Linn Family

Linn Family “As for me and my house, we will serve the Lord” Josh. 24:15

“မိသားစု” ဆိုသည်မှာ သင်နှင့်ကျွန်ုပ်အတွက် ဘုရားသခင် ပြင်ဆင်ပေးထားသော မြေကြီးပေါ်မှာတည်ရှိသည့် ကောင်းကင်နိုင်ငံရဲ့ အမွေဥစ္စာ ကောင်းကြီးမင်္ဂလာဖြစ်သည်

✨🔥✨
03/08/2023

✨🔥✨

✨စစ်မှန်သော ခိုလှုံရာ ✨
15/07/2023

✨စစ်မှန်သော ခိုလှုံရာ ✨

27/03/2023

လော​ကီ​သား​တို့​အား အ​ပြစ်​စီ​ရင်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည်​သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ လော​ကီ​သား​တို့​သည် ကိုယ်​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​သို့​ရောက်​မည်​အ​ကြောင်း စေ​လွှတ်​တော်​မူ၏။- (‭‭‭ရှင် ယော ဟန် ခ ရစ် ဝင်။‬ ‭3‬‬:‭17‬)

ထိုအလင်း ကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြား ခွဲထားတော်မူ၏ ✨✨✨And God saw the light, that ...
12/10/2022

ထိုအလင်း ကောင်းသည်ကို ဘုရားသခင်မြင်၍၊ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြား ခွဲထားတော်မူ၏ ✨✨✨
And God saw the light, that it was good; and God divided the light from the darkness. Genesis 1:4

✨ #ကျန်းမာရေးဗဟုသုတ ✨အခုရက်ပိုင်းစင်ကာပူမှာ  #ခြင်တွေလွှတ်ပေးနေတာတွေ့ရင် မအံ့ဩကြပါနဲ့။ပုံထဲမှာ စင်ကာပူဝန်ကြီးချုပ်လီရှန်...
06/07/2022

✨ #ကျန်းမာရေးဗဟုသုတ ✨

အခုရက်ပိုင်းစင်ကာပူမှာ #ခြင်တွေလွှတ်ပေးနေတာတွေ့ရင် မအံ့ဩကြပါနဲ့။
ပုံထဲမှာ စင်ကာပူဝန်ကြီးချုပ်လီရှန်လုံးဟာ #ခြင်အကိုက်ခံကြည့်ဖို့ လက်ထိုးထည့်ထားတာကို တွေ့ရပါလိမ့်မယ်။ ဝန်ကြီးချုပ်လက်ကို ခြင်တွေမကိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ခြင်ထီးတွေ ဖြစ်နေလို့ပါ။ တကယ်တော့ ကျနော်တို့တွေကိုကိုက်ပြီး သွေးစုပ်တာက ခြင်မတွေဖြစ်ပြီး ခြင်ထီးတွေက သွေးမစုပ်ပဲ #ပန်းဝတ်ရည်ကိုပဲစုပ်ယူကာ အဲ့ဒီကရတဲ့ သကြားဓာတ်နဲ့ ရှင်သန်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ခြင်ထီးလေးတွေဟာ လူကိုကိုက်လည်းမကိုက်၊ သွေးလည်းမစုပ်သလို ရောဂါလည်း မဖြန့်ဝေပါဘူး။

ခြင်ထီးနဲ့ခြင်မ ဘယ်လိုခွဲမလဲဆိုတော့ ခြင်ထီးရဲ့ ခေါင်းပေါ်က အမွေးတောင်နှစ်ချောင်းဟာ ကြက်တောင်လို အမွေးထူပြီး အမမှာ မထူပါ။ ခြင်မမှာ သွေးစုပ်မယ့်အပ်လို ထိပ်ချွန်က ပိုသိသာစွာ ပါပါတယ်။ ခြင်ထီးဟာ ခြင်မထက် အကောင်ပိုသေးသလို ခြင်မဖြစ်မီ လောက်လန်းတွေကို ကြည့်ရင်လည်း အထီးသားလောင်းတွေက အကောင်ပိုသေးပါတယ်။

