Zarmani People's Defence Force - Pale

  • Home
  • Zarmani People's Defence Force - Pale

Zarmani People's Defence Force - Pale "Injustice anywhere is a threat to justice everywhere."

 #ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ
04/08/2022

#ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ

19/07/2022

#ညီနောင်မဟာမိတ်ဖြစ်ကြောင်းပူးတွဲကြေညာချက်

 #ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ
13/07/2022

#ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ

 # ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ
11/07/2022

# ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ

NUGအစိုးရ၏ ဖက်ဒရယ်ပညာရေးစနစ်နှင့်အညီ အကောင်အထည်ဖော်လျက်ရှိသော စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်ရှိ အခြေခံပညာမ...
01/07/2022

NUGအစိုးရ၏ ဖက်ဒရယ်ပညာရေးစနစ်နှင့်အညီ အကောင်အထည်ဖော်လျက်ရှိသော စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်းကို လိုအပ်သည့်သင်ကြားရေးအ​ထောက်အကူပစ္စည်းများဝယ်ယူနိုင်ရန်အလို့ငှာ ၂၀၂၂ခုနှစ်၊ ဇွန်လ၂၉ရက်နေ့တွင် ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလဲ)မှ တစ်သိန်းကျပ်တိတိ သွားရောက်လှူဒါန်းခဲ့ပါသည်။ ထို့အပြင် ၎င်းမူလတန်းကျောင်းနှင့်မနီးမဝေးမှ ရေရရှိရန်အခက်အခဲဖြစ်နေသော ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကိုပါ ရေပိုက်သွယ်ယူနိုင်ရန်အတွက် သက်ဆိုင်ရာရပ်ကျေးပ.အ.ဖများနှင့် ဆက်သွယ်ကာ တစ်သိန်းကျပ်တိတိ တစ်ဆက်တည်း လှူဒါန်းခဲ့ပါသည်။

#ကျွန်ပ်တို့သည် ပြည်သူ့စစ်သားများဖြစ်၍ ပြည်သူလူထု၏ အခက်အခဲအားလုံးသည် ကျွန်ပ်တို့နှင့် သက်ဆိုင်ပါသည်။
#အရေးတော်ပုံအောင်ရမည်။
#ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပုလဲ

ယခုလို ထောက်ပို့ပါဝင်ပေးပါသော ပြည်တွင်း၊ပြည်ပအလှူရှင်များအား အထူးကျေးဇူးတင်ရှိပါသည်။ # အရေးတော်ပုံအောင်ရမည်။ #ဇာမဏီပြည်သ...
20/06/2022

ယခုလို ထောက်ပို့ပါဝင်ပေးပါသော ပြည်တွင်း၊ပြည်ပအလှူရှင်များအား အထူးကျေးဇူးတင်ရှိပါသည်။

# အရေးတော်ပုံအောင်ရမည်။
#ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပုလဲ

 # ဒီနေ့ ကျရောက်တဲ့ ၇၇နှစ်မြောက်မွေးနေ့ကစပြီး  အကြမ်းဖက်စစ်တပ်၏မတရားဖမ်းဆီးခံရခြင်းမှ လူထုခေါင်းဆောင် အမြန်လွတ်မြောက်ပါစ...
19/06/2022

# ဒီနေ့ ကျရောက်တဲ့ ၇၇နှစ်မြောက်မွေးနေ့ကစပြီး အကြမ်းဖက်စစ်တပ်၏မတရားဖမ်းဆီးခံရခြင်းမှ လူထုခေါင်းဆောင် အမြန်လွတ်မြောက်ပါစေ။ ကျွန်ပ်တို့ပို့သသောမေတ္တာ​ကြောင့် ကျန်းမာရွှင်လန်းပါစေ။

# Photo Credit - Ko Phyo (Mudon)

#ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပုလဲ

ကျွန်ပ်တို့၏မူဝါဒ----------------------------၁။ ပြည်သူကိုမျက်နှာမူသည့် တော်လှန်ရေးအဖွဲ့အစည်းမျိုးသာ ဖြစ်ရပါမည်။ ၂။ အမျို...
18/06/2022

ကျွန်ပ်တို့၏မူဝါဒ
----------------------------
၁။ ပြည်သူကိုမျက်နှာမူသည့် တော်လှန်ရေးအဖွဲ့အစည်းမျိုးသာ ဖြစ်ရပါမည်။

