Yuzuki’s Diary

  • Home
  • Yuzuki’s Diary

Yuzuki’s Diary Japanese podcast and random thoughts

皆さんこんにちは^^ユズキです。မနက်ဖြန်တနင်္လာနေ့ဆိုတော့ နောက်ထပ်ရက်သတ္တပတ်တာကို အလုပ်တွေ ကျောင်းစာတွေနဲ့ ထပ်ပြီးဖြတ်သန်းရဦးမယ့် 皆さんတို...
10/12/2023

皆さんこんにちは^^
ユズキです。

မနက်ဖြန်တနင်္လာနေ့ဆိုတော့ နောက်ထပ်ရက်သတ္တပတ်တာကို အလုပ်တွေ ကျောင်းစာတွေနဲ့ ထပ်ပြီးဖြတ်သန်းရဦးမယ့် 皆さんတို့အတွက် မိုတီဖြစ်စေမယ့် 諺(ことわざ)လေးတစ်ခုကို ပြောပြပေးချင်ပါတယ်။

【七転び八起き】
ななころびやおき
၇ကြိမ်လဲရင် ၈ကြိမ်မြောက်ပြန်ထ။

"ဘဝမှာ အမှားတွေလုပ်မိတာတွေ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရတိုင်း အရှုံးမပေးဘဲ လဲကျသွားတိုင်း နောက်တစ်ကြိမ်ပြန်ထပြီး ကြိုးစားပါ" ဆိုတဲ့အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်။

အမှားတွေ ကျဆုံးမှုတွေဆိုတာ ဘဝကပေးတဲ့သင်ခန်းစာတွေဖြစ်တာကြောင့် အဲ့ဒီအမှားတွေ ကျဆုံးမှုတွေကိုရင်ဆိုင်ပြီးမှ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုရောက်နိုင်မှာပါ။

ဒါကြောင့် ダルマ(達磨) ပစ်တိုင်းထောင်အရုပ်လေးလိုပဲ ၇ကြိမ်လဲရင် ၈ကြိမ်မြောက်ပြန်ထပြီး ကိုယ်လိုချင်တဲ့ပန်းတိုင်ကို မရောက်မချင်းကြိုးစားကြရအောင်နော်။💪🏼

自分の夢を実現するために頑張りましょう!

#ユズキ
’sDiary

今日大阪にあるユニバーサルスタジオジャパンへ遊びに行きました。初めてローラーコースター に乗りました。とても楽しかったけど、一日中歩いていたので疲れてしまいました。🥹本当にハリーポッターの世界のように感じがしました。もう一度遊びに行きたいで...
22/11/2023

今日大阪にあるユニバーサルスタジオジャパンへ遊びに行きました。
初めてローラーコースター に乗りました。
とても楽しかったけど、一日中歩いていたので疲れてしまいました。🥹
本当にハリーポッターの世界のように感じがしました。
もう一度遊びに行きたいです。🫶🏼

#ユズキ

’s_Diary

皆さんこんにちは!ユズキです。^^お元気でいらっしゃるんですか。Yuzuki podcast မလုပ်ဖြစ်တာလဲကြာပြီဆိုတော့ ဒီတစ်ခေါက် podcast လေးမှာ 皆さん တို့သိချင်တဲ့ မေ...
15/11/2023

皆さんこんにちは!
ユズキです。^^
お元気でいらっしゃるんですか。
Yuzuki podcast မလုပ်ဖြစ်တာလဲကြာပြီဆိုတော့
ဒီတစ်ခေါက် podcast လေးမှာ 皆さん တို့သိချင်တဲ့ မေးခွန်းလေးတွေကို ဖြေပေးသွားမယ်လို့ စဉ်းစားထားပါတယ်။
အဲ့ဒါကြောင့် 皆さんတို့သိချင်တဲ့ ဂျပန်နဲ့ပတ်သက်တဲ့
မေးခွန်းလေးတွေ cmt မှာရေးပေးခဲ့ကြပါဦးနော်။
Podcast လေးကိုလဲ စောင့်နေပေးကြပါဦးနော်။ ^^
お願いいたします。🙇🏻‍♀️
Yuzuki ရဲ့ YouTube channel လေးမှာလဲ podcast တွေနားထောင်လို့ရတာမလို့ channel လေးကိုလဲ subscribe လုပ်ပေးထားပါဦးနော်။ ^^

https://youtube.com/?si=FwCdbCUE-UoyfYRF

#ユズキ

’s_Diary

18/10/2023

皆さんこんにちは^^
ユズキです。
ဒီနေ့အတန်းထဲမှာ ပထမဆုံးအကြိမ် 発表 လုပ်ခဲ့ရပါတယ်။
ကိုယ့်အနေနဲ့ ဂုဏ်ယူရတဲ့အမှတ်တရ သို့မဟုတ် ကိုယ့်အနေနဲ့ ဂုဏ်ယူရတဲ့လူအကြောင်း 発表 လုပ်ရတာဖြစ်ပါတယ်။
Yuzuki ကတော့ ကိုယ့်အနေနဲ့ ဂုဏ်ယူရတဲ့လူ အကြောင်းကို
ပြောခဲ့ပါတယ်။
အဲ့ဒါက ဘယ်သူဖြစ်မလဲဆိုတာကိုတော့ ဒီ Video လေးကို
ကြည့်ပေးကြပါနော်။ ^^

YouTube Link

https://youtu.be/p9EzspqTmso?si=5-omHls85Kzsdx1Y

#ユズキ

’sDiary

15/09/2023

ဒီတစ်ခါ Video လေးကတော့ Yuzuki ရဲ့ကျောင်း campus လေးကိုရိုက်ပြထားပါတယ်။
Podcast မဟုတ်ဘဲ Vlog ပုံစံမျိုးလေးဖြစ်သွားပါတယ်။
Kyoto University of Foreign Studies ကျောင်းဝန်းထဲမှာ လျှောက်ကြည့်ရင်းနဲ့ ကျောင်းနဲ့ပတ်သက်တာလေးတွေကို ပြောပြပေးထားပါတယ်။

KUFS website
https://www.kufs.ac.jp/en/

YouTube link

https://youtu.be/HA5wCIcktww?si=ZgGBESfy3h_c0Tqd

#ユズキ

’sDiary


皆さんこんばんは!ユズキです^^ဟိုတစ်နေ့က ကျောင်းမှာ Placement Test နဲ့ Interview ဖြေပြီးတော့ Yuzuki ရဲ့ class level ခွဲတဲ့ result ရလာခ...
07/09/2023

皆さんこんばんは!
ユズキです^^
ဟိုတစ်နေ့က ကျောင်းမှာ Placement Test နဲ့ Interview ဖြေပြီးတော့ Yuzuki ရဲ့ class level ခွဲတဲ့ result ရလာခဲ့ပါပြီ!
Level အမြင့်ဆုံး9/8/7ထဲက Lvl 8 ရပါတယ်။🥳
မေးခွန်းမှာ level အစုံရောပြီးမေးထားတာဖြစ်ပါတယ်။
ကိုယ်ဖြေနိုင်တဲ့ အဖြေပေါ်မူတည်ပြီး Level ပြန်ခွဲတာဖြစ်ပါတယ်။
Yuzuki က N2 passed ဖြစ်ပြီးသားဖြစ်တဲ့အတွက် N2 မေးခွန်းတွေဖြေနိုင်ခဲ့လို့ Lvl အမြင့်ထဲပါသွားတာဖြစ်ပါတယ်။
もっと頑張らないと!💪🏼
Interview ဖြေတဲ့နေ့က Campus Vlog လေးရိုက်ထားပေမယ့် Editing လုပ်ဖို့အချိန်မရသေးတာကြောင့် Editing လုပ်ပြီးတာနဲ့တင်ပေးသွားပါမယ်။ ^^