မြန်မာပြည်မှာ အခုရာသီဟာ သွေးလွန်တုပ်ကွေးရာသီ ဖြစ်ပါတယ်။ နှစ်စဉ် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးရတဲ့ ကလေးတွေ ရှိပါတယ်။ သွေးလွန်တုပ်ကွေးအကြောင်းသိချင်ရင် အောက်ကလင့်မှာသွားဖတ်ပါ။
https://www.facebook.com/100065063589956/posts/416055757239874/?d=n
သွေးလွန်တုပ်ကွေးဖြစ်စေတာဟာ အေးဒီးစ်ခြင် (Aedes aegypti) ကြောင့် ဖြစ်ပါတယ်။

စင်ကာပူမှာ အဲ့ဒီအေးဒီးစ် ခြင်ထီးတွေကို ဝိုဘက်ခီးရား (Wolbachia) ဘက်တီးရီးယား ထည့်ပေးလိုက်ပါတယ်။ အဲ့ဒီလို ဝိုဘက်ခီးရား (Wolbachia) ဘက်တီးရီးယား ကူးစက်ခံထားရတဲ့ ခြင်တွေကို Wolbachia-Aedes တွေလို့ ခေါ်ပါတယ်။ အဲ့ဒီလို ခြင်ထီးတွေကို ဝိုဘက်ခီးရား ဘက်တီးရီးယားထည့်ဖို့ ခြင်ဥထဲကို အပ်ချွန်သေးသေး မျှင်မျှင်လေးနဲ့ egg microinjection လုပ်ရပါတယ်။ အဲ့ဒီလို ဝိုဘက်ခီးရား (Wolbachia) ဘက်တီးရီးယား ကူးစက်ခံထားရတဲ့ ခြင်းထီးတွေဟာ ကျနော်တို့ လူနေအိမ်နားရှိ ခြင်မတွေနဲ့ မိတ်လိုက်တဲ့အခါမှာ ခြင်မတွေကို ဝိုဘက်ခီးရား ဘက်တီးရီးယား ကူးစက်သွားပါတယ်။ ခြင်မတွေဟာ မိတ်လိုက်ပြီး ဝိုဘက်ခီးရား ကူးစက်ခံရပြီးတဲ့ နောက်မှာ ဥဥပေမယ့် အဲ့ဒီဥတွေဟာ သန္ဓေမအောင်တော့တဲ့အတွက် #ခြင်သားလောင်းတွေအဖြစ်မပေါက်ပွားလာတော့ပါဘူး။ ဒါဟာ ခြင်ကနေ ကူးစက်တတ်တဲ့ ရောဂါတွေ နှိမ်နင်းဖို့အတွက် အဓိက ယူဆချက် သဘောတရား ဖြစ်ပါတယ်။

ဒီလိုခြင်အကောင်ရေပြန့်ပွားမှုကို ခြင်ဆေးမပါပဲ ထိန်းချုပ်ခြင်းကို ဇီဝနည်းဖြင့် ရောဂါပြန့်ပွားမှု ထိန်းချုပ်ခြင်း biocontrol နည်းလို့ခေါ်ပါတယ်။ အဲ့ဒီနည်းနဲ့ သွေးလွန်တုပ်ကွေးအပြင် ဇိုင်ကာ၊ ငှက်ဖျားစတဲ့ ရောဂါတွေကိုပါ ထိန်းချုပ်နိုင်မယ်လို့ ဆိုပါတယ်။

