Ko Thu Ya

Ko Thu Ya Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Thu Ya, Digital creator, .

 #လူလိမ်စုံတွဲသတိထားလို့ရအောင်တင်ပေးဖခင်းဖြစ်ပါသည်။အလိမ်ခံရသူတွေများနေပါပြီဗျာ။အားလုံးသတိထားကျပါဗျ။ခေတ်ကမကောင်း လူလိမ်တွ...
19/06/2024

#လူလိမ်စုံတွဲသတိထားလို့ရအောင်တင်ပေးဖခင်းဖြစ်ပါသည်။

အလိမ်ခံရသူတွေများနေပါပြီဗျာ။

အားလုံးသတိထားကျပါဗျ။ခေတ်ကမကောင်း လူလိမ်တွေကတမျိုး

မနေ့က အကူအညီတောင်းလို့ Satr , ISA,  Reel သုံးခုလျှောက်ပေးတာISA ကတော့ policy မလွတ်လို့ ရက်ပြန်စောင့်ရမှာ ဖြစ်ပါတယ်။Reel က...
17/06/2024

မနေ့က အကူအညီတောင်းလို့
Satr , ISA, Reel သုံးခုလျှောက်ပေးတာ
ISA ကတော့ policy မလွတ်လို့
ရက်ပြန်စောင့်ရမှာ ဖြစ်ပါတယ်။

Reel ကနေတော့ ပိုက်ဆံ ရပါပြီ။
Star ကတော့ ပရိတ်သတ်က ပေးရင် ရပြီ။

ဘယ်နိုင်ငံကနေ လျှောက်ပေးတယ်လို့
မိတ်ဆွေ တို့ ထင်သလဲ ။

~ Star ရရုံ နှင့် Payout မလျှောက်နှင့် ~➖➖➖➖➖➖➖➖➖➖➖➖ယခု အကြောင်းအရာ နှင့် ပတ်သတ်ပြီး အဓိက ပြောချင်တာသည် မြန်မာ နိုင်ငံ က...
13/06/2024

~ Star ရရုံ နှင့် Payout မလျှောက်နှင့် ~
➖➖➖➖➖➖➖➖➖➖➖➖

ယခု အကြောင်းအရာ နှင့် ပတ်သတ်ပြီး
အဓိက ပြောချင်တာသည် မြန်မာ နိုင်ငံ က လူတွေ အတွက်ပါ။

တော်တော်မျာများ မှားနေကြတယ်။

Page ပဲ ဖြစ်ဖြစ် ၊ Pro Mode On Account ပဲ ဖြစ်ဖြစ်
Star ရပြီဆို Setup payout account ဆိုတာကို
လျှောက်ဖြည့်တက်ကြတယ်။

ကိုယ်ဖြည့်တာ မှန်ကန်တယ်ဆို ပြဿနာ မရှိပေမယ့်
မှားသွားတာတို့ ၊ Myanmar country ထည့်လိုက်မိတာတို့ ဆို
တခြား Setup တွေ ပေါ်လို့ မလုပ်တက်တဲ့အခါ
ပြဿနာတွေ ဖြစ်လာတက်ပါသည်။

နောက်တစ်ချက်က Satr ဆိုတာသည်
Myanmar က အကျုံးဝင်သော နိုင်ငံ ထဲမှာ ပါပေမယ့်
ပိုက်ဆံထုတ်ဖို့ Setup payout account လျှောက်ထားရင်တော့
Myanmar နှင့် ပတ်သတ်သော အချက်အလက်များ
ဘာတစ်ခု မှ ထည့်လို့မရပါဘူး။

Myanmar နိုင်ငံသည် Star မှ လွဲ၍

Facebook က တကယ် ပိုက်ဆံရသည့်
အခြားသော Setup Tool များဖြစ်သည့်
- Reel
- In-stream ads
- Bonus
- Live ads စသည်တို့တွင် အကျုံးမဝင်ပါဘူး။

ထို့အတွက် ပိုက်ဆံရသော Setup များ ပေါ်လာ၍
Facebook မှ ပိုက်ဆံ ထုတ်ရန် Link ချိတ်သည့်
Payout Account လျှောက်ထားရာတွင်
Facebook က ခွင့်ပြုသော နိုင်ငံများ၏
ID များ Bank များကိုသာ ဖြည့်သွင်း
လျှောက်ထားနိုင်မှာ ဖြစ်ပါသည်။

Myanmar Country တို့ Myanmar ID card number
Myanmar Bank တို့ကို ဖြည့်စွက် လျှောက်ထားမိရင်တော့
Pre Enroll ဟုခေါ်သော (မြန်မာကို Facebook က ခွင့်ပြုမှရမည်။)

ကိုယ်ရထားသည့် ပိုက်ဆံများ ရှိပါကလည်း On Hold များဖြစ်ကာ
Ineligible Country ဟုခေါ်သော Flag (အလံပြကာ)
ငွေရှာခွင့် ကန့်သတ်ခံထားရမှာ ဖြစ်ပါသည်။

-------------------------------------------

🔹 Star မှ ပိုက်ဆံ ဘယ်လို ရသလဲ ❓

Star ဆိုတာ ကိုယ့်ရဲ့ ပရိသတ်က ကိုယ့်ကို လက်ဆောင်ပေးခြင်း
ဖြစ်ပါသည်။ ရရှိလာတဲ့ လက်ဆောင် တွေကို Facebook ဘက်က
ငွေကြေး အဖြစ် ကိုယ်တွေကို ပြန်လည် ပေးတာလို့
အကြမ်းဖျင်း သိရင် လုံလောက်ပါပြီ။

ဆိုတော့ မြန်မာနိုင်ငံက လူတွေသည် ကိုယ့်ကို
လက်ဆောင်ပေးတယ်ဆိုတာ အင်မတန် ရှားတာက (တစ်ချက်)

လက်ဆောင် ပေးချင်သည့်တိုင် ဘယ်လို ပေးရမလဲ
မသိတဲ့ သူတွေက လည်း အင်မတန်များပါသည်။

အကုန်လုံး သုံးသပ်ပြီး ကျနော့်အမြင် အရ ပြောရမယ်ဆိုရင်
Satr ဆိုတာ မြန်မာ နိုင်ငံက Creator တွေ အတွက်
သိပ် အသုံးမဝင်ဘူးလို့ ခံစားမိပါသည်။

---------------------------------------------

🔸 ဘာပဲဖြစ်ဖြစ် Star အတွက် Setup Payout Account
လုပ်မည် ဆိုသူတွေ အတွက် စဥ်းစာစရာ 👀
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဘာပဲဖြစ်ဖြစ် လျှောက်တော့မည်ဆိုလျင်

- နိုင်ငံခြား ID တစ်ခု လိုအပ်မည်။
- နိုင်ငံခြား Bank Account လိုအပ် မည်။

ကိုယ့်မှာ မရှိဘူးဆိုလျင် Service အပ်ရမည်။ (ပိုက်ဆံကုန်မည်)

ဟုတ်ပြီ ကိုယ်က လျှောက်ထားတဲ့ Payout အကောင့်သည်
အလကားတော့ မဖြစ်ဘူး မှန်တယ်။
တခြား Setup တွေ အတွက် အသုံးပြုလို့ရပါသည်။

သို့သော် တကယ် ပိုက်ဆံ ရမည့် Setup တွေ အတွက်က
အချိန်တွေ ပေးပြီး ကြိုးစားရဦးမည်။
အောင်မှာလား မအောင်ဘူးလား ဆိုတာ မသိသေး။

ကိုယ်တကယ် Facebook က ပိုက်ဆံရမည့် Setup တွေ
ပေါ်တော့မှရော လျှောက်လို့မရဘူးလား ❓

ရပါတယ်လေ။ ✅

ကျနော့် အမြင်ဆိုရင်တော့ ကိုယ်တကယ် ပိုက်ဆံရဖို့
ကျိန်းသေတဲ့ အရာအတွက်ကိုပဲ ရင်းနှီးမြုပ်နှံတာ
အကောင်းဆုံးပါလို့ ထင်မြင်ယူဆ အကြံပြုရင်း.........