#ユズキ


’s_diary

02/09/2023

Yuzuki ဒီနေ့ 北野天満宮 (Kitano Tenmangu Shrine) အနားမှာကျင်းပတဲ့ 上七軒盆踊り (Kamishichiken bon odori) ပွဲကို Senpai တစ်ယောက်ကလိုက်ပို့ပေးလို့ သူငယ်ချင်းတွေနဲ့အတူသွားကြည့်ခဲ့ပါတယ် 🥰⛩️

大勢の人が祭りに参加しに来ました。
たこ焼きを食べたり、写真を撮ったりしました。
とても楽しかった一日でした。!!!
連れて行ってくれた先輩にもありがたいです。💛


#ユズキ

's_Diary

やっと日本へ🇯🇵✈️Yuzuki ဒီနေ့ပဲ LS နဲ့ကျောင်းတက်ဖို့ Kyoto ကိုသွားပါပြီ ^^ #ユズキ   ’s_Diary
29/08/2023

やっと日本へ🇯🇵✈️
Yuzuki ဒီနေ့ပဲ LS နဲ့ကျောင်းတက်ဖို့ Kyoto ကိုသွားပါပြီ ^^
#ユズキ


’s_Diary

Yuzuki ကို page မှာ N3 စာလေ့လာနည်းလေး လမ်းညွှန်းပေးပါဦးဆိုပြီး လာမေးထားလို့ လမ်းညွှန်ပေးခဲ့တဲ့後輩ဆီက ဒီလိုမျိုးလေး ကြားရတ...
21/08/2023

Yuzuki ကို page မှာ N3 စာလေ့လာနည်းလေး လမ်းညွှန်းပေးပါဦးဆိုပြီး လာမေးထားလို့ လမ်းညွှန်ပေးခဲ့တဲ့後輩ဆီက ဒီလိုမျိုးလေး ကြားရတော့ တကယ်ဝမ်းသာမိပါတယ်။🥺
Yuzuki ကိုယ်တိုင်စာလုပ်တဲ့နည်းလေးတွေကို မျှဝေပေးတာက 皆さんတို့အတွက် နည်းနည်းလေးပဲဖြစ်ဖြစ် အကျိုးရှိသွားတယ်ဆိုရင်ကို
တကယ်ကျေနပ်မိပါတယ်။💛
Yuzuki N3 လေ့လာခဲ့ပုံအသေးစိတ်ကိုလဲ page မှာ pin ထားပေးထားပါတယ်။
https://www.facebook.com/100089206848472/posts/122157680767793/?mibextid=cr9u03
ဒီနေ့အောင်သွားတဲ့သူတွေအားလုံးကိုလဲ おめでとうございます🎊㊗️
မအောင်သေးတဲ့သူတွေကလဲ လက်မလျှော့ဘဲ
နောက်တစ်ဆင့်တက်ဖို့အတွက် ခြေတစ်လှမ်းဆုတ်ပြီးအားယူလိုက်တယ်လို့ သဘောထားပြီး ရှေ့ဆက်ကြိုးစားကြပါနော်။
頑張ってください!💪🏼

#ユズキ
’s_Diary

N2 အောင်သွားပါပြီ 🥳✨Listening အမှတ်ပြည့်ရမယ်လို့မထင်ထားပေမယ့် အမှတ်ပြည့်ရသွားလို့ ပိုပျော်သွားပြီ ㅠㅠ၆လလောက် စာလုပ်ခဲ့ရကျ...
21/08/2023

N2 အောင်သွားပါပြီ 🥳✨
Listening အမှတ်ပြည့်ရမယ်လို့မထင်ထားပေမယ့် အမှတ်ပြည့်ရသွားလို့ ပိုပျော်သွားပြီ ㅠㅠ
၆လလောက် စာလုပ်ခဲ့ရကျိုးနပ်သွားပါပြီ 😭

ဒီနေ့ Page ဖွင့်တာ ၇လပြည့်တဲ့နေ့မှာပဲ Like 1K နဲ့ Follower 1.3K ကျော်သွားပါပြီ 🥳✨နောက်ထပ်လဲ ဂျပန်နဲ့ဆိုင်တဲ့ content လေး...
11/08/2023

ဒီနေ့ Page ဖွင့်တာ ၇လပြည့်တဲ့နေ့မှာပဲ Like 1K နဲ့ Follower 1.3K ကျော်သွားပါပြီ 🥳✨
နောက်ထပ်လဲ ဂျပန်နဲ့ဆိုင်တဲ့ content လေးတွေ podcast လေးတွေကို Page မှာရော YouTube channel မှာပါတင်ပေးသွားပါမယ်။
ဒီရက်ပိုင်း Yuzuki အလုပ်လေးတွေရှုပ်နေလို့
မကြာခင်မှာ podcast အသစ်လေးနဲ့ ပြန်လာခဲ့ပါမယ်။
တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။🥰
皆さんどうもありがとうございました💛🙇🏻‍♀️

’s_Diary
#ユズキ

皆さんこんにちは^^ဒီတစ်ခါမှာတော့ Yuzuki က ဂျပန်စာကို အခုမှစတင်လေ့လာနေတဲ့ Beginner လေးတွေအတွက် အထောက်အကူဖြစ်စေမယ့် အကြောင်းအရာလေး...
08/08/2023

皆さんこんにちは^^

ဒီတစ်ခါမှာတော့ Yuzuki က ဂျပန်စာကို အခုမှစတင်လေ့လာနေတဲ့ Beginner လေးတွေအတွက် အထောက်အကူဖြစ်စေမယ့် အကြောင်းအရာလေးကို မျှဝေပေးချင်ပါတယ်။

အကြောင်းအရာလေးကတော့ "N5 လေ့လာကတည်းက Listening ကောင်းအောင်ဘယ်လိုလုပ်ကြမလဲ။" ဆိုတာလေးပါ။

ရှေ့မှာတုန်းကလဲ Listening Tips လေးတွေကို မျှဝေခဲ့ဖူးပါတယ်။

Yuzuki ကဂျပန်စာ စလေ့လာကတည်းက Reading Writing Speaking Listening ဆိုတဲ့ Skill ၄မျိုးမှာ Listeing ကို အားသာတဲ့သူဖြစ်တာကြောင့် Listening နဲ့ပတ်သက်ပြီး 皆さんတို့ကိုထပ်ပြီးမျှဝေပေးချင်ပါတယ်။

