Shan Ni Waves

  • Home
  • Shan Ni Waves

Shan Ni Waves Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shan Ni Waves, News & Media Website, .

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို လက်ခံ၍ စစ်ကောင်စီကို အစပြုတိုက်ခိုက်မှာ မဟုတ်ဟု MNDAA ပြော၂၀၂၄၊ ဒီဇင်ဘာ ၃တရုတ်နိုင်ငံရဲ့ ကြ...
03/12/2024

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို လက်ခံ၍ စစ်ကောင်စီကို အစပြုတိုက်ခိုက်မှာ မဟုတ်ဟု MNDAA ပြော

၂၀၂၄၊ ဒီဇင်ဘာ ၃

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်မှုကို လက်ခံပြီး မိမိတို့ ကိုးကန့်တပ် (MNDAA) ရောက်ရာနေရာမှ အပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီတပ်တွေကို အစပြု၍ ထိုးစစ်ဆင် တိုက်ခိုက်မှာ မဟုတ်ဘူးလို့ MNDAA က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

မိမိတို့ MNDAA အနေနဲ့ တရုတ်ရဲ့ ကြားဝင်စေ့စပ်ဆောင်ရွက်မှုအတိုင်း ပူပေါင်းပါဝင်မှာ ဖြစ်ကြောင်းနဲ့ စစ်ကောင်စီရဲ့ ဝေဟင်နဲ့ မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာ MNDAA မှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာဖြစ်ပြီး နှစ်ဦးနှစ်ဖက် ပဋိပက္ခတွေနဲ့ အမြင်သဘောထား ကွဲလွဲမှုတွေကို နိုင်ငံရေးအရ ဖြေရှင်းနိုင်မယ်လို့ MNDAA က မျှော်လင့်ကြောင်း ဆိုပါတယ်။

MNDAA အနေနဲ့ နိုင်ငံရေးနည်းလမ်းကို အားပေးသော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့် အရင်နည်းတူ စွဲကိုင်ထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မိမိတို့အနေနဲ့ စစ်ဘေးဒဏ်ခံစားနေရတဲ့ ပြည်သူလူထုကို ငဲ့ညှာထောက်ထားသလို တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းဖို့ နဲ့ ပြည်တွင်းပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
MNDAA အနေနဲ့ နိုင်ငံတော်မှ ခွဲထွက်မှာ မဟုတ်ကြောင်း၊ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ နိုင်ငံပိုင်နယ်မြေ တည်တံ့ခိုင်မြဲရေးကို တစိုက်မတ်မတ် ကာကွယ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Telegram - https://t.me/+InLvdXLY8MdmNzE1
#ကိုးကန့် #ငြိမ်းချမ်းရေး #တရုတ် #စစ်ကောင်စီ #ပဋိပက္ခ

DKBA ခေါင်းဆောင်တစ်ချို့ တာဝန်တိုးပေးခံရ ၂၀၂၄၊ ဒီဇင်ဘာ ၃ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က ထိပ်ပိုင်းခေါင်းဆောင်တ...
03/12/2024

DKBA ခေါင်းဆောင်တစ်ချို့ တာဝန်တိုးပေးခံရ

၂၀၂၄၊ ဒီဇင်ဘာ ၃

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့ကို တာဝန်တိုးပေးခဲ့တယ်လို့ ဒီဇင်ဘာ ၃ ရက်က ညနေပိုင်းမှာ DKBA က ထုတ်ပြန်ပါတယ်။

အဆိုပါ တာဝန်တိုးပေးခြင်းခံရသူတွေဟာ DKBA ကလို့ထူး‌ဘော ဗဟိုစစ်ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ်စောရွှေဝကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ဒုတိယစစ်ဦးစီးချုပ် တာဝန်ထမ်းဆောင်ဖို့ DKBA ဗဟိုအလုပ်မှုဆောင်ကော်မတီ အစည်း အဝေး (၃/၂၀၂၄) ဆုံးဖြတ်ချက်အရ အခုလို တာဝန်တိုး ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ DKBA ဗဟိုအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကို ဗိုလ်ချုပ်အဆင့်ဖြင့် စစ်ဦးစီးအရာရှိချုပ် တာဝန်ကို တိုးပေးခဲ့ပါတယ်။

ဒုတိယစစ်ဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး စောတာ့ခူးကို ဗဟိုအကြံပေးနာယကအဖြစ် တာဝန်ပေးလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။

Telegram - https://t.me/+InLvdXLY8MdmNzE1
#လက်နက်ကိုင် #တာဝန်ပေးအပ် #ဗိုလ်မှူးကြီး #ဗိုလ်ချုပ် #ကရင်

ရေးဘီးလူးက လူတစ်ဦးကို ရက်ရက်စက်စက် ခေါင်းဖြ-တ် သ-တ်နေတဲ့ ရုပ်သံထွက်ပေါ်၂၀၂၄၊ ဒီဇင်ဘာ ၃ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေ...
03/12/2024

ရေးဘီးလူးက လူတစ်ဦးကို ရက်ရက်စက်စက် ခေါင်းဖြ-တ် သ-တ်နေတဲ့ ရုပ်သံထွက်ပေါ်

၂၀၂၄၊ ဒီဇင်ဘာ ၃

တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်ဟာ လူတစ်ဦးကို ရက်ရက်စက်စက် ခေါင်းဖြ-တ် သ-တ်နေတဲ့ ရုပ်သံထွက်ပေါ်လာပါတယ်။

အဆိုပါ ရုပ်သံကို စစ်ကောင်စီ ထောက်ခံအားပေးတဲ့ တယ်လီဂရမ်ချန်နယ်မှာ ထုတ်လွှင့်ခဲ့တာပဲဖြစ်ပါတယ်။

