Moe Thar Yeik Media

  • Home
  • Moe Thar Yeik Media

Moe Thar Yeik Media ပြည်သူ့မီဒီယာအဖြစ်(2021)ခု့နှစ်lမေလအတွ
(7)

ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာမှ စစ်ကောင်စီကအာဏာသိမ်းပြီးမကြာမီကာလတွင် ဒလန်အဖြစ်သတ်မှတ်ခံထားရသူ ကိုကိုလေးဆိုသူ၏ဓာတ်ပု...
23/05/2023

ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာမှ စစ်ကောင်စီကအာဏာသိမ်းပြီးမကြာမီကာလတွင် ဒလန်အဖြစ်သတ်မှတ်ခံထားရသူ ကိုကိုလေးဆိုသူ၏ဓာတ်ပုံပေါ်ထွက်လာပြီဖြစ်သည်။

လက်ရှိတွင် မန္တလေးတိုင်း/ကျောက်ဆည်ခရိုင်/ဂျိုစု့ရွာတွင်နေထိုင်နေကြောင်း သိရသည်။

14/10/2022

မှန်ချိုကျေးရွာတွင် စစ်ကောင်စီတပ်က အောက်တိုဘာလ(၁၄)ရက် ယနေ့ညနေ (၆)နာရီ ဝန်းကျင်ခန့်တွင် မှန်ချိုကျေးရွာ၏အရှေ့ဖျား ဆိုင်ကယ်ဝပ်ရှော့ဆိုင် နှင့် နေအိမ်များကိုစတင်မီးရှို့နေပြီဖြစ်ကြောင်း ကနဦးသိရသည်။

#မိုးသားရိပ်မီဒီယာ

မုံရွာ-မန္တလေးလမ်းပိုင်းနှင့် ချောင်းဦးတွင် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး ၂၈ ဦးသေဆုံးချောင်းဦး၊ ဇူလိုင် ၂၆စစ်က...
26/07/2022

မုံရွာ-မန္တလေးလမ်းပိုင်းနှင့် ချောင်းဦးတွင် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး ၂၈ ဦးသေဆုံး

ချောင်းဦး၊ ဇူလိုင် ၂၆

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေး လမ်းပိုင်းနှင့် ချောင်းဦးတို့တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းနှင့် ယာဥ်တန်းများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းကြောင့် စစ်သား ၂၈ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) တပ်ဖွဲ့ထံမှ သိရသည်။

မုံရွာမြို့ အခြေစိုက် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ထွက်လာသည့် စစ်ကား ၂၂ စီးသည့် ချောင်းဦး ဘောလုံးကွင်းထဲမှ စစ်သား ၅၀ ခန့်တင်ဆောင်ပြီး ကား ၁၆ စီးဖြင့် မြင်းမူဘက်ကို ထွက်ခွာလာစဥ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ငါးယှန်ရွာအရှေ့ဘက်၌ မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) တပ်ရင်း ၅နှင့် Farmer Revolution Force (FRA - Chaung Oo) တပ်ဖွဲ့မှ ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မုံရွာ-မန္တလေး လမ်းပိုင်းတွင် ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်၌ ချောင်းဦးမြို့မှ စစ်တပ် ယာဥ်တန်းအား လုံခြုံရေး ပေးရန် ထွက်ခွာလာသော အင်အား ၃၀ ပါ စစ်တပ် စစ်ကြောင်းကို ဂွေးပင်တော ကျေးရွာအနီး MRA စစ်ကိုင်းခရိုင် တပ်ရင်း ၅ မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မုံရွာ-မန္တလေး လမ်းပိုင်း သရက်ခြံအတွင်းမှ စစ်တပ် ယာဥ်တန်းကို လုံခြုံရေးပေးရန် ကင်းပုန်းဝပ်နေသော စစ်သားများကို ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်နှင့် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ချောင်းဦးမှ ထွက်လာသည့် စစ်သား ၂၀ ကျော်ပါဝင်သည့် စစ်ကားများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ ကား ၁ စီး ထိမှန်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ-MRA

မုံရွာမြို့၊ ကန်သာယာကျွန်းတွင် "ရဲဘော် ကောင်းဆက်ဟိန်း စိတ်ဓာတ်စွဲကိုင်တိုက်ပွဲဝင်ကြ" စာတန်း ချိတ်ဆွဲချောင်းဦး၊ ဇူလိုင် ၂...
26/07/2022

မုံရွာမြို့၊ ကန်သာယာကျွန်းတွင် "ရဲဘော် ကောင်းဆက်ဟိန်း စိတ်ဓာတ်စွဲကိုင်တိုက်ပွဲဝင်ကြ" စာတန်း ချိတ်ဆွဲ

ချောင်းဦး၊ ဇူလိုင် ၂၆

မုံရွာမြို့ ကန်သာယာကျွန်းတွင် မုံရွာမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂမှ တော်လှန်ရေး တိုက်ပွဲအတွင်း ကျဆုံးခဲ့သော ရဲဘော် ကောင်းဆက်ဟိန်း ကျဆုံးမှု ၁ နှစ်ပြည့်​နေ့အဖြစ် ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင် "ရဲဘော် ကောင်းဆက်ဟိန်း စိတ်ဓာတ်စွဲကိုင် တိုက်ပွဲဝင်ကြ" စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

မြင်းမူတွင် စစ်တပ် မိုင်းရှာ စစ်ကြောင်းနှင့် ကင်းပုန်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးသေဆုံး၊ မုံရွာမှ ထွက်လာသော...
26/07/2022

မြင်းမူတွင် စစ်တပ် မိုင်းရှာ စစ်ကြောင်းနှင့် ကင်းပုန်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးသေဆုံး၊ မုံရွာမှ ထွက်လာသော စစ်တပ် ရေယာဥ်အုပ်စု တိုက်ခိုက်ခံရပြီး သင်္ဘော ၂ စီး မီးခိုးများထွက်ကာ ထိခိုက်မှုရှိ

ချောင်းဦး၊ ဇူလိုင် ၂၆

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် မိုင်းရှာ စစ်ကြောင်းနှင့် ကင်းပုန်းများကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း Black Eagle Defence Force-MMU အဖွဲ့ထံမှ သိရသည်။