Listening ရဖို့ဆိုရင် အရင်ဆုံး Kotoba တွေနဲ့ Bunpou တွေရဖို့လိုအပ်ပါတယ်။

ဒါက Listening အတွက် အခြေခံအချက်ပါ။

N5 အဆင့်မှာ ကိုယ်က Kotoba တွေကိုအများကြီး မသိသေးတာဖြစ်တဲ့အတွက် အရင်ဆုံး 皆んなの日本語စာအုပ်ထဲမှာပါတဲ့ 会話 တို့ 問題 ထဲမှာပါတဲ့ listening တွေကို အပြန်ပြန်အလှန်လှန် နားထောင်နေပါ။

会話နားထောင်တဲ့အခါ ပထမတစ်ခေါက်မှာ (script) စာသားကိုကြည့်ပြီးနားထောင်ရင် ဒုတိယတစ်ခေါက်မှာ အလွတ်နားထောင်ကြည့်ပါ။

問題 listening ဖြေတဲ့အခါမှာလဲ ပထမတစ်ခေါက်နဲ့နားမလည်ရင် ဒုတိယတစ်ခေါက် ထပ်ပြီးနားထောင်ပါ။

ဒုတိယတစ်ခေါက်မှာလဲ သိပ်နားမလည်သေးဘူးဆိုရင် တတိယတစ်ခေါက်နားထောင်တဲ့အခါ တစ်ဖြတ်စီ (pauseလုပ်ပြီး) နားနားပြီး
နားထောင်ကြည့်ပါ။

အဲ့လိုနားထောင်တဲ့အခါမှာလဲ အကြမ်းစာအုပ်တစ်အုပ်ယူထားပြီးတော့ သူပြောသွားတဲ့ထဲက ကိုယ်ကြားလိုက်သမျှကို လိုက်ချရေးပါ။

ဒါက စာမေးပွဲမှာ listening နားထောင်တဲ့အခါ note လိုက်မှတ်တဲ့ အလေ့အကျင့်ရသွားစေပါတယ်။

နောက်တစ်ခုက ကလေးပုံပြင်တို့ N5 Level နားထောင်လို့ရမယ့် Podcast တို့ Video တွေကိုကြည့်ပေးပါ။

ဒီနေရာမှာ Yuzuki တစ်ခုဖြည့်စွက်ပြီးပြောချင်တာက ကိုယ်က Level နိမ့်နေသေးပေမယ့် Podcast တော်တော်များများက N3 Level လောက်မှ ကောင်းကောင်းနားလည်တာမျိုးတွေရှိပါတယ်။

နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ
အဲ့လိုမျိုး Podcast တွေကိုလဲ နားထောင်ကြည့်ပါ။

ကြာလာရင် ဂျပန်လူမျိုးတွေရဲ့ 発音 အသံထွက်ကို နားရည်ဝလာပါလိမ့်မယ်။

အစပိုင်းတော့ နားမလည်သေးဘူးဆိုပြီး စိတ်ဓာတ်မကျပါနဲ့နော်။

ကိုယ်က N3 level လောက်ရောက်တဲ့အခါ ပြန်နားထောင်ကြည့်ရင် ကိုယ်နားလည်တဲ့ Kotoba တွေမှန်းသိလာမှာပါ။

အဓိကက ဂျပန်လူမျိုးတွေရဲ့ အသံထွက်ကို နားရည်ဝစေဖို့အတွက် ဒါလေးကိုထည့်ဖြည့်ပြောရခြင်းဖြစ်ပါတယ်။

နောက်ထပ် Listening လေ့ကျင့်နည်းတွေကိုတော့ ဒီ Video လေးထဲမှာ ပြောပြပေးထားပါတယ်။

https://fb.watch/m7EYC9POx8/?mibextid=qC1gEa

Yuzuki မျှဝေပေးခဲ့တဲ့ နည်းလမ်းလေးတွေက 皆さんတို့အတွက် အထောက်အကူဖြစ်စေမယ်ဆိုရင် ဝမ်းသာမိပါတယ်။

Japanese Podcast နဲ့ဂျပန်နဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေ မျှဝေပေးသွားမှာမလို့ Yuzuki ရဲ့ Page လေးကို Like & follow လေးလုပ်ပေးကြပါဦးနော်။
YouTube channel လေးမှာလဲ podcast တွေနားထောင်လို့ရပါတယ်။



#ユズキ
’s_Diary

31/07/2023

皆さんこんにちは^^
Yuzuki တို့တစ်ယောက်အကြောင်းတစ်ယောက်ပြောကြတဲ့နေရာမှာ ဝါသနာဆိုတာကလဲ မပါမဖြစ်ဘဲလေနော်။
ဒီတော့ဒီတစ်ခေါက် Podcast မှာ Yuzuki ရဲ့ဝါသနာအကြောင်းကို ပြောပြထားပါတယ်။
皆さんတို့လဲကိုယ့်ရဲ့ဝါသနာလေးတွေကို ပြောပြပေးသွားကြပါဦးနော်။^^
စကားမစပ် YouTube channel လေးလဲ ဖွင့်လိုက်ပြီမလို့ Yuzuki ရဲ့ YouTube channel လေးကိုလဲ Subscribe လုပ်ပေးကြပါဦးနော်။
နောက်ထပ် Podcast တွေမှာ ပြန်တွေ့ကြပါမယ်။

YouTube Channel Link
https://youtube.com/


’s_Diary
#ユズキ

25/07/2023

皆さんこんにちは^^
အားလုံးပဲ မင်္ဂလာပါ။

今回はポッドキャストじゃなくてストーリーを聞こうと思っています。
ဒီတစ်ခါ Podcast မဟုတ်ဘဲ ပုံပြင်နားထောင်ကြမယ်လို့ တွေးထားပါတယ်။

私たちの子供のころから、よくきいたウサギとカメのものがたりを日本語でききましょう。
Watashi တို့ကလေးကတည်းက ကြားဖူးနေကျ ယုန်နဲ့လိပ် ပုံပြင်ကို ဂျပန်လိုနားထောင်ကြည့်ရအောင်။


#ユズキ

’s_diary

底まで達したとき、行く道は一つしかない。 そこまでたっしたとき、いくみちはひとつしかない。အောက်ဆုံးထိရောက်သွားတဲ့အခါမှာ သွားစရာတစ်လမ်းပဲရှိတော့တယ်။それは上昇だ!それはじょうしょうだ!...
13/07/2023

底まで達したとき、行く道は一つしかない。
そこまでたっしたとき、いくみちはひとつしかない。
အောက်ဆုံးထိရောက်သွားတဲ့အခါမှာ
သွားစရာတစ်လမ်းပဲရှိတော့တယ်။

それは上昇だ!
それはじょうしょうだ!
အဲ့ဒါကအပေါ်ကိုတက်ဖို့ပဲ။

Quote from SING Animation
pic from Pinterest
#ユズキ
’s_Diary

07/07/2023

皆さんお久しぶりです。
ユズキです。^^
私の新しいポッドキャストを聴いてくださいませんか。
簡単な言葉を使いましたので、わかりやすいと思います。
この動画が好きならLikeとFollowをお願いします。🙇🏻‍♀️
BGM by Bin (Hangul with me:비니)
#ユズキ
’s_Diary

皆さんもう準備できましたか?အားလုံးပဲ မနက်ဖြန်ဖြေဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေသေချာလေး ကြိုထည့်ထားကြနော်။-ခဲတံ (HD or 2B) (၃/၄ချောင်းထ...
01/07/2023

