Arakan Daily News -ADN

  • Home
  • Arakan Daily News -ADN

Arakan Daily News -ADN Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Arakan Daily News -ADN, Media/News Company, ARAKAN, .

Rohingya refugees protest with four-point demands on repatriation May 25  ADN On May 25, the Rohingya refugees, who fled...
25/05/2023

Rohingya refugees protest with four-point demands on repatriation

May 25 ADN

On May 25, the Rohingya refugees, who fled to Bangladesh due to the genocide and oppression by the Myanmar military, have requested four points of their demands for repatriation to Myanmar.

Bangladesh: These requests came at the same time as the 14-member Myanmar Military Council delegation led by Rakhine State Social Affairs Minister U Aung Myo arrived in Bangladesh today for the pilot repatriation project planned jointly by the two Myanmar countries.

For the Rohingya refugees who have been living under oppression for many years, when they return to their homeland, (1) to get a citizenship card and citizenship rights; (2) To recover the original home and possessions; They are making demands that include four points, including (3) access to freedom of movement and livelihood rights, and (4) access to security guarantees.

The signs with these 4 demands have been hung at Refugee Camp No. 26, where the Myanmar Military Council representative is scheduled to visit, and Rohingya refugees are sharing their protest on social networks. Both Bangladesh and Myanmar are trying to send about 1,100 Rohingya refugees back to Myanmar in the coming weeks, which is facing daily terrorist killings by the military throughout the country.
&

Photos: Social Media
The Arkan Express News

မောင်တောမြောက်ပိုင်းတွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား ဩဂုတ် ၂ ၊ ADN ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း၊ ငါးရံ့ချောင်းနှ...
03/08/2022

မောင်တောမြောက်ပိုင်းတွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား

ဩဂုတ် ၂ ၊ ADN

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း၊ ငါးရံ့ချောင်းနှင့် ဝေလာတောင်တို့အကြားတွင် ယနေ့ နံနက်ပိုင်း၌ ပစ်ခတ်မှုတချို့ ဖြစ်ပွားခဲ့ကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ်အနည်းအငယ် အပြန်အလှန်ပစ်ခတ်သံကို ကြားခဲ့ရကြောင်း၊ ဒေသခံများထံက သိရသည်။

မင်းခမောင်း၊ ဝေလာတောင်ရွာ၊ ခမောင်းဆိပ်တို့နဲ့ နီးသော အဆိုပါ ငါးရံ့ချောင်းကြားနေရာတွင် မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့စခန်းရှိကြောင်းသိရပြီး မည်သည့်အဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာကိုတော့ လောလောဆယ် အတည်ပြု၍ မရနိုင်သေးပေ။

မောင်တောမြို့နယ်အတွင်း ရက္ခိုင့်တပ်တော် AA နှင့် အာဏာသိမ်းမြန်မာစစ်တပ်တို့အကြား စစ်ရေးတင်းမာမှုများရှိနေပြီး၊ ယခင်လတွင် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုများပါ ဖြစ်ပေါ်ခဲ့သည်။

မောင်တောမြောက်ပိုင်း ဝေလာတောင်နေရာတဝိုက်သည် မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့များ သွားလာလှုပ်ရှားသလို ရက္ခိုင့်တပ်တော် AA နှင့် အာဆာလက်နက်ကိုင်တပ်ဖွဲ့တို့ လှုပ်ရှားရာနေရာတစ်ခုလည်း ဖြစ်သည်။

ဓာတ်ပုံ - HRW

ဘင်္ဂလားဒေ့ရ်ှဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာများအားပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ စတင်ရန် ပြင်ဆင်နေကြောင်း သတင်းများထွက်ပေ...
26/07/2022

ဘင်္ဂလားဒေ့ရ်ှဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာများအားပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ စတင်ရန် ပြင်ဆင်နေကြောင်း သတင်းများထွက်ပေါ်

ဇူလိုင် ၂၆ ၊ AEN

မြန်မာစစ်တပ်၏ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် တဖက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ သွားရောက်ခိုလှုံနေရသည့် နေရပ်စွန့်ခွာ ရိုဟင်ဂျာဒုက္ခသည်များအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ စတင်ရန် ပြင်ဆင်နေကြောင်း၊ လက်ခံရေးစခန်းများအား ပြုပြင်မှုများရှိနေကြောင်း မောင်တောခရိုင်ထွေအုပ်ရုံးနှင့် နီးစပ်သူတစ်ဦးမှ The Arakan Express News သို့ အတည်ပြုပြောကြားခဲ့သည်။

"ဒီတကြိမ်ကတော့ ပြန်လည်လက်ခံတဲ့ကိစ္စဖြစ်ကိုဖြစ်လာနိုင်ပါတယ်။ နေပြည်တော်က တိုက်ရိုက်ညွှန်ကြားချက်နဲ့အခု လက်ခံရေးစခန်းတွေပြင်ဆင်တာတွေလုပ်နေပါတယ်။ ဝန်ထမ်းတွေ တိုးချဲ့နေရာချထားပေးမှုတွေလည်း မကြာခင်ဖြစ်လာမယ်လို့ သိရပါတယ်၊ စက်တင်ဘာအကုန် အောက်တိုဘာပေါ့ အဲ့တော့လောက် စပြီးလက်ခံမယ်လို့တော့ သိထားတယ်"

တဖက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များအား ပြန်လည်လက်ခံရာတွင် တနေ့လျှင် လူဦးရေ ၁၅၀ကနေ ၃၀၀ထိ လက်ခံဖွယ်ရှိကြောင်း၊ နေရပ်ပြန်ရိုဟင်ဂျာများအား တောင်ပြိုဝဲ၊ ငါးခူရ၊ ကြိမ်ချောင်း၊ လှဖိုးခေါင်စသည့် ယာယီစခန်းများတွင် ကာလတခုအကြာနေထိုင်စေပြီးမှ ပန်းတောပြင်၊ လှဖိုးခေါင်၊ သဲချောင်း(လှဖိုးခေါင်)၊ ကျောက်လှေကား၊ သက္ကယ်ပြင်၊ ဒါးကြီးစား၊ စံပယ်ကုံး၊ ဒိုးတန်း၊ ဘက္ကာဂုံးနား၊ ကြိမ်ချောင်း(တောင်)၊ ကျောက်ပြင်ဆိပ် (အရှေ့)၊ ကျောက်ပြင်ဆိပ်(အနောက်)၊ ကျောက်ပြင်ဆိပ် (တောင်)၊ ပွင့်ဖြူချောင်း၊ ဆောင်ပိုင်ညာ၊ ကျွန်းပေါက်ပြုစု၊ မြို့မိချောင်း၊ သဲချောင်း (မော်လဝီ) ကျေးရွာများတွင် ပြန်လည်နေရာချထားပေးရန် ပြင်ဆင်ထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း The Arakan Express News က ထပ်ဆင့်အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

နေရပ်စွန့်ခွာရိုဟင်ဂျာဒုက္ခသည်များအား မြန်မာဘက်က ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြားရေးဝန်ကြီးမှ အမေရိကန်၊ ဂျပန်၊ တရုတ်နှင့် အာဆီယံနိုင်ငံများက တာဝန်ရှိသူများနှင့် ယခင်လကတည်းက သွားရောက်တွေ့ဆုံမှုများရှိခဲ့ပြီး၊ ပြီးခဲ့သည့် ဇူလိုင်လ ၂၄ရက်နေ့တွင်လည်း တရုတ်သံအမတ်နှင့်တွေ့ဆုံကာ ရိုဟင်ဂျာများနေရပ်အမြန်ဆုံးပြန်နိုင်ရန်ကိစ္စ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလားတူ ယခင်လလယ်က ဘင်္ဂလားနိုင်ငံခြားရေးအတွင်းဝန်နှင့် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်တို့ ဒုက္ခသည်များနေရပ်ပြန်ရေးကိစ္စ

ရခိုင်တွင် ၄ လအတွင်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ ထောင်ဒဏ်ချခံထားရသူ ၂၃ ဦးအထိ ရှိလာ နိရဥ္စရာ၊ ဇူလိုင် ၂၅/၂၀၂၂ရခိုင်တွင် ယခုန...
25/07/2022

ရခိုင်တွင် ၄ လအတွင်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ ထောင်ဒဏ်ချခံထားရသူ ၂၃ ဦးအထိ ရှိလာ

