မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

  • Home
  • မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တော်လှန်ရေးအစိုးရ NUG ၊ MOD ၏ COC နှင့်အညီ တော်လှန်ရေးသတင်းများအား ဖော်ပြပေးပါမည်။

ငပုတောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် လိုအပ်သော အလှုငွေအား လှူဒါန်းပေးပါသော အလှုရှင်တဦးတယောက...
19/05/2024

ငပုတောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် လိုအပ်သော အလှုငွေအား လှူဒါန်းပေးပါသော အလှုရှင်တဦးတယောက်စီတိုင်းအား ကျေးဇူးတင်ရှိပါကြောင်းနှင့်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

‘စစ်ကောင်စီအလိုတော်ရိ လောက်ကောင်များအား သတိပေးထုတ်ပြန်ချက်’  အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီသည် စစ်မှုမထမ်းမနေရ  အမိန့်ကြ...
20/03/2024

‘စစ်ကောင်စီအလိုတော်ရိ လောက်ကောင်များအား သတိပေးထုတ်ပြန်ချက်’

အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီသည် စစ်မှုမထမ်းမနေရ အမိန့်ကြေညာချက်ကို ပြဌာန်းကာ ပြည်သူများ၏ လူသားလုံခြုံမှု (Human Security) ကို ပြောင်ပြောင်တင်းတင်း ထိပါးကျူးလွန် လုပ်ဆောင်နေသည်ကို တွေ့ရှိရပါသည်။
စစ်မှုမထမ်းမနေရ အမိန့်ကြေညာချက် သက်ဝင်လာစေရန်အတွက် အကြမ်းဖက်စစ်ကောင်စီ၏ အလိုကျ နည်းအမျိုးမျိုးဖြင့် ပူးပေါင်းကူညီ အားဖြည့်ဆောင်ရွက်နေသော အကြမ်းဖက် စစ်ကောင်စီအလိုတော်ရိများ အားလုံးကို အကြမ်းဖက်စစ်ကောင်စီ၏ ခွေးသွားစိတ် ဒေါက်တိုင်များအဖြစ် သတ်မှတ်မည်ဖြစ်ပြီး စစ်ကောင်စီ အလိုကျ ပါဝင်အားဖြည့်သူ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ပျူစောထီးများအား ပြည်သူများထံမှ ကောက်ယူရရှိသော စာရင်းအတိုင်း တိကျစွာ စာရင်းရေးသွင်း မှတ်တမ်းတင်၍ ထိရောက်ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ငပုတောမြို့နယ်၊ ကြားကာလပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့များက သတိပေးထုတ်ပြန်လိုက်သည်။

‘ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ် ’
‘ အရေးတော်ပုံ အောင်ရမည် ’

* ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ငပုတောမြို့နယ်
* မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ငပုတောမြို့နယ်

ငပုတောမြို့နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ရန် ရာအိမ်စုအလိုက်  စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခ...
18/03/2024

ငပုတောမြို့နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ရန် ရာအိမ်စုအလိုက် စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်းများ ဆောင်ရွက်နေ

မတ်လ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ကျေးရွာအုပ်စုအလိုက် စစ်မှုထမ်းဆောင်ရန် စာရင်းကောက်ယူခြင်းနှင့် မဲနှိုက်ရွေးချယ်ခြင်းများအား အပူတပြင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
16-3-2024 နေ့လည် 11 နာရီ အချိန်
တွင် စစ်မှုထမ်းရန်ကိစ္စနှင့်ပတ်သက်၍
စစ်သားစုဆောင်းရန် ငပုတောမြို့နယ် ပိုးလောင်းကျေးရွာအုပ်ချုပ်ရေးမှူး ချစ်ဆန်းမောင်ဆိုသူက ပိုးလောင်းကျေးရွာရှိ ပြည်သူလူထုများအား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေးတက်ရန် အသံချဲ့စက်ဖြင့် လိုက်လံကြေညာဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအပြီးတွင်
ရာအိမ်တစ်ပိုင် တစ်ယောက်နှုန်း ဖြင့်
စစ်မှုထမ်းဆောင်ရန် တစ်လလျှင် ရာအိမ်စုအလိုက် တစ်လလျှင်တစ်ဦးစီ စစ်မှုထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ငပုတောမြို့နယ်တွင်း အခြားကျေးရွာအုပ်စုများတွင်လည်း စစ်မှုထမ်းဆောင်ရန် စာရင်းကောက်ယူပြီးစီးပြီဖြစ်ပြီး အလှည့်ကျမဲနှိုက်ရွေးချယ်ရေးတွေ ဆောင်ရွက်နေကြပြီလည်း ဖြစ်ပါတယ်။
မကြာခင်ကာလမှာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပေးပို့လာတဲ့ စာရင်းများအတိုင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ ဆင့်ခေါ်စာများ ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း စိုးရိမ်သောကတွေ ခံစားနေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်အာဏာရှင်ဟာ ကျဆုံးချိန်ရောက်နေပြီ ဖြစ်သည့်အတွက် အကြမ်းဆုံးယုတ်မာမှုတွေနဲ့ ပြည်သူတွေကို သတ်ကွင်းထဲအရောက် ပေးပို့နေတာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
ပြည်သူများ အာဏာရှင်လက်အောက်က အမြန်ဆုံးကင်းလွတ်နိုင်ကြပါစေ...
# NgaputawPDF

ငပုတောမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ မစ်ရှင်ဖော်ဆောင်ရေးလုပ်ငန်းသုံးငွေ ဆယ်သိန်းကျပ်တိတိအား စေတနာထက်သန်စွာ ပါဝင်အားဖြည့...
15/03/2024

ငပုတောမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ မစ်ရှင်ဖော်ဆောင်ရေးလုပ်ငန်းသုံးငွေ ဆယ်သိန်းကျပ်တိတိအား စေတနာထက်သန်စွာ ပါဝင်အားဖြည့် ကူညီထောက်ပို့မှုအား ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံသားများ စစ်မှုထမ်းဥပဒေကို ‌ယနေ့ထုတ်ပြန်ကြေညာ********************************************နှ...
10/02/2024

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံသားများ စစ်မှုထမ်းဥပဒေကို ‌ယနေ့ထုတ်ပြန်ကြေညာ
********************************************

နှင့် မျိုးစုံ နံပါတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်သည့် နေ့ရက်သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာအမှတ် ၂၇ /၂ဝ၂၄ ၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် (၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ဝ ရက်)

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း ယင်းဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ သတ်မှတ်လိုက်သည်။

မုန့်ဟင်းခါးအလှူတော်တွေ များသွားသဖြင့် စစ်ကောင်စီအင်အားပြုန်းတီးနေပါသောကြောင့် ပြည်သူကို ရရာနည်းဖြင့် လူသားဒိုင်းအဖြစ် ထိုးကျွေးနိုင်ရန် ဥပဒေပြုကြံစည်နေခြင်းဖြစ်ပြီး ဘောမများလဲ ကင်းလွတ်ခွင့်ရှိမည်မဟုတ်ပါ။

White Campaign (အဖြူရောင် ကမ်ပိန်း)အာဏာလု (၃) နှစ်ပြည့်ဘဏ္ဍာရေးနဲ့ စစ်ရေး အားနည်းသွားစေမည့် White Campaign (အဖြူရောင် ကမ...
31/01/2024

White Campaign (အဖြူရောင် ကမ်ပိန်း)
အာဏာလု (၃) နှစ်ပြည့်

ဘဏ္ဍာရေးနဲ့ စစ်ရေး အားနည်းသွားစေမည့် White Campaign (အဖြူရောင် ကမ်ပိန်း) မှာ ပါဝင်ကြပါစို့။

၂၀၀၆ ခုနှစ်တွင် ကိုဂျင်မီ အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ဦးဆောင်ကာ နိုင်ငံရေးအကျဥ်းသားများ လွတ်မြောက်ရေးအတွက် လှုပ်ရှားခဲ့တဲ့ လူထုလှုပ်ရှားမှုနည်းနာဖြစ်တဲ့ အဖြူရောင် ကမ်ပိန်းကို နမူနာယူပြီး ၂၀၂၄ မှာ တကျော့ပြန် လှုပ်ရှားကြဖို့ဖြစ်ပါတယ်။ ��အကြမ်းဖက် စစ်အုပ်စုရဲ့ မတရား အာဏာလုယူမှု (၃) နှစ် သို့ ရောက်ရှိခြင်းနှင့် အတူ နီးကပ်လာတဲ့ စစ်အာဏာရှင် နိဂုံးချုပ်ရေး အတွက် ပြည်သူ့အားနဲ့ နည်းလမ်းမျိုးစုံက ဆက်လက် တော်လှန်နေဖို့ လိုပါတယ်။ ထို့ကြောင့် White Campaign မှာ ပါဝင်ပေးကြဖို့ အလေးအနက် တိုက်တွန်းအပ်ပါတယ်။

ယခု ၂၀၂၄ ခုနှစ် White Campaign (အဖြူရောင် ကမ်ပိန်း) ၏ တောင်းဆိုချက် …..

၁) အကြမ်းဖက် စစ်အုပ်စု အမြန်ဆုံးပြိုလဲရန် နိုင်ငံတကာမှ စစ်အုပ်စုထံ လေယာဉ်ဆီ တင်ပို့ရောင်းချနေခြင်းများအား ချက်ချင်း ရပ်တန့်ရန် မြန်မာ ပြည်သူများမှ နိုင်ငံတကာ အစိုးရများနှင့် ကုမ္ပဏီများထံသို့ တောင်းဆိုခြင်း။

၂) ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ နိုင်ငံအလိုက် တက်နိုင်သည့် နည်းလမ်းများဖြင့် (ချွင်းချက်ရှိသော နိုင်ငံများကို ဉီးတည်) အကြမ်းဖက် စစ်အုပ်စုထံသို့ သွေးစွန်ခွန်များ မဆောင်ဘဲ ငြင်းပယ်ရန် တောင်းဆိုခြင်း။

၃) အကြမ်းဖက် စစ်အုပ်စု လက်အောက်ရှိ စစ်သားများအနေဖြင့် အာဏာရှင် အတွက် အသက်မပေးဘဲ ပြည်သူ့ရင်ခွင်သို့ လုံခြုံစွာ အမြန်ဆုံး ခိုလှုံပေးကြရန်၊ အလင်း ဝင်ကြရန်၊ အလံဖြူ ထောင်ကြရန် တောင်းဆိုခြင်း။

ဖော်ပြပါ အချက် (၃) ချက်သည် White Campaign ပြုလုပ်ရခြင်း၏ တောင်းဆိုချက်များဖြစ်ပြီး ပြည်တွင်း၊ ပြည်ပမှ ပြည်သူများအားလုံး အဖြူရောင် အင်္ကျီ၊ အဖြူရောင် အဝတ်အစား၊ အသုံးဆောင် စသည်တို့ကို ပါဝင်ကြရန် နှိုးဆော်လိုက်ရပါသည်။

White Campaign မှာ ပါဝင်ဖို့အတွက်ဘာတွေ လိုအပ်ပါသလဲ ???