စာသား Copy ယူခွင့်မပြုပါ။
Share ခွင့်ပြုပါသည်။

လူ လိမ် သတိထား Page Service ဖြစ်ဖြစ် ၊ ISA Service ဖြစ်ဖြစ် လူလိမ် တော်တော်များများက သူတို့ မျက်နှာ မပြရဲကြပါဘူး။Profile...
12/06/2024

လူ လိမ် သတိထား
Page Service ဖြစ်ဖြစ် ၊
ISA Service ဖြစ်ဖြစ်
လူလိမ် တော်တော်များများက သူတို့ မျက်နှာ မပြရဲကြပါဘူး။
Profile မှာ ပုံအမှန်မတင်ရင် မယုံတာ အကောင်းဆုံးပါပဲ။

အချို့ ကျတော့လည်း ပုံအမှန် တင်ပြီးတော့
ဗြောင်ကို လိမ်တာပါပဲ။

ကိုယ့်ဆီ Service လာယူတဲ့ သူကို မအပ်ခင်
အပြောချိုသလောက် ၊
အပ်ပြီး ယောင်ဝါးဝါး လုပ်ခြင်း ခံရတဲ့သူတွေလည်း
အများကြီးပါ။

နောက်ဆုံး Service အပ်ထားတဲ့သူက
ဆုတ် လည်း ဆူး ၊ စားလည်း ရူး
အခြေအနေမျိုး ရောက်ပြီး
ဘာမှ မပြောသာတော့ပါဘူး။

နောက်ဆုံး သူတို့လုပ်ပေးတာပဲ ခံရတော့သည်။
"စကားပုံ အတိုင်း ဘယ်ဟာမျှော်တာလဲ"
ဒီလို ပုံစံ ခွက်ဖြစ်တော့တာပဲ။

ဒီစကားတွေသည် ကျနော်ကိုယ်တိုင်
ခံရခဲ့သလို မခံရဖို့ ၊ သတိပေး ခြင်းပဲ
ဖြစ်ပါသည်။

တကယ် မှန်မှန်ကန်ကန် ၊ ဝန်ဆောင်မှု ပေးတဲ့
Agent တွေ ၊ service သမားတွေလည်း
ရှိပါသည်။

ဆိုတော့ ဒီလို အခြေအနေတွေ မဖြစ်အောင်
ကိုယ်က Knowledge များများ ရှိထားဖို့
လိုအပ်ပါသည်။

ယခု စာကို ရေးလို့ မုန်းလည်း ဂရုမစိုက်ပါ။
ချစ်လည်း မမြောက်ပါ။

အဓိက နောက်လူတွေ မခံရအောင်
ရေးသားလိုက်ခြင်း ဖြစ်ပါသည်။

အမှန်အကန် Service သမားများ နှင့်
ကိုယ့်နိုင်ငံသား အချင်းချင်း ရိုင်းပင် ကူညီသူများကို
အစဥ်အမြဲ လေးစားလျှက်

Payout လျှောက်တော့မည်ဆို သတိထားရန်Payout ဖြည့်တာနှင့် ပတ်သတ်ပြီး တော်တော်များများ တိုင်ပတ်ကြတယ်။အဓိက Payout အကောင့် ဖြည်...
12/06/2024

Payout လျှောက်တော့မည်ဆို သတိထားရန်

Payout ဖြည့်တာနှင့် ပတ်သတ်ပြီး
တော်တော်များများ တိုင်ပတ်ကြတယ်။

အဓိက Payout အကောင့် ဖြည့်ရင်
ကိုယ်ရေးအချက်အလက်တွေကို မှန်မှန်ကန်ကန်
ဖြည့်ပေးမှ ရမှာပါ။

လုံးဝ လိမ်ပြီး ဖြည့်လို့မရဘူး။
လိမ်လို့ရလည်း ခနပဲ။

တစ်ခုခု ပြဿနာဖြစ်လို့
ကိုယ့်ရဲ့ အချက်အလက် တွေကို Facebook ဘက်က
တောင်းဆိုလာခဲ့ရင်
မမှန်မကန် ဖြည့်ထားတဲ့သူတွေက
Restricted လုပ်ခံထားရမှာပါ။

ဆိုတော့ Payout Acc လျှောက်ထားတဲ့အခါ
စလျှောက်ကတည်းက ကိုယ့်ဖြည့်ထားတဲ့ အချက်တွေကို
သေချာ မှတ်ထားပါ။

ဖြစ်သလို ပြီးစလွယ် မလုပ်ပါနဲ့။

ပြီးတော့ Bank Info ဖြည့်တဲ့ နေရာမှာလည်း
ဖြစ်နိုင်ရင် Paypal အကောင့်တွေ မသုံးကြပါနဲ့။

အချို့ဆို ဘယ်လောက်ဆိုးသလဲဆိုရင်
စျေးပေါပေါနဲ့ Info တိတိကျကျ မရှိတဲ့
Paypal အကောင့်တွေ ဝယ်သုံးကြတယ်။

Limit ထိတာတို့ ၊ Facebook ဘက်က
သုံးသပ်စိစစ်လို့ မမှန်မကန် ဖြစ်နေတယ်လို့
ယူဆလိုက်ရင် အကုန် Onhold ဖြစ်
ပိုက်ဆံပါ ထုတ်မရတော့ပါဘူး။

ဆိုတော့ တက်နိုင်ရင် Bank နှင့် ချိတ်ဆက်တာ
အကောင်းဆုံးပါ။

ကိုယ့်မှာ Bank Account မရှိရင်လည်း
Bank Service ပေးတဲ့ သူတွေလည်း
အများကြီးရှိပါတယ်။

အဓိက အချက် သတိပေးချင်တာက
ဖြစ်သလို ပြီးစလွယ် Payout အကောင့်ကို
ဖြည့်လို့ လျှောက်ထားလို့မရပါဘူး။

မဖြည့်တက်ရင် ဖြည့်တက်သူတွေ
ကျွမ်းကျင်သူတွေရဲ့ အကူညီကို ရယူပါလို့
အကြံပေးလိုက်ရပါသည်။

မှတ်ချက် - သက်ဆိုင်ရာ Setup တွေကို Payout မလျှောက်ထားခင် ၊ ကိုယ်လျှောက်ထားမည့် Setup သည် ဘယ်နိုင်ငံတွေနှင့် အကြုံးဝင်သလဲဆိုတာ အရင်လေ့လာပါ။ (မြန်မာနှင့် ပတ်သတ်သော အချက်အလက်များကတော့ လုံးဝ မရသေးပါ။)

Facebook Earn Money ပတ်သတ်ပြီး တော်တော် မှားယွင်း နေကြလို့ပြောရဦးမည်။Weekly Challenge ဖြည့်ရင်Facebook က ပိုက်ဆံပေးတယ်လ...
12/06/2024

Facebook Earn Money

ပတ်သတ်ပြီး တော်တော် မှားယွင်း နေကြလို့
ပြောရဦးမည်။

Weekly Challenge ဖြည့်ရင်
Facebook က ပိုက်ဆံပေးတယ်လို့
ဘယ်သူက မြှောက်ပေးလိုက်ကြတာလဲ။

ရှိသေးတယ် Follower လိုက်တောင်းနေတဲ့သူတွေ

Facebook Earn money နဲ့ ပတ်သတ်ပြီး
Knowledge တွေ အများကြီးရေးပေးထားတယ်။
မဖတ်ကြဘူး။

စာဖတ်ရမှာ အင်မတန် ပျင်းကြတာပဲ။

အလုပ်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်ဖို့ဆိုရင်
အကြားအမြင်ဗဟုသုတ ဆိုတဲ့
ကိုယ်ကိုတိုင်က လေ့လာနိုင်သည့် "အား" ဆိုတာလည်း
လိုအပ်တယ်။

နည်းလမ်း တွေ မျှဝေပေးလို့ရသည်။

ကြိုးစားရမှာကတော့ ခင်ဗျားတို့ အလုပ်ပဲ။

"တစ်ခုကို လိုချင်ရင် တစ်ခုတော့ စွန့်လွှတ်ရလိမ့်မည်"

"Myanmar မှာနေပြီး Facebook က ပိုက်ဆံရှာချင်သူတွေ ဖတ်ပါ"➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖ယခု အကြောင်းအရာသည် Facebook မှ ဝင်ငွေရှာမည့်J...
31/05/2024

"Myanmar မှာနေပြီး Facebook က ပိုက်ဆံရှာချင်သူတွေ ဖတ်ပါ"
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ယခု အကြောင်းအရာသည် Facebook မှ ဝင်ငွေရှာမည့်
Junior များအတွက်ဆို ပိုမှန်ပါသည်။

Facebook မှ ဝင်ငွေရှာခြင်းဆိုင်ရာ Tool များထဲမှ
အဓိက ကဏ္ဍမှာ ပါဝင်သည့် In-Stream Ads Tool
အကြောင်းကို ဖော်ပြသွားမည်။

----------------------------------------

🔹 In-stream Ads Tool များ အကြောင်း 🔹
➖➖➖➖➖➖➖➖➖➖➖➖➖➖

🔸 In-stream Ads Tool ကို ကြည့်ချင်တယ် ဆိုရင်တော့
Facebook Menu ထဲမှ Professional dashboard ကိုနှိပ်ပါ။
Monetisation Tab ကို နှိပ်ပါ။
In-stream ads Tool ကို နှိပ်ကာ လိုအပ်ချက်များကို
ကြည့်ရှုနိုင်ပါသည်။

-------------------------------------------

ကျနော်တို့ ISA Tool ထဲကို ဝင်ကြည့်လိုက်ရင်တော့

Eligible Criteria ဆိုသည့် (ငါးချက်) ရှိသည်။

- Eligible Country
- Content Monetisation Policies
- At least 5000 Followers
- At least 60000 Minutes
- 5 Eligible video

