာအောင်မြေကျောက်မျက် ရောင်းဝယ်ရ...
19/10/2021

မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်းမှာ ပေါက်ကွဲမှုဖြစ်

၁၉ အောက်တိုဘာ ၂၀၂၁

မန္တလေးမြို့ မဟာအောင်မြေကျောက်မျက် ရောင်းဝယ်ရေးစခန်းမှာ ဒီနေ့ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး စခန်းပိတ်စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ကျောက်စိမ်းကုန်သည်တွေက ပြောပါတယ်။

"အုန်းကနဲ တစ်ချက်ကြားရပြီးတဲ့နောက် ပြေးကြရတာပဲ။ သေနတ်သံ နှစ်ချက်ပစ်သံလည်းကြားရတယ်။ အတွင်းဝိုင်းထဲ အရောင်းအဝယ်လုပ်သူ တချို့လည်း ထွက်ပြေးကြတာ။ အခုက WeChat လုပ်သူတွေပဲ အတွင်းထဲပိတ်မိနေတာ။ အခု ဝိုင်းက တံခါးတွေပိတ်ပြီး စစ်ဆေးနေတယ်"လို့ ကျောက်စိမ်းကုန်သည် တစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုမှာ မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်းရဲ့ အနောက်မြောက်ဘက်ခြမ်း သန့်စင်ခန်းအနီးဝန်းကျင်ဖြစ်ပြီး မနက် ၁၁ ဝန်းကျင်မှာ ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲပစ်ခတ်လို့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့လည်း ကျောက်ကုန်သည်တွေက ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး ကျောက်မျက်ရောင်းဝယ်ရေး စခန်းထဲမှာ WeChat နဲ့ အရောင်းအဝယ်လုပ်သူတွေဟာ နာရီပိုင်းကျော်တဲ့အထိ အပြင်ထွက်ခွင့်မရဘဲ စစ်ကောင်စီဘက်က စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပုံစာ -အောက်တိုဘာလလယ်ပိုင်းက မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်း အပြင်ပိုင်းမှာ ကျောက်အရောင်းဝယ် ပြုလုပ်နေကြတာဖြစ်ပါတယ်။
ဓာတ်ပုံ - CJ

ဖမ်းဆီးခံထားရတဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌကို ဆက်သွယ်မရတာ ၁ လပြည့်ပြီ၁၉ အော်တိုဘာ ၂၀၂၁စစ်ကိုင်းပညာရ...
19/10/2021

ဖမ်းဆီးခံထားရတဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌကို ဆက်သွယ်မရတာ ၁ လပြည့်ပြီ

၁၉ အော်တိုဘာ ၂၀၂၁

စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ဥက္ကဋ္ဌဖြစ်သူ မအေးနန္ဒာစိုးဟာ စစ်ကောင်စီရဲ့ဖမ်းဆီးခံရတာ တစ်လပြည့်ပြီဖြစ်ပေမဲ့ သူ့ကို ဘယ်နေရာမှာထိန်းသိမ်းထားတယ်ဆိုတာမသိရဘဲ အဆက်အသွယ်ပြတ်တောက်နေဆဲလို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က ထုတ်ပြောလာပါတယ်။

မအေးနန္ဒာစိုးကို စစ်ကောင်စီရဲ့အရပ်ဝတ်တွေက စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းမှာဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီနေ့ နိုဝင်ဘာလ ၁၉ ရက်မှာ တစ်လတိတိပြည့်ပေမဲ့ အခုအချိန်အထိ သူ့ကို ဆက်သွယ်မရဖြစ်နေဆဲလို့ ဗကသများအဖွဲ့ချုပ်က သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်နဲ့ သိမ်းပြီးတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေနဲ့သမဂ္ဂအဖွဲ့ဝင်ကျောင်းသားတွေ ၃၈ ဦးအထိရှိပြီး အဲဒီမှာ ၂၄ ဦးဟာ စိုးရိမ်စရာအခြေအနေအရပ်ရပ်ကို ကြုံနေရတယ်ဆိုပြီး ဗကသများအဖွဲ့ချုပ်က အစောပိုင်းတုန်းက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ အကျဉ်းသားလွတ်ငြိမ်းခွင့် လူ့အခွင့်ရေးအဖွဲ့တွေ ဝေဘန် ၁၉ အော်တိုဘာ ၂၀၂၁စစ်ကောင်စီက သူတို့ ဖမ်းဆီးထားသူတွေကို...
19/10/2021

စစ်ကောင်စီရဲ့ အကျဉ်းသားလွတ်ငြိမ်းခွင့် လူ့အခွင့်ရေးအဖွဲ့တွေ ဝေဘန်

၁၉ အော်တိုဘာ ၂၀၂၁

စစ်ကောင်စီက သူတို့ ဖမ်းဆီးထားသူတွေကို တနင်္လာနေ့က ခံဝန်နဲ့ ပြန်လွှတ်တဲ့ လုပ်ရပ်ကြောင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ သူတို့အပေါ်ရှိနေတဲ့ သဘောထားနဲ့ ဖိအားတွေ ပြောင်းလဲသွားဖို့မရှိကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက တုန့်ပြန်ပြောကြားလိုက်ပါတယ်။

အာဏာသိမ်းပြီးနောက် ထောင်နဲ့ချီအဖမ်းခံရသူတွေထဲ မနေ့က ၁၃၀၀ ကျော်ကို ခံဝန်နဲ့ ပြန်ပြီးလွှတ်ပေးခဲ့တာကြောင့် မကြာခင်ကျင်းပတော့မယ့် ထိပ်သီးစည်းဝေးပွဲနဲ့ ပတ်သက်လို့ အာဆီယံသဘောထား အပြောင်းအလဲရှိမလား။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အမြင်တွေ ဘယ်လိုရှိသလဲ။ HRW နဲ့ Progressive Voice တို့က တာဝန်ရှိသူတွေကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြလို့ ဖမ်းဆီး ပြစ်ဒဏ်ချခံထားရတဲ့ အကျဉ်းသား ၁၃၀၀ ကျော်ကို တနင်္လာနေ့က ကန့်သတ်ချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြူလိုက်သလို အမှုရင်ဆိုင်နေရာသူ လေး ထောင်ကျော်ကိုလည်း အမှုတွေ ပိတ်သိမ်းပြီး လွှတ်ပေးမယ်လို့ စစ်ကောင်စီက မနေ့က ကြေညာခဲ့ပါတယ်။ အခုလိုလွှတ်ပေးသူတွေထဲ သတင်းသမားတချို့ပါဝင်ပေမယ့် အင်းစိန်ထောင်မှာ လပေါင်းများစွာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန်သတင်းသမား Danny Fenster လွတ်မြောက်ဖို့ရှိမရှိ မသိရသေးဘူးလို့ သူ့ရှေနေ ဦးသန်းဇော်အောင်က ဗွီအိုအေကိုပြောပါတယ်။ ဒါအပြင် Danny Fenster ကိုလွှတ်ပေးဖို့ မျှော်လင့်ကြောင်းလည်း သူက အခုလို ပြောပါတယ်။