၁။ အင်္ကျီအဖြူရောင် ဝတ်ဆင်၍ လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံထားပါ။
၂။ စက္ကူနှင့် ခေါက်ထားသော လေယာဉ်ဖြူအား ကိုင်ပါ။
၃။ ကြွေးကြော်စာသားများအား စာရွက်ပေါ်တွင် ရေးသား၍ ဓါတ်ပုံများရိုက်ပါ။
“Ban Jet Fuel Exports To Myanmar Fascist Dictator”
“Stop Blood Taxation”
“Stop Paying Tax to Junta”
“ပြည်သူ့ရင်ခွင် အမြန်ခိုလှုံကြပါ” စသော ယခု စာသားများ အသုံးပြုနိုင်ပါသည်။

မှတ်ချက်။ White Campaign မှာ ပါဝင်ထားတဲ့ ပုံတွေကို မိမိတို့ social media မှ တစ်ဆင့် တင်ပေးပါရန်နှင့် လုံခြုံရေးအရ တင်ရန် အဆင်မပြေသူများအနေဖြင့် ယခု Page Messenger သို့ နောက်ခံ Background များ နှင့် မိမိတို့၏ မျက်နှာများအား ဝါး (blur) ၍ ပေးပို့ပေးနိုင်ပါသည်။





#ပြည်သူ့ရင်ခွင်အမြန်ခိုလှုံကြပါ
#2024
#အဆုံးသတ်အောင်ပွဲဆီ_လူထုလှိုင်းတွေနဲ့တက်စုံဖွင့်ရွက်ကုန်လွှင့်ချီ

 #ဧရာဝတီနန်းထိုက်အောင်စစ်ဆင်ရေး
01/05/2023

#ဧရာဝတီနန်းထိုက်အောင်စစ်ဆင်ရေး

မော်ကျွန်းမြို့ မြတ်သာရွာမရဲစခန်းအား ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် 79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
#ဧရာဝတီနန်းထိုက်အောင်
#79ဗုံးပစ်လောင်ချာ
#စစ်ရေးပစ်မှတ်

မေ ၁၊ ၂၀၂၃

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြတ်သာရွာမရဲစခန်းအား စစ်ရေးပစ်မှတ်အဖြစ် ယမန်နေ့ ဧပြီ ၃၀ ညပိုင်းက 79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း မစ်ရှင်ဆောင်ရွက်ခဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ယမန်နေ့ ည (၇) နာရီ ၁၀ မိနစ်ခန့်က ဧရာဝတီလင်းပိုင်မော်ကျွန်းတပ်ဖွဲ့၊ မော်ကျွန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဘိုကလေးလင်းပိုင် ပူးပေါင်းတပ်ဖွဲ့တို့က 79 ဗုံးပစ်လောင်ချာ 40mm ဗုံးသီးဖြင့် မြတ်သာရွာမရဲစခန်းရှိ ပင်မအဆောက်အဦးအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ ရဲဘော်တွေ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့ပါတယ်၊ ဗုံးသီးက ရဲစခန်းပင်မအဆောက်အဦးကို ထိမှန်ခဲ့ပြီး အတွင်းပိုင်းပျက်စီးမှု အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူး” ဟု မစ်ရှင်ဆောင်ရွက်သည့် တာဝန်ခံက ပြောသည်။

“ရည်ရွက်ချက်ကတော့ ပြည်သူလူထုကို နည်းမျိုးစုံဖိနှိပ်နေတဲ့ အကြမ်းဖက်စခရခတွေအတွက် ဧရာဝတီတိုင်းအတွင်းထဲမှာပဲ ဘယ်နေရာမှ မလုံခြုံတော့ဘူးဆိုတာ ပြသတဲ့ အနေနဲ့ စစ်ရေးပစ်မှတ်တွေ အဓိကထား ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီစစ်ဒေသခွဲ မြို့ပြစစ်ဆင်ရေးတာဝန်ခံက ပြောသည်။

ရှေ့ဆက်၍လည်း ဧရာဝတီတိုင်းတွင်းရှိ စစ်ရေး၊ အုပ်ချုပ်ရေး ပစ်မှတ်များကို အဓိကထားပြီး တိုက်ခိုက်သွားမည်ဖြစ်ကာ တိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများ ၊ ပကဖများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် အတူတကွ လက်တွဲပြီး စစ်အာဏာရှင်ပြုတ်ကျသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ၎င်းတို့ပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

၂၀၂၃ နှစ်ဦးပိုင်းကစ၍ သင်္ကြန်ကာလအပြီး ဧရာဝတီတိုင်းတွင်း “ဧရာလှိုင်းစစ်ဆင်ရေး”၊ “ဧရာဝတီနန်းထိုက်အောင်စစ်ဆင်ရေး” စသည့် အမည်များဖြင့် စစ်ရေးပစ်မှတ်တိုက်ခိုက်မှုများကို အဓိကထား ဆောင်ရွက်လာကာ စစ်ကောင်စီ၏ ထောက်တိုင်နာမည်ကြီး သတင်းပေးများကိုလည်း စနစ်တကျ သုတ်သင်ရှင်းလင်းသွားနေသည်ကို သတင်းအချက်အလက်များအရ လေ့လာသိရှိရပါသည်။


သတင်းများပိုမိုဖတ်ရှုရန် -
🔔 ARNs Telegram Channel - https://t.me/ayarevolutionnews
တော်လှန်ရေးဆောင်းပါး၊ကဗျာ များဖတ်ရှုရန် -
🔔 ARNs Website - https://arnsnews.com
===========================
သတင်းပေးပို့ရန် -
📩 Page Messenger (သို့)
📩 https://t.me/AYARevoNews

