MARA GEN-Z Campaign for Justice

  • Home
  • MARA GEN-Z Campaign for Justice

MARA GEN-Z Campaign for Justice A bunch of Mara Youths voicing for Democracy in Myanmar.

MARA GEN-Z Campaign for Justice page သည်

(၁) အာဏာသိမ်းစစ်ကောင်စီ နှင့် အားပေးအားမြှောက်ပြုသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအားလုံးကို ကန့်ကွက်ရှုတ်ချသွားမည်။

(၂) Civil Disobedience Movement (CDM) တွင် ပါဝင်သူများနှင့်အတူ ရပ်တည်မည်။

(၃) အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရာတွင် မည့်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိလ်များနှင့်မဆို အတူတကွ ပူးပေါင်းလက်တွဲဆောင်ရွက်မည်။

24/04/2022
19/04/2022

Global Mara Fundraising Event Hnei Awh.

April 19, 2022.

Myanmar rah pi buana vata marapa rah chhaota buana nata rairuna atlo haipa pachha nawpa ta Global Mara Fundraising Event cha eima kawtlo awpa April 24 noh liata online tawta arona kawpa ta taopa a cha awh.

He event liata khichhai laipa chata NUG liata Defense Mister he hruapa chata arona tah leithei mapi. Chadei chaleipata Dr. Ngai Tam Maung, Interim Chin National Consultative Council chhao Interim Chin National Consultative Council vyu pata mania a vaw hlao thei awpa chhao he eimalyna mania apakisa hmeisei!Marasaw ta eima palaikhei kawpa satlia David Lai nata John Beizachhi Phuto, Ei Lesano maker satlia NT Vabeido nata laisa K.Nongia zy ta hlasana ta eima programe he ama pa ronasa awh.

He event daiti liata eima hneina soh ta eima rah buana atlo haipa pachha thei nawpa ta eima y na rah chyupa apiepasaina chhao eima hneichyu hra awpa ta mara zawpi lata ahawna hneipa a cha.

Atanoh raphapa liata a y haipa marasawzydua pi he eima liari tlona eima pina mararah he pachha papua ba ei su vy. Marasawzy thyu ei sila hmiala kei chaka ba su vy. Nama nata keima tlai he eima rah mania ahnaw.

Kaoki marasawzydua ta he eima programe hlaotlo thei nawpa nata byhna eima to pha thei nawpa ta nama thlachhana liata kha mania thei thlaha ula, deichhyna phapa ta mania deichhy lyma hra bei mu vy.

Maraland Fundraising-Team Global.

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၏ (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့ (၁/၂၀၂၂)
20/02/2022

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၏ (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့ (၁/၂၀၂၂)

16/02/2022
ပထမအကြိမ် မရာပြည်သူ့ညီလာခံ၏ ထုတ်ပြန်ကြေညာချက်******၁။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပပျောက်ရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ...
09/02/2022

ပထမအကြိမ် မရာပြည်သူ့ညီလာခံ၏
ထုတ်ပြန်ကြေညာချက်
******
၁။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပပျောက်ရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီ ထူထောင်ရေးသာမက မရာမျိုးနွယ်စုဝင်များအားလုံး စည်းလုံညီညွတ်ရေးနှင့် ပူးပေါင်း ဆောင် ရွက်ရေးကို ဦးတည်သော ပထမအကြိမ် မရာ ပြည်သူ့ညီလာခံ (The First Mara People’s Congress) ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၉၊ ၃၀) ရက်နေ့များတွင် အိန္ဒိယ-မြန်မာနိုင်ငံ နယ်စပ် တစ်နေရာ၌ Mara Revolution Coordination Team ၏ ဦးဆောင်မှုဖြင့် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။ ထိုညီလာခံသို့ မြန်မာပြည်တွင်းရှိ မရာ ကျေးရွာပေါင်း (၄၄) မှ လူထု ကိုယ်စားလှယ် များ၊ နွေဦးတော်လှန်ရေးတွင်ပါဝင်ဆင်နွှဲကြသော မရာလဲန်း ခုခံတော်လှန်ရေး တပ်ဖွဲ့များမှ ခေါင်းဆောင်များ၊ အာဏာဖီဆန် လူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်ကြသော အစိုးရ ဝန်ထမ်းများ၊ အရှေေ့နှင့် အနောက် မရာနယ်မြေမှ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျောင်းသားနှင့် လူငယ်အဖွဲ့အစည်းများ၊ နိုင်ငံတကာရောက် မရာ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူ များနှင့် လေ့လာသူများအပါအဝင် စုစုပေါင်း (၂၇၅) ဦး တက်ရောက်နိုင်ခဲ့သည်။

၂။ ညီလာခံတွင် မရာပဋိညာဉ် (Mara Charter)ကို ဆွေးနွေးအတည်ပြုခြင်း၊ ကြားကာလ ဥပဒေပြု အဖွဲ့အဖြစ် မရာ နယ်မြေအုပ်ချုပ်ရေးကောင်စီ (Interim Mara Administrative Territorial Council - MATC) ကို ဖွဲ့စည်းခြင်း၊ ကြားကာလ မရာ အုပ်ချုပ်ရေးအဖွဲ့အဖြစ် အလုပ်အမှုဆောင် စီမံအုပ်ချုပ်ရေး ကော်မတီဝင်များကို ရွေးချယ်တင်မြှောက်ခြင်း၊ ကြားကာလ တရားစီရင်ရေး အဖွဲ့အဖြစ် ဗဟိုတရားသူကြီးဥက္ကဌနှင့် အဖွဲ့ဝင်များကိုရွေးချယ်ခြင်းများသာမက အထူးအကြံ ပေး အဖွဲ့ဝင်များကိုလည်း ရွေးချယ်တင်မြှောက်ခြင်း ပြုလုပ်နိုင်ခဲ့သည်။