ဇူလိုက်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၂၁ မိနစ်တွင် မြင်းမူမြို့မှ မိုင်းရှင်းရန် ထွက်ခွာလာသော အင်အား ၂၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဂွေးပင်တောကျေးရွာနှင့် ဘိုးမင်းကြီးကင်းကျေးရွာ အကြားအရောက်တွင် MMU အဖွဲ့မှ မိုင်းအားတွေ့ရှိ၍ ဝမ်းသာအားရ “မိုင်းတွေ့ပြီ၊ မိုင်းတွေ့ပြီ” ဟု ထအော်ပြီး မိုင်းရှင်းရန် လုပ်ဆောင်စဥ် အသင့်စောင့်ဆိုင်းနေသော ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ ပဒေသာ မိုင်း ၁၀ လုံး၊ တစ်ဖက်ပွင့်ပြောင်း ၁၂ လုံးတို့ဖြင့် ဖောက်ခွဲ တိုက်ခဲ့သောကြောင့် စစ်သား ၁၃ ဦး ပွဲချင်းပြီး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဘိုးမင်းကြီးကင်း ကျေးရွာနှင့် အလ္လကပ္ပ ကျေးရွာအကြားတွင် ကင်းပုန်းဝပ်နေသော စစ်သား ၅ ဦးခန့်သည် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းကွင်း ပေါ်၌ ရှိနေစဥ် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးကာ ကျန်ရှိသော စစ်သားများ တပ်ပျက်ကာ ကြောက်လန့်တကြား ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် မိုင်းရှာစစ်ကြောင်းနှင့် ကင်းပုန်းကို မြင်းမူမြို့ Black Eagle Defence Force-MMU (မြင်းမူ လင်းယုန်နက် ကာကွယ်ရေးအဖွဲ့) မှ ဦးဆောင်ပြီး People’s Defence Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့)၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM စသည့် ညီနောင် မဟာမိတ် ၅ ဖွဲ့ တို့မှ ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မင်းဒေါက်ဆိပ်ကမ်းမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ရေယာဉ်အုပ်စုကို MDF special force နှင့် MDF အမျိုးသမီး ကွန်မန်ဒိုတပ်ဖွဲ့တို့က ဇူလိုင်လ ၂၄ ရက်တွင် ပစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၅၀ ခန့်ဖြစ်ပွားပြီး စစ်ကောင်စီ၏ သင်္ဘော ၂ စီး မီးခိုးများထွက်ကာ ထိခိုက်ပျက်စီးမှုရှိကြောင်း သတင်းရရှိသည်။

ကုန်သင်္ဘော (ဖလပ်) ၇ စီးကို စစ်သင်္ဘော ၁ စီးနှင့် Speed Boat များ ဝန်းရံထားသော စစ်ကောင်စီရေယာဉ် အုပ်စုကို ကနီမြို့နယ်၊ ဆင်တော်ဝဲ အောက်ဘက်အနီးတွင် MDF က ၄၀ မမ များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီဘက်မှလည်း သင်္ဘောများ ရေလယ်တွင် ရပ်၍ ၆၀ မမ များ၊ စက်လက်များ၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားကြောင်း MDF က ထုတ်ပြန်ထားသည်။

တိုက်ခိုက်ပြီးနောက် MDF တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းနှင့် အဆိုပါ ရေယာဉ်အုပ်စုကို တောင်ကိုးလုံး အရောက်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

Photo - MDF တပ်ဖွဲ့ဝင်များ

ကိုဂျင်မီlကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးကို အကြမ်းဖက်စစ်တပ်က တရားမဝင်ရက်ရက်စက်စက်သတ်ဖြတ်မှု့အပေါ် ပုံစံအမျိုးမျိုးဖြင့်ပ...
26/07/2022

ကိုဂျင်မီlကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးကို အကြမ်းဖက်စစ်တပ်က တရားမဝင်ရက်ရက်စက်စက်သတ်ဖြတ်မှု့အပေါ် ပုံစံအမျိုးမျိုးဖြင့်ပြန်လည်တုန့်ပြန်သွားမည်ဖြစ်ကြောင်းChaung U Revolution Armyကကတိသစ္စာပြု့ထုတ်ပြန်

ချောင်းဦးlဇူလှိုင်၂၆

ဇူလှိုင်လ၂၅ရက်နေ့က ကိုဂျင်မီlကိုဖြိုးဇေယျာသော်lကိုလှမျိုးအောင်နှင့်ကိုအောင်သူရဇော်တို့အား အာဏာလု အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ပိုင်သတင်းစာများမှတစ်ဆင့် အဆုံးစီရင်ပြီးဖြစ်ကြောင်းကြေညာခဲ့ပြီးနောက် မတရားဥပဒေဖြင့်ရက်ရက်စက်စက်သတ်ဖြတ်မှု့အပေါ် ပုံစံအမျိုးမျိုးဖြင့်တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ချောင်းဦးမြို့နယ်အခြေစိုက် Chaung U Revolution Armyကသစ္စာပြု့ထုတ်ပြန်ထားပါတယ်။

အာဏာလု့ အကြမ်းဖက် ဖက်ဆစ် မင်အောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စု့က ပြည်သူလူထု့အားလက်နက်အားကိုးဖြင့်ဖိနှိပ်ချုပ်ခြယ်ရက်စက်မှု့များကို နေ့စဉ်နှင့်အမျှဆိုသလို နိူင်ငံတစ်ဝန်းတွင် ပြောင်ပြောင်တင်းတင်းလုပ်ဆောင်လာနေခြင်းဖြစ်သည်။

ပြည်သူလူထု့တစ်ရပ်လုံးကလည်းအသိ သတိကပ်ကာ အရေးတော်ပုံအောင်သည်အထိသွေးအေးမသွားကြဘဲကူနိုင်တာကူ လှူနိုင်တာလှု ကလစ်နိူင်သူက ကလစ်ပြီး တော်လှန်ရေးကြီးအောင်မြင်သည်အထိတက်ညီလက်ညီပူးပေါင်းဆောင်ရွက်ကြဖို့ထုတ်ပြန်ချက်မှာတိုက်တွန်းထားပါတယ်။

ချောင်းဦးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့CRAကလည်း အရေးတော်ပုံအောင်မြင်သည်အထိ ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်းများကို ကာကွယ်ကာ အကြမ်းဖက်စစ်အုပ်စု့အား နည်းလမ်းမျိုးစုံဖြင့် အရေးတော်ပုံအောင်မြင်သည်အထိ တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကတိပြု့ထုတ်ပြန်ထားပါတယ်။

မုံရွာနှင့် စစ်ကိုင်းမှ ထွက်လာသော စစ်ကားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးသေဆုံး============================...
25/07/2022

မုံရွာနှင့် စစ်ကိုင်းမှ ထွက်လာသော စစ်ကားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးသေဆုံး
============================================

ချောင်းဦးlဇူလှိုင်၂၅

စစ်ကိုင်းတိုင်း မုံရွာနှင့် စစ်ကိုင်းမြို့နယ်များမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် ယာဥ်တန်းများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၂၅ ရက်နေ့တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် T.G.R တပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မုံရွာမှ ထွက်ခွာ လာသော စစ်ကား ၂၄ စီးပါ ယာဥ်တန်းကို ဂွေပင်တောရွာနှင့် ဘုန်းမကြီးကင်းရွာ အကြားတွင် မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်လုပ်သော မိုင်း ၃ လုံး၊ Saw Bwar Gyi (MBTT) ထုတ် Mytel မမ ၂ လုံး ဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကား ၂ စီး ထိမှန် ပျက်စီးကာ သေဆုံးသူ အရေအတွက်ကို အတည်မပြု နိုင်သေးကြောင်း သိရသည်။

