Practical Content Sharing

  • Home
  • Practical Content Sharing

Practical Content Sharing သိသမျှ သိလိုရာရာ Content Sharing😍

ကဲကဲ နိုတီလေးယူထားကြနော်😆
25/11/2023

ကဲကဲ နိုတီလေးယူထားကြနော်😆

ပိုကောင်းတဲ့အရာ လာမလာတော့ မသိဘူး😢လက်တွေ့တော့ အဆင်မပြေ ခက်ခဲတယ်။
12/10/2023

ပိုကောင်းတဲ့အရာ လာမလာတော့ မသိဘူး😢

လက်တွေ့တော့ အဆင်မပြေ ခက်ခဲတယ်။

25/08/2023

မင်္ဂလာနံနက်ခင်းလေးပါရှင့်။ကောင်းမှုတစ်ခု နေ့စဥ်ပြုဆိုတဲ့အတိုင်း ဒီနေ့ ဘာကုသိုလ်
လေးတွေ လုပ်ဖြစ်လဲနော်🤗🤗

💁💁Mid-Range ဖုန်းတွေထဲမှာဆိုရင်ပေးရတဲ့စျေးနဲ့ ထပ်တူကျတဲ့ performanceကိုလဲ လိုချင်တယ် Latest Modelလဲရချင်တယ် ဆိုရင်တော့ X...
24/08/2023

💁💁Mid-Range ဖုန်းတွေထဲမှာဆိုရင်
ပေးရတဲ့စျေးနဲ့ ထပ်တူကျတဲ့ performanceကိုလဲ လိုချင်တယ် Latest Modelလဲရချင်တယ် ဆိုရင်တော့
Xiaomiရဲ့ Redmi seriesတွေထဲကဖြစ်တဲ့

🍀 Redmi note12🍀ကိုပဲ ရွေးချယ်ဖို့ ပြောပါရစေနော်📣

⭐Specifications⭐

⭐Bt-5000mah
⭐Snapdragon-685
⭐50mp camera
⭐6.67"
⭐120Hz
⭐33w charger
⭐Almoled Display

ကိုယ်ရေးထားတာလေး✍✍✍
24/08/2023

ကိုယ်ရေးထားတာလေး✍✍✍

အားးးးဆိုမှအားးတဲ့😱😱😱အားဆိုလို့ လန့်မသွားပါနဲ့နော်🙅🙅🙅အားအများကြီးပါတဲ့Hocoရဲ့30000mahJ62ပါဝါဘန့်အကြောင်းလေးပြောပြချင်လို...
23/08/2023

အားးးးဆိုမှအားးတဲ့😱😱😱

အားဆိုလို့ လန့်မသွားပါနဲ့နော်🙅🙅🙅

အားအများကြီးပါတဲ့Hocoရဲ့30000mahJ62ပါဝါဘန့်အကြောင်းလေးပြောပြချင်လို့ပါ😍

ဒီပါဝါဘန့်လေးဟာဆိုရင်တော့ Micro USB နဲ့ Type-C inputပါပြီးတော့ Three USB outputsပါလို့
ဖုန်း2/3လုံးပြိုင်တူ📲📲 သွင်းလို့ရတဲ့အပြင် LED Displayလဲပါလို့ အခုလိုမီးပျတ်များတဲ့အချိန်မှာ💡💡 အဆင်ပြေဆုံးပါပဲနော်။

ဒါ့အပြင် ခရီးတွေ4/5ရက်ဆက်သွားအုံးမလား🚗🚗 လေယာဥ်ပေါ်သယ်သွားအုံးမလား✈✈ wifiပဲချိတ်သုံးအုံးမလား🔌🔌
30000mahအားအပြည့်ပါလို့ ဆောင်ကိုဆောင်ထားသင့်တဲ့အထဲမှာ Hocoရဲ့J62ပါဝါဘန့်လေးလဲပါတယ်နော်😍

23/08/2023

စာများများဖတ်ပါ

22/08/2023

အခုချိန်မှာ ငွေ၅၀၀၀နဲ့ စျေးသွားရင် ဘာတွေရသေးလဲ😴

🙂
16/08/2023

🙂

မတောင်းဆိုပါနဲ့။ဂရုစိုက်ပေးဖို့လည်းမတောင်းဆိုပါနဲ့အချိန်ပေးဖို့လည်းမတောင်းဆိုပါနဲတကယ်ချစ်တယ့်သူတိုင်းကသူတို့အားတဲ့အချိန်...
12/08/2023

မတောင်းဆိုပါနဲ့။

ဂရုစိုက်ပေးဖို့လည်းမတောင်းဆိုပါနဲ့
အချိန်ပေးဖို့လည်းမတောင်းဆိုပါနဲတကယ်ချစ်တယ့်သူတိုင်းကသူတို့အားတဲ့အချိန်တိုင်းမင်းကိုပေးပါလိမ့်မယ်

ဖုန်းခေါ်ဖို့လည်းမတောင်းဆိုပါနဲ့၊
ချစ်ပေးဖို့လည်း မတောင်းဆိုပါနဲ့။
ပန်းတွေလာပေးဖို့လည်းမတောင်းဆိုပါနဲ့။

ကိုယ်ဆီပဲစိတ်ရောက်နေဖို့ မတောင်းဆိုပါနဲ့၊
မမျှော်လင့်ပါနဲ့။ ဘာမှမတောင်းဆိုပါနဲ့။

သူသာတကယ်ချစ်ရင် ကိုယ့်စိတ်ကိုလည်ရးနားလည်သလို ကိုယ်ဘာလိုအပ်နေလဲဆိုတာလည်း သူသိပါလိမ့်မယ်

ဖိအားပေးတောင်းဆိုပီးမှ ရလာတဲ့အရာတိုင်း
ဘယ်အရာမှအစစ်အမှန်မဟုတ်ပါဘူး။

စစ်မှန်တဲ့မေတ္တာတရားရှိတဲ့သူတစ်ယောက်ဟာ
ဘယ်အချိန်မှာ သူဘာလုပ်ရမလဲ သေသေချာချာသိပါတယ်တဲ့။

သူ့လုပ်ရပ်တေကိုသာစောင့်ကြည့်နေလိုက်ပါကိုယ်ကသွားပြီးမချုပ်ချယ်ပါနဲအချိန်တန်ရင်သိလာမှာပါ.

