02/06/2023
ဘယ်တော့ မှ မမေ့ဘူး
ပိုက်ဆံမရှိရင် မောင်နှမဆိုတာမရှိဘူး။
ပိုက်ဆံမရှိရင် ဆွေမျိုးဆိုတာလဲမရှိဘူး။
ပိုက်ဆံမရှိရင် ပတ်ဝန်းကျင်ပါမရှိတော့ဘူး။
ဒါကြောင့်မို့ ပိုက်ဆံမက်လားလို့မေးရင်
မက်တာပေါ့လို့ပဲဖြေမယ်။
ပိုက်ဆံရှိမှလူရာဝင်တယ်ထင်တဲ့သူတွေကို
အဲ့ပိုက်ဆံတွေနဲ့ပြန်ချေမိုးပြနိုင်ဖို့အတွက်က
မခံချင်စိတ်နဲ့ ဘဝကိုတိုးတက်အောင်
ပိုက်ဆံကြိုးစားရှာ ရှာလို့ရတာချွေတာစု
အသောက်အစား အပျော်အပါးမမက်နဲ့
ဘဝတိုးတက်ဖို့ရုန်းကန်နေရချိန်မှာ
ကိုယ့်ဘဝပျက်စေမယ့်အရာတွေမလုပ်နဲ့။
သူများဟာကိုခိုးစားလုစားတာမဟုတ်ရင်
သူများမျက်ရည်ကျအောင်လုပ်ပြီးရှာခဲ့တဲ့
မသန့်ရှင်းတဲ့ငွေတွေမဟုတ်ရင်
တစ်နေ့မင်းကြီးပွားတိုးတက်လာတဲ့အခါ
အဲ့တိုးတက်မှုကို မင်းကောင်းကောင်းကြီး
ခေါင်းမော့ရင်ကော့ပြီး တစ်ချိန်ကမင်းကို
လူရာမသွင်းခဲ့တဲ့သူတွေကို ချေမိုးပြလို့ရပြီ။
မင်းမှာငွေရှိလာလို့ ပြောင်းလဲလာမယ့်
အတော်များများတွေကို မင်းကြုံလာတဲ့အခါ
တစ်ချိန်က မင်းခံစားခဲ့ရတာတွေကို
ဘယ်တော့မှ မေ့မပစ်လိုက်ပါနဲ့။
Crd
ခံစားချက်နဲ့တိုက်ဆိုင်လို့ဆရာ့ရဲ့postလေးကိုယူထားပါတယ်ေကျးဇူးပါဆရာ