ခွန်အားရှိသော စာစုများ

  • Home
  • ခွန်အားရှိသော စာစုများ

ခွန်အားရှိသော စာစုများ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ခွန်အားရှိသော စာစုများ, Gaming Video Creator, .

14/05/2023
14/05/2023
14/05/2023
14/05/2023
14/05/2023
28/12/2022

ဂျူး လူမျိုးတို့ရဲ့ စာသား

( 1 ) ရေညစ်တစ်စက်ကြောင့် ~
ရေကြည်တစ်ခွက် ညစ်ပတ်သွားတယ် ။ ရေကြည်တစ်စက်ကြောင့် ရေညစ်တစ်ခွက် -
ဘယ်တော့မှ ကြည်လင်လာမှာ မဟုတ်ပါဘူး !!

( 2 ) ဘယ်သူ့မှ ခိုးယူမသွားနိုင်တဲ့ အရာသုံးမျိုး ရှိတယ်။ ဗိုက်ထဲကို ၀င်ပြီးတဲ့ အစာ ၊
စိတ်အတွင်းထဲက အိပ်မက်နဲ့ ဦးနောက်ထဲအထိ ၊ ဖတ်မှတ်ထားတဲ့ စာကောင်းပေမွန်များ ဖြစ်ပါတယ် !!

( 3 ) မြင်းတွေဟာ ပျော့ပြောင်းတဲ့ လမ်းပေါ်မှာ ခွာလိပ်သွားတတ်တယ် !
လူတွေဟာလည်း ချိုမြသောစကားသံများကြားမှာ - နစ်မွန်းသွားတတ်တယ် !!

( 4 ) လူ့ ဘ၀ခရီးမှာ ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းဆိုတာ သဲသဲကွဲကွဲ မခွဲထားပါဘူး ။
ကံဆိုးခြင်းကနေ ရုန်းထွက်နိုင်ရင် ကံကောင်းခြင်းဖြစ်ပြီး၊ ကံကောင်းခြင်းအပေါ် ဇိမ်ခံနေရင် -
ကံဆိုးခြင်း ဖြစ်လာမှာပါ !!

( 5 ) တကယ်လို့ သင်စာမဖတ်ခဲ့ဘူး ဆိုရင် ~
မိုင်ပေါင်း တစ်သောင်း ခရီးထွက်ရင်လည်း စာပို့လုလင်အဆင့်သာဖြစ်တယ် !!

( 6 ) သင့်ရဲ့ အိမ်နီးနားချင်းက -
မနက် ( ၂ )နာရီအထိ စန္ဒာယားတီးနေရင်လည်း စိတ်မဆိုးပါနဲ့ !
သူ့ကို မနက် ( ၄ )နာရီမှာနှိုးပြီး နားထောင်လို့ အရမ်းကောင်းကြောင်း ပြောပြလိုက်ပါ !!
( ပညာသားပါပါ နဲ့ 😃😃 )

( 7 ) သင်ရဲ့ တစ်ဘဝလုံးမှာ —---
တောက်လျှောက်သာ စောင့်မျှော်နေမယ်ဆိုရင် ၊ ပြောင်းလဲမူ တစ်ခုသာ ဖြစ်ပေါ်လာလိမ့်မယ် ၊ အဲဒါကတော့ သင်အိုသွားခြင်းပါပဲ !!

( 8 ) သူငယ်ချင်းအစစ်ဆိုတာ —--
ပြောမကုန်တဲ့ စကားတွေ ရှိနေတာမဟုတ်ပါဘူး ။ ပြောစရာမရှိတဲ့ အချိန်လည်း ~
အောင့်သက်သက် မခံစားရခြင်းပါ !!

( 9 ) အချိန်ဟာ စိတ်အနာကို
ကုစားနိူင်တဲ့ သမားတော်ကြီးပါ !
ဒါပေမဲ့ —----
ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ —ဆရာကြီးတော့မဟုတ်ပါဘူး ။

( 10 ) ကြိုးစားပြီးမှ နောင်တရရင် ရပါစေ !!
မကြိုးစားပဲနဲ့ လွဲသွားတဲ့ နောင်တမျိုးတော့ မလိုချင်ဘူး !
Credit

ီ_ဘာ_ဘာ

13/12/2022

ဘာမှားသွားလဲ
----------------
အိန္ဒိယနိုင်ငံမှ လူငယ်လေးတစ်ယောက်၏ အဖြစ်အပျက်လေးတစ်ခုကို ဖတ်မိပါသည်။

လူငယ်လေးတစ်ယောက်သည် သိပ္ပံပညာတွင် ထူးချွန်သည်။ IIT (India Institute of Technology, Madras) နည်းပညာတက္ကသိုလ်တွင်တက်ရောက်ခွင့်ရသည်။ ထိုကျောင်းမှ ထူးချွန်စွာ အောင်မြင်ပြီးသော အခါတွင် အမေရိကန်ပြည်ထောင်စုရှိ ကာလီဖိုးနီးယားတက္ကသိုလ်တွင် MBA ဘွဲ့အတွက် သွားတက်သည်။ ထိုကျောင်း မှလည်း ထူးချွန်စွာ အောင်မြင်ပြီး အမေရိကရှိ နာမည်ကျော် ကုမ္ပဏီကြီးတစ်ခုတွင် အလုပ်ရသည်။ ထိုလူငယ်သည် အမေရိကတွင် အခြေချနေထိုင်ပြီး လှပသည့် တမီးလ်မိန်းမချောလေးနှင့် လက်ထပ်လိုက် သည်။ အခန်း ၅ ခန်းပါ အိမ်ကြီးတစ်လုံးကို ဝယ်နိုင်ခဲ့သည်။ ကားအကောင်းစားကြီးကိုလည်း စီးနိုင်ခဲ့သည်။ အလွန် အောင်မြင်သော အနေအထားတစ်ခုကို ရောက်နေချိန်တွင် သူသည် သူ့ကိုယ်သူ သတ်သေသွားသည်။

ဘာမှားသွားလဲ

ထိုအဖြစ်အပျက်မျိုးကို 3 Idiots ဆိုသည့် အိန္ဒိယရုပ်ရှင်ကားတွင် အဖြေထုတ်ပြထားသည်ကို တွေ့ရသည်။ အိန္ဒိယရှိ မိဘများသည် သူတို့သားသမီးတွေ အောင်မြင်ရန်အတွက် သိပ္ပံနှင့် အင်ဂျင်နီယာပညာများ ထူးချွန်ရန် ကျောင်း ကောင်းကောင်းကို ကြိုးစားပို့ကြသည်။ သို့သော် သူတို့ သားသမီးတွေ ဝါသနာက တခြားဖြစ်နေသည်။

ထိုဇာတ်ကားတွင် ကျောင်းအုပ်ကြီးကိုယ်တိုင်၏ သားဖြစ်သူက ဖြစ်ချင်တာ စာရေးဆရာ၊ ဖခင်၏ အင်ဂျင်နီယာ ဖြစ်ရန် တွန်းအားပေးမှုကို မခံနိုင်သည့် အဆုံးတွင် သူ့ကိုယ်သူ သတ်သေသွားသည်။

ဘာမှားသွားလဲ

ကာလီဖိုးနီးယားတက္ကသိုလ် စိတ်ပညာဌာနမှ အမေရိကကို ရောက်လာပြီးမှ အောင်မြင်နေပါလျက် သတ်သေသွားသည့် လူငယ်အကြောင်းကို ဆန်းစစ်လေ့လာကြသည်။

ဘာမှားသွားလဲ

သုတေသီတွေက သတ်သေသွားသူ၏ မိသားစု၊ သူငယ်ချင်း မိတ်ဆွေများကို သွားရောက်တွေ့ဆုံပြီး မေးမြန်း စုံစမ်းကြသည်။

ထိုအချိန်က အမေရိကတွင် စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရသည့် ကာလတစ်ခုဖြစ်ခဲ့သည်။ ထိုကာလတွင် ထိုအိန္ဒိယသား လူငယ်လေးမှာ အလုပ်ပြုတ်သွားသည်။ ဝင်ငွေမရှိဘဲ အချိန်ကာလတစ်ခုအထိ ငုတ်တုတ်ထိုင်နေရသည်။ သူဝယ်ထားသည့် အိမ်ကအကြွေးဖြစ်ပြီး ထိုအိမ်ဖိုးကို သွင်းရန် ငွေလိုနေသည်။ ငွေမသွင်းနိုင်သောကြောင့် အိမ်က ဖယ်ပေးရတော့မည့် အနေအထားကို ကြုံနေရသည်။ နောက်ဆုံးတွင် ဖိစီးမှုတွေကို မခံနိုင်သည့်အဆုံး သူ့ကိုယ်သူ သတ်သေရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဘာမှားသွားလဲ

ထိုလူငယ်လေးသည် အောင်မြင်မှုတွေ တစ်ဆင့်ပြီးတစ်ဆင့်ရကာ အိန္ဒိယမှ အမေရိကကို ရောက်လာပြီး နောက်ထပ် အောင်မြင်မှုတွေ ဆင့်ကဲရလာသော်လည်း သူ့ကို ငယ်စဉ်ကတည်းက မိဘတွေကရော ဆရာ တွေကပါ သင်ပေးရန် မေ့သွားသည့်အချက်မှာ

“အကယ်၍ ဆုံးရှုံးမှုကို ရင်ဆိုင်ရခဲ့လျှင် မည်သို့ရင်ဆိုင်မည်နည်း”

အောင်မြင်မှုတွေ ဆင့်ကဲရနေသဖြင့် ဆုံးရှုံးမှုဒဏ်ကို သူမသိ။ ဆုံးရှုံးမှုအတွက် ကြိုတင်ပြီးတော့လည်း ပြင်ဆင်ထားခြင်းမရှိ။ တကယ်တမ်း ဆုံးရှုံးမှုနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လိုက်ရချိန်တွင် ကျော်ဖြတ်ကာ အနိုင်ယူရန် ကြိုးစားမည်ဆိုသည့် စိတ်ဓာတ်ထက်၊ အရှုံးပေးလိုက်တော့မည်ဆိုသည့် ပျော့ညံ့ညံ့စိတ်ကူးက သူ့ကို အနိုင်ယူသွားသည်။

3 Idiots ဇာတ်ကားထဲတွင်လည်း ကျောင်းအုပ်ကြီး၏ ဖိအားကို မခံနိုင်တော့သဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားသော ကျောင်းသားနှစ်ယောက်၏ အဖြစ်ကို ထင်ဟပ်ပြသည်။ ကျောင်းအုပ်ကြီး ကိုယ်တိုင်က လူသတ်သမား ဖြစ်နေမှန်း သူ့ကိုယ်သူ မသိသည့် အနေအထားကိုလည်း ပုံဖော်ထားသည်။

ဆုံးရှုံးမှုများ ကြုံတွေ့ရပြီဆိုလျှင် ထိုအရှုံးသည် ငါ့အတွက် ကျော်ဖြတ်ရန် တံတိုင်းတစ်ခုဟု မှတ်ယူကာ ကြိုးစားပြီး တက်နိုင်၊ ကျော်ဖြတ်နိုင်အောင် ကြိုးစားသူသည်သာ ပန်းတိုင်ကိုရောက်တတ်ပါသည်။ အရှုံးသည် ရပ်တန့်လိုက်ရန်မဟုတ်။ ကိုယ့်ကို စိန်ခေါ်မှုတစ်ခုသာဖြစ်သည်ဆိုသော လေ့ကျင့်ပျိုးထောင်မှုမျိုး လိုအပ်သည်။