05/08/2023

အမှတ်မထင် မှားယွင်းအသုံးပြုနေကြသော စကားလုံးများ အပိုင်း (၆)

"စားကြပါအုန်း"
"စားကြပါအုံး"
"စားကြပါဦး"

ဘယ်ဟာက အမှန်လဲ⁉️

"မင်းဆီကို ငါလာဦးမယ်" လား၊ "မင်းဆီကို ငါလာအုံးမယ်" လား၊ "မင်းဆီကို ငါလာအုန်းမယ်" လား ဆိုတာကို ရောထွေး နေတတ်ကြပါတယ်။

"အုန်း" ဆိုတာကတော့ "နာမ်အနက်" အနေနဲ့ သုံးပါတယ်။
"အုန်း၊ နာမ်-ပင်ဖျားတွင် အလက်များစုဝေးထွက်၍ အရည်ပြည့်အသီးလုံးကြီးများ အခိုင်လိုက်သီးသော အပင်တစ်မျိုး။" လို့ မြန်မာအဘိဓာန် မှာအနက်ဖွင့်ဆိုထားပါတယ်။

"အုန်းသီး" ၊ "အုန်းရည်" တွေမှာ "အုန်း" ကိုအသုံးပြုနိုင်ပါတယ်။

"အုံး" ကိုတော့ မြန်မာအဘိဓာန်မှာ "ကြိယာ" နဲ့ "နာမ်" အနေနဲ့ အနက်နှစ်မျိုးဖွင့်ထားတာကို တွေ့ရပါတယ်။

ကြိယာ အနေနဲ့ ခေါင်းကို တစ်စုံတစ်ခုအပေါ်မှာ မှီတင် တဲ့အခါ၊ တစ်စုံတစ်ခုကို မီးခဲပြာနဲ့ ဖုံးအုပ် တဲ့အခါ တွေပါသုံးပါတယ်။

ဥပမာ-
"မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်ပြီး သစ်ခိုးထုတ်သော တရုတ်နိုင်ငံသား (၁၅၅) ယောက်သည် ယခုအချိန်ဆိုလျှင် သူတို့၏ခေါင်းများကို ခေါင်းအုံးပေါ်တွင် အုံးပြီး အေးအေးလူလူ အနားယူနေကြလောက်ပြီဖြစ်သော်လည်း ကျွန်ုပ်တို့ရင်ထဲမှာမူကား နှလုံးသားကို ဖွဲမီးဖြင့် အုံးနေသည့်နှယ် ခံစားနေကြရပေလေ၏။"

နာမ်အနက်အနေနဲ့ ခေါင်းမှီတင်စရာ ခေါင်းအုံးကို ဆိုလိုတာ ဖြစ်ပါတယ်။ မှားစရာမရှိပါဘူး။

"ဦး" မြန်မာအဘိဓာန်မှာ "ကြိယာ" ၊ "နာမ်" နဲ့ "စည်း" အနေ‌နဲ့ အနက်အဓိပ္ပာယ် (၃) မျိုးဖွင့်ဆိုထားပါတယ်။

ကြိယာအနက်အနေနဲ့ "ဦး" ကို "အလျင်စောပြီးဖြစ်" ကြောင်း၊ "အလျင်စောအောင်လုပ်" ကြောင်း ဖော်ပြလိုတဲ့အခါသုံးပါတယ်။
ဥပမာ-
"လူဖြစ်ဦးလို့ လူကြီးဖြစ်တိုင်း လေးစားစရာမကောင်းကြောင်း ရှင်းရှင်းလင်းလင်းသိမြင်လာအောင် ဦးဘအောင်က ပြခဲ့လေပြီ။"

နာမ်အနက်အနေနဲ့ "ဦးခေါင်းပိုင်း၊ ထိပ်ပိုင်း၊ ရှေ့ပိုင်း၊ အစပိုင်း" ဖြစ်တဲ့အကြောင်းကို ဖော်ပြတဲ့အခါ "ဦး" ကိုသုံးပါတယ်။
ဥပမာ-
"မောင်လှ၏ခွေးသည် လှည်းဦး၊ လှေဦး တို့ပေါ်တွင် တက်ထိုင်နေလေ့ရှိသည်။"

ပစ္စည်းအနက်အနေနဲ့ (၅) မျိုး အနက်ဖွင့်ဆိုထားပါတယ်။
"(၁) လေးစားသည့်အနေဖြင့် ယောင်္ကျားအမည်ရှေ့တွင် ထည့်သွင်းသည့်စကားလုံး။"
"(၂) ရဟန်းဘွဲ့၏ ရှေ့တွင်သုံးသော စကားလုံး။"
"(၃) ဦးလေး၊ ဦးကြီးအရွယ်ယောင်္ကျားကို ရိုသေသမှုဖြင့် ခေါ်သောစကားလုံး။"
"(၄) လူကို ရေတွက်ရာ၌ သုံးသော စကားလုံး။"
"(၅) အလျင် အဦးအနက်ဖြင့် ထောက်ပံ့သော စကားလုံး။" တို့ပဲဖြစ်ပါတယ်။

