Khin Mon Revolution 1.0

  • Home
  • Khin Mon Revolution 1.0

Khin Mon Revolution 1.0 News & Informations took place in KhinMon Village & ChaungOo Township. https://t.me/khinmonrevolution_channel
(2)

စစ်ဘေးရှောင်ပြည်သူများအတွက် နှမ်းတစေ့ (သို့) CYSCမင်းအောင်လှိုင်၏လက်ဝေခံ လက်နက်ကိုင်သောင်းကျန်းသူများ၏ရန်ကြောင့် တိမ်းရှ...
12/10/2023

စစ်ဘေးရှောင်ပြည်သူများအတွက် နှမ်းတစေ့ (သို့) CYSC

မင်းအောင်လှိုင်၏လက်ဝေခံ လက်နက်ကိုင်သောင်းကျန်းသူများ၏ရန်ကြောင့် တိမ်းရှောင်နေရသည့် ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ မိသားစု ၂၂၀ အတွက် ချောင်းဦးမြို့နယ်လူငယ်အင်အားစုသပိတ်ကော်မတီ (CYSC) က နှမ်းတစ်စေ့ ဖြစ်ခွင့်ရခဲ့ပါသည်။

ကိုရီးယားအလှူရှင်တစ်ဦး၏ အကူအညီဖြင့် အဆိုပါမိသားစု ၂၂၀ စာအတွက် မိသားစုတစ်စုလျှင် ဆီ ၅၀ ကျပ်သားနှုန်းဖြင့် ဆီပိဿာချိန် ၁၁၀ သွားရောက်ပံ့ပိုးပေးခဲ့ပါသည်။

#လုပ်အားငွေအားနိုင်ရာထမ်းလို့ရောင်နီသာတဲ့နေ့သစ်ဆီသို့
.0

09/10/2023 🌧🌧🌧🌧၂၄နာရီအတွင်းနေပြည်တော်နယ်မြေအားလုံးလွိုင်ကော်ခရိုင် နမ့်စန်ခရိုင် တာချီလိတ်ခရိုင်ကျိုင်းတုံခရိုင် မိုင်းဆ...
09/10/2023

09/10/2023 🌧🌧🌧🌧
၂၄နာရီအတွင်း
နေပြည်တော်နယ်မြေအားလုံး
လွိုင်ကော်ခရိုင်
နမ့်စန်ခရိုင် တာချီလိတ်ခရိုင်
ကျိုင်းတုံခရိုင် မိုင်းဆတ်ခရိုင် လင်းခေးခရိုင် တောင်ကြီးခရိုင် လွိုင်လင်ခရိုင် လောက်ကိုင်ခရိုင် မူဆယ်ခရိုင် လားရှိုးခရိုင် ကျောက်မဲခရိုင် ပြင်ဦးလွင်ခရိုင် ရွှေဘိုခရိုင် မုံရွာခရိုင် စစ်ကိုင်းခရိုင် မန္တလေးခရိုင် ကျောက်ဆည်ခရိုင် မိတ္ထီလာခရိုင် ရမည်းသင်းခရိုင် မကွေးခရိုင် အောင်လံခရိုင် ပြည်ခရိုင် သရက်ခရိုင် မင်းဘူးခရိုင် ချောက်ခရိုင် ညောင်ဦးခရိုင် မြင်းခြံခရိုင် ပခုက္ကူခရိုင် ဒေသတွေမှာမိုးရွာနိုင်ပါတယ်
အဆိုပါဒေသတွေမှာ နောက်နှစ်ရက်အတွင်းအနည်းငယ်မိုးပိုလာနိုင်ပါတယ်
issued time
09/10/2023 6:21am(MMT)
မင်း ဂွတ် သီး Su Su San

03/10/2023

Oct 2/2023/1220Pm/KMR

ခင်မွန်ဘက်စုံခြံမှ အင်အား ၃၀-၄၀ကြားရှိ ခွေးအုပ်တစ်အုပ် မြောက်ဘက်သို့ ခြေလျင်ထွက်သွား။

.0

ဒီပွဲကတော့ တော်တော်မိုက်တယ်... 🔥https://m.facebook.com/story.php?story_fbid=122126266994020734&id=61550622046037&mibexti...
02/10/2023

ဒီပွဲကတော့ တော်တော်မိုက်တယ်... 🔥

https://m.facebook.com/story.php?story_fbid=122126266994020734&id=61550622046037&mibextid=Nif5oz

အကြောင်းအရာ အပြည့်အစုံအား ကွန်မန့်တွင် ဖတ်ရှုပါရန်။

ပြန်ကြားရေးဌာန
BNRA
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်။

30/09/2023

Sep30/2023/KMR


ခင်မွန်ရွာအတွင်းမှာ အကြွေးတွေထူပြော ၊ လူမှုရေးပြသနာတွေများပြားလာပြီး ရာဇဝတ်မှုတွေမဖြစ်ပွားစေရန်အတွက် ...

ခင်မွန်ရွာအတွင်းက 2D/3D၊ ဘောလုံး၊ ဖဲဝိုင်း၊ ကြက်ဝိုင်း လောင်းကစားမှုများကို ထိရောက်စွာအရေးယူတော့မည်။

.0
#ခင်မွန်

27/09/2023

မုံရွာမှထွက်လာသော အကြမ်းဖက် စကစသင်္ဘော ၇ စီး လက်ပန်းတောင်းတည့်တည့်သို့ရောက်ရှိ

မုံရွာ လှည်းဒါး မြိုင်စည်ဘက်မှထွက်လာသော စကစအကြမ်းဖက်အုပ် မိုးညှင်းသမ္ဗုဒ္ဓေအနီး ငြိမ်းချမ်းရေးကျောင်းဘက်မှ မအူမုခ်ဘက်သို့ဦးတည်နေ

မင်းတည် မကျီးခွသို့ မနေ့ကချထားသောခွေးအုပ်မှာ ယခုအချိန်အထိ ထိုရွာများတွင်ရှိနေဆဲဖြစ်ပါသည်။

မိဘပြည်သူများအနေဖြင့် အရေးကြီးပစ္စည်းများကို အသင့်ထုပ်ပိုးထားကြပါရန်နှင့် သက်ဆိုင်ရာ ရပ်ကျေး ပကဖ ပအဖ ပလဖ များ၏ အကြံပြုချက်များအတိုင်း ပူးပေါင်းကြရန် တိုက်တွန်းအပ်ပါသည်။

မြို့နယ် ပကဖ (ချောင်းဦး)
27/9/23
9:02 am

Emergency Warning ⚠️⚠️⚠️ချောင်းဦး - ပခုက္ကူလမ်းပိုင်းကို ယခုအချိန်မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ အသုံးပြုသွ...
27/09/2023

Emergency Warning ⚠️⚠️⚠️

ချောင်းဦး - ပခုက္ကူလမ်းပိုင်းကို ယခုအချိန်မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ အသုံးပြုသွားလာခြင်းမပြုကြပါရန် အသိပေးအပ်ပါသည်။

ချောင်းဦးမြို့နယ်အတွင်း ချောင်းဦး - ပခုက္ကူလမ်းပေါ်ရှိ ကျေးရွာအချို့ကို ယမန်နေ့ နေ့လည်ပိုင်းမှစပြီး အကြမ်းဖက်အဖွဲ့အစည်း စစ်ကောင်စီက အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်များပေါ်မှ စစ်ခွေးအကြမ်းဖက်များချ၍ စီးနင်းခြင်းများပြုလုပ်နေသဖြင့် လမ်းအသုံးပြုသောပြည်သူများ၏လုံခြုံရေးအတွက် ပူးပေါင်းကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မြို့နယ် ပကဖ (ချောင်းဦး)
27/9/23
5:00 am

Sep 27/2023/0700Am/KMRဖော်ပြပါ စစ်ကြောင်းမှ မင်းတည်ရွာတွင်ရှိသော အုပ်စုဟာ ယနေ့နံနက် ၇ နာရီအချိန်အထိ လှုပ်ရှားမှုမရှိသေးပ...
27/09/2023