11/02/2023
*ပြည်သူ့အာဏာ ပြည်သူသာပ်ိုင်ကြောင်းပြသဖို့ ~~~*ဖက်ဒရယ် နိုင်ငံတော်ကိုတိုင်းရင်းသားအားလုံးနဲ့အတူတည်ဆောက်ဖို့~~~*နွေဦးတော်...
01/02/2023

*ပြည်သူ့အာဏာ ပြည်သူသာပ်ိုင်
ကြောင်းပြသဖို့ ~~~

*ဖက်ဒရယ် နိုင်ငံတော်ကို
တိုင်းရင်းသားအားလုံးနဲ့အတူ
တည်ဆောက်ဖို့~~~

*နွေဦးတော်လှန်ရေးမှစ အသက်
သွေးချွေး ဘဝပျက် ခဲ့​ကြသော
ပြည်သူများနှင့် အတူရှိကြောင်း
ပြသဖို့~~~

မနက် ၁၀ နာရီ မှ မွန်းလွဲ ၃နာရီထိ
အပြင်မထွက် ငြိမ်သက်တိတ်
ဆိတ်ခြင်း ဖြင့် တစ်ရက်တာ
ညီညွတ်ကြောင်းပြသရင်း~~~
အာဏာရှင်စနစ် အလိုမရှိကြောင်း
ပြသကြပါစို့💪💪💪

#ငပုတောသားတွေ
ညီကြရဲ့လား---???

စခ/ရခ/လှုပ်ရှားမှု့ နှင့်
အာဏာရှင်အစေပါးဝန်ထမ်းများ၏
ပြည်သူများအပေါ် နည်းအမျိုးမျိုး
ဖြင့် ဖိနှိပ်လုပ်ဆောင်မှု့များအား
#သတင်းဌာနသို့ ပေးပို့ကူညီခြင်း
ဖြင့် တော်လှန်ရေးတွင် တာဝန်ကျေ
ပြည်သူများ အဖြစ်ပါဝင်ကြပါရန်*

နယ်မြေသတင်းပေးထောက်လှမ်းရေးတပ်သားများအနေဖြင့် ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာန   သို့လည်းကောင်း  သို့လည်းကောင်း သတင်းများ...
29/01/2023

နယ်မြေသတင်းပေးထောက်လှမ်းရေးတပ်သားများ
အနေဖြင့် ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာန
သို့လည်းကောင်း
သို့လည်းကောင်း သတင်းများပေးပို့နိုင်ပါသည်။

နယ်မြေသတင်းပေးပြည်သူ့ထောက်လှမ်းရေးတပ်သားများအား ဖိတ်ခေါ်ခြင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“ဧရာဝတီအတွက် ပြည်သူထောက်လှမ်းရေးတပ်သားများ အလိုရှိသည်”

ကျွန်တော်တို့ သတင်းဌာနအနေဖြင့် နေ့စဉ် မြို့နယ်အလိုက် ရရှိသောသတင်းများအား စစ်ဆေးအတည်ပြုပြီးနောက် တော်လှန်ရေးဆိုင်ရာသတင်းတိုများအဖြစ် သွားလာလှုပ်ရှားနေကြသော ပြည်သူ​များအတွက် အစစ်အဆေး/အဖမ်းအဆီး/ထူးခြားဖြစ်စဉ် စသည်ဖြင့် ပြည်သူများ သိရှိနိုင်စေရန် နေ့စဉ်ဖော်ပြပေးလျက် ရှိသည်။

သို့ရာတွင် တချို့မြို့နယ်များ၏ သတင်းများ နေ့စဉ်သတင်းထဲ ပုံမှန်ပါဝင်လာနိုင်ရန်အတွက် ဒေသခံပြည်သူတွေဆီမှ သတင်းပေးပို့ရန်လည်း လိုအပ်နေပါသေးသည်။

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏ တစတစပြည်သူများအပေါ် ညှင်းပန်းနှိပ်စက်အာဏာရူးမှုများ ဆိုးရွာလာသည်နှင့်အမျှ မြို့ပြပျောက်ကျားလုပ်ဆောင်မည့် ရဲဘော်များအတွက် ပိုမိုခက်ခဲမှုများ ကြုံတွေလာရသည်။

“No Information, No Operation” ဆိုသလို သတင်းအချက်အလက်သည် စစ်ဆင်ရေးတစ်ခု၏ အသက်ဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် သက်ဆိုင်ရာ မိမိနယ်မြေအတွင်းရှိ စစ်ကောင်စီ၏ လှုပ်ရှားဆောင်ရွက်မှုများကို အချိန်နှင့်တပြေးညီ ပေးပို့ ကူညီခြင်းဖြင့် တော်လှန်ရေးတွင် တတပ်တအား ပါဝင်အားဖြည့်ပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

👉စကစ၏ မြေပြင်သတင်းတွေ ဘာကြောင့်ပေးသင့်သလဲ? မြေပြင်သတင်းတွေက ဘယ်လောက်တောင်အရေးပါသလဲ?