အနက် (၁) ကနေ (၄) အထိကတော့ မှားယွင်းနိုင်စရာ မရှိပါဘူး။ အနက် (၅) အနေနဲ့ကတော့ မှားယွင်းနိုင်ပါတယ်။
ဥပမာ-
"ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ပေးနေသော လူငယ်များအဖွဲ့ ပြည်သူ၊ပြည်သားများ၏ ပို့သသောမေတ္တာများကို ခံယူလိုက်ပါဦး။"

"ဒုစရိုက်သမားများ၏ မျက်ရည်များကို မြိန်ရေယှက်ရေ သောက်သုံးလိုက်ပါဦး။"

"မူးယစ်ဆေးဆွဲ‌နေသော လူငယ်များ နောက်တစ်ခါမလွန်ကြူးမီ ထောင်သို့ အရင်သွားပါဦး။"

ဒါကြောင့် "အုန်းသီး" ၊ "အုန်းပင်" ဆိုတဲ့ နာမ်ပုဒ်အနေနဲ့ သုံးချင်ရင် "အုန်း" ကိုသုံးရမှာ ဖြစ်ပါတယ်။

ခေါင်းကို တစ်ခုခုပေါ် မှီတင်တဲ့အခါ "အုံး" ကိုသုံးပြီး "ခေါင်းအုံး" နေရာမှာလဲ "အုံး" ကိုသုံးရမှာဖြစ်ပါတယ်။

"စားကြပါဦး၊ မေးကြပါဦး၊ တွေးကြည့်ပါဦး၊ မြည်းကြည့်ပါဦး၊ လုပ်ကြည့်ပါဦး၊ မင်းဆီကိုငါလာဦးမယ်၊ အိမ်ကိုအလည်လာဦး" ဆိုတာတွေ ကို သုံးတဲ့အခါမှာ "အလျင်အဦးအနက် အနေနဲ့ ထောက်ပံ့တဲ့စကားလုံး" ဖြစ်တဲ့ "ဦး" ကိုသုံးရမှာပဲဖြစ်ပါတယ်။

Edit:၂၀၁၉ ဒုတိယအကြိမ်ထုတ် မြန်မာစာစာလုံးပေါင်းသတ်ပုံကျမ်းအရ ပြောဟန်ရေးတဲ့အခါမှာတော့ "အုံး" အနေနဲ့ အသုံးပြုလို့ရပါတယ်။ ရေးဟန် မှာတော့ "ဦး" ကိုသုံးပေးရမှာပါ။
(ADMIN လေ့လာအားနည်းသွားလို့ပါ၊ messenger ကလာရောက် ထောက်ပြပေးတဲ့ အ‌မရေ ကျေးဇူးပါနော်)

ကိုယ့်လူမျိုးဘာသာစကားကို မှန်မှန်ကန်ကန် သုံးနိုင်ကြပါစေ ခင်ဗျာ။



#အမှတ်မထင်မှားယွင်းအသုံးပြုနေကြသောစကားလုံးများ
#အုံး၊အုန်း၊ဦးအသုံးပြုပုံ

တကယ်ပါ😞😞
04/08/2023

တကယ်ပါ😞😞

29/07/2023

စီးပွားရေး လုပ်မယ် ဆို မတူခြင်း တရား တွေ ကို သိဖို့လိုတယ်။

ဘယ်လိုမတူခြင်းတရားတွေ လဲ ဆိုတော့ ဥပမာ....

လုပ်ငန်းကျွမ်းကျင်တာ နဲ့ လုပ်ငန်းစီမံ အုပ်ချုပ်တတ်တာ နဲ့မတူဘူး
စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှုနဲ့မတူဘူး။
ငွေရှာတာ နဲ့ စီး ပွား ရှာတာနဲ့မတူဘူး
ပညာတတ် ကို စီမံခန့်ခွဲ နဲ့ ပညာမဲ့ကို အုပ်ချုပ်ရတာဟာမတူဘူး။
စီးပွားရေး နဲ့ ကြီးပွားရေး ဟာမတူဘူး။
ငွေကို စီမံ တတ်တာ နဲ့ လုပ်ငန်း ကို စီမံတတ်တာ နဲ့ ဟာလဲ မတူဘူး။

ထပ်ပြောရင် အများကြိး ရှိသေးတယ်။ လောလောဆယ် မြင်သလောက် အလွဲတွေ နဲ့ သိသလောက် အကွဲတွေ ကို ကြည့်ပြီး ရေးထားတာ။

ချစ်ခင်စွာ

ဖုန်းဘေလ်ပါ လာထည့်ခိုင်းကျတာဟ😞
28/07/2023

ဖုန်းဘေလ်ပါ လာထည့်ခိုင်းကျတာဟ😞

🙄🤧
23/07/2023

🙄🤧

23/07/2023

#ပေးဆပ်ရတဲ့လျော်ကြေး

#မြေခိုးသူရဲ့ နောင်တ
ကျွန်မတို့မြိတ်မြိုရဲ့ အနောက်ဖက်..ကျွန်းစုအနီးဖြစ်တဲ့...
ထိန်ချောင်းဆိုတဲ့ရွာလေးတစ်ရွာမှာပေါ့....
ဒီရွာရဲ့..ပင်မစီးပွားရေးကတော့
ဥယျာဉ်ခြံမြေတွေများပီး....ဒူးရင်း.ရော်ဘာကွမ်းသီး
မင်းဂွတ်..သစ်သီးဝလံတွေ..အများဆုံးစိုက်ကြတဲ့..
ရွာလေးပေါ့နော်....

အဲဒီရွာလေးမှာနေတဲ့...မောင်နှမ..နှစ်ယောက်အကြောင်းကို...ပြောပြချင်တာပါ။
အဲဒီ..မောင်နှမ နှစ်ယောက်ဟာ..အိမ်ခြံမြေတွေအများကြီးပိုင်ဆိုင်နေကြပေမဲ့.....
ညီမဖြစ်သူက...လောဘပိုကြီးတဲ့သူ...