ညနေ ၃ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းမြို့မှ ထွက်ခွာ လာသော စစ်ကား ၁၂ စီးကို နတ်ရေကန်နှင့် ငွေပင်တော အကြားတွင် မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ် ထုတ်လုပ်သော မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦး သေဆုံးကာ ချောင်းဦးမြို့ဘက်သို့ ထွက်ခွာ သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ်T.G.Rပြည်သူ့ကာကွယ်ရေးတပ်၊ Saw Bwar Gyi (MBTT)၊ 11Brother၊ ဗိုလ်တောက်ထွန်း (MBTT)နှင့် မြောင်မြို့နယ် (T.G.R) ပြည်သူ့ကာကွယ်ရေးတပ် Myaung People's Defense Force (T.G.R) တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

25/07/2022

အချိန်တစ်ခု့လည်းရောက်ခဲ့ပြီးပြီဆိုတော့ ကျတော်တို့ပြန်ပြီးသတင်းတွေ လည်ပတ်နိူင်အောင်ကြိုးစားပါ့ဦးမယ်။

အခြေအနေအချို့ကြောင့်ရပ်နားထားခဲ့ရတာပဲဖြစ်ပါတယ်။

#မိုးသားရိပ်မီဒီယာ

23/04/2022

Breaking News -အင်းမကျေးရွာမီးရှို့ခံနေရ

မိုးသားရိပ်lဧပြီ(23)ရက်

ချောင်းဦးမြို့နယ် အင်းမကျေးရွာရှိပြည်သူတို့၏နေအိမ်များကို ကင်မွန်းတော်ကျေးရွာမှ ပျူစောထီးများနှင့်အကြမ်းဖက်စစ်ကောင်စီတပ်သားတို့ပူးပေါင်း၍ယနေ့မနက်(10)နာရီမီနစ်(50)ခန့်ကစလို့မီးတင်ရှို့နေကြောင်းဒေသခံများထံက ကနဦးသိရသည်ll

"မီးကတအားများနေတယ် စောစောပိုင်းက နှစ်နေရာရှို့နေတာ အဝေးကမြင်နေရတာကိုက မီးခိုးလုံးကအရမ်းများနေတယ် လေကတိုက်ဆိုတော့ တော်တော်လောင်နေပြီ ကင်မွန်းတော်ကခွေးတွေလာရှို့နေတာ"လို့ဒေသခံတစ်ဦးကပြောသည်ll

ယခု့လက်ရှိ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ချောင်းဦး PDFကလည်း မုံရွာ-ချောင်းဦး-မြင်းမူလမ်းပိုင်းlမုံရွာ-အမြင့်လမ်းပိုင်းlချောင်းဦး-အမြင့်လမ်းပိုင်းlချောင်းဦး-ပခုက္ကူလမ်းပိုင်းများကို အရေးပေါ်ယာယီပိတ်ထားကြောင်းကြေညာထားသည်ll

ဓာတ်ပုံ-CJ

#မိုးသားရိပ်မီဒီယာ

စစ်ကိုင်းဘက်မှဆင်းလာသည့်အကြမ်းဖက်စစ်ကောင်စီကားများ မိုင်းဆွဲတိုက်ခိုက်ခံရlစစ်သား(10)ဦးထက်မနည်းသေဆုံး===================...
20/04/2022

စစ်ကိုင်းဘက်မှဆင်းလာသည့်အကြမ်းဖက်စစ်ကောင်စီကားများ မိုင်းဆွဲတိုက်ခိုက်ခံရlစစ်သား(10)ဦးထက်မနည်းသေဆုံး
===============================-=

မိုးသားရိပ်lဧပြီ(20)ရက်l2022

ဧပြီလ(19)ရက် နေ့လည်(2)နာရီခန့်တွင် စစ်ကိုင်းဘက်မှမုံရွာဘက်သို့ ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီကားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား(10)ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း MMUPDFကသတင်းထုတ်ပြန်ပါတယ်ll

အင်အားအပြည့်ပါ စစ်ကောင်စီကားငါးစီးကို ထီးဆောင်းနှင့် နဘဲကြူးဇရပ်ကြားတွင် မြန်မာနှစ်သစ်ကူးလက်ဆောင်အဖြစ် အညာအုန်းသီး(20)ဖြင့်တည့်ခင်းဧည့်ခံခဲ့ရာ (4)စီးထိထိမိမိ ထိခိုက်ခဲ့ပြီး စစ်သား(10)ယောက်ထက်မနည်း သေဆုံးခဲ့ကာ အများအပြားဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ MMUPDF ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ll

အဆိုပါစစ်ဆင်ရေးကို MMUPDF မှဦးဆောင်၍ BEDF-MMUl BHFMl CRFl မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့တို့မှပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များအနေဖြင့် အထိခိုက်ကျဆုံးမရှိဆုတ်ခွာနိူင်ခဲ့ကြောင်းသိရပါတယ်ll

#မိုးသားရိပ်မီဒီယာ

ချောင်းဦးမြို့မှထွက်ခွာသည့်အကြမ်းဖက်ကားနှစ်စီးအဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခံရl(8)ယောက်သေ (4)ယောက်ဒဏ်ရာပြင်းထန်ရ------...
18/04/2022

ချောင်းဦးမြို့မှထွက်ခွာသည့်အကြမ်းဖက်ကားနှစ်စီးအဝေးထိန်းမိုင်းဖြင့်တိုက်ခိုက်ခံရl(8)ယောက်သေ (4)ယောက်ဒဏ်ရာပြင်းထန်ရ
--------------------------------------------------------------------

မိုးသားရိပ်lဧပြီ(18)ရက်l2022

ဧပြီလ(17)ရက်နံနက်ပိုင်းက ချောင်းဦးမြို့မှထွက်ခွာသွားသည့်အကြမ်းဖက်စစ်ကောင်စီကားနှစ်စီးကို CHU LDFနှင့်မဟာမိတ်အဖွဲ့များက ချောင်းဦးမြို့နှင့်ငါးယှန်ရွာကြားတွင် အဝေးထိန်းစနစ်ဖြင့်မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း CHU LDFကသတင်းထုတ်ပြန်ပါတယ်ll

အဆိုပါတိုက်ခိုက်မှု့တွင် အကြမ်းဖက်တပ်သားအပြည့်ပါသည့် အံစာတုံးကားမှာ လုံးဝပျက်ဆီးသွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား(8)ဦးနေရာတွင်သေဆုံးကာ (4)ဦးဒဏ်ရာအပြင်းထန်ရရှိသွားကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်ll

#မိုးသားရိပ်မီဒီယာ

09/03/2022

မတ်လ(9)ရက်

မဘသဘုန်းကြီးဦးဆောင်သောပျူစောထီးများနှင့်အကြမ်းဖက်စစ်ခွေးများသည် ချောင်းဦးမြို့နယ် ဆီပုဂံရွာကိုမီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ညနေပိုင်းတွင်ခွေးခြံရှိရာ ကံကြီးကုန်းရွာအတွင်းသို့ပြန်ဝင်သွားခဲ့ပြီး ယနေ့ညတွင် ကံကြီးကုန်းရွာ၌အခြေ ချတပ်စွဲထားကြောင်းသိရသည်ll