နိရဥ္စရာ၊ ဇူလိုင် ၂၅/၂၀၂၂

ရခိုင်တွင် ယခုနှစ်ဧပြီလမှစ၍ ဇူလိုင်လနောက်ဆုံးအပတ်အထိ ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ၂၃ ဦးအထိရှိလာကြောင်း သိရသည်။

၄င်းတို့ထဲတွင် စစ်တွေခရိုင်တရားရုံးမှ ၈ ဦး၊ မြောက်ဦးခရိုင်တရားရုံးမှ ၂ ဦး၊ ကျောက်ဖြူခရိုင်တရားရုံးမှ ၉ ဦးနှင့် မောင်တောခရိုင်တရားရုံးမှ ၄ ဦးတို့ပါဝင်ကြသည်။

စစ်တွေခရိုင်တရားရုံးမှ ၈ ဦးတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင်၊ ကိုမျိုးလှိုင်ဦး၊ ကိုမောင်ချေ၊ ကိုမင်းစိုးနှင့် ကိုကျော်ဝင်းဟိန်း၊ မြောက်ဦးမြို့နယ် ဘုရားကြီးချောင်းနားကျေးရွာမှ ကိုတင်မောင်စိုးနှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာမှ ကိုနေလင်းဌေးနှင့် ဦးမောင်စောတို့ဖြစ်ကြပြီး ၄င်းတို့သည် ဇူလိုင်လအတွင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)ဖြင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံလိုက်ရခြင်းဖြစ်သည်။

မြောက်ဦးခရိုင်တရားရုံးမှ မြောက်ဦးဒေသခံ ၂ ဦးကိုလည်း ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်လိိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အလားတူ ကျောက်ဖြူခရိုင်တရားရုံးမှ ၉ ဦးတွင် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာမှ ဦးဝင်းနိုင်နှင့် အလယ်ချောင်းကျေးရွာမှ ဦးငလုံးအောင်(ခ) ထွန်းထွန်းဝင်း၊ ဦးညီညီဇော်၊ ဦးဇော်ထွန်း၊ ဦးမြင့်ထွန်း၊ ဦးချမ်းငြိမ်း၊ ဦးဇော်ဌေး(ခ) မျိုးဝင်း၊ ဦးထွန်းဝင်းနှင့် ဦးရဲကိုနိုင်တို့ဖြစ်ပြီး ၄င်းတို့သည် ဇူလိုင်လ ၂၁ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)ဖြင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံလိုက်ရခြင်းဖြစ်သည်။

ထို့အပြင် မောင်တောခရိုင်တရားရုံးမှ ၄ ဦးတွင် မောင်တောမြို့နယ် ဖားဝပ်ချောင်းကျေးရွာမှ ဦးခင်မောင်လှနှင့် ဦးကျော်နိုင်၊ မောင်တောမြို့ အမှတ်(၃) ရပ်ကွက်မှ ကိုညီညီနိုင်နှင့် မောင်တောမြို့နယ် ငွေတောင်ကျေးရွာမှ ဦးအောင်လှသိန်းတို့ဖြစ်ကြပြီး ၎င်းတို့သည် ပြီးခဲ့သည့်ဧပြီလက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (စျ)၊ ၅၀(က)နှင့် ၅၁(က)တို့ဖြင့် နှစ်ရှည်ထောင်ဒဏ်အသီးသီးချမှတ်ခံလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

သူတို့အားလုံးသည် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ ရခိုင်ပြည်နယ်၊ မြို့နယ်အသီးသီးမှ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် စစ်တပ်က ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည််။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်က စစ်ကောင်စီမှ ရက္ခိုင့်တပ်တေ်ာ(AA)ကို အကြမ်းဖက်အဖွဲ့အစည်းကနေဖျက်သိမ်းခဲ့ပြီးနောက်တွင် AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူများကိို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ထောင်ဒဏ်ချခြင်းသည် မတရားထောင်ချခြင်းဖြစ်ကြောင်း မောင်တောမြို့နယ်မှ ထောင်ချခံထားရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ဒါကတော့ မတရားထောင်ချတာပါ။ AA ကိုလည်း အကြမ်းဖက်အဖွဲ့ကနေရုပ်သိမ်းပြီးထားပြီဖြစ်လို့ အခုသူတို့တွေကို ဒီဥပဒေတွေနဲ့ချတာကတ

23/07/2022
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က ပယ်ချခဲ့သည့် မြန်မာဘက်မှ ပမာဏ ကန့်ကွက်ချက် (၄)ချက်ဇူလိုင် ၂၂ ၊ ADNမြန်မာနိုင်ငံ၊ ရခိုင်ပြ...
23/07/2022

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က ပယ်ချခဲ့သည့် မြန်မာဘက်မှ ပမာဏ ကန့်ကွက်ချက် (၄)ချက်

ဇူလိုင် ၂၂ ၊ ADN

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒေသခံများကို နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် လူမျိုးတုန်းသတ်ဖြတ်ခဲ့မှုကြောင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားရာတွင် မြန်မာဘက်က ပဏာမ ကန့်ကွက်ချက် (၄)ချက်ကို တင်သွင်းထားခဲ့ရာ ယနေ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှ ကန့်ကွက်ချက် (၄)ချက်လုံးအား ပယ်ချခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။

မြန်မာဘက်က ကန့်ကွက်ချက် (၄)ချက်ဖြစ်သည့် (၁) ဂမ်ဘီယာနိုင်ငံသည် OIC (Organization of Islamic Cooperation) အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကိုယ်စား တရားစွဲဆိုခဲ့တာကြောင့် တရားစွဲဆိုခွင့်မရှိကြောင်း။ (၂) ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်ခံရမှုဆိုသည့် စွပ်စွဲချက်သည် ဂမ်ဘီယာနိုင်ငံပိုင် နယ်နမိတ်အတွင်း ဖြစ်ပွားခဲ့ခြင်း မဟုတ်သလို ဂမ်ဘီယာနိုင်ငံအနေနဲ့လည်း တစုံတရာထိခိုက်နစ်နာမှု မရှိသည့်အတွက် တရားစွဲဆိုနိုင်ရန် အခွင့်အလမ်းမရှိကြောင်း။ (၃) မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေး ပဋိညာဉ်အား လက်မှတ်ထိုးစဉ် ခြွင်းချက်ထားခဲ့သည့် ပုဒ်မ ၈ ကြောင့် ICJ တရားရုံးက ဂမ်ဘီယာနိုင်ငံက မြန်မာသို့စွဲဆိုသောအမှုအား စီရင်ပိုင်ခွင့်မရှိကြောင်း။ (၄) ဂမ်ဘီယာနိုင်ငံမှ အမှုတိုင်ကြားစဉ်ကာလအတွင်း ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား အငြင်းအပွားမှုတစ်စုံတရာမရှိသောကြောင့် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုမှာ တရားဝင်မှုမရှိကြောင်း မြန်မာနိုင်ငံဘက်က ကန့်ကွက်ထားရှိခဲ့တာဖြစ်သည်။

ယနေ့ ICJ တရားရုံးတော်က ဂမ်ဘီယာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး၊ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေး ပဋိညာဉ်အဖွဲ့ဝင်နိုင်ငံဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံအား တရားစွဲဆိုခွင့်ရှိကြောင်း၊ ၂၀၁၈ခုနှစ်၊ ၂၀၁၉ ခုနှစ်များက စစ်ဆေးခဲ့သည့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့၏ ထုတ်ပြန်ချက်များ ထွက်ပေါ်စဉ်ကတည်းက ဂမ်ဘီယာနိုင်ငံ၏ ရပ်တည်ချက်၊ မြန်မာနိုင်ငံသို့ ပေးပို့ခဲ့သည့်စာများနှင့် မြန်မာဘက်က အခြေအနေများကို သုံးသပ်ပြီး ဂမ်ဘီယာနှင့် မြန်မာတို့အကြား အငြင်းပွားမှုများ ရှိနေခြင်းကြောင့် အမှုကိုဆက်လက် ကြားနာရန် ဆုံးဖြတ်ခဲ့သည်။

ထိုသို့ တရားရုံးတော်၏ ဆုံးဖြတ်ချက်များတွင် မြန်မာဘက်က ကန့်ကွက်ချက် (၄)ချက်၌ (၂)ချက်အား တရားသူကြီးအဖွဲ့ဝင်အားလုံးက တညီတညွတ်တည်း ပယ်ချခဲ့ပြီး၊ ကျန်(၂)ချက်ကိုမူ တရုတ်နိုင်ငံတရားသူကြီးတစ်ဦ