မိဘတွေက မိမိတို့သားသမီးများကို ချစ်သောစိတ်ဖြင့် အရာရာတွင် အသင့်ဖြစ်နေအောင် ကြိုးစား ဖန်တီးပေး နေမှုများကို ပြန်ပြီး သုံးသပ်သင့်ပါသည်။ ၁၀ တန်းကျောင်းသားဖြစ်နေပြီ ကျောင်းကို လိုက်ပြီး ထမင်းကို ခွံ့ပေးနေခြင်းမှာ မိဘများ ချစ်ခြင်းလော။ ကျွန်တော်တို့ အာရှကမိဘအများစုမှာ အရွယ်လွန်သည်အထိ သားသမီးတွေကို ရင်အုပ်မကွာ ထိန်းသိမ်းစောင့်ရှောက်လိုစိတ်တွေက အကျင့်ပါနေသည်။

ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်အလုပ်ကိုတန်ဖိုးထား၊ ကိုယ့်ငွေကိုကြိုးစားရှာရမည်ဆိုသည့် စိတ်ဓာတ်တွေ ငယ်စဉ်ကတည်းက ပျောက်နေသည့် လူ့ဘောင်အသိုင်းအဝိုင်းတွင် အခက်အခဲကို ရင်မဆိုင် ရဲသည့်၊ ရင်မဆိုင်နိုင်သည့် လူပျော့ လူညံ့တွေကို မွေးထုတ်ပေးနေသလို ဖြစ်နေပေလိမ့်မည်။

သားသမီးကို ဆရာဝန်ကြီး ဖြစ်ရမည်၊ အင်ဂျင်နီယာကြီးဖြစ်ရမည်ဟု ကိုယ့်တစ်သက် ကိုယ်ပင်ဖြစ်အောင် မလုပ်နိုင်ခဲ့သော စိတ်ကူးတွေကို အဓမ္မ အကောင်အထည်ဖော်ခိုင်းကာ တွန်းအားပေးနေခြင်းထက်

“သားဘာဖြစ်ချင်သလဲ”

“သမီးဘာလုပ်ချင်သလဲ”

သူတို့ထံက အသံလေးတွေကို နားထောင်သင့်သည်ဟု ထင်ပါသည်။

မိဘတွေက ကိုယ်ဖြစ်ချင်သည့်အတိုင်း မဖြစ်ဖြစ်အောင် နောက်ကလိုက်ပြီး အသင့်အနေအထား ဖန်တီး ပေးနေခြင်းထက် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်လုပ်အားတန်ဖိုးဖြင့် ကြိုးစားရလာသည့် ရလဒ်တစ်ခုကို တန်ဖိုး ထားတတ်သူများဖြစ်အောင် ပြုစုပျိုးထောင်မှသာလျှင် လောကဓံကို ကြံ့ကြံ့ခံကာ ရင်ဆိုင်လာနိုင်သူများ ဖြစ်လာပါလိမ့်မည်။

ကျွန်တော်တို့ တိုင်းပြည်တွင်လည်း အကျပ်အတည်းကြီးတစ်ခုကို ရင်ဆိုင်လိုက်ရချိန်တွင် တံတားပေါ်က ခုန်ချသည့် သတင်းတွေကိုလည်း မကြာခဏ ကြားနေရပါသည်။

ဘာမှားသွားလဲ

ကိုဗစ်ဆိုသည့် မမျှော်လင့်သော ရောဂါဝေဒနာဆိုးကြီးကို ကျွန်တော်တို့ လူသားအားလုံး ရင်မဆိုင်ချင်ပါဘဲ ရင်ဆိုင်လိုက်ရသည်။

စိတ်တူကိုယ်တူ အေးအတူ ပူအမျှ ကျော်ဖြတ်ကြရအောင်ဆိုသည့် ခေါင်းဆောင်အောက်တွင် ကူသူတွေ၊ လှူသူတွေနှင့် ပျော်ရွှင်စွာ ကြံ့ကြံ့ခံကာ ကျွန်တော်တို့ ရင်ဆိုင်ကျော်လွှားနိုင်အောင် ကြိုးစားခဲ့ကြသည်။

ပထမအခက်အခဲ အမြစ်မပြတ်ချိန်တွင် နောက်ထပ် အခက်အခဲ အကျပ်အတည်းတစ်ခုကို ပြည်သူတွေ ထပ်မံ ရင်ဆိုင်လိုက်ကြရပြန်သည်။

နောင်လည်း အခက်အခဲတွေ မည်မျှကို ကျွန်တော်တို့ ရင်ဆိုင်ကျော်ဖြတ်ရည်မှန်းမသိသေး။

မည်သို့ဆိုစေ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့်မိသားစုကိုရော၊ ကိုယ့်ပတ်ဝန်းကျင်ကိုရော ရင်ဆိုင် နေရသည့် ဒုက္ခ အခက်အခဲ အကျပ်အတည်း ပြဿနာများကို ရင်ဆိုင်နိုင်ရန်အတွက် အားပေးရမည်၊ ရှင်းပြရမည်၊ စာနာရမည်၊ ကူညီရမည်၊ ဖေးမနိုင်ရမည်။ ကိုယ့်အချင်းချင်း လက်တွဲကာ ရင်ဆိုင်ရုံမှတစ်ပါး အခြားမရှိ။

ပြဿနာဟူသည် အချိန်မရွေး ရောက်လာနိုင်သည်

အခက်အခဲဟူသည် မမျှော်လင့်ဘဲ ရောက်လာနိုင်သည်

ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားရမည်

သားသမီးတွေကို ကြိုတင်သင်ထားရမည်။

ပညာဖြင့် ဘဝကို မြှင့်တင်နိုင်အောင် ကြိုးစားအားပေးသလို

အတွေ့အကြုံ ဘဝဖြင့်လည်း သူတို့ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်နိုင်အောင် ကျွန်တော်တို့ လုပ်ပေးရမည်။

ကျောင်းဆိုသည်မှာ စာချည်းသက်သက် သင်သည့်နေရာတစ်နေရာ၊ မိဘဆိုသည်မှာ သားသမီးကို ကောင်းစားစေချင်သောကြောင့် ငါတို့ဖြစ်စေချင်သည့်အတိုင်း ဖြစ်ကို ဖြစ်ရမည်ဟု မှတ်ယူနေလျှင် ကျွန်တော်တို့ ရင်ဆိုင်ရမည်မှာ

“ဘာမှားသွားလဲ”

(Ref: What Went Wrong?)

တင်ညွန့်

၁၂.၁၂.၂၀၂၂

🙂 ဒီပုံလေးကို သင် ခဏကြည့်လိုက်ပါ ..။ အရှေ့ဆုံးက လှည်းကိုဆွဲနေသူဟာ သင် ဖြစ်နေခဲ့မယ်ဆိုရင် .. မတော်တဆ သင် ချော်လဲသွားမယ်ဆိ...
06/11/2022

🙂 ဒီပုံလေးကို သင် ခဏကြည့်လိုက်ပါ ..။
အရှေ့ဆုံးက လှည်းကိုဆွဲနေသူဟာ သင် ဖြစ်နေခဲ့မယ်ဆိုရင် .. မတော်တဆ သင် ချော်လဲသွားမယ်ဆိုပါတော့ ..😳
လှည်းတွန်းပေးနေတဲ့ သင့်မိန်းမအပါအ၀င် .. သင့်မိသားစုတွေ အကုန် , အခက်အခဲဖြစ်ပီပဲ 🥺

✅ မင်းဟာ တစ်ခြားလူတွေရဲ့မျက်စိထဲမှာ ..မြက်တစ်ပင် ဖြစ်နေပါစေ ..၊ မင်းမိသားစုရဲ့ရင်ထဲမှာတော့ .. မင်းဟာ ကောင်းကင်ကြီးလိုပါဘဲ။ ဒါကြောင့် ...ကိုယ်တည်ထောင်ထားတဲ့ မိသားစုအပေါ်မှာ ..

👉ယောင်္ကျား တစ်ယောက်အနေနဲ့ အသက်ရှင်တာ တာဝန်ယူစိတ်ရှိရမယ်။

👉မိန်းမ တစ်ယောက်အနေနဲ့ အသက်ရှင်တာ တာဝန်ကျေပွန်မှုရှိရမယ်။

👎ယောင်္ကျား အရမ်းပင်ပန်းနေရတယ် ဆိုရင် .. နောက်မှာ အသုံးမကျတဲ့ မိန်းမရှိလို့ပါ။

👎မိန်းမ အရမ်းပင်ပန်းနေရတယ် ဆိုရင် ..နောက်မှာ တာဝန်ယူစိတ်မရှိတဲ့ ယောင်္ကျားရှိလို့ပါ။

👎အဖေအမေ အရမ်းပင်ပန်းနေရတယ် ဆိုရင် .. နောက်မှာ မိဘကျေးဇူးမသိတတ်တဲ့ သားသမီးရှိလို့ပါ။

👎စာသင်နေရမယ့်ကလေးက အရမ်းပင်ပန်းနေရတယ် ဆိုရင် ..နောက်မှာ အိမ်နဲ့မတူတဲ့ မိသားစုရှိလို့ပါ။

👉 သင့်မိသားစုဟာ .. သင့်ကို နာမည်ခေါ်ဖို့တခုတည်းမဟုတ်ပါဘူး။ သူတို့အားလုံးက သင့်ရဲ့ရှိနေမှုကို .. လိုလားကြတယ်။

👉 လောကမှာ ကိုယ်အသက်ရှင်ရတာကပဲ .. အရမ်းပင်ပန်း/ရုန်းကန်နေရတယ်လို့ မထင်ပါနဲ့၊

လက်တွေ့ဘဝ ဒီလိုကာလကြီးထဲမှာ.. ဘယ်သူမှအသက်ရှင်ရတာ မလွယ်ကူပါဘူး..။
တခြား မိသားစု၀င်တွေရဲ့အခက်ခဲတွေ ဒုက္ခတွေကို .. သင်မမြင်ရတာပဲ ရှိတာပါ။ သူ့ဘာသာသူ ရှိကြပါတယ်။

✅ လူသားအားလုံးဟာ အတိုင်းအတာတစ်ခုအထိ ပင်ပန်းကြိုးစားပြီးမှ .. အောင်မြင်မှုကိုရလာကြတာပါ ✅

💟 ဒါကြောင့် ... မိသားစုရှိတဲ့သူတိုင်း ၊ မိမိတို့ရဲ့အသက်အရွယ်ပေါ်မှုတည်ပြီး .. မိမိ ပုခုံးပေါ်က တာဝန်တွေကို .. ကိုယ်တိုင် ကျေပွန်စွာ ကျေကျေနပ်နပ်နဲ့ ထမ်းဆောင်နိုင်ကြပါစေ💟

.
☝☝☝ မူရင်းရေးသားသူအား

တစ်လမှ လစာငွေ နှစ်သိန်းသာရသောအဖေက ဒီဟောပြောပွဲကို သွားနားထောင်ရင်ကျနော့်ကို မုန့်ဖိုး တစ်သိန်းပေးမယ်လို့ စည်းရုံးထားတယ်လ...
06/08/2022

တစ်လမှ လစာငွေ နှစ်သိန်းသာရသောအဖေက
ဒီဟောပြောပွဲကို သွားနားထောင်ရင်
ကျနော့်ကို မုန့်ဖိုး တစ်သိန်းပေးမယ်လို့
စည်းရုံးထားတယ်လေ။

လက်မှတ်ကြေးက တစ်စောင်ကို တစ်သောင်းနှုံး၊လက်မှတ်ငါးစောင်ဖြတ်ပေးလိုက်တယ်။
ကျနော့်ရဲ့ ဆိုးဖော်ဆိုးဖက်
သူငယ်ချင်းတွေအတွက်ရောပေါ့။