၃။ ညီလာခံသည် ချင်းပြည်နယ်အတွင်းရှိ ထန်တလန်မြို့နယ်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ် အတွင်းတွင် ပိုင်းခြားအုပ်ချုပ်ခြင်းခံရသော မရာနယ်မြေများကို ကြားကာလ မရာ နယ်မြေအုပ်ချုပ်ရေး ကောင်စီ၏ အုပ်ချုပ်မှု တစ်ခုတည်းအောက်တွင် တစ်စုတစ်စည်းတည်း ထားရှိပြီး၊ ဒေသန္တရ အုပ်ချုပ်ရေး လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အလုပ်အမှုဆောင် စီမံအုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များအဖြစ် ဥက္ကဌ၊ စီနီယာဒုတိယ ဥက္ကဌ၊ ဒုတိယ ဥက္ကဌ (၁) နှင့် ဒုတိယ ဥက္ကဌ (၂)၊ အထွေထွေ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် အတွင်းရေမှူး(၁၀)ဦး၊ စုစုပေါင်း (၁၅) ဦးကို ရွေးချယ် တင်မြှောက်နိုင်ခဲ့သည်။ ထို့အပြင် အောက်ပါ ဌာများကိုလည်း ဖွဲ့စည်းနိုင်ခဲ့သည်။
(၁) ကာကွယ်ရေးဌာန [Defense Department]
(၂) အထွေထွေအုပ်ချုပ်ရေးဌာန [General Administration Department]
(၃) ဒေသန္တရအုပ်ချုပ်ရေးဌာန [Local Administration Department]
(၄) ပညာရေးဌာန [Education Department]
(၅) ပြန်ကြားရေးနှင့် ဖြန့်ချိထုတ်ဝေရေးဌာန [Information & Publicity Department]
(၆) စီမံကိန်းနှင့်ဘဏ္ဍာရေးဌာန [Planning & Finance Department]
(၇) ကျန်းမာရေးဌာန[Health Department]
(၈) ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန [Relief & Resettlement Department]
(၉) ပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးဌာန [Transport & Logistics Department]
(၁၀) ဥပဒေနှင့် တရားရေးဌာန [Law & Judicial Department]
(၁၁) မဟာဗျူဟာနှင့် မူဝါဒ သုတေသနပြုစုရေးဌာန [Strategy & Policy Research Department]

၄။ ညီလာခံသည် မရာနယ်မြေ ကာကွယ်ရေးနှင့် လုံခြုံရေး၊ လူထု အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရေးအတွက် Chinland Defense Force - Mara နှင့် Mara Army တပ်ဖွဲ့ နှစ်ခုတို့ကို မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (Maraland Defense Force – MDF) တစ်ခုအဖြစ် ပေါင်းစည်း ဖွဲ့စည်းသည်။ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့သည် စစ်အာဏာရှင်စနစ် အမြစ်ပြုတ် ချေမှုန်းရေးအတွက် တိုက်ပွဲဝင်ရာတွင် ချင်းတော်လှန်ရေး အင်အားစုများအပါအဝင် အခြားသော ညီနောင် တော်လှန်ရေး အင်အားစုများနှင့်လည်း အတူတကွလိုအပ်သလို ပူးပေါင်းသွားမည်။ ကြားကာလ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်မှုနယ်မြေအောက်တွင် မရာလဲန်း ကာကွယ်ရေး တပ်ဖွဲ့မှအပ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကိုမှ ဖွဲ့စည်းခွင့်ပြုမည် မဟုတ်ပါ။

၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ကြေညာလိုက်သည့် ကြေညာချက် အမှတ် (၁၉/၂၀၂၁) ပါ ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် (၂) တို့ကို ညီလာခံမှ အသိအမှတ်ပြုသည့်အပြင် စစ်အာဏာရှင်၏ ပြည်သူလူထုအပေါ် လူသား မဆန်စွာ ညှင်းပန်းနှိပ်စက်မှုများ အမြန်ဆုံးချုပ်ငြိမ်းနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ရှေ့ လုပ်ငန်းစဉ်များကိုလည်း ညီလာခံက ချမှတ်သည်။

၆။ ဤညီလာခံအောင်မြင်စွာကျင်းပနိုင်ခြင်းသည် အုပ်ချုပ်မှုစနစ် အသွင်သဏ္ဌာန်အမျိုးမျိုး အောက် တွင် နှစ်ပေါင်းများစွာ ပိုင်းခြားအုပ်ချုပ်ခံရသော မရာမျိုးနွယ်စုတို့၏ ရှည်လျားလှသော သမိုင်း ကြောင်းတွင် အဖိနှိပ်ခံ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်နိုင်ရေးနှင့် ကိုယ့်ကံကြမ္မာကို ဖန်တီး နိုင်ရေးအတွက် စည်းလုံးညီညွတ်မှုကို ပထမဦးစွာ မှတ်ကျောက်တင် ဖော်ဆောင်နိုင်ခြင်း ဖြစ် ကြောင်း ထုတ်ပြန်လိုက်ပါသည်။

ပထမအကြိမ် မရာပြည်သူ့ညီလာခံ
(The First Mara People’s Congress)
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်၊

ဆက်သွယ်ရန်၊
+919362379425

03/02/2022

ချင်းပြည်နယ်တွင် မရာလူမျိုးစု အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း
---------------
ပါခွီး

ချင်းပြည်နယ်အတွင်း နေထိုင်သည့် မရာလူမျိုးစု၏ ပထမဆုံး ညီလာခံအား အိန္ဒိယ-မြန်မာ နယ်စပ် တစ်နေရာတွင် Mara Revolution Coordination Team ဉီးဆောင်မှုဖြင့် ဇန်နဝါရီလ ၂၉ နှင့် ၃၀ ရက်များတွင် ကျင်းပနိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

ညီလာခံအတွင်း မရာ ပဋိညာဉ် (Mara Charter) အား ဆွေးနွေး အတည်ပြုပြီး ကြားကာလ ဥပဒေပြုအဖွဲ့ အဖြစ် မရာနယ်မြေ အုပ်ချုပ်ရေး ကောင်စီ ဖွဲ့စည်းကာ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တရားစီရင်ရေး ဗဟို တရားသူကြီးနှင့် အထူးအကြံပေး အဖွဲ့ဝင်များ ရွေးချယ် တင်မြှောက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အချိန်ယူပြီး ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြီးမှ အခုလိုရလဒ် ထွက်ပေါ်လာတာပါ၊ ရှေ့ဆက်ပြီး နယ်မြေ တည်ဆောက်ရေး ကာကွယ် လုံခြုံရေးအတွက် ကြိုးစား လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ ညီလာခံ ကိုယ်စားလှယ် တစ်ဉီးက ပြောသည်။

စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးအတွက် ချင်းတော်လှန်ရေး အင်အားစုများ အပါဝင် အခြား တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း ဆောင်ရွက်ရန် Chinland Defense Force-Mara နှင့် Mara Army တပ်ဖွဲ့နှစ်ခုအား မရာလဲန်းကာကွယ်ရေး တပ်ဖွဲ့ Maraland Defense Force-MDF အဖြစ် ပေါင်းစည်း နိုင်ခဲ့ကာ ကြားကာလ မရာနယ်မြေ အုပ်ချုပ်ရေး ကောင်စီ အုပ်ချုပ်မှုနယ်မြေ အတွင်း မရာလဲန်း ကာကွယ်ရေး တပ်ဖွဲ့မှ အပ အခြား လက်နက်ကိုင်အဖွဲ့ ဖွဲ့စည်းခွင့်ပြုမည် မဟုတ်ကြောင်း ဆိုသည်။