ဆိုပြီး ငွေရှာဖို့ လိုအပ်သည် သတ်မှတ်ချက်များကို
ကိုယ်တွေ ဘက်က ပြည့်မှီအောင် ကြိုးစားရမှာ
ဖြစ်ပါသည်။

--------------------------------------------

▪ Eligible Country

Eligible Country နေရာမှာ စိမ်းဖို့ ဆိုရင်
ကိုယ် အသုံးပြု သည့် Admin Account သည် (or)
Page တွင် ထားရှိသော Admin Account တို့သည်
Facebook က ငွေရှာရန် ခွင့်ပြုထားသော နိုင်ငံမှ
အကောင့်ဖြစ်နေဖို့ လိုအပ်ပါသည်။

Eligible Country မှ အကောင့်ဖြစ်ဖို့ ၊ မြန်မာမှ ဆက်လက်
အသုံးပြုနိုင်အောင်ကိုလည်း သင်တန်း ဖွင့်ပေးထားပါသည်။

မှတ်ချက် - Page ဆိုရင် ISA မလျှောက်ခင် အထိ မြန်မာနိုင်ငံမှ
post တင်ခြင်း များပြုလုပ်နိုင်ပါသည်။

----------------------------------------

▪ Content Monetisation Policies (CMP)

မိတ်ဆွေ သိထားရမည့် Facebook မှ ဝင်ငွေရှာရန်
အခက်အခဲဆုံး အပိုင်းသည်
Content Monetisation Policies လို့ သိထားရမည်။

CMP အကြောင်းကို ကျနော့် wall ထဲ ရေးပေးထားပါသည်။
ဝင်ဖတ်ပါ။

CMP စိမ်းဖို့ ဘာတွေ သိထားရမလဲ ၊ လုပ်ရမလဲ ဆိုရင် 💁‍♂️

-ကိုယ်တိုင်ရိုက် Video များ (or) ကိုယ်ပိုင် Content များကို
တင်ရပါမည်။ သူများ Video တွေ ကူးချ တင်လို့ မရနိုင်ပါဘူး။

- ကိုယ်ပိုင် Video တင်လျင်လည်း နည်းမှန် လမ်းမှန်
ရပါမည်။ Facebook က ချမှတ်ထားသော Policy များကို
သိရှိနားလည်ပြီး Meta Business Suite မှ တင်ရပါမည်။

- Facebook က ချမှတ်ထားသော Policy များကိုတော့
ကျနော့် wall ထဲ ဝင်ဖတ်လို့ရပါသည်။
ပြည့်ပြည့်စုံစုံ နှင့် သိချင်ရင်တော့ သင်တန်း တက်လို့ရပါသည်။

--------------------------------------------

▪At Least 5000 Followers

ဒါကတော့ ကိုယ့်ရဲ့ Pro mode on ထားသည့် အကောင့် (or)
Page မှာ အနည်းဆုံး လူပေါင်း ၅၀၀၀ ရှိနေရမှာ ဖြစ်ပါသည်။

သတိထားရမည့် အချက် ℹ

မိတ်ဆွေတို့က Follower မြန်မြန်ပြည့်ချင်ဇော နှင့်
စျေးပေါပေါ နှင့် ရောင်းချသော Fake Follower များကို
မဝယ်မိရန် အရေးကြီးပါသည်။

ဝယ်မိတယ်ဆိုရင် Facebook ဘက်မှ
ဝင်ငွေရှာခွင့် ပိတ်ပင်ခြင်း ခံရမှာ ဖြစ်ပါသည်။

Follower မြန်မြန် ပြည့်ချင်ရင်တော့

1️⃣ Facebook ဘက်မှ တရားဝင် ခွင့်ပြုထားသော
Page Promote လုပ်လို့ရပါသည်။

Page Promote လုပ်မည်ဆိုလျင်တော့ Facebook ကို
dollar ပေးသွင်းပြီး လုပ်ရမှာဖြစ်သည့်အတွက်
Visa card လိုမျိုး လိုအပ်ပါလိမ့်မည်။

ကိုယ့်မှာ မရှိဘူးဆိုရင်တော့ ယုံကြည်ရတဲ့ Services သမားထံ
သွားရောက် အပ်ရပါမည်။

2️⃣ Invite လုပ်ခြင်း

Invite လုပ်တယ်ဆိုတာကတော့ ကိုယ့်ကို Follow ပေးဖို့
မကျိန်းသေပေမယ့် ပြန်လည် follow ပေမယ့် သူတွေလည်း
ရှိသည့်အတွက် စမ်းကြည့်တာတော့ မမှားပါဘူး။

ဘယ်လို Invite လုပ်လို့ရသလဲဆိုရင်

- ကိုယ့်ရဲ့ Admin account မှ Fri များကို ကိုယ့်ရဲ့ Page အား
Invite လုပ်ကာ Follow စေခြင်း။

- ကိုယ့်ရဲ့ Post များကို Like, Comment ပေးထားသူများထဲမှာ
ကိုယ့်ရဲ့ Page ကို Follow မလုပ်ထားသူတွေကို Follow လုပ်ရန်
Invite ခြင်းတို့ပဲ ဖြစ်ပါသည်။

------------------------------------------------

▪At least 60000 Minutes

ကိုယ့်ရဲ့ Page မှာ တင်လိုက်သည့် Video များကို
ကြည့်ရှုသူတို့၏ Minutes များကို ရေတွက်ခြင်း ဖြစ်ပါသည်။

ထို Counting ရေတွက်သော မိနစ် စုစုပေါင်းသည် ခြောက်သောင်း
ရှိရမှာ ဖြစ်ပါသည်။

ထို Minutes များကိုလည်း Fake Minutes view များ
လုပ်ခွင့်မရှိပါ။ Facebook ကို လျောက်ထားရာ၌
ငြင်းပယ်ခံရမှာ ဖြစ်ပါသည်။

☑ မိတ်ဆွေတို့ Minutes 60000 မြန်မြန်ပြည့်ချင်တယ်ဆိုရင်

- Active ဖြစ်သည့် Group တွေမှာ ကိုယ့်ရဲ့ Video တွေ
page နှင့် မသက်ဆိုင်သည့် အကောင့်တစ်ခုနှင့်
Share မယ်ဆိုရင်တော့ Minutes ပြည့်တာ
မြန်စေမှာပါ။

🔹 Group Share ပုံနည်းများကို ကျနော် အကောင့်မှာ
Pin post ထောက်ပေးထားပါတယ်။

🔹 Active ဖြစ်သည့် 1M member အစရှိသည့် Group များ
ISA သမားများအတွက်ဆို စျေးနှုန်းသက်သာစွာ
လာရောက် ငှားရမ်းနိုင်ပါသည်။

-----------------------------------------------

▪5 Eligible Video

ကိုယ့်ရဲ့ page ထဲမှာ 3 Minutes အထက် Video 5 ပုဒ် ရှိထားဖို့
လိုအပ်ပါသည်။

ထို Video များသည်လည်း ကိုယ်ပိုင် Video များဖြစ်ရင်
အကောင်းဆုံးပါပဲ ။

မဟုတ်ခဲ့ရင် CMP က စိမ်းမှာ မဟုတ်ပါဘူး။

မှတ်ချက် - ကိုယ်ပိုင် Content များသာ ဖန်တီးရန်
သိထားသင့်သည် Policy များ ကို လေ့လာထားရန်

-----------------------------------------------

သူများဆီက ပိုက်ဆံ လိုချင်ရင် ကြိုးစားရမည်။
လွယ်လွယ်နှင့် တစ်ဖက် ကလည်း ပိုက်ဆံ ပေးမှာ မဟုတ်ဘူး
ဆိုတာကို နားလည်ထားရပါမည်။

🔰 Messenger UpdateMessenger Security မြှင့်တင်ခြင်းUpdate ကြောင့် အချို့သော အကောင့်တွေမှာEnd-to-end encypted chats များဖ...
29/05/2024

🔰 Messenger Update

Messenger Security မြှင့်တင်ခြင်း
Update ကြောင့် အချို့သော အကောင့်တွေမှာ
End-to-end encypted chats များဖြစ်ပေါ်လာပါသည်။

ယခင်က End-to-end encypted chats ကို
ဖြေရှင်းရသော်လည်း
ယခု Update ကြောင့် အချို့သော အကောင့်များတွင်
ဖြေရှင်း၍မရပဲ ဖြစ်တက်ပါသည်။

အထူးသဖြင့် Messenger Security lock
Password မထည့်သွင်း ထားသူများ
အဖြစ်များပါသည်။

နောက်တစ်ချက်က အခြား Device များ
ပြောင်းလဲ အသုံးပြုသောအခါ Chat history များ
ပျောက်ဆုံး သွားတက်ပါသည်။

အကယ်၍ မိမိက အခြား Device ပြောင်းလဲ
အသုံးပြုမည်ဆိုပါက Generate code အလုံး (40) ကို
ယူဆောင်ကာ အခြား Device မှာ ထည့်သွင်း အသုံးပြုခြင်းဖြင့်
မိမိ ယခင်က အခြားသူများနှင့် ပြောထားသော
Chat history များ မပျောက်မပျက် အသုံးပြုလို့ရမှာ
ဖြစ်ပါသည်။