တော်လှန်ရေးမှာ ပါဝင်နေသူ တစ်ဦးကတော့ "အဲဒီလုပ်ရပ်ဟာ တော်လှန်ရေးရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်။ ဘာကြောင့် ဒီလိုလုပ်ရတာလဲ နားမလည်ဘူး။ အမှန်ဆို ဒလန်၊ စစ်တပ်ထောက်ခံသူ၊ စစ်သုံ့ပန်းဆိုရင်တောင် ဥပဒေအရ လုပ်သင့်တယ်" လို့ ပြောပါတယ်။

အဆိုပါ ရုပ်သံပါ သ-တ်ဖြ-တ်ခံရသူဟာ ဘယ်သူလဲဆိုတာ မသိရသေးသလို ဘယ်နေရာ ဘယ်အချိန်မှာ ဖြစ်ပွားခဲ့တာကိုလည်း မသိရသေးပါဘူး။

ရုပ်သံကို Telegram - https://t.me/+InLvdXLY8MdmNzE1 တွင် ကြည့်ရှု့နိုင်သည်။ နှလုံးမကောင်းသူနှင့် အမျိုးသမီးများ မကြည့်သင့်ပါ။

နမ့်ဖတ်ကာမှာ TNLA တပ်ဖွဲ့ဝင် ၂ ဦး မူးယစ်ဆေးဝါးနဲ့အတူ  KIA ဖမ်းဆီးဟုဆို၂၀၂၄၊ ဒီဇင်ဘာ ၃ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖတ်ကာ...
03/12/2024

နမ့်ဖတ်ကာမှာ TNLA တပ်ဖွဲ့ဝင် ၂ ဦး မူးယစ်ဆေးဝါးနဲ့အတူ KIA ဖမ်းဆီးဟုဆို

၂၀၂၄၊ ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖတ်ကာကျေးရွာမှာ တအာင်းတပ် - TNLA တပ်ဖွဲ့ဝင် ၂ ဦး မူးယစ်ဆေးဝါးနဲ့အတူ ကချင်တပ် - KIA က ဖမ်းဆီးထားတယ်လို့ The Kachin Sub-State Media က ဖော်ပြပါတယ်။

နိုဝင်ဘာ ၂၈ ရက် ညပိုင်းက ကား/ဆိုင်ကယ်ရေဆေးဆီလိုက်ဆိုင်မှာ TNLA တပ်ဖွဲ့ဝင် ၃ ဦး မူးယစ်ဆေးသုံးစွဲနေချိန် KIA တပ်ဖွဲ့တွေက လာရောက်ဖမ်းဆီးတာကြောင့် TNLA တပ်ဖွဲ့ဝင်တစ်ဦး ထွက်ပြေး လွတ်မြောက်သွားတယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက KSSM ကို ပြောဆိုကြောင်း ဖော်ပြထားပါတယ်။

KIA ဖမ်းဆီးခံရတဲ့ တပ်ဖွဲ့ဝင် ၂ ဦးဟာ TNLA တပ်မဟာ ၁ လက်အောက်ခံတပ်ရင်း ၈၇၆ မှ ဖြစ်ကြောင်း၊ ၎င်းတို့ နှစ်ဦးက ဥပဒေအရ အရေးယူသွားမယ်လို့ ဆိုထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ကလည်း နမ့်ဖတ်ကာ နဲ့ မူဆယ် ကြားရှိ ဂျယ်လန်ကျေးရွာ မှ TNLA တပ်မဟာ (၁) ဌာနချုပ်ရှိရာ သို့ ဦးတည်လာတဲ့ TNLA ရဲ့ မူးယစ်ဆေးချက်လုပ်ရာမှာ အသုံးပြုတဲ့ Acid အများအပြား တင်ဆောင်ထားတဲ့ ကားကြီး ၃ စီးအနက် နောက်ဆုံးတစ်စီးကို KIA တပ်ရင်း ၉ အောက်တပ်ခွဲ ၂ မှ ဖမ်းဆီးမိခဲ့ပြီး မီးရှုံ့ ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နမ့်ဖက်ကာမှာတော့ KIA နဲ့ TNLA တို့အကြား မကြာခဏဆိုသလို နယ်မြေအငြင်းပွားမှု၊ အုပ်ချုပ်ရေးယန္တရား အားပြိုင်မှုတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။

Source - KSSM

ရှမ်းအရှေ့ရွှေတူးဖော်မှုကြောင့် မယ်ဆိုင်မှာ မကြုံစဖူး နုံးမြေတွေ တင်ကျန်ဟု ဆို၂၀၂၄၊ နိုဝင်ဘာ ၂၈ထိုင်းအစိုးရရဲ့ လေ့လာမှုအ...
28/11/2024

ရှမ်းအရှေ့ရွှေတူးဖော်မှုကြောင့် မယ်ဆိုင်မှာ မကြုံစဖူး နုံးမြေတွေ တင်ကျန်ဟု ဆို

၂၀၂၄၊ နိုဝင်ဘာ ၂၈

ထိုင်းအစိုးရရဲ့ လေ့လာမှုအရ မယ်ဆိုင်မြို့မြောက်ပိုင်းတစ်လျှောက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုအတွင်း မကြုံစဖူး နုံးမြေတွေ တင်ကျန်မှုဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့ အရှေ့ပိုင်းရှိ အကြီးစား ရွှေတူးဖော်ထုတ်လုပ်မှု ရွှေတူးဖော်မှုများကြောင့်ဟုဖော်ပြပါတယ်။

မိုင်းဆတ်မြို့အရှေ့ပိုင်းရှိ "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA လက်အောက်ခံဒေသတွေဖြစ်တဲ့ မိုင်းကန်း အနီးတစ်ဝိုက်၊ နားယောင်း အနီးတစ်ဝိုက်နဲ့ စစ်ကောင်စီ လက်အောက်ခံရွာတွေဖြစ်တဲ့ မယ်ကြုတ်ရွာတွေမှာ ပြီးခဲ့တဲ့ ၂ နှစ်ခန့်က စပြီးရွှေတူးဖော်ထုတ်လုပ်မှုတွေ ပိုမိုများပြားလာခဲ့တယ်လို့ Shan Human Rights Foundation (SHRF) က မနေ့က နိုဝင်ဘာ ၂၇ မှာ ထုတ်ပြန်ပါတယ်။

