EI EI Htwe

EI EI Htwe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from EI EI Htwe, Video Creator, .

29/10/2023
19/10/2023
19/07/2023

"ကံကောင်းအောင် ဘယ်လိုလုပ်မလဲ"

"အကောင်းဆုံးကံကောင်းခြင်းဆိုတာ
သင့်အတွက် ကိုယ်တိုင်ပြုလုပ်တဲ့ ကံကောင်းခြင်း
ဖြစ်တယ်"

Douglas MCArthur

အောင်မြင်ရေးစာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။
ကံကောင်းခြင်းဆိုတာနဲ့ ပတ်သတ်လို့
အကြိုက်ဆုံး အဓိပ္ပါယ်ဖွင့်ဆိုမှုတစ်ခုပါ။

Luck = ကံကောင်းခြင်း

တစ်လုံးခြင်း အဓိပ္ပါယ်ပြန်ဖွင့်ရရင်
Labouring =အလုပ်ပြင်းထန်စွာ လုပ်ခြင်း
Under =အောက်မှာ
Correct =မှန်ကန်သော
Knowledge=အသိပညာ

ဆိုလိုတာကတော့ ကျွန်တော်တို့ကံကောင်းခြင်းကို
လိုချင်တယ်ဆိုရင် မှန်ကန်တဲ့ အသိပညာရဲ့လမ်းညွှန်မှု
အောက်မှာ အလုပ်အပြင်းအထန်လုပ်ရမှာ
ဖြစ်ပါတယ်။

တချို့ကလည်း ကံကောင်းခြင်းဆိုတာ
အခွင့်အရေးကို အရယူနိုင်တဲ့အစွမ်းသတ္တိလို့
ဆိုကြသလို၊ တချို့ကျပြန်တော့
အခွင့်အလမ်းကို ဖန်တီးပြနိုင်တဲ့ ခွန်အားလို့
ဆိုတယ်။

Eliyahu Goldratt ကလည်း ခုလိုမှတ်ချက်ပေးတယ်။
"ကံကောင်းခြင်းဆိုတာ ကြိုတင်ပြင်ဆင်မှုနဲ့
အခွင့်အလမ်းတို့ပေါင်းဆုံခြင်း ဖြစ်ပြီးတော့
ကံဆိုးခြင်းကတော့ မပြင်ဆင်ထားခြင်းနဲ့
အရှိတရားတို့ ကြုံကြိုက်ချိန်မှာ ဖြစ်လာတယ်"

ဒီအဆိုတွေဟာလည်း မှန်ပါတယ်။ဒါပေမယ့်
ကျွန်တော်ခုတင်ပြမယ့်အကြောင်းအရာကတော့
မှန်ကန်တဲ့ အသိနဲ့ လေးလေးနက်နက်ကြိုးစား
အားထုတ်ခြင်းတို့ အကြောင်းဖြစ်ပါတယ်။ဆိုတော့
အထက်က အချက်ကို
ပြန်ကောက်ရရင် မှန်ကန်တဲ့ အသိပညာဆိုတာ
ဘာလဲ ၊ အဲ့ဒီအသိပညာကို ဘယ်လိုမျိုး
တည်ဆောက်ရမလဲဆိုတာတွေကို အရင်
ကြည့်ရအောင်ပါ။

"ရိုးသားမှု မရှိတဲ့အသိပညာဟာ
အန္တရာယ်ကြီးသလို ကြောက်မက်ဖွယ်လည်း
ကောင်းလှတယ်"လို့ Samuel Johnsonက
ပြောဖူးတယ်။
Francis Bacon က အသိပညာဆိုတာ
ပါဝါလို့သာ ပြောခဲ့ပြီး ဘယ်လိုအသိပညာဟာ
ကိုယ့်အတွက် တန်ဖိုးရှိသလဲ၊ မှန်ကန်တဲ့အသိပညာ
မှာ ဘာတွေပြည့်စုံဖို့ လိုသလဲဆိုတာတွေနဲ့
ပတ်သတ်လို့ ကျွန်တော်တို့တွေမှာ ခိုင်မာတဲ့
ယုံကြည်ချက်မရှိတဲ့အတွက် ဘဝအတွက်
အသိပညာ အစစ်ကို မတည်ဆောက်နိုင်ကြဘူး။

အသိပညာမှာ ပါဝင်ရမယ့် အခြေခံကျတဲ့
အရည်အသွေးတွေ ရှိပါတယ်။
အဲ့ဒီအရည်အသွေးတွေနဲ့ ဖြည့်ဆည်းထားမှသာ
မှန်ကန်တဲ့ အသိပညာဆိုတာ ဖြစ်ပေါ်လာမှာဖြစ်ပြီး
လူတစ်ယောက်ဟာ သူ့ရဲ့ အသိပညာအပေါ်
စံထားလောက်စရာ၊ ကိုးကွယ်လောက်စရာအထိ
ပုံဖော်လာမှာပါ။

ဒီလိုပြောလို့ ကြီးကျယ်တယ် မထင်ပါနဲ့၊
တကယ်တမ်းဆိုရရင် ကျွန်တော်တို့တွေဟာ
ကိုယ့်အသိပညာအတိုင်းသာ တွေးတောမှု၊
ပြောဆိုမှုနဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ ပြုနေကြတာပါ။
လူတိုင်းဟာ သူတို့ရဲ့ အသိအပေါ်
လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ
မသိစိတ်အရတော့ ကြုံတွေ့ခဲ့ရတဲ့အတိတ်တွေ၊
သင်ကြားခဲ့ရတဲ့ သင်ကြားမှုတွေအရ
အလိုအလျောက် တုန့်ပြန်နေကြတာပါ။

ရိုးသားမှု၊ စာနာမှု၊ စည်းကမ်းရှိမှုနဲ့
စောင့်ထိန်းမှုတွေဟာ အသိပညာကို
လမ်းမှန်ပေါ် ရောက်အောင်နဲ့ ရှေ့ဆက်နိုင်အောင်
ထိန်းညှိပေးနိုင်တဲ့ အခြေခံအချက်တွေပါ။
ဒီအချက်တွေနဲ့ လူတစ်ယောက်ဟာ
မပြည့်စုံဘူးဆိုရင် သူ့ရဲ့ အသိပညာကို
သူဘယ်လောက်ပဲ အသုံးချနိုင်သည် ဆိုပါစေ
ကံကောင်းခြင်းဆိုတာ သူ့အတွက် ဖြစ်ပေါ်
လာမှာ မဟုတ်တော့ပါဘူး။
ဘာလို့လဲဆိုတော့ အသိပညာမှာ ပါဝင်ရမယ့်
အရည်အသွေးတွေကို မဖြည့်ဆည်းခဲ့လို့ ဖြစ်ပါတယ်။
စာရေးဆရာ Stephen Covey စကားနဲ့ဆိုရရင်
လောကမှာ ရှိတဲ့ အစဥ်အမြဲမှန်ကန်နေတဲ့ စည်းမျဥ်း
တွေ(ရိုးသားမှု၊ ချစ်ခြင်းမေတ္တာ၊ စည်းကမ်း)ကို
ဖောက်ဖျက်မိရင် နောက်ဆုံးမှာ ကျွန်တော်တို့သာ
ပျက်ဆီးရမှာပါလို့ ဆိုသလိုပါပဲ။