ဒီနေ့ ဒီဟောပြောပွဲကို
တက်ရောက်ကြားနာခဲ့ခြင်းဟာ
ဘဝမှာ အမှန်ဆုံးအလုပ်တစ်ခုဖြစ်မယ်ဆိုတာ
ကျနော်မသိသေးဘူး။

ခန်းမထဲမှာ လူတွေအပြည့်ပဲ။

တချို့က မိသားစုလိုက်။
တချို့က စုံတွဲခုတ်လာကြတယ်။
တချို့က ကျနော်တို့လို ဘော်ဒါအဖွဲ့။

စင်ပေါ်ကို လူတစ်ယောက် တက်လာတယ်။

မျက်နှာက ပြုံးပြုံးရွှင်ရွှင်နဲ့…
ထူးထူးခြားခြားတောက်ပနေတာက
သူ့ရဲ့ ယုံကြည်မှုရှိတဲ့ ဟန်ပန်ပဲ။

နိုင်ငံသိ ကျော်ကြားအောင်မြင်သူဆိုတော့လည်း
ဒီလို confidence ရှိနေတာ မဆန်းပါဘူး။
ဒါပေမယ့် သူက ဟိတ်ကြီးဟန်ကြီးမဟုတ်ဘူး။တကယ်ကို ပေါ့ပေါ့ပါးပါးနဲ့။
ဂျင်းဘောင်းဘီဝတ်ထားတယ်။
တီရှပ်တစ်ထည်ဝတ်ထားတယ်။

မြန်မာ့အဆင့် ၁သူဌေးကြီးလို့
ဘယ်သူထင်မှာလဲ။
"မင်္ဂလာပါ။ကျနော် ကျော်စွာပါ။”
မိတ်ဆက်ပုံက ဒီလောက်ပဲ။

နိုင်ငံတော်က ချီးမြှင့်ထားတဲ့
သူဌေးဘွဲ့ကို သူမရွတ်ပြဘူး။

"ကျနော်က ဟောပြောချင်တာမဟုတ်ဘူးဗျ။
ပြောပြချင်တာ။ဒီနှစ်ခုမတူဘူးနော်။
အပေါ်စီးကနေသင်ကြားပေးချင်တာမဟုတ်ဘူး။နှလုံးသားက လာမယ့်စကားတွေကို
နှလုံးသားထဲ တိုက်ရိုက် မျှဝေပေးချင်တာ။

ကျနော်က စကားပြောသိပ်ကောင်းတာတော့ မဟုတ်ဘူး။ဒါကြောင့် ရူပါနဲ့ပဲ ထိန်းထားရတာ။
အောင်မြင်တဲ့ နိဒါန်းပဲလား။

လေးလံခမ်းနားတဲ့ ဘွဲ့တံဆိပ်တွေနဲ့ သီရိသုဓမ္မ
ဘာညာသူဌေးကြီးက ဒီလို ပေါ့ပေါ့ပါးပါးလေး အရွှန်းဖောက်တော့ ပရိတ်သတ်က ပြုံးစိပြုံးစိ
ဖြစ်သွားတယ်။

"ကျနော်က သူဌေးဖြစ်နည်းကို ဟောပြောမှာ မဟုတ်ဘူးနော်။ကျနော့်ညီ ကျနော့်ညီမတွေလို လူငယ်တွေအတွက် ဘဝနေနည်းလေး
အကြံပြုချင်တာပါ။

တစ်ခါက ဘုရင်ကြီးတစ်ပါးက အမတ်တွေကို
ပြောတယ်။ကမ္ဘာအရပ်ရပ်က
လူသားသမိုင်းတွေကို လေ့လာချင်တယ်တဲ့။
အဲ့ဒိခေတ်က စာရွက်မပေါ်သေးလို့
ဆိတ်သားရေ၊နွားသားရေမှာ
စာရေးနေရတဲ့ခေတ်လေ။
ဘုရင့်နန်းတော်ရှေ့မှာ
လှည်းအစီးထောင်ပေါင်းများစွာဟာ
သားရေပြားတွေတင်ပြီး ရောက်နေတယ်။

ဘုရင်က အံ့သြတကြီးနဲ့
"အဲ့ဒါဘာတွေလဲ”ဆိုတော့ အမတ်ကြီးက
ကမ္ဘာအရပ်ရပ်က လူသားသမိုင်းတွေကို
သုံးနှစ်သုံးမိုးပြုစုထားတာပါတဲ့။

"ငါဘယ်လိုလုပ် ဖတ်နိုင်မှာလဲ အမတ်ကြီးရဲ့။
ခပ်တိုတိုလေး ပြန်ပြုစုပေး”

အဲ့ဒီအချိန်မှာ အမတ်ကြီးက သူဆောင်ယူလာတဲ့ သားရေပြားချပ်လေးကို ပေးလိုက်ရင်း

"ဒါကမ္ဘာအရပ်ရပ်က လူသားသမိုင်းပါ
အရှင်မင်းကြီး”

မင်းကြီးမျက္မှောင်ကုပ်သွားတယ်။
လူသားသမိုင်းတဲ့။ရေးထားတော့
စာကနှစ်ကြောင်းတည်း။

"သူတို့ မွေးဖွားလာကြသည်။
သူတို့ သေဆုံးသွားကြသည်။”

အဲ့ဒါဘဝပဲ။

နိဒါန်းက မွေးဖွားခြင်း။နိဂုံးက
သေဆုံးခြင်း။သတ္တဝါတိုင်း အတူတူချည်းပဲ။

ကျနော်လည်း ဒီမွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့
ကြားကာလမှာ ရုန်းကန်ရွေ့လျားနေတဲ့
လူတစ်ယောက်ပဲ။ကျနော်ဘယ်လိုနေခဲ့လဲ။

ကျနော်လည်း ညီလေးတို့ ညီမလေးတို့လို ကျောင်းသားလူငယ်ဘဝကိုဖြတ်သန်းခဲ့ဖူးတယ်။ဆိုးခဲ့ဖူးတယ်။တေခဲ့ဖူးတယ်။ပေခဲ့ဖူးတယ်။

ဘဝမှာ ကြက်ခြေခက်တွေ အပြည့်နဲ့။

ဘဝပျောက်လောက်အောင်တော့
မဆိုးခဲ့ဘူးပေါ့။ကျနော့်အဖေကမှာတယ်။

မင်းကြိုက်သလောက်ပျော်ပါ။ဒါပေမယ့်
အိမ်ကိုတော့ ရောက်အောင်ပြန်ခဲ့ပါတဲ့။

ဒါကို ဒဿနတစ်ခုလို့ ကျနော်မသိဘူး။

အခွင့်အရေးတစ်ခု၊လွတ်လပ်ခွင့်တစ်ခုလို့ပဲ
ထင်ခဲ့တာလေ။ညလုံးပေါက် ဂစ်တာတွေတီး၊
သီချင်းတွေဆို၊ဘော်ဒါတွေနဲ့မူးယစ်ပျော်ပါး။
မနက်လေးနာရီလောက်မှ အိမ်ပြန်ဖြစ်တဲ့
နေ့တွေက မနည်းလှဘူး။

ရက်တွေကြာလာတော့ အဖေက ပြောတယ်။

"သား ကြိုက်သလောက်ပျော်ပါ။
သားအပျော်ကြူးတာနဲ့
တိုက်ရိုက်အချိုးတူစွာ အဖေတို့
စိတ်ပူရတယ်။ဒါကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ်
သားအတွက် ဘေးကင်းမယ့် ဒီအိမ်လေးမှာ
တစ်ထောက်ပြန်နားပါသား။

သားဘယ်နေရာမှာမူးမှောက်ပြီး အိပ်ပျော်နေမလဲ။ဘယ်နေရာမှာ ရန်တွေဖြစ်ပြီး
အရိုက်အနှက်ခံနေရမလဲ။ဖေဖေတို့
စိတ်ပူနေရတယ်။

မနက်လင်းလို့ အိပ်ရာပေါ်မှာ ဘေးကင်းကင်းနဲ့ အိပ်မောကျနေတဲ့ သားကိုမြင်မှ အဖေတို့
တစ်ရက်စာ စိတ်အေးရတယ်”တဲ့

ကျနော်မသိခဲ့ဘူး။

ကျနော့်ရဲ့ ပျော်ပါးခြင်းဟာ မိဘကို စိတ်ပူပန်စေတယ်ဆိုတာ ကျနော်မသိဘူး။ကျနော်ပဲ ပျော်ချင်တာ။ကျနော့်တစ်ကိုယ်စာလေးပဲ ကျနော်တွေးခဲ့တာ။

အဲ့ဒီနောက်ပိုင်း တော်ရုံတန်ရုံအကြောင်းမရှိရင်
ကျနော့်အိမ်ပြန်ချိန်တွေ ဥာဉ့်မနက်တော့ဘူး။
ကျနော့်ကြောင့် မိဘကို စိတ်ပူစေမယ့်
ဘေးကို အတတ်နိုင်ဆုံးအေးစေခဲ့တယ်။

အမေကတော့ အဖေ့ကို ပြောတယ်။

"ရှင့်နည်းက စွန့်စားလွန်းရာမကျဘူးလား။
၂နှစ်နီးပါးလောက် သားလေးကို ပရမ်းပတာ လွှတ်ပေးခဲ့တာ အန္တရာယ်သိပ်များတယ်။
ဒီကြားထဲ တစ်ခုခုဖြစ်သွားတဘယ့်နှယ့်လုပ်မလဲ”တဲ့။

ကျနော့် စိတ်ထဲမှာစူးစူးနင့်နင့်နားလည်လိုက်
တာက မိဘအိမ်ဆိုတာ သားသမီးတွေအတွက် လုံခြုံဘေးကင်းရာအရပ်ပဲ။
ညီလေးတို့ ညီမလေးတို့လည်း လူငယ်ပီပီ
ရူးမိုက်ပျော်ပါးချင်လိမ့်မယ်။
ပျော်ပါးဖူးလိမ့်မယ်။

ဒါပေမယ့်

မိဘတွေဘက်က ဝင်တွေးကြည့်ပါ။
မင်းတို့အတွက် မိဘအိမ်ဟာ ဘေးကင်း
လုံခြုံရာအရပ်ပဲ။
ရောက်အောင်ပြန်ပါ။

ကျနော်ဒုတိယနှစ်ရောက်တော့ ရည်းစားရနေပြီ။အရူးအမဲသား စားရသလိုပေါ့ဗျာ။
အခုမှ ဣတ္ထိယနဲ့ ထိတွေ့ဖူးတော့
ကြားလေသွေးရင်တောင်
ဝေးတယ်လို့ ထင်မိတာမျိုး။

တစ်ရက် အဖေက မေးတယ်။

" သား ချစ်သူရပြီလား”တဲ့
"ဟုတ်ကဲ့”လို့ ဖြေတော့
"မင်းဘယ်မှာ နေမလဲ။ဘာအလုပ်လုပ်စားမလဲ။
မင်းဘဝရည်မှန်းချက်က ဘာလဲလို့
မေးတယ်။မေးခွန်းက ရိုးရှင်းသလောက်
အဖြေကသိပ်ခက်တယ်။ခက်တာထက်ကို
ပိုပါတယ်။အဖြေက ရှိကိုရှိမနေတာ။
အဖေက ဘာမှဆက်မမေးတော့ဘူး။