"ကြေညာချက်အရဆိုရင်တော့ လူသတ်၊ လုယက်၊ မီးရှို့၊ ပြည်သူပိုင်ပစ္စည်းဖျက်စီးမှုတွေကလွဲပြီး ဆန္ဒပြမှုနဲ့နွယ်တဲ့ဟာတွေ လွှတ်ပေးမယ်ဆိုတော့ Danny Fenster ကတော့ ပါမယ်လို့ ကျနော်ထင်ပါတယ်။ အခုကတော့ စာရင်း အကုန်မရသေးတော့ ကျန်တာကတော့ ပြောဖို့ခက်တယ်။"

အခုလို စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သူတွေကို ဖမ်းဆီးပြီး ပြန်လွှတ်ပေးတဲ့လုပ်ရပ်ကြောင့် အာဆီယံအပါအဝင် နိုင်ငံတကာရဲ့ အသိုင်းအဝိုင်းရော သဘောထားပြောင်းလဲဖို့ရှိမလား။ အာဆီယံလူထုအခြေပြုအဖွဲ့ဖြစ်တဲ့ Progressive Voice ရှေ့ပြေးအသံ အကြံပေးဘုတ်အဖွဲ့ဥက္ကဌ မခင်ဥမ္မာရဲ့ အမြင်ကတော့-

"အာဆီယံက အခုလို ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ ကိစ္စဟာ လွယ်လွယ်ကူကူဆုံးဖြတ်ထားတာ မဟုတ်ဘူး။ နဂိုကတည်းက အာဆီယံဟာ အဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ပြည်တွင်းရေးကို ကြားဝင်မစွက်ဖက်တဲ့ မူနဲ့ ပဲရပ်တည်မယ်ဆိုပြီး လက်ခံကျင့်သုံးနေတဲ့ ဒေသတွင်းဆိုင်ရာ အဖွဲ့အစည်းဖြစ်တယ်။ အဲဒီမူအပေါ်မှာ ရပ်တည်နေတဲ့ကြားထဲကမှ အခုလိုမျိုး အင်မတန် နိုင်ငံရေးအရ ကြီးလေးတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တယ်ဆိုတာက အစကတည်းက အဖမ်းမခံရသင့်တဲ့သူတွေကို ကောက်လွှတ်ပေးလိုက်လို့ သူတို့ဘက်ကလည်း ကလေးတွေလိုမျိုး ရပါတယ်၊ ခင်ဗျားတို့ကို အစည်းအဝေးပေးတက်လိုက်တော့မယ်ဆိုတာမျိုးတော့ လုပ်လို့မရဘူးပေါ့နော်။ သူ့မှာရော၊ နိုင်ငံတကာမှာ လုပ်ထုံးလုပ်နည်းတွေရှိတယ်။ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ ဂုဏ်သိက္ခာတွေရှိတယ်။ အာဆီယံက အရင်ကတည်းက မြန်မာစစ်တပ်ကိုနှစ်ပေါင်းများစွာက အကာအကွယ်ပေးတယ်ဆိုတာမျိုးကို နိုင်ငံတကာနဲ့ ကျမတို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေအားလုံးက တောက်လျောက်ပြောလာတာ၊ သူတို့ခံလာခဲ့ရတာလည်း ကြာပြီ။ အဲတော့ ဒီတခေါက်မှာတော့ ကမ္ဘာသိမြင်ထားတဲ့ အကြမ်းဖက်မှုတွေအောက်မှာ သူတို့က လူသတ်သမားတွေ၊ သွေစွန်းတဲ့လက်တွေကို ဆက်ပြီးတော့မှ လက်ဆွဲနှုတ်ဆက်ပြီး ပေးတက်မယ်ဆိုရင် အာဆီယံကို ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်နဲ့ပါ အာဆီယံက မြန်မာနိုင်ငံရဲ့ အကြပ်အတည်းကို ဦးဆောင်ဖြေရှင်းပေးဖို့ကို အားလုံးကို ဝန်းရံပြီး သူတို့ကို ပံ့ပိုးထားတဲ့ အနေအထားမှာ သူတို့ဘက်က ဂုဏ်သိက္ခာကို အကျခံမှာ မဟုတ်ဘူးလို့ ကျမမြင်တယ်။"

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီက ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးတာဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ထဲက တချို့ ကို လိုက်နာတယ်လို့ရော မြင်ပါသလားလို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာတာဝန်ခံ Brad Adams ကိုမေးကြည့်ပါတယ်။

"မမြင်ပါဘူး။ သူတို့အနေနဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို လုံးဝလိုက်နာတယ်လို့ မထင်ပါဘူး။ ဒါက သူတို့ သုံးနေကျ နည်းဗျူဟာတခုပါ။ သူတို့ ထိပ်သီးအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တဲ့အပေါ်မှာ စစ်ခေါင်းဆောင်တွေ အံသြသွားပုံရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း သူတို့အပေါ် ထိထိရောက်ရောက်နဲ့ ဖိအားပေးခြိမ်းခြောက်ခံရတာမျိုး စစ်ကောင်စီက မကြုံခဲ့ရပါဘူး။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆောင်ရွက်မှုတွေကလည်း သူတို့ကို ခြိမ်းခြောက်တဲ့ အဆင့်တောင် မရောက်ပါဘူး။ ဒါပေမယ့် အခုတော့ သူတို့ တွက်ချက်တာမှားသွားပြီလို့ စစ်ကောင်စီက သိသွားတယ်လို့ထင်ပါတယ်။ ဒါကြောင့် အကျဉ်းသားတွေကို လွှတ်ပေးတာဟာ သူတို့ အရင်က လုပ်နေတဲ့ နည်းအတိုင်းဖြစ်ပါတယ်။ နောက်ပြီး လွှတ်ပေးတဲ့နေရာမှာလည်း ခံဝန်နဲ့ လွှတ်ပေးတာဖြစ်တဲ့အတွက် အချိန်မရွေးပြန်ပြီး အဖမ်းခံရနိုင်ပါတယ်။ အာဆီယံရဲ့ဘုံသဘောတူညီချက်ကို အားလုံးသိပါလိမ့်မယ်။ အဓိက အဲဒီသဘောတူညီချက်မှာ ပါတာက NLD အပါအဝင် နိုင်ငံရေးအရ သက်ဆိုင်သူအားလုံးနဲ့ အလေးအနက်ထားဆွေးနွေးဖို့ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီက ဒီဘုံသဘောတူညီချက်တွေကို လိုက်နာတင်လို့ ကျနော်မမြင်ပါဘူး။"
အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူတွေကို စစ်ကောင်စီက ပြန်လွှတ်ပေးနေတဲ့ အခြေအနေကို ကုလသမဂ္ဂဘက်ကလည်း အနီးကပ်စောင့်ကြည့်နေပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတ ဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကိုချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ စစ်ကောင်စီကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကထပ်မံ တိုက်တွန်းထားပါတယ်။