ချောင်းဦးမြို့နယ် ဆီပုဂံရွာကို စစ်တပ်နှင့်ပျူစောထီးများပူးပေါင်းမီးရှို့lယခု့ထိမီးမငြိမ်းသေးကြောင်းသိရချောင်းဦး lမတ်လ(...
09/03/2022

ချောင်းဦးမြို့နယ် ဆီပုဂံရွာကို စစ်တပ်နှင့်ပျူစောထီးများပူးပေါင်းမီးရှို့lယခု့ထိမီးမငြိမ်းသေးကြောင်းသိရ

ချောင်းဦး lမတ်လ(9)ရက်

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ဆီပုဂံရွာကိုအကြမ်းဖက်စစ်တပ်နှင့်ပျူစောထီးများပူးပေါင်း၍ယနေ့ နေ့လည်(1)နာရီဝန်းကျင်ကစလို့​မီးတင်ရှို့ခဲ့ပြီး ယခု့လက်ရှိအချိန်အထိမီးငြိမ်းမှု့မရှိသေးဘူးလို့ဒေသခံတွေထံကသိရပါတယ်ll

ဆီပုဂံရွာ၏ မြောက်ဆုံးlအလယ်lတောင်ဆုံး စသည့်နေရာများတွင် မီးခိုးလုံးများထောင်တက်နေခြင်းဖြစ်ကြောင်းသိရှိရပြီး နေအိမ်များအပြင် လယ်ထွန်စက်များကိုပါ အကြမ်းဖက်စစ်တပ်နှင့်ပျူများက မီးရှို့နေကြခြင်းဖြစ်သည်ll

အကြမ်းဖက်စစ်တပ်နှင့်ပျူစောထီးများက ချောင်းဦးမြို့နယ် ဝယာကျေးရွာကို ယနေ့မနက်ပိုင်းကစလို့မီးတင်ရှို့ခဲ့ပြီးနောက် နေ့လည်ပိုင်းတွင် အရှေ့ဘက်သို့ခြေလျှင်စစ်ကြောင်းထိုးကာ ဆီပုဂံကျေးရွာကိုမီးတင်ရှို့ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်ll

"ဆီပုဂံကတော့ ခု့ထိမီးမငြိမ်းသေးဘူး ဘယ်သူ့အိမ်တွေပါသွားလဲဆိုတာတော့သေသေချာချာမသိရသေးပါဘူး ထွန်စက်ကားတွေလည်းမီးရှို့ခံနေရတယ် ဆီပုဂံကအိမ်ခြေနည်းနည်းသာရှိတာပါ"လို့မျက်မြင်ဒေသခံတစ်ဦးကပြောသည်ll

မည်သို့ပင်ရှိစေကာမူ စစ်လော်ဘီကောင်၏Telegram မှာတင်ထားပါတယ်llအစစအရာရာဂရု့စိုက်ကြပါll
03/03/2022

မည်သို့ပင်ရှိစေကာမူ စစ်လော်ဘီကောင်၏Telegram မှာတင်ထားပါတယ်ll

အစစအရာရာဂရု့စိုက်ကြပါll

26. 2. 2022ရက်နေ့မုံရွာ အမြင့်လမ်း ထနောင်းတောရွာ CDMဆရာမအိမ်အားအကြမ်းဖက်စောက်ကောင်စီအဖွဲ့အင်အား ( ၁၀၀ ) ကျော်အားဉီးဆောင်...
27/02/2022

26. 2. 2022ရက်နေ့
မုံရွာ အမြင့်လမ်း ထနောင်းတောရွာ CDMဆရာမအိမ်အားအကြမ်းဖက်စောက်ကောင်စီအဖွဲ့အင်အား ( ၁၀၀ ) ကျော်အားဉီးဆောင်ခေါ်လာသူ ပျူစောထီးသင်တန်းဆင်း ကိုဇော်မိုးလွင်အား 27. 2. 2022ရက်နေ့ နံနက် ( ၆ ) စောထီးများဒလန်များသွားရာလမ်းသိုဗိုလ်စ‌ေနရှင်းလင်း‌ေရးအဖွဲ့မှယမမင်းလက်ထံအပ်နှံခဲ့ကြောင်းသိရသည်ll
ပျူစောထီးတို့ ဒလန်တို့ ဗိုလ်စနေ လက်ကလွတ်အောင်ပြေး ။
မင်းတို့အတွက်ပြေးစရာမြေမရှိစေရ။

ယနေ့ဘန့်ဘွေးရွာတိုက်ပွဲမှာစစ်ခွေး(8)ကောင်သေခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့Monywa The Boys၏ခေါင်းဆောင်တစ်ဦးဖြစ်သူကိုဒေါနမေ...
26/02/2022

ယနေ့ဘန့်ဘွေးရွာတိုက်ပွဲမှာစစ်ခွေး(8)ကောင်သေခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့Monywa The Boys၏ခေါင်းဆောင်တစ်ဦးဖြစ်သူကိုဒေါနမောင်မောင်မြင့်မြတ်စွာကျဆုံးခဲ့ရပါတယ်ll

ဖေဖော်ဝါရီ(26)ရက်

ချောင်းဦးမြို့အဝင်တွင် ကားတစ်စီးမှ ဆိုင်ကယ်တစ်စီးအားဝင်ရောက်တိုက်ပြေးမှု့ကြောင့်တစ်ဦးသေဆုံး၍တစ်ဦးဒဏ်ရာရချောင်းဦးlဖေဖ...
25/02/2022

ချောင်းဦးမြို့အဝင်တွင် ကားတစ်စီးမှ ဆိုင်ကယ်တစ်စီးအားဝင်ရောက်တိုက်ပြေးမှု့ကြောင့်တစ်ဦးသေဆုံး၍တစ်ဦးဒဏ်ရာရ

ချောင်းဦးlဖေဖော်ဝါရီ(25)ရက်

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မုံရွာ-မန်းလေးလမ်းရှိ ချောင်းဦးမြို့အဝင် "စိုး"ဆီဆိုင်အနီးတွင် ကားတစ်စီးမှ ဆိုင်ကယ်တစ်စီးအားဝင်ရောက်တိုက်ပြေးသွားခဲ့ပြီး တစ်ဦးသေဆုံး၍တစ်ဦးဒဏ်ရာရရှိကြောင်းမြန်မာနိူင်ငံလူမှု့ကယ်ဆယ်ရေးအဖွဲ့(မုံရွာ)မှသိရသည်ll

ကားတစ်စီးမှ ဆိုင်ကယ်တစ်စီးအားတိုက်ပြေးသဖြင့် တာဝန်သိပြည်သူတစ်ဦးမှဖုန်းဆက်အကြောင်းကြားမှု့အရ ကယ်ဆယ်ရေးယာဥ်တစ်စီးထွက်ခွာခဲ့ကာ ချောင်းဦးမီးသတ်တပ်ဖွဲ့နှင့်အတူသေဆုံးသူနှင့်ဒဏ်ရာရသူများကိုချောင်းဦးဆေးရုံသို့ပို့ဆောင်ခဲ့ပြီးထိုမှတစ်ဆင့်မုံရွာဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်ll