Sep 27/2023/0700Am/KMR

ဖော်ပြပါ စစ်ကြောင်းမှ မင်းတည်ရွာတွင်ရှိသော အုပ်စုဟာ ယနေ့နံနက် ၇ နာရီအချိန်အထိ လှုပ်ရှားမှုမရှိသေးပဲ၊ ဗောဓိ၁၀၀၀မှာရှိနေတဲ့အုပ်စုဟာ နံနက်အစောပိုင်းကတည်းက အောက်ဘက်ကို ခြေလျင်ဆင်းလာပြီး GTCအနီးကို ရောက်နေပြီလို့ သိရပါတယ်။

မြေပြင်ကနေပဲ ရွေ့လျားမှုပြုနိုင်သလို ၊ ယမန်နေ့ကလို ဝေဟင်ကနေလည်း ရွေ့လျားမှုပြုနိုင်တာကြောင့် အထူးသတိဝီရိယနဲ့ နေကြဖို့လိုပါမယ်ခင်ဗျ။

.0
#ခွေးစစ်ကြောင်း

လူတွေ သေကြေကြတိုင်းဘာကိုပဲ ယိုးမယ်ဖွဲ့ရမလိုလို ၊ ဘယ်သူ့ကိုပဲ အပြစ်ပုံချရတော့မလိုလို ခံစားချက်တွေကို ထုတ်ပြရတာကို ရှက်ရွံ...
23/09/2023

လူတွေ သေကြေကြတိုင်း
ဘာကိုပဲ ယိုးမယ်ဖွဲ့ရမလိုလို ၊ ဘယ်သူ့ကိုပဲ အပြစ်ပုံချရတော့မလိုလို ခံစားချက်တွေကို ထုတ်ပြရတာကို ရှက်ရွံ့လာပြီ။

အခုတော့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်တော့တယ်။

ငါ့လို လူတွေများနေလို့

ငါ့လို သူရဲဘောကြောင်တဲ့ သူတွေများနေလို့

ငါ့လို မေ့လျော့ပေါ့ဆတတ်တဲ့ကောင်တွေ များနေလို့

ငါ့လို လေကြီးမိုးကြီးပြောပြီး ဘာအဖြစ်မှ မရှိတဲ့ကောင်တွေများနေလို့

ငါ့လို ကြောက်တတ်တာကို သတိရှိတာဆိုပြီး ပုံမှားရိုက်ပြီး ရှေ့မတိုးတဲ့သူတွေ များနေလို့

ငါ့လိုပဲ ကိုယ့်ကိုယ်ကိုယ် ငါ အလုပ်လုပ်ပေးနေပါတယ်လို့ ကိုယ်စိတ်သက်သာရာရအောင် ဖိဖော့ညာပြီး ဟန်ဆောင်တဲ့သူများနေလို့

ငါ့လိုပဲ ခံစားချက်တွေ ပေါက်ကွဲပြ အလုပ်ဖြစ်မဲ့ကိစ္စတွေကိုကျ အားသွန်ခွန်စိုက် မလုပ်တဲ့သူတွေ များနေလို့

ငါ့လို ပါးစပ်က ဘုရား ဘုရား
လက်က ကားယား ကားယား သူတွေ များနေလို့

ငါ့လို အောက်တန်းကျတဲ့သူတွေများနေလို့ ...

ငါ့လို လူတွေများနေလို့ပါပဲ ။

လူတွေ အများကြီးသေရတာ
ငါ့လို လူတွေ များနေလို့ လို့ပဲ သတ်မှတ်ပါတော့တယ်။

💔

#ဓာတ်ပုံ - ယနေ့ Sep23ရက်၊ ​မြင်းမူ-မြောင်လမ်းပေါ်ရှိ ခြေရာတော်ရွာအနီးမှာ ရက်ရက်စက်စက်အစုလိုက်အပြုံလိုက်္-တ်ဖြတ်ခံခဲ့ရသော တော်လှန်ရေးရဲဘော် ၂၂ဦးနှင့် ပြည်သူ ၃ဦး၏ ရုပ်္​ေ လာင်းများ။

.0

ချောင်းဦးမြို့နယ်ရဲ့တော်လှန်သွေးဟာ ရဲရဲတောက်နေဆဲ။ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီသည် နွေဦးတော်လှန်ရေးဆက်လက်...
22/09/2023

ချောင်းဦးမြို့နယ်ရဲ့တော်လှန်သွေးဟာ ရဲရဲတောက်နေဆဲ။

ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီသည် နွေဦးတော်လှန်ရေးဆက်လက် အရှိန်အဟုန် မြင့်ရန်အတွက် လူထုသပိတ်တိုက်ပွဲများ၊ပြည်သူလူထုအား တော်လှန်ရေးအရွေ့၊ နိုင်ငံရေးအရွေ့ အသိပေးခြင်းများ အဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ပြုလုပ်ခဲ့သော တော်လှန်ရုပ်ရှင်ပြသခြင်းနှင့် တော်လှန်ရေးအသိပညာပေးဟောပြောခြင်းပွဲကို ဒေသခံလူထု (၂၀၀) ခန့် တက်ကြွစွာပူးပေါင်းပါဝင်ခဲ့ပါသည်။

#ချောင်းဦးမြို့နယ်လူငယ်အင်အားစုသပိတ်ကော်မတီ(CYSC)
.0

07/09/2023

Sep 7, 2023,12:15pm, KMR

11:45am ခန့်မှာ ချောင်းဦးထွေအုပ်ထဲကထွက်လာတဲ့သံပြားကာတစ်စီးအင်အားအပြည့်ဟာ ရွှေဘူတာ လမ်းခွဲထိပ်မှာရပ်ထားပြီး ဘေးပတ်ပတ်လည်နှင့် စိုးဆီဆိုင်အထိ ခွေးတွေကိုဖြန့်ကျက်ထားကာ သေနတ်တွေ ရမ်းပစ်နေတယ်လို့သိရပါတယ်။

အလားတူပဲ စွမ်းရည်ထက်ကခွေးတွေဟာလဲ မဟာနွယ်ကားနဲ့တက်လိုက်လာပြီး တောင်ပုံရွာထိပ်မှာ ဆင်းနေခဲ့ပါတယ်။အင်းအားတော့ လောလောဆယ်မသိရသေးပါဘူး ခင်ဗျာ။

အစစအရာရာအထူးဂရုပြုနေကြရန်နှင့် စစ်ရေးသတိရှိကြပါခင်ဗျာ။

https://m.facebook.com/story.php?story_fbid=318941373998952&id=100076492747074&mibextid=Nif5oz
06/09/2023

https://m.facebook.com/story.php?story_fbid=318941373998952&id=100076492747074&mibextid=Nif5oz

⛔ အရေးပေါ် သတိပေးထုတ်ပြန်ချက် ⛔

မုံရွာမြို့မှ ကင်းထောက်ရဲဘော်များခင်ဗျာ
ကျနော်တို့၏ ရုံးဖုန်း 09978783709 အား
ဆက်သွယ်သတင်းပေးကြသော ရဲဘော်များ
ဖုန်းနံပါတ်အမြန်ဆုံး ပြောင်းပေးကြပါခင်ဗျာ။

#မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး_ပကဖ

Sep 6/2023/0700Am/KMRစွမ်းရည်ထက်ဂိတ်မှာ နားနေသော စစ်ကြောင်းဟာ ယနေ့နံနက် ၆နာခွဲအချိန်ခန့်မှာတော့ ကြေးမုံရွာအရှေ့ဘက် သိပ္ပ...
06/09/2023

Sep 6/2023/0700Am/KMR

စွမ်းရည်ထက်ဂိတ်မှာ နားနေသော စစ်ကြောင်းဟာ ယနေ့နံနက် ၆နာခွဲအချိန်ခန့်မှာတော့ ကြေးမုံရွာအရှေ့ဘက် သိပ္ပံကွင်းနားကို ရောက်လာပါတယ်။

သေနတ်တွေပစ်ဖောက်ပြီး အပြစ်မဲ့ပြည်သူ တောင်သူတချို့ကို ဖမ်းဆီးထားတယ်လို့ သတင်းရပါတယ်။

ထိုမှတဆင့် ဘယ်ကိုဆက်သွားမလဲဆိုတာ မသိရသေးပါ။ အထူးဂရုစိုက်ကြပါ။

.0
#စစ်ကြောင်း
#မုံရွေးကြေးမုံ

05/09/2023

Sep5/2023/0700Pm/KMR

ယနေ့ညနေ၃နာရီခန့်က စွမ်းရည်ထက်ဂိတ်ကို ရောက်လာသော အင်အား ၇၀ ကျော်ပါသော စစ်ကြောင်းဟာ ယခုညဦးပိုင်းအချိန်ထိ လှုပ်ရှားမှုမရှိသေးပါ။