၂။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်အောက်မှနေ၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးပေါ်ထွန်းသည်အထိ ခိုင်မြဲသည့်သံမဏိစိတ်ဓာတ်ကိုအခြေခံကာ ဦးလည်မသုန် တိုက်ပွဲဝင်သွားပါမည်။

၃။ လက်နက်ကိုင်လမ်းစဥ်နှင့် နိုင်ငံရေးလမ်းစဥ်ကို ဥာဏ်မြေကတုတ်ပါ ရောစွက်လျက် ဟန်ချက်ညီညီတွဲယှက်လှုပ်ရှားသွားပါမည်။

၄။ မည်သည့်အချိန်ကာလ၌မဆို ပြည်သူ့ဦးခေါင်းကို သေနတ်ပြောင်းလှည့်မည့် လက်နက်ကိုင်အဖွဲ့အစည်းမျိုး လုံးဝ (လုံးဝ)မဖြစ်စေရ။

၅။ ဒေသခံပြည်သူလူထုနှင့် တစ်သားတည်းနေထိုင်ကာ ပြည်သူ့အသက်၊အိုးအိမ်၊စည်းစိမ်ကို ကိုယ်စွမ်း၊ဥာဏ်စွမ်းရှိသရွေ့ ကာကွယ်စောင့်ရှောက်သွားပါမည်။

၆။ ကျွန်ပ်တို့နှင့် မဟာမိတ်မဖြစ်စေကာမူ တော်လှန်ရေးကို လမ်းကြောင်းမှန်မှန်လှုပ်ရှားနေသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ကျွန်ပ်တို့တတ်နိုင်သည့်ဖက်မှ ကူညီရိုင်းပင်းပါမည်။

၇။ ပြည်သူ့အားနည်းချက်ကို ခုတုံးလုပ်ယူကာ ကိုယ်ကျိုးရှာတော်လှန်စီးပွား ဘယ်သောအခါမှ ပြုလုပ်မည်မဟုတ်။

၈။ မိမိအဖွဲ့အစည်း၏ လူသူ၊လက်နက်၊ ငွေကြေးရန်ပုံငွေတောင့်တင်းခိုင်မာရန်တစ်ခုတည်းကိုသာ ရည်ရွယ်လျက် အခြားလက်နက်ကိုင်တော်လှန်ရေး
အဖွဲ့အစည်းများအပေါ် မသမာသည့်နည်းလမ်းဖြင့် အသုံးချခြင်း၊မမှန်မကန် အပုပ်ချဝေဖန်ခြင်း၊လက်နက်အားကိုး၍ နယ်မြေစိုးမိုးခြင်းများ လုံးဝ(လုံးဝ)ပြုလုပ်မည်မဟုတ်။

၉။ ကျွန်ပ်တို့ ခန္ဓာမသုဥ်းသရွေ့ ဤမူဝါဒများနှင့်အညီသာ နွေဦးတော်လှန်ရေး၏ တစ်ထောင့်တစ်နေရာမှ အဆုံးတိုင်ပါဝင်သွားမည်ဖြစ်ပါသည်။

`အကြမ်းဖက်စစ်မိစ္ဆာတွေကို မြန်မာ့မြေပေါ်မှ အပြီးတိုင်ဖယ်ရှားကြ '
- အရေးတော်ပုံအောင်ရမည်။
- ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပုလဲ

Edit- မူဝါဒအချက်(၈)တွင် ``အခြားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် ''ဟု ပုံပါStatementတွင် ဖော်ပြထားမှုအစား `` အခြားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအပေါ် ''ဟု ပြင်ဆင်ဖြည့်စွက် ဖတ်ရှုပါရန်။ ။

18/06/2022

# ဂန့်ဂေါကအပြန် ကိုယ်တွေပုလဲကပါ တစ်လမ်းလုံး နာနတ်သီးဝိုင်းကျွေးလိုက်ကြလို့ လပ်တီးတို့ အတော်လေးစိတ်ကောက်သွားပုံရတယ်။အောက်ဖက်ရောက်တော့လည်း ယင်းမာပင်ကပါ ထပ်ကျွေးတာပဲ(ရုပ်/သံ)

  - သမိန်ဂွတို
17/06/2022

- သမိန်ဂွတို

 #ဆားလင်းကြီးတွင် ၅/ လက်ပံတောင်း သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြရန်ကုန်၊ ဇွန် ၁၇ဆားလင်းကြီးမြို...
17/06/2022

#ဆားလင်းကြီးတွင် ၅/ လက်ပံတောင်း သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၁၇

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသ ၅/လက်ပံတောင်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် ပြည်သူများ စုပေါင်း၍ မိုးရွာထဲ လမ်းလျှောက်သပိတ်အဖြစ် အကြမ်းဖက် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Quoted from the original owner.