ဓာတ်ပုံ=မြန်မာနိူင်ငံလူမှု့ကယ်ဆယ်ရေးအဖွဲ့(မုံရွာ)

ဖေဖော်ဝါရီ(25)ရက်ရွှေဘိုမြို့နယ် နှမစားရစ်ရွာကိုအကြမ်းဖက်စစ်တပ်ကယနေ့မနက်(6)နာရီဝန်းကျင်လောက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ဝင်ရေ...
25/02/2022

ဖေဖော်ဝါရီ(25)ရက်

ရွှေဘိုမြို့နယ် နှမစားရစ်ရွာကိုအကြမ်းဖက်စစ်တပ်ကယနေ့မနက်(6)နာရီဝန်းကျင်လောက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နှမစားရစ်ရွာကိုမီးတင်ရှို့နေပြီလို့သိရပါတယ်ll

ဓာတ်ပုံ=Social

ကမ္ဘာစစ်အတွက် ပူတာက ပူပါ။မြန်မာပြည်ထဲကစစ်ကိုလည်း သိစေချင်တာပါ။Photo Credit- The Ants
24/02/2022

ကမ္ဘာစစ်အတွက် ပူတာက ပူပါ။
မြန်မာပြည်ထဲကစစ်ကိုလည်း သိစေချင်တာပါ။

Photo Credit- The Ants

24/02/2022

24.2.2022
11:25

စခများ မြောင်မြို့နယ် မယ်မသော်ကျေးရွာမှ ဆင်မင်းကျေးရွာဘက်သို့ဦးတည်နေကြောင်းသတင်းရရှိ

ဗိုလ်တောက်ထွန်း
MBTT

#ချောင်းဦးမြို့နယ်သတင်းပြန်ကြားရေး

ချောင်းဦးမြို့နယ် ယာကြီးတောရွာစစ်ခွေး သတင်းပေးပျူစောထီး အဖွဲ့ဝင် ကိုဖိုးအဲ အသက်(35)နှစ်နှင့်မသင်းသင်းလှိုင်အသက်(33)နှစ်...
24/02/2022

ချောင်းဦးမြို့နယ် ယာကြီးတောရွာစစ်ခွေး သတင်းပေးပျူစောထီး အဖွဲ့ဝင် ကိုဖိုးအဲ အသက်(35)နှစ်နှင့်မသင်းသင်းလှိုင်အသက်(33)နှစ်တို့ကိုယမန်နေ့ညနေ(3)နာရီအချိန်တွင် ဗိုလ်စနေရှင်းလင်းရေးအဖွဲ့မှ ပျူစောထီးတို့သွားရာလမ်း ငရဲပြည်အရောက်ပို့ခဲ့ကြောင်းသိရသည်ll

(24.2.2022)

#ချောင်းဦးမြို့နယ်သတင်းပြန်ကြားရေး

မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာမှယနေ့ညနေ(5)နာရီခွဲဝန်းကျင်တွင်ထွက်သွားသောစစ်ခွေးများဟာ အလ္လကပ္ပကျေးရွာအတွင်းသို့ယခု့ပြန်...
23/02/2022

မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာမှယနေ့ညနေ(5)နာရီခွဲဝန်းကျင်တွင်ထွက်သွားသောစစ်ခွေးများဟာ အလ္လကပ္ပကျေးရွာအတွင်းသို့ယခု့ပြန်လည်ရောက်ရှိလာပြီး အဆိုပါကျေးရွာအတွင်းပတ်၍မိုက်ရင်ထွက်ခဲ့ဟုစိန်ခေါ်နေကြောင်းသိရပါတယ်ll

ညနေ(5)နာရီခွဲဝန်းကျင်ခန့်တွင် အလ္လကပ္ပကျေးရွာအနောက်ဘက် ရွှေဂူကျောင်းတွင် တပ်စွဲထားသောစစ်ခွေးများဟာ ကန်တာအဖြူတစ်စီးlခြောက်ဘီးကားတစ်စီး စုစုပေါင်းကားနှစ်စီး အင်အား(100)ကျော်ခန့်ဖြင့် PDFကွန်မာဒိုပြောက်ကြားဝတ်စုံများဝတ်ဆင်၍ မြောင်မြို့နယ်ဘက်သို့ထွက်ခွာသွားခဲ့ပြီး မြောင်အဝင်တွင်အုန်းသီးကျွေးခံခဲ့ရပြီးနောက် ယခု့လက်ရှိအလ္လကပ္ပကျေးရွာအတွင်းသို့ပြန်လည်ရောက်ရှိလာကြခြင်းဖြစ်ကြောင်းသိရပါတယ်ll

(23.2.2022)

#ချောင်းဦးမြို့နယ်သတင်းပြန်ကြားရေး

နောက်ဆက်တွဲသတင်းဖေဖော်ဝါရီ(23)ရက်ယနေ့ညနေပိုင်းက ချောင်းဦးဘက်မှဆင်းလာသော အကြမ်းဖက်စစ်အုပ်စု အင်အား(20)ကျော်ဟာ ချောင်းဦး...
23/02/2022

နောက်ဆက်တွဲသတင်း

ဖေဖော်ဝါရီ(23)ရက်

ယနေ့ညနေပိုင်းက ချောင်းဦးဘက်မှဆင်းလာသော အကြမ်းဖက်စစ်အုပ်စု အင်အား(20)ကျော်ဟာ ချောင်းဦးမြို့နယ် ထူးနီရွာ၏မြောက်ဘက်မှ မြောက်အရပ် ကံဇီး ကင်မွန်းတော်ဘက်သို့ဦးတည်သွားကြကြောင်းသိရသည်ll

မည်သည့်နေရာတွင်ယနေ့ညတပ်စွဲထားသည်ကိုမသိရှိရသေးဘဲ ယနေ့ထိတွေ့တိုက်ပွဲတွင် ကင်မွန်းတော်ကျေးရွာမှပျူများနှင့်ကံကြီးကုန်းမှပျူများပူးပေါင်းခဲ့ကြသည်ll

#ချောင်းဦးမြို့နယ်သတင်းပြန်ကြားရေး

23/02/2022

ယနေ့ညတော့အသိသတိလေးနဲ့အထူးဂရု့ပြု့နေကြပါll

အားလုံးရဲ့ရင်ထဲမှာ မျက်ရည်မိုးတွေနဲ့ပါ😔😔😔

23/02/2022

ချောင်းဦးမြို့နယ် အတွင်းရှိ ကံကြီးကုန်းကျေးရွာ၏အရှေ့ဘက်တွင် ပျူစောထီးများနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့တိုက်ပွဲ ဖြစ်ပွားlပြည်သူ့ကာကွယ်ရေးရဲဘော်သုံးဦးကျဆုံးခဲ့သည်ll