Breaking News မောင်တောမြောက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်တိုက်ပွဲဖြစ် နိရဥ္စရာ၊ ဇူလိုင် ၁၈/၂၀၂၂ ရ...
18/07/2022

Breaking News

မောင်တောမြောက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်တိုက်ပွဲဖြစ်

နိရဥ္စရာ၊ ဇူလိုင် ၁၈/၂၀၂၂

ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းတွင် ယနေ့နံနက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်တိုက်ပွဲဖြစ်သံများကို ကြားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ ဇူလိုင် ၁၈ ရက်နေ့ နံနက် ၇ နာရီကျော်မှစကာ ၁၁ နာရီကျော်အထိ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းအလွန် တရိန်းနှင့် မြဝတီရွာကြားရှိ တောတောင်များဘက်မှ အပြန်အလှန်ပစ်ခတ်သံများကို ကြားခဲ့ရကြောင်း ပြောသည်။

ဒေသခံတစ်ဦးက "လက်နက်ကြီးသံတွေရော၊ လက်နက်ငယ်သံတွေပါ ကြားရပါတယ်။ နှစ်ဘက် အပြန်အလှန်ဖြစ်ကြတဲ့အခြေအနေပါ"ဟု ပြောသည်။

အပြန်အလှန်ပစ်ခတ်သံများကို နံနက် ၇ နာရီကျော်တွင်တစ်ကြိမ်နှင့် နံနက် ၁၁ နာရီကျော်တွင် တစ်ကြိမ်ကြားခဲ့ရသည်ဟုလည်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

"မနက်ကတည်းကကြားနေရတာ။ ရွာကလူတွေတော့ တချို့တွေ ရှောင်နေကြတယ်။ အခြေနေအရတော့ နှစ်ဘက်ဖြစ်နေတာပါ" ဟု ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားနေသည့်နေရာသည် AA အပါအဝင် ARSA အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ လှုပ်ရှားနေသည့်နေရာဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယခုဖြစ်ပွားနေသည့်တိုက်ပွဲမှာ မည်သည့်အဖွဲ့တို့ဖြစ်နေသည်ကို နိရဥ္စရာအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

AA နှင့် စစ်ကောင်စီတို့ဖြစ်ခြင်း ဟုတ်/မဟုတ်ကိုလည်း AA ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဥ္စရာက ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။ (NN-7)

(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)

အင်္ဂလိပ်သတင်း - www.narinjara.com

မြန်မာသတင်း - https://burmese.narinjara.com/

မောင်တောမြို့နယ်၊မိချောင်းတပ်ရွာရှိ အိမ် ၁ အိမ်မှ မိမိတို့ နေရပ်သို့ ပြန်ဝင်လာသည့် မွတ်ဆလင် ၈ ဦး ဖမ်းဆီးခံရMDN- ဇူလိုင် ...
16/07/2022

မောင်တောမြို့နယ်၊မိချောင်းတပ်ရွာရှိ အိမ် ၁ အိမ်မှ မိမိတို့ နေရပ်သို့ ပြန်ဝင်လာသည့် မွတ်ဆလင် ၈ ဦး ဖမ်းဆီးခံရ

MDN- ဇူလိုင် ၁၆/၂၀၂၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မင်္ဂလာကြီးကျေးရွာအုပ်စု၊ မိချောင်းတပ်ကျေးရွာရှိ အိမ် ၁ အိမ်မှ မိမိတို့ နေရပ်သို့ ပြန်ဝင်လာသည့် မွတ်ဆလင် ၈ ဦးကို ဇူလိုင် ၁၅ ရက်နေ့ နေ့လည်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ် ပူးပေါင်းအဖွဲ့မှ တစ်ဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ တရားမဝင် လမ်းကြောင်းဖြင့် မိမိတို့ နေရပ် ပြန်ဝင် ရောက်ရှိနေကြောင်း သိရသဖြင့် ကျေးရွာတာဝန်ခံ၊ ရပ်မိ/ရပ်ဖတို့ နှင့်အတူ မီနာရာ၊ (ဘ)ရူးလိန်၊ ၃၆ နှစ် ၏နေအိမ်သို့ ဝင်ရောက်စစ်ဆေးခဲ့ရာမှ ဖမ်းဆီးခံရခဲ့ခြင်း သိရသည်။

ယင်းနောက် အိမ်ရှင်ဖြစ်သူ မီနာရာ၏ထွက်ဆိုချက်အရ တစ်ရွာတည်းနေ နူမာမတ်မှ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ရှိ ဆွေမျိုးတော်စပ်သူများ ပြန်လည်လာရောက်မည်ဖြစ်၍ မီနာရာ၏နေအိမ်တွင် တစ်ရက်ခန့်နေထိုင်လိုကြောင်း၊ ငွေ ၅ဝဝဝဝ ကျပ်ပေးမည်ဟုပြောခဲ့သဖြင့် နေရပ်ပြန်လည်ဝင်ရောက် လာသူများအား လက်ခံထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသော မွတ်ဆလင် ၈ ဦးနှင့် လက်ခံထားရှိသူ မီနာရာအား လဝကအက်ဥပဒေဖြင့် အရေးယူနိုင်ရေးအတွက် မောင်တောမြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိကာ ဆက်စပ်တရားခံဖြစ်သူ နူမာမတ်အား ဖမ်းဆီးရမိရေးအတွက် လိုက်လံရှာဖွေစုံစမ်းလျှက်ရှိကြောင်း ပြည်နယ်စစ်ကောင်စီက သတင်းထုတ်ပြန်ချက်အရ သိရသည်။

AA တပ်တော်မှ ဇူလိုင် ၁၀ ရက်နေ့မှာ ကျရောက်မှာဖြစ်တဲ့ မူဆလင်တွေရဲ့ အိဒ်ပွဲနေ့အတွက် အခွန်များအတင်းအဓမ္မတောင်းခံနေ ရခိုင့်အသ...
08/07/2022

AA တပ်တော်မှ ဇူလိုင် ၁၀ ရက်နေ့မှာ ကျရောက်မှာဖြစ်တဲ့ မူဆလင်တွေရဲ့ အိဒ်ပွဲနေ့အတွက် အခွန်များအတင်းအဓမ္မတောင်းခံနေ

ရခိုင့်အသံ၊ ဇူလိုင် ၈

ကျောက်တော်မြို့နယ်ဘက်က AA အဖွဲ့က ဒုနိုင်ငံရေးမှူးအဆင့်ရှိတဲ့ ကောင်းမြတ်၊ ဒုဗိုလ်အဆင့်ရှိတဲ့ ထွန်းသာမောင် တို့ဦးစီးတဲ့အဖွဲ့ဟာ မူဆလင်ရွာတွေကို ရောက်လာခဲ့ပြီး AA အဖွဲ့မှ ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံခဲ့ကြတယ်လို့ ဒေသခံများသတင်းပေးချက်အရ သိရသည်။ တွေ့ဆုံရတဲ့အကြောင်းအရင်းကတော့ ဇူလိုင် ၁၀ ရက်နေ့မှာ ကျရောက်မှာဖြစ်တဲ့ မူဆလင်တွေရဲ့ အိဒ်ပွဲမှာ အသုံးပြုမဲ့ ကျွဲ၊ နွားတွေကို ၁ ကောင်သတ်လျှင် အသား ၁ ပိဿာနှင့် ငွေ ၁၅၀၀၀ ကျပ်ပေးသွင်းရမယ်လို့ ပြောခဲ့ကြောင်း သိရသည်။ AA အဖွဲ့အနေဖြင့် ၎င်းတို့သွားလာလှုပ်ရှားတဲ့ ဒေသတွေက မူဆလင်တွေကို အကြောက်တရားနဲ့စည်းရုံးပြီး လိုအပ်တဲ့ငွေကြေးနှင့် ရိက္ခာတွေတောင်းခံခြင်း၊ တစ်နှစ်လျှင်တစ်ခါသာပြုလုပ်ရတဲ့ မူဆလင်တွေရဲ့ ဘာသာရေးပွဲကိုအကြောင်းပြပြီး ဆက်ကြေးကောက်ခံခြင်းဖြစ်တယ်လို့ ဒေသခံများထံမှ သိရသည်။ အဆိုပါ ဒေသရှိ မူဆလင်ကျေးရွာများကို AA အဖွဲ့က အကြောက်တရားနဲ့ ဩဇာလွှမ်းမိုးမှုရှိနေအောင်လုပ်နေတာဖြစ်တယ်လို့ ဒေသခံမူဆလင်တစ်ဉီးကပြောကြားသည်။ “ AA က မတူကွဲပြားတဲ့အမျိုးနွယ်စုတွေနဲ့သဟဇာတဖြစ်အောင်လုပ်နေပါတယ်ဆိုပြီး အမြဲပြောတယ်။ လက်တွေ့မှာကျတော့ သူတို့ရဲ့တကယ်စိတ်စေတနာမပါ မှန်းသိသာပါတယ်။ ကျနော်တို့ဆီက ဆန်တွေကို စေ◌ျးနှိမ် ဝယ်တာတွေရှိတယ်။ ကြောက်တော့လည်း ရောင်းပေးရတာပေါ့ဗျာ။ အခုရခိုင်မှာက ကုန်ပစ္စည်းစေ◌ျးနှုန်းတွေက အကုန်ကြီးနေတာ။ “ ဟု ပြောကြားသည်။ AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် မီဒီယာများသို့ဖြေကြားရာ တွင် မူဆလင်များနှင့် သဟဇာတဖြစ်ရန် အမြဲကြိုးစားဆောင်ရွက်နေသည်ဟု ဖြေကြားထားသည်။