✅မြေပြင်သတင်းတွေဟာ ပြည်သူလူထု ဘေးကင်းစေဖို့သာမက စကစထောက်တိုင်များနှင့်တကွ စကစသတင်းပေးသူလျှိုများရှင်းလင်းရေး၊ တော်လှန်ရေးဆောင်ရွက်ချက်များ ပိုမိုလုပ်ဆောင်နိုင်ရေးအတွက် အလွန်ပင်အရေးပါလှပါတယ်။

ကျနော်တို့ သတင်းဌာန အနေဖြင့် သတင်းရယူပြီး (Fact Checking) အချက်အလက်များ စစ်ဆေးပြီးနောက် -
(က) ရဲဘော်များထံ အချိန်မှီပေးပို့ရန်သတင်း (Scout Information/လဝ)
(ခ) ပြည်သူလူထုထံ အသိပေးရမည့်သတင်း (Public Release News)
(ဂ) ဝန်ကြီးဌာနသို့ ပေးပို့ရမည့် သတင်း

စသည်ဖြင့် ခွဲခြားကာ သက်ဆိုင်ရာ Media/ Social Network အသီးသီးမှ ပေးပို့တင်ပြလျက်ရှိပါတယ်

သို့ဖြစ်ပါ၍ ဧရာဝတီတိုင်းအတွင်းရှိ -

🔺 စခ/ ရခများ တပ်စွဲ/ ကင်းစောင့် နေရာများ
🔸 ရဲစခန်းစာရင်းများ/အင်အားခန့်မှန်းများ
🔸 တပ်တည်/တပ်လှုပ်များ
🔸 စကစခန့် အုပ်ချုပ်ရေးမှူး/ စကစသတင်းပေးထောက်တိုင်တို့၏ အချက်အလက်များ
🔸 စကစ ထိန်းချုပ်ထားသော CCTV စာရင်းများ/နေရာများ
🔸 အဖမ်းအဆီး/အစစ်အဆေး/ထူးခြားဖြစ်စဉ်များ
🔸 လျှို့ဝှက် သတင်းများ နှင့်
🍉 ဖရဲသီး သတင်းများ ကို

👉 page messenger ကနေ ဖြစ်စေ
https://www.facebook.com/258292922741097/posts/327518239151898/?d=n

👉Telegram Link ကနေ ဖြစ်စေ
https://t.me/AYARevoNews

အချိန်မှီ ပေးပို့ ကူညီပြီး အရေးတော်ပုံအမြန်ဆုံးအောင်နိုင်ရေးအတွက် ပြည်သူများက တဖက်တလမ်းမှ ယုံကြည်စိတ်ချစွာ လာရောက် ပူးပေါင်း သတင်းပို့ပေးကြပါရန်လည်း နှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။

#ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာန

#တိကျသေချာဖွေရှာပေးပို့
“အရေးတော်ပုံ အောင်ကိုအောင်ရမည်။”

  ပြည်သူများခင်ဗျာ လက်တလောလုံခြုံရေး အခြေအနေအရ mountain civil defence force (MCDF) page နှင့် page ကိုင်ဆောင်သူ...
13/01/2023


ပြည်သူများခင်ဗျာ လက်တလောလုံခြုံရေး အခြေအနေအရ mountain civil defence force (MCDF) page နှင့် page ကိုင်ဆောင်သူ Saw Lay ၏ အကောင့်တို့အား ဆက်သွယ်ခြင်းမပြုရန်နှင့်
ယခင်ဆက်သွယ်ထားသည်များရှိပါက ရေးသားထားသည့်စာများအား ၎င်း page နှင့် အကောင့်တို့တွင် ‌မိမိပို့ထားသည့်စာများအား နှစ်ဖက်ပြတ်အောင်ဖျတ်ပြီး block ထားပါရန်တိုက်တွန်းအပ်ပါသည်။

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့က ရေဒီယိုအမည်ရှိ လ္ဘက်ရည်ဆိုင်ရှေ့မှာ ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းက အသံဗုံးတလုံးပေါ...
15/12/2022

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့က ရေဒီယိုအမည်ရှိ လ္ဘက်ရည်ဆိုင်ရှေ့မှာ ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းက အသံဗုံးတလုံးပေါက်ကွဲခဲ့ပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် ၎င်းနေရာအနီးဝန်းကျင်က ပြည်သူ (၅)ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုနောက်ကွယ်မှာ ဘာတွေရှိလဲ။

အဆိုပါ လ္ဘက်ရည်ဆိုင်ပိုင်ရှင်က ရဲဇော်လင်းဆိုသူ ဖြစ်ပါတယ်။ ၎င်းက ကန်ကြီးထောင့်မြို့နယ်မှာ တာဝန်ကျနေတဲ့ ဗိုလ်မှူးနိုင်လင်းအောင်ရဲ့ ယောက္ခမ တော်စပ်သူ ဖြစ်ပါတယ်။

ဗိုလ်မှူးနိုင်လင်းအောင်က DSA အပတ်စဉ် (၄၈) သင်တန်းဆင်းတဦးပါ။

သူက တပ်မတော်အဆင့်မြင့်နည်းပညာသုံးဆက်သွယ်ရေးနှင့်အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်ရေးနှင့် သုတေသနဌာနချုပ်မှာ တပ်ရေးဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဗိုလ်မှူးအဖြစ်ရာထူးတိုးတာ မကြာသေးဘဲ ကန်ကြီးထောင့်မြို့နယ်ကို ရာထူးတိုးပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။

သူရာထူးတိုး၊ နေရာရဖို့ သူကိုးကွယ်တဲ့ ဆရာတဆူရှိပါတယ်။ သူကတော့ ယခု ဆက်သွယ်ရေးညွှန်ကြားရေးမှူး တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ထွန်းထွန်းဦး ဖြစ်ပါတယ်။

သူဟာ တပ်ထဲမှာ မူးယစ်ရမ်းကားပြီး အောက်ခြေရဲဘော်တွေကို ထိုးတယ်၊ ရိုက်တယ်၊ ပြဿနာရှာတာတွေ လုပ်ခဲ့ပါတယ်။

ယခုလည်း သူ့ထက် အသက်ကြီးသူ ကန်ကြီးထောင့်မြို့နယ်စခန်းမှူးကို သူမူးလာရင် ဆဲဆိုကြိမ်းမောင်းတာတွေလည်း လုပ်ပါတယ်။