မနက်(10)နာရီကျော်ခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်ll

#ချောင်းဦးမြို့နယ်သတင်းပြန်ကြားရေး

အရေးပေါ်သတိပေးကြေညာချက် မုံရွာမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့်၁။ မုံရွာ - ချောင်းဦး - မြင်းမူ လမ်းပိုင်း၂။ ချောင်...
23/02/2022

အရေးပေါ်သတိပေးကြေညာချက်

မုံရွာမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့်

၁။ မုံရွာ - ချောင်းဦး - မြင်းမူ လမ်းပိုင်း
၂။ ချောင်းဦး - ပခုက္ကူလမ်းပိုင်း
၃။ မုံရွာ - အမြင့် - တောကျောင်းကြီးလမ်းပိုင်း
၄။ ခင်မွန် - ကျီကုန်း - ရွှေဒါးကျလမ်းပိုင်း
၅။ ချောင်းဦး - အမြင့်လမ်းပိုင်း

များကို ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ ယာယီပိတ်ထားလိုက်သည်။

ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းများကို လုံးဝအသုံးမပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အထက်ပါလမ်းပိုင်းများတွင်သွားလာနေကြသောမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းများကိုလက်ရှိအသုံးပြုလျှက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လမ်းပိုင်းများပြန်လည်ဖွင့်လှစ်မည့်အချိန်ကို ထပ်မံကြေညာသွားပါမည်။

ဖေဖော်ဝါရီ(23)ရက်ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာ၏အရှေ့ဘက် အနီးနားဝန်းကျင်တွင် သေနတ်ပစ်ခတ်သံများဆက်တိုက်ပေါ်ထွက်ခဲ့ကြော...
23/02/2022

ဖေဖော်ဝါရီ(23)ရက်

ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာ၏အရှေ့ဘက် အနီးနားဝန်းကျင်တွင် သေနတ်ပစ်ခတ်သံများဆက်တိုက်ပေါ်ထွက်ခဲ့ကြောင်းကနဦးသိရသည်ll

စက်သေနတ်များဖြင့်အတွဲလိုက်ပစ်သံဖြစ်ကြောင်းသိရှိရပြီး နောက်ဆက်တွဲအခြေအနေများအားစုံစမ်းလျှက်ရှိသည်ll

#ချောင်းဦးမြို့နယ်သတင်းပြန်ကြားရေး

ချောင်းဦး-ဆင်ဖြူရှင်လမ်းတွင်ပေါက်ကွဲသံတစ်ခု့ထွက်ပေါ်ခဲ့ချောင်းဦးlဖေဖော်ဝါရီ(23)ရက်စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ခ...
23/02/2022

ချောင်းဦး-ဆင်ဖြူရှင်လမ်းတွင်ပေါက်ကွဲသံတစ်ခု့ထွက်ပေါ်ခဲ့

ချောင်းဦးlဖေဖော်ဝါရီ(23)ရက်

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ချောင်းဦး-ဆင်ဖြူရှင် ကားလမ်းမတစ်နေရာတွင် ယမန်နေ့ညပိုင်း(11)နာရီကျော်ဝန်းကျင်က ပြင်းထန်သည့်ပေါက်ကွဲသံတစ်ခု့ပေါက်ကွဲခဲ့ကြောင်းဒေသခံများကပြောသည်ll

အကြမ်းဖက်စစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ခြင်း ဟုတ်မဟုတ်မသိရှိရသေးဘဲ ပေါက်ကွဲသံဟာ အင်အားပြင်းကြောင်းပြောသည်ll

"မနေ့ညက ကွဲတာ စစ်သားတွေကိုမိုင်းဆွဲတာထင်တာ ဟုတ်မဟုတ်တော့မသိဘူး ညနက်ပိုင်းဆိုတော့အသံကအတော်ကိုကျယ်ပြီး ပြင်းတယ်"ဟု့အဆိုပါပေါက်ကွဲသံကိုကြားသည့်ပြည်သူတစ်ဦးကပြောသည်ll

#ချောင်းဦးမြို့နယ်သတင်းပြန်ကြားရေး

ကနီမြို့နယ် တွင် စစ်ကောင်စီတပ်သားများတပ်စွဲထားသည့်နေရာ တိုက်ခိုက်ခံရlစစ်သားတစ်ဦးသေမိုးသားရိပ်lဖေဖော်ဝါရီ(23)ရက်စစ်ကိုင်...
23/02/2022

ကနီမြို့နယ် တွင် စစ်ကောင်စီတပ်သားများတပ်စွဲထားသည့်နေရာ တိုက်ခိုက်ခံရlစစ်သားတစ်ဦးသေ

မိုးသားရိပ်lဖေဖော်ဝါရီ(23)ရက်

စစ်ကိုင်းတိုင်း ကနီမြို့နယ် အိုင်တောင်ကျေးရွာတွင် ရွာကိုမီးရှို့၍တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကိုပြည်သူ့ကာကွယ်ရေးအဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ဖေဖော်ဝါရီ(20)ရက် ညသန်းခေါင်အချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးခဲ့ပြီး အခြားဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်းDGFကသတင်းထုတ်ပြန်သည်ll

၎င်းတိုက်ခိုက်မှု့ကို ဒီမိုကရတ်တစ်ပြောက်ကျားတပ်ဖွဲ့(အောက်ချင်းတွင်း)lဗျတ္တညီနောင်ပြောက်ကျားတပ်ဖွဲ့lချင်းတွင်းဂဠုန်ရာဇာတပ်ဖွဲ့lယင်းမာပင်PDFတပ်ရင်း(3)lယင်းမာပင်LDFနှင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ll

ဖေဖော်ဝါရီ(23)ရက်lနံနက်(8)နာရီ(32)မီနစ်မုံရွာမြို့ နယ် မြေနဲ မိုးညှင်းလမ်းခွဲတွေမှာ ကားအကြီးတစ်စီးဖြင့် ရဲနှင့်စစ်သားအင်...
23/02/2022

ဖေဖော်ဝါရီ(23)ရက်lနံနက်(8)နာရီ(32)မီနစ်

မုံရွာမြို့ နယ် မြေနဲ မိုးညှင်းလမ်းခွဲတွေမှာ ကားအကြီးတစ်စီးဖြင့် ရဲနှင့်စစ်သားအင်အား(30)ခန့် စစ်ဆေးမှု့များရှိကြောင်းသိရသည်ll

#မိုးသားရိပ်မီဒီယာ

အရပ်သားအသွင်နဲ့ယုတ်မာလာတဲ့ လူ့ဘီလူး စစ်ကောင်စီမိုးသားဖြူစစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီလူ့ဘီလူးတွေက ​စစ်ယူန...
22/02/2022

အရပ်သားအသွင်နဲ့ယုတ်မာလာတဲ့ လူ့ဘီလူး စစ်ကောင်စီ

မိုးသားဖြူ

စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီလူ့ဘီလူးတွေက ​စစ်ယူနီဖောင်းကိုချွတ်ပြီး ပြည်သူတို့၏နေထိုင်သွားလာမှု့ပုံစံမျိုးတွေကို အသွင်ယူဟန်ဆောင်လာကြပြီး ဖမ်းဆီးမှု့တွေပြု့လုပ်လာခဲ့ပါတယ်ll