皆さんもう準備できましたか?
အားလုံးပဲ မနက်ဖြန်ဖြေဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေသေချာလေး ကြိုထည့်ထားကြနော်။
-ခဲတံ (HD or 2B)
(၃/၄ချောင်းထည့်သွားပါ။ တစ်ချောင်းတည်းကို ၂ဖက်ချွန်သွားတာမျိုးဆိုလဲ အဆင်ပြေပါတယ်။)
-Test voucher colour print
-ခဲဖျက်
-ပေတံ (အဖြေခြယ်သည့်အခါ မရောစေရန် ပေတံဖြင့် ဖုံးပြီးကြည့်ရန်အတွက်ပါ။)
-ခဲတံချွန်စက်
-လိုအပ်တဲ့သက်သေခံကတ်ပြား (မှတ်ပုံတင်/ယာဉ်မောင်းလိုင်စင်/passport)
-လက်ပတ်နာရီ (အသံမမြည်နိုင်သည့်)

နေရာရှာဖို့အတွက် စာဖြေဌာနကို စောရောက်နိုင်ရင် ပိုကောင်းပါတယ်။
မနက်စာကို ချင့်ချိန်ပြီး စားဖြစ်အောင်စားခဲ့ပါ။
မေးခွန်းနဲ့အဖြေလွှာမှာ ခုံနံပါတ်သေချာတပ်ပါ။
အဖြေလွှာမှာ အစွန်းအထင်းမပါစေဖို့ သတိပြုပါ။

Listening ဖြေတဲ့အခါမှာ တစ်ပုဒ်လွတ်သွားခဲ့ရင်တောင်မှ အာရုံမလွတ်စေဘဲ နောက်အပုဒ်တွေကိုပဲ အာရုံစိုက်ပါ။ (လွတ်သွားတဲ့အပုဒ်ကိုပဲ စိတ်ရောက်နေရင် နောက်အပုဒ်တွေပါ အာရုံလွတ်သွားတတ်ပါတယ်။)
Listening ဖြေတဲ့အခါမှာ အဖြေကိုချက်ချင်းတန်းပြီး ခြယ်ပါ။
မေးခွန်းအာလုံးပြီးမှ အဖြေလွှာထဲခြယ်ဖို့အချိန်မရပါဘူး။ (moji goi & dokkai လဲအတူတူပါပဲ)

အားလုံးပဲ စိတ်အေးအေးထားပြီး ဖြေခဲ့ကြပါ။
မဖြေနိုင်လောက်ပါဘူးဆိုတဲ့စိတ်ထက် "ငါစာလုပ်ထားတာပဲ ဖြေနိုင်မှာ"ဆိုတဲ့စိတ်မျိုးပဲတွေးပါ။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရင် ၅၀% ကသေချာပေါက် အောင်မြင်ပြီးသားပါ။

頑張ってください!💪🏼

Yuzuki လဲစာမေးပွဲပြီးရင် Video အသစ်တွေနဲ့ ပြန်လာမှာမလို့ စောင့်နေပေးကြပါနော်။^^

#ユズキ
’s_Diary

06/03/2023

ဒီတစ်ခါမှာတော့ Yuzuki ကစာလေးတစ်ပုဒ်ကို
ဖတ်ပြပေးထားပါတယ်။
ကိုယ့်ကိုယ်ကိုယ် Motivation ဖြစ်စေတယ်ဆိုတာ ဘယ်လိုမျိုးလဲ?
လက်ရှိကိုယ့်အခြေအနေကို ဒီလောက်နဲ့ပဲကျေနပ်နေပြီလား?
တစ်နေ့ကို မိနစ်(၃၀) လေးပဲ ဆက်ပြီးလုပ်သွားပါ လို့
ဒီစာအုပ်လေးထဲမှာ ရေးထားပါတယ်။
Yuzuki လက်ရှိဖတ်နေတဲ့ စာအုပ်ဖြစ်တဲ့အတွက် နောက်ထပ်သဘောကျတဲ့အပိုင်းလေးတွေရှိရင်လဲ တင်ပေးသွားဖို့အစီအစဉ်ရှိပါတယ်။^^

#ユズキ
’s_Diary

#1日30分を続けなさい

目的地はまだ 迷い不明瞭もくてきちはまだまよいふめいりょうရည်မှန်းချက်ပန်းတိုင်ကို အခုထိတွေဝေကာပျောက်ဆုံးနေစဲပဲ...။方向を見失って 彷徨う wandererほうこうをみうしなってさまよ...
04/03/2023

目的地はまだ 迷い不明瞭
もくてきちはまだまよいふめいりょう
ရည်မှန်းချက်ပန်းတိုင်ကို အခုထိတွေဝေကာပျောက်ဆုံးနေစဲပဲ...။

方向を見失って 彷徨う wanderer
ほうこうをみうしなってさまようwanderer
ဦးတည်ရာကိုပျောက်ဆုံးနေခဲ့တဲ့ လေလွင့်နေခဲ့တဲ့သူလိုပဲ...။

翼折られて流され怖いよ
つばさおられてながされこわいよ
ငါ့ရဲ့အတောင်ပံတွေကျိုးကြေပျက်စီးသွားပြီး အမြင့်ကနေ အောက်ကိုကျလာမှာကို ကြောက်နေခဲ့တာပေါ့...။

疲れ俺から遠ざかる末路
つかれおれからとおざかるまつろ
ပင်ပန်းမှုတွေ ငါ့ဆီကနေ အဝေးကိုထွက်ပြေးသွားမယ့် အဆုံးသတ်ကိုမျှော်လင့်ရင်းနဲ့ပဲ...။

高い場所から覗く世界は怖くて
たかいばしょからのぞくせかいはこわくて
အမြင့်ကိုရောက်နေရာကနေ ငုံ့ကြည့်လိုက်မှ လောကကြီးဟာကြောက်ဖို့ကောင်းနေမှန်းသိလိုက်ရတယ်...။

青春の答えを探し出す旅
せいしゅんのこたえをさがしだすたび
ဒါဟာလူငယ်ဘဝဆိုတာရဲ့အဖြေမှန်ကို ရှာဖွေရမယ့်ခရီးတစ်ခုပေါ့...။

いつか僕たちが
いつかぼくたちが
တစ်ချိန်ချိန်မှာ ငါတို့ဟာ...။

今のままで
いまのままで
အခုလိုပုံစံအတိုင်းနဲ့ပဲ...။

「何か」になるなら
တစ်ခုခုရယ်လို့ ဖြစ်လာရမယ်ဆိုရင်လေ...။

ありのままの君と僕を願う
ありのままのきみとぼくをねがう
မင်းဟာလဲမင်း ငါဟာလဲငါဆိုတဲ့ အရှိအတိုင်းဖြစ်နေဖို့ပဲ မျှော်လင့်ပါတယ်...။

Song recommendation_Turbulence by ATEEZ (Japanese version)

https://youtu.be/TVCEDdVI6sY

皆さんこの歌を一度聞いてみてください。
歌詞はとても意義深いのでお勧めしたいです。
私は日本語のバージョンより韓国語のバージョンの方が好きです。
私が悲しい時この歌を聴くと誰かが私に慰めてくれるような感じがします。