ဟုတ်တယ်။

ဒါက အဖေ ကျနော့်ကို မေးရမယ့်မေးခွန်း
မဟုတ်ဘူး။ကျနော့်ကို ကျနော်မေးရမှာ။
ငါဘာအလုပ်လုပ်မှာလဲ။
ငါ့ရည်မှန်းချက်ကဘာလဲ။
ကိုယ်လျှောက်မယ့်လမ်းတောင် ကိုယ်မဖောက်ရသေးတဲ့အဖြစ်ပါ။
တကယ်က လမ်းပျောက်နေတာမဟုတ်ဘူး။
လမ်းကို မရှိခဲ့တာ။

ညီလေးတို့ ညီမလေးတို့မှာရော
ရည်မှန်းချက်လမ်းတွေ ရှိကြပြီလား။

ဒီလိုနဲ့ စီးပွားရေးဘက်ကို အထူးပြုလေ့လာမယ်
ဆိုပြီး စီးပွားရေးဘက်ကို စလေ့လာတယ်။
စာတွေဖတ်တယ်။ကိုယ်ပိုင်လုပ်ငန်း
လုပ်နေကြတဲ့သူတွေကို အောက်ကျို့ခံပြီး
မေးခွန်းတွေမေးတယ်။သင်ယူတယ်။

ပညာရှာ ပမာ သူတောင်းစားမဟုတ်လား။

သိလိုသူက မာန်ချထားရတယ်။
ပြဿနာ အသစ်တစ်ခု ထပ်တွေ့လာပြန်ရော။

သမီးရည်းစားပြဿနာပါ။

ရွေးချယ်ခဲ့တုန်းက ရုပ်ရည်ကြိုက်လို့ ရွေးခဲ့တာလေ။သူ့အကျင့်၊သူ့စရိုက် ဘာကိုမှ လေ့လာပြီး ကြိုက်ခဲ့တာမဟုတ်ဘူး။

သူကျနော့်ကို ဖြတ်သွားပြီး နောက်တစ်ယောက်
တွဲသွားတယ်။
လူလည်း ရူးမလိုလို ကြောင်မလိုလို
ဖြစ်သွားသေးတယ်။
သစ္စာမရှိတဲ့ မိန်းမဘာညာပေါ့။ကျိမ်စာတွေတိုက်။အသဲတွေကွဲ၊အရက်တွေမူး။

အဲ့ဒီအချိန်မှာ အဖေကထပ်မေးတယ်။

"သူ့မှာ မင်းကို ဖြတ်ဖို့အခွင့်ရေးမရှိဘူးလား”တဲ့

ဟုတ်တယ်။ဘာစာချုပ်စာတမ်းမှ
ရှိတာမဟုတ်ဘူး။

တစ်သက်လုံးလက်တွဲပါမယ်လို့လည်း
ကတိမပေးထားဘူး။

ကျနော့်ကို သူ မလိုချင်တော့ရင်၊မလိုအပ်တော့ရင် လမ်းခွဲဖို့ သူ့မှာ အခွင့်အရေးရှိနေတာပဲ။
ကျနော်လက်ခံပေးလိုက်တယ်။

နောက်တစ်ခါများတော့ ရည်းစားထားမယ်ဆိုရင်
သူ့ဘက်ကိုလည်း သေချာလေ့လာမယ်။
ကိုယ့်ဘက်ကလည်း သေချာပြင်ဆင်မယ်။
ဒီလိုတွေးဖြစ်လာတယ်။

တစ်သက်လုံး ကိုယ့်အိပ်ရာဘေးမှာ ထားရမယ့် အမျိုးသမီး၊ကိုယ့် အိမ်ရှင်မဖြစ်လာမယ့် အမျိုးသမီးကို တွေ့ကရာမရွေးချယ်မိဖို့
ကိုယ့်ကိုယ်ကို ပြန်သတိပေးရတယ်။

ညီလေးတို့ ညီမလေးတို့ရော ကိုယ့်ကြင်ဖော်ကို ရွေးချယ်တဲ့အခါ စိတ်ခံစားချက်အတိုင်း
ရွေးလိုက်တာလား။ဥာဏ်နဲ့ရော
ပိုင်းခြားစီစစ်ဖြစ်လား။

နောက်တစ်ကြိမ်ရွေးချယ်မှုကတော့
ကျနော့်အတွက် အကောင်းဆုံးဖြစ်ခဲ့တယ်။
အခုလက်ရှိ အိမ်သူသက်ထားပါပဲ။

လူနှစ်ယောက်ချိတ်ဆက်ဖို့ အတွက် တစ်ခုတည်းသော လိုအပ်ချက်က နားလည်မှုပဲ။
သူ့အပြစ် ကိုယ့်အပြစ်၊သူ့အမှား ကိုယ့်အမှား
သူ့အဆိုး ကိုယ့်အဆိုး၊သူ့အားနည်းချက် ကိုယ့်အားနည်းချက်ကို အပြန်အလှန် နားလည်ပေး
ခဲ့ကြတယ်။

ဖုန်းတစ်လုံး အားသွင်းဖို့ adapterလိုတယ်
မဟုတ်လား။Adapterဆိုတာ powerကိုမပေးဘူး။
Powerကိုလည်းမယူဘူး။ပေးသူနဲ့ ယူသူကြားမှာ အဆင်ပြေအောင် ချိန်ညှိပေးတဲ့
deviceတစ်ခုပဲ။
နိုင်ငံရဲ့ power supply systemက 220AC
ဖုန်းကလိုချင်တာ 5amp(အမ်ပီယာ) current.
Adapterမခံဘဲ တိုက်ရိုက် joinလိုက်ရင် ဖုန်းပဲ ဂိသွားလိမ့်မယ်။

ဒါဟာ ပေးသူရဲ့အမှားမဟုတ်သလို ယူသူရဲ့ အားနည်းချက်လည်း မဟုတ်ဘူး။

မတူညီ ကွဲလွဲခြင်းသာ။နားလည်မှု adapterလည်း ကြားခံလိုက်တော့ အပေးအယူမျှတသွားရော။

ဒါကြောင့် ညီလေးတို့
ညီမလေးတို့ ပေါင်းသင်းဆက်ဆံတဲ့အခါ

သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ်၊မိဘနဲ့ပဲဖြစ်ဖြစ်၊ချစ်သူချင်းပဲဖြစ်ဖြစ် နားလည်မှုရှိကြပါ။

နားလည်မှုမရှိဘဲ ပေါင်းစပ်လို့ လုံးဝမရဘူး။

အဆီအငေါ်မတည့်ရင် နှစ်ဦးနှစ်ဖက် ထိခိုက်ရ
တတ်တယ်။မိဘက adapterမခံဘဲ 220AC voltageပေးလိုက်လို့ လောင်ကျွမ်းသွားတဲ့
ပျက်စီးသွားတဲ့ ဖုန်းလိုမျိုး သားသမီးတွေ
ဘယ်လောက်တောင် ရှိနေမလဲ။

ဒီလိုနဲ့ စီးပွားရေးကို အစပြုရင်း ဖြတ်လမ်းနည်း
တွေနဲ့ အောင်မြင်ချင်လာတယ်။

သူဌေးကြီးတစ်ယောက်ကို မေးဖူးတယ်။

အောင်မြင်ဖို့ အမြန်ဆုံးနည်းပြောပြပါလို့။

သူဌေးကြီးဖြေသွားတာ သိပ်လှတာပဲ။

သမိုင်းဖြစ်ရပ်လေးတစ်ခုနဲ့ ဥပမာပေးသွားတာ။

ညီတို့ ညီမတို့ကို ဗဟုသုတအဖြစ်၊message
တစ်ခုအဖြစ် မျှဝေချင်ပါတယ်။

မက္ဆီဒိုးနီးယား စစ်ဘုရင် အလက်ဇန်းဒါး
သေဆုံးပြီးနောက္မှာ သူပိုင်တဲ့နယ်မြေတွေကို
သူ့စစ်သူကြီးတွေက ခွဲဝေယူတယ်။

အီဂျစ်မြေကိုယူတဲ့ တော်လမီ ၁ လက်ထက်မှာ
ဘုရင် တော်လမီက Geometryပညာရှင်
ယူကလစ်ဆီက geometryပညာကို အလွယ်သင်ဖို့ ကမ်းလှမ်းတယ်။

ယူကလစ်ရဲ့အဖြေက သိပ်ရိုးရှင်းတယ်။
သိပ်ရဲရင့်တယ်။

"Geometryပညာကိုသင်ဖို့ ရှင်ဘုရင်အတွက်
အထူးနည်းလမ်းမရှိပါဘူး”တဲ့။

ဒါကြောင့် ကျနော်တို့ ဘယ်ပညာကိုပဲ
သင်ယူသည်ဖြစ်ဖြစ် ဝီရိယထည့်ဖို့လိုတယ်။

ခြေထောက်ကနေ ခြေလှမ်းဖြစ်ပြောင်းသွားတာ ဝီရိယကြောင့်ပဲ။ဦးတည်ရာကို ရွေးချယ်တာက
ဥာဏ်ရည်ပေါ့။လျှောက်လမ်းမှာ
ခလုတ်မထိ ဆူးမငြိဖို့က သတိတရားရဲ့
လုပ်ဆောင်ချက်။

ဒီလိုနဲ့ စီးပွားရေးတစ်ခုကို ဇောက်ချလုပ်ဖြစ်
လာတယ်။အတော်အတန်
အောင်မြင်လာတယ်။

ကျနော်နဲ့ ခင်မင်လာတဲ့ သူဌေးကြီးတစ်ယောက်က ကျနော့်ကိုမေးတယ်။ စာဖတ်ဖြစ်လားတဲ့။
အချိန်လည်း သိပ်မအားတာနဲ့ မဖတ်ဖြစ်ဘူးလို့ ပြောတော့

သူဌေးကြီးက

"မင်းအလုပ်ချိန်တွေက ဘယ်လောက်တောင်
တန်ကြေးရှိနေလို့ စာမဖတ်ရတာလဲ။
မင်းရဲ့ နှစ်နာရီလုပ်အားခက တစ်သိန်းလား
နှစ်သိန်းလား။

စာတစ်ပုဒ်ကပေးမယ့် အသိတရားက မင်းရှာနိုင်တဲ့ ငွေထက် အမြဲတန်ဖိုးကြီးတယ်ဆိုတာ မှတ်ထား”တဲ့

တပည့်လိုဖြစ်နေလို့ ခပ်ကြမ်းကြမ်းပြောတယ်
ထင်ပါတယ်။

နောက် လေသံပျော့သွားပြီး

"ငါ့ညီ ကျော်စွာ ဘေဂိတ်ကြရဲ့ တစ်နာရီလုပ်အားခက တို့ထက် အပုံကြီးသာလိမ့်မယ်။
ဒါပေမယ့် ဘေဂိတ်ဇောက်ချလုပ်နေတာ
စာဖတ်ခြင်းပဲ။

လင်ကွန်းကပြောတယ်။ကျုပ်ကို သစ်ပင်ခုတ်ဖို့ အချိန် ခြောက်နာရီပေးရင် လေးနာရီက
ပုဆိန်သွေးနေမှာတဲ့။ငါတို့ အလုပ်လုပ်နေတယ်
ဆိုတာ ဥာဏ်ပုဆိန်နဲ့ သစ်ပင်ခုတ်နေတာ။

စာဖတ်တယ်ဆိုတာ

အဲ့ဒီဥာဏ်ပုဆိန်ကို
သွေးနေရတာ။မင်းပုဆိန်သွေးဖို့ မပျက်ကွက်နဲ့။ပုဆိန်တုံးလာလိမ့်မယ်”တဲ့။