အရပ်သားကားတွေ နဲ့ ကားလမ်းမကြီးတွေပေါ်မှာသွားလာခဲ့ကြပြီး သာမာန်ပြည်သူတစ်ယောက်လိုဝတ်ဆင်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့တည်နေရာတွေနဲ့နိူင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ အချက်အလက်တွေကို ထောက်လှမ်းမှု့တွေလည်း ရှိလို့လာခဲ့တာပါll

လူ့ဘီလူးတွေဖြစ်တဲ့ စစ်ကောင်စီတပ်သားတွေက သွေးဆာနေတဲ့ဖုတ်ကောင်တွေလို ရရာလူကို သွေးစုပ်ဖို့ လုပ်ဆောင်လာကြပြီး စစ်ကိုင်းတိုင်း မြောင်နယ်အတွင်းမှာ အရပ်သားဟန်ဆောင်ပြီး ထောက်လှမ်းမှု့တွေရှိလာနေခဲ့ပါပြီll

ဒါ့အပြင် နှစ်ခြောက်လုံးသပိတ်ပြု့လုပ်တဲ့ မုံရွာမြို့မှာ လူ့ဘီလူးစစ်ကောင်စီတပ်သားတွေက အရပ်ဝတ်တွေဝတ်ဆင်ပြီး အရပ်သားကားတွေကိုအသုံးပြု့လုပ်ဆောင်ခဲ့တာကြောင့် ပြည်သူအများအပြားဖမ်းဆီးခံရတဲ့ဖြစ်စဥ်လည်းဖြစ်ပေါ်လာခဲ့ပါပြီll

ပြည်သူ့ကာကွယ်ရေးအဖွဲ့အချင်းချင်းထင်ယောင်ထင်မှားဖြစ်လာအောင် lဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပြည်သူတွေအကြား သွေးခွဲဖို့ အရပ်သားယောင်ဆောင်ပြီး ပြည်သူတွေကိုထိခိုက်အောင်missionလုပ်ဆောင်မှု့တွေလည်းရှိလို့လာနေတာပါll

ပြည်သူတွေအနေနဲ့ အရပ်သားယောင်ဆောင်ပြီး နိူင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထောက်လှမ်းနေတဲ့ လူ့ဘီလူးစစ်ကောင်စီတပ်သားတွေကိုလည်းသတိထားဖို့လိုနေပါပြီll ကိုယ့်မြို့နယ်အတွင်း ကိုယ့်ကျေးရွာအတွင်း မျက်နှာစိမ်းသူတွေကိုတွေ့လာခဲ့ရင်ပိုသတိထားဖို့လိုလာနေတာပါll

ဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့လည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ချိတ်ဆက်လုပ်ဆောင်ကြဖို့လိုလာနေပြီး လူ့ဘီလူးစစ်ကောင်စီလက်အောက်ခံပျူတွေဟာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့အသွင်ကိုယူကာ သတင်းလိုက်မှု့တွေ လှည့်ဖြားမှု့တွေရှိလို့လာနေပြီဖြစ်တဲ့အတွက်သတိထားကြဖို့အထူးလိုလာခဲ့ပါပြီll

လူ့ဘီလူး စစ်ကောင်စီတပ်သားတွေဟာ မရေရာတဲ့စွပ်စွဲချက်တွေ နဲ့ကျေးရွာတွေကိုမီးရှို့မှု့တွေများပြားခဲ့ပြီး ပြည်သူတွေကို အကြောင်းမဲ့ပစ်သတ်တာတွေက အလွန်များပြားခဲ့ကြပါတယ်ll

ဒီဖြစ်စဥ်တွေဟာ သူတို့ရဲ့လုပ်ရိုးလုပ်စဥ်တွေသာဖြစ်ပြီး စာနာမှု့ကင်းမဲ့စိတ်တွေပြည့်နက်နေတဲ့ လူ့ဘီလူးစစ်ကောင်စီက လက်ပံပွင့်ချိန်ရောက်လာပြီဖြစ်သည့်အတွက် ခွေးရူးပြန်သလို မဲမဲ မြင်ရာ ကိုက်မှာဖြစ်သည့်အတွက် ပြည်သူတွေအနေနဲ့ အသိသတိထားပြီး နေထိုင်ကြဖို့လိုအပ်လာပါပြီll

ပြည်သူတွေအနေနဲ့ လူ့ဘီလူး စစ်ကောင်စီ၏ရက်စက်ယုတ်မာမှု့ရန်ကနေ ကင်းလွတ်ကြပါစေll

စစ်ကောင်စီလက်အောက်တွင် အလုပ်လုပ်နေကြသူများကိုMonywa The Boysကသတိပေးထုတ်ပြန်ထားပါတယ်ll
22/02/2022

စစ်ကောင်စီလက်အောက်တွင် အလုပ်လုပ်နေကြသူများကိုMonywa The Boysကသတိပေးထုတ်ပြန်ထားပါတယ်ll

ယင်းမာပင်-ပုလဲလမ်းပိုင်းတွင် အကြမ်းဖက်ယာဥ်တန်းတိုက်ခိုက်ခံရlကားသုံးစီးမှောက်lတစ်စီးမီးလောင်မိုးသားရိပ်lဖေဖော်ဝါရီ(21)ရက်...
21/02/2022

ယင်းမာပင်-ပုလဲလမ်းပိုင်းတွင် အကြမ်းဖက်ယာဥ်တန်းတိုက်ခိုက်ခံရlကားသုံးစီးမှောက်lတစ်စီးမီးလောင်

မိုးသားရိပ်lဖေဖော်ဝါရီ(21)ရက်

စစ်ကိုင်းတိုင်း ယင်းမာပင်-ပုလဲလမ်းပိုင်း ရှိ အင်ကြင်းတောင်အနီး အရှေ့မှအနောက်သို့မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းခြောက်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့(2)နာရီခန့်မှာ မိုင်းလုံးအများအပြားဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သားအများအပြားသေဆုံးဒဏ်ရာရ၍ ကားသုံးစီးမှောက်ကာ တစ်စီးမီးလောင်သွားကြောင်းCGDF၏ထုတ်ပြန်ချက်အရသိရသည်ll

အဆိုပါတိုက်ခိုက်မှု့ကို CGDFl Alpha Special Force lYinmarbin Local PDFlMTOFlTriple Twolတစ်ကိုယ်တော်သုဘရာဇာနှင့်ညီနောင်မဟာမိတ်များကပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိူင်ခဲ့ကြောင်းသိရသည်ll

ဓာတ်ပုံ=စစ်ယာဥ်တန်းပုံဟောင်းအသုံးပြု့ထားသည်ll

ချောင်းဦးမြို့နယ် မင်းတည်ရွာမှဖမ်းဆီးခံရသူသုံးဦးအနက်နှစ်ဦးပြန်လွတ်lလမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်ခံရသူနှစ်ဦးလည်းပြန်လွတ...
19/02/2022