မြိတ်မြို့က  ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး သေနတ်နှင့် ပစ်သတ်ခံရ၁၉ အောက်တိုဘာ ၂၀၂၁တနင်္သါရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ...
19/10/2021

မြိတ်မြို့က ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး သေနတ်နှင့် ပစ်သတ်ခံရ

၁၉ အောက်တိုဘာ ၂၀၂၁

တနင်္သါရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းပေးလို့ နာမည်ကျော်ကြားနေသူတစ်ဦး ဒီကနေ့ နံနက်ပိုင်းမှာ သေနတ်နှင့် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိတ်မြို့ မြို့သစ် အောင်ဆန်းလမ်းမကြီး လမ်းဆုံအနီးက ကွန်ပျူတာစာစီစာရိုက်ဆိုင်အရှေ့မှာ စစ်တပ်သတင်းပေးတစ်ဦးကို အမည်မသိလူတစ်စုက သေနတ်နှစ်ချက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

" မနက်က သူအပြင်မှာ သွားလာနေတုန်း လူအသွားအလာများတဲ့နေရာ လမ်းဆုံမှာပဲ သေနတ်နှစ်ချက်ပစ်ခံထိသွားတယ်၊ ဘယ်အဖွဲ့အစည်းက ပစ်သွားလဲတော့ မသိရဘူး၊ လူတစ်စုလာပစ်သွားတာပဲ သိရတယ်။ မျက်မြင်တွေ့တဲ့သူပြောတာက ပွဲချင်းပြီး သေသွားတာပဲ"လို့ ဆိုပါတယ်။

သေနတ်ပစ်သတ်ခံရသူမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ စည်းရုံးရေးမှူး ဦးသိန်းဝင်း ဆိုသူဖြစ်ပါတယ်။

အဆိုပါ ပစ်ခတ်မှုကို မြိတ်ဒေသကာကွယ်ရေးတပ်ဖွဲ့(MLDF)မှ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - Crd

အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းသားတွေကိုစတင်လွှတ်ပေးနေ၁၉ အော်တိုဘာ ၂၀၂၁ဒီကနေ့အောက်တိုဘာ ၁၉ရက်နေ့မနက် ၁၁ နာရီဝန်းကျင်မှာ ရန...
19/10/2021

အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းသားတွေကိုစတင်လွှတ်ပေးနေ

၁၉ အော်တိုဘာ ၂၀၂၁

ဒီကနေ့အောက်တိုဘာ ၁၉ရက်နေ့မနက် ၁၁ နာရီဝန်းကျင်မှာ ရန်ကုန်အင်းစိန်အကျဉ်းထောင်မှာအကျဉ်းသားတချို့ကိုစတင်လွှတ်ပေးနေတယ်လို့ သတင်းပေးပို့ချက်တွေအရသိရပါတယ်။

လက်ရှိအချိန်ထိ အင်းစိန်အကျဉ်းထောင်အတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတချို့ကိုတင်ဆောင်ထားတဲ့ကားတွေစတင်ထွက်လာနေပြီး သာကေတ၊ သဃ်န်းကျွန်း၊ တာမွေ၊ တောင်ဒဂုံ စတဲ့အရှေ့ပိုင်းခရိုင် အတွင်းက မြို့နယ်ရဲစခန်းအသီးသီးမှာ တရားစွဲဆိုဖမ်းဆီးခံထားရသူတွေကနဦးပါဝင်နေတယ်လို့သိရပါတယ်။

အင်းစိန်အကျဉ်းထောင်ရှေ့မှာတော့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေရာချီ စောင့်ဆိုင်းနေဆဲဖြစ်ပြီးနောက်ထပ်လွတ် မြောက်လာမယ့်သူတွေလည်းဆက်ရှိနေပါသေးတယ်။

ဓါတ်ပုံ-ဘီဘီစီ

ပိုမိုများပြားလာသော စစ်ဘေးဒုက္ခသည်များ++++++++++++++++++++++++++++++(အချက်အလက်ဖော်ပြချက်)၁၃ အော်တိုဘာ ၂၀၂၁ကမမောင်းမြို့က...
13/10/2021

ပိုမိုများပြားလာသော စစ်ဘေးဒုက္ခသည်များ
++++++++++++++++++++++++++++++
(အချက်အလက်ဖော်ပြချက်)

၁၃ အော်တိုဘာ ၂၀၂၁

ကမမောင်းမြို့က ဖာပွန်စစ်ရှောင်

ကမမောင်းမြို့ စာသင်ကျောင်းမှာ ဖာပွန်ဒေသက စစ်ရှောင် ၁၀၀ ကျော်ရှိနေပါတယ်။ သူတို့နေထိုင်စားသောက်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကနေ စီစဉ်ပေးထားရတာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ သူတို့အတွက် အစားအသောက်လေးတွေ ခက်ခဲကြပ်တည်းနေတယ်လို့ သိရပါတယ်။ ရွာကိုပြန်ဖို့ကတော့ လောလောဆယ်မှာ မဖြစ်နိုင်သေးပါဘူး။

++++++++++++++++++++++++++++++++++++++++++++++++++++
မြန်မာပြည်တောင်ပိုင်းဒေသတလျှောက်ဖြစ်တဲ့ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ခပ်စိတ်စိတ်ဖြစ်ပွားလာသော လက်နက်ကိုင်တိုက်ပွဲ၏ နောက်ဆက်တွဲအဖြစ် ဒေသခံတို့ နေရပ်စွန့်ခွာကာ စစ်ဘေးဒုက္ခသည်များအဖြစ် ပြေးလွှားနေကြရသည်။