ဒီအ​ခြေခံသဘောတရားတွေကို တည်ဆောက်
ပြီးရုံနဲ့တင် ကံကောင်းခြင်းက
ရောက်လာအုံးမှာ မဟုတ်ပါဘူး။
ဘယ်လို ပြောင်းလဲမှုမှာ မဆို
နှစ်ဆင့်ရှိပါတယ်၊ စိတ်ပိုင်း
ပြောင်းလဲ ခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ အားထုတ်ခြင်း
တွေ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ စိတ်မှာ ကိုယ်ကျင့်တရားနဲ့
ပြည့်စုံနေပြီဆိုရင် ကြိုးစားအားထုတ်မှုကို
ပြင်းပြင်းထန်ထန် လုပ်ဖို့ပဲ လိုပါတော့တယ်။
တိုက်ပွဲတစ်ခု အောင်နိုင်ဖို့အတွက်
အဘက်ဘက်က ပြင်ဆင်ပြီးရုံနဲ့မရပါဘူး၊
တကယ့်စစ်မြေပြင်မှာ ရွတ်ရွတ်ချွံချွံတိုက်ခိုက်ပြီးမှ
အောင်ပွဲရမှာပါ။

"ကိုယ့်အရည်အသွေးတွေက အလုပ်မလုပ်တော့တဲ့အခါ
ပြင်းပြင်းထန်ထန် ကြိုးစားခြင်းက
အရည်အသွေးတွေကို ဖော်ထုတ်ပေးပါလိမ့်မယ်"
လို့ Tim Notke ကအခိုင်အမာဆိုခဲ့ပါတယ်။

လူတစ်ယောက်မှာ အလုပ်တစ်ခုကို
အကောင်အထည်ဖော်ဖို့ ကောင်းမွန်တဲ့ စနစ်
ရှိတယ်ဆိုရင်တောင် အဲ့ဒီအလုပ်ကို ပြီးသည်အထိ
ကြံ့ကြံ့ခံပြီး မဆုတ်မနစ်လုပ်သွားနိုင်တဲ့
စွမ်းရည်သတ္တိမရှိဘူးဆိုရင် လိုချင်တဲ့ရလဒ်အတွက်
ကံကောင်းမှာ မဟုတ်ပါဘူး။
Jahangir Khan ကလည်း
" ပြင်းထန်တဲ့အားထုတ်ခြင်းနဲ့ စည်းကမ်းလိုက်နာမှုတွေသာ မရှိဘူးဆိုရင် top professional တစ်ယောက်
ဖြစ်လာဖို့ အရမ်းခက်ပါတယ်" လို့ ဆိုတယ်။

အများအားဖြင့် ကျွန်တော်တို့တွေဟာ
အမြဲကံကောင်းချင်ကြပေမယ့်
ဖြတ်လမ်းနည်းတွေကို လိုချင်မက်မောနေကြတယ်၊
တစ်ပတ်အတွင်း ပေါင် ၅၀ ဘယ်လိုချမလဲ၊
တစ်လအတွင်း သန်းကြွယ်သူဌေးဖြစ်နည်း
တစ်ရက်အတွင်း ကောင်မလေးတစ်ယောက်ရနည်း
စသဖြင့် ဖြတ်လမ်းနည်းတွေကို ရှာဖွေလာကြတယ်၊
ရေတိုကို ကြည့်ပြီး ဆေးမြီးတိုတွေနဲ့
ကျွန်တော်တို့ရဲ့ အမြစ်တွယ်နေတဲ့ ပြဿနာတွေကို
ဖြေရှင်းလို့ မရနိုင်ပါဘူး။

အပြောင်းအလဲဆိုတာ လူတစ်​ယောက်ရဲ့
အတွင်းစိတ်ထဲက ကိုယ့်ပန်းတိုင်ရောက်သည်အထိ ထက်သန်တဲ့ ဆန္ဒနဲ့ မနားမနေအားထုတ်လိုတဲ့
ဇွဲလုံလတို့ကြောင့်သာ ပေါ်ပေါက်လာနိုင်တာပါ။
စာရေးဆရာ Rory Daven က
သူ့ရဲ့ Take The Stairs (ရိုးရိုးလှေကားနဲ့ တက်ပါ)ဆိုတဲ့ စာအုပ်မှာ
"ဆေးမြီးတိုတွေဟာ ရေရှည်အတွက်ဆိုးကျိုးတွေသာ
ဖန်တီးပေးမှာ ဖြစ်ပြီး အောင်မြင်မှုဆိုတာ သင်သိတဲ့
အသိတွေကို လက်တွေ့အကောင်အထည်ဖော်ပြီး
ကြိုးစားရယူနေခြင်းမှာသာ ရှိပါတယ်" လို့
ရေးသားထားပါတယ်။
(ဒီစာအုပ်လေး ဘာသာပြန်ရှိပါတယ်။ ဖတ်ကြည့်ဖို့
အထူးညွှန်းချက်ပေးချင်ပါတယ်ခင်ဗျာ)

ဒီတော့ ကံကောင်းခြင်းအစစ်အမှန်ဟာ
အသိပညာကို ကိုယ်ကျင့်သီလကို
ခိုင်မာအောင်တည်ဆောက်၊
ပြီးရင် ကိုယ်လေ့လာသင်ယူထားတာတွေနဲ့
ကိုယ်ဖြစ်ချင်တာကို မနားမနေ ကျားကုတ်ကျားခဲ
လုပ်ပြီး အကောင်အထည်ဖော်နိုင်မှ
ရရှိလာမှာ ဖြစ်ပါတယ်။

Chan Lin Aung

17/07/2023
17/07/2023

အဲကွန်းနဲ့အိပ်တယ်
ချွေးမထွက်ဘူး
အိပ်လို့ကောင်းတယ်
မနက်ကျတော့ လေးလံနေတယ်
ဘာလို့လဲသိလား..သွေပျစ်လို့ပါ

အအေးတွေက ကိုယ်ထဲစိမ့်ဝင်တာပေါ့
တညလုံး အေးနေတာ
ညဆိုတာ ၁၂ နာရီကျော်တာနဲ့
အပူ ချိန်ပြောင်းပြီ
သွေပျစ်တော့
လူလည်း မကျန်းမာတော့ဘူး ။

အအေးလွှတ်ထားတော့
ချွေးလည်းမထွက်တော့ ဘူး ။

အခိုး ပိတ် သွားပြီ
အခိုး ဆိုတာ မြန်မာ့ပညာရပ်
မှာဘဲရှိပါတယ်။
အနောက်တိုင်းပညာအရ
လုံးဝနားမလည်နိုင်ပါ။
အခိုးပိတ် လို့ ရောဂါ ရ နိုင် ပါတယ်။

ဂျပန် ပညာရှင်သုတေသနအရ
ကိုယ်အနွေးဓာတ်လျော့နည်းခြင်းက
ကိုယ်ခန္ဓါ၏ရောဂါခုခံအားကို
ကျဆင်းစေပါသည်။
ကိုယ်အနွေးဓာတ် သည်
၁ ဒီဂရီ စင်တီဂရိတ်
လျော့ကျသွားတိုင်း
ခုခံအား ၃၀ % အထက်
လျှော့ကျသွားသည်ဟုသိရပါ သည်။

လေဖြတ်ဖို့
လေဖြန်းဖို့
ဆီးချိုသွေချိုဖြစ်ဖို့
အသည်းအဆီ ဖုံးဖို့ လာပြီလေ။
တပ်တွေချီ လာပြီ
ကယ်ဖို့ ကူဖို့တော့မဟုတ်
ဘဝရဲ့ဆုံးခန်းတိုင်ဆီအရောက် ပို့မယ့်တပ်တွေ။

ဂရုစိုက်ကြပါမိတ်ဆွေများခင်ဗျာ..
တစ်ဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်

17/07/2023

ဆရာကြီးအောင်သင်းရဲ့ စကားလေး ✍☑

လူတစ်ယောက် ရင့်ကျက်တယ် မရင့်ကျက်ဘူးဆိုတာ အသက်နဲ့လည်းမဆိုင်ဘူး
ပျော်ပျော်နေတတ်တာ ခပ်တည်တည်နေတတ်တာနဲ့လည်း မဆိုင်သလို ဘွဲ့ဘယ်နှခု ရထားတယ်ဆိုတာနဲ့လည်း မပတ်သက်ဘူး