ချင်းပြည်နယ် အတွင်းရှိ ထန်တလန်၊ မတူပီနှင့် ပလက်ဝမြို့နယ်များ အတွင်းရှိ မရာနယ်မြေများအား အုပ်ချုပ်ရေး ကောင်စီ၏ အောက်တွင် တစ်စုတစ်စည်းထဲ ထားရှိပြီး ဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ရန် စီမံအုပ်ချုပ်ရေး ကော်မတီ အဖွဲ့ဝင်များအဖြစ် ဥက္ကဋ္ဌ လေးဉီး အပါအဝင် ၁၅ ဉီးအား ရွေးချယ်တင်မြှောက်၍ ကာကွယ်ရေး၊ အထွေထွေ အုပ်ချုပ်ရေး အပါဝင် ဌာနကြီး ၁၁ ခု ဖွဲ့စည်း နိုင်ခဲ့ကြောင်း သိရသည်။

မရာလူမျိုးစု အနေဖြင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ထုတ်ပြန်ကြေညာချက် အမှတ် (၁၉/၂၀၂၁) ပါ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် (၂) အား အသိအမှတ်ပြုသည့် အပြင် စစ်အာဏာရှင်၏ ပြည်သူလူထုအပေါ် လူသားမဆန်စွာ နှိပ်စက်ညှင်းပန်းမှုများ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ကြောင်း ဖော်ပြသည်။

ညီလာခံသို့ မြန်မာပြည်တွင်းရှိ မရာကျေးရွာ ၄၄ ရွာမှ လူထု ကိုယ်စားလှယ်များ၊ မရာလဲန်း ခုခံတော်လှန်ရေး တပ်ဖွဲ့များမှ ခေါင်းဆောင်များ၊ CDM ဝန်ထမ်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ ကျောင်းသားလူငယ် အဖွဲ့အစည်းများ၊ နိုင်ငံတကာရောက် မရာ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြား ထားသူများနှင့် လေ့လာသူများ အပါအဝင် ၂၇၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာ၊ ချင်းအမျိုးသား တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် စစ်ကောင်စီ အကြံပေး အင်ဒရူးငွန်ကျုံးလျန် တို့သည် လူသိများသော မရာ လူမျိုးစုဝင်များ ဖြစ်သည်။

ဓာတ်ပုံ - CDF Mara

ပထမအကြိမ် မရာပြည်သူ့ညီလာခံ၏ ထုတ်ပြန်ကြေညာချက်******၁။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပပျောက်ရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ...
02/02/2022

ပထမအကြိမ် မရာပြည်သူ့ညီလာခံ၏
ထုတ်ပြန်ကြေညာချက်
******
၁။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပပျောက်ရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီ ထူထောင်ရေးသာမက မရာမျိုးနွယ်စုဝင်များအားလုံး စည်းလုံညီညွတ်ရေးနှင့် ပူးပေါင်း ဆောင် ရွက်ရေးကို ဦးတည်သော ပထမအကြိမ် မရာ ပြည်သူ့ညီလာခံ (The First Mara People’s Congress) ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၉၊ ၃၀) ရက်နေ့များတွင် အိန္ဒိယ-မြန်မာနိုင်ငံ နယ်စပ် တစ်နေရာ၌ Mara Revolution Coordination Team ၏ ဦးဆောင်မှုဖြင့် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။ ထိုညီလာခံသို့ မြန်မာပြည်တွင်းရှိ မရာ ကျေးရွာပေါင်း (၄၄) မှ လူထု ကိုယ်စားလှယ် များ၊ နွေဦးတော်လှန်ရေးတွင်ပါဝင်ဆင်နွှဲကြသော မရာလဲန်း ခုခံတော်လှန်ရေး တပ်ဖွဲ့များမှ ခေါင်းဆောင်များ၊ အာဏာဖီဆန် လူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်ကြသော အစိုးရ ဝန်ထမ်းများ၊ အရှေေ့နှင့် အနောက် မရာနယ်မြေမှ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျောင်းသားနှင့် လူငယ်အဖွဲ့အစည်းများ၊ နိုင်ငံတကာရောက် မရာ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူ များနှင့် လေ့လာသူများအပါအဝင် စုစုပေါင်း (၂၇၅) ဦး တက်ရောက်နိုင်ခဲ့သည်။

၂။ ညီလာခံတွင် မရာပဋိညာဉ် (Mara Charter)ကို ဆွေးနွေးအတည်ပြုခြင်း၊ ကြားကာလ ဥပဒေပြု အဖွဲ့အဖြစ် မရာ နယ်မြေအုပ်ချုပ်ရေးကောင်စီ (Interim Mara Administrative Territorial Council - MATC) ကို ဖွဲ့စည်းခြင်း၊ ကြားကာလ မရာ အုပ်ချုပ်ရေးအဖွဲ့အဖြစ် အလုပ်အမှုဆောင် စီမံအုပ်ချုပ်ရေး ကော်မတီဝင်များကို ရွေးချယ်တင်မြှောက်ခြင်း၊ ကြားကာလ တရားစီရင်ရေး အဖွဲ့အဖြစ် ဗဟိုတရားသူကြီးဥက္ကဌနှင့် အဖွဲ့ဝင်များကိုရွေးချယ်ခြင်းများသာမက အထူးအကြံ ပေး အဖွဲ့ဝင်များကိုလည်း ရွေးချယ်တင်မြှောက်ခြင်း ပြုလုပ်နိုင်ခဲ့သည်။

၃။ ညီလာခံသည် ချင်းပြည်နယ်အတွင်းရှိ ထန်တလန်မြို့နယ်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ် အတွင်းတွင် ပိုင်းခြားအုပ်ချုပ်ခြင်းခံရသော မရာနယ်မြေများကို ကြားကာလ မရာ နယ်မြေအုပ်ချုပ်ရေး ကောင်စီ၏ အုပ်ချုပ်မှု တစ်ခုတည်းအောက်တွင် တစ်စုတစ်စည်းတည်း ထားရှိပြီး၊ ဒေသန္တရ အုပ်ချုပ်ရေး လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အလုပ်အမှုဆောင် စီမံအုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များအဖြစ် ဥက္ကဌ၊ စီနီယာဒုတိယ ဥက္ကဌ၊ ဒုတိယ ဥက္ကဌ (၁) နှင့် ဒုတိယ ဥက္ကဌ (၂)၊ အထွေထွေ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် အတွင်းရေမှူး(၁၀)ဦး၊ စုစုပေါင်း (၁၅) ဦးကို ရွေးချယ် တင်မြှောက်နိုင်ခဲ့သည်။ ထို့အပြင် အောက်ပါ ဌာများကိုလည်း ဖွဲ့စည်းနိုင်ခဲ့သည်။
(၁) ကာကွယ်ရေးဌာန [Defense Department]
(၂) အထွေထွေအုပ်ချုပ်ရေးဌာန [General Administration Department]
(၃) ဒေသန္တရအုပ်ချုပ်ရေးဌာန [Local Administration Department]
(၄) ပညာရေးဌာန [Education Department]
(၅) ပြန်ကြားရေးနှင့် ဖြန့်ချိထုတ်ဝေရေးဌာန [Information & Publicity Department]
(၆) စီမံကိန်းနှင့်ဘဏ္ဍာရေးဌာန [Planning & Finance Department]
(၇) ကျန်းမာရေးဌာန[Health Department]
(၈) ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန [Relief & Resettlement Department]
(၉) ပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးဌာန [Transport & Logistics Department]
(၁၀) ဥပဒေနှင့် တရားရေးဌာန [Law & Judicial Department]
(၁၁) မဟာဗျူဟာနှင့် မူဝါဒ သုတေသနပြုစုရေးဌာန [Strategy & Policy Research Department]