ဘယ်ချိန်၊ ဘယ်ကိုဦးတည်ရွေ့လျားမလဲဆိုတာ မသိရသေးသည့်အတွက် နီးစပ်သမျှကျေးရွာတွေ အထူးသတိပြုနေသင့်ပါတယ်။

အစစအရာရာဂရုစိုက်ကြပါခင်ဗျ။

.0
#စွမ်းရည်ထက်
#ခွေးစစ်ကြောင်း

Sep 5/2023/0300PM/KMRယနေ့နံနက်၉နာခန့်က မအူဂိတ်ကို ရောက်လာတဲ့ စစ်ကြောင်းဟာ နံနက် ၁၀နါရီခန့်မှတော့ ညောင်ပင်သာရွာဘက်ကို ဦး...
05/09/2023

Sep 5/2023/0300PM/KMR

ယနေ့နံနက်၉နာခန့်က မအူဂိတ်ကို ရောက်လာတဲ့ စစ်ကြောင်းဟာ နံနက် ၁၀နါရီခန့်မှတော့ ညောင်ပင်သာရွာဘက်ကို ဦးတည် ချည်းကပ်သွားခဲ့ပါတယ်။ ထို့နောက်ညောင်ပင်သာရွာမှတဆင့် အောင်သာရွာဘက်ကို ဦးတည်ရွေ့လျားသွားခဲ့ပါတယ်။

ယနေ့ညနေ ၃နာရီခန့်မှာတော့ စစ်ကြောင်းဟာ အောင်သာရွာမှတစ်ဆင့် စွမ်းရည်ထက်ခွေးဂိတ်ကို ဝင်ရောက်ပူးပေါင်းသွားပါတယ်။ စစ်ကြောင်းအင်အား ၇၀ ကျော်ရှိနိုင်တယ်လို့ သိရပါတယ်။

စွမ်းရည်ထက်မှတဆင့် ဘယ်ကိုဦးတည်ရွေ့လျားမလဲဆိုတာ မသိရသေးသည့်အတွက် အနီးနားကျေးရွာတွေ အထူးသတိပြု ဂရုစိုက်နေကြပါခင်ဗျ။

.0
#စွမ်းရည်ထက်
#စစ်ကြောင်းသတင်း

Sep 5/2023/0940Am/KMRယနေ့နံနက် ၉နာရီခန့်တွင် မုံရွာမှ ထွက်လာတဲ့ ၆ဘီးကား နှစ်စီး နှင့် သံပြားကာ တစ်စီးဟာ ခွေးအင်အားအပြည့်...
05/09/2023

Sep 5/2023/0940Am/KMR

ယနေ့နံနက် ၉နာရီခန့်တွင် မုံရွာမှ ထွက်လာတဲ့ ၆ဘီးကား နှစ်စီး နှင့် သံပြားကာ တစ်စီးဟာ ခွေးအင်အားအပြည့်တင်လာပြီး မအူဂိတ်ထဲ ဝင်ရောက်သွားပါတယ်။

ဘယ်ကိုဦးတည်ရွေ့လျားမလဲဆိုတာ မသိရပေမယ့်၊ စစ်ကြောင်းထိုးနိုင်သော အင်အားဖြစ်သဖြင့် အနီးနားကျေးရွာတွေ အထူးသတိပြုနေထိုင်ကြပါခင်ဗျ။

.0
#မအူဂိတ်
#စစ်ကြောင်း

ခင်ဗျားတို့ ဘီယာဆိုင်ထိုင်ရင်း ဒါမှမဟုတ် Bar ကိုသွားရင်း ပေါ်ပင်ပွဲတွေကြည့်ရင်းခင်ဗျားတို့ကြိုက်တယ်ဆိုတဲ့သီချင်းတွေနားထေ...
03/09/2023

ခင်ဗျားတို့ ဘီယာဆိုင်ထိုင်ရင်း
ဒါမှမဟုတ် Bar ကိုသွားရင်း
ပေါ်ပင်ပွဲတွေကြည့်ရင်း
ခင်ဗျားတို့ကြိုက်တယ်ဆိုတဲ့သီချင်းတွေနားထောင်ရင်း
အမှတ်မထင် ခြေထောက်လေးတစ်ဖက်တွေ့ရင်
ပြန်ပေးလိုက်ကြပါဗျာ 😒😓

တစ်ချို့တွေ နေသားကြနေပြီလားလို့တောင်ထင်ရတယ်...😓

Aug 28/2023/0730PM/KMRယမန်နေ့ညကတည်းက ကြားသိနေရသော(အတည်မပြုနိုင်သော)သတင်းအများအရ ချောင်းဦးမြို့ထွေအုပ်ရုံးရှိ ခွေးများဟာ...
28/08/2023

Aug 28/2023/0730PM/KMR

ယမန်နေ့ညကတည်းက ကြားသိနေရသော(အတည်မပြုနိုင်သော)သတင်းအများအရ ချောင်းဦးမြို့ထွေအုပ်ရုံးရှိ ခွေးများဟာ ဒီရက်ပိုင်းအတွင်း ကင်မွန်းတော်ပျူရွာကို ရိက္ခာပို့လမ်းကြောင်းရှိနေသည်ဟု သိရပါတယ်။

ထို့ကြောင့် သတင်းမှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကင်း၊သတင်း မပေါ့လျော့ပဲ အထူးဂရုစိုက်နေကြဖို့ သတိပေးချင်ပါတယ်။

တစ်မြို့နယ်လုံး စစ်ရေးသတိရှိဖို့ လိုအပ်ပါတယ်။

.0
#ချောင်းဦး
#ကင်မွန်းတော်ပျူရွာ

Aug 26/2023/0630Am/KMRယနေ့နံနက် ၄နာရီခွဲအချိန်ခန့်က ချောင်းဦးထွေအုပ်ရုံးမှ ခွေးအုပ်စုဟာ ဂျမ်ဘာတစ်စီးအပြည့်ဖြင့် ချောင်း...
26/08/2023

Aug 26/2023/0630Am/KMR

ယနေ့နံနက် ၄နာရီခွဲအချိန်ခန့်က ချောင်းဦးထွေအုပ်ရုံးမှ ခွေးအုပ်စုဟာ ဂျမ်ဘာတစ်စီးအပြည့်ဖြင့် ချောင်းဦးမြို့မြောက်ဘက် ဘူတာလမ်းခွဲနားကို ရောက်လာခဲ့ပြီး၊ မည်သူမည်ဝါဆိုသည်ကို အတည်မပြုနိုင်သေးသည့် သေဆုံးအလောင်း ၂ လောင်း ချထားခဲ့ပါတယ်။

ယနေ့ နံနက် ၅ နာရီကျော်ခန့်မှာ ခွေးအင်အားတချို့နှင့် ဂျမ်ဘာကားသည် ချောင်းဦးမြို့ထဲပြန်ဝင်သွားခဲ့ပါတယ်။

သို့ပေမယ့် သေဆုံးအလောင်းတွေ ချထားခဲ့သည့် ဘူတာလမ်းခွဲအနီးမှာ ကင်းပုန်းချန်ခဲ့နိုင်ပါတယ်။ အသိသတိရှိပါ။

.0
#ချောင်းဦး
#ဘူတာလမ်းခွဲ

25/08/2023

Aug 25/2023/KMR

မြပုလဲခွေးဂိတ်ဟာ ယနေ့နံနက် ၆နာရီခွဲအချိန်ခန့်ကတည်းက ဆိုင်ကယ်သမားသွားလာသူတွေကို လုံးဝဖြတ်သန်းခွင့်ပိတ်ထားပါတယ်။

ကားတွေကိုတော့ ဖြတ်သန်းခိုင်းပြီး ဆိုင်ကယ်နဲ့သွားလာသူတွေကိုပဲ ဖြတ်သန်းခွင့်ပိတ်ထားခြင်းဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတာမသိရပါ။

သတိဝီရိယရှိရှိသွားလာကြပါခင်ဗျ။

.0
#မြပုလဲ
#ခွေးဂိတ်

စစ်ကောင်စီရဲ့ ခမရ ၁၁၄ တပ်ရင်းတစ်ခုလုံးမှာ ဖွဲ့စည်းပုံအရ အင်အား ၈၀၀ ဦး ကျော် ရှိရမှာဖြစ်ပေမယ့် စစ်သား ၁၃၂ ဦး သာကျန်ရှိတော...
16/08/2023

စစ်ကောင်စီရဲ့ ခမရ ၁၁၄ တပ်ရင်းတစ်ခုလုံးမှာ ဖွဲ့စည်းပုံအရ အင်အား ၈၀၀ ဦး ကျော် ရှိရမှာဖြစ်ပေမယ့် စစ်သား ၁၃၂ ဦး သာကျန်ရှိတော့တယ်လို့ လျှို့ဝှက် အစီရင်ခံ တင်ပြ ...