အာဏာဟာ ဥပဒေအထက်မှာရှိနေရင် ဒီနိုင်ငံဟာ မွဲနေဦးမှာပဲ။ #ဗိုလ်ချုပ်အောင်ဆန်း
17/06/2022

အာဏာဟာ ဥပဒေအထက်မှာရှိနေရင် ဒီနိုင်ငံဟာ မွဲနေဦးမှာပဲ။

#ဗိုလ်ချုပ်အောင်ဆန်း

 #ဆားလင်းကြီး ဗကသ ကျောင်းသားများ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြရန်ကုန်၊ ဇွန် ၁၇ဆားလင်းကြီးမြို့နယ် ကျောင်းသားများ...
17/06/2022

#ဆားလင်းကြီး ဗကသ ကျောင်းသားများ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၁၇

ဆားလင်းကြီးမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ဦးဆောင်ကာ နယ်မြေ မငြိမ်သက်မှုများ ကြားမှ ယနေ့ ဇွန်လ ၁၇ ရက်နေ့တွင် “စစ်ကျွန်ဘဝကလွတ်မြောက်ဖို့ တစ်တိုင်းပြည်လုံး ထကြွတော်လှန်စို့” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

from the original owner.

 #ပြည်သူလူထူ၏ ပူးပေါင်းပါဝင်မှုကို အထူးကျေးဇူးတင်ရှိပါသည်။ #ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပုလဲ
17/06/2022

#ပြည်သူလူထူ၏ ပူးပေါင်းပါဝင်မှုကို အထူးကျေးဇူးတင်ရှိပါသည်။

#ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပုလဲ

 #ဇူလိုင် ၂၀မှာ ထွက်ခွာမယ့် တိုတယ် ကုမ္ပဏိဟာ ဖက်ဆစ်အုပ်စုကို ဒေါ်လာသန်း ၂၅၀နှင့် ရှယ်ယာ အကျိုးအမြတ်များစွာ  ပေးခဲ့ဖို့ ပ...
16/06/2022

#ဇူလိုင် ၂၀မှာ ထွက်ခွာမယ့် တိုတယ် ကုမ္ပဏိဟာ ဖက်ဆစ်အုပ်စုကို ဒေါ်လာသန်း ၂၅၀နှင့် ရှယ်ယာ အကျိုးအမြတ်များစွာ ပေးခဲ့ဖို့ ပြင်ဆင်နေပါတယ်။

💰 ပြင်သစ်အစိုးရ၏ အခန်းကဏ္ဍဟာ ဖက်စစ်အုပ်စုထံ ဒေါ်လာသန်း ၂၅၀နှင့် ရှယ်ယာ အကျိုးအမြတ်များစွာ ရောက်ရေး/ မရောက်ရေးအတွက် အဆုံးအဖြတ်ပေးမယ့် အဓိကနေရာတွင် ရှိနေပါတယ်။ 🩸
https://www.facebook.com/108745491471914/posts/308125608200567/?sfnsn=mo

ကလေးငယ်တွေ၊ လူငယ်တွေ၊ မြန်မာပြည်သူအားလုံး ကို ထပ်မံသတ်ဖြတ်မယ့် ငွေကြေးတွေ စစ်အုပ်စုဆီမရောက်ဖို့ အားလုံးပါဝင်တားဆီးဖို့ မဖြစ်မနေလို့ပါတယ်။ ✋

ဒေါ်လာ သန်း၂၅၀နှင့် ရှယ်ယာများ ဖက်ဆစ်အုပ်စုထံ မရောက်ရှိစေရန် ပြင်သစ်အစိုးရကို ဦးတည်တဲ့ ဆန္ဒပြ လှုပ်ရှားမှာ ပါဝင်ပေးကြပါ။

- Blood money

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်ပြည်သူအရေအတွက်ဟာ ကိန်းဂဏန်းအားဖြင့် တစ်သန်းက...
16/06/2022

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်ပြည်သူအရေအတွက်ဟာ ကိန်းဂဏန်းအားဖြင့် တစ်သန်းကျော်ထိကို တိုးလာနေပါပြီ။