၄။ ညီလာခံသည် မရာနယ်မြေ ကာကွယ်ရေးနှင့် လုံခြုံရေး၊ လူထု အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရေးအတွက် Chinland Defense Force - Mara နှင့် Mara Army တပ်ဖွဲ့ နှစ်ခုတို့ကို မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (Maraland Defense Force – MDF) တစ်ခုအဖြစ် ပေါင်းစည်း ဖွဲ့စည်းသည်။ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့သည် စစ်အာဏာရှင်စနစ် အမြစ်ပြုတ် ချေမှုန်းရေးအတွက် တိုက်ပွဲဝင်ရာတွင် ချင်းတော်လှန်ရေး အင်အားစုများအပါအဝင် အခြားသော ညီနောင် တော်လှန်ရေး အင်အားစုများနှင့်လည်း အတူတကွလိုအပ်သလို ပူးပေါင်းသွားမည်။ ကြားကာလ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်မှုနယ်မြေအောက်တွင် မရာလဲန်း ကာကွယ်ရေး တပ်ဖွဲ့မှအပ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကိုမှ ဖွဲ့စည်းခွင့်ပြုမည် မဟုတ်ပါ။

၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ကြေညာလိုက်သည့် ကြေညာချက် အမှတ် (၁၉/၂၀၂၁) ပါ ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် (၂) တို့ကို ညီလာခံမှ အသိအမှတ်ပြုသည့်အပြင် စစ်အာဏာရှင်၏ ပြည်သူလူထုအပေါ် လူသား မဆန်စွာ ညှင်းပန်းနှိပ်စက်မှုများ အမြန်ဆုံးချုပ်ငြိမ်းနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ရှေ့ လုပ်ငန်းစဉ်များကိုလည်း ညီလာခံက ချမှတ်သည်။

၆။ ဤညီလာခံအောင်မြင်စွာကျင်းပနိုင်ခြင်းသည် အုပ်ချုပ်မှုစနစ် အသွင်သဏ္ဌာန်အမျိုးမျိုး အောက် တွင် နှစ်ပေါင်းများစွာ ပိုင်းခြားအုပ်ချုပ်ခံရသော မရာမျိုးနွယ်စုတို့၏ ရှည်လျားလှသော သမိုင်း ကြောင်းတွင် အဖိနှိပ်ခံ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်နိုင်ရေးနှင့် ကိုယ့်ကံကြမ္မာကို ဖန်တီး နိုင်ရေးအတွက် စည်းလုံးညီညွတ်မှုကို ပထမဦးစွာ မှတ်ကျောက်တင် ဖော်ဆောင်နိုင်ခြင်း ဖြစ် ကြောင်း ထုတ်ပြန်လိုက်ပါသည်။

ပထမအကြိမ် မရာပြည်သူ့ညီလာခံ
(The First Mara People’s Congress)
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်၊

ဆက်သွယ်ရန်၊
+919362860243

20/01/2022
20/01/2022

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ကျောင်းနေအရွယ်ကလေးတွေအတွက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးစီး ဖွင....

16/01/2022

နယ်စပ်သို့ ထွက်ပြေးမည့် လူငယ်များအား ဖြတ်သန်းခွင့် မပြုကြောင်း မရာ ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်
--------------
ပါခွီး

ချင်းပြည်နယ် အတွင်းမှ အိန္ဒိယ နယ်စပ်သို့ ထွက်ပြေးမည့် လူငယ်နှင့် လူလတ်ပိုင်းများအား မရာ ကာကွယ်ရေးတပ်ဖွဲ့ CDF Mara စိုးမိုးရာ နယ်မြေအတွင်း ဖြတ်သန်းခွင့် ပြုမည်မဟုတ်ကြောင်း ယနေ့ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။

“ကျွန်တော်တို့ တစ်ခြား မဟာမိတ် CDF တွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များရဲ့ မေတ္တာရပ်ခံမှုနဲ့ လိုအပ်ချက်အရ ထုတ်ပြန်ရတာပါ” ဟု CDF Mara တာဝန်ရှိသူက ပြောသည်။

CDF Mara နယ်မြေအတွင်း ကြိုတင် အကြောင်းကြားထားသည့် အရေးပေါ် ကိစ္စများမှအပ နံနက် ၇ နာရီမှ ညနေ ၇ နာရီ အတွင်းသာ ဖြတ်သန်း သွားလာခွင့် ပြုမည်ဖြစ်ကြောင်း ဆိုသည်။

ချင်းလူငယ်များ အနေဖြင့် ရပ်ရွာအား အတတ်သမျှ ကာကွယ်ရမည့် အချိန်ဖြစ်သည့်အတွက် စစ်ဘေးရှောင်များနှင့် ရောနှော၍ နယ်စပ်သို့ ထွက်ပြေးမည့် လူငယ်များနှင့် သက်လတ်ပိုင်းများအား CDF Mara နယ်မြေအတွင်း လုံးဝ ဖြတ်သန်းခွင့်ပြုမည် မဟုတ်ကြောင်းနှင့် ကြိုတင် အကြောင်းကြားခြင်း မရှိသည့် မည်သည့် ဖြတ်သန်းမှုကိုမဆို တားဆီးမည်ဖြစ်ကြောင်း ဖော်ပြသည်။

ထို့အပြင် CDF Mara ၏ စစ်ဆေးမှုအား ပူးပေါင်း ဆောင်ရွက်ခြင်း မရှိပါက လိုအပ်သလို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ်အတွင်း စစ်ကောင်စီ၏ ထိုးစစ်များကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ဘေးရှောင် များပြားလာရာ မရာလူမျိုးများနှင့် ကာကွယ်ရေးတပ်ဖွဲ့မှ အကူအညီ ပေးလျက်ရှိကြောင်း သိရသည်။

ဓါတ်ပုံ - CDF Mara

16/01/2022

ဇန်နဝါရီလ ၁၆ ရက်နေ့၊ မနက်ခင်း ၈ နာရီအထိ နောက်ဆုံးရသတင်းများ
==================
- တီးတိန်တွင် စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်၊ မြေပြင်တွင်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးဘက်မှ ၇ဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိ

- နယ်စပ်သို့ ထွက်ပြေးမည့် လူငယ်များအား ဖြတ်သန်းခွင့် မပြုကြောင်း မရာကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်