မယ်ဆိုင်မြစ်ဟာ ရှမ်းပြည်နယ်အရှေ့ဘက်ရှိ မဲခေါင်မြစ်လက်တက်တွေအနက် တစ်ခုဖြစ်ပြီး အခုနှစ်အတွင်း သတ္တုတူးဖော်မှု အကျိုးဆက်ကို ခံခဲ့ရတဲ့ မြစ်တစ်စင်းဖြစ်ကြောင်း၊ အခြားသော မြစ်တွေဖြစ်တဲ့ နမ့်ခုတ် မြစ်ဟာလည်း ကျောက်မီးသွေးနဲ့ ရွှေထုတ်လုပ်မှုတွေကြောင့် လည်းကောင်း၊ နမ့်ခုတ်မြစ်ဟာလည်း မန်ဂန်းနိစ့် ထုတ်လုပ်မှုတွေကြောင့်လည်းကောင်း၊ နမ့်လင်းမြစ်ဟာလည်း ရွှေထုတ်လုပ်မှုတွေကြောင့် လည်း ကောင်း ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

သတ္တုတူးဖော်မှုကြောင့် အဆိုပါဒေသ အနီးအနားရှိ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေပြီး သတ္တု တွင်းမှ စွန့်ပစ်ပစ္စည်းတွေ မြစ်အတွင်းသို့ စီးဝင်တာကြောင့် မြစ်ရေညစ်ညမ်းစေသည့်အပြင် ပတ်ဝန်းကျင် အနီး နေထိုင်သူတွေအပါအဝင် ထိုင်နိုင်ငံ အတွင်းနေထိုင် သူများ အထိ ကျန်းမာရေး အကျိုး သက်ရောက်မှုတွေ ဖြစ်ပေါ် ခဲ့တယ်လို့ ပြောပါတယ်။

အရင်က မယ်ဆိုင်မြို့နဲ့ တာချီလိတ်မြို့တွေမှာ ရေကြီးရေလျှံမှုတွေ မကြာခဏ ဖြစ်ပေါ်ခဲ့သော်လည်း နုံးပါ ဝင်မှုမများခဲ့ဘဲ အခုတစ်ကြိမ် ရေကြီးမှုမှာ နုံးပါဝင်မှု အများဆုံးဖြစ်ခဲ့ပြီး ပြန်လည်ဖယ်ရှားဖို့ အခက်ခဲဆုံးနဲ့ ကုန်ကျစားရိတ် အများဆုံးဖြစ်ခဲ့ပါတယ်။

အခုနှစ်အတွင်းထိုင်းအစိုးရရဲ့ လေ့လာမှုတွေအရ မယ်ဆိုင်မြစ်ရဲ့ ရေကြောင်းတစ်လျှောက် မျောပါလာသော နုံးတွေမှာ အာဆင်းနစ်၊ နီကယ်လ်နဲ့ ဇင့် ပါဝင်မှု အများဆုံးဖြစ်ပြီး ဇင့်ပါဝင်မှုမှာ သတ်မှတ်ထားသည့်ပမာဏ ထပ် ၁၈ ဆပိုများနေပါတယ်။

UWSA ဟာ မိုင်းကန်း နဲ့ နားယန်း ဒေသတွေကို ၁၉၉၉ ခုနှစ်က စတင်အခြေစိုက်ခဲ့ခြင်းဖြစ်ပြီး ၂ နှစ် အကြာမှာ ရှမ်းပြည်အရှေ့မြောက်ပိုင်းမှ ဝ လူမျိုး ၁၆၀၀၀ ကျော် ခန့် (၁၉၉၉ နဲ့ ၂၀၀၁ ခုနှစ်အကြားမှာ မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်မြို့များသို့ အဓမ္မရွေ့ပြောင်းဖို့ ဖိအားပေးခံရသော ၀တိုင်းရင်းသား ၁၂၆၀၀၀ ထဲတွင်ပါ ၀င်သူများ) ကို လည်း အဆိုပါ ဒေသတွေထံ အခြေချနေထိုင်စေခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဒေသတွေမှာ မူလနေထိုင်တဲ့ ရှမ်းလူမျိုး လယ်သမား ၁၂၀၀ ကျော်ကိုလည်း အဓမ္မ မောင်းထုတ်ခံခဲ့ရပြီး အဆိုပါဒေသတွေမှာ UWSA ရဲ့ စိုက်ပျိုးရေး ပေါ် လစီတွေအတိုင်း ဆက်လက် ကျင့်သုံးခဲ့ပြီး အထူးသဖြင့် မယ်ဆိုင်မြစ်တစ်လျှောက် နိုင်ငံခြား တင်ပို့ နိုင်တဲ့ ထုတ်ကုန်ဖြစ် ရာဘာထုတ်လုပ်မှုတွေကို အဓိက ဆောင်ရွက်ခဲ့တယ်လို့ Shan Human Rights Foundation (SHRF) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နမ့်ခုတ်မြစ်အထက်ပိုင်း၊ မိုင်းဆတ်မြို့တောင်ဘက်မှာ ၂၀၂၃ ခုနှစ်မှစပြီး တရုတ် ကုမ္ပဏီ ၇ ခုမှ UWSA တပ်ဖွဲ့ နဲ့ ချိတ်ဆက်ကာ ရွှေတူးဖော်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့တာကြောင့် အဆိပ်အတောက်နဲ့ စွန့်ပစ်ပစ္စည်းတွေဟာ ထိုင်းနိုင်ငံနယ်စပ် မီတာ ၃၀ အကွာအထိ မြစ်တွေအတွင်းသို့ စီးဆင်းလျက်ရှိတယ်လို့ ဆိုပါတယ်။

Telegram - https://t.me/+InLvdXLY8MdmNzE1
#ရှမ်းအရှေ့ #မယ်ဆိုင် #ဝတပ်ဖွဲ့ #စစ်ကောင်စီ #တာချီလိတ်

နာဂလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်သားသစ်စုဆောင်းမှု ပြည်သူတွေ အခက်ကြုံဟုဆို၂၀၂၄၊ နိုဝင်ဘာ ၂၄စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်...
27/11/2024

နာဂလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်သားသစ်စုဆောင်းမှု ပြည်သူတွေ အခက်ကြုံဟုဆို

၂၀၂၄၊ နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ နာဂကိုယ်ကိုယ်အုပ်ချုပ်ခွင့်ရဒေသမှာ နာဂလက်နက်ကိုင်တွေအနေနဲ့ တပ်သားသစ် ခေါ်ယူစုဆောင်မှုတွေ ပိုမိုများပြားလာတာကြောင့် ဒေသခံတွေ အနေနဲ့ အခက်ကြုံနေတယ်လို့ ဆိုပါတယ်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အန်းမိုင်(NSCN-AM)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ယုံးအောင် (NSCN-YA)အဖွဲ့တို့က ၂၀၂၄ ခုနှစ်မှ စတင်ကာ တပ်သားသစ်ခေါ်ယူမှုတွေကို ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

“နာဂလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာအသီးသီးမှ နာဂအမျိုးသားရေးတာဝန်ကို ထမ်းဆောင်ဖို့ နာဂလူမျိုးများ တစ်အိမ်ထောင်ကို တစ်ယောက် ကျား/မ မရွေး မဖြစ်မနေ အမျိုးသားရေးတာဝန် ထမ်းဆောင်ရမယ်" လို့ စစ်သားသစ် ခေါ်ယူတဲ့စာမှာ ဖော်ပြထားပါတယ်။

တစ်အိမ်ထောင်စု တစ်ယောက်နှုန်း ခေါ်ယူမှုကို မပျက်မကွက် သင်တန်းတက်ရောက်ဖို့နဲ့ ပျက်ကွက်ပါက အမျိုးသားရေး လုပ်ငန်းစဉ်အတိုင်း ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။

နာဂလက်နက်ကိုင်တပ်ဖွဲ့တွေအပြင် ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသ၊ ရှင်ဗွေယန်၊ နန်းယွန်း၊ ဒုံဟီးမြို့နယ်နဲ့ တနိုင်းဒေသတွေက နာဂလူငယ်တွေကိုလည်း ကချင်လက်နက်ကိုင်တပ် - KIA က စစ်သားသစ်စုဆောင်းမှုလည်း ရှိနေတယ်လို့ နာဂဒေသခံတွေက ဆိုပါတယ်။

နာဂဒေသမှာ NSCN-YA၊ NSCN-AM၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-IM) နာဂပြည်သူ့ကာကွယ်ရေးတပ် (NPDF) နဲ့ အရှေ့နာဂအမျိုးသားများအဖွဲ့ ( ENNA) စသဖြင့် လှုပ်ရှားကြတယ်လို့ သိရပါတယ်။
Telegram - https://t.me/+InLvdXLY8MdmNzE1
#နာဂ #လက်နက်ကိုင် #စစ်သားသစ်စုဆောင်း #နာဂလူမျိုး

ပြည်သူလူထုကို ထောက်ထား၍ စစ်ကောင်စီ နဲ့ ဆွေးနွေးဖို့ အသင့်ရှိဟု TNLA ပြော၂၀၂၄၊ နိုဝင်ဘာ ၂၅စစ်ဘေးဒဏ်အလူးအလဲခံစားနေရတဲ့ ပြည...
25/11/2024

ပြည်သူလူထုကို ထောက်ထား၍ စစ်ကောင်စီ နဲ့ ဆွေးနွေးဖို့ အသင့်ရှိဟု TNLA ပြော

၂၀၂၄၊ နိုဝင်ဘာ ၂၅

စစ်ဘေးဒဏ်အလူးအလဲခံစားနေရတဲ့ ပြည်သူလူထုကို ထောက်ထားညှာတာခြင်းနှင့်အတူ မိမိကိုယ်ကို ခုခံကာကွယ်ခွင့် အခွင့်အရေးကို ကိုင်စွဲထားပြီး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် အသင့်ရှိတယ်လို့ တအာင်းတပ် -TNLA က ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် တရုတ်အစိုးရ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍သော်လည်းကောင်း၊ နှစ်ဖက်ပဋိပက္ခတွေ အဆုံးသပ်နိုင်ရေး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း TNLA ၏ သဘောထားကို ထုတ်ပြန်တယ်လို့ ဆိုပါတယ်။

နေ့စဉ်ရက်စက်ဖြစ်ပွားနေသော တိုက်ပွဲတွေမှာ စစ်ကောင်စီ၏ လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်သော တိုက်ပွဲများကြောင့် ဒေသခံပြည်သူတွေဟာ စစ်ဘေးဒဏ်ကို ဆိုးရွားစွာ ခံစားနေရကြောင်း ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့သည်မှာ နှစ်ပတ်လည်ခဲ့ပြီဖြစ်ကြောင်း စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ၊ တပ်စခန်းတွေ၊ စစ်ကြောင်းတွေကို မိမိတို့ မြို့ရွာဒေသတွေမှာ ကင်းစင်အောင် ဖယ်ရှားတိုက်ထုတ်ခဲ့ကြောင်း ဆိုပါတယ်။

စစ်ကောင်စီကလည်း ပြည်သူလူထုတွေကို ဦးတည်ပစ်မှတ်ထားပြီး လေကြောင်းနဲ့ ချေမှုန်းတိုက်ခိုက်နေတာကြောင့် အပြစ်မဲ့ ပြည်သူလူထုတွေ စစ်ဘေးဒဏ်ပေါင်းစုံကို ခံစားနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြန်မာစစ်တပ် နဲ့ TNLA တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်ရှိ ရှမ်းမြောက်မှာ TNLA က မြို့အများအပြားကို သိမ်းပိုက်ထားပါတယ်။