အဓိကအားဖြင့် စစ်ဘေးဒုက္ခသည်များသည် မိမိတို့၏ နေရပ်ကို စွန့်ခွာကာ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းသည့်၊ သဘာဝဘေးဒဏ်ခံရသည့် နေရာများသို့ ရွေ့ပြောင်းနေထိုင်ကြရသည်။

စစ်အုပ်စုအာဏာသိမ်းပြီးနောက် ပိုမိုတိုးပွားလာသော ပဋိပက္ခတွေအကြား လက်ရှိတွင် မြန်မာပြည်တောင်ပိုင်းဒေသ၌ စစ်ဘေးဒုက္ခသည်များ တစ်သိန်းကျော်ရှိလာပြီဖြစ်သည်။

ပဲခူးတိုင်းရှိ ရွှေကျင်၊ ကျောက်ကြီးနှင့် ညောင်လေးပင်မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ယခုနှစ်ဆန်းပိုင်းကတည်းက စစ်ဘေးဒုက္ခသည် ၃၀၀၀၀ ကျော်ဟာ ရွှေ့ပြောင်းနေထိုင်နေရပါတယ်။
မွန်ပြည်နယ်ရှိ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်ထဲမှာတော့ စစ်ဘေးရှောင် ၁၈၀၀ ကျော်ဟာ ရွှေ့ပြောင်းနေထိုင်နေရပါတယ်။

ကရင်ပြည်နယ်ရှိ လှိုင်းဘွဲ့နဲ့ ဖာပွန်မြို့နယ်ထဲမှာတော့ စစ်ဘေးရှောင် ၇၀၀၀၀ ကျော်ဟာ တောတွင်းနေရာတွေမှာ ရွှေ့ပြောင်းနေထိုင်နေရပါတယ်။ ကရင်ပြည်နယ်ထဲက မြိုင်ကြီးငူစစ်ရှောင်စခန်းမှာတော့ ၂၀၁၆ ခုနှစ်ကတည်းက စစ်ဘေးရှောင် ၅၀၀၀ ကျော်ရှိနေခဲ့ပါတယ်။
တနင်္သာရီတိုင်းထဲက မြို့နယ်အချို့မှာလည်း စစ်ဘေးဒုက္ခသည် ၁၀၀၀ ကျော်ဟာ ရွှေ့ပြောင်းနေထိုင်နေရပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ တိုက်ပွဲဖြစ်ပွားတာနဲ့ ဘေးကင်းရာကိုရှောင်နေရတာ၊ ကျန်းမာရေးစောင့်ရှောက်မှုအဆင်ပြေပြေမရှိတာ၊ သဘာဝဘေးတွေကြုံနေရတာအပြင် ပညာသင်ကြားခွင့်တွေလည်း ဆုံးရှုံးနေပါတယ်။

စစ်ဘေးဒုက္ခသည်များ၏ အချက်အလက်ကိုတော့ ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်လူ့အခွင့်အရေးအဖွဲ့တွေကနေတဆင့် ရယူပြုစုတာဖြစ်ပြီး မြေပြင်စာရင်းကို အခြေပြုပါတယ်။

ရေးမြို့နယ် ခေါဇာမြို့ ရန်ကုန် - ထားဝယ်ကားလမ်းမကြီးပေါ်ရှိ ကလော့ချောင်းတံတား ဗုံးခွဲဖျက်ဆီးခံရ ၁၃ အောက်တိုဘာ ၂၀၂၁ရေးမြို...
13/10/2021

ရေးမြို့နယ် ခေါဇာမြို့ ရန်ကုန် - ထားဝယ်ကားလမ်းမကြီးပေါ်ရှိ ကလော့ချောင်းတံတား ဗုံးခွဲဖျက်ဆီးခံရ

၁၃ အောက်တိုဘာ ၂၀၂၁

ရေးမြို့နယ် ခေါဇာမြို့ ရန်ကုန် - ထားဝယ်ကားလမ်းမကြီးပေါ်ရှိ ကလော့ချောင်းတံတားမှာ အောက်တိုဘာလ (၁၃) ရက် မွန်းလွဲပိုင်းအချိန်က ဗုံးခွဲဖျက်ဆီးခံရတယ်လို့ ဒေသခံတွေထံက ပြောပါတယ်။

ဗုံးခွဲခံရပြီးနောက် တံတားပေါ်မှာ (၆) ပေခန့်အပေါက်ကြီးဖြစ်သွားခဲ့ပြီး၊ တံတား ယက်မတစ်ချောင်းလည်း ကလော့ချောင်းအတွင်း ပြုတ်ကျခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း တံတားကြံ့ခိုင်မှု အခြေအနေအရ ကုန်တင်ကားကြီးများ ဖြတ်သန်းမရဘူးလို့ ဒေသခံတွေထံက ပြောပါတယ်။

“‌‌ နေ့လည် ဝန်းကျင်လောက်မှာ ပေါက်ကွဲသံကြားရတယ်။ နောက်မှ တံတား (ကလော့ချောင်းတံတား) ပေါ်မှာ ဗုံးပေါက်တယ်လို့သိရတယ်။တံတားပေါ်မှာ (၆) ပေလောက်ရှိတဲ့ လမ်းအပေါက်ကြီးဖြစ်သွားတယ်လို့သိရတယ်။ တံတားရဲ့ယက်မတစ်ချောင်းလည်း ချောင်းထဲပြုတ်ကျသွားတယ်။လောလောဆယ် ကားကြီးတွေ ပေးမဖြတ်တော့ဘူး" လို့ ဒေသခံ တစ်ဦး ကပြောပါတယ်။

အဆိုပါ ကလော့ချောင်းတံတား ဗုံးခွဲဖျက်ဆီးခံရပြီး‌နောက် စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးရှာဖွေမှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံက သိရပါတယ်။

ပုလဲမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်း တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ဆယ်ချီကျဆုံးတယ်လို့ ဒေသခံကာကွယ်ရေးတပ်ပြော၁၃ အော်တ...
13/10/2021

ပုလဲမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်း တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ဆယ်ချီကျဆုံးတယ်လို့ ဒေသခံကာကွယ်ရေးတပ်ပြော