- အခြေခံစစ်သင်တန်းပေးနေသည့် ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်တွင် COVID-19 ရောဂါကူးစက်မှု အစုလိုက်အပြုံလိုက်တွေ့ရှိ

- ကျဆုံးသွားသည့် ဒီးမော့ဆို PDF ရဲဘော် ၂ ဦး၏ မိသားစုကို NUG မှ ငွေကျပ်သိန်း ၂ဝ ထောက်ပံ့

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : https://bit.ly/2VhJ12U

CDF-Mara statement
09/11/2021

CDF-Mara statement

08/11/2021

ဒီနေ့ဟာ ကျတော်တို့နိုင်ငံရဲ့ တတိယအကြိမ် ဒီမိုကရေစီရွေးကောက်ပွဲအတွက် ပြည်သူလူထုတစ်ရပ်လုံး အထွေထွေရွေးကောက်ပွဲကို မဲထည့်ခဲ့ကြတာ တစ်နှစ်ပြည့်တဲ့ နေ့ဖြစ်သလို ပြည်သူ့ဆန္ဒကို လက်နက်နဲ့ အဓ္ဓမအာဏာသိမ်းခံရတာ ၁၀လ ကျော်ခဲ့ပြီဘဲဖြစ်ပါတယ်

❝တော်လှန်သီတင်းကျွတ် မီးတောက်တွေနဲ့ အာဏာရှင်ကို လောင်ကျွမ်းစေမယ်❞▄▄▄▄▄▄▄▄▄▄▄▄▄▄▄အခုဆိုရင် ကျနော်တို့ နွေဦးတော်လှန်ရေးဟာ ...
15/10/2021

❝တော်လှန်သီတင်းကျွတ် မီးတောက်တွေနဲ့ အာဏာရှင်ကို လောင်ကျွမ်းစေမယ်❞
▄▄▄▄▄▄▄▄▄▄▄▄▄▄▄

အခုဆိုရင် ကျနော်တို့ နွေဦးတော်လှန်ရေးဟာ အချိန်ကာလအားဖြင့် (၈) လကျော်လို့ (၉) လတွင်းကို ချည်းနင်းဝင်ရောက်ခဲ့ပါပြီ။ ကျနော်တို့ ပြည်သူလူထုကို အကြမ်းဖက် စစ်ကောင်စီအနေနဲ့ တစ်နေ့တစ်ရက်မျှ အုပ်ချုပ်လို့မရဘူးဆိုတာ ဖြတ်သန်းခဲ့တဲ့ ဒီအချိန်ကာလက အကောင်းဆုံး သက်သေတည်ပြီးလည်း ဖြစ်ပါတယ်။

မျှော်ရည်ရာ ပန်းတိုင်ကို မရောက်မချင်း ကျနော်တို့တွေ အသံမတိတ်၊ အလံမလိပ်ဘဲ အကြမ်းဖက်အာဏာရူးတွေကို အစွမ်းကုန် ခုခံတွန်းလှန်နေကြမှာပဲ ဖြစ်ပါတယ်။

#တော်လှန်သီတင်းကျွတ်

မကြာခင်ကျရောက်တော့မယ့် ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာလည်း (ကျနော်တို့တွေ မဟာသင်္ကြန်အခါတော်မှာ ဆင်နွှဲခဲ့ကြသလိုပဲ) တော်လှန်စိတ် တော်လှန်သွေးအပြည့်နဲ့ တော်လှန်သီတင်းကျွတ်ပွဲတော်အဖြစ် ခံယူသွားကြဖို့၊ ဆင်နွှဲသွားကြဖို့ပဲ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသူရဲကောင်းများကို အောက်မေ့ခြင်း၊​ အကျဉ်းထောင်တွင်းမှ ရဲဘော်များကို ဂုဏ်ပြုခြင်း၊ တိုက်ပွဲဝင်ရဲဘော်ရဲဘက် အားလုံးအတွက် ဆုတောင်းမေတ္တာပို့သခြင်းနဲ့ တော်လှန်ရေးမီးတောက်မီးလျှံတွေ အရှိန်အဟုန်မပြတ် တောက်လောင်နေဆဲဆိုတာကို ပုံ‌ဖော်ပြသခြင်း စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်လှုပ်ရှားကြမယ့် တော်လှန်သီတင်းကျွတ် လူထုလှုပ်ရှားမှုကြီးပဲ ဖြစ်ပါတယ်။

ကျနော်တို့ရဲ့ တော်လှန်သီတင်းကျွတ် လူထုလှုပ်ရှားမှု လုပ်ငန်းစဉ်ကတော့ ဒီလိုဖြစ်ပါတယ်-

#အောက်တိုဘာ_၁၉

သီတင်းကျွတ်လဆန်း (၁၄) ရက်နေ့ (အောက်တိုဘာ ၁၉ ရက်) ရက်နေ့မှာ အွန်လိုင်းသပိတ်လှုပ်ရှားမှု လုပ်ကြဖို့ပါ။

မီးထွန်းညှိထားတဲ့ ဖယောင်းတိုင်ကို လက်တစ်ဖက်က ကိုင်၊ ကျန်လက်တစ်ဖက်က လက်သုံးချောင်းထောင်ထားတဲ့ “ဆီမီးသပိတ်” ဓာတ်ပုံရိုက် အွန်လိုင်းပေါ်တင်တဲ့ လှုပ်ရှားမှု (Online Campaign) ဖြစ်ပါတယ်။

#အောက်တိုဘာ_၂၀_၂၁

သီတင်းကျွတ်လပြည့်နေ့နဲ့ လပြည့်ကျော်တစ်ရက်နေ့ (အောက်တိုဘာ ၂၀၊ ၂၁ ရက်) တို့မှာတော့ တစ်တိုင်းတစ်ပြည်လုံးက မြို့တိုင်းနယ်တိုင်း၊ ရွာတိုင်းရပ်တိုင်း၊ အိမ်တိုင်းမှာ တော်လှန် သီတင်းကျွတ်ဆီမီးများ ထွန်းညှိပြီး (မိမိတို့ ယုံကြည်ရာ ဘာသာတရားအလိုက်) ဆုတောင်းမေတ္တာပို့သကြတဲ့ လူထုလှုပ်ရှားမှုကို ဆောင်ရွက်ကြပါမယ်။

ကျဆုံးအာဇာနည်များ၊ အကျဉ်းထောင်တွင်းမှ သူရဲကောင်းများ၊ တိုက်ပွဲဝင် ရဲဘော်များစတဲ့ တော်လှန်ရေးမှာ ပေးဆပ်ထည့်ဝင်ကြတဲ့ ရဲဘော်ရဲဘက်များ အားလုံးအတွက် အောက်မေ့၊ ဂုဏ်ပြု ရည်ရွယ်တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ တစ်နည်းပြောရရရင်တော့ ဒီဆီမီးသပိတ်သည် ဓမ္မဝါဒီတွေကို ဂုဏ်ပြုပူဇော်ခြင်းမည်သလို အဓမ္မဝါဒီတွေကို လောင်ကျွမ်းမီးတိုက်လိုက်ခြင်းပါပဲ။