Crdeit - ISP - Myanmar

 # ယခုလို ထောက်ပံ့ကူညီပေးပါသော ပြည်တွင်း၊ပြည်ပအလှူရှင်များကို အထူးကျေးဇူးတင်ရှိပါသည်။ #ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပု...
13/06/2022

# ယခုလို ထောက်ပံ့ကူညီပေးပါသော ပြည်တွင်း၊ပြည်ပအလှူရှင်များကို အထူးကျေးဇူးတင်ရှိပါသည်။

#ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပုလဲ

 #ဂန့်ဂေါဖက်က နောက်ကြောင််းပြန်လှည့်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ကျွန်တော်တို့ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပုလဲအပါအဝင် ဒ...
13/06/2022

#ဂန့်ဂေါဖက်က နောက်ကြောင််းပြန်လှည့်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ကျွန်တော်တို့ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပုလဲအပါအဝင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ပုလဲ- ဂန့်ဂေါ ကားလမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်တာတွေ၊ ပြောက်ကျားထိုးစစ်ဆင်တာတွေကို ဒီလေးရက်တာကာလအတွင်း နေရာအနှံ့ ပြုလုပ်ခဲ့ပါတယ်။ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ မေလဝက်လောက်ကစပြီး ဆိုးဆိုးဝါးဝါးဖြတ်တောက်ခံထားရတာမို့ အဖွဲ့အများစုဟာ တိုက်ပွဲသတင်းတွေကို အချိန်မီထုတ်ပြန်နိုင်ခြင်းမရှိခဲ့ပါဘူး။ လတ်တလောကာလအတွင်း မအလအကြမ်းဖက်စစ်တပ်က နယ်မြေခံကျေးရွာအတော်များများကို လူမဆန်စွာ မီးရှို့လုယက်တာတွေပါ ယခင်ကထက် ပိုမိုပြုလုပ်လာ​ပြီး အပြစ်မဲ့ပြည်သူတွေအပေါ် ဥပဒေမဲ့ရမ်းကားသတ်ဖြတ်တာတွေ၊ ဖြတ်လေးဖြတ်နဲ့ မြေပြင်စစ်​ကြောင်းထိုးမှုတွေ ဆက်တိုက်အကောင်အထည်ဖော်လာတာကြောင့် အရိုးသားဆုံးဆိုရရင် ​ပြည်သူတွေနည်းတူ ကျွန်တော်တို့လည်း အစစအရာရာကျပ်တည်းလာပါပြီ။ လက်နက်အင်အား ဖြည့်တင်းဖို့ဆိုတာ မနည်းရုန်းကန်ရတဲ့အခြေအနေပါ။ ရိက္ခာတောင် အရင်လိုမလွယ်ကူလှပါဘူး။ နေရာစုံက ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုကို ကျွန်တော်တို့ယခုထက်ပိုပြီး မျှော်လင့်မိပါတယ်။ အ​ရေးတော်ပုံအမြန်အောင်ဖို့ ကျွန်တော်တို့မှာ ပြည်သူတွေသာ အားကိုးစရာရှိပါတယ်။ကျွန်တော်တို့ရဲ့ရှင်သန်မှုဟာလည်း ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေးနဲ့ ပြည်သူ့အသက်၊အိုးအိမ်၊စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ပါပဲ။ ကျွန်တော်တို့က အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်ပါမယ်။ပြည်သူတွေက တစ်ရာငွေတတ်နိုင်ရင် တစ်ရာငွေကူကြပါ။ငွေတစ်ရာရှိလို့ တစ်ရာငွေကူတာဟာ ရှက်စရာမဟုတ်ပါဘူး။ ပြည်သူတွေခက်ခဲလာတာကိုပါ ပြည်သူကြားကပေါက်ဖွားလာတာမို့ ကျွန်တော်တို့ကောင်းကောင်းကြီးနားလည်ပါတယ်။ဒါပေမယ့် ပြည်သူတစ်ရပ်လုံးမပါဝင်ရင် အချိန်ကြာတာနဲ့အမျှ ကျွန်တော်တို့တော်လှန်ရေးကြီးဟာ ခုထက်ပိုဆိုးတဲ့အခြေအနေတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ပြိုင်တူတွန်းလေ၊မြန်မြန်ရွေ့လေပါ။

#အရေးတော်ပုံအောင်ရမည်။
#ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပုလဲ

12/06/2022

#တော်လှန်ရေးပူးပေါင်းအင်အားစုများနှင့်အတူ ပုလဲ- ဂန့်ဂေါ ကားလမ်းတစ်နေရာ(ရုပ်/သံ)

♥နေပူပူ...မိုးရွာရွာ၊ မပြောင်းလဲတဲ့ ခံယူချက်တွေဟာ တစ်သားတည်း...