#အိဒ်ပွဲ
#အခွန်ကောက်ခံ

Breaking News AA တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်၍ တပ်ဖွဲ့ဝင်အချို့ ကျဆုံးဟု AA ထုတ်ပြန်နိရဥ္စရာ၊ ဇူလို...
04/07/2022

Breaking News

AA တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်၍ တပ်ဖွဲ့ဝင်အချို့ ကျဆုံးဟု AA ထုတ်ပြန်

နိရဥ္စရာ၊ ဇူလိုင် ၄ / ၂ဝ၂၂

ရက္ခိုင့်တပ်တော်(AA)တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်၍ တပ်ဖွဲ့ဝင်အချို့ ကျဆုံးသွားသည်ဟု AA က ယနေ့ညနေတွင် ထုတ်ပြန်သည်။

ယနေ့ ဇူလိုင်လ ၄ ရက် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် မြန်မာ-ထိုင်း နယ်စပ်ရှိ AA တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်က လေကြောင်းမှ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ရသည်ဟု AA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ- ထိုင်းနယ်စပ်အနီး၊ ကရင်ပြည်၊ KNLA တပ်မဟာ(၅) ဧရိယာထဲရှိ ရက္ခိုင့်တပ်တော်တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်(၂)စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၎င်းစခန်းအနီး ပတ်ဝန်းကျင်ရှိ မိမိတို့တပ်ဖွဲ့ဝင်အချို့ ကျဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ယင်းစခန်းအတွင်းရှိ ဆေးရုံဆေးခန်း၊ စက်ခြုပ်စက်ရုံအပါအဝင် အဆောက်အအုံအချို့လည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း AA ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်(၂)စီးသည် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ AA တပ်စခန်းအား မြန်မာဖက်(ကရင်ပြည်ထဲ)မှ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိုင်းနိုင်ငံလေပိုင်နက်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဥ္စရာက ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

“ကျွန်တော်တို့ရဲ့မျက်လုံးတွေကနေကြည့်ပါ” ရိုဟင်ဂျာဓာတ်ပုံပညာရှင်များက ဒုက္ခသည်စခန်းတွင်း ဘဝအခြေအနေတွေကိုဖော်ကြူးထားတဲ့ ဓာ...
02/07/2022

“ကျွန်တော်တို့ရဲ့မျက်လုံးတွေကနေကြည့်ပါ” ရိုဟင်ဂျာဓာတ်ပုံပညာရှင်များက ဒုက္ခသည်စခန်းတွင်း ဘဝအခြေအနေတွေကိုဖော်ကြူးထားတဲ့ ဓာတ်ပုံပြပွဲပြုလုပ်

Unicode
ဇူလိုင် ၂၊ ၂၀၂၂ Myanmar Muslim Media

လွန်ခဲ့တဲ့၅နှစ်က မြန်မာနိုင်ငံကနေထွက်ပြေးလာခဲ့ရတဲ့ သိန်းနဲ့ချီတဲ့ရိုဟင်ဂျာမွတ်စလင်တွေရဲ့ ဘဝအခြေအနေတွေကို ပိုမိုသိမြင်နားလည်နိုင်စေဖို့ ရည်ရွယ်ပြီး ရိုဟင်ဂျာဓာတ်ပုံပညာရှင်တွေက ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းက ကမ္ဘာ့အကြီးမားဆုံးဒုက္ခသည်စခန်းဖြစ်တဲ့ ကုတုပလောင်ဒုက္ခသည်စခန်းတွင်း ကဘ၀တွေကိုမှတ်တမ်းတင်ထားတဲ့ စစ်မှန်တဲ့ဘ၀တွေကို ဖော်ပြတဲ့ဓာတ်ပုံပြပွဲကို စီစဉ်ခဲ့ကြပါတယ်။

“အန်ရာရိုဟင်ဂျာ(ကျွန်တော်တို့သည်ရိုဟင်ဂျာများဖြစ်သည်)” အမည်တပ်ထားတဲ့ဓာတ်ပုံပြပွဲဟာ ဒုက္ခသည်စခန်းတွင်းအခြေစိုက်တဲ့ အသင်းအဖွဲ့တစ်ခုကထုတ်လုပ်ဖြန့်ချီထားတဲ့ Rohingyatographer မဂ္ဂဇင်းက ဓာတ်ပုံပညာရှင် ၁၁ဦးရဲ့ လက်ရာတွေကိုအသားပေးဖော်ပြထားတာပဲဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ရက်စက်တဲ့ဖိနှိပ်မှုတွေရဲ့ရလဒ်အနေနဲ့ ရိုဟင်ဂျာတစ်သန်းနီးပါး ဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်နေကြရပါတယ်။ ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာဖိနှိပ်ခံရဆုံးလူနည်းစုလို့ ကုလသမဂ္ဂကလည်းဖော်ပြခဲ့ပြီး လက်ရှိမှာတော့ ဒီအရေးကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာတရားရေးခုံရုံး(ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့စုံစမ်းစစ်ဆေး ကြားနာမှုတွေလုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။

ရိုဟင်ဂျာတစ်ချို့ဟာ မြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်မှာ ကျန်ရှိနေဆဲဖြစ်ပြီး သူတို့ဟာလှုပ်ရှားသွားလာမှုတွေတင်းကျပ်ခံထားရသလို အနီးကပ်စောင့်ကြည့်စစ်ဆေးမှုတွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ၂၀၂၁ခုနှစ်စစ်အာဏာသိမ်းမှုနဲ့ဖြုတ်ချခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာခေါင်းဆောင်အဆက်ဆက်ဟာ ရိုဟင်ဂျာတွေကိုမြန်မာနိုင်ငံသားတွေအဖြစ်အသိအမှတ်ပြုဖို့ ငြင်းဆန်ပယ်ချခဲ့ပြီး သူတို့ကိုဘင်္ဂါလီတွေအဖြစ်သာသတ်မှတ်ခဲ့မှုတွေနဲ့အတူ နှစ်ပေါင်းများစွာဖိနှိပ်ခွဲခြားခံရမှုတွေဟာ ဒီပြပွဲရဲ့ဆောင်ပုဒ်ကို အလေးထားဖော်ပြသွားဖို့ တွန်းအားတွေဖြစ်စေခဲ့ပါတယ်။