Telegram - https://t.me/+InLvdXLY8MdmNzE1
#တအာင်း #ရှမ်းမြောက် #တွေ့ဆုံဆွေးနွေး #ထိန်းချုပ်နယ်မြေ #မြန်မာစစ်တပ်

ရှမ်းနီအမျိုးသားများတပ်မတော် SNA ရဲ့ အရာရှိသင်တန်းဆင်းပွဲပြုလုပ် ===================နိုဝင်ဘာ ၂၃၊ ဟုမ္မလင်း ရှမ်းနီအမျိုး...
23/11/2024

ရှမ်းနီအမျိုးသားများတပ်မတော် SNA ရဲ့ အရာရှိသင်တန်းဆင်းပွဲပြုလုပ်
===================
နိုဝင်ဘာ ၂၃၊ ဟုမ္မလင်း

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က အရာရှိငယ်သင်တန်းဆင်းပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

SNA ဗဟိုဌာနချုပ် မိန်းဆိုင်တိုင်းနိုင်း စောဝ်ဆမ်သာခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Credit - Shanni Voice

ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု မြန်မာအများဆုံးဖြစ်၂၀၂၄၊ နိုဝင်ဘာ ၂၂ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းဒဏ်...
22/11/2024

ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု မြန်မာအများဆုံးဖြစ်

၂၀၂၄၊ နိုဝင်ဘာ ၂၂

ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှု အများဆုံးစာရင်းမှာ မြန်မာနိုင်ငံက ထိပ်ဆုံးမှပါဝင်တယ်လို့ မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် လူ ၁၀၀၃ ဦး သေဆုံးဒဏ်ရာရရှိခဲ့ပြီး လတ်တလော ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း အရေအတွက် ဘယ်လောက်ရှိနိုင်သလဲဆိုတာကို စစ်တမ်းကောက်ယူဖို့ အခက်အခဲရှိနေကြောင်း သေဆုံးဒဏ်ရာရမှု ၂ ဆ သို့မဟုတ် ၃ ဆခန့် ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရသူ အများဆုံးနေရာမှာ ၃ နှစ်ဆက်တိုက် ရပ်တည်ခဲ့တဲ့ ဆီးရီးယားကို ကျော်တက်သွားတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာမသိမ်းခင် အရင်က အရပ်ဘက် အဖွဲ့အစည်းတွေအနေဖြင့် မြေမြှုပ်မိုင်း နဲ့ ပတ်သက်ပြီး ပညာပေးအစီအစဉ်တွေ ဆောင်ရွက်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် တားမြစ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

သတင်းဌာနအချို့ကတော့ မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်လို့ သတိပေး လုပ်ဆောင်နေတာမျိုးကို တွေ့ရပါတယ်။

Telegram - https://t.me/+InLvdXLY8MdmNzE1
#မြေမြှုပ်မိုင်း #သေဆုံးမှု #မြန်မာ #နိုင်ငံတကာ #စစ်ရေးပဋိပက္ခ #စစ်တမ်းကောက်

AA ဗိုလ်လောင်း ၈ ဦးကျဆုံးခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်၂၀၂၄၊ နိုဝင်ဘာ ၁၉အာရက္ခတပ်တော် -AA ဗိုလ်လောင်း ၈ ဦး ကျဆုံး...
19/11/2024

AA ဗိုလ်လောင်း ၈ ဦးကျဆုံးခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်

၂၀၂၄၊ နိုဝင်ဘာ ၁၉

အာရက္ခတပ်တော် -AA ဗိုလ်လောင်း ၈ ဦး ကျဆုံးခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ကချင်လက်နက်တပ် - KAI ဌာနချုပ်အတွင်းရှိ ဗိုလ်လောင်းတွေ ကျဆုံးရာ အာဇာနည်ကုန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ AA က ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၉ ရက်ဟာ အဆိုပါ ဗိုလ်လောင်းတွေ တိုင်းပြည် နဲ့ လူမျိုးအတွက် တာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်ခဲ့ရသည်မှာ ၁၀ နှစ်ပြည့်ပြီဖြစ်ကြောင်း ကျဆုံးသွားတဲ့ ဗိုလ်လောင်းတွေအတွက် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို စစ်ရေး၊ နိုင်ငံရေး အခြေအနေပေါ် မူတည်၍ ပြုလုပ်တာ၊ ဗိုလ်လောင်းတွေ ကျဆုံးရာ အာဇာနည်ကုန်းမှာ လွမ်းသူ့ပန်းခွေတွေချကာ ဂါရဝပြုတာ၊ တပ်စခန်းတွေမှာ အောင်လံတစ်ဝက် လွှင့်တာတွေကို နှစ်စဉ်ပြုလုပ်လျက်ရှိတယ်လို့ ဆိုပါတယ်။

အခုနှစ်မှာတော့ စစ်ရေးအခြေအနေအရ ကျဆုံးဗိုလ်လောင်းတွေအတွက် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို အကျဉ်းချုပ်မျှသာ ပြုလုပ်နိုင်ပြီး အာရက္ခတပ်တော်အနေနဲ့ နိုဝင်ဘာ ၁၉ ရက်ကို ဘယ်တော့ခါမျှ မေ့လိမ့်မည် မဟုတ်ကြောင်း ဆိုပါတယ်။

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်က ကချင်လွတ်မြောက်ရေးတပ်မတော် ဌာနချုပ်နယ်မြေအတွင်းရှိ ဝေကြိုင်ဘွမ် ဗိုလ်သင်တန်းကျောင်းမှာ စစ်ပညာသင်ယူနေသော AA ဗိုလ်လောင်း ၉ ဦးအပါအဝင် စုစုပေါင်း ဗိုလ်လောင်း ၂၃ ဦး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရခြင်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှာ AA နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ် ၁၁ မြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။

Telegram - https://t.me/+InLvdXLY8MdmNzE1
#အာရက္ခတပ်တော် #ဗိုလ်လောင်း #အထိမ်းအမှတ် #အာဇာနည်ကုန်း #ရခိုင်ပြည်နယ်