တစ်နေ့တော့....အိမ်ချင်းကပ်နေတဲ့..အစ်ကိုဖြစ်သူရဲ့...မြေထဲကို..ညီမဖြစ်သူက..တစ်နှစ်ပီးတစ်နှစ်....ရွေ့ရွေ့ပီး...တစ်ဖြေးဖြေးချင်း..ချဲ့ချဲ့ပီးခိုးဝင်လာတယ်...
(တစ်နေ့တစ်လံ..ပုဂံဘယ်ပြေးမလဲ..ဆိုသလို)
နယ်ဘက်မှာက....ကျမတို့မြို့ပေါ်မှာလို.အိမ်မြေက..4060အကွက်တွေမဟုတ်ဘူးလေ.....
ကျယ်ကျယ်ဝန်းဝန်း...နေကြတာကိုး...
အဲဒီလိုနဲ့.....တစ်ဖြေးဖြေးချဲ့ဝင်လာတော့...
အစ်ကိုဖြစ်သူက....ပြောလာတော့....တာပေါ့။
ဒီလိုနဲ့...မောင်နှမ..နှစ်ယောက်အသေးဖွဲ့ကနေ..အကြီးအကျယ်ရန်တွေဖြစ်ကြပီး....တစ်ယောက်နဲ့တစ်ယောက်...မခေါ်နိုင်မပြောနိုင်ဖြစ်ကုန်ကြတာနှစ်ပေါင်းများစွာ.ဘဲ့ပေါ့.....

တစ်နေ့တော့.....ညီမဖြစ်သူမှာ..
ကံကုန်နေ့စေ့များဖြစ်နေသလားမသိ.....
နေမကောင်းဖြစ်ပီး...ဆုံးပါးသွားတော့.....
(သူလုပ်ခဲ့တဲ့....သူ့ပြစ်မှုကို...သူသာအသိဆုံးဖြစ်မှာပေါ့နော်)
သေခါနီးမှာ..အဲဒီစိတ်ကပြန်ပေါ်လာတာလားမသိဘူးနော်။

သေပီးနောက်..နှစ်အနည်းငယ်ကြာတဲ့အချိန်မှာ....ကျန်ခဲ့တဲ့သူ့သမီးကို..အိမ်မက်ပေးတယ်လေ...
""နင့်ဘကြီးမြေကို...အမေခိုးမိပါတယ်.....အမေ..အခုဒီမြေကြီးကိုခေါင်းပေါ်မှာရွက်ထားရတာလဲ..ပင်ပန်းလှပါပြီ....နင့်ဘကြီးမြေကို....ပြန်ပေးလိုက်ပါတော့....အမေ့ကိုလည်း..ခွင့်လွတ်ပေးဖို့....ပြောပေးပါ"....လို့.... အိမ်မက်ထဲလာပြောတာ.....တဲ့

ဒီတော့......သမီးဖြစ်သူမှာ..
တမလွန်ဘဝမှာ...မလွတ်မကျွတ်နိုင် ဖြစ်နေတဲ့မိခင်အစား....စိတ်မကောင်းဖြစ်ရ ဝမ်းနည်းပူဆွေးစွာနဲ့ပဲ...သူ့ဘကြီးအိမ်သွားပီး.....

သူ့အမေဖြစ်သူရဲ့....ဒုက္ခကိုခွင့်လွတ်ပေးဖို့......မြေကိုလည်းပြန်ယူပါဆိုပြီး....ဘကြီးဖြစ်သူရဲ့အိမ်ကိုသွား......တောင်းပန်ပေးတာပေါ့နော်။
အဲဒီဘိုးတော်က.......
သူ့ကိုအရှက်ရအောင်ကြမ်းကြမ်းတမ်းတမ်းယုတ်ယုတ်မာမာတွေပြောခဲ့တဲ့..ညီမလုပ်ရပ်ကို...အငြိုးကြီးစွာနဲ့...တစ်ခွန်းဘဲ့....တူမ...ဖြစ်သူကိုပြောလိုက်တယ်...တဲ့..

"....ခွင့်လည်းမလွှတ်ဘူး...မြေလည်းပြန်မယူဘူး.....နင့်အမေ..တစ်သက်လုံးထမ်းထားလိုက်စမ်း".....တဲ့.....

တစ်ဖက်သူခွင့်မလွတ်တာကို အပြစ်ပြောလို့မရပါဘူး....ဒါသူ့စိတ်ပဲလေ...

မြေခိုးသူကိုဘဲ့ပြောချင်တာပါ...
ခိုးတဲ့သူက....နောက် တမလွန်ထိခံစားရ.....ပေးဆပ်ရ...တာေနာ်ခိုးပေးထားတဲ့မြေပေါ်မှာနေတဲ့....
သားသမီးတွေက....ဘာမှမဖြစ်ဘူးနော်...
ကိုယ်လုပ်တာ...ကိုယ်ခံရမှာဘဲ့

ကျွန်မတို့ဖိုးဖွားမိဘတွေ...အမြဲဆိုဆုံးမဖူးတယ်....
သူများမြေကိုတစ်လက်မတောင်....သွားခိုးမယ်မကြံနဲ့...တဲ့
အပေါ်ကကြည့်ရင်သာ....တစ်လက်မနော်...မြေအောက်မဟာပထဝီမြေကြီးက.....မဆုံးခမ်းနိုင်ဘူး....ထမ်းထားရလိမ့်မယ်လို့....အမြဲဆုံးမတယ်...
စားတော့တစ်မိသားစုလုံး....ခံရမှာကိုယ့်တစ်ယောက်ထဲနော်.......ဒါကတစ်ကယ့်အပြင်မှာ
ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်ပါ။
သံဝေဂယူကြဖို့....
သတိထားဆင်ခြင်စေဖို့....ပြောပြတာပါနော်.....