နွေဦးတော်လှန်ရေးအတွင်း ကျရောက်လာတဲ့ သီတင်းကျွတ်အခါသယမမှာ “တော်လှန်‌သီတင်းကျွတ်ပွဲ” အဖြစ် သတ်မှတ်ခံယူကာ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း အမြင့်မားဆုံး ဖော်ထုတ်၊ နွှဲဆင်ကြပါစို့။

#‌တော်လှန်သီတင်းကျွတ်

#ဆီမီးသပိတ်

#ဓမ္မကို_ဂုဏ်ပြုပူဇော်

#အဓမ္မကို_လောင်ကျွမ်း

#စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည်

#‌အရေးတော်ပုံ_အောင်ရမည်

ပြည်သူလုထူများအနေဖြင့် အွန်လှိုင်းအသုံးပြုကာဆက်သွယ်ပြောဆိုရာတွင် သတင်းနှင့်နည်းပညာလုံခြုံမှုအတွက် TELEGRAM အသုံးပြုနည်း ...
14/10/2021

ပြည်သူလုထူများအနေဖြင့် အွန်လှိုင်းအသုံးပြုကာဆက်သွယ်ပြောဆိုရာတွင် သတင်းနှင့်နည်းပညာလုံခြုံမှုအတွက် TELEGRAM အသုံးပြုနည်း အဆင့်ဆင့်ကို “တယ်လီကျန်းမာ - Telehealth“ မှ တဆင့် ကူးယူဖော်ပြလိုက်ပါသည်။

ပြည်သူလူထုများ ဘေးကင်းလုံခြုံကြပါစေ!

08/10/2021

နိုင်ငံပေါင်း ၂၇ ခု စုဖွဲ့ထားသည့် ဥရောပသမဂ္ဂပါလီမန်က NUG အစိုးရနှင့် CRPH လွှတ်တော် ကို မြန်မာပြည်သူ၏ တရားဝင်ကိုယ်စားပြုအဖြစ် လက်ခံဟု ဆုံးဖြတ်ချက်ချ
-----------------------------------------------------------------------
မင်းအောင်လှိုင်နှင့်စစ်ကောင်စီကို အသိအမှတ်မပြုဘဲ အပြင်းအထန်ရှုတ်ချပြီး အရပ်သားအစိုးရကို အာဏာပြန်အပ်ရန် ဖိအားပေး

ရန်ကုန်၊ အောက်တိုဘာ ၈

နိုင်ငံပေါင်း ၂၇ ခု ပါဝင်သော ဥရောပသမဂ္ဂပါလီမန်က မြန်မာနိုင်ငံတွင် အ ကြမ်း ဖက် စစ်တပ် ဦးဆောင်သော စစ်အာဏာသိမ်းမှုကို ရှုတ်ချလိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် CRPHလွှတ်တော် ကို မြန်မာပြည်သူများ၏ ဒီမိုကရေစီ ဆန္ဒကို တရားဝင် ကိုယ်စားပြုများအဖြစ် ထောက်ခံ အားပေး လက်ခံသည်ဟု ဆုံးဖြတ်ချက် ချမှတ်လိုက်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၇ ရက်နေ့ ကျင်းပသော ဥရောပသမဂ္ဂပါလီမန်အစည်း အဝေး က မြန်မာ့အရေးနှင့်ပတ် သက်၍ စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး NUG နှင့် CRPH ကို တရားဝင် လက်ခံကြောင်း အဆိုပြုချက်ကို ထောက်ခံမဲ ၆၄၇ မဲ၊ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေ ၃၁ မဲ ထောက်ခံမဲအပြတ်အသတ်ဖြင့် ဆုံး ဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဥရောပ သမဂ္ဂက ပါလီမန်က မြန်မာ့အရေးနှင့်ပတ်သက်၍ အချက် ၅ ချက်ပါသော ဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကိုယ်စားလှယ်များက သ ဘောတူ ညီလိုက်ကြပြီး ယင်း ၅ ချက်တွင်

၁-ဖေဖော်ဝါရီလ ၁ ရက်နေ့ မင်းအောင်လှိုင် ဦးဆောင်သော စစ်အာဏာသိမ်းမှုကို အပြင်းအထန်ရှုတ်ချကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို လေးစားရန်နှင့် အရပ်သားအစိုးရကို အာဏာ ပြန်လွှဲပြောင်းပေးရန်၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်မှုများ အဆုံးသတ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာ ဖွဲ့စည်းပိုင်ခွင့်များကို လေးစားရန်၊ ရွေးကောက်တင် မြှောက်ခံ အမတ်များကို ၎င်းတို့၏ ပြည်သူလူထုတရားဝင်ကိုယ်စားပြုမှု လုပ်ငန်းများ စတင်ရေး ခွင့်ပြုရန်၊ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့်၊ ဖွဲ့စည်းပိုင်ခွင့်များအပေါ် တားဆီးမှုများ ဖယ်ရှားရန်၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုကို လေးစားရန်။

၂- ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး ပထမ ခြေလှမ်းအဖြစ် မြန်မာ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူများကို ချက်ချင်း လွှတ်ပေးရန်၊

၃- မြန်မာပြည်သူများ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေး တိုက်ပွဲများကို ထောက်ခံကြောင်း၊

၄- စစ်တပ်က ကျယ်ပြန့်စွာ ကျူးလွန်သော အကြမ်းဖက်မှုများကို ရှုတ်ချပြီး ဘုရားရှိခိုးကျောင်းများ၊ ဗလီများ၊ ကျောင်းများ၊ ဆေးကုသမှုဆိုင်ရာ အဆောက် အအုံများကို မကြာခဏ တိုက်ခိုက်မှုများနှင့် ဘာသာရေးခေါင်းဆောင်များကို ဖမ်းဆီးမှုများအတွက် အလွန်အမင်းစိုးရိမ်ကြောင်း၊

၅- CRPH နှင့် NUG တို့ကို မြန်မာပြည်သူများ၏ ဒီမိုကရေစီ စိတ်ဆန္ဒကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်ကိုယ်စားလှယ်များအဖြစ် ထောက်ခံပြီး တရားဥပဒေစိုးမိုးရေးကိုလေးစားလိုက်နာလျက် မြန်မာ့အ ကျပ်အတည်းကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရန် ရည်ရွယ် ဆောင်ရွက်သွားမည့် ကြိုးပမ်းအားထုတ်မှုများနှင့် စစ်မှန် ပြီးအားလုံးပါဝင်သောနိုင်ငံရေးဆွေးနွေးပွဲများတွင် CRPH နှင့် NUကိုပါ ထည့်သွင်းဆောင်ရွက်သွားရန် အာဆီယံနှင့်နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းကြောင်း ဟူသော အချက်များ ပါဝင်သည်။

