Linn pyae

Linn pyae Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Linn pyae, Gaming Video Creator, .

09/03/2022
12/01/2022

ဆေးခြောက်ဟာ ဘယ်လိုမူးယစ်ဆေးမျိုးလဲ ဆေးခြောက်ကို ဆိုးဆိုးရွားရွား စွဲလမ်းစေတဲ့ မူးယစ်ဆေးစာရင်းထဲကနေ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက (၂၀၂၀)ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့မှာ ပယ်ဖျက်လိုက်ပါပြီ။ ဆေးခြောက်ကို စွဲစွဲလမ်းလမ်း ဖွာရှိုက်လာသူတယောက်ဟာ ဆေးခြောက်မဖွာရရင် အလွန်ဆုံး လေးငါးညလောက် ကောင်းကောင်းအိပ်မပျော်ရုံပါပဲ။ WY၊ ICE၊ ကိုကင်းနဲ့ ဘိန်း စတဲ့မူးယစ်ဆေးဝါးတွေလို ဆိုးဆိုးရွားရွားရင်းကိုက်တာမျိုး မဖြစ်တာကြောင့်ပါ။ ပညာရှင်ဆန်တဲ့ တခြားအကြောင်းပြချက်တွေ အများအပြားရှိနေလို့ အခုလို ပယ်ဖျက်လိုက်ကြတာဆိုတာ အသေအချာပါပဲ။

ဆေးခြောက်ကို ဘယ်လိုသုံးကြလဲ မြန်မာနိုင်ငံမှာ ကြက်သားကာလသားဟင်းထဲထည့်ချက်စားတဲ့ဓလေ့က အပျော်အနေနဲ့ ဟိုးအရင်ကတည်းကရှိပြီးသားပါ။ ဆေးပေါ့လိပ်ထဲထည့်သောက်ကြတာများပြီး သိပ်မကြာခင်နှစ်တွေကစလို့ နိုင်ငံခြားကဝင်လာတဲ့ စီးကရက်လိပ်သောက်တဲ့ စက္ကူတွေနဲ့ လိပ်သောက်လာကြပြီ။ နိုင်ငံခြားကဝင်လာတဲ့ ဆေးခြောက်ရှူတဲ့ အိုးနဲ့တချို့သောက်ကြသလို ရေသန့်ဗူးလို ပလက်စတစ်ဗူးနဲ့လည်း အိမ်လုပ်အိုးလုပ်သောက်ကြသူတွေရှိတယ်။ နိုင်ငံခြားမှာ ကိတ်မုန့်၊ ကွတ်ကီး၊ သကြားလုံး၊ ရေခဲမုန့်စတဲ့ မုန့်တွေလုပ်တဲ့အထဲ ထည့်ကြသလို အဖျော်ယမကာတွေအဖြစ်လည်း ထုတ်လုပ်ကြတယ်။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဒေသတွေမှာ ဆေးခြောက်အနွယ်ဝင် စက်မှုလျှော်ပင် (Hemp)ကရတဲ့ချည်နဲ့ အဝတ်အထည်ချုပ်ဖို့ ဖျင်စတွေယက်လုပ်ကြတဲ့ ဓလေ့ရှိပြီး ပူတာအိုလေဆိပ်မှာ ဆေးခြောက်စက်မှုလျှော်ပင်နဲ့ ယက်လုပ်ထားတဲ့ အဝတ်အထည်တွေဝယ်လို့ရတယ်။ ပဝါတထည်ကိုတောင် သုံးသောင်းခွဲ အနည်းဆုံးပေးရတယ်။ စက်မှုလျှော်ပင် (Hemp)ကနေ ကား Dashboard အပါအဝင် လူသုံးကုန်ပစ္စည်းအမျိုးပေါင်း နှစ်သောင်းခွဲကျော်ထုတ်လုပ်နိုင်တယ်လို့ ကမ္ဘာကျော် Forbes စီးပွားရေးမဂ္ဂဇင်းကြီးကနေ ရေးသားခဲ့ဖူးတယ်။

ဆေးခြောက်အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ ဆေးခြောက်ပင်ရဲ့ အဖူးတွေ၊ အနှစ်ချည်းသက်သက် ချောကလက်လိုဖြစ်အောင်ထုတ်ထားတဲ့ Hash နဲ့ ပဲဆီလို အဆီထုတ်ထားတဲ့ ဆေးခြောက်ဆီတွေအဖြစ် ထုတ်လုပ်ကြတယ်။ နယ်သာလန်နိုင်ငံမြို့တော် အမ်စတာဒမ်မှာရှိတဲ့ ကော်ဖီဆိုင်တွေရဲ့ ဆေးခြောက် Menu မှာတော့ ကမ္ဘာအနှံ့က ဆေးခြောက်အမျိုးအစားပေါင်း (၃၀)ကျောက်လောက် တွေ့ခဲ့ရလို့ ဆိုင်ရှင်ကိုပဲ ဘယ်ဟာကောင်းလဲဆိုပြီး Recommend လုပ်ခိုင်းခဲ့ရတယ်။ မြန်မာပြည်ကထွက်တဲ့ ဆေးခြောက်အမျိုးအစားတခုဟာလည်း အနောက်နိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေရဲ့ Menu ထဲမှာပါပြီးသားလို့သိရတယ်။