Pic from Pinterest
#ユズキ
’s_Diary

18/02/2023

一生懸命頑張っている君に。。。

BGM_Bin 💛

#ユズキ
’s_Diary

Japanese Onomatopoeia ဒီနေ့မှာတော့ 皆さん တို့ကို Japanese Onomatopoeia စကားလုံးလေးအကြောင်းနဲ့ အသုံးများတဲ့ စကားလုံးအချို့က...
13/02/2023

Japanese Onomatopoeia

ဒီနေ့မှာတော့ 皆さん တို့ကို Japanese Onomatopoeia စကားလုံးလေးအကြောင်းနဲ့ အသုံးများတဲ့ စကားလုံးအချို့ကိုဖော်ပြပေးသွားပါမယ်။
ကဲ အရင်ဆုံး Onomatopoeia ဆိုတဲ့စာလုံးကို မြန်မာလိုပြန်မယ်ဆိုရင်တော့ မြည်သံစွဲအလင်္ကာလို့ ဘာသာပြန်ရမယ်လို့ ထင်ပါတယ်။
ဂျပန်လိုရေးရင် オノマトペ (onomatope) လို့ရေးပါတယ်။

ဂျပန်အဘိဓာန်မှာတော့ Japanese onomatopoeia စကားလုံးပေါင်း ၄၅၀၀ ကျော်ရှိပါတယ်။

Japanese onomatopoeia စကားလုံးတွေကို များသောအားဖြင့် Katakana (カタカナ) နဲ့ပဲ အရေးများကြပါတယ်။
Kanji စာလုံးနဲ့တော့ရေးလေ့မရှိပေမယ့် Hiragana (ひらがな) နဲ့ရေးတာတော့
ရှိတတ်ပါတယ်။

မြန်မာစာမှာလဲ တဒိန်းဒိန်း၊ တဝေါဝေါ၊ ခလောခလော၊ ဝုတ်ဝုတ် စသည်ဖြင့် မြည်သံစွဲ အလင်္ကာလေးတွေရှိပါတယ်။
ဒီလိုပါပဲ ဂျပန်စာမှာလဲ စိတ်ခံစားချက်နဲ့ ပြုမူဆောင်ရွက်တဲ့အမူအရာတို့ကို ဖော်ညွှန်းတဲ့ မြည်သံစွဲအလင်္ကာလေးတွေ ရှိပါတယ်။

Japanese Onomatopoeia စကားလုံးတွေမှာလဲ 擬音語(Giongo) နဲ့ 擬態語(Gitaigo) ဆိုပြီး အကြမ်းအားဖြင့် ခွဲခြားနိုင်ပါတယ်။
擬音語 ကတော့ အသံကိုဖော်ညွှန်းတဲ့ မြည်သံစွဲအလင်္ကာဖြစ်ပါတယ်။
ဥပမာဆိုရရင် ခွေးဟောင်သံကို 'ဝုတ်ဝုတ်' ဆိုပြီး ဖော်ပြတဲ့သဘောဖြစ်ပါတယ်။
擬態語 ကတော့ ပြုမူဆောင်ရွက်တဲ့အမူအရာ ကိုဖော်ပြတဲ့ စာလုံးပဲဖြစ်ပါတယ်။
ဥပမာ မိုးသည်းကြီးမည်းကြီးရွာတဲ့အခါ 'တဝေါဝေါ' ဆိုပြီးသုံးကြတာမျိုးပေါ့။

ဒီစကားလုံးတွေကို ကြိယာဝိသေသန (သို့) နာမဝိသေသန အနေနဲ့လဲသုံးသလို သူတို့နောက်ကနေ する(suru) ကပ်လိုက်တဲ့အခါမှာဆိုရင်တော့ ကြိယာအနေနဲ့ သုံးတာဖြစ်သွားပါတယ်။

ဒါဆိုရင်တော့ Yuzuki က အသုံးများတဲ့ စကားလုံးလေးတွေကို ဖော်ပြပေးသွားပါမယ်။

ペコペコ-တဂွီဂွီ (ဗိုက်အရမ်းဆာနေတဲ့အမူအရာကိုဖော်ညွှန်းပါတယ်)

ドキドキ-တဒိတ်ဒိတ် (စိတ်လှုပ်ရှားတဲ့အခါ (သို့) ရင်ခုန်တဲ့အခြေနေမျိုးကို ဖော်ညွှန်းပါတယ်)

パラパラ-တဖျောက်ဖျောက် (မိုးအနည်းငယ်ရွာနေတဲ့အခြေနေကို ဖော်ညွှန်းပါတယ်)

パリパリ-တကျွတ်ကျွတ် (အစားစားတဲ့အခါ ဖြစ်ပေါ်တဲ့အသံကို ဖော်ညွှန်းပါတယ်)

ニャー -Meow (ဒါကတော့ ကြောင်လေးတွေရဲ့ အော်သံကိုဖော်ညွှန်းတာဖြစ်ပါတယ်)

グラグラ-ခလောခလော (အိပ်မောကျနေတဲ့အခါမျိုး ဟောက်သံထွက်တဲ့အခါမျိုးကို ဖော်ညွှန်းပါတယ်)

ペラペラ-ကျွမ်းကျွမ်းကျင်ကျင် (တစ်ခုခုလုပ်တဲ့အခါမှာ ကျွမ်းကျင်မှုကိုဖော်ညွှန်းပါတယ်)

ふらふら-မူးနောက်နောက် (ခေါင်းမူးနေတဲ့အခြေနေမျိုးကို ဖော်ညွှန်းပါတယ်)

イライラ-ပွစိပွစိ/ပူညံပူညံ (စိတ်အနှောက်အယှက်ဖြစ်စေတဲ့အခြေနေမျိုးကို ဖော်ညွှန်းပါတယ်)

ぐちゃぐちゃ-ရှုပ်ရှုပ်ထွေးထွေး (ညစ်ပတ်ရှုပ်ပွနေတဲ့အခြေနေမျိုးကို ဖော်ညွှန်းပါတယ်)

ワクワク-စိတ်လှုပ်ရှား (စိတ်လှုပ်ရှားနေတဲ့အခြေနေမျိုးကို ဖော်ညွှန်းပါတယ်)

ハラハラ-ရင်တမမ/အထိတ်တလန့် (တစ်ခုခုကို စိုးရိမ်ကြောင့်ကြတဲ့အခြေနေမျိုးကို ဖော်ညွှန်းပါတယ်)

ニャニャ-ပြုံးပြုံး (ပြုံးနေတဲ့မျက်နှာအမူအရာကို ဖော်ညွှန်းပါတယ်)

キラキラ-တလက်လက် (အရောင်တလက်လက်တောက်ပတဲ့အခြေနေမျိုးကို ဖော်ညွှန်းပါတယ်)

အခုဖော်ပြပေးခဲ့တဲ့ စကားလုံးတိုင်းကိုတော့ Verb (ကြိယာ) အနေနဲ့ する(suru) ကပ်ပြီးတော့မသုံးပါဘူး။
တချို့စကားလုံးတွေကိုတော့ သူ့မူရင်းအတိုင်း ကြိယာဝိသေသန (သို့) နာမဝိသေသန အတိုင်းပဲ သုံးလေ့ရှိပါတယ်။

အားလုံးပဲနားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

#ユズキ
’s_Diary

10/02/2023

皆さんこんにちは!
ユズキです。
ဒီနေ့မှာတော့ Yuzuki က မီးလာတာ၊ မီးပျက်တာနဲ့ဆိုင်တဲ့ အသုံးလေးတွေကို ပြောပြပေးချင်ပါတယ်။
1。停電=ていでん
2。明かり=あかり
3。復旧=ふっきゅう
4。電気=でんき
5。消える=きえる
6。戻る=もどる

BGM by Bin 💛(Hangul with me:비니)
#ユズキ
’s_Diary

  Speaking ကျင့်ချင်တဲ့သူတွေအတွက် ဒီထဲက Japanese speaking club ကိုဝင် join လို့ရပါတယ်နော်☺️Yuzuki လဲဒီမှာပါဝင်ထားပါတယ်^^
06/02/2023

Speaking ကျင့်ချင်တဲ့သူတွေအတွက် ဒီထဲက Japanese speaking club ကိုဝင် join လို့ရပါတယ်နော်☺️
Yuzuki လဲဒီမှာပါဝင်ထားပါတယ်^^

နေ့စဥ်ဘဝထဲမှာ စကား​ပြောပုံ ​ပြောနည်း​တွေက
ဘယ်​လောက်ထိ အ​ရေးပါလဲ စဥ်းစားကြည့်ဖူးကြလား..?

တစ်​ယောက်နဲ့ တစ်​ယောက် ရင်းနှီးမှု တည်​ဆောက်တာ​တွေ၊ ယုံကြည်မှု တည်​ဆောက်တာ​ အဲဒီလို အဆင့်​တွေကို သွားဖို့
စကားနဲ့ပဲ စတင်ကြရတာမလား ..?

ဒီ​တော့
▫️ကိုယ့် စကား​ပြောပုံကြီးက ဂွမ်း​နေလို့ လှည့်မကြည့်​တော့တဲ့ crush ​တွေတို့ ..

▫️ကိုယ်ကျွမ်းကျင်ထားတဲ့ စ​ကေး​တွေကို ထုတ်ပြဖို့ ကြံတုန်းရှိ​သေး စကားသိပ်မ​ပြောတတ်လို့ သူငယ်နှပ်စား ထင်သွားတာတို့​ရော ဖြစ်ဖူးကြလား..?

▫️စကား​ပြော မရဲလို့ လက်လွှတ်လိုက်ရတဲ့ အခွင့်အ​ရေး​တွေ​ရော ရှိဖူးကြတယ်မလား..?

🔸အထူးသဖြင့် foreign language ​တွေ​ပြောတဲ့အခါ ဦး​နှောက်က အလုပ်လုပ်တဲ့​နောက် ပါးစပ်က အမီမလိုက်နိုင်လို့အ,အကြီး ဖြစ်​နေကြတာ​တွေ။

🔸ကိုယ်ကျွမ်းကျင်ပါလျှက်နဲ့ စကား​​ပြောမ​ချောလို့ impression down တာ​တွေမျိုး​တွေ မဖြစ်ရ​လေ​အောင်..

🔸ဦး​နှောက်​နောက် ပါးစပ်က ​​ခြေတစ်လှမ်း​နောက်ကျ​နေတာမျိုး​တွေ မဖြစ်ရ​လေ​အောင်..

𝐒𝐈𝐌 က​နေပြီး​တော့
𝐖𝐚𝐲𝐬 𝐭𝐨 𝐒𝐩𝐞𝐚𝐤 𝐰𝐢𝐭𝐡 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 𝐁𝐨𝐨𝐬𝐭𝐞𝐫 𝐂𝐥𝐮𝐛 ကို စီစဥ်ထား​ပေးပါတယ်ဗျ။

𝐒𝐈𝐌 ရဲ့ 𝐖𝐚𝐲𝐬 𝐭𝐨 𝐒𝐩𝐞𝐚𝐤 𝐰𝐢𝐭𝐡 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 𝐁𝐨𝐨𝐬𝐭𝐞𝐫 𝐂𝐥𝐮𝐛
ရဲ့ ထူးခြားချက်​တွေက

🔺ဘာသာစကားတစ်ခုတည်းကိုပဲ ဦးတည်ထား ​ပေးတာ မဟုတ်ဘဲ
Myanmar ,English, Korea နဲ့ Japan စတဲ့ ဘာသာ​လေးမျိုးလုံးအတွက်ပါ language tips ​​လေး​တွေကိုပါ ပြင်ဆင်​ပေးထားတာပဲ ဖြစ်ပါတယ်။

🔺ပြီး​တော့ 𝐒𝐈𝐌𝐞𝐫 ​လေး​တွေ သတိမထားဘဲ အမှား​တွေလုပ်​နေတတ်တဲ့ မိခင်ဘာသာစကားကိုပါ
ထည့်သွင်း ပြင်ဆင်ပေးပါတယ်ဗျ။

🔺သုံး​နေကျ မိခင်ဘာသာစကားကို​တော့ နိုင်ငံခြားဘာသာစကား​တွေနဲ့ ​ပြောင်းပြန်
​တွေးထားတာ​တွေထက် ပိုပြီး​ပြောလိုက်မိတာ​တွေကို ဘယ်လိုထိန်းချုပ်ရမလဲ ဆိုတာ​တွေကို ​ပြောပြ​ပေးသွားမှာပါဗျ။

ဒီ​တော့
🔸 Foreign language ​တွေကို ကိုယ့်​နေ့စဥ်သုံး ဘာသာစကား​တွေလို ဦး​နှောက်နဲ့ နှုတ် တန်းတူ အလုပ်လုပ်နိုင်​အောင် .....

🔸မြန်မာစကား​ပြောတဲ့အခါမှာလည်း ​ပြောလိုက်တိုင်း တစ်ခွန်းဆိုတစ်ခွန်း ထိ​ရောက်မှုရှိ​အောင်၊ စကား​ပြော​​ကောင်း​အောင်......

𝐒𝐈𝐌 ရဲ့ အထာကျကျ စကား​ပြောနည်း​တွေကို ​𝐒𝐈𝐌 ရဲ့ Language Instructor ​တွေ၊ ကိုယ့်ရဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း​တွေနဲ့အတူတူ အကျိုးရှိရှိ ​လေကန်ကြရ​အောင်ပါ။

ကဲ 𝐒𝐈𝐌 ရဲ့ Speaking Club မှာ ဂိမ်း​တွေ​လည်း​ဆော့ကြဦးမှာမလို့ ပျော်​ပျော်ပါးပါး ဗဟုသုတ​တွေ ယူချင်ကြရင်​တော့

( 7/ 2/ 2023 )​နေ့မှာ ​တွေ့ကြမယ်​နော်။ Club တစ်ခုကို အယောက် (၃၀) ပဲကန့်သတ်ထားတာမို့ ခပ်သွက်သွက်လေး လှုပ်ရှားကြရအောင်နော်။ 🤘