ပြပွဲနဲ့စာအုပ်ကိုစီစဉ်သူ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးလည်းဖြစ် Rohingyatographer မဂ္ဂဇင်းထူထောင်သူလည်းဖြစ်သူ ဆာဟက်ဇီယာဟီးရိုးက “ရိုဟင်ဂျာဒုက္ခသည်အသိုင်းအဝန်းရဲ့ အခြေအနေတွေကို ကျွန်တော်တို့မျက်လုံးတွေကနေ ကမ္ဘာကြီးကိုမြင်စေချင်ပါတယ်” လို့ မီဒီယာထုတ်ပြန်ချက်ထဲမှာပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့တွေကိုလည်း လူသားတွေအဖြစ် တစ်ခြားသူတွေကိုမြင်သလို မြင်စေချင်ပါတယ်။ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေ အိပ်မက်တွေ ကျွန်တော်တို့ရဲ့ဝမ်းနည်းမှုတွေ ပူဆွေးရမှုတွေကို တစ်ခြားသူတွေနဲ့အတူမျှဝေခံစားစေလိုပါတယ်။” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။ ပြပွဲနဲ့ Rohingyatographer မဂ္ဂဇင်းရဲ့ပထမဆုံးထုတ်စာစောင်မှာ ကုတုပလောင်ဒုက္ခသည်စခန်းက နေ့စဉ်ဘဝအကြောင်းတွေကိုပုံဖော်ထားပါတယ်။

သက်ကြီးရွယ်အိုများ ငယ်ရွယ်သူများ မျှော်လင့်ချက်ရှိသော လေးနက်သော မျက်နှာတွေကို ပြပွဲတစ်လျှောက် ပြသထားပြီး အိုးမဲ့အိမ်မဲ့ဘ၀ရောက်နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေရဲ့မျက်နှာတွေထဲက လက်တစ်ဆုပ်စာလောက်ကို ပြသထားပါတယ်။ ဒါ့အပြင် ၂၀၁၇ခုနှစ်ကတည်းက မွေးဖွားခဲ့တဲ့ ကလေးငယ်တွေရဲ့မျက်နှာတွေကိုလည်းဖော်ပြထားပါတယ်။ ကလေးငယ်တစ်သိန်းကျော်ရှိမယ်လို့ Save the Children ရဲ့အစီရင်ခံစာတွေမှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံကသူတို့ရဲ့မွေးရပ်မြေသို့နေရပ်ပြန်ပို့ရေးအလားအလာတွေဟာလည်း စစ်တပ်လက်အောက်မှာ ပိုမဖြစ်နိုင်တဲ့အလားအလာတွေတိုးလာနေတာကြောင့် ကုတုပလောင်ဒုက္ခသည်စခန်းဟာ လာမဲ့နှစ်တွေမှာသူတို့ရဲ့တစ်ခုတည်းသော အိမ်ဖြစ်ဖွယ်ရှိနေပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဘယ်လောက်တောင်နှိပ်စက်ညှင်းပန်းခံခဲ့ရလဲဆိုတာကို ကမ္ဘာကြီးကိုပြသဖို့ ဓာတ်ပုံပညာရှင်တစ်ဦးဘဝကို စတင်ခဲ့တာဖြစ်ကြောင်း စာအုပ်နဲ့ပြပွဲမှာပါဝင်ထားတဲ့ ရိုဟင်ဂျာဓာတ်ပုံပညာရှင်တစ်ဦးဖြစ်သူ မက်ဒ်ဂျာမယ်လ်က အလ်ဂျာဇီးယားသတင်းဌာနကိုပြောပါတယ်။ “ကျွန်တော်တို့မျက်လုံးတွေကနေ ရိုဟင်ဂျာဒုက္ခသည်အသိုင်းအဝန်းရဲ့ဘ၀တွေကို မြင်တွေ့ပြီး ကျွန်တော်တို့ရဲ့ပရိသတ်တွေစိတ်ဝင်စားလာဖို့မျှော်လင့်မိပါတယ်” လို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာတွေကို နိုင်ငံသားတွေအဖြစ် မြန်မာကငြင်းဆန်ပယ်ချမှုတွေကြောင့် ဒီလူနည်းစုဟာနိုင်ငံမဲ့ ဘ၀ရောက်နေရပါတယ်။ မြန်မာစစ်တပ်က ဒီလူမျိုးစုကို မြန်မာနိုင်ငံနဲ့သက်ဆိုင်မှုမရှိတဲ့ ဘင်္ဂါလီကျူးကျော်သူတွေလို့စွပ်စွဲပြီး သူတို့ရဲ့ကိုယ်ပိုင်အမှတ်လက္ခဏာဖြစ်တဲ့ ရိုဟင်ဂျာဆိုတာကိုလည်း ရှုတ်ချခဲ့ပါတယ်။ ထိုကဲ့သို့သဘောထားတွေဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းဒီလူမျိုးစုအပေါ် အကြိမ်ကြိမ်တိုက်ခိုက်မှုတွေအတွက် လူကြိုက်များအားပေးထောက်ခံမှုတွေနဲ့ ဗုဒ္ဓဘာသာလူများစုဖြစ်တဲ့ မြန်မာလူထုကြား မွတ်စလင်လူနည်းစုတစ်စုအပေါ် ခါးခါးသီးသီးနဲ့မကျေနပ်တဲ့မီးတွေ တောက်လောင်စေခဲ့ပါတယ်။ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင် မြန်မာစစ်တပ်ရဲ့လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်ဖို့ သည်ဟေးဂ်ထိတောင် သွားရောက်ကာကွယ်ပေးခဲ့ပါတယ်။

“ဓာတ်ပုံပညာရှင်တစ်ယောက်ချင်းစီဟာ သူတို့ကိုယ်ပိုင်အမြင်တွေရှိကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဓာတ်ပုံပညာကိုစူးစမ်းလေ့လာဖို့ သင်ယူနေရဆဲဖြစ်ပါတယ်။ ဒါပေမယ့်ဒါဟာ ဒီမှာနေထိုင်ပြီးနေ့စဉ်တွေ့ကြုံနေရတဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အကူအညီဖြစ်စေပါတယ်” လို့ ဂျာမယ်လ်ကပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ရိုဟင်ဂျာသောင်းနဲ့ချီ ၂၀၁၂ခုနှစ်ကတည်းက ရခိုင်ပြည်နယ်ကဒုက္ခသည်စခန်းတွေထဲမှာ ပိတ်လှောင်ခံထားရပါတယ်။ အဲဒီစခန်းတွေထဲမှာနေထိုင်နေရတဲ့သူတွေဟာ လွတ်လပ်စွာသွားလာခွင့်တွေနဲ့ လူမှုအခွင့်အရေးတွေ တင်းကျပ်ကန့်သတ်ခံထားရပါတယ်။

ရိုဟင်ဂျာတွေဒုက္ခသည်စခန်းတွေထဲ ပို့ခံရပြီးကတည်းက ၁၀နှစ်ကြာအထောက်အထားမှတ်တမ်းရယူနေတဲ့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ မကြာသေးမီကအစီရင်ခံစာဖော်ပြချက်အရ စခန်းတွေထဲက အခြေအနေတွေဟာ စစ်အာဏာသိမ်းပြီးကတည်းက ပိုမိုဆိုးရွားလာခဲ့ကြောင်းဖော်ပြထားပါတယ်။ “ပြီးခဲ့တဲ့၁၀နှစ်တာကာလအတွင်းမှာ အခြေအနေတွေကပိုမိုဆိုးရွားလာခဲ့ပါတယ်” လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အာရှသုတေသီ ရှေနာဘူချနာက အလ်ဂျာဇီးယားသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

“စခန်းတွင်းကရိုဟင်ဂျာတွေနဲ့ စကားပြောတဲ့အခါ တစ်ခုခုပြောင်းလဲမယ်ဆိုတဲ့ မျှော်လင့်ချက်မဲ့မှုခံစားချက်တွေသာ ပျံ့နှံ့နေပါလိမ့်မယ်” လို့ သူကဆိုပါတယ်။ ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေဟာ ပညာရေးနဲ့ဆေးဝါးအကူအညီတွေ လက်လှမ်းမီမှုနည်းပါးနေသလို တင်းကျပ်တဲ့ခရီးသွားလာမှုကန့်သတ်ချက်တွေနဲ့ စောင့်ကြည့်ကြပ်မတ်ခံနေရပြီး ဒါဟာသူတို့အတွက် အလုပ်လုပ်ကိုင်ဖို့တွေခက်ခဲစေပါတယ်။ မြန်မာဘက်ခြမ်းမှာလည်း ၂၀၁၇ခုနှစ်ရက်စက်မှုတွေကနေ အသက်ရှင်ကျန်လွတ်မြောက်ခဲ့သူ ရိုဟင်ဂျာ၆သိန်းခန့်ဟာလည်း အလားတူတင်းကျပ်ကန့်သတ်မှုပုံစံတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