ဒီတော့ ညီလေးတို့ ညီမလေးတို့ကို
ကျနော်ကပြောမယ်။

ကျနော့်အဆင့်နဲ့ အချမ်းသာဆုံးသူဌေးဖြစ်နေရတာ
ကျနော်ဂုဏ်မယူဘူး။
ကျနော့်ထက် ပိုချမ်းသာတဲ့သူပေါ်
လာလို့လည်း
ကျနော်စည်းစိမ်လျော့မသွားဘူး။

နံပါတ် တစ်ဖြစ်နေခြင်းက နှိုင်းရတန်ဖိုးပါ။

ပကတိမှမဟုတ်တာ။

ကျနော်ထက် ပိုချမ်းသာသူပေါ်လာရင်
ကျနော်ထက်ပိုပြီး နိုင်ငံသားတွေကို
အလုပ်အကိုင် အခွင့်အလမ်းတွေ
ဖန်တီးပေးနိုင်လိမ့်မယ်။

ကျနော့်နိုင်ငံကြီး
ဒီထက်ပိုတိုးတက်လာလိမ့်မယ်။
ကျနော်မျှော်လင့်တယ်။

ညီတို့ ညီမတို့လည်း
ပျော်ကြပါ။ဒါပေမယ့် ဘေးကင်းပါစေ။
ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းပါ။

ဒါပေမယ့် ရည်မှန်းချက်ရှိပါစေ။

ချစ်ကြပါ။ဒါပေမယ့် နားလည်မှုရှိပါစေ။
အလုပ်လုပ်ကြပါ။

ဒါပေမယ့်
စာဖတ်ဖို့ အချိန်ရှိပါစေ။
အောင်မြင်ခြင်းမှာ ဂုဏ်ယူကြပါ။ဒါပေမယ့်
မာန်မာနတော့ ကင်းပါစေ။

နိုင်ငံအနာဂတ်အတွက် ညီတို့ညီမတို့ ကိုပဲ
ကျနော်က အားကိုးမျှော်လင့်နေမှာပါ။

ဟုတ်ကဲ့ ကျနော့် စကားကို စိတ်ဝင်တစား နားထောင်ပေးကြလို့ ကျနော် ကျော်စွာက
အားလုံးကို ကျေးဇူးတင်ပါတယ်။

လူကြီးမင်းတို့ ဝယ်ယူလာတဲ့ လက္မှတ်တွေကို
အရောင်းကောင်တာမှာ ဝယ်စျေးအတိုင်း
ပိုက်ဆံပြန်ထုတ်သွားလို့ရပါတယ်။

ဒီနေ့ စကားပွဲလေးဟာ ငွေကြေးအကျိုးအမြတ် လိုချင်လို့ လုပ်တဲ့စကားပွဲမဟုတ်ဘူး။

ဒါပေမယ့် လေးနက္မှု့တစ်ခုရချင်လို့ စည်းစနစ်ကျချင်လို့ ငွေနဲ့ ရောင်းတဲ့သဘောပါ။

လူကြီးမင်းတို့ ငွေပြန်မထုတ်လိုဘူးဆိုရင်လည်း
ဒီငွေတွေဟာ မိဘမဲ့ကလေးကျောင်းကို
အလှုငွေအဖြစ် ရောက်ရှိသွားမှာပါ။

ငွေတစ်သောင်းဟာ တချို့လူတွေအတွက်
သိပ်များနေသေးတဲ့ ပမာဏမို့လို့ ထုတ်ယူမယ်
ဆိုရင်လည်း နားလည်ကြည်ဖြူမှာပါ။”

လက်ခုပ်သံများ မစဲအောင် ထွက်ပေါ်လာသည်။

ကျနော်နဲ့ ကျနော့်သူငယ်ချင်းတစ်သိုက်လည်း လက်ခုပ်ကို အားရပါးရတီးဖြစ်ခဲ့သည်။

တကယ့် ဂါရဝလက်ခုပ်သံပါ။
မုဒိတာလက်ခုပ်သံပါ။
ကျေးဇူးတင်တဲ့ လက်ခုပ်သံပါ။

အိမ်အပြန်လမ်းမှာ ခြေလှမ်းတွေ
တက်ကြွနေသည်။ဘယ်နှစ်ကြိမ်မှန်းမသိ
ကျေနပ်ပြုံးတွေ ပြုံးမိနေသည်။

လက္မှတ်ငါးစောင်အတွက် ငွေငါးသောင်းကို
ကျနော်တို့ ပြန်မထုတ်ယူဖြစ်ခဲ့ပါ။

အဖေပေးမယ့် ငွေတစ်သိန်းလည်း ကျနော်
မလိုချင်တော့။

ကျေးဇူးပါ ဖေဖေရယ်လို့
လိပ်ပြာသန့်သန့်ပြောနိုင်ဖို့
ငွေတစ်သိန်းကြောင့် အပျက်စီးမခံနိုင်ပါ။

နိုင်ငံအတွက်၊မိဘအတွက်၊မိမိအတွက်
အသုံးကျတဲ့ နိုင်ငံသားအဖြစ်၊သားသမီးကောင်းအဖြစ်၊လူသားကောင်းအဖြစ် ကျနော်စတင်
ရတော့မယ်။


-crd

မြင်ဆရာ ကိုမျိုးထွန်း Emperor (ပရဟိတစာပေ) ကိုလဲလေးစားကျေးဇူးတင်ပါတယ်ခင်ဗျာ။

ပြည်လည်မျှဝေပါသည်။

19/06/2022

ကျန်းမာပါ​စေ။

၁၉ဇွန်၂၀၂၂။

16/06/2022

မြန်မာပြည်မှာ လာနေသော တရုတ်တွေ အများစုသည် ချမ်းသာ၏။

မြန်မာပြည်မှာလာနေသော ကုလားအများစုသည်
မူလက ဆင်းရဲကြသော်လည်း တဖြည်းဖြည်းနှင့်ချမ်းသာသွားကြ၏။

မြန်မာပြည်တွင် ယခင်က လာနေသွားခဲ့ကြသော
အင်္ဂလိပ်များသည်လည်း ချမ်းသာသွားကြ၏။

ခေတ်အဆက်ဆက် အထည်ကြီးပျက်လိုဖြစ်ကာ
ဆင်းရဲကြသည်မှာ မြန်မာများဖြစ်သည်။

ထိုအခါစဉ်းစားရမည်မှာ လူတို့ဆင်းရဲကြခြင်းမှာ တိုင်းပြည်အပြစ်မဟုတ်ပဲ လူတွေညံ့လို့ဖြစ်ကြောင်းထင်ရှားလေသည်။

မြန်မာတို့ကြီးပွားချမ်းသာကြောင်းအတွက် ပြင်ကြရမည့်စိတ်ဓာတ်များ အတော်များများရှိ၏။

အောက်ပါတို့သည် မြန်မာတို့ မကြီးပွားရခြင်း၏ အကြောင်းရင်းများ (ဝါ)ပြင်ကြရမည့်စိတ်ဓာတ်များဖြစ်သည်။

(က) #ရောင့်ရဲလွယ်ခြင်း

မြန်မာဆင်းရဲသားအတော်များများသည် ယနေ့စားဖို့ရလျှင်မနက်ဖြန်အတွက် အလုပ်ကြိုတင်မလုပ်လိုကြပေ။စုဆောင်းဖို့ ရှာဖွေဖို့ထက် အေးအေးလူလူ ဟေးလားဝါးလားနေချင်ကြသည်။

သူတို့၏လက်သုံးစကားမှာ ထမင်းကြမ်းယပ်ခတ်စား မယ် (အေးအေးပဲနေမယ်) ဆိုသောစကားဖြစ်သည်။ တစ်နေ့စာ စားဖို့ရပြီဆိုလျှင် အလုပ်မလုပ်တော့ပဲ
ရောင့်ရဲ ကြသဖြင့် ဘယ်သောအခါမှ စုမိဆောင်းမိခြင်း
မရှိကြချေ။

(ခ) #အချိန်ဖြုန်းခြင်း

လက်ဘက်ရည်ဆိုင်တွင်တမေ့တမောထိုင်ကာ
ပြသမျှ ဗီဒီယိုဇာတ်ကားများကိုကြည့်ရှုခြင်း၊ ဘိလိယက်ခုံတွင် တနေကုန်ထိုင်နေခြင်း၊
ကျားထိုးခြင်း ၊ ဖဲရိုက်ခြင်း၊ မိန်းမများစုကာ
အတင်းပြောကြခြင်း၊ပိုက်ဆံကြေး ဂေါ်လီလှိမ့်ခြင်း၊ အရက်ဆိုင်တွင်မထတမ်းထိုင်နေခြင်း၊
နတ်ကရာကျီးမောဆိုသကဲ့သို့ သူများအိမ်ဆောက်ခြင်း၊နတ်ပွဲကခြင်း ၊ ရန်ဖြစ်ခြင်း ၊ဘောလီဘောပုတ်ခြင်း ၊ ပိုက်ကျော်ခြင်းခတ်ခြင်း စသည့်တွေ့ကရာ ရှစ်သောင်းကိစ္စများကို ထိုင်ကြည့်ခြင်း စသည့်အမှုများကိုမြန်မာအများစု ပြုလုပ်အချိန်ဖြုန်းနေသည့် အခိုက်၀ယ် လူမျိုးခြားတို့မှာ သူတို့ဆိုင် ၊ သူတို့ အလုပ် ၊သူတို့ ကိစ္စကိုအားသွန်ခွန်စိုက်အလုပ်လုပ်ပြီး၀င်ငွေများရပြီးနေကြလေပြီ။

(ဂ) #ငွေဖြုန်းခြင်း

ဘုန်းကြီးသေ ရွာကြေ ဆိုသောစကားပုံ ၊
အကြွေးရရင်ဆင်တောင်၀ယ်တယ်ဆို သောစကားပုံ ၊ သောက်သောက်စားစားလူ့မင်းသား၊
ဆင်စီးလို့မြင်းရံ ဆိုသောစကားပုံများသည်
မြန်မာတို့အကြွားသန်သော ငွေဖြုန်းသောဖြစ်ရပ်များကိုပြဆိုနေသော စကားပုံများဖြစ်သည်။

ဘုန်းကြီးတစ်ပါးပျံလွန်တော်မူလျှင် ရိုးရိုးမသာချလိုက်ပါက ငွေကုန်ပေါက်သက်သာ၍ ဘုရားတရားတော်နှင့်အညီဖြစ်မည်ဖြစ်သော်လည်း မြန်မာတို့သည် ဇာမချဲ့ရလျှင်မကျေနပ်ကြချေ။

ထို့ကြောင့်ဇာတ်ပွဲ ၊အငြိမ့်ပွဲငှားခြင်း၊ ဧယဉ်ကျူးမည့် မင်းသမီးငှားခြင်း ၊ ဘုန်းကြီးပျံပွဲ တစ်လကိုးသီတင်းကျင်းပခြင်း ၊ လောင်တိုက်ကောင်းကောင်းဆောက်ခြင်း ၊ လာသမျှပရိသတ်ကိုစတုဒီသာရက်ဆက်ကျွေးခြင်း ၊ အသံချဲ့စက် လော်စပီကာဆရာကောင်းကောင်းငှားခြင်း ၊ မီးစက်ကြီးငှားရခြင်း၊ ကော်ဇော်စသည်ဖြင့် ဧည့်ခံမဏ္ဍပ်ဆောက်ရခြင်း၊ တို့ဖြင့် ရွာမှာ စားရိတ်ထောင်းကာမွဲပြာကျလေသည်။

မိမိမှာမရှိပဲရသမျှ အကြွေးယူချင်တတ်သော စိတ်ဓာတ်မှာလည်း မြန်မာတို့မွဲပြာကျစေသော အကျင့်ဆိုးဖြစ်၍ ပြင်ရမည်။