တကယ်တော့ ရင့်ကျက်မှုဆိုတာ အတွေ့အကြုံကနေ ဖြစ်လာတဲ့ ခံယူချက်တစ်ခုပဲ

ကျနော်အကြိုက်ဆုံးကတော့ ဆရာလင်္ကာရည်ကျော် ပြောဖူးတဲ့စကားလေး
"ရင့်ကျက်တယ်ဆိုတာ တခြားလူဘက်က တွေးပေးတတ်တာကို ခေါ်တာ"တဲ့

ဆရာပြောမှ ရှင်းသွားတယ်
ရည်းစားထားစဆို တစ်ယောက်နဲ့တစ်ယောက် သဝန်တိုကြတယ် ဟိုဟာမဝတ်နဲ့ ဒီလိုမဝတ်နဲ့ ချုပ်ချယ်ကြတယ်
ကြီးလာတော့ သူ့ရဲ့ လွတ်လပ်ခွင့်ဆိုတာကို နားလည်ပေးနိုင်လာကြတယ်

ငယ်ငယ်က ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာပဲ သိတယ် မိဘကိုပူဆာတယ် မိဘနဲ့ ပြသနာတွေ ဖြစ်တယ်
ကြီးလာတော့ ဒါတွေနည်းသွားတယ်
ဘာလို့ဆိုတော့ မိဘရဲ့နေရာကို ဝင်ကြည့်တတ်လာလို့ပဲ

အလုပ်မှာလည်း ဒီလိုပဲ
မရင့်ကျက်ရင် အလုပ်မှာ အဆင်ပြေနိုင်မှာ မဟုတ်ဘူး
ငါ ဒီလောက်လုပ်ပေးရက်နဲ့ ငါ ဒီလောက်အဆင်ပြေပြေ နေရက်နဲ့ သူတို့က ဘယ်လိုလို့ တွေးတတ်ကြတယ်
ကိုယ့်အောက်ကလူတွေအပေါ် မညှာမတာ မာန်မဲတတ်တယ်
ကိုယ့်အထက်လူကြီးတွေကိုလည်း ဒါတွေ ဒါတွေ မလုပ်ပေးရကောင်းလား ဆုံးဖြတ်တာကလည်း နှေးလိုက်တာ မပြတ်သားလိုက်တာ ပျော့လိုက်တာ စသဖြင့် အပြစ်တင်မိတတ်တယ်

အဲဒါမျိုးတွေ ပြန်စဉ်းစားကြည့်

ပြောင်းလဲလာတာတွေ အများကြီးရှိတယ်ဆို ဒါ ကိုယ် ရင့်ကျက်လာတာပဲပေါ့
အဲ့လိုမဟုတ်ဘဲ အရင်ကလည်း ဒီစိတ် ခုလည်း ဒီစိတ်ဆိုရင်တော့ အချိန်တွေသာကုန်သွားတယ် ရင့်ကျက်မလာဘူးပဲ ပြောရမှာပါပဲ

ကိုယ်ချင်းစာတယ်ဆိုတာ EQ ရဲ့ အစိတ်အပိုင်းတစ်ခုလည်းပဲ ဖြစ်တယ်

ဒီခေတ်မှာ EQ ဟာ အောင်မြင်ဖို့အတွက် အရေးကြီးကြောင်း တော်တော်လေး ပြောလာကြပြီ

ဒါကြောင့် ကိုယ် ဘယ်လောက်ရင့်ကျက်သလဲ တစ်နည်းအားဖြင့် ကိုယ်ဘယ်လောက် ကိုယ်ချင်းစာတတ်သလဲ ကိုယ်ဘယ်လောက် တခြားလူဖက်က လှည့်တွေးပေးနိုင်သလဲဆိုတာက

မယုံမရှိပါနဲ့

တချိန်မှာ ကိုယ့်အနာဂတ်အတွက် အရေးပါလာပါလိမ့်မယ်။

"ဒါဆို သင် ရင့်ကျက်လာပြီ"
*******************
#အချစ် ဆိုတာ
ဘဝရဲ့ အစိတ်အပိုင်း
တစ်ခုလောက် ပါပဲ ဆိုတာ
တစ်ဖြည်းဖြည်း နားလည် လာခဲ့ရပါပြီ။

ဘဝ နဲ့ အချစ် မှာ
ပိုင်ဆိုင်ရမယ့် အရာတွေ၊
လက်လွှတ်ရမယ့် အရာတွေ ရဲ့
အကြောင်း တွေကိုပါ သိလာပြီ ဆိုခဲ့ပါရင်
ဒါဆို သင် ရင့်ကျက်လာပြီ။

#ငယ်ငယ်တုန်း ကတော့
ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ် လို့
ယုံကြည် ခဲ့ ဖူးပါတယ်

လက်တွေ့ ဘဝ မှာတော့
ဘာတွေကို ကြိုးစား ရမယ်၊
ဘာတွေကို လျစ်လျှူ ရှု တတ်ရမယ်
ဆိုတာ သဘောပေါက် သွားခဲ့ပြီ

ဒါဆို သင် ရင့်ကျက်လာပြီ။

#အရှုံး ဆိုတာ
နာကျင် စရာ မဟုတ်သလို၊
အဆုံးသတ်လည်း မဟုတ်ဘူးဆိုတာ သိသွားပြီ

အရှုံးတွေနဲ့ မကြာခဏ ဆိုသလို
ရင်းနှီး လာရ ပေမယ့် အရှုံးသမားဆိုတဲ့
တံဆိပ်ကပ် မခံရအောင်
သင်ခန်းစာတွေ ယူတတ်လာခဲ့ပြီ

ဒါဆို သင် ရင့်ကျက်လာပါပြီ။

#ဟိုးတုန်းက
သင်ယူတယ် ဆိုတာ
ဂုဏ်ယူနိုင်ဖို့ ဆိုတဲ့ ဦးတည်ချက်ပဲ ရှိခဲ့ပါ တယ်

နောက်ပိုင်းမှာတော့ သင်ယူတယ် ဆိုတာ
အသုံးချဖို့၊
မျှဝေဖို့၊
စတဲ့ တိက်တဲ့
အကြောင်းအရင်းတွေနဲ့
သင်ယူ လာတယ်။

ဒါဆို သင် ရင့်ကျက်လာပြီ။

#ဝမ်းနည်း နေပေမယ့် ပြုံးနေမိတယ်

ရင်ထဲ ဝမ်းသာပေမယ့်
တည်ငြိမ်အောင် နေနေ ပါ တယ်

ဒါဆို သင် ရင့်ကျက်လာပြီ။

#လူဆိုတာ
အကောင်းနဲ့အဆိုး ရောနေတဲ့
သူတွေ မှန်း သိလာရတယ်

ဒါပေမယ့်
ကောင်းတဲ့အချက်တွေကိုပဲ
မြင်အောင်ကြည့်ပြီး ဆိုးတာတွေကို
လျစ်လျူ ရှု တတ်လာ ပါမယ်

ဒါဆို သင် ရင့်ကျက်လာပြီ။

#အစပိုင်းမှာ
လူတွေ သတ်မှတ် ထားတဲ့
အောင်မြင်မှုကို ရှာတယ်

နောက်ပိုင်း မှာတော့
ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့
အောင်မြင်မှုကိုပဲ ရှာတော့တယ်

ဒါဆို ရင့်ကျက်လာပြီ။

#ဘယ်အချိန်မှာ ပြောရမယ်၊

ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမယ်၊
သင်ကောင်းကောင်း သိလာပြီ