ရိုဟင်ဂျာတွေကြုံတွေ့ခံစားခဲ့ရတာတွေနဲပပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ တာဝန်ယူမှုတစ်ချို့လုပ်ဆောင်ဖို့လိုအပ်တယ် လို့ ဘူချနာကပြောပါတယ်။ “၂၀၁၂ခုနှစ်တုန်းကသာ နိုင်ငံတကာအသိုင်းအဝန်းက စစ်တပ်ရဲ့လူမျိုးတုံးရှင်းလင်းမှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်ကျူးလွန်မှုတွေကို အသိအမှတ်ပြုပြီး စစ်တပ်ကိုအရေးယူမှုတွေလုပ်ဆောင်ခဲ့မယ်ဆိုရင် ကုန်လွန်ခဲ့တဲ့၁၀နှစ်တာကာလဟာ ပြောင်းလဲမှုတွေရှိကောင်းရှိနိုင်ခဲ့မှာ” လို့ သူမကပြောကြားခဲ့ပါတယ်။

Al Jazeera သတင်းဌာနပါ Ali MC ရေးသားသည့် “Through our own eyes’: Rohingya refugees stage photography show” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။

Zawgyi

“ကျွန်တော်တို့ရဲ့မျက်လုံးတွေကနေကြည့်ပါ” ရိုဟင်ဂျာဓာတ်ပုံပညာရှင်များက ဒုက္ခသည်စခန်းတွင်း ဘ၀အခြေအနေတွေကိုဖော်ကြူးထားတဲ့ ဓာတ်ပုံပြပွဲပြုလုပ်

ဇူလိုင် ၂၊ ၂၀၂၂ Myanmar Muslim Media

လွန်ခဲ့တဲ့၅နှစ်က မြန်မာနိုင်ငံကနေထွက်ပြေးလာခဲ့ရတဲ့ သိန်းနဲ့ချီတဲ့ရိုဟင်ဂျာမွတ်စလင်တွေရဲ့ ဘ၀အခြေအနေတွေကို ပိုမိုသိမြင်နားလည်နိုင်စေဖို့ ရည်ရွယ်ပြီး ရိုဟင်ဂျာဓာတ်ပုံပညာရှင်တွေက ဘင်္ဂလားဒေ့ရ်ှတောင်ပိုင်းက ကမ္ဘာ့အကြီးမားဆုံးဒုက္ခသည်စခန်းဖြစ်တဲ့ ကုတုပလောင်ဒုက္ခသည်စခန်းတွင်း ကဘဝတွေကိုမှတ်တမ်းတင်ထားတဲ့ စစ်မှန်တဲ့ဘဝတွေကို ဖော်ပြတဲ့ဓာတ်ပုံပြပွဲကို စီစဉ်ခဲ့ကြပါတယ်။

“အန်ရာရိုဟင်ဂျာ(ကျွန်တော်တို့သည်ရိုဟင်ဂျာများဖြစ်သည်)” အမည်တပ်ထားတဲ့ဓာတ်ပုံပြပွဲဟာ ဒုက္ခသည်စခန်းတွင်းအခြေစိုက်တဲ့ အသင်းအဖွဲ့တစ်ခုကထုတ်လုပ်ဖြန့်ချီထားတဲ့ Rohingyatographer မဂ္ဂဇင်းက ဓာတ်ပုံပညာရှင် ၁၁ဦးရဲ့ လက်ရာတွေကိုအသားပေးဖော်ပြထားတာပဲဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ရက်စက်တဲ့ဖိနှိပ်မှုတွေရဲ့ရလဒ်အနေနဲ့ ရိုဟင်ဂျာတစ်သန်းနီးပါး ဘင်္ဂလားဒေ့ရ်ှကဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်နေကြရပါတယ်။ ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာဖိနှိပ်ခံရဆုံးလူနည်းစုလို့ ကုလသမဂ္ဂကလည်းဖော်ပြခဲ့ပြီး လက်ရှိမှာတော့ ဒီအရေးကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာတရားရေးခုံရုံး(ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့စုံစမ်းစစ်ဆေး ကြားနာမှုတွေလုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။

ရိုဟင်ဂျာတစ်ချို့ဟာ မြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်မှာ ကျန်ရှိနေဆဲဖြစ်ပြီး သူတို့ဟာလှုပ်ရှားသွားလာမှုတွေတင်းကျပ်ခံထားရသလို အနီးကပ်စောင့်ကြည့်စစ်ဆေးမှုတွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ၂၀၂၁ခုနှစ်စစ်အာဏာသိမ်းမှုနဲ့ဖြုတ်ချခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာခေါင်းဆောင်အဆက်ဆက်ဟာ ရိုဟင်ဂျာတွေကိုမြန်မာနိုင်ငံသားတွေအဖြစ်အသိအမှတ်ပြုဖို့ ငြင်းဆန်ပယ်ချခဲ့ပြီး သူတို့ကိုဘင်္ဂါလီတွေအဖြစ်သာသတ်မှတ်ခဲ့မှုတွေနဲ့အတူ နှစ်ပေါင်းများစွာဖိနှိပ်ခွဲခြားခံရမှုတွေဟာ ဒီပြပွဲရဲ့ဆောင်ပုဒ်ကို အလေးထားဖော်ပြသွားဖို့ တွန်းအားတွေဖြစ်စေခဲ့ပါတယ်။

ပြပွဲနဲ့စာအုပ်ကိုစီစဉ်သူ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးလည်းဖြစ် Rohingyatographer မဂ္ဂဇင်းထူထောင်သူလည်းဖြစ်သူ ဆာဟက်ဇီယာဟီးရိုးက “ရိုဟင်ဂျာဒုက္ခသည်အသိုင်းအ၀န်းရဲ့ အခြေအနေတွေကို ကျွန်တော်တို့မျက်လုံးတွေကနေ ကမ္ဘာကြီးကိုမြင်စေချင်ပါတယ်” လို့ မီဒီယာထုတ်ပြန်ချက်ထဲမှာပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့တွေကိုလည်း လူသားတွေအဖြစ် တစ်ခြားသူတွေကိုမြင်သလို မြင်စေချင်ပါတယ်။ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေ အိပ်မက်တွေ ကျွန်တော်တို့ရဲ့၀မ်းနည်းမှုတွေ ပူဆွေးရမှုတွေကို တစ်ခြားသူတွေနဲ့အတူမျှဝေခံစားစေလိုပါတယ်။” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။ ပြပွဲနဲ့ Rohingyatographer မဂ္ဂဇင်းရဲ့ပထမဆုံးထုတ်စာစောင်မှာ ကုတုပလောင်ဒုက္ခသည်စခန်းက နေ့စဉ်ဘ၀အကြောင်းတွေကိုပုံဖော်ထားပါတယ်။