စင်ကာပူမှာတော့ urban လူထူထပ်စွာနေထိုင်ရာဒေသမို့ ခြင်ပေါက်ဖွားမှုကို ထိန်းချုပ်ရာမှာ သဘာဝဂေဟစနစ်ကို မထိခိုက်ပါ။ စင်ကာပူရှိ HDB တိုက်ခန်းတွေမှာ အစကခြင်ဆေးလိုက်ဖျန်းလေ့ရှိပါတယ်။ ဒီနည်းဟာ သဘာဝပတ်ဝန်းကျင်အတွက် မကောင်းသလို လုပ်သားလည်း ငှားရပါတယ်။ ဝိုဘက်ခီးယား ခြင်ထီးတွေလွှတ်ပြီး စမ်းသပ်ကြည့်တဲ့အခါမှာ အေးဒီးစ်ခြင်အရေအတွက် (၉၈) ရာခိုင်နှုန်းလောက် ပေါက်ပွားမှု ကျဆင်းသွားပြီး သွေးလွန်တုပ်ကွေးဖြစ်မှု (၈၈) ရာနှုန်းအထိ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

ဒါဆိုရင်ခြင်တွေ့ရင်ရိုက်လို့ရမလား

NEA က ခြင်တွေ့ရင် အထီးအမခွဲမနေပဲ ပုံမှန်လုပ်ဆောင်နေကျအတိုင်း လုပ်လို့ရတယ်လို့ဆိုပါတယ်။ အခုလို ခြင်ထီးတွေ လွှတ်ပေးဖို့ Ang Mo Kio အရပ်မှာ ဝိုဘက်ခီးရား ခြင်ထုတ်လုပ်ရေး အလုပ်ရုံ တည်ထားပါတယ်။ အဲ့ဒီအလုပ်ရုံကနေ #အပတ်စဉ်ဝိုဘက်ခီးရားခြင်ထီးအကောင်ရေ (၂) သန်းကနေ (၅) သန်းအထိ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ခြင်သားလောင်းတွေမှာ ခြင်ထီး/ခြင်မခွဲတဲ့ စက်တွေတပ်ဆင်ထားပေမယ့် ရာနှုန်းပြည့် မတိကျပါဘူး။

အဲ့ဒီတော့ "ခြင်မတွေ မြုံသွားအောင်နဲ့ ခြင်ထီးတွေ မျိုးပွားနိုင်စွမ်း မလျော့ကျအောင်" စီမံပြီး ခြင်တွေကို X-ray ရောင်ခြည်နည်းနည်းလေး သင့်စေပါတယ်။ အဲ့ဒါကြောင့် မတော်တဆလွှတ်တဲ့အထဲမှာ ခြင်မတွေပါသွားလည်း အေးဒီးစ်ခြင်တွေ ပေါက်ပွားလာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အခုလို Biocontrol နည်းနဲ့ ထိန်းချုပ်ခြင်းရဲ့ ရလဒ်ကိုသိဖို့ လေးလလောက် အချိန်ပေးရတယ်လို့ ဆိုပါတယ်။

အခုလို ဝိုဘက်ခီးရားဘက်တီးရီးယားသုံးပြီးခြင်နှိမ်နင်းမှုကို မလေးရှား၊ အမေရိကန်၊ တရုတ်ပြည်နဲ့ ကျနော်တို့ အိမ်နီးချင်း ထိုင်းနိုင်ငံတို့မှာပါ စမ်းသပ်နေကာ အောင်မြင်မှု ရနေတယ်လို့ ဆိုပါတယ်။

ကျနော်တို့ မြန်မာပြည်မှာ နှစ်စဉ်သွေးလွန်တုပ်ကွေးဒဏ်ကို ကလေးတွေတော်တော်ခံရပါတယ်။ ဟိုးလွန်ခဲ့တဲ့ နှစ် (၂၀) ကျော်က သွေးလွန်တုပ်ကွေးကြောင့် ကလေးတွေ သေဆုံးရတာကိုပါ မြင်ဖူးပါတယ်။ သွေးလွန်တုပ်ကွေး ရာသီဆိုရင် ဆေးရုံမှာ ကလေးတွေတပြုံကြီး တွေ့ရတာပါ။ နယ်တွေမှာ အဲ့ဒီလို သွေးလွန်တုပ်ကွေး အကြီးအကျယ်ဖြစ်လို့ ကျန်းမာရေးဌာနကို အကူအညီတောင်းပြီဆိုရင် အဲ့ဒီတုန်းက ရေနမူနာတောင်းတာ ကြုံဖူးပါတယ်။