ဥရောပသမဂ္ဂပါလီမန်၏ ဆုံးဖြတ်ချက်ကို ပါလီမန် ဥက္ကဋ္ဌက ကုလသမဂ္ဂ၊ အာဆီယံ၊ အမေရိကန် အပါအဝင် အနောက်နိုင်ငံကြီးများ၊ အာရှနိုင်ငံများ အပါ အဝင် ကမ္ဘာ့ခေါင်းဆောင်များသို့ ပေးပို့ အသိပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၇ ခုတွင် အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ တူရကီ ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဘူးဂေးရီယား၊ ဩစတြီးယား၊ လက်ဗီးယား၊ လစ်သူအေးနီးယား၊ လူဇင်ဘာ့၊ ဆိုက်ပရက် ၊ ခရိုအေးရှား၊ မော်လ်တာ့၊ ပိုလန်၊ ဒိန်းမတ်၊ ချက်စ်ချီးယား၊ အက်စ်တိုးနီးယား၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား၊ ဆလိုဗေးနီးယား၊ ဖင်လန်၊ ဂရိ၊ စပိန်၊ ဆွီဒင်၊ ဟန်ဂေရီ၊ အိုက်ယာလန်နိုင်ငံတို့ပါဝင်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စက်တင်ဘာလ (၁၅) ရက်နေ့အထိ ကျဆုံးသွားသော သူရဲကောင်းများစာရင်းThe List of Heroes Kille...
16/09/2021

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စက်တင်ဘာလ (၁၅) ရက်နေ့အထိ ကျဆုံးသွားသော သူရဲကောင်းများစာရင်း
The List of Heroes Killed by The Terrorist Military from 1st February to 15th September 2021

ကာကွယ်ရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရမှ စုစည်းထားသည့်စက်တင်ဘာ(၇.၉.၂၀၂၁-၁၃.၉.၂၀၂၁) ထိနိုင်ငံအတွင်းဖြစ်ပွါးခဲ့သော တ...
16/09/2021

ကာကွယ်ရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရမှ စုစည်းထားသည့်စက်တင်ဘာ(၇.၉.၂၀၂၁-၁၃.၉.၂၀၂၁) ထိနိုင်ငံအတွင်းဖြစ်ပွါးခဲ့သော တိုက်ပွဲများနှင့် ပဋိပက္ခဖြစ်စဉ်များ ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရမှ တရားသောခုခံတော်လှန်စစ် စတင်ပြီဖြစ်ကြောင်း တရားဝင်ကြေငြာသည့် ၇.၉.၂၀၂၁ မှ ၁၃.၉.၂၀၂၁ အတွင်း စစ်ကောင်စီတပ်သား(၁၉၂)ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၆၈) ဦးရှိခဲ့သည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို အထူးလိုလားသော တပ်မတော်သားနှင့်ရဲများခင်များ
လူတစ်စုကိုသာ ကြီးပွါးချမ်းသာစေပြီး လူအများစု၏ ဘဝနှင့်အနာဂတ်မရှိသောအခြေများဖြစ်ပေါ်စေသည့် အဖွဲ့အစည်းအောက်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်အမြန်ဆုံးခိုလှုံကြရန်
ကျွနိုပ်တို့ကာကွယ်ရေးဝန်ကြီးဌာနမှ တိုက်တွန်းလိုက်သည်။

အိန္ဒိယဗဟိုအစိုးရထံ မြန်မာစစ်ဘေးရှောင်များ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးရန် မီဇိုရမ်အထက်လွှတ်တော်အမတ် Pu. C. Lalro...
16/09/2021

အိန္ဒိယဗဟိုအစိုးရထံ မြန်မာစစ်ဘေးရှောင်များ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးရန် မီဇိုရမ်အထက်လွှတ်တော်အမတ် Pu. C. Lalrosanga တောင်းဆို

ခိုနှုမ်းသုန်သတင်း၊ ၁၆ စက်တင်ဘာ ၂၀၂၁။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်ရောက်ရှိနေသော အိန္ဒိယအထက်လွှတ်တော်အမတ် Lok sabha MP Pu C. Lalrosanga က မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်များ၏ လိုအပ်ချက်များကို အမြန်ဆုံး ကူညီပံ့ပိုးဆောင်ရွက်ပေးရန် အိန္ဒိယဗဟိုအစိုးရထံ တောင်းဆိုခဲ့သည်။

Pu C.Lalrosanga သည် အိန္ဒိယနိုင်ငံ နယူးဒေလီရှိ Union Home Secretary (Border Management) Sanjeeva Kumar နှင့် Additional Home Secretary (North East) Piyush Goyal တို့ကို တွေ့ဆုံးခဲ့ပြီး ယခုလို မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအရေးနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း Zonet သတင်းတွင် ဖော်ပြသည်။

Pu C.Lalrosanga က လက်ရှိ မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်များ တွေ့ကြုံနေရသည့် အခက်အခဲများကို တင်ပြခဲ့ပြီးနောက် စစ်ဘေးရှောင်များအတွက် လိုအပ်သည့် ကူညီထောက်ပံ့ မှုများဆောင်ရွက်ပေးရန်နှင့် ငွေကြေးအပြင် ဆေးဝါးများနှင့် အခြားလိုအပ်ချက်များ အကူအညီရရှိနိုင်သမျှ အမြန်ဆုံး ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

Website Link>>>https://khonumthung.org/အိန္ဒိယဗဟိုအစိုးရထံ-မြန/






15/09/2021

တိုင်းရင်းသားညီနောင် အင်အားစုတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်သားတွေနဲ့ ပြည်သူလူထုတို့ရဲ့ အရှိန်အဟုန်မြင့်လာသော တိုက်ပွဲသတင်းတွေကို စုစည်းတင်ဆက်ပေးထားတာကို နားဆင်ကြရမှာဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ခြွင်းချက်မရှိ အသိအမှတ်ပြု လက်ခံကြောင်း EU နှင့် ပြင်သစ်သံရုံး ထုတ်ပြန် Read More - - - ...
15/09/2021

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ခြွင်းချက်မရှိ အသိအမှတ်ပြု လက်ခံကြောင်း EU နှင့် ပြင်သစ်သံရုံး ထုတ်ပြန်

Read More - - - >>> https://news-eleven.com/article/215865

■ (Zawgyi)

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ခြွင်းချက်မရှိ အသိအမှတ်ပြု လက်ခံကြောင်း EU နှင့် ပြင်သစ်သံရုံး ထုတ်ပြန်

Read More - - - >>> https://news-eleven.com/article/215865

■ Telegram Channel တွင် ဖတ်ရှုရန် - - - > https://t.me/elevenmediagroup

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် ကို ခြွင်းချက်မရှိ အသိအမှတ်ပြု လက်ခံကြောင်း ဥရောပသမဂ္ဂ EU နှင့် မြန်မာနိုင်ငံဆ....