၁၃ အော်တိုဘာ ၂၀၂၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ချီကျဆုံးတယ်ဆိုပြီး ပြည်ထောင်စုကာကွယ်ရေးနဲ့လွတ်မြောက်ရေးတပ်ပေါင်းစု(UDPA)က သတင်းထုတ်ပြန်လာပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်တာ၊ ရှေ့ပြေးလမ်းရှင်း အဖွဲ့အဖြစ် ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီဘက်က အကျအဆုံးရှိခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို မိုင်းခွဲတိုက်ခိုက်တာကို ပုလဲဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအပြင် မြိုင်ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပါ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ လူမှုကွန်ယက်က ထုတ်ပြန်ချက်မှာဆိုပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေထဲမှာ အောက်တိုဘာလ ၄ ရက်နေ့တုန်းက မိုင်းဆွဲတိုက်ခိုက်မှုလည်းပါဝင်ပြီး အဲဒီဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးတယ်လို့ ဒေသခံကာကွယ်ရေးတပ်က ပြောပေမဲ့ စစ်ကောင်စီဘက်ကတော့ မိုင်း ၂ လုံးနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကားပျက်စီးတယ်ဆိုတာကို အတည်ပြုထားပြီး ကျဆုံးသူမရှိဘူးလို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ခဲ့တဲ့အခုတိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရပြီး တိုက်ပွဲကိုလာတဲ့တပ်ဖွဲ့ဝင်တစ်ဦး လမ်းမှာ ဆိုင်ကယ်မှောက်ပြီး ဆုံးပါးခဲ့တဲ့ဖြစ်စဉ်ရှိပေမဲ့ ကျဆုံးသူတော့ မရှိသေးဘူးလို့ UDPA က ပြောပါတယ်။

ပုံစာ - ပုလဲ-ဂန့်ဂေါလမ်းမကြီး ၅၆ မိုင်မှာ စစ်ကောင်စီတပ်တွေရဲ့ယာဉ်တန်းကို အောက်တိုဘာလ ၁၂ ရက် ညနေခင်းမှာ မိုင်းဆွဲတိုက်ခိုက်တယ်လို့ ဒေသခံကာကွယ်ရေးတပ်(PRA)က လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်ပါတယ်။

ရေဦးမြို့နယ်၊ ဝက်ဖြူကျေးရွာက စစ်ကောင်စီသတင်းပေးဆိုပြီး အမျိုးသမီးနှစ်ဦး အသတ်ခံရ၁၃ အော်တိုဘာ ၂၀၂၁အလောင်းပြန်သယ်တဲ့ လမ်းတလ...
13/10/2021

ရေဦးမြို့နယ်၊ ဝက်ဖြူကျေးရွာက စစ်ကောင်စီသတင်းပေးဆိုပြီး အမျိုးသမီးနှစ်ဦး အသတ်ခံရ

၁၃ အော်တိုဘာ ၂၀၂၁

အလောင်းပြန်သယ်တဲ့ လမ်းတလျှောက်က စစ်ကောင်စီတပ်တွေက ပစ်ခတ်ရှာဖွေတာတွေရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ၊ ညောင်နီကန်အုပ်စုထဲက ဝက်ဖြူကျေးရွာမှာနေထိုင်တဲ့အမျိုးသမီး ၂ ဦးဟာ မနေ့အောက်တိုဘာ ၁၂ရက်နေ့ညပိုင်းက ရွာရှေ့က ဇရပ်အနီးမှာ အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူနှစ်ဦးဟာ ဝက်ဖြုကျေးရွာဒေသခံ မချိုချိုဝင်းနဲ့မဌေးလင်းဆိုသူတွေဖြစ်ပြီး အဲဒီထဲက မချိုချိုဝင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ အုပ်ချုပ်ရေးမှူး တစ်ဦးရဲ့ညီမတော်စပ်ကြောင်း ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

“ ၈ လပိုင်းတုန်းက အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ဦးသောင်းဌေးကတော့ စစ်ကောင်စီကခန့်တဲ့အုပ်ချုပ်ရေးမှူးပါ။ သူက ရွာတွေထဲမှာ PDF တွေရှိတယ်ဆိုပြီးသတင်းပေးပြီးစစ်တပ်ကိုရွာထဲခေါ်လာဖူးတယ်။ အဲဒီနောက်ပိုင်းအသတ်ခံရတာပဲ။ သူအသတ်ခံရပြီးရက် ၂၀ လောက်ကြာတော့ ရွာထဲကိုစစ်သားအလုံးအရင်းနဲ့ဝင်လာတယ်။ ဒါကို သူ့ညီမတွေဆွေမျိုးတွေသတင်းပေးတယ်လို့ ရွာကသတ်မှတ်ကြပုံရပါတယ်။ စစ်ကောင်စီသတင်းပေးလို့အဲဒီမှာကတည်းက နာမည်ကြီးတယ်” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

အမျိုးသမီးနှစ်ဦး အသတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး
ဘယ်အဖွဲ့အစည်းကလုပ်ဆောင်တယ်ဆိုတာတော့ဒေသခံတွေဘက်က ပြောဆိုနိုင်တာမရှိသလို သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

ဒီကနေ့အောက်တိုဘာ ၁၃ ရက်နေ့မနက်ပိုင်းမှာတော့ အမျိုးသမီးနှစ်ဦးရဲ့ ရုပ်အလောင်းကို စစ်ကောင်စီတပ်တွေက သွားရောက်သယ်ဆောင်ပြီးအပြန်လမ်းမှာ အနီးအနားက ကျေးရွာတွေအနီးသေနတ်နဲ့ပစ်ဖောက်တာ၊ ရွာအတွင်းဝင်ရောက် ရှာဖွေတာတွေလုပ်ခဲ့လို့ ဒေသခံတချို့တိမ်းရှောင်နေရတယ်လို့ရွာသားတွေက ပြောပါတယ်။

ဓါတ်ပုံ-Social Medai

ဟားခါးတွင် တိုက်ပွဲ ဖြစ်နေ၁၃ အောက်တိုဘာ  ၂၀၂၁ ချင်းပြည်နယ်၊ ဟားခါးမြို့အထွက်တွင် အာဏာသိမ်း စစ်ကောင်စီတပ်၏ စစ်ကြောင်းကို ...
13/10/2021

ဟားခါးတွင် တိုက်ပွဲ ဖြစ်နေ

၁၃ အောက်တိုဘာ ၂၀၂၁

ချင်းပြည်နယ်၊ ဟားခါးမြို့အထွက်တွင် အာဏာသိမ်း စစ်ကောင်စီတပ်၏ စစ်ကြောင်းကို ချင်းတော်လှန်ရေးတပ်များက ဖြတ်တောက် တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲစတင်ဖြစ်ပွားနေသည်ဟု သတင်း ရရှိသည်။