နိုင်ငံတစ်ဝန်းရှိ စစ်ကောင်စီရဲ့ ခြေလျှင်နဲ့ ခြေမြန်တပ်ရင်းများမှာ တပ်ရင်း တစ်ခုကို စစ်သား အင်အား ၁၀၀ အောက်သာကျန်ရှိနေပြီး တပ်ပျက် နေပြီလို့ဆို...
++++++++++++++
ဩဂုတ် ၁၆

ရှမ်းပြည်နယ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်၊ နောင်ချိုမြို့အခြေစိုက် အမှတ် ၁၁၄ ခြေမြန်တပ်ရင်း-ခမရ ၁၁၄ မှာ တပ်ရင်းတစ်ခုလုံး အင်အား ၁၃၂ ဦးသာ ကျန်ရှိတော့တယ်လို့ နေပြည်တော်စစ်ရုံးကို တင်ပြတဲ့ လျှို့ဝှက်တင်ပြစာအရ သိရပါတယ်။

ပုံမှန်အားဖြင့် ဖွဲ့စည်းပုံအင်အားမှာ ခမရ ၁၁၄ မှာ အရာရှိနဲ့ စစ်သား အင်အား ၈၅၇ ဦး ရှိရမှာဖြစ်ပေမယ့် လက်တွေ့မှာ ၁၃၂ ဦးသာရှိတော့သလို အဲ့ဒီအထဲက ရှေ့တန်းထွက် အင်အားမှာ ၇၀ ဦးဖြစ်ပြီး တပ်တွင်းမှာ ၆၂ ဦးသာကျန်ရှိတယ်လို့ သိရပါတယ်။

" ပေါက်ကြားလာတာက အမှတ် ၁၁၄ ခြေမြန်တပ်ရဲ့တပ်ရင်းတစ်ရင်းလုံး အင်အား ဖွဲ့စည်းပုံစာရွက်လို့ ပြောလို့ရပါတယ်၊ ဒီထဲက အင်အားစာရင်း အရ ဆိုရင် သူတို့ရဲ့လက်ရှိ ရှိတဲ့ အင်အားလို့တောင်ပြောလို့ရတယ်၊ နောက်ပြီး တော့ ဒါက အထက်ဌာနကို တင်ပြထားတဲ့ စာဖြစ်တယ်၊ အဲဒီတော့ ဒီဥစ္စာမှာတောင် နည်း နည်း လေး ပိုပိုသာသာ တင်ထားတာရှိဦးမယ်ပေါ့၊ ကျနော်ထင်တယ် ၊ အဲဒီ စာရွက်မှာ တောင်မှ အနည်းဆုံး စစ်သားအင်အား ၁၀ ဦးလောက် လက်တွေ့မှာ ထပ် လျော့နည်းမယ်လို့ ကျနော်ထင်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ တပ်တွေ တော်တော် များများဟာ သူတို့ရဲ့ ရှိတဲ့အင်အားကို အမြဲတမ်း ၅ ယောက်ကနေ ၁၀ ယောက်ကြားကို အမြဲတမ်း ပိုပိုသာသာတင်ပြလေ့ရှိတယ်၊ ဒါကကျနော် သိခဲ့တဲ့ အခြေအနေ၊ အခုအခြေအနေက အဲထက်တောင်ပိုပြီးတော့ ဆိုးရွားနိုင် တယ်လို့ ကျနော်ကတော့ ယူဆတယ်၊ အဲဒီတော့ နဂိုတုန်းက ဆိုရင်တော့ ဒီလိုတပ်တွေဟာ အနည်းဆုံး လူအင်အား ၁၅၀ ကနေ ၁၇၀ ကြားမှာကို ရှိတယ် ပေါ့၊ ဒါကအာဏာမသိမ်းခင်အခြေအနေမှာပေါ့နော်၊ အခုအခြေအနေမှာတော့ ၁၃၀ ကျော်ဆိုတဲ့ ဥစ္စာကတော့ တော်တော်လေးကို ဆိုးဆိုးဝါးဝါးဖြစ်သွားပြီလို့ သုံးသပ်လို့ရတယ်၊ ဒါဟာ စာရွက်ပေါ်က အင်အားမှာတောင်မှ ဒီလောက်ပဲ ပြနိုင်တယ်ဆိုရင်တော့ စစ်တပ်ရဲ့အင်အားဟာ ကျနော်တို့ထင်တာ ထက်ကိုပို ပြီးတော့ လျော့နည်းသွားတယ်ဆိုတော့ ကျနော်တို့ ပြောလို့ရပါတယ်ဗျ" လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

အမှတ် ၁၁၄ ခြေမြန်တပ်ရင်းတစ်ခုလုံးရဲ့ အင်အား ၁၃၂ ဦးထဲမှာ စစ်သား ၂၅ ဦးသာရှိပြီး ကျန်သူများမှာ အရာရှိ၊ အရာခံ၊ အကြပ်များဖြစ်တဲ့အတွက် စစ်သားအင်အား အလွန်နည်းပါးနေတဲ့ အခြေအနေကို ဖော်ညွှန်းနေတာကို တွေ့ရပါတယ်။

စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့ များမှာ စစ်သား သေဆုံးမှု အလွန်များပြားတဲ့အတွက် တပ်ရင်းတပ်ဖွဲ့ ဖွဲ့စည်းပုံ အလွန် ပျက်စီးတဲ့အထိ အင်အား အလွန်နည်းပါးကာ တပ်ပျက်နေတယ်လို့ ပြောပါတယ်။

Aug15/2023/1015Am/KMRချောင်းဦးမြို့ ဘောလုံးကွင်းအနီးမှာ သံပြားကာတစ်စီးနှင့်အတူ ၁၅ကောင်၊ ရွှေမန္တလေးဘီယာဆိုင်အနီးမှာ ၅ က...
15/08/2023

Aug15/2023/1015Am/KMR

ချောင်းဦးမြို့ ဘောလုံးကွင်းအနီးမှာ သံပြားကာတစ်စီးနှင့်အတူ ၁၅ကောင်၊ ရွှေမန္တလေးဘီယာဆိုင်အနီးမှာ ၅ ကောင် နှင့် နွယ်ခွေလမ်းခွဲမှာ ၆ကောင်ခန့် အသီးသီးရှိနေပါတယ်။

အကြမ်းဖက်S ခွေးများ၊ ခွေးကားများနဲ့ ဝေးဝေးမှာနေကြပါ။

လမ်းသွားလမ်းလာပြည်သူများလည်း အထူးဂရုစိုက်ရှောင်ကွင်းသွားလာကြပါခင်ဗျ။

.0
#ချောင်းဦး
#မုံရွာ_မန္တလေးလမ်းမကြီး

Aug14/2023/0815AM/KMRမုံရွေးတောင်ဘက် ရတနာအောင်ဆီဆိုင်ထဲမှာ ခွေး ၁၅ကောင်ခန့် ရောက်ရှိနေပါတယ်။ ဆီဆိုင်ကဝန်ထမ်းတွေရဲ့ phတွေ...
14/08/2023

Aug14/2023/0815AM/KMR

မုံရွေးတောင်ဘက် ရတနာအောင်ဆီဆိုင်ထဲမှာ ခွေး ၁၅ကောင်ခန့် ရောက်ရှိနေပါတယ်။ ဆီဆိုင်ကဝန်ထမ်းတွေရဲ့ phတွေကိုလည်း သိမ်းယူထားပြီး၊ လမ်းဘေးဝဲယာကို မိုင်းရှင်းဖို့ ပြင်နေတယ်လို့လည်း သိရပါတယ်။