ရွာကရေကိုယူပြီး မြို့ကိုပို့၊ မြို့မှာခြင်မွေးကြည့်ပြီး ဟုတ်တယ်သွေးလွန်တုပ်ကွေးခြင်ပဲဆိုတာ အတည်ပြု။ ပြီးမှ နှိမ်နင်းဆေးဖျန်းဖို့ လူလည်းလွှတ်ရော ရွာမှာက သွေးလွန်တုပ်ကွေး ပြီးသွားသလို ကလေးအချို့လည်း တိမ်းပါးပြီးသွားပါပြီ။

သွေးလွန်တုပ်ကွေးအတွက် ကျန်းမာရေးဌာန တစ်ခုတည်းကို အားကိုးနေလို့ မရပါ။ နိုင်ငံတကာမှာ သွေးလွန်တုပ်ကွေး နှိမ်နင်းဖို့ အိမ်တိုင်းက လုပ်သင့်တာတွေကို ညွှန်ကြားထားပါတယ်။ အဓိကက #ခြင်ကိုက်မခံရဖို့ပါ။ သွေးလွန်တုပ်ကွေးဟာ ကလေးတွေသာမက လူကြီးတွေကိုပါ ဒုက္ခပေးပါတယ်။

ခြင်မပေါက်ပွားအောင် ထိန်းချုပ်ဖို့ - #ရေကျန်တွေအားလုံးသွန်ပစ်ပါ။ #ရေဝပ်တာလုံးဝမခံပါနဲ့။ ရေဆေးကြောတဲ့ ရေချိုးတဲ့ နေရာတွေမှာ ရေမဝပ်အောင်စစ်ဆေးပါ။ ရေပုံးတွေ၊ ရေဇလုံတွေ၊ ရေခွက်တွေကို မသုံးရင် မှောက်ထားပါ။ ရေမြောင်းတွေကို ရေစီးရေဆင်းကောင်းအောင် ပြုလုပ်ပါ။ ချိုးရေအိုးတွေမှာ လောက်လန်းတွေ အမြဲပေါက်ပွားနေတာမို့ ရေအိုးတွေကို အဖုံးဖုံးထားဖို့လိုပါတယ်။

အခုလို ဇီဝနည်းနဲ့ထိန်းချုပ်တာတွေလည်း မြန်မာပြည်မှာ နေရာဒေသအလိုက် လေ့လာဆောင်ရွက်ဖို့ လိုပါကြောင်းနဲ့ အဲ့ဒီလိုလုပ်ဖို့ဆိုတာက #တိုင်းပြည်ချမ်းသာပြီးဖွံ့ဖြိုးတိုးတက်မှ လုပ်နိုင်မှာဖြစ်ပါတယ်။

05/07/2022

29/06/2022
You are the light of the world ✨
29/06/2022

You are the light of the world ✨

ဘုရားသခင်သည် မိသားစုအလိုက်၊ မျိုးဆက်အလိုက် ကောင်းကြီးပေးလိုသော ဘုရားဖြစ်သည် 😇🥰👨‍👩‍👧‍👧
29/06/2022

ဘုရားသခင်သည် မိသားစုအလိုက်၊ မျိုးဆက်အလိုက် ကောင်းကြီးပေးလိုသော ဘုရားဖြစ်သည် 😇

🥰👨‍👩‍👧‍👧

Address


Website

Alerts

Be the first to know and let us send you an email when Linn Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share