ချင်းအမျိုးသားတပ်ဦး (CNF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ကျနော်တို့ ဒီနေ့ အတည်ပြုထားတဲ့ သတင်းအရတော့ ဟားခါးမြို့အထွက်နဲ့ ဟားခါးမြို့ရဲ့ ပထမဆုံးရောက်တဲ့ တန်လွန်း ကျေးရွာဆိုတဲ့ ရွာစပ်နားမှာ တိုက်ပွဲ ဖြစ်တာ။ ၁၁ နာရီဝန်းကျင်က စတာပေါ့။ ဖလမ်းမြို့နဲ့ ၆ မိုင်အကွာ လုံတီးရွာမှာတော့ သေနတ်သံ တွေ ကြားရတယ်။ အဲဒါက ကျနော်တို့နဲ့ ထိပ်တိုက်ရင် ဆိုင်မှု ဖြစ်သလား ဆိုတာကတော့ အတည်ပြုချက် မရသေးပါဘူး။ ဟားခါးမြို့ နားမှာ ဖြစ်တဲ့ တိုက်ပွဲကတော့ အတည်ပြုပါတယ်” ဟု ပြောသည်။

ဟားခါးမြို့အထွက်တွင် ချင်းတော်လှန်ရေးတပ်များက ဖြတ်တောက်တိုက်ခိုက်သည့် စစ်ကောင်စီ၏ စစ်ကြောင်းသည် ဟားခါးမြို့မှ ထွက်လာသည့် စစ်ကြောင်း ဖြစ် သည်။

စစ်ကောင်စီသည် ချင်းပြည်နယ်တွင်းရှိ ချင်းတော်လှန် ရေးတပ်များကို စစ်ဆင်ရေးကြီးပြုလုပ်၍ တိုက်ခိုက်ရန်အတွက် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းမှ အင် အား ရာနှင့်ချီသည့် တပ်အင်အားများ ပါသည့် စစ် ကြောင်း ၂ ကြောင်းကို ချင်းပြည်နယ်အတွင်းသို့ ပို့ ဆောင်လျက် ရှိသည်။

ပထမ စစ်ကြောင်းသည် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှတဆင့် ချင်းပြည်နယ်၏ မြောက်ပိုင်းဖြစ်သည့် တီးတိန်နှင့် ဖလမ်းမြို့နယ်အတွင်းသို့ ဝင်လာသည့် စစ်ကြောင်းဖြစ်ပြီး ထိုစစ်ကြောင်းတွင် သံချပ်ကာ ကားတစီးနှင့် စစ်ကောင်စီ တပ်သားများကို တင်ဆောင်လာသည့် စစ်ကား အစီး ၄၀ ကျော် ပါဝင်သည်။

ဒုတိယစစ်ကြောင်းသည် မကွေးတိုင်း၊ ကျောက်ထုဘက်မှ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းသို့ ဝင်လာသည့် စစ်ကြောင်း ဖြစ်ပြီး ထိုစစ်ကြောင်းထဲတွင်လည်း စစ်ကောင်စီတပ်သားများ တင်ဆောင်လာသည့် စစ်ကားအစီး ၈၀ ကျော် ပါဝင်သည်။

စစ်ကောင်စီသည် ချင်းတော်လှန်ရေးတပ်များကို စစ် ဆင်ရေးကြီး ပြုလုပ်ရန်အတွက် စစ်ကြောင်းများ ထပ်တိုး ပို့ဆောင် နေခြင်းဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်၊ ညနေ ၆ နာရီဝန်းကျင်မှစ၍ ဟားခါးမြို့မှ လွဲ၍ ချင်းပြည်နယ်အတွင်းရှိ အခြားမြို့နယ် ၈ မြို့နယ်ကို အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီကို ဖြုတ်ချနိုင်ရေးအတွက် တိုက်ခိုက်နေသည့် ချင်းတော်လှန်ရေးတပ်များထဲတွင် ဝါရင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ CNF က ဦးဆောင်ပြီး ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) ၊ Chinland Defense Force (CDF) ၊ ဇိုမီးဖက်ဒရယ် အစည်းအရုံး၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တို့လည်း ပါဝင် တိုက်ခိုက်လျက် ရှိသည်။

ပုံစာ - စစ်ကိုင်းတိုင်းမှ ချင်းပြည်နယ် မြောက်ပိုင်းသို့ ဝင်လာသည့် စစ်ကောင်စီ၏ စစ်ကြောင်း (ဓာတ်ပုံ- CJ)

ကိုဗစ်စတုတ္ထလှိုင်းအတွက် စိုးရိမ်ဖွယ် မရှိပေမဲ့ မပေါ့ဆဖို့ ကျန်းမာရေးဌာန သတိပေး၁၃ အော်တိုဘာ ၂၀၂၁မြန်မာနိုင်ငံမှာ ကိုဗစ်က...
13/10/2021

ကိုဗစ်စတုတ္ထလှိုင်းအတွက် စိုးရိမ်ဖွယ် မရှိပေမဲ့ မပေါ့ဆဖို့ ကျန်းမာရေးဌာန သတိပေး

၁၃ အော်တိုဘာ ၂၀၂၁

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ စတုတ္ထလှိုင်း စတင်မှာကို ပြည်သူတွေကြား စိုးရိမ်ပူပင်မှုတွေ ရှိနေပေမယ့် ဓာတ်ခွဲစစ်ဆေးမှုတွေအရ ကပ်ရောဂါ နောက်ထပ်လှိုင်းတခု ဖြစ်ပွားနိုင်ခြေ မရှိသေးဘူးလို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။ ရာသီအကူးအပြောင်း ဖျားနာတာတွေရှိနိုင်တာကြောင့် အခြေခံကျန်းမာရေးနည်းလမ်းတွေ လိုက်နာဖို့ကိုလည်း တိုက်တွန်းထားတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မသိင်္ဂီထိုက် က ပြောပြမှာပါ။

အခုရက်ပိုင်းအတွင်း ဆေးခန်းတွေမှာလာပြတဲ့ ဖျားနာသူ လူနာတွေ သိသိသာသာများလာတာကြောင့် ကိုဗစ်ကပ်ရောဂါကူးစက်မှု ထပ်ပြီးမြင့်တက်နိုင်သလားဆိုတဲ့ ပြည်သူတွေကြား စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီအခြေအနေတွေကြောင့် အခုလတ်တလော ဖျားနာသူတချို့မှာ ကိုဗစ်ရောဂါရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးတာတွေ ရှိနေပြီး အများစုက သာမန်တုတ်ကွေးဖြစ်ပွားနေတာကိုသာ တွေ့ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