မည်သည့်ခွေးအထိုင်ဂိတ်မှ ထွက်သည်ကို မသိရသော်လည်း FAWကားနဲ့ တောင်ဘက်မှ လိုက်လာသည်ဟုသိရသဖြင့် မြပုလဲ ခွေးဂိတ်က ခွေးတွေဖြစ်နိုင်ပါတယ်။

မိဘပြည်သူများ ဂရုစိုက်ဆင်ခြင်သွားလာကြပါခင်ဗျ။

.0
#မုံရွေး #ရတနာအောင်

Aug 13/2023/0845/KMRချောင်းဦးမြို့မြောက်ဘက်အဝင် စိုးဆီဆိုင် နှင့် ဆည်မြောင်ရုံးအကြား လမ်းဘေးဝဲယာကို ခွေး အကောင် ၂၀ ခန့်...
13/08/2023

Aug 13/2023/0845/KMR

ချောင်းဦးမြို့မြောက်ဘက်အဝင် စိုးဆီဆိုင် နှင့် ဆည်မြောင်ရုံးအကြား လမ်းဘေးဝဲယာကို ခွေး အကောင် ၂၀ ခန့်နှင့် တပ်ဖြန့် ကင်းချထားပါတယ်။

ယခု ၇နာရီ ၄၅မိနစ်အချိန်အထိ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးမေးမြန်းခြင်းမရှိသေးပေမယ့် ဂရုစိုက်သွားလာကြဖို့ အရေးကြီးပါတယ်။

၎င်းခွေးအုပ်ဟာ တစ်နေရာရာကို ဦးတည်ရွေ့လျားမယ့် အရိပ်အယောင်လည်း ရှိပါတယ်။ သတိဝီရိယနေကြဖို့ လိုပါတယ်။

ချောင်းဦးမြို့ပေါ်ရှိ တစ်စီးတည်းသော ဂျမ်မာကားဟာလည်း စိုးဆီဆိုင်နှင့် ချောင်းဦးမြို့ထဲကို ခေါက်ပြန်လှည့်မောင်းနေပါတယ်။

.0
#ချောင်းဦး

12/08/2023

Aug 12, 2023, 9:30am, KMR

ယနေ့မနက် 7:30 ခန့်က မြပုလဲက‌နေ မြောက်ဘက်ကို ထွက်လာတဲ့ ယူနီဖောင်း၊လက်နက် အပြည့်အစုံနဲ့ အင်အား 20 ခန့်ပါ စစ်ကြောင်းဟာ ခင်မွန်ရွာ
ရပ်သာရပ်ကွက်အတွင်းကနေဖြတ်သွားပြီး
8:00am ခန့်မှာ ခင်မွန်အထကကျောင်းထဲကို ၀င်သွားပါတယ်။

ယခုအချိန်မှာတော့ ခင်မွန်စာသင်ကျောင်းထဲမှာ တစ်ဖွဲ့နဲ့ မီးသတ်ရုံးထဲမှာ တစ်ဖွဲ့ နှစ်ဖွဲ့ခွဲနေရာယူထားပါတယ်။

အစစအရာရာဂရုစိုက်ကြပါခင်ဗျာ။

10/08/2023

Aug 10/2023/KMR/0800

ယနေ့နံနက် ၇နာရီခန့်က မြပုလဲမှ ထွက်လာသော ခွေး ၁၅ ကောင်ခန့်သည် ခင်မွန်ရွာအနောက်ပိုင်းမှ ဖြတ်ကာ ဘက်စုံခြံအတွင်းသို့ ဝင်သွားကြပါပြီ။

ကင်းပုန်းချန်ခြင်း၊ ကင်းပုန်းဝပ်ခြင်းလုံးဝ မရှိပါ။

.0
#ခင်မွန်
#မြပုလဲ #ဘက်စုံ

09/08/2023

၂၄နာရီအတွင်း
ချောက်ခရိုင် ညောင်ဦးခရိုင် ပခုက္ကူခရိုင် မုံရွာခရိုင် မတူပီခရိုင် ဟားခါးခရိုင် ကလေးခရိုင် ရွှေဘိုခရိုင် စစ်ကိုင်းခရိုင် မန္တလေးခရိုင် ပြင်ဦးလွင်ခရိုင် ကျောက်မဲခရိုင် လားရှိုးခရိုင် မူဆယ်ခရိုင် ကျောက်ဆည်ခရိုင် မြင်းခြံခရိုင် မိတ္ထီလာခရိုင် ဒေသတွေမှာမိုးရွာနိုင်ပြီး မိုးကုတ်မြို့နယ် မိုးကြီးရေလျှံနိုင်ပါတယ်
issued time
09/08/2023 5:31pm(MMT)
မင်း ဂွတ် သီး Su Su San

08/08/2023

ယနေ့ နံနက် အစောပိုင်းခန့်က ဘက်စုံခြံမှ ထွက်သွားသော ခွေး ၂၀-၃၀ ဝန်းကျင်ခန့်ဟာ မုံရွေးတိုးဂိတ်မှာ ပိုက်ဆံတောင်းနေပြီး၊ တချို့တစ်ဝက်ကတော့ လမ်းဘေးဝဲယာမှာ ကင်းပုန်းဝပ်နေကြပါတယ်။

လမ်းသွားလမ်းလာပြည်သူများ အထူးဂရုစိုက်ကြပါခင်ဗျ။

အင်တာနက်အခက်အခဲကြောင့် သတင်းတင်ပြမှုနောက်ကျသည်ကို နားလည်ပေးကြပါခင်ဗျ။

.0
#ခွေးတပ်လှုပ်

◾"ရှစ်လေးလုံး သင်ခန်းစာ"မောင်မောင်မြင့် ရေးသည်။ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး စစ်အာဏာရှင်မျိုးဆက်...
08/08/2023

◾"ရှစ်လေးလုံး သင်ခန်းစာ"
မောင်မောင်မြင့် ရေးသည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး စစ်အာဏာရှင်မျိုးဆက်ကို နိဂုံးချုပ်ပေးခဲ့တဲ့ သမိုင်းဝင် လူထုလှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ အင်မတန် ဉာဏ်နီဉာဏ်နက်များလှတဲ့ နေ၀င်း-စိန်လွင်-မောင်မောင် အစိုးရသုံးဆက်ကို ဆက်တိုက်ဖြုတ်ချနိုင်ခဲ့တဲ့ ဒီလှုပ်ရှားမှုဟာ ၁၉၆၂ ခုနှစ်နဲ့ ၁၉၇၄-၁၉၇၅ ခုနှစ်တွေမှာ ပေါ်ပေါက်ခဲ့တဲ့ တက္ကသိုလ်အခြေပြု ကျောင်းသားလှုပ်ရှားမှုတွေကနေ ခွန်အားရယူခဲ့ပါတယ်။ ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီးသည်ပင် အစပိုင်းမှာ တက္ကသိုလ်အခြေပြု ကျောင်းသားလှုပ်ရှားမှုအဖြစ် သန္ဓေတည်ခဲ့ပြီး၊ နောက်ပိုင်းကျမှ လူထုတရပ်လုံးက အင်တိုက်အားတိုက် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းဆရာတွေက ရှစ်လေးလုံးလူထုလှုပ်ရှားမှုကို ကိုလိုနီခေတ် ၁၃၀၀ ပြည့်အရေးတော်ပုံကြီးနဲ့ ခိုင်းနှိုင်းပြီး မှတ်တမ်းတင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ အမှန်တော့ ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ ဒီနေ့ခေတ် နွေဦးတော်လှန်ရေးကြီးမတိုင်မီအထိ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးနဲ့ အရေးအပါဆုံး လူထုလှုပ်ရှားမှုကြီး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီလှုပ်ရှားမှုအတွင်းမှာ ရခဲ့တဲ့ စည်းရုံးရေးအတွေ့အကြုံတွေ၊ ဆောင်ရန်ရှောင်ရန် သင်ခန်းစာတွေ၊ အောင်မြင်ရေးနည်းနာတွေနဲ့ စိတ်ဓာတ်ခွန်အားတွေကိုလည်း နွေဦးတော်လှန်ရေးအင်အားစုတွေကို လက်ဆင့်ကမ်းပေးနိုင်ခဲ့ပါတယ်။