မြန်မာဗုဒ္စဘာသာ၀င်အားလုံးသည် မိမိသားသမီးရှင်ပြုနားသပွဲကို အတော်ကြီးငွေကုန်ခံကာပြုလုပ်ကြသည်။
အငြိမ့်တွေ ဇာတ်တွေငှားသည်။
ဆင်တွေ မြင်းတွေငှားသည်။
၀င်းခင်းသဘင်တွေလုပ်ကြသည်။
အပြိုင်အဆိုင်ကျွေးကြသည်။
ဆိုင်းဝိုင်းများဖြင့် မြို့ကိုပတ်ကြသည်။

တစ်သက်လုံးစုဆောင်းထားသမျှအားလုံး ကုန်သည့်အပြင် အကြွေးတင်သည်အထိ ရှင်ပြုနားသပွဲ တစ်ပွဲတည်းနှင့် ငွေများ ကို အားလုံးသုံးပစ်လိုက်ကြပြီးနောက်နေ့တွင် ဘာမှမကျန်တော့သည့်ဘ၀သို့ရောက်ကြသည်။

မြတ်စွာဘုရားအလိုတော်ကျဖြစ်သော ရှင်ရာဟုလာ သင်္ကန်းဆီးသည့်ပွဲကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်း ပကာသနမပါပဲ ပြုလုပ်သောရှင်ပြုပွဲတို့ များပြားစေချင်ပါသည်။

အလှူမင်္ဂလာဆောင်ပွဲသွားတိုင်း အ၀တ်သစ်အစားသစ်ချုပ်ကြ၀ယ်ကြခြင်းသည်လည်းငွေကုန်ပေါက်ကြီးတစ်ခုဖြစ်၍ လူမျိုးခြားများသည် ထိုသို့မလိုအပ်ပဲ အ၀တ်အစားအသစ်များ မကြာခဏ၀ယ်ခြင်းမပြုကြပေ။

(ဃ) #အလုပ်လုပ်သည်ကို_ရှက်စရာဟုထင်မြင်ခြင်း

လူမျိုးခြားများသည် သူတို့ကလေးများကိုငယ်စဉ်ကပင် ၀င်ငွေရသောအလုပ်များကို တနိုင်တပိုင်ဝိုင်းကူလုပ်စေသည်။

ထို့ကြောင့် စျေးရောင်နေသောတရုတ်ကလေး၊
မိဘလက်တွန်းလှည်းကိုဝိုင်းတွန်းပေးသော ကုလားလေးများကိုတွေ့ရပေမည်။

မြန်မာလူမျိုးများကားမိမိသားသမီးကို ခြေမွှေး
မီးမလောင် လက်မွှေးမီးမလောင် ဘော်ကြော့ထားခြင်းကိုဂုဏ်ယူကြပေသည်။

ငါအသက်ရှင်နေသရွေ့ငါ့သားသမီးများဘာမှ
လုပ်စရာမလိုဟူသောတလွဲမာနဖြင့် ကလေးကို
ဖျက်ဆီးကြသည်။

ကျောင်းသွားလျှင် ကျောင်းလွယ်အိပ်ကို ကိုင်ပေးမည့်သူနှင့်၊ ထမင်းစားလျှင်ခွန့်ကျွေးမည့်သူနှင့် ၊ အင်္ကျီလဲလျှင်ကူ၀တ်ပေးမည့်သူနှင့် အစစလိုလေသေးမရှိထားခြင်းဖြင့်ကလေးကိုဖျက်ဆီးကြ၏။

ထိုကလေးသည် မိမိအစွမ်းအစဖြင့် ဘာမှမလုပ်တတ်တော့ပေ။
ငါရှိရင်ငါ့သားသမီးဘာမှလုပ်စရာမလိုဘူးဆိုသော မိခင်၊ သို့မဟုတ် ဖခင်တို့ ရုတ်တရက်ကွယ်လွန်သွားသောအခါ ၊စီးပွားပျက်သွားသောအခါ သာသမီးမှာ ဘာမှမလုပ်တတ်မကိုင်တတ်ဖြင့် ခွေးလုံးလုံးဖြစ်တော့သည်။

ထို့ကြောင့်မြန်မာလူမျိုးများ ကြီးပွားတိုးတက်လိုလျှင်
မိမိသားသမီးကို ငယ်စဉ်မှစကာ နိုင်သရွေ့သော အလုပ်ကိုလုပ်ခိုင်းရမည်။

မိမိအစွမ်းဖြင့်ငွေရှာလျှင် မည်မျှနည်းပါးသောပိုက်ဆံပင်ဖြစ်စေ ခွင့်ပြုရမည်၊ ချီးကျူးရမည်။

လုပ်မနေနဲ့ ၊ မင်းဟာက မဖြစ်စလောက်နဲ့၊
ဘယ်လောက်ရမှာမို့လဲ၊ အဖေ ပေးမယ်ဆိုသော
တလွဲအယူအဆကိုဖျောက်ရမည်။

(င) #မုဒိတာမပွားနိုင်ကြခြင်း (ဝါ) #မနာလို၀န်တိုစိတ်အားကြီးခြင်း

မြန်မာတို့၏အားနည်းချက်တစ်ခုမှာအပေါ်ယံသဘောကောင်းသလိုထင်ရသော်လည်း
အချီကြီးမိလာသောကိစ္စများတွင် တစ်ယောက်နှင့်
တစ်ယောက် ၊ တစ်ဖွဲ့နှင့်တဖွဲ့ မနာလို၀န်တိုစိတ်အားကြီးကြသည်။

တစ်ယောက်အဆင်ပြေသည်ကို တစ်ယောက်က
၀မ်းမြောက်၀မ်းသာသော မုဒိတာတရားနည်းကြသည်။

ငွေတစ်ရာအဆင်ပြေစဉ်က ၀မ်းသာခဲ့သော်လည်း
ထိုသူငွေတစ်ထောင်ရလာသောအခါ မကြိုက်တော့ပေ။

ဒီကောင့်လောက်တော့ငါလဲတတ်ပါတယ်။

ဒီကောင်ကဘာကောင်မို့ တစ်ထောင်တောင်ပေးရတာလဲ၊

နှစ်ရာလောက်ပေးရင်ရပြီဆိုတာ ငါသွားပြောမယ်၊

ငါတို့အဖွဲ့ကိုခိုင်းရင် တစ်ရာ့ငါးဆယ် နှစ်ရာလောက်နဲ့ရအောင်လုပ်ပေးမယ် စသည်ဖြင့်

သူတပါးလာဘ်လာဘရခြင်းကို ဖျက်လိုဖျက်ဆီးစိတ် များမြန်မာတို့တွင် ရှိတတ်၏။

ထိုစိတ်ဆိုးစိတ်ယုတ်ပေါ်ပေါက်လာလျှင် ဖယ်ရှား
ရမည်။

သူလည်းကြီးပွား ကိုယ်လည်းကြီးပွားမှသာ တမျိုးသားလုံးကြီးပွားမည်။

တရုတ်အားလုံးကြီးပွားသောအခါ နိုင်ငံတိုင်းတွင် တရုတ်တန်း(China Town ) ဟူ၍ အားလုံးကတကူးတကလာကြည့်ရသည်။

အိန္ဒိယနိုင်ငံသားများကြီးပွားသောအခါ LITTLE INDIA ဟုခေါ သော ကုလားရပ်ကွက်ဖြစ်ပေါ်လာသည်။

မြန်မာတို့ကားတစ်ယောက်ကိုတစ်ယောက်ထိုးချဖို့အမြဲကြံစည်နေသဖြင့် နိုင်ငံခြားတွင် အစုလိုက် အပြုံလိုက်ကြီးပွားတိုးတက်နေသော မြန်မာ အသိုင်းအဝိုင်းဟူ၍ မရှိသလောက်ရှားသည်။
ပြည်တွင်းမှာလည်းထိုနည်းနှင်နှင်။

(စ) #တစ်ယောက်လုပ်လျှင်_အားလုံးလိုက်လုပ်ကြခြင်း

လူတစ်ယောက်က ကားမှတ်တိုင်အောက်တွင် ကွမ်းယာရောင်းကောင်းလျှင် ကားမှတ်တိုင်တွင် အားလုံး ကွမ်းယာလိုက်ရောင်းကြသည်။

ဓာတ်တိုင်အောက်တွင်မုန့်ဟင်းခါးသယ် အဆင်ပြေလျှင်အားလုံးမုန့်ဟင်းခါးဖြစ်ကြသည်။

ကိုယ်ရောင်းရဖို့ သူ့ဆိုင်ပြုတ်အောင်ချောက်တွန်းကြသည်။

(ဆ) #ကိုယ်နဲ့မဆိုင်သလိုနေကြသည်

(စုပေါင်းဆောင်ရွက်မှုအားနည်းသည် )

ရေမြောင်းပိတ်နေသဖြင့် ပိုက်ဆံလိုက်ကောက်ပါက မြန်မာအိမ်အတော်များများက ငွေထည့်ဖို့လက်တွန့်လေ့ရှိသည်။

လျှပ်စစ်မီးလင်းဖို့ ၊ ရေရရှိဖို့ စသည့်ကိစ္စများမှာလည်း
ထိုနည်းနှင်နှင်။

တစ်ယောက်ကိုတစ်ယောက်တွက်ကပ်ကြသည်။

ထို့ကြောင့် အသေးအဖွဲကိစ္စလေးများမှာပင် ငြင်းနေခုန်နေကြတာ ၊ တွက်ကပ်နေကြတာ ၊စကားများနေကြတာ
နှင့်ပြီးသည်။

အလုပ်ကြီးအကိုင်ကြီး ၊ လုပ်ငန်းကြီးဆိုလျှင်ပိုဆိုး
သည်။

ဘယ်တော့မှ မြန်မြန်နှင့်မှန်မှန် အလုပ်ပြီးမြောက်သည်ဆိုတာ မရှိ။

အမြဲတွက်ကပ်ငြင်းခုန်နေတတ်ကြသည်။

ငါသိငါတတ်တွေ များနေကြသည်။

နောက်လိုက် လုပ်လိုသူမရှိ။

မြန်မာများသည် အားလုံးဆရာကြီး လုပ်လိုသူတွေများသည်။

နေရာလုနေကြတာနှင့် အချိန်တွေငွေတွေကုန်ကာ
အလုပ်မဖြစ်တာများသည်။

အရင်းတစ်ရာစီရှိသော လူငါးယောက်ပေါင်းပြီး
အရင်းငါးရာလိုသော အလုပ်ကို မြန်မာတို့မလုပ်နိုင်။

အရင်းတစ်ရာစီကိုင်ပြီး တစ်ရာတန် အလုပ်ကိုပဲ
မိမိဘာသာ လုပ်ကြသည်။

ဟိုဘက်က ငါးရာတန်အလုပ်ကို ငါးယောက်လုပ်ရာမှ တစ်ထောင်တန် တစ်သောင်းတန် တစ်သိန်းတန်အလုပ်များဖြစ်သွားကြသည်။

တစ်ရာတန်သမားများမှာ ဆင်းရဲလည်းမသွား၊
တစ်ရာတန်ဘ၀မှလည်းတက်မလာ၊
ဒုံရင်းဒုံရင်းဖြစ်နေသည်။

နှစ်ပေါင်းများစွာကြာသောအခါ
တစ်ချိန်က တစ်ရာတန်အရင်းအနှီးရှိခဲ့တာခြင်းတူသော်လည်း၊
စုပေါင်းသမားက တစ်သိန်းအထိ ချမ်းသာလာပြီး၊
တစ်ယောက်ချင်းသမားက တစ်ရာ တန်ဘ၀မှာပဲကျန်ရစ်သည်။