19/11/2024

ဘယ်အင်အားကြီးနိုင်ငံကိုမှ ကြောက်နေမှာ မဟုတ်ဟု NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော

၂၀၂၄၊ နိုဝင်ဘာ ၁၉

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ရဲ့ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြည်သူမှ ပြည်သူသို့ အင်တာဗျူးအစီအစဉ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ပွဲ ရလဒ်က မြန်မာ့နွေဦးတော်လှန်ရေးအပေါ် ဘယ်လို ရိုက်ခတ်မှု ရှိနိုင်ပါသလဲဆိုတာနဲ့ ပတ်သက်ပြီး အခုလို ပြောကြားထားပါတယ်။

Telegram - https://t.me/+InLvdXLY8MdmNzE1
#တော်လှန်ရေး #အမျိုးသားညီညွတ်ရေးအစိုးရ #အမေရိကန် #ရွေးကောက်ပွဲ #ဒေါ်နယ်ထရမ့်

16/11/2024

TNLA က သင်တန်းသား ၁၀၀၀ ကျော်ကို အထူးတိုက်ခိုက်ရေး သင်တန်းပေး
၂၀၂၄၊ နိုဝင်ဘာ ၁၆
တအင်းတပ်မတော် - TNLA က သင်တန်းသား ၁၀၀၀ ကျော်ကို အထူးတိုက်ခိုက်ရေး သင်တန်း ပေးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့က သင်တန်းသား ၁၀၀၀ ပါဝင်တဲ့ အမှတ်စဉ် (က) နဲ့ (ခ) အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲတစ်ခုကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုခဲ့တာပါ။

ပုလဲမြို့သိမ်းတိုက်ပွဲ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်ဆုတ်ခွာခဲ့ရ၂၀၂၄၊ နိုဝင်ဘာ ၁၅စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့သိမ်းတိုက်ပ...
15/11/2024

ပုလဲမြို့သိမ်းတိုက်ပွဲ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်ဆုတ်ခွာခဲ့ရ

၂၀၂၄၊ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဖက်က လေကြောင်း တိုက်ခိုက်မှုအပြင် တပ်အင်အားဖြည့်တင်းလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက်က စပြီး ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် -BNRA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တာပါ။

ပုလဲမြို့ပေါ် ၄ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က လေကြောင်းနဲ့ အကြိမ် ၂၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက် ညပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း နေအိမ် ၅၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ တစ်သောင်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

Telegram - https://t.me/+InLvdXLY8MdmNzE1
#တော်လှန်ရေးတပ်ဖွဲ့ #ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် #ပုလဲမြို့ #စစ်ကိုင်းတိုင်း #မြို့သိမ်းတိုက်ပွဲ

TNLA က သင်တန်းသား ၁၀၀၀ ကျော်ကို အထူးတိုက်ခိုက်ရေး သင်တန်းပေး၂၀၂၄၊ နိုဝင်ဘာ ၁၄တအင်းတပ်မတော် - TNLA က သင်တန်းသား ၁၀၀၀ ကျော...
14/11/2024

TNLA က သင်တန်းသား ၁၀၀၀ ကျော်ကို အထူးတိုက်ခိုက်ရေး သင်တန်းပေး

၂၀၂၄၊ နိုဝင်ဘာ ၁၄

တအင်းတပ်မတော် - TNLA က သင်တန်းသား ၁၀၀၀ ကျော်ကို အထူးတိုက်ခိုက်ရေး သင်တန်း ပေးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့က သင်တန်းသား ၁၀၀၀ ပါဝင်တဲ့ အမှတ်စဉ် (က) နဲ့ (ခ) အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲတစ်ခုကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုခဲ့တာပါ။

အဆိုပါ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို TNLA မှ တာဝန်ရှိသူတွေက တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။

သင်တန်းကာလအတွင်း စစ်ဆင်ရေး နဲ့ ရှေ့တန်းမှာ တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်ရှိစေဖို့ အဓိက သင်ကြားပေးကာ သင်တန်းကာလ ၃ လကျော်ကြာတယ်လို့ ဆိုပါတယ်။

အလားတူ သင်တန်းသူ အမျိုးသမီး ၂၀၀ ဝန်းကျင် ပါဝင်တဲ့ အမှတ်စဉ် ၆၆ အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲကိုလည်း နိုဝင်ဘာလ၊ ၁၁ ရက်နေ့က ထိန်းချုပ်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါ။

အဆိုပါ အမျိုးသမီးစစ်မေတွေကို TNLA ရဲ့ အုပ်ချုပ်ရေးဌာန၊ တရားဥပဒေ စိုးမိုးရေးတပ်ဖွဲ့၊ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန၊ ဗဟိုရုံးချူပ်နှင့် စစ်ဦးစီးချူပ်ရုံးကို အသီးသီးတာဝန်ခွဲပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Telegram - https://t.me/+InLvdXLY8MdmNzE1
#တအာင်း #ရှမ်းမြောက် #သင်တန်းပေး #ထိန်းချုပ်နယ်မြေ #အုပ်ချုပ်ရေး

နားမော်ရွာ အုပ်ချုပ်ရေးမှူးရဲ့ အမျိုးသမီး၊ မိခင်အပါအဝင် ကျောင်းဆရာမ ၄ ဦးကို KIA/PDF ဖမ်းဆီး၂၀၂၄၊ နိုဝင်ဘာ ၁၃စစ်ကိုင်းတို...
13/11/2024

နားမော်ရွာ အုပ်ချုပ်ရေးမှူးရဲ့ အမျိုးသမီး၊ မိခင်အပါအဝင် ကျောင်းဆရာမ ၄ ဦးကို KIA/PDF ဖမ်းဆီး