မြန်မာ့စစ်အာဏာရှင်မျိုးဆက်ကို အကြမ်းဖျဉ်းအားဖြင့် ခွဲခြားကြည့်မယ်ဆိုရင် - (၁) ၁၉၆၂-၁၉၈၈ နေ၀င်းအုပ်စု ပထမမျိုးဆက်၊ (၂) ၁၉၈၈-၂၀၁၀ စောမောင်-သန်းရွှေအုပ်စု ဒုတိယမျိုးဆက်နဲ့ (၃) ၂၀၂၁ မင်းအောင်လှိုင်အုပ်စု တတိယမျိုးဆက် ဆိုပြီး သုံးဆက်ရှိတာ တွေ့ရပါလိမ့်မယ်။ ၂၀၁၀-၂၀၁၅ ဦးသိန်းစိန်အစိုးရဟာ မူမမှန်တဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ မမျှတတဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကနေ တက်လာတဲ့ စစ်ယူနီဖေါင်းချွတ် အရပ်သားအသွင်ပြောင်းအစိုးရဖြစ်လို့ စစ်အာဏာရှင်မျိုးဆက်တခုအဖြစ် အတိအကျ သတ်မှတ်လို့ မရနိုင်ပါဘူး။ ဒါပေမဲ့ ဦးသိန်းစိန်နဲ့တကွ သူခေါင်းဆောင်ခဲ့တဲ့ ကြံ့ဖွံ့ပါတီခေါင်းဆောင်တွေဟာ စစ်အာဏာရှင်တွေ စိတ်ကြိုက် ရေးဆွဲထားတဲ့ အခြေခံဥပဒေကို အသုံးချပြီး၊ စစ်အာဏာရှင်တွေရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးခဲ့ဖူးသလို၊ လက်ရှိကာလမှာလည်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တကျိတ်တည်း တဉာဏ်တည်း ပူးပေါင်းလှုပ်ရှားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ စစ်အာဏာရှင်မျိုးဆက် သုံးခုစလုံးဟာ ပြည်သူလူထုရဲ့ လူမှုစီးပွား၊ နိုင်ငံရေးနဲ့ အသိပညာ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းမှန်သမျှကို ဖိနှိပ်ပိတ်ဆို့ထားခဲ့ကြပါတယ်။ အကျိုးဆက်အားဖြင့် ပြည်သူတွေနဲ့အတူ စစ်တပ်အသိုင်းအဝိုင်းမှာပါ ဉာဏ်ပညာ ဗဟုသုတ ခေါင်းပါးခဲ့ရပါတယ်။ ရှစ်လေးလုံးလူထုလှုပ်ရှားမှုဟာ အဲဒီလို အခင်းအကျင်းမျိုးမှာ ပေါ်ပေါက်ခဲ့ရတာပါ။ လှိုင်းတိုရေဒီယိုကိုသုံးပြီး BBC မြန်မာပိုင်းလောက်ကိုသာ နားထောင်ခွင့်ရတဲ့ ဘ၀၊ ရပ်ကွက်တခုမှာ ကြိုးတပ်တယ်လီဖုန်း တလုံးလောက်သာ ရှိလို့ ဆက်သွယ်ရေးခက်ခဲလှတဲ့ဘဝမှာ နိုင်ငံလုံးကျွတ် လူထုလှုပ်ရှားမှုကြီးကို ဖော်ဆောင်နိုင်ခဲ့တာဟာ အံ့မခန်းစွမ်းပကား ဖြစ်ပါတယ်။ ဒီစွမ်းပကားကြောင့် နေ၀င်း-စိန်လွင်-မောင်မောင် အစိုးရသုံးဆက် ပြုတ်ကျခဲ့ပေမဲ့ နေ၀င်းက အာဏာလွှဲပေးလိုက်တဲ့ စောမောင်-သန်းရွှေ စစ်အုပ်စုက ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းလိုက်ချိန်မှာတော့ လူထုလှုပ်ရှားမှု အရှိန်အဟုန် ရပ်တန့်သွားခဲ့ရပါတယ်။ တချို့သော ကျောင်းသားတွေဟာ နယ်စပ်ဒေသတွေကို သွားရောက်ပြီး ကျောင်းသားတပ်မတော် တည်ထောင်တာမျိုးတွေ ရှိခဲ့ပေမဲ့၊ ပြည်တွင်းမှာတော့ ရွေးကောက်ပွဲအခြေပြု နိုင်ငံရေးလှုပ်ရှားမှုအဖြစ် အသွင်ပြောင်းသွားခဲ့ပါတယ်။

နွေဦးတော်လှန်ရေးကတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး။ စစ်အာဏာသိမ်းစမှာ ပေါ်ထွက်ခဲ့တဲ့ ကြွေးကျော်သံ နှစ်ခုရှိပါတယ်။ အဲဒါတွေကတော့ "၈၈ က အချိုးတွေ ၂၁ မှာ လာမလုပ်နဲ့" ဆိုတဲ့ ကြွေးကျော်သံနဲ့ "မင်းတို့ လုံးဝအုပ်ချုပ်လို့ မရစေရ" ဆိုတဲ့ ကြွေးကျော်သံတွေပဲ ဖြစ်ပါတယ်။ လက်တွေ့မှာလည်း စစ်တပ်ဟာ ၁၉၈၈ ခုနှစ်က အချိုးဖြစ်တဲ့ စိတ်ဓါတ် စစ်ဆင်ရေးနဲ့ လူထုအကြား သွေးခွဲတဲ့နည်းတွေကို အသုံးချခွင့် မရခဲ့ပါဘူး။ ဒါ့အပြင် လမ်းပေါ်ထွက်ဆန္ဒပြမှုတွေနဲ့ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကို လုံးဝကွယ်ပျောက်သွားအောင် မစွမ်းဆောင်နိုင်တာကြောင့် မြို့ရွာတွေကို အခုအထိ နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်စွမ်း မရှိပါဘူး။ ဒါ့အပြင် စစ်အာဏာသိမ်းမှုအပြီး ရက်ပိုင်း လပိုင်းအတွင်းမှာ တင် (တိုင်းရင်းသား နိုင်ငံရေးအင်အားစုတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေက အသိအမှတ်ပြုတဲ့) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မီတီ CRPH နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ ပေါ်ပေါက်လာတာကြောင့် စစ်တပ်ရဲ့ အာဏာတည်ဆောက်မှုတွေ နှောင့်နှေး ရပ်တန့်သွားခဲ့ရပါတယ်။ ဒါ့အပြင် လူထုလှုပ်ရှားမှုတွေဟာလည်း လက်နက်ကိုင်လှုပ်ရှားမှုအဖြစ် တမဟုတ်ချင်း အသွင်ပြောင်းသွားခဲ့ပါတယ်။

ဒီနည်းနဲ့ ပေါ်ပေါက်လာတဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ နောင်တော် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ မြေတောင်မြှောက် ကူညီပေးမှုကြောင့် ပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြုတဲ့ တပ်မတော်တရပ် ဖြစ်လာနေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ PDF အဖွဲ့တွေဟာ စစ်ဆင်ရေးတွေကို နိုင်ငံအနှံ့မှာ ဟန်ချက်ညီညီ အကောင်အထည်ဖော်နေတာကြောင့် ၁၉၈၈ ခုနှစ်ဝန်းကျင်က ရှိခဲ့တဲ့ လွတ်မြောက်နယ်မြေတွေထက် ပိုမိုကြီးမားကျယ်ပြန့်တဲ့ နယ်မြေစိုးမိုးမှုတွေကို ရရှိလာနေပြီး၊ အကြမ်းဖက်စစ်တပ်ရဲ့ တည်ရှိမှုကို အကြီးအကျယ် ချိန်းခြောက်လာနိုင်တာကို တွေ့ရပါတယ်။ စိုးမိုးပြီးသားနယ်မြေတွေမှာလည်း အရပ်သားအုပ်ချုပ်ရေးနဲ့ ဥပဒေစိုးမိုးရေးတို့ကို အတိုင်းအတာ တခုအထိ စနစ်တကျ အကောင်အထည်ဖော်လာနိုင်တာ တွေ့ရပါတယ်။