ဒါဆို သင် ရင့်ကျက်လာပြီ။

#လူတွေရဲ့ စကားကို
ဂရု မစိုက်တတ်ဘူး

ဒါပေမယ့်
ကိုယ့်ရဲ့ သိက္ခာ တရားကိုတော့
ဂရုစိုက် တတ်လာပြီ

ဒါဆို ရင့်ကျက်လာပြီ။

#အဆိုးတွေ နဲ့ ကြုံရတိုင်း
ဝမ်းမနည်း တတ်တော့ဘူး

ဒါတွေဟာ အခိုက်အတန့်ပဲ ဆိုတာ
သိ သွားပြီ
ဒါဆို သင် ရင့်ကျက်လာပြီ။


MK Book Store & စင်္ကာပူ

17/07/2023
17/07/2023

အတွေးလွန်ခြင်းကို ဘယ်လိုလျှော့ချမလဲ
**************************************

၁ ။ အလုပ်များအောင်နေပါ ။

အလုပ်ရှုပ်နေလေလေ၊ အလုပ်လုပ်စရာ ရှိနေလေလေ ဒီအတွေးတွေက မဖြစ်လာနိုင်ပါဘူး။ အလုပ်အများကြီး လုပ်ထားရတော့ ညဆို ပင်ပန်းပြီး အိပ်ချင်လာရင်လည်း ညဘက်ထိ တွေးမနေနိုင်တော့ပါဘူး။ အလုပ်များများပြီး လာရင်လည်း ဘာတွေဖြစ်လာမလဲဆိုပြီး စိတ်ပူနေစရာ မလိုတော့ပါဘူးနော်။

၂။ လက်ရှိမှာ နေထိုင်ပါ ။

မဖြစ်လာသေးတဲ့ အရာတွေအတွက် တွေးပြီး စိုးရိမ်မှုရှိနေတာ ၊ ဖြစ်ပြီးသွားတာတွေအတွက် ပြန်တွေးပြီး လိုက်ပူနေတာတွေက အတွေးလွန်ခြင်းရဲ့ အဓိက တရားခံတွေပါ ။ လက်ရှိမှာ ကိုယ် ဘာလုပ်နေလဲ ၊ ဘာလုပ်ရမလဲ ဆိုတာပဲ တွေးပြီး နေထိုင်ပါ ။ အတိတ်နဲ့ အနာဂတ်က ကိုယ်လိုက် ပြောင်းလဲလို့ မရပါဘူး ။ လက်တွေ့ကသာ ပြောင်းလဲနိုင်တာပါ ။

၃။ Horror Movie တွေ ကြည့်တာ လျှော့ပါ ။

Monica ဆို သရဲတွေ ၊ သွေးတွေ မကြောက်တတ်ပါဘူး။ ဒီတော့ ငယ်ငယ်ကတည်းက အိမ်ကမသိအောင်တောင် ခိုးကြည့်ပါတယ် ။ ဘာတွေဖြစ်လာလဲဆိုတော့ ဘယ်အချိန်မှာ ဘယ်လိုသေမှာလဲဆိုပြီး ကြောက်လာတာပါ ။ အဲဒီဇာတ်ကားတွေရဲ့ လွမ်းမိုးမှုက ကိုယ်တစ်ယောက်တည်းသာမက မိသားစုကိုလည်း ပိုစိတ်ပူပြီး ညဘက်ဆို အိပ်မပျော်ပါဘူး ။ အဲဒါကြောင့် အရမ်းကြိုက်ရင်တောင် လျှော့ကြည့်ကြပါ ။

၄။ တစ်ယောက်တည်း မနေပါနဲ့ ။

စကားများများ ပြောပါ ။ များများ hangout လုပ်ပါ ။ သူငယ်ချင်း အများကြီး ထားပါ ။ သူတို့နဲ့ စကားပြောပြီး ပျော်နေရတာက ကိုယ့်ရဲ့ စိုးရိမ်မှုတွေကို လျော့နည်းစေပါတယ် ။ စိတ်ညစ်ရင်တောင် ဖွင့်ပြောလို့ရတာမို့ တစ်ယောက်တည်း ရှိနေရင်တောင် အတွေးတွေ မဝင်လာနိုင်ပါဘူး ။

၅။ အလုပ်သေးသေးလေးတွေ ထလုပ်ပါ ။

အခန်းထဲ နေနေမယ့်အစား ၊ ဖုန်းသုံးနေမယ့်အစား တံမြက်စည်း ထလှည်းတာ ၊ သန့်ရှင်းရေး ထလုပ်တာ အဲဒီလို အိမ်မှာလုပ်နိုင်တဲ့ အလုပ်တွေ လုပ်ပါ ။ အိမ်နားက ဆိုင်မှာ မုန့်သွားဝယ်တာ ၊ ဓာတ်ပုံထွက်ရိုက်တာ စသည်ဖြင့် အိမ်ထဲမှာ ၊ အခန်းထဲမှာ အမြဲမနေဘဲ လှုပ်ရှားမှုလုပ်ပါ ။

၆။ ကြောက်စရာကောင်းတဲ့ စာတွေ မဖတ်ပါနဲ့ ။

Facebookမှာ တင်ထားတဲ့ Uncover ပုံတွေ ၊ videoတွေကို ဖွင့်မကြည့်ပါနဲ့ ။ ကြောက်စရာကောင်းလို့ coveမထားတာကို သွားပြီး မဖွင့်ကြည့်နဲ့နော် ။ ပြီးတော့ သရဲအကြောင်းတွေ ၊ စိတ်ကို ချောက်ချားစေတဲ့ စာတွေဆိုရင် မနက်ကျမှ ဖတ်ပါ ။ ပြီးရင် ညကျ ပြန်မတွေးနဲ့နော် ။

၇။ အတွေးတွေကို ပြောင်းပါ။

မဖြစ်နိုင်တာတွေ ၊ စိုးရိမ်နေတာတွေကို တွေးမယ့်အစား ငါ ဘာဖြစ်ချင်လဲ ။ စာကို ဘယ်လိုရအောင်လုပ်မလဲ ။ ရည်မှန်းချက်ပြည့်အောင် ဘာတွေလုပ်မလဲ စတဲ့ လက်တွေ့မှာ လုပ်ရမယ့် အတွေးတွေကို တွေးပါ ။ အချိန်မဆွဲနဲ့ ။

တစ်ခုခု လုပ်တော့မယ် ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် အချိန်တစ်ခုထိပဲ စဉ်းစားပါ ။ လိုတာထက် ပိုစဉ်းစားရင် overthinking ဖြစ်လာတဲ့အပြင် ဆုံးဖြတ်ချက်တွေ မှားနိုင်ပါတယ် ။

၉။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ။

လူငယ်တစ်ယောက်အနေနဲ့ Monica တို့ လုပ်နိုင်တာ အများကြီးရှိသလို ရှေ့ဆက်ရမယ့် လမ်းတွေလည်း အများကြီးပါ ။ ရွေးချယ်စရာတွေ ရှိနေတဲ့အပြင် ဖြစ်ချင်တာတွေ ဖြစ်ဖို့လည်း နောက်မကျသေးပါဘူး ။ အဲဒါကြောင့် ကိုယ်က ဘာမှမလုပ်နိုင်ဘူး ။ ဘာမှမလုပ်ပေးနိုင်ဘူးဆိုတာမျိုး မတွေးဘဲ တစ်လှမ်းစီ လျှောက်ရအောင် ။

၁၀။ မထွက်ပြေးပါနဲ့ ။

အမှားလုပ်မိတယ်ထင်ရင် ဝန်ခံလိုက်ပါ ။ တောင်းပန်လိုက်ပါ ။ ဖြေရှင်းပေးလိုက်ပါ ။ ကိုယ် သိချင်တဲ့ မေးခွန်းရှိရင်လည်း မေးလိုက်ပါ ။ ဖြစ်သမျှကို စိတ်ထဲမှာ မသိမ်းထားပါနဲ့ ။ လက်တွေ့မှာပဲ နေထိုင်ရအောင် ။

အပိုင်း ၁ ရဲ့ နောက်ဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် Challenge ခေါ် ကြရအောင် ။