ကြီးပွားချင်လျှင် အကျိုးတူပူးပေါင်းမဆောင်ရွက်တတ်သော၊
မဆောင်ရွက်ချင်သော ဓလေ့ကိုမြန်မာတို့ပြင်ကြရမည်။

ဆက်ပြောလျှင်ပြောစရာတွေများစွာရှိသေးသည်။
ယခုပြောဆိုသလောက်ကိုပဲ ဖိဖိစီးစီး စတင်လုပ်ဆောင်ပါက ဧကန်မုချကြီးပွားတိုးတက်ရမည်။

တစ်ယောက်ချင်း တိုးတက်လာပါက
တစ်နိုင်ငံလုံး တိုးတက်လာမည် ဖြစ်သတည်း။

#ပြန်လည်မျှဝေပါသည်။

K.T

#မူရင်းရေးသားသူ
ကျေးဇူတင်ပါတယ်

Credit

စကားပြောနည်း--------------------အရေးကြီးသည့်ကိစ္စ - ရှင်းရှင်းလင်းလင်းပြောပါ။အရေးမကြီးသည့်ကိစ္စ - ဟာသနှော၍ ပြောပါ။မပိုင်...
04/06/2022

စကားပြောနည်း
--------------------
အရေးကြီးသည့်ကိစ္စ - ရှင်းရှင်းလင်းလင်းပြောပါ။
အရေးမကြီးသည့်ကိစ္စ - ဟာသနှော၍ ပြောပါ။
မပိုင်နိုင်သောကိစ္စ - ဆင်ဆင်ခြင်ခြင် ပြောပါ။
ပိုင်နိုင်သောကိစ္စ - အကိုးအကားနှင့် ပြောပါ။
ပျော်ရွှင်ဖွယ်ကိစ္စ - အချိန်နှင့် အခါကို ကြည့်ပြောပါ။
မပျော်ရွှင်ဖွယ်ကိစ္စ - လူနှင့် နေရာကို ကြည့်ပြောပါ။
သူတစ်ပါးကိစ္စ - သတိထားပြီးပြောပါ။
ကိုယ့်ကိစ္စ - သူများပြောတာနားထောင်ပါ။
မဖြစ်ပျက်သေးသည့်ကိစ္စ - လက်လွတ်စပယ်မပြောသင့်။
မလုပ်နိုင်သေးသည့်ကိစ္စ - ကတိလွယ်လွယ်မပေးသင့်။
အကျိုးယုတ်မည့်ကိစ္စ - လုံးဝမပြောသင့်။
မသိနိုင်သည့်ကိစ္စ - လစ်လျူရှုပါ။
မဖြစ်နိုင်သည့်ကိစ္စ - လစ်လျူရှုပါ။
မကူနိုင်သည့်ကိစ္စ - လမ်းပြပါ။
မတတ်နိုင်သည့်ကိစ္စ - အရှုံးပေးပါ။
သူတစ်ပါးစကားမှားသော် - ဖော့ပေးပါ။
မိမိစကားမှားသော် - ထောက်ခိုင်းပါ။
သူတစ်ပါးစကားလမ်းလွဲသော် - ပြန်တည့်ပေးပါ။
မိမိစကားလမ်းလွဲသော် - တောင်းပန်ပါ။
မပြောမှီစဉ်းစား.....စဉ်းစားပီးမှပြော......
ပြောပီးစကား.........ပြန်စဉ်းစား..........
အမှားတကာ..အမှားထဲ...စကားမှားခြင်းက.....
ချစ်ခင်မှု...အရာရာပျက်ပြားစေပါတယ်.........
တစ်ပါးသူနားမခံသာ...
စိတ်ထိအောင်မပြောရ....ကိုယ့်စကားကြောင့်....
တပါးသူအကျိုးရှိစေက....မဖြစ်မနေပြောပါ.......
အမှန်စကားခါးသည်....သို့သော်...ချိုသာသော....
မုသားသုံးပြောဆိုပါက.....တရားပါသည်။
မသိသောစကား..နှုတ်ဆိတ်နေခြင်းက......
မင်္ဂလာ တရားနှင့်ညီပါသည်........
ငါသာသိ...ငါသာတတ်..ဟူ၍...မပြောပါနှင့်...
စကားကိုမျှပါ...စကားကိုလု မပြောပါနှင့်.......
သူစကားဆုံးပီးမှ..ကိုယ်စကားစပြောပါ.........
စကားသည်အမှားပါတတ်၍....ထိမ်းပြောခြင်း.....
ဖြင့်...လိုသလောက်သာပြောပါ......
သူတပါးသည်....ကိုယ့်စကားနားမဝင်ပုံထောက်....
လျှင်အပြောရပ်၍..လမ်းကြောင်းလွှဲကာ..နှုတ်ဆက်ပါ..
စကားကြောင့်ပြုံး....စကားကြောင့်မုန်း။
တတ်သောကြောင့်..ချိုသာစွာပြောတတ်ပါစေ...
ဆရာ လယ်တွင်းသားစောချစ်

04/06/2022

မိသားစုအတွက် အားအင်တခုဖြစ်ပါစေ....

သူအလုပ်ပြုတ်နေကြောင်းသူ့ ဇနီးကို မပြောပြ ခဲ့ပါဘူး

မနက်ခင်းတိုင်းမှာ ပုံမှန်လိုပဲ မနက်စာစားပြင်ဆင်ပြီး သူ့ဇနီးလေးရဲ့ပါးကို
နမ်းပြီး
“ချစ်လေး ရေ အလုပ်သွားပြီ နော် ညနေမှပြန်တွေ့ ကြမယ် ကွယ် ”
လို့ နှုတ်ဆက်တယ် သူ့ဇနီးလေးက လည်းပြန်နမ်းပြီး
“စိတ်မကစားနဲ့ နော် အလုပ်ကို ဂရုတစိုက်လုပ် ပါနော် ” ပြောတယ်
သူဟာ လိုင်းကားမှတ်တိုင်မှာသွားစောင့်ပြီး ကားလာတာနဲ့ လူတွေ
ကြားတိုးဝှေ့တက် သွားလိုက်တယ် ကားမှတ်တိုင် ၃ တိုင်လောက်ကျော်
ကျော်လာတော့ ကားပေါ်က ဆင်းတယ်.......................
သူပန်းခြံလေးတစ်ခြံထဲ က ခုံတန်းလျားမမှာ ထိုင်ချလိုက်တယ် သူ့မျက်နှာဟာ ညှိုးငယ်နေတော့ တယ် သက်ပြင်း တွေ တစ်ရှိုက်ပြီးတစ်ရှိုက် ချရင်း ငေးမော နေမိတယ် မျက်စိရှေ့ ကန်ရေပြင်ထဲ မှာကူးခပ်နေတဲ့ ငန်းမောင်နှံကို မျော်ကြည့်ရင်း နင်တို့ ဘဝလေးတွေ က အားကျစရာကောင်းလိုက်တာ လိုသူညည်းတွားမိတော့တယ်.....................
သူဟာပန်းခြံထဲ မှာပဲ ဟိုသွားဒီသွားနဲ့ ညနေစောင်းတဲ့အထိနေ တယ် အဲ့ဒီနော့က် နေရာက ထပြီး လန်းဆန်းတက်ကြွ နေသယောက်ဖြစ်အောင်ပြုံး လိုက်တယ် “ အလုပ် သိမ်းပြီ အိမ်ပြန်လို့ ရပြီ ” ဆိုပြီး ခါးမတ်မတ်ရပ် သူ့ရဲ့စာရွက်စာတမ်းအိပ်လေးကို လွယ်ပြီး အိမ်ပြန်လာခဲ့တော့တယ်........................
အိမ်ရှေ့ရောက်တော့ ချစ်လေးရေ ကိုယ်ပြန်လာပြီ ဆိုပြီး အိမ်ထဲ
ဝင်လိုက်တယ်
သူဟာ ဒီလိုပဲ လက်ဖက်ရည် ဆိုင်မှာ အချိန်ဖြုန်းလိုက်ပန်းခြံ တွေမှာ
အချိန်ဖြုန်း လိုက်နဲ့ ၅ ရက် လောက်ကြာခဲ့တယ်
အလုပ်ပြုတ်ခဲ့ပြီး ၆ရက်မြောက် နေ့ကျတော့ သူကြည့်ထားတဲ့
ဆောက်လုပ်ရေး လုပ်ငန်းမှာသွားအလုပ်လျောက်ဖို့ ဆုံးဖြတ်လိုက်တော့တယ်...........................
ဘိလပ်မြေဖျော်တဲ့ နေရာမှာသူအလုပ်ရ ခဲ့တယ်
သူလုပ်ခဲ့ဖူးတဲ့ကုမ္မဏီ က အလုပ်တွေ နဲ့ အရမ်းကို ကွာခြားတယ် ဖုန်တွေ ရော ဘိလပ်မြေမှုန့်တွေ နဲ့ကော ပေတူးလံ ပြီး အရမ်းပင်ပန်းတယ်
ဒါပေမဲ့ သူလည်းကြိုးစားပြီး လုပ်ရ ရှာတယ်
အဲ့လိုမှမဟုတ်ရင် ရှေ့လျောက်သူနဲ့ သူ့ဇနီးလေးရဲ့ ဘဝ ဘယ်လို သုံးစွဲ
စားသောက်ကြရမှာလဲ.........................
တစ်နေ့ သူ အိမ်သာခန်းထဲ က မှန်ထဲ မှာသူ့ကိုယ်သူပြန်ကြည့်မိတော့
ဘိလပ်မြေ ပုံးနဲ့ ခေါင်းပေါ်ကနေ လောင်းချထားသလိုပဲ
တစ်ကိုယ်လုံးပေကျံစုတ်ပြတ်နေရော အလုပ်သိမ်းချိန်ရောက်တော့ သူ အလုပ်ထဲ မှာပဲ ရေ မိုးချိုးတယ် ပြီးတော့ အိမ်ကနေထွက်လာခဲ့တဲ့ပုံစံ အတိုင်းပဲ
ကုမ္မဏီ အဝတ်အစား တွေလဲတယ် ပြီးတော့ ဆောက်လုပ်ရေး လုပ်ငန်းကနေ သူဟာ ဘိလပ်မြေဖျော်တဲ့အလုပ်သမားမဟုတ်ခဲ့သလိုနဲ့ ထွက်လာ ခဲ့တယ်..........................
အိမ်ရှေ့ပြန်ရောက်တာ နဲ့ ချစ်လေးရေ ကိုယ်ပြန်လာပြီ ဆိုတော့ သူ့ဇနီးလေးက ပြေးလာပြီးတံခါးဖွင့်ကြိုတယ် သူ့ယောက်ျားကိုယ်ပေါ်က ဆပ်ပြာမွေးနံ့ ကို သူအနံ့ ရ တယ်
သူအိမ်ထဲ ဝင်လိုက်တော့ တစ်အိမ်လုံး ပစ္စည်းပစ္စယ တွေက သပ်သပ်ရပ်ရပ်နဲ့ စနစ်တကျရှိနေသလို တစ်အိမ်လုံးသန့်ရှင်းနေတယ် ဘုရားပန်းတွေ လဲ အိမ်နောက်ဖေးမှာသူစိုက်ထားတဲ့ပန်းလေးတွေ နဲ့ လဲထားပြီး လန်းလန်းဆန်းဆန်းရှိနေရော သူ တစ်ခါတည်းနဲ့ အမောတွေ ပြေ ပြီး ပေါ့ပါးသွားသလို ခံစားရတယ်.........................
“ညီမ ရေနွေးတွေ တည်ထားတယ်နော် ကိုကို ရေအရင်ချိုးလိုက်မလား ”
“ကိုကို အလုပ်ထဲ က လုပ်ဖော်ကိုင်ဖက်တွေ နဲ့ ရေကူးကန်မှာ လေ့ကျင့်ခန်းလုပ်ရင်းရေးကူးလာခဲ့ ပြီးပြီကွဲ့”