ဆေးခြောက်က ဘယ်လိုကွဲလဲ ဆေးခြောက်ကွဲပြီး အစားအကြီးအကျယ်စားသူတွေ၊ အိပ်ပျော်သွားသူတွေ၊ တဟီးဟီးတဟားဟား ခွီနေသူတွေ၊ မျက်လုံးတွေအရည်လဲ့ပြီး ပြုံးနေသူတွေ၊ စကားတွေ ရေပက်မဝင်အောင်ပြောသူတွေ၊ ကဗျာတွေ စာတွေရေးသူတွေ၊ သီချင်းအဆိုကောင်းသွားသူတွေ၊ အနုပညာတခုခုဖန်တီးသူတွေ၊ လှုပ်စိလှုပ်စိ ခပ်ငြိမ့်ငြိမ့်လေးကသူတွေနဲ့ ချစ်နေကြသူတွေကိုသာ မြင်ဖူးပြီး မူးယစ်ရမ်းကား အော်ဟစ်သောင်းကြမ်း ပြဿနာရှာနေသူတယောက်တလေမှ မမြင်ဖူးပေ။

ဘာကြောင့် ဆေးခြောက်ကို တရားဝင်ဖြစ်သင့်လဲ အာဖဂန်နစ်စတန်ပြီးရင် ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်တဲ့ မြန်မာ့ဘိန်းစိုက်တောင်သူတွေရဲ့ဘဝကို လူလူသူသူဖြစ်စေဖို့၊ စိုက်ပျိုးသီးနှံသစ်တခုအဖြစ် တောင်သူတွေစီးပွားဖြစ်စိုက်ပျိုးနိုင်စေဖို့၊ အထက်တန်းကျောင်းတွေထဲအထိရောက်နေပြီဖြစ်တဲ့ အလုံးရေ သိန်းသန်းချီဖမ်းမိနေတဲ့ အပေါစားစိတ်ကြွရူးသွပ်ဆေးပြား WY နဲ့ ဈေးကြီးတဲ့ ICE တွေ နိုင်ငံတကာဆီပျံ့နှံ့နေတာကို လျော့ပါးသွားစေဖို့၊ လွယ်လွယ်ဝယ်နေကြတဲ့ အရက်တုနဲ့ အပေါစားအရက်တွေသောက်ပြီး အရက်သမားဘဝနဲ့ အရွယ်မတိုင်ခင်သေဆုံးနေကြတာတွေ လျော့ပါးသွားစေဖို့၊ စိတ်ဖိစီးမှုအပေါင်း သရဖူဆောင်းနေတဲ့ လူနေမှုစနစ်မှာ စိတ်အေးချမ်းသက်သာစရာ ထွက်ပေါက်တခုဖြစ်စေဖို့၊ ဆေးခြောက်တလိပ်လောက်နဲ့ ထောင်နန်းစံနေရတဲ့ လူငယ်တွေရဲ့ဘဝကို ကယ်တင်ဖို့၊ ဆေးလိပ်သောက်နှုန်းလျော့ကျစေဖို့၊ နိုင်ငံတော်အခွန် ရပေါက်ရလမ်းတွေ တိုးပွားစေဖို့၊ ထုတ်ကုန်အသစ်တွေ တိုးပွားလာစေဖို့၊ မူးယစ်ရမ်းကား သတ်ဖြတ်တာတွေ လျော့ပါးသွားစေဖို့၊ နိုင်ငံသားတွေ တဟီးဟီးတဟားဟားနဲ့ အေးရာအေးကြောင်း ပေါ့ပေါ့ပါးပါး တွေးတွေးခေါ်ခေါ် စကားတွေပြောပြီး ပျော်နေကြစေဖို့ စတာတွေကြောင့်ပါပဲ။ ကင်ဆာရောဂါပျောက်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေလည်း ရှိနေပြီလို့ ဖတ်ရတယ်။

ဆေးခြောက်ကို တရားဝင်ခွင့်ပြုတဲ့ နိုင်ငံရှိလား ကမ္ဘာပေါ်မှာ ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားတဲ့ နိုင်ငံပေါင်း (၄၄) နိုင်ငံရှိပြီး ပြစ်မှုမမြောက်တဲ့ နိုင်ငံပေါင်း (၅၀) ရှိပါတယ်။

ဆေးခြောက်က လူတိုင်းအတွက်လား ဆေးခြောက်သောက်ပြီး ဘာမှမခံစားရတဲ့ သူတွေလည်းရှိပါတယ်။ ဆေးခြောက်ရဲ့ အေးရာအေးကြောင်း မူးယစ်ပုံကို မကြိုက်ကြသူတွေလည်းရှိပါတယ်။ ဒါကြောင့် ABC နဲ့ G&Gလို စတိုးဆိုင်လေးတွေမှာ တင်ရောင်းရင်တောင် လူတိုင်းဝယ်ပြီး ဖွာရှိုက်နေကြမှာမဟုတ်ပါဘူး။ ဆေးခြောက်တရားဝင်ဖွာရှိုက်လို့ရတဲ့ အရည်အသွေးအကောင်းဆုံး ဆေးခြောက်အမျိုးအစားစုံစုံလင်လင် ဝယ်လို့ရနေတဲ့ နယ်သာလန်နိုင်ငံရဲ့ ကော်ဖီဆိုင်တွေမှာ ဆေးလိပ်သောက်တာကို တားမြစ်ထားပါတယ်။ ဆေးခြောက်တော့ ဖွာလို့ရပါတယ်။ နယ်သာလန်နိုင်ငံက ဒတ်ချ်လူမျိုးမိတ်ဆွေတွေပြောပုံအရတော့ တရားဝင်ဖွာရှိုက်လို့ရနေတော့ အလုပ်သွားခါနီး ဘယ်သူမှ ဖွာရှိုက်မနေကြဘူး။ လုပ်စရာရှိတာတွေလုပ်ပြီး အေးရာအေးကြောင်း အနားယူချိန်ကျမှပဲ ဖွာရှိုက်ကြတယ်

**d

09/12/2021

I love you baby 😚

Tag to f***y
06/12/2021

Tag to f***y

06/12/2021

Address


Website

Alerts

Be the first to know and let us send you an email when Linn pyae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share