Comment မှာ Form Link လေးတွေ ချထားပေးတယ်နော်❤️
Form ဖြည့်ပြီးပါက Register လုပ်ပြီးကြောင်းpage messengerကို ပြပေးပါရှင့်❤️

#လူငယ်တိုင်းအတွက်_SkillUp



04/02/2023

皆さんお久しぶりです。
ユズキです。^^
遅れてしまったので申し訳ありません。
今回は会話が上手になるために練習する方法を教えました。
この動画が好きならLikeとFollowをお願いします。🙇🏻‍♀️
BGM by Bin (Hangul with me:비니 )💛

YouTube channel လေးလဲ ဖွင့်လိုက်ပြီမလို့ Yuzuki ရဲ့ YouTube channel လေးကိုလဲ Subscribe လုပ်ပေးကြပါဦးနော်။
နောက်ထပ် Podcast တွေမှာ ပြန်တွေ့ကြပါမယ်။

YouTube Channel Link
https://youtube.com/

https://youtu.be/QJqYqdRPzhs

#ユズキ
’s_Diary

やればいいかやらないの方がいいか迷っている。(やればいいかやらないのほうがいいかまよっている。)လုပ်လိုက်ရင်ကောင်းမလား...မလုပ်တာကကောင်းပိုမလားလို့တွေဝေနေမိတယ်။でもやって見ないと...
29/01/2023

やればいいかやらないの方がいいか迷っている。
(やればいいかやらないのほうがいいかまよっている。)
လုပ်လိုက်ရင်ကောင်းမလား...မလုပ်တာကကောင်းပိုမလားလို့တွေဝေနေမိတယ်။

でもやって見ないとできるかできないか知らないだろう。
(でもやってみないとできるかできないかしらないだろう。)
ဒါပေမဲ့ မလုပ်ကြည့်ဘူးဆိုရင်လဲ လုပ်နိုင်လား မလုပ်နိုင်ဘူးလားဆိုတာကိုလဲ မသိနိုင်ဘူးလေ...။

自分の未来は自分が作らなきゃ。
(じぶんのみらいはじぶんがつくらなきゃ。)
ကိုယ့်ရဲ့အနာဂတ်ကို ကိုယ်တိုင်ဖန်တီးရမှာပဲမလား...။

いつか自分が感じされた苦しみや悲しみというのは過去になるだろう。
(いつかじぶんがかんじされたくるしみやかなしみというのはかこになるだろう。)
တစ်ချိန်ချိန်မှာတော့ ခံစားခဲ့ရတဲ့ စိတ်သောကတွေ ဝမ်းနည်းမှုဆိုတာတွေဟာ အတိတ်ဖြစ်လို့သွားမှာပဲလေ...။

良いことも悪いこともあるのが、人生というものだけど、経験を持って生き続けて。
(いいこともわるいこともあるのが、じんせいというものだけど、けいけんをもっていきつづけて。)
ကောင်းတဲ့အရာတွေရော မကောင်းတဲ့အရာတွေရော ရှိနေတာက လူ့ဘဝဆိုပေမယ့် အတွေ့အကြုံတွေကိုရယူပြီးပဲ ဆက်ပြီးအသက်ရှင်သွားလိုက်....။

#ユズキ 🤍
’s_Diary

ユズキです。^^ဒီနေ့မှာတော့ Yuzuki N3 ကို ၅လအတွင်း ဘယ်လိုလေ့လာခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး Sharing လုပ်ပေးချင်ပါတယ်။ကိုယ်သိချင်တဲ့အ...
26/01/2023

ユズキです。^^
ဒီနေ့မှာတော့ Yuzuki N3 ကို ၅လအတွင်း ဘယ်လိုလေ့လာခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး Sharing လုပ်ပေးချင်ပါတယ်။
ကိုယ်သိချင်တဲ့အပိုင်းကို ဖတ်လို့ရအောင်လို့ ခွဲပြီးရေးပေးထားပါတယ်။

Yuzuki တုန်းက တစ်နေ့ကို ပျှမ်းမျှ ၃/၄နာရီခန့်စာလုပ်ခဲ့ပါတယ်။
တချို့မအားတဲ့ရက်တွေရှိရင်တောင်မှ နေ့တိုင်းစာလုပ်ဖြစ်အောင်လို့ ၁/၂နာရီတော့ ရအောင်စာလုပ်ပါတယ်။ (တကယ်က ၅လတည်းနဲ့ ကိုယ့်ကိုယ်ကိုယ် စာမရမှာစိုးပြီး အသားကုန်လုပ်ခဲ့တာပါ🥹)

မနက်ပိုင်းကို တစ်နာရီလောက်ပဲစာလုပ်ဖြစ်ပြီးတော့ Yuzuki ကညပိုင်းမှာပိုပြီးစာလုပ်ပါတယ်။
စာလုပ်တဲ့အခါမှာ တစ်ခါစာလုပ်ရင် ၂၅မိနစ်စီ Timer သတ်မှတ်ထားပြီးတော့ ကြားထဲမှာ နားချိန်ရတဲ့အခါ ဦးနှောက်ကို refresh ဖြစ်အောင် မုန့်စားတာတို့ သီချင်းနားထောင်တာတို့လုပ်လိုက်ပါတယ်။

Yuzuki ကစာလုပ်ရင် Timer အတွက် ဒီ website လေးကိုသုံးပါတယ်။
Art/Anime/celebrity/Kpop စသဖြင့် Virtual room အမျိုးမျိုးရှိလို့ Yuzuki ကတော့ အဲ့ website လေးကိုတော်တော်သဘောကျပါတယ်။
https://lifeat.io/

Japanese podcast နဲ့ knowledge sharing လေးတွေလဲ လုပ်ပေးသွားမှာဖြစ်လို့ Page လေးကိုလဲ Like & Follow လေးလုပ်ပေးထားကြပါဦးနော်။^^
よろしくお願いします🙇🏻‍♀️

YouTube channel လေးလဲ ဖွင့်လိုက်ပြီမလို့ Yuzuki ရဲ့ YouTube channel လေးကိုလဲ Subscribe လုပ်ပေးကြပါဦးနော်။
YouTube မှာလဲ Podcast တွေတင်ပေးသွားမှာပါ။

YouTube Channel Link

https://youtube.com/?si=N72_QLQpQJUDAhkK

#ユズキ 🤍
’s_Diary

N3に合格しました!良い点をもらったので本当に嬉しかった!😭💛5ヶ月ぐらい以内よく頑張ったね!🥹
23/01/2023

N3に合格しました!
良い点をもらったので本当に嬉しかった!😭💛
5ヶ月ぐらい以内よく頑張ったね!🥹

ユズキです^^Yuzuki သုံးနေတဲ့ HelloTalk ဆိုတဲ့ App လေးအကြောင်း sharing လုပ်ပေးချင်ပါတယ်။HelloTalk က Language လေ့လာနေတဲ့သူတွေအတ...
21/01/2023