မှတ်ချက် -အကောင့်တိုင်း ယခုကဲ့သို့ မဖြစ်ပါ။

Generate code (40) ယူနည်း ကြည့်ရန် 👇

Messenger Setting > Privacy & Sefety > End-to-end encypted chats >
Message Storage > Generate 40-character code ကို နှိပ်၍
Code အလုံး (၄၀) ကို copy ယူဆောင်ရမှာဖြစ်ပါသည်။

သတိထားရမည့် Content အမျိုးအစား------------------------------Content Creator တွေ အတွက် အထူးသတိထား ဖန်တီး ရမည့် Content အမ...
29/05/2024

သတိထားရမည့် Content အမျိုးအစား
------------------------------
Content Creator တွေ အတွက် အထူးသတိထား ဖန်တီး ရမည့်
Content အမျိုး အစား နှစ်ခုရှိသည်။

1 - ဓမ္မ စာပေ ( ဘယ် ဘာသာတရားမဆို ပါဝင်သည်။)
2 - ပညာရေး ( သမိုင်း နှင့် နိုင်ငံရေး တို့သည်လည်း) ထိုနည်းတူ သတ်မှတ်နိုင်သည်။

စကားဦး - ယခု အတွေးအမြင်သည် ကျနော်တစ်ဦးထဲရဲ့ အတွေးအမြင်သာဖြစ်သည်။ ( အခြား ထိပ်တန်း Author များ ၏ အတွေးအမြင်များ ကို အခြေခံလျှက် ရေးသားပါမည်။)

အပေါ်မှာ ပြောခဲ့သော Content နှစ်မျိုးကို
ဘာကြောင့် သတိထားသင့်တာလဲ။
----------------------------------

အခြား Content တွေက မှားသွားလို့ ပြဿနာ သိပ်မရှိသော်လည်း
1 - ဓမ္မစာပေ အမျိုးအစားတွေ
2 - ပညာရေး စာပေ အမျိုးအစား တွေကတော့ အမှားအယွင်း နည်းနည်းကလေးမှ
မခံလို့ပါပဲ ။

တင်ဆက်သူမှာလည်း အလွန်တာဝန်ကြီးသလို
ကိုယ့်ရဲ့ Creation ကို လက်ခံ ကြည့်ရှုမည့် Audience အတွက်လည်း
Serious Attention တွေ ဖြစ်ပေါ်စေပါတယ်။

ဒီနေရာမှာ ကိုယ့်ကို အားပေးသော Audience အကြောင်းကို အနည်းငယ်
ရှင်းပြထားဦးမည်။

ဖန်တီးသူအား...

1 - မျကိစိမှိတ် စွတ်ယုံကြည်သော ပရိတ်သတ်။
2 - ချစ်မြတ်နိုးသောကြောင့် ဘာပြောပြောလက်ခံသူ။
3 - သင့်ကို အထင်ကြီးနေသော ပရိသတ်။
4 - သင့်ကို ကြိုက်နှစ်သက်လွန်း၍ သင့်ပုံစံ Style ကိုပါ အတုခိုးသော ပရိသတ်။
5 - သင့်လောက် ပညာအား မကြီးသော ပရိသတ်။
6 - သင့်ထက် ပညာအား ကြီးသော်လည်း သင့်ရဲ့ ဖန်တီးမှု မှန်ကန်မှုတို့ကြောင့် လက်ခံအားပေးနေသော ပရိသတ်။
7 - သင့်ကို အမြဲ ဝေဖန် ရန် ချောင်းမြောင်းနေသော ပရိသတ်။
စသည်ဖြင့် များစွာ ရှိကြပါတယ်။

ဒီလောက်ဆို Audience အကြောင်းကို အနည်းငယ် နားလည်ပြီ ထင်သောကြောင့်
ရှေ့ဆက်သွားကြမည်။

-------------------------------------------------

" ဓမ္မစာပေ "

ဘာကြောင့် Creator တစ်ယောက်အနေနဲ့ ဓမ္မစာပေ သည် သတိထားရသနည်း။
တာဝန်ကြီးသလဲဆိုလျင်မူ

- ဓမ္မစာပေ ဆိုသည်မှာ ဘာသာ တရား ၏ အဆုံးအမ များ ၊ လိုက်နာ ကျင့်ကြံဖွယ်ရာ
လမ်းစဥ်များ ပါဝင်လျှက် ရှိသည်။

ထိုထိုသော အကြောင်းအရာများ ၊ ကိုယ်ကိုကိုယ်တိုင်က သေချာ မသိ ယောင်ဝါးဝါး
ဖြစ်နေသည့် ဓမ္မ အကြောင်းအရာ တစ်ခုခုကို သင်က တင်ဆက်ပြသ မည်ဆိုရင်
မှန်ကန် နေပါက ပြဿနာ မရှိနိုင်သော်လည်း ၊ အနည်းငယ် မှားယွင်း သွားရင်တောင်
လွန်စွာ တာဝန်ကြီးပေသည်။

အဘယ့်ကြောင့်နည်းဆိုမူ အထက်မှာ တင်ပြခဲ့ပြီးသော သင့်၏ ပရိသတ် (7) မျိုးတွင်
( တစ် မှ ငါး )အထိ ပရိသတ် တို့သည် သင်ပြောသော အမှားကို မသိနားမလည်မှု တို့ကြောင့်
လက်ခံသွားကြမည်။ ယုံကြည်သွားကြမည်။ လိုက်နာ ကြမည်။

သင့်တွင့် ပရိသတ် တစ်သောင်း ရှိခဲ့လို့ ( တစ် မှ ငါး အထိ )
ပရိသတ်သည် လူပေါင်း ခုနှစ်ထောင် ရှိသည်ဆိုက
ယင်း လူ ခုနှစ်ထောင်မှာ သင့်၏ မှားယွင်းသော
သတင်းပေးမှု အချက်အလက်ကြောင့် ထိုသူတို့၏ ခံယူချက် ၊
လက်ခံနိုင်မှု ၊ သုံးသပ်နိုင်စွမ်းရည် ၊ မှားယွင်းသော ကျင့်ကြံ တွေးခေါ်မှုမျိုးတွေ အကုန်ဖြစ်ကုန်တော့သည်။

ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင်တော့ သင့်ကို လက်ခံ နေသူတွေဟာ
သင့်ပို့ချသော အမှား ကို လက်ကိုင်ကာ အကုန် ပြောင်းပြန် ကမိုး ကမောက်တွေ
ဖြစ်ကုန်ကြတော့သည်။ (ဒီအတွက် သင့်မှာ တာဝန်ရှိသည်။)

ဥပမာ အနေနှင့် ပြောရသော်

- အရက် ကို ကြိုက်၍ သောက်သော အရက်သမား သည် သူတစ်ယောက်တည်းသာ အကုသိုလ်ကံ ထိုက်မည်။

သိုသော် အရက်ကို ရောင်းချနေကြတဲ့ အရက်ရောင်းချနေသောသူတွေကတော့
တစ်ယောက်ထဲ ကြိုက်လို့ သောက်သည့် အရက်သမားထက် ပိုသော အကုသိုလ်ကံ ပိုကြီးကြသည်။

အဘယ်ကြောင့်ဆိုသော် - လူပေါင်းများစွာ မူးယစ်စေခြင်း ၊ ထိုသူတို့၏ မိသားစု စိတ်ဆင်းရဲ ပူပန်စေခြင်း ၊ စည်းစိမ်ဥစ္စာ ဆုတ်ယုတ်စေခြင်း စသည့် အချက်တွေကြောင့် ပို၍သာ အကုသိုလ် ကြီးမားသည်။

ဒီလောက်ဆိုရင် သဘော ပေါက်မည်ဟု မျှော်လင့်ရပါသည်။

-------------------------------------------

" ပညာရေး "

အပေါ်မှာ ပြောခဲ့သလိုပါပဲ နားလည်ရမည်။

ဥပမာ - ဆရာ တစ်ယောက် အတန်း တစ်တန်းထဲမှာ Google (ဂူးဂဲလ်) ကို
အသံထွက် ဂလူးဂလူး လို့ သင်ပေးလိုက်ပါက အတန်းထဲက ကလေးတွေ အကုန်
အမှား အသံထွက် ဖြစ်ကုန်တော့သည်။

ဒါတင်ပဲလား ဆို မဟုတ်သေး သူတို့၏ ပညာအားနည်းသော မိဘ တို့က
Google အသံထွက် မသိ၍ စာသင်ထားသော သားသမီးအား မေးမြန်းလျင်လည်း
ထိုမိဘ ပါ မှားယွင်းကုန်တော့သည်။ ထိုနောက် ထိုကျောင်းသား၏ ရှေ့ဆက်ကြီးပြင်းလာသော
အခါမှာလည်း အသံထွက် အမှားကိုသာ အမှန်ထင် ၊ အမှန်ကို အမှားထင်ကာ
ချေချွတ်ရခက်သော သူဖြစ်လာတော့သည်။

အခြား ဒီထက်လေးနက်သော အကြောင်းအရာများကို စဥ်းစားကြည့်ပါလေ။

တခြား သမိုင်း တွေ ၊ နိုင်ငံရေး အကြောင်းအရာတွေသည်လည်း ထိုနည်းတူစွာပင်။

----------------------------------------

အနှစ်ချုပ်ပြောရရင်

ကိုယ် လူသိများချင်ရုံ ၊ Follower ၊ View Minutes များချင်ရုံ ၊
လူအများကြား ထင်ပေါ် ကျော်ကြားချင်ရုံ တစ်ခု အတွက် နှင့်
Content တစ်ခုကို မဖန်တီးလိုက်ပါနှင့်လို့ မေတ္တာရပ်ခံချင်ပါသည်။

လုပ်စားလို့ ရသည့် နည်းလမ်းတွေ အများကြီးပါလို့ အကြံပေးချင်ပါသည်။

အားလုံး နားလည်ကြလိမ့်မည်ဟု မျှော်လင့်လျက်........
အားလုံး အဆင်ပြေပါစေ ဆုတောင်းပေးရင်း........