Let's start

တစ်ရက်တာအတွက်-

၁၁ ။ ဖုန်းကို ခဏခဏ ဖွင့်ကြည့်နေတာ လျှော့ရန် ။

၁၂ ။ တစ်နေကုန် အခန်းအောင်းတာကို ရှောင်ရန် ။

၁၃ ။ ဟင်း ၅ မျိုး ချက်တတ်ရန် ။

၁၄ ။ ဘုရားစာ အလွတ်ရရန် ။ ကိုယ် ရွတ်ချင်တဲ့ ဘုရားစာကိုပါ ။

၁၅ ။ ဘာသာစကားအသစ်ကို တစ်နာရီ အမြဲ အချိန်ပေး လေ့လာရန် ။

ဒီ ၁၅ ချက်ကတော့ တစ်လတည်း အချိန်ပေးရုံနဲ့ ရရှိလာနိုင်တဲ့ အကျိုးတွေ သိသာတာမို့ Accept လုပ်ပြီး လိုက်လုပ်ကြည့်ပါ ။

ကောင်းတဲ့အရာဆို အကျင့်ဖြစ်အောင် လုပ်ယူလို့ရတာမို့ အခုပဲ စလိုက်ရအောင် ။ Monica ကတော့ Accept လုပ်ပါတယ် ။ စာဖတ်သူတို့ကော ဘယ်လိုလဲ ။

#အသက်၂၀မှာပြောင်းလဲရမယ့်အချက်၂၀

MK Book Store & စင်္ကာပူ

17/07/2023
16/07/2023

"ရင့်ကျက်ခြင်း၏ အဓိပ္ပါယ်တစ်မျိုး"

" ရင့်ကျက်မှုဆိုတာ တိုးတက်လာဖို့အတွက်
ပေးဆပ်ရမယ့်အမြင့်ဆုံး တန်ဖိုးတစ်ခုဖြစ်တယ်"

Tom Stoppard

Cowin Louis Coleဆိုတဲ့လူ က
ခုလိုပြောဖူးတယ်။

"ရင့်ကျက်တယ်ဆိုတာ အသက်အရွယ်နဲ့မဆိုင်ပဲ
တာဝန်ယူမှုကို ဘယ်လောက်လက်ခံနိုင်သလဲ
ဆိုတဲ့အပေါ် မူတည်နေတယ်၊ သင်ဟာ
တစ်ကြိမ်သာ ငယ်ရွှယ်နိုင်ပေမယ့် မရင့်ကျက်မှု
ကတော့ တစ်ဘဝလုံးရှိနေနိုင်တယ်"

ရင့်ကျက်တယ်ဆိုတာ နာကျင်မှုတွေကို
ခံနိုင်ရည်ရှိတာ၊ သူများတွေထက်
ပိုသည်းခံနိုင်တာ၊ စိတ်ကိုလေးလံအောင်
မထားတက်တာ၊ အရှိတရားကို လက်ခံပြီး
အပြုသဘော မြင်တက်တာတွေ ဖြစ်တယ်။
ဒါပေမယ့် စာရေးဆရာ Stephen R.Covey ကတော့
ရင့်ကျက်မှုဆိုတာ ကိုယ်ချင်းစာစိတ်နဲ့
သတ္တိတို့ကို ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်စွမ်း
လို့ သူ့ရဲ့ The 7 Habits Of Highly Effective People
စာအုပ်မှာ အဓိပ္ပါယ်ဖွင့်ဆိုထားတယ်။

တစ်နည်းပြောရရင်
သူ့အကျိုး ၊ ကိုယ့်အကျိုးကြည့်ပြီး
အခြေအနေတစ်ရပ်ကို ကြောင်းကျိုးဆင်ခြင်နိုင်တဲ့
အရည်အချင်းလို့လည်း ခေါ်နိုင်တယ်။

လူတစ်ယောက်မှာ ကိုယ်ချင်းစာစိတ်မရှိရင်
သူလုပ်တဲ့အလုပ်မှန်သမျှဟာ
ကိုယ်ကောင်းစားဖို့၊ ကိုယ့်အတ္တအတွက်ပဲ
ဖြစ်နေလိမ့်မယ်။
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့
စိတ်ထားနဲ့ အရာရာကို ဆုံးဖြတ်နေတဲ့သူဟာ
ဘယ်လိုမှ ရိုးသားဖြူစင်မှုအကြောင်း
နားလည်မှာ မဟုတ်ပါဘူး။

ကိုယ်ချင်းစာစိတ်ဖြစ်ဖို့အတွက်
ကျွန်တော်တို့ဆီမှာ ရိုးသားမှု၊
အပြုသဘောတွေးခေါ်တက်မှုနဲ့
သူတစ်ပါးအပေါ် နားလည်လိုစိတ်တွေ ရှိရမယ်။

ကိုယ်တိုင်က ဖြူစင်ရိုးသားမှုမရှိဘူးဆိုရင်
သူများလုပ်တာကိုင်တာ၊ ပြောတာဆိုတာတွေအပေါ်
အမြဲ အပြစ်မြင်နေမိမှာ မလွဲပါဘူး။
ကိုယ့်စိတ်နဲ့ သူတစ်ပါးအပြုအမူတွေကို
နှိုင်းယှဥ်ကြည့်ရင်း ယုံကြည်စိတ်ချမှုရှိမှာ မဟုတ်သလို
သူများဘက်ကို ကြည့်ပေးနိုင်မှာလည်း မဟုတ်ဘူး။

အပြုသဘောမတွေးတက်ဘူးဆိုရင်လည်း
ကိုယ်က တခြားသူအပေါ် အကူအညီတစ်ခုခု
ပေးလိုက်လည်း ကိုယ့်အတွက်ဘာများထူးခြားသွား
မလဲ၊ ကိုယ့်ကိုယ်ကိုယ်မြင်တဲ့အမြင်ရော
ဘယ်လောက်များပြောင်းလဲသွားမှာ မို့လို့လည်းလို့
တွေးတက်တယ်၊ ကိုယ်မကူညီလည်း
တခြားတစ်ယောက်ယောက်က
ဖြည့်ဆည်းပေးမှာပဲ ဆိုပြီး မျက်နှာလွှဲမိလိမ့်မယ်။

နားလည်လိုစိတ်ဆိုတာ
သူများအခြေအနေတွေက်ို ကိုယ့်မှာဖြစ်နေသလို
စေတနာထားတာ၊ ကိုယ်ဘာလုပ်ပေးနိုင်မလဲဆိုတဲ့
အသိနဲ့ ဂရုတစိုက်နားထောင်ပေးတာမျိုး
ဖြစ်တယ်။

ဒီနေရာမှာ သတ္တိဆိုတာ သူများအပေါ်
ကြောက်ရွံမှုမရှိတာ၊ ကိုယ့်ကိုယ်ကို အားငယ်စိတ်
မဝင်ပဲ ပူးပေါင်းဆောင်ရွှက်မှုကိုလိုလားတာ၊
ကိုယ့်လိုချင်တာကို ထုတ်ပြောရဲတာကိုဆိုလိုတယ်။

ကိုယ်ချင်းစာစိတ်နဲ့ သတ္တိကို
ဘက်ညီအောင် ညှိနိုင်မယ်ဆိုရင်
သူနိုင်ကိုယ်နိုင် ဆက်ဆံရေးမျိုးတွေကို
တည်ဆောက်နိုင်မှာ ဖြစ်ပြီး၊
ကိုယ့်ကြောင့် သူများနစ်နာမှာ
သူများကြောင့်လည်း ကိုယ်ဆုံးရှုံးရတာတွေ
နည်းသွားမှာ ဖြစ်ပါတယ်။