၂၀၂၄၊ နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နားမော်ကျေးရွာက အုပ်ချုပ်ရေးမှူးရဲ့ အမျိုးသမီး၊ မိခင်အပါအဝင် ကျောင်းဆရာမ ၄ ဦးကို ကချင်လက်နက်ကိုင်တပ်ဖွဲ့ - KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် - PDF တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက်က နားမော်ရွာအတွင်း KIA/PDF ပူးပေါင်းတပ်ဖွဲ့ဝင် ၂၀၀ ခန့် ဝင်ရောက်လာခဲ့ကြောင်း အဲဒီနောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက “နားမော်ရွာ အုပ်ချုပ်ရေးမှူး မိန်းမနဲ့ သူ့ အမေကို ဖမ်းသွားတယ်၊ အုပ်ချုပ်ရေးမှူးတော့ မပါဘူး။ ပြီးတော့ ကျောင်းဆရာမ ၄ ယောက်ကိုလည်း ခေါ်သွားတယ်။ အခုထိ အဆက်အသွယ်မရသေးဘူး။ သူတို့မိဘတွေ စိတ်ပူနေကြတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ပြီး ရှမ်းနီအမျိုးသားများ တပ်မတော် - SNA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား နောင်ပူအောင်၊ ဆပ်ကယား၊ နားမော်တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ KIA/PDF တွေက နောင်ပူအောင်၊ ဆပ်ကယား၊ နားမော်မှ ပြန်ဆုတ်သွားပြီဖြစ်ကြောင်း၊ တိုက်ပွဲမှာလည်း ငြိမ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ခုတလော KIA/PDF တွေက နားမော်၊ နောင်ပူအောင်၊ နောက်ပြီး နောင်ပူအောင်နားလေးက ဆပ်ကယားတွေကို လာတိုက်တယ်၊ ဆပ်ကယားမှာ PDF တွေ အခြေအနေမကောင်းလို့ ပြန်ဆုတ်သွားတယ်လို့ ကြားတယ်၊ နောင်ပူအောင်မှာရောပဲ၊ အခု နားမော်လည်း ငြိမ်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၇ ရက်က ရှမ်းနီလူငယ်ခေါင်းဆောင် စိုင်းအုန်းလွင်ရဲ့ ဟုမ္မလင်းမြို့နယ်၊ နားမော်ရွာရှိ နေအိမ်ကို HPDF-124 က ဥပဒေမဲ့ ချိတ်ပိတ်သိမ်းယူတဲ့ ပုံစံဖြင့် ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေသုံးပြီး အိမ်ရှေ့မှာ ရေးသားထားတာတွေ့ရတယ်လို့ ရှမ်းနီတိုင်းရင်းသားများ ညီညွတ်ရေးအစည်းအရုံး (SNUA) ထုတ်ပြန်ပါတယ်။

နေအိမ်အတွင်း ဖောက်ထွင်းဝင်ရောက်ပြီး ပစ္စည်းတွေကို မွှေနှောက်ယူငင်သွားကာ အိမ်ကိုလည်း ဖျက်ဆီးထားခဲ့ကြောင်း၊ အိမ်ဝင်းအတွင်းပါ မိုင်းထောင်ထားခဲ့တာကြောင့် စိုင်းအုန်းလွင်ရဲ့ အစ်ကိုဖြစ်သူမှာ အိမ်ပျက်စီးမှုအခြေအနေကို ပြန်လည်ကြည့်ရှုရာမှာ မိုင်းပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နားမော်ကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ အမျိုးသမီး၊ မိခင်အပါအဝင် ကျောင်းဆရာမ ၄ ဦးဖမ်းဆီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ် - PDF က တစ်စုံတစ်ရာ ထုတ်ပြန်ချက်မတွေ့ရသေးပေ။

Telegram - https://t.me/+InLvdXLY8MdmNzE1
#ဟုမ္မလင်း #နောင်ပူအောင် #ရှမ်းနီ #ဖမ်းဆီး

TNLA သိမ်းပိုက်ထားတဲ့ နောင်ချို နဲ့ မိုးကုတ် လေကြောင်းတိုက်ခိုက်ခံရပြီး ၂၀ ဦးသေဆုံး၂၀၂၄၊ နိုဝင်ဘာ ၁၃တအာင်းတပ်မတော် - TNL...
13/11/2024

TNLA သိမ်းပိုက်ထားတဲ့ နောင်ချို နဲ့ မိုးကုတ် လေကြောင်းတိုက်ခိုက်ခံရပြီး ၂၀ ဦးသေဆုံး

၂၀၂၄၊ နိုဝင်ဘာ ၁၃

တအာင်းတပ်မတော် - TNLA က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ နဲ့ မိုးကုတ်မြို့ နိုဝင်ဘာ ၁၂ ရက်က လေကြောင်း တိုက်ခိုက်ခံရပြီး ၂၀ ဦးသေဆုံးကာ ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

မနေ့က နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ နောင်ချိုမြိုမစျေးကို ပေါင်(၅၀၀) ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ (၁၁)ဦးသေဆုံးပြီး (၁၁)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၄ လုံးအပါအဝင် ခရီးသည်တင်ကားတွေလည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ နိုဝင်ဘာလ ၁၁ ရက်နေ့ ညသန်းခေါင်ယံအချိန် မိုးကုတ်မြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ ဗုံး (၅) လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၉) ဦး သေဆုံးပြီး (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၂ တစ်ရက်တည်းအတွင်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ‌ဒေသခံပြည်သူ ၂၀ ဦး သေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအတွင်းက နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ သီပေါ၊ နောင်ချို၊ မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူး၊ မိုးမိတ်၊ ကွတ်ခိုင်၊ မိုင်းလုံ နဲ့ မိုင်းငေါ့မြို့တို့ကို TNLA က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

Telegram - https://t.me/+InLvdXLY8MdmNzE1
#တအာင်း #ရှမ်းမြောက် #မန္တလေး #လေကြောင်း #တိုက်ခိုက်ခံရ

အမ်းမှာ ရဟတ်ယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ဟု AA အတည်ပြု၂၀၂၄၊ နိုင်ဝင်ဘာ ၁၂ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ စစ်ကောင်စီရဲ့ ရဟတ...
12/11/2024