သူဟာ မိန်းမလိုက်စားသူလို့ နာမည်ကြီးပြီး ယခု ကန်ကြီးထောင့်မြို့နယ်က ရေဒီယို လ္ဘက်ရည်ဆိုင် ပိုင်ရှင်သမီးနဲ့ ပေါင်းသင်းနေသူဖြစ်ပါတယ်။

အသံဗုံးဖောက်ခွဲမှုဟာ တော်လှန်ရေးအား ပုံဖျက်ဖို့နဲ့ပြည်သူတွေကို မတရားဖမ်းဆီးငွေတောင်းဖို့ ပူးပေါင်းကြံစည်မှုတခုပါ။

၎င်းကြံစည်မှုမှာ ကန်ကြီးထောင့်လမ်းဆုံက ဆုလာတ် KTV ပိုင်ရှင် စန်းလွင်အောင် ဆိုသူက တနည်းတဖုံပါဝင် ပတ်သက်နေပါတယ်။

ဗိုလ်မှူးနိုင်လင်းအောင်က ၎င်း၏ ကားဆီဖိုးဟုဆိုကာ မြို့နယ်အတွင်းက ဆန်စက်ပိုင်ရှင်များ၊ ကုန်စုံဆိုင်ပိုင်ရှင်များထံမှ လစဉ် ငွေ ၅ သောင်းမှ ၁ သိန်းကျော်ထိ အဓမ္မတောင်းယူနေပါတယ်။

မြို့နယ်အတွင်းမှာ ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဖေ့ဘုတ်မှာတင်တဲ့ post တွေကို Like၊ Comment၊ Share လုပ်တဲ့ပြည်သူတွေကို ဖမ်းဆီးဖို့ မြို့နယ်ရဲစခန်းမှူးကို သူက အမိန့်ပေးခဲ့ဖူးပါတယ်။

📣 လိုအပ်သည့် အချက်အလက်များ ထပ်မံဖြည့်စွက်ပေးပို့နိုင်ပါတယ်။
📣 ယခုလို စစ်ကောင်စီဒေါက်တိုင်များကို လာရောက်သတင်းပေးပို့နိုင်ပါတယ်။

ပြည်သူများမှ သတင်းပေးပို့ရန် -
📩 Page Messenger (သို့)
📩 https://t.me/AYARevoNews (သို့)
📩 [email protected] များ သို့
ယုံကြည်စိတ်ချစွာ သတင်းပေးပို့နိုင်ပါသည်။



အာဏာရှင် တော်လှန်ရေးတွင် သွေးမအေးကြောင်းပြသဖို့အပန်းမကြီးဘူး ဆိုရင် ဒီအစီအစဥ်မှာ ပါဝင်စေလိုတယ်။ ၂၈ ရက်ည၊ မနက်ဖန်ည ၈း၃၀-၈...
27/10/2022

အာဏာရှင် တော်လှန်ရေးတွင် သွေးမအေးကြောင်းပြသဖို့အပန်းမကြီးဘူး ဆိုရင် ဒီအစီအစဥ်မှာ ပါဝင်စေလိုတယ်။

၂၈ ရက်ည၊ မနက်ဖန်ည ၈း၃၀-၈း၄၀ ၁၀ မိနစ်​လေးပါ။

16/10/2022

ပြည်သူများသတိထားနိုင်ရန်
အသိပေးခြင်း

❝Accept NUG and Our Ambassador, Reject Dictator❞“ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ”═════...
02/09/2022

❝Accept NUG and Our Ambassador, Reject Dictator❞

“ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ”
════════════════════

အခု စက်တင်ဘာလထဲမှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ နှစ်စဉ်အထွေထွေညီလာခံ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ကမ္ဘာ့ကုလသမဂ္ဂမှာ ဖက်ဆစ်အကြမ်းဖက် စစ်အုပ်စုကို လုံးဝ လက်မခံရေး၊ ပြည်သူ့အစိုးရ NUG နဲ့ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့အတွက် တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း‌၊ ဆင်နွှဲကြဖို့ အချိန်ကျရောက်လာပါပြီ။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အဓိက တာဝန်တွေက ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တရားမျှတမှုတို့ကို ဆောင်ကျဉ်းပေးနိုင်ဖို့ ဖြစ်တယ်လို့ နားလည်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ဖက်ဆစ်အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်အားကိုး အဓမ္မ အာဏာလုယူမှုကြောင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တို့ဟာ အချိန်နဲ့အမျှ အကြမ်းဖက်ခံနေရတယ်၊ သတ်ဖြတ်ခံနေရ၊ ဖျက်ဆီးခံနေရပါတယ်။ ဒီ အာဏာလု ဖက်ဆစ်အုပ်စုဟာ စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ကောင်တွေ ဖြစ်ကြတယ်။ ပြည်သူတရပ်လုံးက အကြမ်းဖက်စစ်အုပ်စုကို လုံးဝ လက်မခံကြဘူးဆိုတာကို အကြမ်းဖက်ဖိနှိပ်မှုတွေကြားကနေ အချိန်တနှစ်ခွဲကြာမြင့်သည်အထိ ပုံစံမျိုးစုံနဲ့ ဆင်နွှဲနေကြတဲ့ ပြည်သူ့တော်လှန်ရေးကြီးက အကောင်းဆုံး သက်သေတည်လျက် ရှိပါတယ်။