25/02/2023

Second ဖုန်းအကြောင်း တစေ့တစောင်း

All Fine ဆိုသည်မှာ ဖုန်းတစ်လုံးလုံးလုံး
ရစရာမရှိအောင် Fine ထားပီဖြစ်ပီး

Error ကင်း ဆိုတာကတော့ Error King လို့အမည်ရပီး Error နဲ့ပတ်သတ်ရင် သူဘုရင်ပါပဲတဲ့ဗျာ

လမ်းစရိတ်လျော့ပေးမယ်ဆိုတာက
အသွား ၃၀၀ အပြန် ၃၀၀ ၆၀၀ လျော့ပေးမှာဖြစ်ပီး

ပေါက်ဈေးထပ်ပါးပါးခွာပီးပြန်ယူတယ်ဆိုတာကတော့
မိတ်ဆွေတို့ဆီကနေ ရသလောက် ပါးပါးလှီးပီး ပြန်ယူတာကိုပြောတာဖြစ်ပါတယ်

ဦးသူယူ ဆိုတာမျိုးက ဘသူမှ မယူလို့နောက်ဆုံး အူဒူဒူနဲ့ကောင်တွေပဲယူကြလို့ပြောတာဖြစ်ပီး

မယူဖြစ်လို့ပြန်တင်ပေးတယ်ဆိုတာက
ဘသူမှမမေးကြလို့ မရှက်ပဲ ခပ်တည်တည်နဲ့ပြန်ကောက်တင်တာပဲ ဖြစ်ပါတယ်

လက်တင်သုံးဆိုတာဟာ
Service ခုံပေါ် လက်တင်ပီးသုံးရမာဖြစ်ပီး

Error အာမခံ တယ် အကိုဆိုတာ
ဝယ်ပီးရင်ပြင်ရတော့မှာကို အာမခံတယ်လို့ပြောတာပဲဖြစ်ပါတယ်

Battery က မနက် 100 ည100 ဆို တာ
အားသွင်းကြ်ိုးကြီးတန်းလန်းနဲ့ထားရင်ဖြစ်ပီး
မသုံးရင်မကုန်ဘူး ဆိုတာက
သုံးရင် မခံဘူးလို့ပြောတာဖြစ်ပါတယ်

#ဟာသ သဘောဖြင့်သာ❤

Crd

ရုပ်လေးလှတယ်ဆိုပီး ရှေ့ကိုပဲကြည့်မနေနဲ့😒😒Photo crd
20/02/2023

ရုပ်လေးလှတယ်ဆိုပီး
ရှေ့ကိုပဲကြည့်မနေနဲ့😒😒

Photo crd

ကာကာတေ‌နော်မင်မင်ကိုအချစ်စမ်းနေတာလားပြော🥺🥺
04/02/2023

ကာကာတေ‌နော်

မင်မင်ကိုအချစ်စမ်းနေတာလားပြော🥺🥺

မင်္ဂလာရှိသောနေ့ရက်လေးမှာကိုယ်စိတ်နှစ်ဖြာအေးချမ်းကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏🙏🙏
04/02/2023

မင်္ဂလာရှိသောနေ့ရက်လေးမှာ

ကိုယ်စိတ်နှစ်ဖြာအေးချမ်းကြပါစေလို့

ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

🙏🙏🙏

03/02/2023

ကိုယ်ချင်းစာတရားဆိုတာဘာလဲဆိုတာသိစေချင်လိုက်တာ🤗

16/01/2023

10C, 10A, Note11, Note11R, Note11SE
ဖုန်းများအား Updateမတင်ကြပါရန်

10C, Note11, 10A. 11R နှင့် 11SE ဖုန်းများကို
ယခုအသုံးပြုရန် တင်ပေးထားသော Update များ
အား တင်၍ အသုံးမပြုကြပါရန် အကြောင်းကြား
အပ်ပါသည်။

Updateတင်မိပါက
Note11R ဆိုလျှင် Baseband Unknown Error
Sim မတက် Error, IMEI ပျောက်ခြင်း

Redmi Note11 SE ဆိုလျှင် Micမရခြင်း
Earphone မရခြင်း
Recording မရခြင်း ၊ Power သေခြင်း Error

10C ဆိုလျှင် အားသွင်းရင် အားဝင်ပြပြီး အားမတက်ခြင်း၊ Power ပိတ်သွားခြင်း ၊ Reboot ကျသွားခြင်း

10A ဆိုရင် အားသွင်းရင် အားဝင်ပြပြီး အားမတက်ခြင်း၊ Back Camera Error ၊ အားဝင်ကြာခြင်း
MIUI Version မကိုက်ခြင်း ၊ camera မရခြင်း

Note11 ဆိုရင် Power ပိတ်သွားခြင်း ၊ Reboot ကျသွားခြင်းများ ဖြစ်လာနိုင်ပါသဖြင့်
Update မတင်ကြပါရန် အသိပေးအပ်ပါသည် ။

Crd:

နှုတ်လွန်အောင် မပြောကြနဲ့              ရန်လိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်သူကမှ ငါမိုက်တယ် လို့ မထင်ဘူးတဲ့။ပဋိပက္ခဖြစ်ပြီဆိုရင်...
14/01/2023

နှုတ်လွန်အောင် မပြောကြနဲ့

ရန်လိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်သူကမှ
ငါမိုက်တယ် လို့ မထင်ဘူးတဲ့။
ပဋိပက္ခဖြစ်ပြီဆိုရင်ငါမိုက်လို့
ဖြစ်ရတယ်လို့ ဘယ်သူကမှ
မစဉ်းစားဘူးတဲ့ ။
ငါတော်တယ်လို့ပဲ ထင်ကြတယ်။