တခြားသော Knowledge များကိုလည်း မျှဝေပေးနိုင်ရန် ကြိုးစားပါဦး

စာသား Copy ယူခြင်း သည်းခံပါ။
လွတ်လပ်စွာ Share နိုင်ပါသည်။

Edition မှ ကြိုက်တဲ့ ကာစတန်မာတွေ အတွက်… Bangkok မှာ Redmi Pad Pro x Harry Potter Edition လိုချင်တယ်ဆို MGB မှာ stock ရှိ...
29/05/2024

Edition မှ ကြိုက်တဲ့ ကာစတန်မာတွေ အတွက်…

Bangkok မှာ Redmi Pad Pro x Harry Potter Edition လိုချင်တယ်ဆို MGB မှာ stock ရှိမယ် နော် 😍

27/05/2024

လူ အမေးအများဆုံး တိုင်အပတ်ဆုံး ဖြစ်သည့်

In-Stream Ads Tool ထဲမှ

- Eligible Country စိမ်းဖို့

- Content Monetization Policy စိမ်းဖို့

- Follower မြန်မြန်ပြည့်ဖို့

- Minutes view 60000 မြန်မြန်ပြည့်ဖို့

- ISA အတွက် ပထမ ဆုံး သတ်မှတ်မည့် Eligible video အကြောင်းကို
ရေးပေးပါမည်။

-----------------------------

ကျနော့်ကို ချည်း လာမမေးကြနဲ့ ကိုယ့်ဘာသာလည်း လေ့လာကြပါ။
စာဖတ်ကြပါ။
သူများကို မှီခိုတယ်ဆိုတာ အတိုင်းအတာ တစ်ခုထိပဲ ကောင်းပါတယ်။

အားလုံး အဆင်ပြေပါစေ။

Facebook Watch (or) In-stream Ads --------------------------------ကျနော် တို့ ငယ်ငယ် ၂၀၀၅-၂၀၀၆ က Gmail ပေါ့ ။အဲ့လောက်က ထ...
27/05/2024

Facebook Watch (or) In-stream Ads
--------------------------------

ကျနော် တို့ ငယ်ငယ် ၂၀၀၅-၂၀၀၆ က Gmail ပေါ့ ။
အဲ့လောက်က ထင်တယ် အဲ့ထက်တော့ နောက်မကျဘူး။
ကျနော်စသုံးတာ ပြောတာနော်။
Chatting ထိုင် ချိန်းတွေ မကြိုက်ရင် ထွက်ပြေး 🤣
အဲ့လိုတွေ လူငယ်သဘာဝ ပျော်ပျော်ကြီး အသုံးပြုခဲ့ကြဖူးတယ်။

အဲ့နောက်ပိုင်း တက္ကသိုလ် နောက်ဆုံးနှစ်လောက် ၂၀၀၈-၂၀၀၉ လောက်ကျတော့
Facebook ဆိုတာ အနည်းငယ် ရေပန်းစားလာတယ်။
ဟိုးအရင် Facebook Version က အခုလောက် မလန်းသေးတဲ့ အချိန်ပေါ့။

ထားလိုက်ပါတော့ ။ Facebook ကို ဇူဇူက ၂၀၀၄ လောက်မှာ စလွှင့်ခဲ့တယ်ဗျ။
လွှင့်ပြီးပြီးချင်း တစ်ပတ်လောက်နေတော့ ပြဿနာတက်သေးတယ်။
နောက်ပိုင်းတော့လည်း ဒီလိုပဲ ပြေလည်သွားတာပါပဲ။ 🤣
-----------------------------------------

Facebook Watch (or) In-stream Ads
➖➖➖➖➖➖➖➖➖➖➖➖➖

ယခင် Facebook Watch ဆိုပြီး နာမည် ရှိခဲ့ပေမယ့် Facebook Video လို့ နာမည် ပြောင်းလဲလိုက်ပြီး ၂၀၁၇ သြဂုတ်လလောက်မှာ စတင်ပြီးတော့ Meta အခြေဆိုက် နိုင်ငံဖြစ်တဲ့ US မှာ Facebook video ဖန်တီး သူတွေကို ပိုက်ဆံပေးမည်ပေါ့ ။
ဒီလို ကြေငြာချက်တွေကို ကြေငြာ ပေးခဲ့တယ်။

ပထမတော့ အမေရိကန် တစ်နိုင်ငံပဲ အခွင့်အရေး ရရှိခဲ့သည်။
Video ဖန်တီးသူတွေရဲ့ video မှာ ကြောငြာထည့်သွင်းသည့် အကျိုးအမြတ် အခကြေးငွေ အနေဖြင့် -

ဖန်တီးသူတွေကို 55 % ပေးအပ်ပြီး ၊ ကျန်တဲ့ 45 % ကို Facebook ဘက်က ထိန်းသိမ်းထားတယ်တယ် ဆိုပါတယ်။ ပြောရရင်တော့ သူတို့က ပွဲစားခ အနေနဲ့ ယူလိုက်တာပါပဲ။ 😁

Facebook ဘက်ကလည်း ဖန်တီး သူတို့ရဲ့ Video အမျိုးအစားတွေ
လူကြိုက်များမှု Video တွေ ကို စုစည်းထားပြီးတော့ ကဏ္ဍ အလိုက် အသီးသီး
ဖော်ပြပေးခဲ့ကြပါတယ်။
( ဥပမာ - အားကစားကြိုက်သူ ဆို ရင် အားကစားအကြောင်းအရာတွေကို အမြဲ ကြည့်ရှု ရှာဖွေသူတွေဆီကို Ai စနစ်ထည့်သွင်း ပြီး Newfeeds မှာ အမြဲတက်နေအောင် ဆောင်ရွက်ပေးခြင်းကို ဆိုလိုတာပါ။)

၂၀၁၈ လောက်မှာ Meta ဘက်ကနေပြီးတော့ Facebook မှာ Content ဖန်တီးသူတွေအတွက် $ 1 Billion Budget ကို မျှဝေပေးခဲ့ပါသည်။
၂၀၁၈ နောက်ပိုင်းကာလ သြဂုတ် လောက်ကစပြီးတော့
Facebook Content Creator တွေ အတွက် Eligible Country သတ်မှတ်ထားတဲ့
ကမ္ဘာ့နိုင်ငံတော်တော်များများမှာ အသုံးပြုခွင့် ဖန်တီးခွင့် ငွေရှာခွင့်တွေ ပေးလိုက်ကြပါသည်။

၂၀၂၀ စက်တင်ဘာ လောက်မှာတော့ Facebook Watch လို့ခေါ်တဲ့
Facebook ပေါ်မှ Video တွေကို လစဥ် ကမ္ဘာတစ်ဝှမ်းက ကြည့်ရှုသူ Audience သည်
လူဦးရေ 1.25 billion အထိ မြင့်တက်လာတယ်လို့ ကြေငြာခဲ့သည်။

---------------------------------------

အရင်က Facebook Video တွေမှာ Video မစတင်ခင်တည်းက Pre-roll Ads ကြော်ငြာ တွေ ဝင်ရောက်ခြင်းတွေ အပေါ်မှာ ကြည့်ရှုသူ တွေ စိတ်အနှောင့်အယှက် ဖြစ်စေသည့် အချက်ကို အခြေခံပြီး
စက္ကန့် ၂၀ ရောက်တဲ့အခါ ကြောငြာ ထည့်သွင်းခြင်း Format ကို အသုံးပြုမယ် အဆိုတင်သွင်းခဲ့ကြပေမယ့် WhoSay ၏ CEO ဖြစ်တဲ့ Steve Ellis က ဒီလို Pre-roll Ads ကြော်ငြာတွေသည် Youtube မှာလည်း သတ်မှတ်ပေးထားပြီးဖြစ်ကြောင်း ကြည့်ရှုလိုသူတွေက
Video တွေ ရှောင်ရှားမသွားဘူးလို့ Youtube က တရားဝင် သတ်မှတ်ပေးထားပြီးဖြစ်ကြောင်းကို ပြောကြားခဲ့ပါသည်။