#အရေးတော်ပုံအောင်ရမည်။
#ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုလဲ

ကျွန်တော်တို့ ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုလဲ၏ တော်လှန်ရေးခရီးစဥ်အတွက် ယခုလိုတစ်တပ်တစ်အား ထောက်ပံ့ကူညီပေးပါသော တော်လှန...
12/06/2022

ကျွန်တော်တို့ ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုလဲ၏ တော်လှန်ရေးခရီးစဥ်အတွက် ယခုလိုတစ်တပ်တစ်အား ထောက်ပံ့ကူညီပေးပါသော တော်လှန်​​ပြည်သူများအား အထူးကျေးဇူးတင်ရှိပါသည်။

#ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပုလဲ

 #ယခုလို ထောက်ပံ့ကူညီပေးပါသော တော်လှန်ပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို ကျွန်ပ်တို့ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုလဲ မှ အထူ...
05/06/2022

#ယခုလို ထောက်ပံ့ကူညီပေးပါသော တော်လှန်ပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို ကျွန်ပ်တို့ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုလဲ မှ အထူးကျေးဇူးတင်ရှိပါသည်။

27/05/2022

တိုက်ပွဲသတင်းထုတ်ပြန်ချက်
ရက်စွဲ- ၂၀၂၂ခုနှစ်၊မေလ(၂၇)ရက်။
စာအမှတ် - ၅ / ၂၀၂၂။

၂၀၂၂ခုနှစ် ၊ မေလ(၂၃)ရက်နေ့ ၊ မြန်မာစံတော်ချိန် မနက် (၉း၃၀) မိနစ်အချိန်ခန့်တွင် ပုလဲမြို့နယ်၊အင်မထီးကျေးရွာရှိ စခ၊ရခနှင့် ပျူစောထီးပူးပေါင်းတပ်စခန်းမှ သာယာကုန်းကျေးရွာသို့ ရိက္ခာသယ်ဆောင်ရန် ထွက်လာသော ခွေးအုပ်စုကို ပုလဲ ပ.က.ဖ(တပ်ရင်း- ၁)၊ ပုံတောင် Tiger PDF(တပ်ရင်း-၁၊ တပ်ခွဲ-၂)၊ ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုလဲ(တပ်ရင်း-၁၊တပ်ခွဲ-၂၊ ပုံတောင်Tiger တပ်ခွဲ)၊ ပုလဲ ပ.က.ဖတပ်ရင်း(၂)၊ပုလဲ ပ.က.ဖ တပ်ရင်း(၆)တို့မှ နာရီဝက်နီးပါးကြာအောင် ပူးပေါင်းပစ်ခတ်ခဲ့ပါသည်။

ထိုသို့ပူးပေါင်းပစ်ခတ်ရာတွင် ခွေးအုပ်စုဖက်မှ အနည်းဆုံးလေးကောင်ခန့် ငရဲပြည်ပို့နိုင်ခဲ့ပြီး ဒုက္ခိတဘဝကို အရှင်လတ်လတ်ရောက်သွားသည့် ခွေးများလည်း အများအပြားရှိနိုင်ပါသည်။ ၎င်းတို့စီးနင်းလာသည့် မော်တော်ဆိုင်ကယ်များထဲမှ တစ်စီးကိုပါ တော်လှန်ရေးရဲဘော်များလက်ဝယ် သိမ်းဆည်းရမိခဲ့ပါသည်။

ပုလဲမြို့နယ်အတွင်း ဆယ်သွယ်ရေးလိုင်းများခက်ခဲပြတ်တောက်လျက်ရှိသည့် အခြေအနေနှင့် မြေပြင်လုံခြုံရေးအခြေအနေတို့ကြောင့် ယခုလိုရက်အနည်းငယ်နောက်ကျပြီးမှသာ တိုက်ပွဲသတင်းထုတ်ပြန်နိုင်ခြင်းကိုမူ ပြည်သူလူထုထံ အနူးအညွတ်တောင်းပန်အပ်ပါသည်။

အရေးတော်ပုံအောင်ရမည်။
ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုလဲ

Address


Website

Alerts

Be the first to know and let us send you an email when Zarmani People's Defence Force - Pale posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zarmani People's Defence Force - Pale:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share