ငါတော်တယ် ၊ ငါတတ်တယ်လို့
လူတွေကကိုယ့်ကိုယ်ကို အထင်ကြီးတဲ့အခါ ကိုယ့်ဘဝအခြေအနေကို
မေ့သွားပြီးငါသာလျှင်
ပညာရှိလို့အထင်ရောက်တတ်ကြတယ်။
ပညာရှိယောင်ထင်လာကြတယ်။

ငါတော်တယ်။ ငါတတ်တယ်လို့ ထင်လာရင် ကျန်တဲ့ပုဂ္ဂိုလ်ကို အထင်သေးတဲ့အမြင်နဲ့ ကြည့်ကြတယ်။ တစ်ဦးနဲ့တစ်ဦးထိခိုက်မယ့် စကားလုံးတွေကို အနိုင်ယူဖို့ ၊ အနိုင်ပြောဖို့လောက်ပဲ အာရုံစိုက်ကြတယ်။
ကြိုးစားလာကြတယ်။

ပါးစပ်ကို ဟချင်သလောက်
ဟနေကြတာ။
ချဲ့ချင်သလောက်ချဲ့ပြီးတော့
ပြောလေ့ဆိုလေ့
ရှိကြတယ်။နှုတ်ကျွံကြတယ်။
နှုတ်လွန်ကြတယ်။ဖြေရှင်းလို့
မရအောင်စကားတွေကျွံလွန်ကြတယ်။

ဘယ်လိုပြဿနာတွေ ဖြစ်ပေါ်လာမလဲဆိုတဲ့ အကျိုးဆက်ကို မသိကြဘူး။
ပြောချင်တာတွေဇွတ်ပြောတယ်။

လူနှစ်ယောက် ရန်ဖြစ်ပြီဆိုရင်လည်း
ပြောချင်တာတွေ ဇွတ်ပြောတာပဲ။
ပြောတယ်ဆိုတဲ့နောက်မှာ
မှားတယ်ဆိုတာ
လိုက်လာတယ်။မှားတယ်လို့သိတာ
အတော်ကြာမှ သိတာ။

အိမ်မှာ မိသားစုထဲမှာ တစ်ယောက်နဲ့
တစ်ယောက်အငြင်းပွားပြီဆိုရင်
အသံတွေကျယ်သထက်
ကျယ်လာတယ်။
အလျော့မပေးဘူး။နှစ်ယောက်လုံးက
မှန်တယ်လို့ မြင်ကြတယ်။
"ငါမှားတယ်လို့ ဘယ်သူမှ မထင်ဘူး။ ငါလုပ်တာ မှန်တယ် သူမှားတယ်ပဲ ထွက်တယ်။

လူ့အဖွဲ့အစည်းတစ်ခု ၊
သံဃာ့အဖွဲ့အစည်း
တစ်ခု မတည့်လို့ စိတ်ဝမ်းကွဲကြရင်
ဖြစ်လာမယ့်ပြဿနာတွေ
အခြားပြဿနာတွေ ပိုကြီးလာမယ်
ဆိုတာ နားမလည်ကြဘူး။
ထည့်သွင်း မစဉ်းစားကြဘူး။

ဒီလိုဆိုရင်ပြဿနာကဘယ်တော့မှ
မပြေဘူးတဲ့။ ဒီတင်ရပ်မှာ မဟုတ်ဘူးတဲ့ ။ပြဿနာတွေနောက်ဆက်တွဲ
အများကြီးလာလိမ့်မယ်တဲ့။
မြတ်စွာဘုရားကတော့
ဒီလိုဟောတာ ။
ဒါကိုယ့်ရဲ့ ဘဝမှာသတိထားဖို့ ။
အချင်းများတာတွေ ရှောင်ဖို့ဆိုတာ
သတိထားကြနော် ။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

ကံကောင်းမယ့်အချိန်ဘဲစောင့်မနေနဲ့******************************သူဌေးဖြစ်ဖို့  ကံပါလာတဲ့သူက မွေးကတည်းက သူဌေးအိမ်မှာ လူဖြစ်...
10/01/2023

ကံကောင်းမယ့်အချိန်ဘဲစောင့်မနေနဲ့
******************************

သူဌေးဖြစ်ဖို့ ကံပါလာတဲ့သူက
မွေးကတည်းက သူဌေးအိမ်မှာ လူဖြစ်လာတယ် ။

အခြားသော သူတွေကတော့
လက်တွေဘဝမှာ ချမ်းသာဖို့ဆိုရင်
ကံကိုချည်း အားကိုးနေလို့ မရပါဘူး ။

လုံ့လဝီရီယနှင့် ဉာဏ်ကိုလည်း အားကိုးကြရမယ် ။
လူတော်တော်များဟာ ကံရှိစားရမယ်ပေါ့
ကံရှိရင် ရမယ်ပေါ့ဆိုပြီး ကံကိုပဲ ပုံချနေကြတယ် ။

ဒါဟာ လူပျင်းတွေရဲ့ဆင်ခြေတွေပဲလို့
ဆိုရမယ် မြန်မာစကားပုံမှာ
ကျားရဲလာ ကြမ္မာမရိုးသာဆိုပြီး ရှိတယ် ။

ဒါဟာ ဘာပြောတာလဲဆိုရင်
တောထဲ ထင်းခုတ်သွားတဲ့
လူတစ်ယောက်ဟာ ကျားရဲနဲ့တွေတဲ့အခါ

ကံကိုယုံပြီး ကံကိုရိုးမယ်ဖွဲ့ပြီးတော့
မပြေးပဲနေလိုက်တာ
ကျားစားခံလိုက်ရတဲ့ အဖြစ်ကို ရောက်သွားတယ် ။

ဒါကြောင့် အရာရာကံကိုချည်း
အစွန်းရောက်အောင် အားကိုးနေလို့
မရဘူးဆိုတာကို နားလည်ထားရမယ် ။