Facebook ဘက်ကတော့ ၂၀၁၈ လောက်က စတင်ပြီး Video အလယ်နှင့်အဆုံး Ads Format တွေနှင့်သာ ပြောင်းလဲ သတ်မှတ်ခဲ့ကြပါတယ်။

သတိပြုစရာ အချက်ကတော့
Facebook Video ဖန်တီးသူတွေရဲ့ Video တွေမှာ ကြောငြာဝင်ရောက်မှုက ကြည့်ရှုသူက video ကြည့်ရှုရင်း စက္ကန့် ၂၀ လောက် မှာ ကြောငြာ ဝင်လာတက်ပေမယ့် တစ်မိနစ်လောက် ပဲ ရှိတဲ့ video တွေမှာတော့ ကြော်ငြာမဝင်တက်ဘဲ အနည်းဆုံး စက္ကန့် ၉၀ စာ video တွေမှာတော့ စက္ကန့် ၂၀ လောက်ရောက်ရင် ကြော်ငြာဝင်စေရန် Format ချခဲ့ပါသည်။
နောက်ပိုင်းမှာတော့ စက္ကန့် ၁၈၀ ရှိသည့် video တွေမှာသာ ကြော်ငြာဝင်စေရန်
Format ချထားကြောင်း ပြောခဲ့ပြန်ပါတယ်။

ဒါကတော့ Facebook Watch (or) In-stream Ads အတွက် Format များဖြစ်ပြီးတော့
နောက်ထပ် ပြောင်းလဲမှု Format များလည်း ရှိနိုင်ပါသေးသည်။

----------------------------------------

Facebook မှ ဝင်ငွေရ လမ်းကြောင်းဖြစ်သည့် video အတို Reel ဖန်တီးမှုကိုလည်း
လေ့လာရသလောက် ရေးပေးနိုင်အောင် ကြိုးစားပါဦးမည်။

အားလုံး အဆင်ပြေကြပါစေ။

ISA နှင့် ပတ်သတ်သော CMP ၊ PMP Policy များကို လာရောက်ဆွေးနွေးနိုင်ပါသည်။

စာသား Copy ယူခြင်း ခွင့်မပြုပါ။
လွတ်လပ်စွာ Share နိုင်ပါသည်။

Monetisationအတွက် Formulaမသိသေးရင် ဒီစာလေးကိုဖတ်ပေးပါMonetisationအတွက် In Stream Ads လျှောက်မယ်ဆိုရင် ကျွန်တော်တို့ဟာ ပု...
27/05/2024

Monetisationအတွက် Formulaမသိသေးရင် ဒီစာလေးကိုဖတ်ပေးပါ

Monetisationအတွက် In Stream Ads လျှောက်မယ်ဆိုရင် ကျွန်တော်တို့ဟာ ပုံမှန်အတိိုင်း Pageကို Runလို့မရပါဘူးနော်။ ဘယ်လိုပုံမှန်အတိုင်းတုန်းဆိုရင် စုံစိနေအောင်လျှောက်တင်နေလို့မရပါဘူး။ ပုံတွေစာတွေတင်ထားတာမျိုးဆိုလည်း Metaရဲ့ In Stream Algorithmနဲ့ သိပ်ပြီးမညီပါဘူး။
ကျွန်တော့်သင်တန်းသားအကိုတစ်ယောက်သူ့Pageကို လာပြတဲ့အချိန်မှာ သူက ISAအတွက် ဒီ Pageကို Runချင်တာပေါ့၊ အဆင်ပြေနိုင်လားဆိုပြီးလာမေးပါတယ်။
ကျွန်တော်Pageကို ကြည့်လိုက်တဲ့အချိန်မှာ Pageက Photo Formatတွေ အများစုဖြစ်နေတာပါပဲ။ Facebook Monetisationအတွက် အဲ့လို Formatနဲ့ Monetisation လုပ်ဖို့ဆိုတာထက် Pageကို Video Minutes viewရဖို့ တော်တော်လေးခက်မှာပါ။
ဘာကြောင့်လည်းဆိုတော့ ကျွန်တော်အရင်တုန်းကပြောခဲ့သလိုမျိုးပဲ ISA Monetisationရဖို့ဆို့ရင် Video Formatတစ်မျိုးတည်းကိုသာ တင်ဖို့ Suggest လုပ်ပါတယ်။ တခါတလေ ပုံလေးတွေတင်တာတော့ ဘာမှမဖြစ်ပါဘူး Video80%,Photo20% အဲ့လောက် အများဆုံးပမာဏသာ ဖြစ်သင့်ပါတယ်။
ISA Monetisation အောင်ပြီး သို့မဟုတ် Monetisation ရပြီးမှသာ Bonus Program က Inviteလုပ်တာများပါတယ်။ Bonus Programကတော့ Performance Base ဖြစ်တဲ့အတွက် သူကတော့ အစုံသုပ်လို့ရပါတယ် (သိုပေမယ့် Monetisationအောင်ပြီးသာ Bonus Programက Inviteလုပ်တာများတာမို့ အပေါ်ကနည်းအတိုင်းပဲ လုပ်ရမှာပါပဲ)
ဒါArticleကို ဘာကြောင့်ရေးပေးတာလည်းဆိုတော့ စာဖတ်သူတွေအနေနဲ့ ကျွန်တော်ဆီမှာ သင်တန်းမတက်လည်း တလွဲတွေ မလုပ်မိစေဖို့ပါ။ Pageကို Monetisationရဖို့ဆိုတာ သူ့နည်းသူ့ဟန်ရှိပါတယ်။ သူ့Formatထဲဝင်မှသာ Page Suggestဖြစ်တာတို့ ဘာတို့တွေ အများကြီးရှိပါတယ်။

Family Day
26/05/2024

Family Day

အရင် တစ်ခေါက်က Monetization (Part - 1) မှာSocial Media Monetization အကြောင်းထိ ရေးသားခဲ့ပြီးမဖတ်ရသေးရင်တော့ Acc wall မှာ...
26/05/2024

အရင် တစ်ခေါက်က Monetization (Part - 1) မှာ
Social Media Monetization အကြောင်းထိ ရေးသားခဲ့ပြီး
မဖတ်ရသေးရင်တော့ Acc wall မှာ ဝင်ရောက်ဖတ်နိုင်ပါသည်။

Monetization ဆိုတာဘာလဲ ? ( Part - 2 ) Complete
--------------------------------

Commercial Monetization ?

Commercial Monetization ဆိုတာကတော့
Company တွေ အနေနဲ့ ကြော်ငြာထည့်တာလို့ ပြောလို့ရတယ်။
Commercial နည်းလမ်းတစ်ခုပေါ့။ ဥပမာ - Youtube တို့ Telegram တို့လိုပေါ့
Premium ကြေး ပေးသွင်း မယ်ဆိုရင် Youtube Video တွေ ကြည့်တဲ့အခါ သူများတွေ ကြော်ငြာတွေ တက်တာ မရှိဘူးပေါ့။

Telegram မှာ ဆိုရင်လည်း Premium အတွက်
လစဥ်ကြေး နဲ့သုံးရင် Sticker တွေ တခြား အသုံးဝင်တဲ့
Feature တွေ နဲ့ အသုံးပြုလို့ရပြီး Free user တွေနဲ့ ကွာခြားချက်တွေ ရှိတယ်ပေါ့။

Spotify လို သီချင်းတွေ နားဆင်လို့ရတဲ့ App မှာ ဆိုရင်လည်း
Audio တွေကို နားဆင်တဲ့အခါမျိုးမှာ Free အသုံးပြုသူဆိုရင်
ကြော်ငြာဝင်မှုတွေကို ကျော်လို့မရပဲနဲ့ အခကြေးငွေ ပေးသွင်းထားတဲ့
သူတွေဆိုရင်တော့ ကြော်ငြာ ဝင်တာတွေ မရှိပဲ
Feeling မပျက် ခံစားနားဆင်လို့ရတယ်ပေါ့။

ဒီအတိုင်းပါပဲ လူအများသိတဲ့ Capcut ၊ Pisart ၊ Canvas အစရှိတဲ့
App တွေလည်း Free user နဲ့ Paid member user နဲ့
အသုံးပြုရတဲ့ feature တွေ တော်တော်ကွာခြားပါတယ်။
ဒီလောက်ဆိုရင် Commercial Monetization အကြောင်းကို
အကြမ်းအားဖြင့် နားလည်ပြီလို့ မျှော်လင့်ပါတယ် ။

အခု ဥပမာ အနေနဲ့ Monetize မအောင်မြင်တဲ့ Page တွေ မှာ
ပြင်ပ ကြော်ငြာတွေ လက်ခံ ကြော်ငြာပေးတာ ၊ လူဦးရေ အများအပြားရှိတဲ့
Group တွေ ကို ငှားရမ်းသုံးစွဲခွင့် ပေးတာ စသည်ဖြင့်
ဒါတွေကိုလည်း Monetization လို့ သတ်မှတ်လို့ရပါတယ်။