15/09/2021
မိုးကုတ်မြို့ အင်တာနက်လိုင်းများစတင်ဖြတ်တောက်⚠mobile internet တွေကို ဖြတ်တောက်‼Wifi မဖြတ်တောက်သေး⚠စည်းစည်းလုံးလုံးနေသင့်...
14/09/2021

မိုးကုတ်မြို့ အင်တာနက်လိုင်းများစတင်ဖြတ်တောက်⚠

mobile internet တွေကို ဖြတ်တောက်‼

Wifi မဖြတ်တောက်သေး⚠

စည်းစည်းလုံးလုံးနေသင့်ပါပြီ ‼

သတိထား ဂရုစိုက်ကြပါ ‼

ကြိုတက်ပြင်ဆင်မှုတွေလုပ်ထားကြပါ❕❗

14.9.2021

စစ်ကောင်စီကို လက်နက်ကိုင် တော်လှန် တိုက်ခိုက်နေသော မြို့နယ်အများအပြားတွင် အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများ စတင်ဖြတ်တောက်

ရန်ကုန်၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၆ မြို့နယ်၊ မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊ မြင်းခြံမြို့နယ် အပါ အဝင် မြို့နယ်များတွင် စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ စစ်ကောင်စီက အင်တာနက်လိုင်း ဖြတ်တောက်လိုက်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ကနီ၊ ယင်းမာပင်၊ ဘုတလင်၊ အရာတော်၊ ဝက်လက်နှင့် ပုလဲ စတဲ့မြို့နယ်များ၊ မန္တလေးတိုင်း မိုးကုတ်၊ မြင်းခြံမြို့နယ်တို့တွင် အင်တာနက်လိုင်း ဖြတ်တောက်လိုက်တာလည်း ဖြစ်ပါတယ်။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာလည်း အင်တာနက်လိုင်းတွေ ဖြတ်တောက်မှုရှိတယ်လို့ ဒေသခံတွေက သတင်းပေးပို့လာပါတယ်။

တချို့မြို့နယ်တွေမှာတော့ မိုဘိုင်းအင်တာနက်တင်မကဘဲ ဖုန်းလိုင်းပါ ပိတ်ချလိုက်တာလို့ သိရပါတယ်။

အဆိုပါဒေသတွေကို စစ်ကောင်စီအကြမ်းဖက်တပ်တွေက ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဖုန်းလိုင်း အင်တာနက်လိုင်ူတွေ ဖြတ်တောက်လိုက်တဲ့အတွက် ပြည်သူတွေကြားထဲမှာ စိုးရိမ်မှုတွေလည်း မြင့်တက်‌လာနေပါတယ်။

(မျက်မှောက်ခေတ်နှင့် ရန်ကုန်ခေတ်သစ်သည် မဟာမိတ်သတင်းဌာနများဖြစ်သည်)

RIP ရဲဘော်တို့
14/09/2021

RIP ရဲဘော်တို့

ကန်ပက်လက်
14/09/2021

ကန်ပက်လက်

ချင်းပြည်နယ် ကန်ပက်လက်မြို့တွင်းမှာ ယနေ့စက်တင်ဘာ ၁၄ ရက်နေ့လည် ၁၁ နာရီ ၀န်းကျင်မှစပြီး ယခုအချိန်အထိ ပစ်ခတ်သံများ လက်နက်ကြီးကျည်ပစ်သံများကြားနေရကြောင်းကန်ပက်လက်မြို့ခံပြည်သူများအနေဖြင့်အိမ်ပြင်မထွက်ကြရန် ဒေသခံများကသတင်းပေးပို့သည်။

13/09/2021

"ကျမတို့က တရုတ်အပါအဝင် နိုင်ငံတကာကိုပေးချင်တဲ့ သတင်းစကားက စစ်ကောင်စီအနေနဲ့ ကိုယ်ပြည်သူကိုတောင် ကိုယ်အကာအ.....

13/09/2021

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၄၈ ကြိမ်မြောက်ညီလာခံကို ဂျီနီဗာမြို့မှ ဒီနေ့ စတင်ကျင်းပနေပြီဖြစ်ပါတယ်။

အဖွင့်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး
(၁) အရင်ညီလာခံမှာ ဆုံးဖြတ်ထားတဲ့အတိုင်း အထွေထွညီလာခံက ဆုံးဖြတ်ချက်မချမချင်း မြန်မာနိုင်ငံကိုယ်စားလှယ်ကို ဒီညီလာခံမှာ ကိုယ်စားပြုတက်ရောက်ခွင့်မပြုသေးပါဘူး။

(၂) မြန်မာနိုင်ငံက တင်သွင်းရမဲ့ လူ့အခွင့်အရေးအစီရင်ခံစာ နောက်ဆုံးအဆင့် တင်သွင်းရမဲ့ အစီအစဥ် (UPR report) ၂၀၂၂ ခုနှစ် မတ်လမှ ကျင်းပမဲ့ညီလာခံကို ထပ်မံရွေ့ဆိုင်းလိုက်ပါတယ်။

(၃) အခု ၄၈ကြိမ်ညီလာခံမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲ (၃) ခုရှိပါမယ်။

ပထမတခုကတော့ စက်တင်ဘာ (၁၃) ရက်မှာ ကျင်းပခဲ့တဲ့ IIMM ရဲ့ အစီရင်ခံတင်ပြမှုဖြစ်ပါတယ်။

ဒုတိယကတော့ စက်တင်ဘာ (၂၂) ရက်နေ့မှာ ကျင်းပမဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစစ်ဆေးရေးအရာရှိ Mr. Tom Andrew ရဲ့ တင်ပြမှုပါ။

တတိယတခုကတော့ စက်တင်ဘာ (၂၃) ရက်မှာ ကျင်းပမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရဲ့ တင်ပြမှုဖြစ်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီက နေ့စဥ်ရက်ဆက် ကျူးလွန်နေတဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတွေအကြောင်းတွေကို အချိန်နဲ့တပြေးညီ ပေးပို့နေပါတယ်။ သီးသန့်အစီရင်ခံစာတစောင်ကိုလဲ မကြာမီ ဆက်လက်ပေးပို့သွားမှာဖြစ်ပါတယ်။

48th session of Human Rights Council opens today. There are three news relating to Myanmar.

(1) Myanmar will not be represented at the HRC session.
(2) The consideration and adoption of the outcome of Myanmars UPR has been postponed to the next HRC session HRC49 in March 2022.
(3) The three interactive dialogues (IDs) on Myanmar will proceed without the participation of Myanmar.
These three IDs are the:
ID on the report of Independent Investigative Mechanism for Myanmar (13 September)
ID with the Special Rapporteur on Myanmar (22 September)
ID on the High Commissioners written update on Myanmar (23 September)

U Aung Myo Min (NUG)

Address

Website

Alerts

Be the first to know and let us send you an email when MARA GEN-Z Campaign for Justice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share