ညနေ ညစာစားကြတော့ ဇနီးလေးကမေးတယ်

“ခုတလော ကုမ္မဏီ မှာအလုပ်လုပ်ရတာ ဘယ်လိုနေလဲ ”
“အဆင်ပြေ ပါတယ် ခုကုမ္မဏီက ဘွဲ့ရလာခါစ အပျိုမလေး ၂ယောက် အသစ်ခန့်ထားတယ်လေ ချစ်စရာလေးတွေ သိလား ”........................
ဇနီးလေးက စိတ်ဆိုးသလို နဲ့ သူ့နာရွက်ကို ဖွဖွလေးဆွဲလိမ်တယ်
“စိတ်ကစားမယ် လုံးဝ စိတ်မကူးနဲ့နော် သိလား”ဆိုပြီးပြောတယ်
ပြီးတော့ နှစ်ယောက်သား သဘောတွေကျပြီး ရီကြတယ်......................
သူ့ဇနီးလေးက အိုးခွက်ပန်ကန်တွေ သိမ်းဆည်းဆေးကြောရင်းသီချင်းလေး ညည်းနေ ခဲ့ တော့ တယ်..........................
“တော်သေးတာပေါ့သိသွားတော့မလို့ ...ငါလည်း ဘာလို့ လျို့ဝှက်ထားရမှာလဲ မသိတော့ဘူး ဘယ်လောက် ထိတောင်လိမ်ညာနေရ အုန်းမလဲကွာ ”
သူတိုးတိုးလေးညည်းညူ မိရင်းသက်ပြင်းရှည်ကြီး ကိုမှုတ်ထုတ်မိပြန်ပါတော့တယ်........................
သူမျက်နှာသစ်သွားတိုက် ပြီးအိပ်ခန်းထဲ ဝင် စာအုပ်ဖတ်ရင်း ဇနီးလေးကို
စောင့် မလို့ စာအုပ်တောင်မလှန်ရသေးဘူး နွမ်းနယ် လွန်းလို့ တစ်ခါတည်းတန်းအိပ်ပျော်သွားခဲ့တော့တယ်..........................
သူဆောက်လုပ်ရေးမှာလုပ်လာခဲ့တာ ရက် ၂၀ ကျော်ကြာလာတယ်
တစ်နေ့ညနေ ...သူအိမ်ပြန်ရောက်တော့ ည ထမင်းဝိုင်းမှာ ဇနီးလေးကပြောလာတယ်
“ကိုကို ကုမ္မဏီ ဟောင်းမှာလုပ်စရာ မလိုတော့ဘူးနော် .ညီမသတင်းကြားထားတာ ကုမ္မဏီ တစ်ခုက မန်နေဂျာ လိုနေတယ် ညီမဖုန်းလှမ်းဆက်ပြီးမေးကြည့် ပြီးပြီ အဲ့ ကုမ္မဏီက ကိုကိုလိုအတွေ့ အကြုံနဲ့ အရည်ချင်းမျိုးရှိတဲ့လူ ကို တအားလိုနေတာ မနက်ဖြန်
ကိုကို သွားစုံစမ်းကြည့်လိုက်နော် ညီမပြောထားပြီးပြီမို့ပါ ”.......................
သူ ခဏတာ ငြိမ်ကျသွားတယ် ပြီးတော့မှ သူ့ဇနီးလေးကိုမေးလိုက်တာ

“ ဘာလို့ ကိုကို့ ကို အလုပ်ပြောင်းစေ ချင်ရတာလည်း”
“ အလုပ်သစ်ပြောင်းတော့လည်းကောင်းတာပေါ့ ကိုကိုရယ် ဒါမှကိုကို့မှာ
ပိုကောင်းတဲ့ ပတ်ဝန်းကျင်အသစ် ပိုခိုင်မာတဲ့ကုမ္မဏီ နဲ့လုပ်ရတော့
ကိုကိုလည်းတိုးတက်တာပေါ့ ”..............................
နောက်တစ်နေ့ ကျတော့ သူ့ဇနီးလေးပြောတဲ့ကုမ္မဏီ ကြီးမှာ
သူအလုပ်သွားလျှောက်တယ် ကုမ္မဏီကလည်း သူ့ကို အရင်တုန်းက လုပ်ခဲ့ဖူးသလို မန်နေဂျာ ရာထူးမှာလက်ခံခဲ့တယ်

အဲ့ဒီနေ့ ညနေ ခပ်စောစောပဲ သူ စားကောင်းသောက်ဖွယ်တွေဝယ်ပြီးအိမ်ပြန်လာခဲ့တယ် သူ့ဇနီးလေးနဲ့ ပျော်ပွဲစားမလို့ပေါ့

သူတွေးတာက သူ ဇနီးလေးက သူ ဆောက်လုပ်ရေးမှာလုပ်နေတာ သူမပြောပေမဲ့သိနေလိမ့်မယ် ဆိုတာ ခန့်မှန်းမိတယ် သူပိတ်ထားတာမလုံလို့ပဲ ဖြစ်လိမ့်မယ် ဒီလိုမှမဟုတ်ရင် သူ့ကို သူ့ဇနီးလေးရဲ့ အဆက်အသွယ်ရှိတဲ့ ဒီကုမ္မဏီ ကိုပြောင်းလာခိုင်းမှာမဟုတ်ဘူးဆိုတာသူခန့်မှန်းမိတယ်............................
သူ လွန်ခဲ့တဲ့ ရက်တွေ တုန်းက သူ့ဇနီးလေး ချက်ပြီး ကျွေးတဲ့ဟင်းတွေ ကိုပြန် အမှတ်ရမိတယ် နေ့တိုင်း ထမင်းဝိုင်းမှာ တစ်ခြားကျော်တဲ့ဟင်းဖြစ်စေချက်တဲ့ဟင်းတွေ မှာဖြစ်စေ အမြဲတမ်း ကုလားပဲ ဟင်းနဲ့ ကြွက်နာရွက် မှိုဟင်း တော့အမြဲ ပါလေ့ရှိတယ် ဘာကြောင့်လဲ ဆိုတော့ ကြွက်နှာရွက်မှို ဟာ အဆုတ်ကို ဆေးကြောသန့်စင်နိုင်စွမ်းရှိတယ်........................
သူနေ့တိုင်ဘိလပ်မြေမှုန့်တွေ နဲ့ အလုပ်လုပ်ရတာ ကြွက်နာရွက်မှိုဟင်းက အများကြီး အထောက်အပံ့ ဖြစ်ခဲ့တယ်

သူယုံကြည့်တာ သူ့ဇနီးလေးက သူဆောက်လုပ်ရေးမှာသွားလုပ်နေတာ သိနေခဲ့ပြီးပြီဒါပေမဲ့သူကမပြောလို့ သူမ မမေးခဲ့ဖူး ဒါပေမဲ့ သူမတစ်ခြားအရာတွေ ကူညီလုပ်ဆောင်ပေးခဲ့တယ် သူမ က သူ စိတ်မကောင်းဖြစ်မှာကို
စိုးရိမ်ရှာလို့နေမယ်....................................

စုံတွဲ ဘဝ ဆိုတာ တန်ဖိုးထားစရာတစ်ခုရှိနေတာက ချစ်ခင်တွယ်တာ ဆိုတာ ရယ်နောက်တစ်ခုက အေးအတူ ပူအမျှ ဆိုတာရယ်ပါ အမှန်တော့ တစ်ခြား အရာဖြစ်တဲ့ “ ပြောသင့်တဲ့ စကား ကို ပဲ ပြောတာ ” ဆိုတာလဲ ပါ ပါတယ်....................................
ဒီစာလေး ကို .. မိသားစုအတွက် ရုန်းကန်ရင်ဆိုင်နေရတဲ့ အိမ်ထောင်ဦးစီး
ယောက်ျားတွေ အတွက် မျှဝေ ပေးပါတယ်

ပြီးတော့ အဲ့ဒီယောက်ျားအပေါ် နားလည်တတ်စာနာတတ် တဲ့ ဇနီးမယား တွေ အတွက်မျှဝေပေးလိုက်ပါတယ် ခင်ဗျာ

အဲ့ဒီယောက်ျားရဲ့ ဘဝ ထဲ မှာ သူရဲ့ မိဘမောင်နှမ အပြင်နောက်ထပ် ဘယ်သူကို အလေးထား တန်ဖိုးထားတော့မှာတဲ့လည်း? အဖြေကတော့ အဲ့လိုဇနီးမျိုး ကိုပါပဲ......................
ယောက်ျားတစ်ယောက် သူ ဘယ်လို အမြင့်ဆုံးနေရာမှာရပ်တည်နိုင်မှာတဲ့လည်း? ဘယ်လောက်ဝေးဝေး လျောက်လှမ်းနိုင်မှာတဲ့လည်း ?
ယောက်ျားတစ်ယောက်ရဲ့ ဘဝ မှာအရေးကြီး ဆုံး နဲ့ ကင်းကွာလို့ မရတဲ့ အရာကတော့ ကောင်းမွန်တဲ့မိန်းခလေး တစ်ယောက်ယောက်နဲ့ ဘဝ မှာဆုံတွေ့ ခွင့်ရတာပါပဲ.........................
အဲ့ဒီတစ်ယောက်ဟာ
သူငယ်ချင်း လည်းဖြစ်ချင်ဖြစ်မယ်
ငယ်ချစ် ဦးလည်းဖြစ်ချင်ဖြစ်မယ်
ဇနီးမယား လည်းဖြစ်ချင်ဖြစ်မယ်
အချိန်တိုတိုလေးအတွင်းကြုံဆုံခဲံရတာလဲ ဖြစ်ချင်ဖြစ်မယ်
ဒါမှမဟုတ်ဘဝတစ်သက်တာ အတူလက်တွဲသွားခွင့်ရ တာလဲ ဖြစ်ချင်ဖြစ်မယ်.....................
ဘာကြောင့်လဲ ဆိုတော့ ယောက်ျားကောင်းတစ်ယောက် အတွက် ကောင်းမွန်တဲ့ မိန်းခလေးတစ်ယောက်ရဲ့ ဂရုစိုက်မှု့ ကြည့်ရှု့ စောင့်မပေးမှု့ ဖြည့်ဆီးပေးမှု့ အားပေးထောက်ပံ့မှု့ အနီးကပ်ပြုစုယုယ တိုင်ပင်ဖော် အကြံဥာဏ်ပေး မှု့လေးတွေ လိုကို လိုအပ်နေတတ်လို့ပါပဲ..............................
တကယ်လို့ အဲ့လိုကောင်းမွန်တဲ့ မိန်းခလေးမျိုးမရှိပါပဲ ဘယ်လိုလုပ်ပြီးကောင်းမွန်တဲ့ယောက်ျား မျိုး ရှိလာနိုင်မှာတဲ့ လည်း...
++++++++++++++++++
လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်
ကိုယ်ကသာရွေးချယ်မလား ဆိုတာမူတည်သွားတာပါ....❤️
Credit ✍️✍️✍️

Address


Alerts

Be the first to know and let us send you an email when ခွန်အားရှိသော စာစုများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share