Monetization ဆိုတာကို ရိုးရိုးရှင်းရှင်း နားလည်ထားရမှာက
ကိုယ်က ရင်းနှီး မြုပ်နှံထားတဲ့ အကြောင်းအရင်း ကိစ္စတစ်ခုခုကနေပြီးတော့
ပြန်လည် အကျိုးအမြတ်တွေ ရရှိလာတာ ၊
ပိုင်ဆိုင်မှု အသစ်တွေကို တိုးပွားလာအောင် ဆောင်ရွက်နိုင်တာတွေသည်
Monetize ဖြစ်တယ်လို့ သိထားရင် လုံလောက်ပါပြီ။

ဆိုတော့ ကျနော်တို့က Social Media ကို အခြေခံပြီးတော့
Monetize ဖြစ်အောင် လုပ်မှာ ဖြစ်တဲ့အတွက် " Individual Content Creator " အကြောင်းကို သိသင့်သလောက် သိအောင်လေ့လာထားရပါမယ်။

Individual Content Creator အကြောင်းကိုတော့ စာနည်းနည်းရှည်မှာ ဖြစ်တဲ့ အတွက် Post သက်သက်တစ်ခု ထုတ်ပေးပါ့မယ်။

အားလုံး အဆင်ပြေကြပါစေ။

စာသား Copy ယူခြင်း ခွင့်မပြုပါ။
လွတ်လပ်စွာ Share နိုင်ပါသည်။

" Facebook ကို Professional ဆန်ဆန် အသုံးပြုမယ်ဆိုရင် "➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖Facebook ကို ရိုးရိုး အသုံးပြုမည့် သူတွေအတွက်က ...
25/05/2024

" Facebook ကို Professional ဆန်ဆန် အသုံးပြုမယ်ဆိုရင် "
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Facebook ကို ရိုးရိုး အသုံးပြုမည့် သူတွေအတွက်က
Meta Company ၏ Rule and Policy တွေကို
မသိထားလည်း ကိစ္စမရှိပါဘူး။
သိထားရင်တော့ ကောင်းတာပေါ့လေ။

Facebook ကို Professional ကျကျ
အသုံးပြုတော့မယ် ဆိုရင်တော့
သူတို့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို
သေချာ သိထားဖို့ လိုအပ်ပါပြီ။

-------------------------------------------

" Meta Company ၏ Policy တွေကို ဘယ်လိုလူတွေ "
ပိုသိထားသင့်သလဲ ❓

1️⃣ Facebook App ကို အသုံးပြုပြီး ကိုယ့်စီးပွားရေးကို
မြှင့်တင်ချင်သူတွေ ( Including Online Shopping ect..)

2️⃣ Facebook ငွေရှာခြင်း Tool တွေ ဖြစ်တဲ့ Reel, In-stream ads,
Bonus, Live Ads တို့ကို အသုံးပြုပြီး ငွေရှာမည့်
Content Creator တွေ သိထားသင့်ပါတယ်။

-----------------------------------------------

" Facebook Policy တွေကို ဘယ်လို လေ့လာလို့ရမလဲ "
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Meta Company ရဲ့ Website မှာ လေ့လာဖို့ ထုတ်ပြန်ထားပြီး
ဖြစ်ပါသည်။

ဒီနေရာမှာ တစ်ခု ပြောချင်တာသည် လေ့လာသည့် နေရာမှာ

- အစီအစဥ်တကျ မဖြစ်ခြင်း (Keyword များ မရှာဖွေတက်ခြင်း)

- ဘာသာစကား မကျွမ်းကျင်ခြင်း

- ဘယ်နေရာက စ လေ့လာ ရမလဲ ဆိုတဲ့ ပြဿနာတွေနှင့်

အများအားဖြင့် တွေ့ကြုံတာကို လေ့လာမိပါသည်။

Self - Study မလုပ်တက်သူတွေ အနေနှင့်ကတော့
သက်ဆိုင်ရာ သင်တန်းတွေ တက်ရောက်တာသည်
ပိုမို သင့်တော်မည်လို့ အကြံပေးချင်ပါသည်။

------------------------------------------------

🔰 "Facebook ၏ Policy များကို အကြမ်းအားဖြင့် ဖော်ပြပေးပါမည်။"
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

🔹 Facebook မှ ချမှတ်ထားသော အဖွဲ့အစည်း စံနှုန်း မချိုးဖောက်စေရန်
မူဝါဒ အကြောင်းများ

🔹 Facebook အသုံးပြုသူတို့ လိုက်နာရမည့် မူဝါဒ အကြောင်းများ

🔹 သူတစ်ပါး၏ အကြောင်းအရာများကို ပြန်လည်အသုံးပြုလိုက
သိထားရမည့် ၊ လိုက်နာရမည့် အကြောင်းများ

🔹 Facebook က ချမှတ်ထားသည့် မူပိုင်ခွင့် အခွင့်အရေး အကြောင်းများ

🔹 ကုန်စည် အမှတ် တံဆိပ်တွေနှင့် ပတ်သတ်ပြီး သိထားရမည့် မူဝါဒ များ

🔹 Facebook က ချမှတ်ထားသည့် ကန့်သတ်ခြင်းဆိုင်ရာ မူဝါဒ အကြောင်းများ

🔹 Facebook အသုံးပြု၍ ငွေရှာလိုသူများအတွက်
အကြောင်းအရာ ငွေရှာခြင်းဆိုင်ရာ မူဝါဒ အကြောင်းများ

🔹 Facebook အသုံးပြု၍ ငွေရှာလိုသူများအတွက်
မိတ်ဖက် ဖြစ်လိုသည့် သူများ လိုက်နာ သိထားရမည့် စည်းကမ်းချက်များ

🔹 ကိုယ် ဖန်တီး ထားသည့် အကြောင်းအရာတွေ တခြားသူတွေ
ခိုးယူ သုံးစွဲရင် ဘယ်လို စွဲ ချက် တင်ရမလဲ ဆိုသည် အကြောင်းများ

🔹 Page (or) Acoount တွေမှာ ပြဿနာရပ်များ ကြုံတွေ့လာခဲ့ရင်
ဘယ်လို ဖြေရှင်းရမလဲ ဆိုသည့် နည်းလမ်းများ

🔹 Payment. Payout ဆိုင်ရာ လိုက်နာရမည့် နည်းလမ်းများ

🔹 Payment. Payout ဆိုင်ရာ ပြသနာရပ်များ ကြုံတွေ့က ဖြေရှင်းနည်းများ

အစရှိသဖြင့် သိရှိထားဖို့ လိုအပ်ပါသည်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ထို အကြောင်းအရာ တွေကို မိတ်ဆွေတို့ နားလည် သဘောပေါက်အောင်
နားလည် သိရှိထားပြီ ဆိုရင်

- Facebook မှာ စျေးရောင်းပြီး ပိုက်ဆံပဲ ရှာရှာ

- Content တွေ ဖန်တီးပြီး Facebook နှင့် မိတ်ဖက် လျှောက်ထားခွင့်ရအောင်
ကြိုးစားပြီး ငွေရှာရှာ

အဆင်ပြေ လွယ်ကူ မှာ ဖြစ်ပါသည်။

-------------------------------------------

ယခု ဖော်ပြသော အကြောင်းအရာများသည်
အကြမ်းအားဖြင့် ဖော်ပြချက်ဖြစ်ပြီး Self - Study လေ့လာရန်
အခက်အခဲ ရှိသူများသည်လည်း သိပ်မကြာခင် ဖွင့်လှစ်ပေးမည့်
သင်တန်းများကို လာရောက် လေ့လာလို့ ရပါမည်။

Facebook နှင့် ပတ်သတ်ပြီး Knowledge တွေ မျှဝေပေးသည့်
Page ဖြစ်သည့်အတွက် မိတ်ဆွေ တို့ အတွက် လိုအပ်ရင်
Follow ထားလို့ရပါသည်။

အားလုံး အဆင်ပြေကြပါစေ။

Monetization ဆိုတာဘာလဲ? ဒီလောကထဲ ကို ရောက်လာပြီဆိုရင် ကိုယ်အသုံးပြုမယ့် Tool အကြောင်းကို သေချာ သိသင့်သလောက် သိထားတော့ ပိ...
25/05/2024

Monetization ဆိုတာဘာလဲ?