နိုင်ငံရေးအသိအမြင်နဲ့ ပတ်သက်လို့တော့ - ရှစ်လေးလုံးလူထုလှုပ်ရှားမှုမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အခွင့်အရေး ရရှိလိုမှုကို အဓိကထား တောင်းဆိုခဲ့တာတွေ့ရပြီး၊ နွေဦးတော်လှန်ရေးမှာတော့ အဲဒီအချက်တွေအပြင် ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ အာဏာသိမ်းစစ်တပ်ကို လုံးဝဥဿုံ အမြစ်ဖြတ်ပြီး တိုင်းရင်းသားလူမျိုးစုအားလုံးပါဝင်တဲ့ ဖက်ဒရယ် တပ်မတော် ထူထောင်ရေး၊ လူမျိုး ဘာသာနဲ့ လိင်ခွဲခြားမှု ကင်းစင်ပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းတရပ် ထူထောင်ရေး စတဲ့ အဆင်မြင့် ရည်မှန်းချက်တွေ ထားရှိပြီး အကောင်အထည်ဖော်နေတာ တွေ့ရပါတယ်။

ဒါကြောင့် ယေဘုယျအားဖြင့် သုံးသပ်ရရင်တော့ စစ်အာဏာရှင်စနစ်ကို ဖြိုခွင်းရာမှာ နွေဦးတော်လှန်ရေးဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးတုန်းက ရှိခဲ့တဲ့ အခွင့်အလမ်းတွေထက် ပိုမိုကြီးမားတဲ့ အခွင့်အလမ်းတွေကို ရရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်အာဏာရှင်တွေရဲ့ ကောက်ကျစ်စဉ်းလဲမှုကို လျှော့တွက်လို့ မရပါဘူး။ ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီး ၃၅ နှစ် ပြည့်မြောက်တဲ့ အခုအချိန်ဟာ နွေဦးတော်လှန်ရေးကြီးရဲ့လမ်းခုလတ် ကာလဖြစ်နေတာကြောင့် နွေဦးတော်လှန်ရေးသမားတွေအနေနဲ့ အတိတ်က ဖြစ်ရပ်တွေကို ပြန်ပြောင်းအောက်မေ့ပြီး သင်ခန်းစာယူသင့်ပါတယ်။

စစ်တပ်ဟာ ရှစ်လေးလုံးလူထုလှုပ်ရှားမှုကြီးရဲ့ အရှိန်အဟုန်ကို ဖြိုခွင်းရာမှာ နိုင်ငံရေးအရ မက်လုံးပေးမှုကို အသုံးချခဲ့တာ တွေ့ရပါတယ်။ ပထမဆုံးအနေနဲ့ - ပါတီစုံဒီမိုကရေစီဆိုတဲ့ ဝေါဟာရကို ရေလဲသုံးပြီး (နောင်တချိန်မှာ အသိအမှတ်ပြုဖို့ ပျက်ကွက်ခဲ့တဲ့) ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို ဖန်တီးခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားအဖွဲ့အစည်းတွေကို ခွဲခြားချဉ်းကပ်ပြီး စီးပွားရေးနဲ့ နယ်မြေပိုင်ဆိုင်ရေး အခွင့်အလမ်းတွေပေးကာ ညီညွတ်ရေးကို ဖျက်ဆီးခဲ့ပါတယ်။ ဒါတင်မက အင်အားချိနဲ့သွားတဲ့ အတိုက်အခံအင်အားစုတွေအကြား ယုန်ထင်ကြောင်ထင် ဖြစ်စေမယ့် သတင်းမှားတွေကို ထုတ်လွှင့်ခြင်း၊ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်ခြင်း စတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ပါတယ်။ သံတမန်ရေးမှာလည်း နဝတ-နအဖ စစ်အစိုးရကို နိုင်ငံတကာက အသိအမှတ်မပြုတဲ့ကြားကပဲ အစိုးရတရပ်အဖြစ် ဆက်လက်တည်ရှိနိုင်ဖို့ ကြိုးစားနိုင်ခဲ့ပါတယ်။

ဒီနေ့ခေတ်မှာလည်း ဒီနည်းလမ်းတွေကိုပဲ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်ကောင်စီက ဆက်သုံးနေတာ တွေ့ရပါတယ်။ ဒါဟာ တကယ်တော့ "၈၈ က အချိုးတွေကို ၂၃ မှာ ပြန်သုံးဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ စကစဟာ လောလောဆယ်မှာ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေးတွေမှာ သိသိသာသာ အားနည်းနေတာမှန်ပေမဲ့ သူတို့ရဲ့ ကောက်ကျစ်စဉ်းလဲမှုနဲ့ ခံနိုင်ရည်ရှိမှုကို လျှော့တွက်လို့ မရပါဘူး။ ဒါ့အပြင် နွေဦးတော်လှန်ရေး ကြာရှည်လာခြင်းရဲ့ နောက်ဆက်တွဲအဖြစ် ကြုံတွေ့လာရတဲ့ နိုင်ငံတကာရောက် မြန်မာတွေရဲ့ ထောက်ပို့အား ကျဆင်းလာတဲ့ ပြဿနာ၊ လက်နက်ကိုင် နွေဦးတော်လှန်ရေးဘက်သားတွေ အချင်းချင်း မညီညွတ်ကြတဲ့ ပြဿနာ၊ NUG အစိုးရခေါင်းဆောင်ပိုင်းနဲ့ မြေပြင်က အုပ်ချုပ်ရေးအဖွဲ့တွေအကြား ချိတ်ဆက်မမိကြတဲ့ ပြဿနာ၊ မြေပြင်က လူ့အခွင့်အရေးဖေါက်ဖျက်မှုတွေကို အထက်အဖွဲ့အစည်းတွေက တရားမျှတစွာ ဖြေရှင်းမပေးနိုင်တဲ့ ပြဿနာ၊ ဖက်ဒရယ်အရေးနဲ့ ပတ်သက်ပြီး နွေဦးတော်လှန်ရေး တိုက်ပွဲဝင် အင်အားစုတွေအကြားမှာ ယခုထက်ပိုပြီး အင်အားကောင်းတဲ့ သဘောတူညီမှု မရရှိနိုင်သေးတဲ့ ပြဿနာ၊ ဒီအချက်ကို အခွင့်ကောင်းယူပြီး ပေါ်ထွက်လာတဲ့ တတိယအင်အားစု ပြဿနာ - စတဲ့ ပြဿနာပေါင်းစုံကို ဖြေရှင်းနိုင်ဖို့လည်း လိုအပ်ပါတယ်။

ဒါမှသာ ၈၈ က အချိုးတွေကို ဒီနေ့ခေတ်မှာ ပြန်သုံးနေတဲ့ စစ်အာဏာရှင်တွေအနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအပေါ် အရင်ကလို အုပ်ချုပ်ခွင့် မရတော့ပဲ လုံးဝဥဿုံ ပျက်သုဉ်းသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နွေဦးတော်လှန်ရေးသမားတိုင်းအနေနဲ့ အဲဒီတနေ့ကို ရောက်တဲ့အချိန်အထိ တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိနဲ့ နိုးကြားကြိုးစားစွာ နေပေးကြပါလို့ တိုက်တွန်းလိုက်ရကြောင်းပါ။

#ရှစ်လေးလုံးသင်ခန်းစာ #မောင်မောင်မြင့်
#ဆီသို့
နိုင်ငံတော်သစ်ဆီသို့ မျှော်ရည်၍

--------------------------------------------------------------

06/08/2023

Aug 6, 2023, 6:35am, KMR

မနေ့ညက ဘက်စုံခြံကနေထွက်တဲ့ခွေးတွေဟာ မြပုလဲကိုမ၀င်ပဲ ဘက်စုံကနေအထွက်ပြပြီး ဘက်စုံခြံအရှေ့ဘက်တောတွေထဲမှာပဲ ကင်းပုန်း၀ပ်နေခဲ့ကြပါတယ်။

ယနေ့မနက် 6:00 ခန့်မှာ ဘက်စုံခြံထဲကနေ အရှေ့ဘက်နဲ့ အရှေ့မြောက်ဘက်ကို နှစ်ဖွဲ့ခွဲပြီးထွက်သွားပါတယ်။ တစ်ဖွဲ့ကိုခန်မှန်းအင်အား 20 ခန့်ပါနိုင်ပါတယ်။ အင်အားကိုအတည်မပြုနိုင်သေးပါဘူးခင်ဗျာ။

Emergency Warning 🛑🚨🛑4/8/2023 , 8:30amမုံရွာ-မန္တလေးလမ်းပိုင်း  ကို CHUPDFမှ ယာယီပိတ်ဆို့။  ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ...
04/08/2023