ဘာဖြစ်ဖြစ် အတိတ်ကံကြောင့်ပဲလို့
ယူထားမယ်ဆိုရင်
ပုဗ္ဗေကတဟေတုဒိဋ္ဌိ ဖြစ်သွားမယ်...။

ဒါကြောင့် ဘဝမှာ ကြီးပွားတိုးတက်ချင်ရင်
ကံကိုချည်း အကြွင်းမဲ့ ပုံယုံထားလို့ မရပါဘူး။

ကြိုးစားအားထုတ်မှု ဝီရိယနှင့်
အသိဉာဏ်ကိုလည်း ကောင်းစွာ
အသုံးချတတ်ဖို့လည်း လိုတယ်လို့
နားလည်ထားရမယ် ။

#ပါချုပ်ဆရာတော်ဘုရားကြီး

ကိုယ်ချင်းစာစိတ်➖➖➖➖➖➖➖ ကိုယ်ခံစားရမှ ဒဏ်ရာလို့ မထင်နဲ့လူတိုင်းမှာ ခံစားတတ်တဲ့နှလုံးသားရှိကြပါတယ်။ တစ်ခါတလေ ငါသာဆိုရင် သ...
07/01/2023

ကိုယ်ချင်းစာစိတ်
➖➖➖➖➖➖➖

ကိုယ်ခံစားရမှ ဒဏ်ရာလို့ မထင်နဲ့
လူတိုင်းမှာ ခံစားတတ်တဲ့နှလုံးသားရှိကြပါတယ်။

တစ်ခါတလေ ငါသာဆိုရင် သူ့နေရာမှာဆိုတဲ့စိတ်က အမြဲတမ်းလူတိုင်းမှာရှိမနေတတ်ဘူး ဒုက္ခနဲ့ကြုံဖူးမှ ဒုက္ခရဲ့အခက်အခဲကို နားလည်ကြတာများပါတယ်။

အမှန်တွေဆိုပေမယ့် အကျိုးအကြောင်းမသင့်လျော်ရင် ဘယ်အမှန်တရားကိုမှ လူတိုင်း လက်မခံနိူင်ပါဘူး။

ကိုယ်ကိုယ်တိုင်ကရော သူ့နေရာမှာ ဝင်ခံစားကြည့်ဖူးလား??? လူဆိုတာ လူသားဆန်တတ်ရတယ် လူ့စည်း ဆိုတာရှိရတယ်။

ဘယ်သူမုန်းမုန်း ကိုယ်မှန်တယ်ထင်နေလို့မရဘူး ရေငတ်ကာမှ ရေတစ်ခွက်ရဲ့တန်ဖိုးကို သိနေ လို့မရဘူး။တန်ဖိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တန်ဖိုးသိတဲ့သူတွေအတွက်ကတော့ အသုံးဝင်နေမှာပဲလေ။

ကိုယ်ချင်းစာတတ်ချင်ရင် စာများများဖတ်ပါ ။လူ့ဘဝမှာ အတုလုပ်ယူလို့မရတာက
ကိုယ်ကျင့်တရားနဲ့သမိုင်းဆိုတာသိစေချင်တယ်။ကိုယ်ကိုယ်တိုင်က မကောင်းသရွေ့
တစ်ပါးသူကောင်း လာဖို့မမျှော်လင့်ပါနဲ့
မှန်ထဲမှာ ပြုံးပြတာမြင်ချင် ကိုယ်တိုင်က အရင်ဆုံးပြုံးရတာပါပဲ။

လူဆိုတာ ကိုယ့်နေရာပဲ ကြည့်နေလို့မရဘူး
သူ့နေမှာလည်း ဝင်ခံစားပေးတတ်ရတယ် ဒါမှလူပီသမှာ။

Credit

ဝဋ်ဆိုး
06/01/2023

ဝဋ်ဆိုး

စိတ်လူ့စိတ် ပြောင်းရင်စာရိတ္တ ပြောင်းသွားတယ် ။စာရိတ္တ ပြောင်းရင်အမြင် ပြောင်းသွားတယ် ။အမြင် ပြောင်းရင်ပတ်ဝန်းကျင် ပြောင်...
06/01/2023

စိတ်

လူ့စိတ် ပြောင်းရင်
စာရိတ္တ ပြောင်းသွားတယ် ။

စာရိတ္တ ပြောင်းရင်
အမြင် ပြောင်းသွားတယ် ။

အမြင် ပြောင်းရင်
ပတ်ဝန်းကျင် ပြောင်းသွားတယ်။

ပတ်ဝန်းကျင် ပြောင်းရင်
ကံကောင်းမှုတွေ စပီးပြောင်းလာတယ်

ကံကောင်းမှု ပြောင်းရင်
မိမိရဲ့ ကံဇာတာပြောင်းသွားတယ် ။

တကယ်ယုံကြည် အားထားရမှာက
မိမိရဲ့စိတ်ပါ ။

ရက်ရာဇာတွေ ပြသဒါးတွေ မဟုတ်ဘူး၊
ကိုယ်မှာဆင်တဲ့ အဆောင်အယောင်တွေ၊
ပရိတ်ကြိုးတွေ၊ အထုံးအဖွဲ့တွေမဟုတ်ဘူး၊

စိတ်အတွင်းမှာသာ
စိတ်ကောင်းခြင်း ၊ နူးညံ့ခြင်း ၊ ခွင့်လွှတ်ခြင်း၊
သဘောထားကြီးခြင်း၊ ကိုယ်ချင်းစာခြင်း စတဲ့
စိတ်ရဲ့ Cosmetics တွေနဲ့ အလှဆင်မယ်၊
မေတ္တာကို စိတ်ထဲကပေါက်ဖွားမယ်၊
ပတ်ဝန်းကျင်ကို စိတ်နဲ့သဟဇာတ
ဖြစ်အောင်လုပ်မယ်။