ဒီလောကထဲ ကို ရောက်လာပြီဆိုရင် ကိုယ်အသုံးပြုမယ့် Tool အကြောင်းကို သေချာ သိသင့်သလောက် သိထားတော့ ပိုကောင်းတာပေါ့နော်။
Monetization ဆိုတဲ့ စကားကို လူတော်တော်များများ ကြားဖူးပြီးသား ဖြစ်မှာပါ။ Content Creator တွေကြားမှာ ရေပန်း စားစေတဲ့
စကားလုံးတစ်ခုပေါ့ဗျာ။ အချို့က Monetize ဆိုတဲ့ စကားလုံးကို သေချာ တော့ မသိဘူး ရိပ်ဖမ်းသံဖမ်းလောက်တော့ နားလည်ကောင်း နားလည်ကြပါလိမ့်မယ်။

ဟုတ်ပြီ ဒါဆိုရင် Monetization ဆိုတာဘာလဲ?
ကျစ်ကျစ်လစ်လစ် နဲ့ ဘာသာပြန်ကြည့်မယ်ဆိုရင် "ကြော်ငြာခြင်း" (or) ကြော်ငြာ လက်ခံရရှိအောင် ပြုလုပ်ဖန်တီးခြင်း ။
ဒီနေရာမှာ Advertise နဲ့ စကားလုံးချင်းဆင်တယ် ဒါပေမယ့် လုပ်ဆောင်ချက်တွေကျတော့ ကွာခြားတယ်ပေါ့။
ဘယ်လို ကြော်ငြာ လဲဆိုရင်..
အကြောင်းအရာတစ်ခုခု ကိစ္စတစ်ခုခု ကို ဖန်တီးထားပြီးတော့
ဖန်တီးထားတဲ့ အရာပေါ်မှာ အခြေခံပြီးတော့ ဖန်တီးထားသူကို
အကျိုးအမြတ် ဖြစ်ထွန်းစေတဲ့ လုက်ဆောင်ချက်ကို Monetization
လို့ ရိုးရိုးရှင်းရှင်းပဲ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။

Monetization Method
➖➖➖➖➖➖➖➖➖
အကြောင်းအရာတစ်ခုခု အပေါ်ကို အခြေခံပြီးတော့ ငွေသား အကျိုးအမြတ်တွေ ရအောင်လုပ်တာ ၊ ပိုင်ဆိုင်မှု တွေကို တိုးပွားလာအောင် လုပ်တဲ့ နည်းလမ်းတွေ ၊ လုပ်ဆောင်ချက်တွေ ကို
Monetization Method (ဝင်ငွေရစေရန် ဖန်တီးခြင်း လမ်းကြောင်း (or) နည်းလမ်း တွေလို့ ခေါ်လို့ရပါတယ်။

Internat Online ကို အသုံးပြုပြီးတော့ ကြော်ငြာ လက်ခံတာတွေ ၊
ဝင်ငွေရှာခြင်းတွေ ၊ သက်ဆိုင်ရာ App တွေကို အသုံးပြုပြီး ကြော်ငြာလက်ခံပေးခြင်းတွေ စတဲ့ အရာတွေ အားလုံးကိုလည်း Monetization လို့ပဲ ခေါ်ပါတယ်။ အသင်း အဖွဲ့ အစည်း ၊ လူပုဂ္ဂိုလ်တိုရဲ့ စိတ်ကူး ကြံဆချက်တွေအရ ဖန်တီးထားတဲ့ အကြောင်းအရာတွေ
ရည်ရွယ်ချက် တွေ အပေါ်မှာ မှီတည်နေပြီး Monetization Method တွေ ၊ ဗျူဟာတွေကလည်း မတူညီနိုင်ကြပါဘူး။

Monetization Method တွေထဲကမှ
1 - Social Media Monetization (ကိုယ်တိုင်ဖန်တီးပြီး ဝင်ငွေရှာမယ်)
2 - Commercial Monetization (သက်ဆိုင်ရာ Partner ကို payment နဲ့ အသုံးပြုခြင်း) လို့ အကြမ်းဖျင်း သတ်မှတ်နားလည်ထားလိုက်ပါ။

Social Media Monetization ?
➖➖➖➖➖➖➖➖➖➖➖
အများအားဖြင့် သိထားကြသလိုပဲ Youtube, Facebook, Tiktok, VK အစရှိတဲ့ App တွေကို အသုံးပြုပြီးတော့ လူတွေစိတ်ဝင်စားစေမယ့် Content တွေ ဖန်တီးပြီးတော့ Income ဝင်ငွေတွေရလာအောင်
လုပ်ဆောင်ကြတယ်ပေါ့ ။ အချို့ လူသိများတဲ့ လူတွေကျတော့ live sale တွေ ၊ ကြော်ငြာတွေဖန်တီးပြပြီးတော့ ပစ္စည်း ရောင်းချတာတွေ လုပ်ဆောင်ကြပြီး ရောင်းလို့ရတဲ့ အကျိုးအမြတ်တွေကို ကော်မရှင်ခ အနေနဲ့ Income ရှာကြတယ်ပေါ့။ ဒါတွေအားလုံးကို Monetization
လို့ခေါ်မယ်ဆိုရင်လည်း မမှားပါဘူး။

Part - 2 ဆက်လက် ဖတ်ရှု နိုင်ရန် တင်ပေးပါမည်။

Copy ယူခြင်း သည်းခံပါ။

Share ခွင့်ပြုသည်။

Facebook ( CGM ) ( CMP ) အကြောင်းCGM - Content Guidelines for MonetizationCMP - Content Monetization Policiesအရင်က Faceb...
25/05/2024

Facebook ( CGM ) ( CMP ) အကြောင်း

CGM - Content Guidelines for Monetization

CMP - Content Monetization Policies

အရင်က Facebook ချမှတ်ထား တဲ့ မူဝါဒတွေကို ( CGM ) လို့ ခေါ်ဆိုကြပြီးတော့ ယခုအခါမှာတော့ အားလုံးခြုံငုံပြီးတော့ ( CMP ) လို့ ခေါ်ဆိုကြပါတယ်။

CMP ဆိုတာ ဘယ်လို သဘောတရားကို ပြောတာလဲ ❓
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Facebook ကနေ ငွေရှာတော့မယ်ဆိုရင် Digitel Creator တွေ Video Creator တွေအတွက် ချမှတ်ထားတဲ့ Policy (မူဝါဒ) ကို ပြောတာပါ။

Profile အကောင့်ကို Professional Mode On ပြီး Reel, Video တွေကို ဖန်တီးသူပဲဖြစ်ဖြစ် ၊
Page ဖွင့်ပြီး Reel, Video တွေကို ဖန်တီး ပြီး ဖြစ်ဖြစ်ပေါ့
Especially သူတို့အတွက် အဓိကထားပြီး မူဝါဒ တွေ ချမှတ်ထားခြင်း ဖြစ်ပါသည်။

ဆိုတော့ ကိုယ်က Facebook မှာ Content Creator လုပ်ပြီး Income ရှာချင်တဲ့သူတစ်ယောက်ဆိုရင် ( CMP ) (PMP) တို့ကို ဖတ်ထားဖို့လိုမယ် ။
လိုက်နာဖို့ လိုမယ်ဆိုတဲ့ သဘောတရားပါပဲ။
ဒါတွေကို ဖတ်ထားပါ လို့ Facebook Website မှာ Policy တွေ ကို တရားဝင် ချပြထားခြင်းပဲ ဖြစ်ပါတယ်။

CMP မှာ ပထမဦးဆုံး အရေးကြီးဆုံး ပြောထားတဲ့ အချက်တွေကတော့
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

အပေါ်မှာ ပြောခဲ့သလို Facebook ကို အသုံးပြုပြီး ပိုက်ဆံရှာမယ့် Income ရှာမယ့်
သူတွေသည် သူတို့ ချမှတ်ထားတဲ့ (Policy) မူဝါဒတွေကို မဖြစ်မနေ လိုက်နာ ဆောင်ရွက်ပေးနိုင်သူ ဖြစ်ရပါမည်။

Facebook ကွန်ယက် ပေါ်မှာ ရှိနေတဲ့ သူတို့ ချမှတ်ထား စည်မျဥ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်ဖို့လိုပြီး
- လိင်ပိုင်းဆိုင်ရာ ( Sexual Content )
- လူအများအမြင်မှာ စိုးရွံ့ထိတ်လန့်စရာ ဖြစ်စေမယ့် ( Violent Content)
- ပြစ်တင်ရှုံချ ဝေဖန်တဲ့ ( Profane Content )
- လူအများကို အမုန်းတရားတွေ ဖြန့်ဝေတဲ့ (Hateful Content)

ဒီလို Content အမျိုးအစား တွေ ကို မဖန်တီးရဘူး လို့ တားမြစ်ထားတယ်။
ဒီအတွက် မိတ်ဆွေ တို့ က Facebook Content Creator တွေ ဆိုရင်
ဒါတွေကို ဖန်တီးပြီး ငွေ မရှာပါနဲ့။
တစ်ချိန်မဟုတ် တစ်ချိန် Policy က ညှိကို ညှိလာမှာပါ။

နောက်ထပ် (CMP) နဲ့ပတ်သတ်ပြီး Rule and Policy တွေ အများကြီး ရှိသေးတဲ့အတွက်
စာရှည်မည်စိုးတာကြောင့် အပိုင်း ဆက်များနှင့် ဖော်ပြပေးသွားပါမည်။

Ko Thu

Address


Website

Alerts

Be the first to know and let us send you an email when Ko Thu Ya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share