စကားလေးတစ်ခွန်းကြားဖူးတာ ရှိတယ်။
"အပြစ်ကင်းတဲ့ရင့်ကျက်မှုဆိုတာ လူတစ်ယောက်က
သင့်ကို နာကျင်စေတဲ့အခါ သူ့ရဲ့အခြေအနေကို
နားလည်အောင်ကြိုးစားပြီး သူ့အပေါ်
ပြန်လည် မနာကျင်စေခြင်းသာ ဖြစ်တယ်"

Chan Lin Aung
photo crd

19/06/2023
21/05/2023
21/05/2023

JLPTဖတ်စာအုပ်တွေမဟုတ်တဲ့
အခြား ခန်းဂျီးလေ့လာလို့ရမယ့်
စိတ်ဝင်စားဖွယ်စာအုပ်များ ဖြစ်ပါတယ်။

အောက်ဆုံးကနှစ်အုပ်ကို
Tsukimi က Highly Recommend လုပ်ပါတယ်။🌿

■The World of Kanji
https://t.me/japanesebooksharing/566

■Understanding Kanji Characters by their Ancestral Forms
https://t.me/japanesebooksharing/564

■Decoding Kanji
https://t.me/japanesebooksharing/562

■My First Japanese Kanji Book
https://t.me/japanesebooksharing/556

■Shougaku Kanji 1006
https://t.me/japanesebooksharing/550

■Kanji Isn't That Hard
https://t.me/japanesebooksharing/463

■Kanji Radical
https://t.me/japanesebooksharing/451

■Intermediate Kanji Book
https://t.me/japanesebooksharing/625

■Japanese Kanji for Beginer
https://t.me/japanesebooksharing/621

■250 Essential Japanaese Kanji
https://t.me/japanesebooksharing/25

■Kanji Look and Learn
https://t.me/japanesebooksharing/94

■Kanji Dictionary 2500
https://t.me/tsukimireading/6221

16/05/2023
27/04/2023
25/04/2023

ရန်ကုန်မှာ Bus ကားစီးမယ်ဆိုရင် ..

" ​ရွှေတိဂုံဘုရား " ကိုရောက်တဲ့နံပါတ်တွေ
8,11,77

✅ဗဟန်း၃လမ်းမှတ်တိုင်(ကမ္ဘာ​အေးဘုရားလမ်း)
➡️YBS - 8,12,28,29,36,61,82,87,95,
108,115,116,AIRPORT-SULE

" ကမ္ဘာ​အေးဘုရား "

✅ကမ္ဘာ​အေးဘုရားမှတ်တိုင်(ကမ္ဘာ​အေးဘုရားလမ်း)
➡️YBS - 6,10,28,30,36,43,55,79,83,88,96,96,97,99,
103,115,116,117,125,AIRPORT-SULE

" ဗိုလ်တစ်​ထောင်ဘုရား "

✅ဗိုလ်တစ်​ထောင်ဘုရားမှတ်တိုင်(ကမ်းနားလမ်း)
➡️YBS - 13,24,26,34,43,57,58,65,70,79,82,100,114

" ဆူး​လေဘုရား "

✅ဆူး​လေ(ဆူး​လေဘုရားလမ်း)
➡️YBS - 3,12,28,29,36,37,61,72,78,82,87,
104,105,107,108,110,118,AIRPORT-SULE

✅ဆူး​လေ(မဟာဗန္ဓုလလမ်း)
➡️YBS - 4,7,57,89(မင်းနန္ဒာ),89(မြင်​တော်သာ),111,
112,113,

" ​ကျောက်​တော်ကြီးဘုရား "

✅​ကျောက်​တော်ကြီးဘုရားမှတ်တိုင်(မင်းဓ္ဓမလမ်း)
➡️YBS - 76,126

✅​ကျောက်​တော်ကြီးမှတ်တိုင်(ပြည်လမ်း)
➡️YBS - 6,15(ပြည်လမ်း),37,43,44,55,77,90,96,97,
103,104,105,106,107

✅​စော်ဘွားကြီးကုန်းမှတ်တိုင်(အင်းစိန်ဘူတာရုံလမ်း)
➡️YBS - 6,11,15(ပြည်လမ်း),41,55,77,91,122,123,124

Credit YBS လမ်းညွှန်

မင်္ဂလာစျေးကို ရောက်တဲ့ နံပါတ်တွေ
၃၊ ၇၊ ၈၊ ၂၅၊ ၂၇၊ ၃၃

ယုဇနပလာဇာကို ရောက်တဲ့နံပါတ်တွေ
၃၊ ၉၊ ၂၀၊ ၂၅၊ ၂၇၊ ၃၃

အောင်မင်္ဂလာအဝေးပြေးဝင်း ကိုရောက်တဲ့နံပါတ်တွေ
၂၊ ၁၇၊ ၁၈

ပါရမီလမ်းကိုရောက်တဲ့နံပါတ်တွေ
၁၀၊ ၁၂၊ ၁၈၊ ၃၂

ပါရမီကိုရောက်တဲ့နံပါတ်
၃၀

နတ်မောက်လမ်းကို ရောက်တဲ့နံပါတ်


မြေနီကုန်းကိုရောက်တဲ့နံပါတ်တွေ
၁၁၊ ၂၀၊ ၂၁၊ ၃၅၊ ၃၇၊ ၃၉

လှည်းတန်းကိုရောက်တဲ့နံပါတ်တွေ
၂၁၊ ၃၅၊ ၃၇၊ ၃၉

ယာဉ်လိုင်း အမှတ် ၁ မှ ၆၀ အောက်ပါခရီးစဉ်လမ်းကြောင်းများပေါ်ရောက်ရှိနိုင်သော ယာဉ်လိုင်း အမှတ်များဖြစ်ပါတယ်။ ယာဉ်အမှတ် ဆုံပွိုင့်များဟာ ယာဉ်လိုင်းအမှတ်တစ်ခုမှအခြားတစ်ခုသို့ပြောင်းစီးနိုင်မယ့် transit point များဖြစ်ပါတယ်။