Emergency Warning 🛑🚨🛑
4/8/2023 , 8:30am

မုံရွာ-မန္တလေးလမ်းပိုင်း ကို CHUPDFမှ ယာယီပိတ်ဆို့။

ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အရ မုံရွာ-မန္တလေးလမ်းပိုင်းကို ယာယီပိတ်ထားလိုက်သည်။

ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံပါကြောင်း ထုတ်ပြန်အပ်ပါသည်။

အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသောမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျှက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။


.0
#မုံရွာမန္တလေးလမ်းပိုင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပေါ် စစ်ကောင်စီက မတရား ချမှတ်ထားသော ပြစ်ဒဏ...
01/08/2023

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပေါ် စစ်ကောင်စီက မတရား ချမှတ်ထားသော ပြစ်ဒဏ်တချို့ကို လွတ်ငြိမ်း ခွင့်ပြု၊ ထောင်ဒဏ် တချို့ ဆက်လက် ထားရှိပြီး ပြန်မလွှတ်ပေးသေး

ရန်ကုန်၊ ဩဂုတ် ၁

အကြမ်းဖက် စစ်ကောင်စီက မတရားဖမ်းဆီးထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အပေါ် စစ်ကောင်စီက မတရား ချမှတ်ထားသော ပြစ်ဒဏ်တချို့ကို လွတ်ငြိမ်းခွင့်ပြုပြီး ထောင်ဒဏ်တချို့ဆက်လက်ထားရှိကာ ပြန်မလွှတ်ပေးသေးကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်အပေါ် မတရားချမှတ်ထားသော ပြစ်ဒဏ် ၅ ခု လွတ်ငြိမ်းသက်သာခွင့်ပြုပြီး သမ္မတဦးဝင်းမြင့်အပေါ် ချမှတ်ထားသော ပြစ်ဒဏ် ၂ ခုကို လွတ်ငြိမ်းခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်း စုကြည်ကို အမှုပေါင်း ၁၉ မှုဖြင့်လည်းကောင်း၊ သမ္မတ ဦးဝင်းမြင့်ကို အမှု ပေါင်း ၈ မှုဖြင့်လည်းကောင်း ပြစ်ဒဏ်များ မတရားချမှတ် အရေးယူထား ခြင်း ဖြစ်ရာ ယခုလွတ်ငြိမ်းသာခွင့်သည် ပြစ်ဒဏ်တချို့ကို လျှော့ပေါ့ပေးသည့် ပုံစံ ဖြင့် နိုင်ငံတကာနှင့် ပြည်သူများကို လှည့်စားခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့ လာ သုံးသပ်သူတချို့က ဆိုသည်။

ထိုသို့ လွတ်ငြိမ်းခွင့်ပြုသော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်း စုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို မတရားချမှတ်ထား‌သော ပြစ်ဒဏ် များ ဆက်လက် ကျန်ရှိနေသဖြင့် လွတ်မြောက်ခြင်းမရှိသေးကြောင်း သိရှိရ သည်။

ည ၈နာရိီမှ နံနက် ၄:၃၀ အချိန်အတွင်း မုံရွာ-မန္တလေးလမ်းပိုင်း နှင့် မုံရွာ-ရွှေဘိုလမ်းပိုင်းကို အသုံးမပြုကြရန် စစ်ကိုင်ခရိ...
30/07/2023

ည ၈နာရိီမှ နံနက် ၄:၃၀ အချိန်အတွင်း မုံရွာ-မန္တလေးလမ်းပိုင်း နှင့် မုံရွာ-ရွှေဘိုလမ်းပိုင်းကို အသုံးမပြုကြရန် စစ်ကိုင်ခရိုင် အမှတ် (၁)တပ်ရင်းက ဇူလိုင်လ ၃၀ရက်စွဲဖြင့် ထုတ်ပြန်။

စကစ ထုတ်ဝေမယ့် နှစ်သောင်းတန်တွေကို နောက်တက်မယ့်အစိုးရတွေက အသိအမှတ်ပြုမှာမဟုတ်ဘဲ တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ကြောင်း NUG ...
27/07/2023

စကစ ထုတ်ဝေမယ့် နှစ်သောင်းတန်တွေကို နောက်တက်မယ့်အစိုးရတွေက အသိအမှတ်ပြုမှာမဟုတ်ဘဲ တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ကြောင်း NUG က ထုတ်ပြန်ကြေညာလိုက်တယ်။

နှစ်သောင်းတန်တွေ လက်ထဲမထားကြနဲ့နော်။

ပိုက်ဘောမိနေကြမယ်။

SDB ဘဏ်မှာ ယုံကြည်စွာ အပ်နှံလိုက်ပါ။Bank Account ဖွင့်ဖို့ ဘာတွေလိုအပ်တာလဲ ? 1. Email 2. User Name 3. Full Name (Nick Na...
24/07/2023

SDB ဘဏ်မှာ ယုံကြည်စွာ အပ်နှံလိုက်ပါ။

Bank Account ဖွင့်ဖို့ ဘာတွေလိုအပ်တာလဲ ?

1. Email
2. User Name
3. Full Name (Nick Name)
4. DOB (DD/MM)
5. Last four digits of NRIC

🛑အကောင့်ဖွင့်ခဲ့သော email & user name ကိုတော့
လုံးဝ မေ့လို့မရပါဘူး။

📥 ဘာ currency တွေနဲ့သုံးလို့ရလဲ ?

အခုလက်ရှိ currency လေးမျိုးရပါတယ်။
နောက်ပိုင်းမှာထပ်တိုးပါမယ်။

1. MMK - Myanmar Kyat 🇲🇲
2. THB - Thai Baht 🇹🇭
3. SGD - Singapore Dollar 🇸🇬
4. USD - US Dollar 🇺🇸

Bank Account ဖွင့်ဖို့ Agent လိုအပ်လား ?

Agent မလိုအပ်ပါဘူး။ ကိုယ့်ဘာသာ SDB register link ကတဆင့် ဖွင့်လို့ရပါတယ်။

📥 မိမိ account ထဲ ငွေဘယ်လိုထည့်ရမလဲ ?

1. Crypto နဲ့ Network ကို Polygon (MATIC) ရွေးပြီး။
သွင်းလို့ရပါမယ်။

2. Relationship Manager RM ကနေ သွင်းရပါမယ်။

📥 မိမိ account ကနေ ငွေဘယ်လိုထုတ်ရမလဲ ?

Relationship Manager RM ကို ဆက်သွယ်စုံစမ်းပါ။
ကိုယ်ဖွင့်လိုက်တဲ့ SDB account မှာ currency အလိုက် RM list တွေရှိပါတယ်။

📥 Currency ပြောင်းလို့ရလား ?

Currency ပြောင်းလို့ ရပါတယ်။ Rate ကလည်း live market rate နဲ့အတော်နီးစပ်ပါတယ်၊။
ပြောင်းခအနေနဲ့ 2% ကျသင့်မှာလည်းဖြစ်ပါတယ်။

📥 Bank ဆိုတော့ အတိုးရမှာလား ?

အတိုးရပါတယ်။ Fixed Deposit အနေနဲ့
အပ်နှံထားတဲ့ လအလိုက်ရပါမယ်။ မပြည့်ခင်ပြန်ထုတ်ရင်တော့ အတိုးတော့မရပါဘူး။

📥 ရွှေဝယ်လို့ရလား ?

Digital Gold အနေနဲ့ဝယ်လို့ရပါတယ်။

👉 စကစ ဘဏ်တွေမှာ ငွေမထားချင်ဘူး ဆိုတဲ့ ပြည်သူတိုင်းအတွက် ဝမ်းမြောက်စရာပါ။

SDB မှာ ယုံကြည်စွာ အပ်နှံလိုက်ပါ။
𝗢𝗽𝗲𝗻 𝗦𝗗𝗕 ၊Bank 𝗔𝗰𝗰𝗼𝘂𝗻𝘁 𝗡𝗢𝗪‼️

အကောက်ဖွင့်ရန် လင့်
https://beta.springdevelopmentbank.com/register

Account ဝင်သုံးရန် လင့်။
https://beta.springdevelopmentbank.com/login

Address


Website

Alerts

Be the first to know and let us send you an email when Khin Mon Revolution 1.0 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share