အမ်းမှာ ရဟတ်ယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ဟု AA အတည်ပြု

၂၀၂၄၊ နိုင်ဝင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီးကို အာရက္ခတပ်တော် - AA မှ ပစ်ချနိုင်ခဲ့တယ်လို့ အေအေရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အတည်ပြုပြောကြားပါတယ်။

နိုဝင်ဘာ ၁၀ ရက် နေ့လယ် ၂ နာရီခွဲမှာ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ကူ၊ လက်နက်၊ ရိက္ခာတွေ ပို့ဆောင်တဲ့ Y12 နှစ်စီး၊ ရဟတ်ယာဉ် ၄ စီးထဲမှာမှ တစ်စီးကို ပစ်ချနိုင်တာလို့ ဆိုပါတယ်။

ထို့အတူ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ ပဲပဒုံစစ်ဆေးရေးဂိတ်ကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ကြောင်းလည်း သိရပါတယ်။

လက်ရှိမှာလည်း အမ်းမြို့နယ်မှာ စစ်ကောင်စီတပ် နဲ့ AA တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Telegram - https://t.me/+InLvdXLY8MdmNzE1
#အေအေ #အမ်း #ရခိုင်ပြည်နယ် #ရဟတ်ယာဉ် #စစ်ကောင်စီ #ပစ်ချခံရ #တိုင်းစစ်ဌာနချုပ်

ပန်ဝါက ပြန်လာတဲ့ ရှမ်းနီလူငယ်တွေကို KIA ဖမ်းဆီး၂၀၂၄၊ နိုဝင်ဘာ ၁၀ကချင်ပြည်နယ်၊ ပန်ဝါမြို့ကနေ နေရပ်ပြန်လာတဲ့ ရှမ်းနီလူငယ်တ...
10/11/2024

ပန်ဝါက ပြန်လာတဲ့ ရှမ်းနီလူငယ်တွေကို KIA ဖမ်းဆီး

၂၀၂၄၊ နိုဝင်ဘာ ၁၀

ကချင်ပြည်နယ်၊ ပန်ဝါမြို့ကနေ နေရပ်ပြန်လာတဲ့ ရှမ်းနီလူငယ်တွေကို ကချင်လက်နက်ကိုင်တပ်ဖွဲ့ - KIA က ဖမ်းဆီး ‌ခေါ်‌ဆောင်သွားတယ်လို့ သိရပါတယ်။

ပန်ဝါမြို့မှာ အလုပ်သွားရောက် လုပ်ကိုင်ပြီး ပြန်လာတဲ့ မိုးညှင်း၊ မိုးကောင်း နဲ့ သံလမ်းရိုးတစ်လျှောက်က ရှမ်းနီလူငယ်အပါအဝင် လူငယ် ၁၀ ကျော် ဖမ်းဆီးပြီး စစ်သားသစ် စုဆောင်းခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရှမ်းနီကလေးတွေကို စုဆောင်းရေး ဆွဲနေတာ၊ ခရီးထွက်ခဲ့ကြတဲ့ လူငယ်တွေကို၊ ပန်ဝါမြို့မှာ KIA က လမ်းမှာ ဆွဲနေတာ၊ ပန်ဝါ၊ ချီဖွေတွေမှာ သတင်းတွေမှာလည်း မဖော်ပြဘူး။ လက်ရှိ သိရသလောက် ၁၀ ကျော်တယ်။ မိုးညှင်း၊ မိုးကောင်း သံလမ်းရိုးတစ်ကျော့က ရှမ်းနီတွေ စု‌‌ဆောင်းရေး ဆွဲခံရတယ်” လို့ ၎င်းက ပြောပါတယ်။

ပြည်သူ့စစ် နဲ့ နယ်ခြားစောင့်တပ်တွေရှိရာ ပန်ဝါမြို့ကို KIA က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်က သိမ်းယူခဲ့တာပါ။

ဖမ်းဆီးခံရသူတွေထဲက ဆားမှော် ၁ ယောက်၊ ကညင်မြိုင် ၂ ယောက်ကို သိရပြီး KIA တပ်မဟာ ၃ ကို ထားတယ်လို့ ဆိုပါတယ်။

“ပန်ဝါကို အလုပ်လာလုပ်ပြီး အပြန်မှာ ဖမ်းတာ၊ ကျနော် သိရသလောက် ဆားမှော်က ၁ ယောက်၊ ကညင်မြိုင်က ၂ ယောက် တခြားကဟာတွေက ၇ ယောက်၊ ယောကျာ်းလေးတွေကြီးပဲ၊ သားတွေ ပါသွားတဲ့ ကညင်မြိုင်က မိခင်ဆိုရင် ငိုနေရှာတာ၊ အခု ဆွဲခံရတဲ့ သူတွေကို KIA တပ်မဟာ ၃ ကို ပို့တယ်လို့ ကြားတယ်။ တခြား ရှမ်းလူမျိုးရော ကချင်မျိုးနွယ်စုတွေရော ပါသွားတယ်။ အသက် ၁၈ ကနေ ၃၀ ကျော်အထိ ဆွဲနေတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းက အင်းတော်ကြီး ဒေသရှိ ကျေးရွာတွေမှ ရှမ်းနီလူငယ်တွေကို KIA နဲ့ PDF တွေက လူအယောက် ၅၀ ခန့် ဖမ်းဆီးသွားပြီး တုံပေရွာမှာ တစ်ယောက် ၁၅ သိန်းနဲ့ ပြန်ရွေးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

အလားတူ ရှင်ဗွေယန် နဲ့ တနိုင်းက နာဂလူငယ်တွေကို KIA/PDF တွေက ဖမ်းဆီးမှုတွေ ရှိနေပါတယ်။

Telegram - https://t.me/+InLvdXLY8MdmNzE1
#မိုးညှင်း #မိုးကောင်း #ပန်ဝါ #အင်းတော်ကြီး #ရှမ်းနီလူငယ် #ဖမ်းဆီး

Address


Alerts

Be the first to know and let us send you an email when Shan Ni Waves posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shan Ni Waves:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share