လှည်းကူးဈေးရှေ့ 1,45
တာဆုံ 1,43,44
ဒရယ်ဘို 1
ပေါက်ကုန်း 1
ရဲမွန် 1
စီအိုဒီ 1
ဇရပ်ကွင်း(တာဆုံ) 1
အင်းတိုင် 1
တလုတ်ကုန်း 1
သနပ်ပြင် 1,51
သင်္ဃန်းကျွန်း 1
ရွာသာကြီး(စီးပွားရေးတက္ကသိုလ်) 1,46
တောင်မြောက်လမ်းဆုံ 1,2,3,6,7,24,25,46,60
စံပြဈေး 1,1,3,6,7,24
ဇဝန 1,7,10,18,24,32
သုမင်္ဂလာ 1
ရတနာလမ်း(သင်္ဃန်းကျွန်း) 1,14,26,27,42,60
မြင်သာ(ကညန) 1
ယုဇန(ခိုင်ရွှေဝါလမ်း) 2
ပြည်ထောင်စုလမ်း 2,7,15,24,25,26,27,29,30
လှော်ကားလမ်း 2,6,7,42,43,44
မောင်းမကန်လမ်း 2,3,6
အမှတ်(၂)လမ်း 2,46,60
ဗိုလ်မှူးဗထူးလမ်း 2
မြောက်ဥက္ကလာပအဝိုင်း 2,10,15,16,19,28,32,36
ခေမာသီလမ်း 2,15
ဆေးတက္ကသိုလ်(၂) 2
မြောက်ဥက္ကလာပဆေးရုံ 2
သုဓမ္မာလမ်း 2,8,10,15,18,19,36,42
၆ကွေ့ 2,16,17,18,19
အောင်မင်္ဂလာအဝေးပြေးကွင်း 2
ယုဇနဥယျာဉ်မြို့တော် 3,4
ပဲခူးမြစ်လမ်း 3,4,5
ဧရာဝဏ်လမ်း 3,4,8,9,32
စည်ပင်လမ်း 3,6
လေးထောင့်ကန်လမ်း 3,18,24,32
အရှေ့မြင်းပြိုင်ကွင်းလမ်း 3,18,26,27
တာမွေအဝိုင်း 3,12,14,20,26,27,29,59
ဗညားဒလလမ်း 3,20,27,33
ယုဇနပလာဇာ 3,9,20,25,27,33
မင်္ဂလာဈေး 3,7,8,25,27,33
ကျိုက္ကဆံလမ်း 3,9,18,25,27,33
ကွေ့မ 4
ရတနာလမ်း(ဒဂုံဆိပ်ကမ်း) 4,5
တိုင်းရင်းသားကျေးရွာ 4,5
သံလျင်တံတားချဉ်းကပ်လမ်း 4,42
သာကေတအဝိုင်း 4,32,33,42
ကျောက်တိုင် 4,5,9,9,10,32,33
မင်းနန္ဒာလမ်း 4,5,8,9,10,33
မဟာဗန္ဓုလတံတား 4,31,34
အနော်ရထာလမ်း 4,5,7,31,54,58
ဆူးလေ 4,7,12,29,36
ရိုးမရိပ်သာ 5
၈၉လမ်းဆုံ 5
ယုဇနဥယျာဉ် 5
ကျွန်းရွှေဝါလမ်း 5
ရွှေလီလမ်း 5
သာကေတ(အဝိုင်း) 5,8,34
စက်ဆန်းတံတား 5
ညောင်တန်း 5
ဗိုလ်တစ်ထောင်ဘုရားလမ်း 5,24,26,31,34,56,58
ဗိုလ်ချုပ်အောင်ဆန်းလမ်း 5,56
အောင်မြင့်မိုရ် 6
သံသုမာလမ်း 6,9,14,18,24,25,26,27,29,32,38,42,60
ဘေလီ 6,12,14,18,26,27,29,30,32
ချော်တွင်းကုန်း 6,10
နဝဒေး 6,10,15,16,19,28,36
၈မိုင်လမ်းဆုံ 6,15,16,19,30,35,37
ကျိုက်ဝိုင်းဘုရားလမ်း 6
မင်းဓမ္မလမ်း 6
စော်ဘွားကြီးကုန်း 6,11,37,41
ပြည်လမ်း 6,35,37,41,43
၁၀မိုင်ကုန်း 6,37
၉မိုင် 6
တောင်ဒဂုံ(၇၀/၇၂)ရပ်ကွက် 7
ရတနာပုံလမ်း 7
ကျန်စစ်သားလမ်း 7,29,30,53,54
ဘုန်းကြီးကျောင်းကွေ့ 7
ကုန်တိုက် 7
စက်မှုဇုံ 7
တာမွေ(ဗလီ) 7,25
သိမ်ဖြူ 7,20,20
မဟာဗန္ဓုလလမ်း 7,21,34,35,37,39,42,57
အင်းဝ အိမ်ရာ 8
၇ဈေးလမ်း 8
မြင်တော်သာလမ်း 8,34
ယမုံနာလမ်း 8,31
သာကတေတံတား 8,9
နတ်မောက်လမ်း 8
ဦးထောင်ဘိုလမ်း 8,11
ရွှေတိဂုံဘုရားလမ်း 8,11
ဇီဝကလမ်း 8,11
တိုင်းရင်းသား နည်းပညာတက္ကသိုလ် 9
ဒေါပုံ 9,33
ရွေဗဟို 9
သမိန်ဗရမ်းလမ်း 9,18,25,26,59
ကြက်ဘဲဈေး 9,18,24,25,26
သုဝဏ္ဏတံတား 9,10,24,32
တိုင်းရင်းသားကျေးရွာ 10
ရှုခင်းသာမြို့ပါတ်လမ်း 10,31,42
၅ကွေ့ 10
ဇင်ဂမလမ်း 10
အသင်းတိုက် 10,18,24
သုမင်္ဂလာလမ်း 10,32
ပါရမီလမ်း 10,12,18,32
ဗိုလ်မှုးဗထူးလမ်း 10,27,28
ဒဂုံတက္ကသိုလ် 10,27
ခရေရိပ်မွန်အိမ်ရာ 11
ခရေပင်လမ်းခွဲ 11,17,35,37,42,44
အင်းစိန်ပန်းခြံ 11,15,21,22,41
ဗဟိုလမ်း 11,22
ရွာမကျောင်းလမ်း 11,22
လှည်းတန်းခိုင်ရွှေဝါ 11,22
ဟံသာဝတီလမ်း 11
အထက်ကြည့်မြင့်တိုင်လမ်း 11,22,41
ဗားကရာလမ်း 11,20,59
မြေနီကုန်း 11,20,21,35,37,39
ဓမ္မစေတီလမ်း 11,59
လင့်လမ်း 11,20
အနောက်ရွှေဂုံတိုင်လမ်း 11
သွေးဆေးကန်လမ်း 11
ဦးဝိစာရလမ်း 11,27
(၅၀)ကွေ့ 12,15
၄၆လမ်းဆုံ 12
(၇/၈)လမ်းဆုံ 12,25
မဝတလမ်းဆုံ 12
နန္ဒဝန်ဈေး 12
သစ္စာလမ်း 12,29,38
မိုးကောင်းလမ်း 12,14,26,27,38
ကံဘဲ့လမ်း 12,29
ရန်ကင်းလမ်း 12,14,29,38
ဂွတ္တလစ်ဈေးကွေ့ 12
ရွှေဂုံတိုင်လမ်း 12,59
ရွှေဂုံတိုင် 12,20,29
ရန်ကုန်ဘူတာကြီး 12,28,29,36
ဒဂုံမြောက်(ဘုရင့်နောင်လမ်းဆုံ) 14
ဘုရင့်နောင်လမ်း 14,15,19,20,23,38,42
ပင်လုံလမ်း 14,26,29
ဦးချစ်မောင်လမ်း 14
ရန်ကင်းစင်တာ 14
ရန်ရှင်းလမ်း 14,38
စက်မှု(၁)လမ်း 14,38
ကမ္ဘာအေးဘုရားလမ်း 14,28,29,30,36,38
ကုက္ကိုင်း 14,38
တက္ကသိုလ်ရိပ်သာလမ်း 14,38
လှည်းတန်းလမ်း 14,30,38
ဆင်မလိုက် 14,19,20,23,38,40
ကြည့်မြင့်တိုင်ကမ်းနားလမ်း 14,59
သခင်မြပန်းခြံ 14,19,22,23,30,40,41,56,57
ရာဇာသင်္ကြန်လမ်း 15
ကြိုးတံတား 15
သမိုင်းလမ်းဆုံ 15,19,21,39
ဘုရင့်နောင်လမ်းဆုံ 15,19
ပေါက်တောဝ 15,22,40
ဘီအိုစီ 15,39
YTU 15,21,39
ရွှေပေါက်ကံ(တောင်ငူလမ်း) 16
ကျောက်လမ်း 16
ဘုရင့်နောင်တံတား 16,20,23
ပုသိမ်လမ်း 16,23,54