"အခုလို မိုးအကုန် ဆောင်းအကူး ဒီလိုမျိုး စပ်ကူးမတ်ကူးကာလ ခေါ်တာပေါ့။ ရာသီအပြောင်းအလဲ ဖြစ်တဲ့အချိန်တွေပေါ့နော်။ မိုးလည်းများတယ်ဆိုတော့ ဒီလိုမျိုး ပုံမှန်တုပ်ကွေးတွေလည်း ဖြစ်နိုင်တယ်ပေါ့နော်။ အဲတော့ ကျနော်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနကို မေးထားပါတယ်။ မေးတဲ့အခါကျတော့ သူကစစ်တဲ့အခါ ကိုဗစ်တော့ မတွေ့ရဘူးပေါ့နော်။ ကိုဗစ်တွေ့ရမှုကတော့ အင်မတန်နည်းတယ်။ ဒါပေမယ့် တခြား ဒီတုတ်ကွေးတို့၊ အအေးမိတာတို့ ဒါတွေလည်း ဖြစ်နိုင်တယ်ပေါ့နော်။"

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လအစပိုင်းမှာ ကပ်ရောဂါတတိယလှိုင်း ပြင်းပြင်းထန်ထန်ဖြစ်ပွားပြီးခဲ့ပေမဲ့ အခုချိန်မှာတော့ ကိုဗစ်တတိယလှိုင်း အဆုံးသတ်တော့မယ့် အလားအလာရှိပြီလို့လည်း သူက ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဓါတ်ခွဲအတည်ပြု ထုတ်ပြန်ချက်အရ နေ့စဉ် ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၁,၀၀၀ ကျော်ရှိနေပြီး ကပ်ရောဂါကြောင့် သေဆုံးသူဦးရေကတော့ ၃၀ ဝန်းကျင်မှာ ရှိနေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်း အဆုံးသတ်နိုင်ဖို့နဲ့ နောက်ထပ်စတုတ္ထလှိုင်းဒဏ် ကာကွယ်နိုင်ဖို့အတွက်ဆိုရင် လက်ဆေးတာ၊ ပါးစပ်နဲ့ နှာခေါင်းစည်းတပ်တာ၊ လူများတဲ့နေရာတွေကိုရှောင်ပြီး အခြေခံကျန်းမာရေး နည်းလမ်းတွေကို ဆက်ပြီးလိုက်နာဖို့နဲ့ ရောဂါကာကွယ်ဆေးထိုးဖို့လည်း လိုတယ်လို့ ဆက်ပြောပါတယ်။

"စစ်ရင်တော့ ကျနော်တို့ကတွေ့ရင်တော့ ထုတ်ပြန်ပေးမှာပဲလေ။ အခုကတော့ ကျနော်တို့စစ်သမျှက ဒါ ကိုဗစ်တွေ့ရတဲ့နှုန်းက အင်မတန်နည်းတယ်။ ဒါကလည်း ဒီ Mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေပေါ့။ ဒါတွေကို ကျနော်တို့ကျင့်သုံးလို့ ဒီလောက်ထိနည်းသွားတာပေါ့။ ဒါပေမယ့် ခုနကပြောတဲ့ ဒီတုတ်ကွေးဆိုတဲ့ သဘောကလည်း များသောအားဖြင့်က အမျိုးမျိုးရှိတာကို။ အဲတော့ အခြေခံကျန်းမာရေးနည်းလမ်းတွေကို လိုက်နာဖို့လိုတာပေါ့နော်။ အဲတော့ ဒီစတုတ္ထလှိုင်းတွေ ဘာတွေကတော့ ဒါလတ်တလောအနေအထားကတော့ ဖြစ်နိုင်စရာတော့ မရှိသေးဘူးနော်။ ဒါပေမယ့်လည်း ပေါ့လို့တော့မရဘူး။ အဓိကပြောချင်တာကတော့ ဒါပါပဲ။"

မြန်မာနိုင်ငံမှာ ရောဂါကာကွယ်ဆေး အပြည့်အဝထိုးပြီးသူက ၄၁ သိန်းကျော် ရှိပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ ကပ်ရောဂါကာကွယ်ဆေး ထိုးနှံရမယ့် ဦးစားပေးအုပ်စုထဲ ပါသူတွေတိုင်း အပြည့်အဝထိုးနှံဖို့ကို အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့လည်း နိုင်ငံပိုင်မီဒီယာတွေကနေ ဖော်ပြနေပါတယ်။ အခုရက်ပိုင်းမှာပဲ အသက် ၁၂ နဲ့အထက်ကနေ ၁၈ နှစ်အထိ ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။ ဇွန်လက ကျောင်းအပ်ထားသူ အဲဒီအရွယ်အုပ်စု အားလုံးကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမှာဖြစ်တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ဖို့ဆိုပြီး မလိုအပ်ရင် အိမ်ပြင်မထွက်ရ Stay at Home အဖြစ် ဆက်သတ်မှတ်ထားတဲ့ မြို့နယ် ၁၁၃ မြို့နယ် ရှိနေပါသေးတယ်။ အဲဒီမြို့နယ်တွေရဲ့ ရောဂါဖြစ်ပွားနှုန်း ကျဆင်းမှုပေါ်မူတည်ပြီး ဖြေလျှော့မှုတွေဆက်လုပ်သွားမယ်လို့ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောထားပါတယ်။

ထိုင်းပြန်မြန်မာလုပ်သားများ စီးနင်းလာသည့်မှန်လုံယာဉ် မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် တိမ်းမှောက်၊ ၁၁ ဦးခန့် ဒဏ်ရာရ၁၃ အောက်တ...
13/10/2021

ထိုင်းပြန်မြန်မာလုပ်သားများ စီးနင်းလာသည့်မှန်လုံယာဉ် မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် တိမ်းမှောက်၊ ၁၁ ဦးခန့် ဒဏ်ရာရ

၁၃ အောက်တိုဘာ ၂၀၂၁

ထိုင်းပြန်မြန်မာလုပ်သားများ စီးနင်းလာသည့် မှန်လုံယာဉ် ၁ စီး ယနေ့ အောက်တိုဘာ ၁၃ ရက် မွန်းတည့် ၁ နာရီခန့်က မြဝတီ-ကော့ကရိတ် အာရှလမ်း နတ်စင်ကွေ့ကုန်ဆင်းတွင် တိမ်းမှောက်မှု ဖြစ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ မှန်လုံယာဉ်တွင် စီးနင်းလိုက်ပါလာသူ များမှာ ထိုင်းနိုင်ငံမှ ပြန်လာသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများဖြစ်ပြီး မြဝတီနယ်စပ် ကျောက်လုံးကြီး စခန်းတွင် Quarantine ရက်ပြည့်၍ မြဝတီမြို့မှ နေရပ် ရခိုင်ပြည်နယ်သို့ ပြန်စဉ် ယခုလို ယာဉ်တိမ်းမှောက်မှုဖြင့် ကြုံရခြင်း ဖြစ်ကြောင်း Quarantine Center မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူ ၂၂ ဦးအနက် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၁ ဦးခန့်ရှိပြီး ယင်းအနက် ယာဉ်မောင်း ၁ ဦး နှင့် စီးနင်းလိုက်ပါလာသူ ၂ ဦးမှာ ဒဏ်ရာအနည်းငယ် ပြင်းထန်သဖြင့် ကော့ကရိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ၎င်းနေရာတွင် လူမှုကယ်ရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