တချိန်တည်းမှာပဲ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ တော်လှန်ရေးရဲ့ လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာပြီး ပြည်သူတရပ်လုံးက ထောက်ခံကြတဲ့ ပြည်သူ့တရားဝင် အစိုးရ ဖြစ်တယ်ဆိုတာက ထင်ရှားပေါ်လွင်ပြီး ဖြစ်ပါတယ်။ NUG နဲ့အတူ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ဟာလဲ ပြည်သူ့ကိုယ်စားပြု၊ တော်လှန်ရေးတပ်ဦး အဖွဲ့အစည်းတွေအဖြစ် ပြည်သူလူထုတရပ်လုံးကက တလေးတနက် သတ်မှတ်လက်ခံထားကြပြီးဖြစ်ပါတယ်။

ဒါ့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့‌သာမက ကမ္ဘာ့နိုင်ငံတနိုင်ငံချင်းစီကလည်း ပြည်သူ့ အစိုးရဖြစ်တဲ့ NUG အစိုးရကိုသာ မြန်မာ့တရားဝင် အစိုးရအဖြစ် လက်ခံပေးဖို့၊ ပြည်သူ့သ‌ဘောဆန္ဒနဲ့အညီ ရပ်တည်ပြီး NUG ရဲ့ ဦးဆောင်မှုနဲ့ချီတက်နေတဲ့ ဦးကျော်မိုးထွန်းကိုသာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် အသိအမှတ်ပြုပေးဖို့ မြန်မာပြည်သူတရပ်လုံးက အလေးအနက် တောင်းဆိုအပ်ပါတယ်။

ဒါ့အပြင်၊ စစ်ရာဇဝတ်ကောင်တွေဖြစ်ကြတဲ့ ဖက်ဆစ် အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုကို ကမ္ဘာကြီးက လက်ပိုက်ကြည့်မနေဘဲ ထိုက်သင့်သလို ပြစ်ဒဏ်စီရင်၊ တုန့်ပြန်ကြဖို့လည်း တောင်းဆိုအပ်ပါတယ်။ ဒါမှသာလျှင် အမှန်တရား၊ တရားမျှတမှုနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကို အမှန်တကယ် လိုလား၊ ထိန်းသိမ်း၊ ကာကွယ်လိုပါတယ်ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး တည်ရှိစုဖွဲ့ရခြင်းဟာ အဓိပ္ပာယ်ရှိတဲ့ တည်ရှိခြင်း၊ အကျိုးရှိတဲ့ တည်ရှိခြင်း ဖြစ်ပါလိမ့်မယ်။

ပြည်သူ‌အပေါင်းတို့ခင်ဗျား-

ပြည်သူ့အစိုးရ NUG အတွက်၊ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း‌၊ ဆင်နွှဲကြဖို့ အချိန်ကျရောက်လာပါပြီ။ ဒီအတွက် မြေပြင်ကော၊ အွန်လိုင်းမှာပါ (Online, On-ground) လူထုတိုက်ပွဲ၊ လူထု လှုပ်ရှားမှုတွေ အများကြီးဆင်နွှဲကြဖို့ လိုအပ်မှာဖြစ်ပါတယ်။

ပြည်သူ့အားကို အများကြီး လိုအပ်ပါတယ်ခင်ဗျား။ အားလုံးအတူတကွ ဝိုင်းကြ၊ ဝန်းကြ တိုက်ပွဲဝင်ကြပါစို့။

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။

အာဏာရှင်စနစ်ဟူသမျှ မုချ ကျဆုံးရမည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။

အရေးတော်ပုံ အောင်ရမည်။








အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာနက မြို့နယ်ရဲတပ်ဖွဲ့များဖွဲ့စည်းကြောင်းကြေညာခြင်း**********...
01/09/2022

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာနက မြို့နယ်ရဲတပ်ဖွဲ့များဖွဲ့စည်းကြောင်းကြေညာခြင်း
************************************************
ငပုတော ၁.၉.၂၀၂၂

မြို့နယ်ရဲတပ်ဖွဲ့များ ဖွဲ့စည်းခြင်း
အမိန့်ကြေညာစာအမှတ်(၀၇/၂၀၂၂)
၁၃၈၄ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက်
(၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်)
အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ၂၀၂၂ခုနှစ် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေပုဒ်မ ၁၄ (ခ) အရ ပြည်သူ့ရဲတပ်ဖွဲ့ လက်အောက်တွင် အောက်ပါ မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့များအား ဖွဲ့စည်းလိုက်သည်_
(၁) ကလေးမြို့နယ်ရဲတပ်ဖွဲ့
(၂) တမူးမြို့နယ်ရဲတပ်ဖွဲ့
(၃) ဝက်လက်မြို့နယ်ရဲတပ်ဖွဲ့

လွင်ကိုလတ်
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန

#အမျိုးသားညီညွတ်ရေးအစိုးရ

ကမ်းခြေတော်လှန်ရေးတပ်ဖွဲ့ Beach Defence Force မှ ပုသိမ်-ချောင်းသာကားလမ်းအား အျရးပေါ်ကိစ္စမှလွဲ၍ သွားလာခြင်းမပြုရန်ပြည်သူ...
03/08/2022

ကမ်းခြေတော်လှန်ရေးတပ်ဖွဲ့ Beach Defence Force မှ ပုသိမ်-ချောင်းသာကားလမ်းအား အျရးပေါ်ကိစ္စမှလွဲ၍ သွားလာခြင်းမပြုရန်ပြည်သူအားအသိပေး
**********************************************
၃.၈.၂၀၂၂ ငပုတောမြို့နယ်

စစ်ကောင်စီ၏အုပ်ချုပ်မှုလုပ်ငန်းများလုပ်ဆောင်ခြင်းမရှိစေရန် တွန်းလှန်တိုက်ခိုက်နေသည့် ကမ်းခြေတော်လှန်ရေးတပ်ဖွဲ့မှ ပုသိမ်-ချောင်းသာ ကားလမ်းအားအရေးပေါ်ကိစ္စမှလွဲ၍ အသုံးမပြုရန် ပြည်သူများအား အောက်ပါအတိုင်းထုတ်ပြန်ထားသည်ကိုတွေ့ရှိရ...