သမကုန်း 16,22
ဒဂုံဧရာအဝေးပြေးဝင်း 16
ရွှေပေါက်ကံ 17,19
(ဆင်ဖုံ) 17,19
အောင်မင်္ဂလာအဝေးပြေး 17,18
ဒညင်းကုန်းလမ်းဆုံ 17,40,42
ရွှေပြည်သာတံတား 17,21
ပေါက်တန်းအဝိုင်း 17
သမကုန်းအဝိုင်း 17,20,23
အနောက်ပိုင်းနည်းပညာတက္ကသိုလ် 17,23
ခရေရိပ်မွန် 18
အမှတ်(၃)လမ်းဆုံ 18,32,35,36,42
ဘုန်းကြီးလမ်း 18,32,35,37,39,42
ဝေဇယန္တာလမ်း 18,32
သီရိမင်္ဂလာဈေးသစ် 19,20,23,38,40
စံပြငါးဈေး 19,20,23,40
TBဆေးရုံ 20
ဒဂုံဧရာအဝေးပြေး 20
ဘီအိုစီအဝိုင်း 20,23
တာမွေလမ်း 20,27
မြရာကုန်းလမ်း 20
မြန်မာ့ဂုဏ်ရည်လမ်း 20
အနောက်ပိုင်းတက္ကသိုလ်(ထန်းတပင်) 21,22
ပေါက်ကုန်းအဝိုင်း 21,22
၁၄လမ်းဆုံ 21,40
ဒညင်းကုန်း 21,39,44
အောက်မင်္ဂလာဒုံလမ်း 21
ပြည်တော်သာ 21,40
မင်းကြီးလမ်း 21
လှည်းတန်း 21,35,37,39
စံပြ 21,37,39
ကမ်းနားလမ်း 21,23,24,26,34,35,37,39,40,56,57,58
မော်တင် 21,35,37,39
ရိုးကြီး/ရိုးလေး 22
မီးခွက်ဈေး 22,52
အောင်ဇေယျတံတား 22
အနောက်ကြို့ကုန်း 22
ဟံသာဝတီ 22
စလင်းကွင်း 22
ဗားကရာ 22
အနောက်ပိုင်းဆေးရုံ 22
အလုံလျှပ်စစ်ရုံး 22
ဂျမခန်နာ 22
(တူးချောင်း) 23
ကျန်စစ်သားလမ်း 24
တပင်ရွှေထီးလမ်း 24
အထက်ပုဇွန်တောင်လမ်း 24,26
ပုဇွန်တောင်ဈေး 24,26
မဟာဗန္ဓုလတံတားအောက် 24,26
ရာဇဓိရာဇ်လမ်း 24,26
ဒဂုံတက္ကသိုလ် 25,26,28,29,30
မင်းရဲကျော်စွာလမ်း 25,26,27,29,30
ငမိုးရိပ်တံတား 25
ရွှေဗဟိုရ် 25
အောင်ဇေယျလမ်း 26,60
စိတ်ကျန်းမာရေး 27
၁၃၃ရပ်ကွက် 27
ဗဟန်း(၃)လမ်း 28,36
ဆူးလေမြို့တော်ခန်းမ 28
ဂွတ္တလစ်ဈေး 29
ပါရမီ 30
ညောင်ပင် 30
ကြည့်မြင့်တိုင် 30
သန်လျင်(အရှေ့ပိုင်းတက္ကသိုလ်) 31
သန်လျင်ကျောက်တန်းလမ်း 31
သန်လျင်အမှတ်(၁)တံတား 31,32,33,34
ဗိုလ်တစ်ထောင်ဈေးလမ်း 31
ကုန်သည်လမ်း 31,56
ရေကြောင်းတက္ကသိုလ် 32
ဘုရားလမ်းဆုံ 32
သန်လျင်(မြို့မဈေး) 32
ဗိုလ်ချုပ်နေဝင်းလမ်း 32
ခရေရိပ်မွန်အိမ်ရာ 32
ကျောက်တန်း 33
ကျောက်တန်း(သန်လျင်လမ်း) 33
ခရမ်း 34
သုံးခြ 34
အရှေ့ပိုင်းတက္ကသိုလ် 34
သန်လျင်ကျောက်တန်း လမ်း 34
သိမ်ဖြူလမ်း 34
ထောက်ကြန့် 35,36,37,41
နွယ်ခွေ 35,36
အမှတ်(၃)လမ်းပုလဲမြို့သစ် 35
အမှတ်(၃)လမ်း 36
ပုလဲမြို့သစ် 36
ဘေလီ 38
တောင်ဥက္ကလာဘုရား 38
ရွှေပြည်သာ(လိန်ကုန်း) 39,40,42
အမှတ်(၄)လမ်း 39,43,44
ကွန်ပြူတာတက္ကသိုလ် 39
ပြည်တော်သာ(အောက်လမ်း) 39
ထန်းခြောက်ပင် 40,42
ပုလဲလမ်း 40
ဘုရင့်နောင်လမ်းမကြီး 40
ဘုရင့်နောင် 40
လမ်းသစ်လမ်း 41
လှည်တန်းလမ်း 41
၃ထောင်ကွေ့ 41
အောက်ကြည့်မြင့်တိုင်လမ်း 41,59
ရွှေပြည်သာကွေ့ 42
ကမာကြည်လမ်း 42
လိန်ကုန်း 43,44
မှော်ဘီဈေးရှေ့ 43
ထောက်ကြန့် 44,55
ရန်ကုန်ပဲခူးလမ်း 44
လှည်းကူးဈေးရှေ့ 44
ဖောင်ကြီးလမ်း 45
ဖောင်ကြီး 45
မင်းကုန်း 45
ဒါးပိန် 46
လှိုင်သာယာ ဘီအိုစီ 47,49
တွံတေးကြိုးတံတား 47,49
တွံတေးမြို့ 47
ဘုရားငုတ်တို 47,48,49,50
ကံဘဲ့ 47,49,50
တွံတေး 47,48
ဒလ 48,50
ကော့မှူး 49,50
ကွမ်းခြံကုန်း 49,50
ပဲခူး 51
ခရမ်း 51
ထန်းတစ်ပင် 52
ရန်ကုန်ပုသိမ်လမ်း 52
ရန်ကုန်ညောင်တုန်းလမ်း 52
ရွှေလင်ဗန်းလမ်းဆုံ 53
ညောင်တုန်းလမ်း 53,54
ဗိုလ်အောင်ကျော်လမ်း 53,54,54
ရွှေလင်ဗန်းလမ်းဆုံ 53
၈၆ဂိတ် 54
ရွှေရင်အေးလမ်း 54,54
အောက်ထိပ် 54
၈၆ဂိတ် 54
တိုက်ကြီး 55
ဥက်ကံ 55
မြောင်းတကာ 55
မှောဘီနည်းပညာတက္ကသိုလ် 55
မှော်ဘီ 55
သခင်မြပန်းခြံ 56,57
ဗိုလ်တစ်ထောင် 57
ဘုရားလမ်း 57
ဗိုလ်တစ်ထောင်ဘုရား(ကမ်းနားလမ်း) 58
ဗိုလ်တစ်ထောင်ဘုရား 58
သင်္ဃန်းကျွန်းစံပြဈေး 59
သံသုမာ 59
ကြက်ဘဲစျေး 59
အာသောကလမ်း 59
ရွှေဂုံတိုင်ဂုံးကျော်တံတား 59
ရွှေဂုံလမ်း 59
သခင်မြပန်းခြံလမ်း 59
နှင်းဆီကုန်းလမ်း 59
တောင်ဒဂုံ 60
သာကေတဧရာဝဏ် 60
ပြည်ထောင်စုလမ်းဆုံ 60
ပြည်ထောင်စုလမ်းမကြီး 60
သင်္ဃန်းကျွန်းစံပြစျေး 60
ကျောက်ကုန်း 60

credit-Khin Maung Ko

YangonBusRoute
မိတ်ဆွေတို့အတွက်အသုံးလိုမယ်ထင်လို့ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ အမှားပါသွားရင်တော့ခွင့်လွှတ်ပေးကြပါလို့မေတ္တာရပ်ခံပါရစေ😍

သိရှိတဲ့ခရီးသည်အချင်းချင်းကူညီပေးကြပါခင်ဗျ
Like & share ဆောင်ထားသင့်တယ်နော် ☺

02/04/2023

ညအိပ်ရာဝင်ခါနီး နားကြပ်လေးတပ်ပြီး N3 tango Ch-1 အစအဆုံးပြန်နွှေးကြမယ်

Address


Website

Alerts

Be the first to know and let us send you an email when EI EI Htwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share