ရှေးလူကြီးတွေက ပြောတယ် -

စိတ်တစ်ချက် ကိုင်တတ်ပြီဆိုရင်
ကောင်းကင်နဲ့ မြေကြီးကအစ
နားလည်တတ်လာတယ် တဲ့...၊
စိတ်ထဲက ကုသိုလ်၊ အကုသိုလ်ကို
ထိန်းနိုင်ရင် တစ်ကိုယ်ကောင်း
ဆန်မှုတွေ လျော့ပါးသွားတယ် ။

လူအချို့ကို ကြာပန်းလို....
ဝေးဝေးက ကြည့်မှ သူ့အလှမြင်တယ် ။

လူအချို့ကို လက်ဖက်ခြောက်လို.
ကြာကြာနှပ်ထားမှ သူ့အရသာ အစစ်သိတယ် ။

လူအချို့ကို လေပြည်လို...
ဂရုမစိုက်သင့် မစိုက်ဘဲနေရတယ် ။

လူအချို့ကို သစ်ပင်လို
မှီခိုသင့် မှီရတယ် ။

အားလုံးက ရေစက်ပဲလေ.……

လူ့ဘဝဆိုတာ တရားကျင့်တာ၊
မိမိရဲ့ စိတ်နှလုံးသားတစ်ခုကို ကျင့်ယူရမှာ ။

စိတ်ပျော့ပျောင်းသွားပြီဆိုတာနဲ့
အရာရာဟာစပြီး လှပသွားပြီ ။

စိတ်သန့်စင်သွားပြီ...
ပတ်ဝန်းကျင် ကြည်လင်သွားပြီ ။

စိတ်ပျော်ရွှင်သွားပြီ....
ဘဝကြီး ချမ်းသာသုခပြည့်သွားပြီ ။

ဒီတစ်သက်မှာ
ဘဝက ဘယ်အခြေအနေပဲဖြစ်ဖြစ်
သူတပါးပေါ် မလွှဲချဘူး၊
ရှိသမျှ ပျော်၊ ဒေါ ၊ ညစ်၊ ပြုံး၊ မုန်း၊
အားလုံးက ကိုယ့်ကိုဖန်တီးတာ။

ဘဝဆိုတာ တိုက်ပွဲမဟုတ်ဘူး၊..... ပဲ့တင်သံ ။

သင့်ရဲ့အကောင်းဆုံးကို သူများကိုပေး
ကြည့်လိုက်၊ သူများရဲ့အကောင်းဆုံး
က သင့်ဆီပြန်လာတယ် ။

သင်သူများကို ကူညီတာများလေလေ၊
သူများဆီက သင်အကူအညီပိုရလေလေ ။

သင်က အုတ်တံတိုင်းမြင့်မြင့် ကာလေလေ၊
နောက်ဆုံး အုတ်တံတိုင်းပတ်ပတ်လည်မှာ
သင်တစ်ယောက်တည်း ကျန်ခဲ့ရလေလေ ။

နှိမ့်ချကျိုးနွံမှု များများနဲ့
‌ချီးမွမ်း ထောပနာများများကို
‌သင်အသုံးချတတ်မယ်ဆိုရင်
လူ့ဘဝမှာနေရတာ သင် ပျော်ရွှင်ရတော့မယ် ။

ပါမောက္ခချုပ်ဆရာတော်

မိဘတွေရဲ့အပေါ်အားမလို အားမရဖြစ်ပြီးတော့ဘယ်အခါမှ အပြစ်မတင်ပါနဲ့ ။မိဘဆိုတာ မိမိတို့အတွက်ကျေးဇူးအများဆုံး ပုဂ္ဂိုလ်တွေပါ ။က...
04/01/2023

မိဘတွေရဲ့အပေါ်
အားမလို အားမရဖြစ်ပြီးတော့
ဘယ်အခါမှ အပြစ်မတင်ပါနဲ့ ။

မိဘဆိုတာ မိမိတို့အတွက်
ကျေးဇူးအများဆုံး ပုဂ္ဂိုလ်တွေပါ ။

ကိုယ်စွမ်းလို့ အောင်မြင်နေတာလို့
စိတ်ကြီးဝင် မထင်မြင်မိပါစေနဲ့ ။

မိဘတွေ မွေးခဲ့စောင့်ရှောက်ခဲ့လို့
ဒီနေရာတွေ ရောက်လာတာပါ ။

သားသမီးတွေက ပုထုဇဉ်ပီပီ
အပြစ်တင် ပြောချင်လာတဲ့အခါ
မွေးခဲ့တာတစ်ခုကို ပြန်ကြည့်ပါ ။

မိဘရဲ့အပြစ်ဟာ မွေးခဲ့တဲ့
ကျေးဇူးလောက် မကြီးမားလို့
ခွင့်လွတ်နားလည်ပေးနိုင်ပါစေ ။

မိဘလုပ်ကျွေးရင်
ဘုန်းကံလည်း ကြီးမားနိုင်သလို
ဘေးရန်လည်း ကင်းစေပါတယ် ။

ကောင်းမြတ်တဲ့ မင်္ဂလာနှင့်လည်း
ညီညွတ်ပြည့်စုံပါတယ် ။

ဒါကြောင့်....
မိဘရဲ့အပေါ်မှာ အပြစ်မမြင်ပဲ
ကုသိုလ်ရအောင် အမြဲလုပ်ကျွေးပါ ။

သာရ ဂ ဝေ သီ
🙏🙏🙏

22/07/2022

Address

67/68/41

Telephone

+959401357020

Website

Alerts

Be the first to know and let us send you an email when Practical Content Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Practical Content Sharing:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share