Thin Pyant Hmwe

  • Home
  • Thin Pyant Hmwe

Thin Pyant Hmwe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thin Pyant Hmwe, Music Award, .

📖 တစ်ကပြန်စလိုပါသည် 📖တချို့မိန်းကလေးတွေက အိမ်ထောင်သာကျသွားတယ် ။ အပျိုရှုံးတဲ့အထိ နုဖတ်နေတာပဲ ။ အမြဲတမ်း ပြုံးရွှင်နေပြီး...
16/07/2023

📖 တစ်ကပြန်စလိုပါသည် 📖

တချို့မိန်းကလေးတွေက အိမ်ထောင်သာကျသွားတယ် ။ အပျိုရှုံးတဲ့အထိ နုဖတ်နေတာပဲ ။ အမြဲတမ်း ပြုံးရွှင်နေပြီး အမြဲတမ်း စိတ်ချမ်းသာနေရတာ။

တချို့မိန်းကလေးတွေကျတော့ ချစ်သူဘဝမှာတင် ပူလောင်မှု ဒုက္ခတွေ ၊ စိတ်မချမ်းသာ မှုတွေနဲ့ အသက်ရှိတာထက် ပိုပြီးအိုစာနေတတ်တဲ့ မိန်းမမျိုးတွေ တကယ်ရှိတယ် ။

မိဘအရိပ်မှာ ဘုရင်မလို နေရပြီး အိမ်ထောင်ကျတဲ့အခါ မင်းသမီးလိုနေရတယ်ဆိုတာ အဲ့ဒီမိန်းမရွေးချယ်လိုက်တဲ့သူက လူကြီးလူကောင်းပီသ လို့ပဲ ။

တချို့ကောင်မလေးတွေဆိုရင် ချစ်သူဘဝမှာတင်ကို ဖောက်ပြန်ခံရလိုက် ၊ အနိုင်ယူ တာခံရလိုက် နဲ့ အအိပ်ပျက်အစားပျက် ၊ မိဘက ဘယ်လောက်စိတ်ချမ်းသာအောင်ထားထား ချစ်သူတစ်ယောက်အတွက် အရွယ်နဲ့မလိုက်တဲ့ သောက တွေကြားမှာ တချို့ အိမ်ထောင်သည်တွေထက် ပိုပြီး ဒုက္ခ များရတယ် ။

တစ်ကိုယ်တည်းနေတဲ့ မိန်းမတစ်ယောက်ရဲ့ ပျော်ရွှင်မှုက ကိုယ့်အပေါ်ကို သက်ရောက်ပေမယ့် ချစ်သူ ဒါမှမဟုတ် အိမ်ထောင်သည် မိန်းမ တစ်ယောက်ရဲ့ ပျော်ရွှင်ရမှုက သူတို့ အားကိုတကြီးဖမ်းဆုပ်လိုက်တဲ့ လက်တစ်စုံအပေါ် အများကြီး မှီခိုပါတယ် ။

ချစ်သူ ဘဝမှာတောင် မပျော်ရွှင်ရရင် အိမ်ထောင်သည်ဘဝအထိ ခုန်ပစ်ဝင်ဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့ ။ လောကမှာရှိတဲ့ ယောကျ်ားတိုင်းက ယောကျ်ားကောင်းမဟုတ်ဘူး ။ ချစ်တယ်လို့ ပြောဖို့လွယ်သလောက် ချစ်တာကို ကိုယ့်ချစ်သူသိသာမြင်သာအောင် ဖော်ပြပေးနိုင်ဖို့ သိပ်ခဲယဉ်းတတ်ကြတယ် ။ တကယ်ချစ်တဲ့သူတွေကပဲ လုပ်ပြနိုင်တာ ။

#သက်ထားခင်(THK)
#တစ်ကပြန်စလိုပါသည်

SGD 6$

MK Book Store & စင်္ကာပူ

Address


Website

Alerts

Be the first to know and let us send you an email when Thin Pyant Hmwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share