ကြေငြာချက်အမှတ် ၁၃/၂၀၂၂

ကျွန်တော်တို့ Beach Defence Force(BDF)အနေဖြင့် ပုသိမ် ချောင်းသာကားလမ်းအား အရေးကြီးကိစ္စမရှိဘဲ လုံးဝမသွားလာကြရန်နှင့် သွားလာသည့်အခါ စကစ ကားများနဲ့ ဝေးဝေးလိုက်ကြရန် ပြင်းပြင်းထန်ထန် သတိပေးထုပ်ပြန်လိုက်ပါသည်။



ရဲဘော်သူရိန်
သတင်းနှင့်ပြန်ကြားရေး

တာဝန်ခံ
#ပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ခွေးများနှင့်ဝေးဝေးမှသွားလာရန်
စစ်ခွေးများ၏ သတင်းများပေးပို့လိုပါက
ဤ page messenger သို့ လည်းကောင်း
#
Telegram scout သို့လည်းကောင်းသတင်းများပေးပို့နိုင်ပါသည်။

ဧရာဝတီနန်းထိုက်အောင်စစ်ဆင်ရေး
01/08/2022

ဧရာဝတီနန်းထိုက်အောင်စစ်ဆင်ရေး

ဧရာဝတီနန်းထိုက်အောင်စစ်ဆင်ရေး တတိယမစ်ရှင်အဖြစ် ဓနုဖြူမြို့မှ စစ်ကောင်စီသတင်းပေးတစ်ဦးအား ပစ်ခတ်ရှင်းလင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
#ဧရာဝတီနန်းထိုက်အောင်

#စစ်ကောင်စီသတင်းပေးတိုက်ခိုက်ခံရ

ဩဂုတ် ၁

ဓနုဖြူမြို့နယ်မှ လောင်းကစားဝိုင်းများကို ဆတ်ကြေးကောက်လေ့ရှိသော စစ်ကောင်စီသတင်းပေးတစ်ဦးအား ယမန်နေ့ ဇူလိုင် ၃၁ ညပိုင်းတွင် ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေး တတိယ မစ်ရှင် အဖြစ် ဧရာဝတီ၏ STF အဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ မြို့ပြစစ်ဆင်ရေး တာဝန်ခံထံမှ သိရသည်။

ဧရာဝတီတိုင်း၊ ဓနုဖြူပိုင် အိုင်အင်းကျေးရွာနေ စကစသတင်းပေး လောင်းကစားဝိုင်းဆတ်ကြေးကောက်သူ ဒလန်ကျော်နိုင်အား ဟင်္သာတမြို့နယ်နှင့် ကျုံပျော်မြို့နယ် နယ်စပ် ရှားခဲကျေးရွာအနီးရှိမလုံးတံတားအနီးတွင် ယမန်နေ့ ည ၇ နာရီ ဝန်းကျင်ခန့်၌ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

“ပစ်ခံရသူက ဆိုင်ကယ်စီးလာရင်း မလုံးတံတားနားရောက်တော့ နောက်က ဆိုင်ကယ်တစ်စီးရောက်လာပြီး အနားကပ် ပစ်သတ်သွားတာဗျ၊ သူ့သားက ရဲ၊ လောင်းကစားဝိုင်းတွေ ဆတ်ကြေးလိုက်ကောက်နေတာ၊ နေတာက ဓနုဖြူ၊ အခုလည်း ဒီကို ဆတ်ကြေးလာကောက်တာနေမှာ၊ စစ်တပ်ကိုတော့ အမြဲ သတင်းပို့နေတဲ့သူ” ဟု မျက်မြင်တွေ့သူ ဒေသခံ တစ်ဦးက ARNs သို့ သတင်းပေးပို့လာသည်။

လက်ရှိအချိန်တွင် င်္ဟသာတဆေးရုံ အရေးပေါ်၌ ဆေးကုသမှုခံယူနေပြီး လည်ပင်းထိသွားကာ အခြေအနေမကောင်းဟု သတင်းထွက်နေကြောင်းလည်း သိရသည်။

ယမန်နေ့ ဖြစ်စဉ် ဖြစ်ပွါးမှု အပြီး ကျုံပျော်စစ်တပ်မှ စခများ ရှားခဲသို့ရောက်ရှိလာကာ လမ်းပိတ်၍ သေနတ်သမားအား အပူတပြင်းလိုက်လံရှာဖွေပြီး အနီးအနားရှိလူများအား စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အထောင်-ရှားခဲလမ်းတစ်လျောက် ရဲခွေးများ အရပ်ဝတ်များဖြင့် ခြေရှုပ်နေသဖြင့် ပြည်သူများ ဂရုပြုနေထိုင်ကြပါရန် အသိပေး နှိိုးဆော်လိုက်ပါသည်။


***(အချို့သော အချိန်နှင့်တပြေးညီ သိရမည့် သတင်းများကို Telegram တွင် ဦးစွာ တင်ပေးသည့်အတွက် ARNs Telegram ကို subscribe ပြုလုပ်ထားပါရန်)***
👇👇👇👇👇👇👇👇
https://t.me/ayarevolutionnews

ပြည်သူများမှ သတင်းပေးပို့လိုပါက-
👉 Page Messenger (သို့)
👉 https://t.me/AYARevoNews (သို့)
👉 [email protected] သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။

Address


Website

Alerts

Be the first to know and let us send you an email when မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share