သက်ကြီးရွယ်အိုများ ငယ်ရွယ်သူများ မျှော်လင့်ချက်ရှိသော လေးနက်သော မျက်နှာတွေကို ပြပွဲတစ်လျှောက် ပြသထားပြီး အိုးမဲ့အိမ်မဲ့ဘဝရောက်နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေရဲ့မျက်နှာတွေထဲက လက်တစ်ဆုပ်စာလောက်ကို ပြသထားပါတယ်။ ဒါ့အပြင် ၂၀၁၇ခုနှစ်ကတည်းက မွေးဖွားခဲ့တဲ့ ကလေးငယ်တွေရဲ့မျက်နှာတွေကိုလည်းဖော်ပြထားပါတယ်။ ကလေးငယ်တစ်သိန်းကျော်ရှိမယ်လို့ Save the Children ရဲ့အစီရင်ခံစာတွေမှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံကသူတို့ရဲ့မွေးရပ်မြေသို့နေရပ်ပြန်ပို့ရေးအလားအလာတွေဟာလည်း စစ်တပ်လက်အောက်မှာ ပိုမဖြစ်နိုင်တဲ့အလားအလာတွေတိုးလာနေတာကြောင့် ကုတုပလောင်ဒုက္ခသည်စခန်းဟာ လာမဲ့နှစ်တွေမှာသူတို့ရဲ့တစ်ခုတည်းသော အိမ်ဖြစ်ဖွယ်ရှိနေပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဘယ်လောက်တောင်နှိပ်စက်ညှင်းပန်းခံခဲ့ရလဲဆိုတာကို ကမ္ဘာကြီးကိုပြသဖို့ ဓာတ်ပုံပညာရှင်တစ်ဦးဘ၀ကို စတင်ခဲ့တာဖြစ်ကြောင်း စာအုပ်နဲ့ပြပွဲမှာပါ၀င်ထားတဲ့ ရိုဟင်ဂျာဓာတ်ပုံပညာရှင်တစ်ဦးဖြစ်သူ မက်ဒ်ဂျာမယ်လ်က အလ်ဂျာဇီးယားသတင်းဌာနကိုပြောပါတယ်။ “ကျွန်တော်တို့မျက်လုံးတွေကနေ ရိုဟင်ဂျာဒုက္ခသည်အသိုင်းအ၀န်းရဲ့ဘဝတွေကို မြင်တွေ့ပြီး ကျွန်တော်တို့ရဲ့ပရိသတ်တွေစိတ်၀င်စားလာဖို့မျှော်လင့်မိပါတယ်” လို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာတွေကို နိုင်ငံသားတွေအဖြစ် မြန်မာကငြင်းဆန်ပယ်ချမှုတွေကြောင့် ဒီလူနည်းစုဟာနိုင်ငံမဲ့ ဘဝရောက်နေရပါတယ်။ မြန်မာစစ်တပ်က ဒီလူမျိုးစုကို မြန်မာနိုင်ငံနဲ့သက်ဆိုင်မှုမရှိတဲ့ ဘင်္ဂါလီကျူးကျော်သူတွေလို့စွပ်စွဲပြီး သူတို့ရဲ့ကိုယ်ပိုင်အမှတ်လက္ခဏာဖြစ်တဲ့ ရိုဟင်ဂျာဆိုတာကိုလည်း ရှုတ်ချခဲ့ပါတယ်။ ထိုကဲ့သို့သဘောထားတွေဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းဒီလူမျိုးစုအပေါ် အကြိမ်ကြိမ်တိုက်ခိုက်မှုတွေအတွက် လူကြိုက်များအားပေးထောက်ခံမှုတွေနဲ့ ဗုဒ္ဓဘာသာလူများစုဖြစ်တဲ့ မြန်မာလူထုကြား မွတ်စလင်လူနည်းစုတစ်စုအပေါ် ခါးခါးသီးသီးနဲ့မကျေနပ်တဲ့မီးတွေ တောက်လောင်စေခဲ့ပါတယ်။ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တောင် မြန်မာစစ်တပ်ရဲ့လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်ဖို့ သည်ဟေးဂ်ထိတောင် သွားရောက်ကာကွယ်ပေးခဲ့ပါတယ်။

“ဓာတ်ပုံပညာရှင်တစ်ယောက်ချင်းစီဟာ သူတို့ကိုယ်ပိုင်အမြင်တွေရှိကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဓာတ်ပုံပညာကိုစူးစမ်းလေ့လာဖို့ သင်ယူနေရဆဲဖြစ်ပါတယ်။ ဒါပေမယ့်ဒါဟာ ဒီမှာနေထိုင်ပြီးနေ့စဉ်တွေ့ကြုံနေရတဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အကူအညီဖြစ်စေပါတယ်” လို့ ဂျာမယ်လ်ကပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ရိုဟင်ဂျာသောင်းနဲ့ချီ ၂၀၁၂ခုနှစ်ကတည်းက ရခိုင်ပြည်နယ်ကဒုက္ခသည်စခန်းတွေထဲမှာ ပိတ်လှောင်ခံထားရပါတယ်။ အဲဒီစခန်းတွေထဲမှာနေထိုင်နေရတဲ့သူတွေဟာ လွတ်လပ်စွာသွားလာခွင့်တွေနဲ့ လူမှုအခွင့်အရေးတွေ တင်းကျပ်ကန့်သတ်ခံထားရပါတယ်။

ရိုဟင်ဂျာတွေဒုက္ခသည်စခန်းတွေထဲ ပို့ခံရပြီးကတည်းက ၁၀နှစ်ကြာအထောက်အထားမှတ်တမ်းရယူနေတဲ့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ မကြာသေးမီကအစီရင်ခံစာဖော်ပြချက်အရ စခန်းတွေထဲက အခြေအနေတွေဟာ စစ်အာဏာသိမ်းပြီးကတည်းက ပိုမိုဆိုးရွားလာခဲ့ကြောင်းဖော်ပြထားပါတယ်။ “ပြီးခဲ့တဲ့၁၀နှစ်တာကာလအတွင်းမှာ အခြေအနေတွေကပိုမိုဆိုးရွားလာခဲ့ပါတယ်” လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အာရှသုတေသီ ရှေနာဘူချနာက အလ်ဂျာဇီးယားသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

“စခန်းတွင်းကရိုဟင်ဂျာတွေနဲ့ စကားပြောတဲ့အခါ တစ်ခုခုပြောင်းလဲမယ်ဆိုတဲ့ မျှော်လင့်ချက်မဲ့မှုခံစားချက်တွေသာ ပျံ့နှံ့နေပါလိမ့်မယ်” လို့ သူကဆိုပါတယ်။ ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာတွေဟာ ပညာရေးနဲ့ဆေးဝါးအကူအညီတွေ လက်လှမ်းမီမှုနည်းပါးနေသလို တင်းကျပ်တဲ့ခရီးသွားလာမှုကန့်သတ်ချက်တွေနဲ့ စောင့်ကြည့်ကြပ်မတ်ခံနေရပြီး ဒါဟာသူတို့အတွက် အလုပ်လုပ်ကိုင်ဖို့တွေခက်ခဲစေပါတယ်။ မြန်မာဘက်ခြမ်းမှာလည်း ၂၀၁၇ခုနှစ်ရက်စက်မှုတွေကနေ အသက်ရှင်ကျန်လွတ်မြောက်ခဲ့သူ ရိုဟင်ဂျာ၆သိန်းခန့်ဟာလည်း အလားတူတင်းကျပ်ကန့်သတ်မှုပုံစံတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

ရိုဟင်ဂျာတွေကြုံတွေ့ခံစားခဲ့ရတာတွေနဲပပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀န်းအနေနဲ့ တာ၀န်ယူမှုတစ်ချို့လုပ်ဆောင်ဖို့လိုအပ်တယ် လို့ ဘူချနာကပြောပါတယ်။ “၂၀၁၂ခုနှစ်တုန်းကသာ နိုင်ငံတကာအသိုင်းအ၀န်းက စစ်တပ်ရဲ့လူမျိုးတုံးရှင်းလင်းမှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်ကျူးလွန်မှုတွေကို အသိအမှတ်ပြုပြီး စစ်တပ်ကိုအရေးယူမှုတွေလုပ်ဆောင်ခဲ့မယ်ဆိုရင် ကုန်လွန်ခဲ့တဲ့၁၀နှစ်တာကာလဟာ ပြောင်းလဲမှုတွေရှိကောင်းရှိနိုင်ခဲ့မှာ” လို့ သူမကပြောကြားခဲ့ပါတယ်။

Al Jazeera သတင်းဌာနပါ Ali MC ရေးသားသည့် “Through our own eyes’: Rohingya refugees stage photography show” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။

ရက္ခိုင့်တပ်တော် AA ၏ ဖမ်းဆီးခံရမှုမှ လွတ်မြောက်ရန် မောင်တောခရိုင်အတွင်းရှိ နိုင်ငံတကာအဖွဲ့အစည်းများက ရိုဟင်ဂျာဝန်ထမ်းတခ...
30/06/2022

ရက္ခိုင့်တပ်တော် AA ၏ ဖမ်းဆီးခံရမှုမှ လွတ်မြောက်ရန် မောင်တောခရိုင်အတွင်းရှိ နိုင်ငံတကာအဖွဲ့အစည်းများက ရိုဟင်ဂျာဝန်ထမ်းတချို့ ထွက်ပြေးနေရ

ADN- ဇူလိုင် ၁/၂၀၂၂

ရက္ခိုင့်တပ်တော် AA ၏ ယနေ့ ဇွန်လ ၃၀ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ဖိုးခေါင်ချောင်းအုပ်စု ကန္ဒရွာ(ကင်းဒါး) ရိုဟင်ဂျာကျေးရွာ စပါးခင်း မီးရှို့ခံရမှုကိစ္စနှင့် ပတ်သက်ပြီး မောင်တောခရိုင်အတွင်းရှိ နိုင်ငံတကာအဖွဲ့အစည်းများတွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် ရိုဟင်ဂျာများအား တရားခံအဖြစ် ထုတ်ပြန်ခဲ့မှုကြောင့် ရိုဟင်ဂျာဝန်ထမ်းတချို့ AA ထံ ဖမ်းဆီးခံရခြင်း မရှိအောင် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။