ယခု မှန်လုံယာဉ် တိမ်းမှောက်ခဲ့သည့် မြဝတီကော့ကရိတ် အာရှလမ်း နတ်စင်ကွေ့နေရာသည် မကြာခဏ ဆိုသလို ယာဉ်တိမ်းမှောက်မှုများ ဖြစ်လေ့ရှိသည်။

Photo_CJ

စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖို့ပြင်နေလို့ လူစုခွဲခဲ့ရတဲ့ နမ့်ခမ်းသပိတ် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့က လူငယ်တွေက ဒီနေ့ အောက်တိ...
13/10/2021

စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖို့ပြင်နေလို့ လူစုခွဲခဲ့ရတဲ့ နမ့်ခမ်းသပိတ်

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့က လူငယ်တွေက ဒီနေ့ အောက်တိုဘာလ ၁၃ ရက် မနက်ပိုင်းမှာပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးပြောက်ကျား သပိတ်မြင်ကွင်းတွေဖြစ်ပါတယ်။

မြို့ထဲ ဆန္ဒပြလှည့်လည်နေချိန် စစ်ကောင်စီတပ်တွေဘက်က လက်နက်သုံးပြီး ဆန္ဒပြပွဲကို ဖြိုခွင်းဖို့ ပြင်နေလို့ လူစုခွဲခဲ့ရတယ်ဆိုပြီး ဆန္ဒပြပွဲမှာ ပါဝင်တဲ့လူငယ်တစ်ဦးက ပြောပါတယ်။

နမ့်ခမ်းမှာ လူငယ်တွေက ကိုဗစ်တတိယလှိုင်း မြင့်တက်နေချိန် ရပ်နားထားခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်တွေကို အခုရက်ပိုင်း ပြန်လည် ပြုလုပ်နေတာဖြစ်ပါတယ်။

မုံရွာမှာ တစ်ပတ်အတွင်း စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးသူ ၂ ဦးပစ်ခတ်ခံရပြီး သေဆုံး၁၃ အော်တိုဘာ ၂၀၂၁မြို့ပြပြောက်ကျးလှုပ်...
13/10/2021

မုံရွာမှာ တစ်ပတ်အတွင်း စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးသူ ၂ ဦးပစ်ခတ်ခံရပြီး သေဆုံး

၁၃ အော်တိုဘာ ၂၀၂၁

မြို့ပြပြောက်ကျးလှုပ်ရှားမှုကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ဒေသကာကွယ်ရေးတပ်တွေပြော

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစက်မှုဇုန်အနီးမှာ စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးတဲ့ကောင်းလျှံကွမ်းယာဆိုင်ပိုင်ရှင် ကိုအောင်စည်ဆိုသူ ဒီကနေ့အောက်တိုဘာ ၁၃ရက်နေ့မနက်ပိုင်းမှာသေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ပစ်ခတ်ခံရပြီးသေဆုံးခဲ့တဲ့ ကိုအောင်စည် ဆိုသူဟာ မုံရွာမြို့နယ်အတွင်း စစ်အာဏာရှင်တော်လှန်ရေး မှာပါဝင်သူတွေကို သတင်းပေးခဲ့ပြီး သူ့ကြောင့် ဖမ်းဆီးခံရတာတွေ ရှိခဲ့တာကြောင့် ခုလို ပစ်ခတ် ရှင်းလင်းခဲ့တာဖြစ်တယ်လို့လည်း မုံရွာမြို့နယ်အတွင်းက ဒေသကာကွယ်ရေးတပ်တွေဖြစ်တဲ့ Defence Force - South Monywa နဲ့ Monywa Heroes Group က ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

“ကျွန်တော်တို့က NUG က D Day ခေါ်ပြီးကတည်းက မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေကိုစလုပ်တာ။ စစ်ကောင်စီဒေါက်တိုင်ရှင်းလင်းရေးကလည်း လှုပ်ရှားမှုတစ်ခုပါ။ အခုလိုစစ်ကိုင်းတိုင်းအတွင်းမှာ နယ်မြေခံ PDF တွေ လှုပ်ရှားမှုမြင့်လာတဲ့အချိန်မှာ ကျွန်တော်တို့မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေလည်း အရှိန်မြှင့်လာပါတယ်” လို့Defence Force - South Monywa အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၉ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ မုံရွာထဲက ကြေးမုံရွာမှာနေထိုင်တဲ့စစ်ကောင်စီသတင်းပေးသူလို့နာမည်ကြီးသူ ကိုဇော်စိုင်းဆိုသူကိုလည်းမုံရွာဒေသကာကွယ်ရေးတပ်တွေက ပစ်ခတ်ခဲ့တဲ့အကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။

မုံရွာဒေသကာကွယ်ရေးတပ်တွေအနေနဲ့မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေအနေနဲ့ဖောက်ခွဲမှုပေါင်း အကြိမ် ၂၀ ဝန်းကျင် လုပ်ခဲ့သလို စစ်ကောင်စီသတင်းပေးလို့နာမည်ကြီးသူ၁၀ ဦးဝန်းကျင်ကိုလည်း ပစ်ခတ်ခဲ့တယ်လို့ ဆက်ပြောပါတယ်။

တဖက်မှာလည်း ပြည်တွင်းမှာအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖေဖော်ဝါရီလကနေ စက်တင်ဘာလအထိစစ်ကောင်စီသတင်းပေးလို့သတ်မှတ်ခံရပြီး ပစ်ခတ်ခံရပြီး သေဆုံးသူပေါင်း ၄၀၀ ဝန်းကျင်ရှိနေပြီလို့ စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း သတင်းထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ-Regional News Agency -RNA
ပုံစာ- အောက်တိုဘာ ၁၁ရက်နေ့က မုံရွာသပိတ်စစ်ကြောင်းကိုစစ်ကောင်စီတပ်တွေဖြိုခွင်းတဲ့မြင်ကွင်း(ပုံဟောင်း)

Address


Alerts

Be the first to know and let us send you an email when Myanmar News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar News:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Want your business to be the top-listed Media Company?

Share