ユズキです^^
Yuzuki သုံးနေတဲ့ HelloTalk ဆိုတဲ့ App လေးအကြောင်း sharing လုပ်ပေးချင်ပါတယ်။
HelloTalk က Language လေ့လာနေတဲ့သူတွေအတွက် တော်တော်လေး အသုံးဝင်တဲ့ App လေးတစ်ခုပါ။
ဒီ App မှာ နိုင်ငံခြားသားတွေနဲ့အတူတူ စကားပြောလို့ရပါတယ်။
မြန်မာလူမျိုးတော်တော်များများလဲ သုံးကြပါတယ်။
အထူးသဖြင့် ကိုယ်လေ့လာနေတဲ့ဘာသာရပ်နဲ့ စကားပြောဖို့ environment တစ်ခုဖန်တီးဖို့အတွက် အတော်လေးအသုံးဝင်ပါတယ်။
အသေးစိတ်ကို ပုံတစ်ပုံချင်းစီမှာ ရေးပေးထားပါတယ်နော်။ ^^

EDIT : အရင်ကတော့ အချိန်ကန့်သတ်မထားပေမယ့် အခုနောက်ပိုင်း voice room မှာတစ်နေ့ကို ၂နာရီပဲခွင့်ပြုပေးတော့တာဖြစ်တဲ့အတွက် VIP ဝယ်ချင်ရင်တော့ Visa card နဲ့ငွေချေပြီးဝယ်လို့ရပါတယ်။

Japanese podcast နဲ့ knowledge sharing လေးတွေလဲ လုပ်ပေးသွားမှာဖြစ်လို့ Page လေးကိုလဲ Like & Follow လေးလုပ်ပေးထားကြပါဦးနော်။^^
よろしくお願いします🙇🏻‍♀️

#ユズキ 🤍
’s_Diary

20/01/2023

ユズキです^^
私の友達に誘われたので久しぶりに韓国語で話しました!
日本語と韓国語の違いを教えました。
YouTube で見てください!
Hangul with me:비니 誘ってくれたのでどうもありがとうございました。💛

20/01/2023

ユズキです^^
今日は聴解が上手になるための方法を教えました。
皆さんのためにも役に立つと思います。
私がよく聞くポッドキャストチャネルをお勧めしてあげます。
Learn Japanese With Noriko
https://youtube.com/

Learn Japanese with Tanaka San
https://youtube.com/

YUYUの日本語Podcast
https://youtube.com/

Miku Real Japanese
https://youtube.com/

Onomappu
https://youtube.com/

YouTube channel လေးလဲ ဖွင့်လိုက်ပြီမလို့ Yuzuki ရဲ့ YouTube channel လေးကိုလဲ Subscribe လုပ်ပေးကြပါဦးနော်။
နောက်ထပ် Podcast တွေမှာ ပြန်တွေ့ကြပါမယ်။

YouTube Channel Link
https://youtube.com/

#ユズキ 🤍
’s_Diary

人々はあなたの事を全部分れないし、あなたも彼らの事を全部分れないはずだ。(ひとびとはあなたのことをぜんぶわかれないし、あなたもかれらのことをぜんぶわかれないはずだ。)လူတွေက သင့်ရဲ့အကြောင်းကို အားလုံးနားလ...
17/01/2023

人々はあなたの事を全部分れないし、あなたも彼らの事を全部分れないはずだ。
(ひとびとはあなたのことをぜんぶわかれないし、あなたもかれらのことをぜんぶわかれないはずだ。)
လူတွေက သင့်ရဲ့အကြောင်းကို အားလုံးနားလည်နိုင်မှာမဟုတ်သလို သင်ဟာလည်း သူတို့အကြောင်းကို အားလုံးနားလည်နိုင်မှာမဟုတ်ပါဘူး။

だから僕たちは他人の事について簡単に批判するべきではないでしょう。
(だからぼくたちはたにんのことについてかんたんにひはんするべきではないでしょう。)
ဒါကြောင့် ကျွန်တော်တို့ဟာ တခြားလူရဲ့အကြောင်းကို လွယ်လွယ်နဲ့ မဝေဖန် မပိုင်းခြားသင့်ဘူးလေ။

あなたについて他人が批判する事にも大切にするべきではない。
(あなたについてたにんがひはんすることにもたいせつにするべきではない。)
သင်နဲ့ပတ်သက်ပြီး တခြားလူဆီက ဝေဖန်ပိုင်းခြားခြင်းကိုလည်း အလေးထားနေဖို့မလိုပါဘူး။

(読んだ本から)

#ユズキ 🤍
’s_Diary

もしも 相手 が 絶対 かなわない よう な 強敵 だ としても‌(もしもあいてがぜったいかなわないようにきょうてきだとしても)အကယ်၍ ပြိုင်ဘက်က လုံးဝမနိုင်နိုင်လောက်အောင် ဘယ်လောက်ပဲအင...
13/01/2023

もしも 相手 が 絶対 かなわない よう な 強敵 だ としても‌
(もしもあいてがぜったいかなわないようにきょうてきだとしても)
အကယ်၍ ပြိုင်ဘက်က လုံးဝမနိုင်နိုင်လောက်အောင် ဘယ်လောက်ပဲအင်အားကြီးနေပါစေဦးတော့။

勝と う と し なきゃ 勝てない よ‌
(かとうとしなきゃかてないよ)
ကိုယ့်ကိုယ်ကိုယ် ငါနိုင်ကိုနိုင်ရမယ်လို့
မယုံကြည်ထားရင် မင်းနိုင်နိုင်မှာမဟုတ်ဘူးလေ။

Sawamura Daichi (From Haikyuu)

#ユズキ 🤍

12/01/2023

こんばんは^^
ユズキです。🙋🏻‍♀️
今日は自己紹介とページを作った目的について説明しました。
一度聞いて見ていただけませんか。
よろしくお願いします。
ユズキ🤍

皆さんこんにちは!အားလုံးပဲ မင်္ဂလာပါ ညီမက Yuzuki ဖြစ်ပါတယ်။ ^^ညီမကဂျပန်စာကို လေ့လာနေတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ စကားပြောလေ့ကျင့်ချ...
11/01/2023

皆さんこんにちは!
အားလုံးပဲ မင်္ဂလာပါ ညီမက Yuzuki ဖြစ်ပါတယ်။ ^^
ညီမကဂျပန်စာကို လေ့လာနေတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ စကားပြောလေ့ကျင့်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီ Page လေးကိုဖွင့်ဖြစ်တာပါ။
ညီမပြောချင်တဲ့ အကြောင်းအရာလေးတွေကို ဂျပန်ဘာသာနဲ့ podcast ပုံစံမျိုးလေးတင်ပေးသွားမှာဖြစ်ပါတယ်။
Podcast အပြင် စာတိုလေးတွေနဲ့ ဗဟုသုတရမယ့်အကြောင်းအရာလေးတွေကိုလဲ တင်ပေးသွားမှာဖြစ်ပါတယ်။
Beginner တွေအတွက်လဲ ညီမနဲ့အတူတူ အပြန်အလှန်စကားပြောကျင့်လို့ရနိုင်တဲ့ podcast ပုံစံမျိုးလေးတွေလဲ တင်ပေးသွားမှာဖြစ်ပါတယ်။
အားလုံးပဲ ဒီ page လေးကိုစိတ်ဝင်စားရင် Like & follow လေးလုပ်ပေးကြပါဦးနော်။ 🙇🏻‍♀️
よろしくお願いします^^
ユズキ🤍

Address


Website

Alerts

Be the first to know and let us send you an email when Yuzuki’s Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share