" ရိုဟင်ဂျာကျောင်းအုပ်ဆရာကြီးကို ဖမ်းတာက ၂၀၂၂ ဇန်နဝါရီလ ၅ရက်တုန်းကပါ။ ခြောက်လဝန်းကျင်အထိ INGo တွေက ရိုဟင်ဂျာဝန်ထမ်းတွေ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်မျိုး ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ခဲ့တာ မရှိဘူး၊ ဒီကနေ့မှ ရုတ်တရက်ကြီး အမည်စာရင်းတွေ ထုတ်ပြန်ကြေညာတာမျိုးပါ။ ကျွန်တော်တို့မိသားစုဆိုရင် ကျောင်းအုပ်ဆရာကြီးကိစ္စနဲ့ ဘယ်လိုမှ မပတ်သက်တာပါ၊ အဲ့လိုကိစ္စတွေကို လုံးဝပတ်သက်မှုမရှိပါ၊ မတရားသဖြင့် စွပ်စွဲနေတာပါ။ အခု ဖမ်းဆီးချုပ်နှောင်ခံရမှုကနေ လွတ်ဖို့ ထွက်ပြေးနေရပါတယ်" နေရပ်စွန့်ထွက်ပြေးနေရသူ INGo တစ်ခုက ရိုဟင်ဂျာဝန်ထမ်းမိသားစုဝင် တစ်ဦးကနေ မီဒီယာသို့ ဆက်သွယ်ပြောဆိုထားသည်။

ULA/AA က စပါးကောက်လှိုင်း (၇၀၀)ခန့် မီးရှို့ဖျက်ဆီးခံရမှု တန်ကြေးငွေ သိန်း(၂၀)ဝန်းကျင်သာ ရှိသည့် အဆိုပါ မီးလောင်မှုဖြစ်စဉ်အတွက် ဘူးသီးတောင်မြို့နယ်အတွင်းနေ ရိုဟင်ဂျာများ၏ ကြည်ညိုလေးစားခြင်း ခံထားရသည့် ကျောင်းအုပ်ဆရာကြီးနှင့်အတူ လူပုဂ္ဂိုလ် (၅)ဦးအား ဖမ်းဆီးချုပ်နှောင်ထားသည့်အပြင် မောင်တောခရိုင်အတွင်းရှိ နိုင်ငံတကာအဖွဲ့အစည်းများတွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသော ပညာတတ်ဘွဲ့ရ ရိုဟင်ဂျာများကိုပါ တရားခံအဖြစ် သတ်မှတ်ကြေညာနေသည့်အပေါ် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာအသိုင်းအဝိုင်းမှာ စိုးရိမ်ပူပန်နေကြောင်းသိရသည်။

Arakan Express News ပေ့ခ်ျမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

စစ်တပ်ထုတ် ဘီယာ၊ အရက်များရောင်းချသည့်အပြင် စစ်တပ်၊ရဲတို့နှင့် ပူး ပေါင်း နေသည့်အတွက် ဗုံးခွဲသတိပေးခံခဲ့ရသည့် အလုံ SKYWAY...
29/06/2022

စစ်တပ်ထုတ် ဘီယာ၊ အရက်များရောင်းချသည့်အပြင် စစ်တပ်၊ရဲတို့နှင့် ပူး ပေါင်း နေသည့်အတွက် ဗုံးခွဲသတိပေးခံခဲ့ရသည့် အလုံ SKYWAY CLUB & KTV မီးလောင်ပြာကျ၊ မီးလောင်သည့် အကြောင်းအရင်း မသိရသေး

ရန်ကုန်၊ ဇွန် ၂၉

စစ်တပ်ထုတ် မြန်မာဘီယာ၊ အရက်များရောင်းချပြီး စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသဖြင့် မကြာခဏ ဗုံးခွဲသတိပေးခံရသည့် အလုံမြို့ နယ်မှ SKYWAY CLUB & KTV ယနေ့ညပိုင်းတွင် မီးလောင်ပြာကျ သွားကြောင်း သိရှိရသည်။

ဇွန်လ ၂၉ ရက်နေ့ ည ၁၀ နာရီ ခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်တွင် SKYWAY CLUB & KTV မီးလောင်ခဲ့ခြင်းဖြစ်ပြီး ၁၁ နာရီမထိုးမီ အချိန် မီးအနည်းငယ် ထိန်းနိုင် ကြောင်း၊ လက်ရှိတွင် မီးလောင်ရသည့် အကြောင်းအရင်းကို မသိရှိရ သေးကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။

ရန်ကုန်တိုင်း အလုံမြို့နယ်ရှိ SKYWAY CLUB & KTV တို့ကို စစ်ကောင်စီထံ သို့ အခွန်ငွေများ ပေးအပ်နေသည့်အပြင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာနှင့် အရက်များကို ရောင်းချခြင်း၊ စစ်တပ်နှင့်ရဲများနှင့် နီးကပ်စွာ ပူးပေါင်းဆောင် ရွက်ခြင်းတို့ကြောင့် ယခုနှစ် မတ်လ( ၈) ရက် ည၈ နာရီ ၃မိနစ်အချိန်တွင် SKYWAY CLUB & KTV ကို Dark Shadow တပ်ဖွဲ့က ဗုံးဖောက်ခွဲ သတိ ပေးခဲ့ ရသည့် KTV တစ်ခုဖြစ်သည်။

29/06/2022
အာဆီယံအထူးသံကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ယနေ့ရောက်မည်နိရဉ္စရာ၊ ဇွန် ၂၉/၂၀၂၂ မြန်မာ့အရေးဆိုင်ရာ အာဆ...
29/06/2022

အာဆီယံအထူးသံကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ယနေ့ရောက်မည်

နိရဉ္စရာ၊ ဇွန် ၂၉/၂၀၂၂

မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီးပရက်ဆော့ခွန်း (Prak Sokhon)သည် ယနေ့ ဇွန်လ ၂၉ ရက်တွင် မြန်မာနိုင်ငံကိုရောက်ရှိမည်ဟု သတင်းရရှိသည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ ၎င်းသည်
ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၃ ရက်အထိ မြန်မာနိုင်ငံတွင် နေထိုင်သွားမည်ဟု ဆိုသည်။

သူ၏ ၅ ရက်ကြာ ခရီးစဉ်အတွင်းမှာ မြန်မာ့အရေး ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်ရေးနှင့် ပါဝင်ပတ်သက်သူများ အားလုံးနှင့် တွေ့ဆုံခွင့်ရနိုင်ရေး ဆောင်ရွက်သွားမည်ဟု သိရသလို အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ပြီးမြောက်အောင်မြင်ရေး တိုးတက်မှု အခြေအနေကိုလည်း စောင့်ကြည့် သွားမည်ဟု သိရသည်။

အာဆီယံအထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းသည် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားသည့်နေရာမှ နေပြည်တော်အချုပ်ထောင်ထဲ ရွှေ့ပြောင်းခံလိုက်ရမှုအပေါ် အသက်အရွယ်နှင့် ကျန်းမာရေးကို ထောက်ရှုပြီး မူလနေရာကို ပြန်လည် ပြောင်းရွှေ့ပေးရန် စစ်ကောင်စီကို ဇွန် ၂၇ ရက်နေ့က တိုက်တွန်းခဲ့သည်။

ယခု ခရီးစဥ်အတွင်း ပရက်ဆော့ခွန်းသည်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရ/မရကို ရှင်းရှင်းလင်းလင်း မသိရသေးဟု သိရသည်။

သူနှင့် အတူ အာဆီယံ လက်ထောက်အတွင်းရေးမှူးချုပ်၊ အစိုးရထိပ်တန်း အရာရှိများ၊ အာဆီယံ အတွင်းရေးမှူး အဖွဲ့ဝင်များလည်း လိုက်ပါလာမည် ဖြစ်သည်။

သူ၏ မြန်မာနိုင်ငံခရီးစဉ်သည် စစ်အာဏာသိမ်းပြီးနောက် ဒုတိယ အကြိမ်မြောက် ခရီးစဥ်လည်း ဖြစ်သည်။

Address

ARAKAN

Website

Alerts

Be the first to know and let us send you an email when Arakan Daily News -ADN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share