ချောင်းဦးမြို့နယ် မင်းတည်ရွာမှဖမ်းဆီးခံရသူသုံးဦးအနက်နှစ်ဦးပြန်လွတ်lလမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်ခံရသူနှစ်ဦးလည်းပြန်လွတ်

MTYlဖေဖော်ဝါရီ(19)ရက်

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မင်းတည်ရွာမှ ဖမ်းဆီးခံရသူ အမျိုးသမီးနှစ်ဦးနှင့်အမျိုးသားတစ်ဦးအနက် အမျိုးသမီးတစ်ဦးနှင့်အမျိုးသားတစ်ဦးကိုအကြမ်းဖက်စစ်အုပ်စု့ကပြန်လည်လွှတ်ပေးလိုက်ကြောင်းဒေသခံတွေကပြောပါတယ်ll

ယမန်နေ့က အမျိုးသမီးတစ်ဦးကိုဓာတ်ပုံနှင့်တကွအကြမ်းဖက်စစ်အုပ်စုက စွပ်စွဲဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းအပြင် အဆိုပါအမျိုးသမီး၏အမေဖြစ်သူနှင့်ထိုအိမ်သိုအိမ်သို့အလည်လာသည့်အမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်အုပ်စုကဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်ll

ယနေ့တွင် ဓာတ်ပုံနှင့်တကွစွပ်စွဲဖမ်းဆီးခံရသူအမျိုးသမီး၏အမေဖြစ်သူနှင့်အိမ်အလည်လာသည့်အမျိုးသားတစ်ဦးကို ချောင်းဦး မြို့နယ် ငါးယှန်ကျေးရွာအရောက်တွင်ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရှိရပြီး ဓာတ်ပုံနှင့်တကွစွပ်စွဲဖမ်းဆီးခံရသူအမျိုးသမီးတစ်ဦးကိုတော့အကြမ်းဖက်စစ်အုပ်စုကဖမ်းဆီးထားဆဲ ဖြစ်သည်ll

အလားတူ အကြမ်းဖက်စစ်အုပ်စုက ဖေဖော်ဝါရီလ(18)ရက်နေ့တွင် မင်းတည်ကျေးရွာတွင် တပ်စွဲခဲ့ပြီးနောက် ယနေ့မနက်(3)နာရီခန့်ကစ၍၎င်းကျေးရွာကိုစွန့်ကာ ခြေလျှင်ခရီးဖြင့်မင်းတည်ကျေးရွာမှအရှေ့မြောက်သို့စစ်ကြောင်းထိုးချီတက်ခဲ့ရာတွင် မှန်ချိုကျေးရွာမှရွာသားနှစ်ဦးကို
လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နောက် ငါးယှန်ကျေးရွာအရောက်တွင်ပြန်လည်လွှတ်ပေးလိုက်ကြောင်းသိရသည်ll

စစ်အုပ်စုလမ်းကြောင်း➡➡➡➡➡➡➡➡ဖေဖော်ဝါရီ(19)ရက်lနေ့လည်(1)နာရီ(21)မီနစ်ချောင်းဦး မြို့နယ် မင်းတည်ရွာမှထွက်ခွာသွားသောအကြမ်း...
19/02/2022

စစ်အုပ်စုလမ်းကြောင်း
➡➡➡➡➡➡➡➡

ဖေဖော်ဝါရီ(19)ရက်lနေ့လည်(1)နာရီ(21)မီနစ်

ချောင်းဦး မြို့နယ် မင်းတည်ရွာမှထွက်ခွာသွားသောအကြမ်းဖက်စစ်အုပ်စုသည် မင်းတည်ရွာမှအရှေ့မြောက်သို့ တောလမ်းများအတိုင်း ငါးယှန်ကျေးရွာဘက်သိုဖြတ်တက်ခဲ့ပြီး ယခု့လက်ရှိ
မုံရွာ-မန္တလေးလမ်းပိုင်းရှိ ချောင်းဦး မြို့နယ် ငါးယှန်ရွာ နတ်ရေကန်ရွာအနီးရှိ ကားလမ်းမဘေးတွင်ခြုံများမီးရှို့၍ အုပ်စုဖွဲ့ကာ ကင်းချထားကြောင်းသိရသည်ll

ကင်းများသည် ချောင်းဦးမြို့မှ မြင်းမူမြို့အထိ ဖြစ်ကြောင်း သိရသည်ll

18/02/2022

Breaking News

ဖေဖော်ဝါရီ(18)

ချောင်းဦးမြို့နယ် မင်းတည်ရွာတွင်တပ်စွဲထားသည့်အကြမ်းဖက်စစ်ကောင်စီတပ်သားများထဲတွင် အရပ်သားအသွင် ဝတ်ဆင်ထားသူများပါဝင်နေကြောင်းဒေသခံမျက်မြင်အချို့ကပြောသည်ll

အကြမ်းဖက်စစ်တပ်ဟာ အင်အား(80)ခန့်ဖြင့်တပ်စွဲထားတာဖြစ်ပြီး မည်သည့်အကြောင်းအရာများကြောင့်လာရောက်တပ်စွဲထားသည်ကိုမသိရှိကြရသေးပေll

ပုလဲနယ် ချောင်းဦး ရွာကိုမီးရှို့ခဲ့သည့်စစ်သားနှင့်ပျူများအခြေချရာနေရာကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ရောက်စီးနင်းlပျူအိမ်မျာ...
18/02/2022

ပုလဲနယ် ချောင်းဦး ရွာကိုမီးရှို့ခဲ့သည့်စစ်သားနှင့်
ပျူများအခြေချရာနေရာကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ရောက်စီးနင်းlပျူအိမ်များမီးရှို့ဖျက်ဆီးခဲ့

MTYlဖေဖော်ဝါရီ(18)ရက်

အောင်ဆန်းတပ်ဖွဲ့ - ASF ၊ သံမဏိတပ်ဖွဲ့ နှင့် ပုလဲ ပကဖ တပ်တို့၏ မဟာမိတ်တပ်ပေါင်းစုသည် ယနေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်က စစ်သားနှင့် ပျူများအခြေချရာ ပုလဲနယ်၊ ဇီးဖြူကုန်းရွာအနီးမှ စုံကုန်းတောတိုက်အား ဝင်ရောက်စီးနင်းခဲ့ကြကြောင်းသိရသည်ll

ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့သော်လည်း စစ်သား
နှင့် ပျူများမှာ ကြောက်အားကြီး ဆုတ်ခွာသွား၍ ၎င်းတို့ ခြေကုတ်ယူထားသော ပျူအိမ်များအား စီးနင်းမီးရှို့ခဲ့ကြောင်းအောင်ဆန်းတပ်ဖွဲ့ကထုတ်ပြန်သည်ll

ယနေ့ နံနက်က ချောင်းဦးရွာမှ ပြည်သူ့အိုးအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့်အထဲတွင် စစ်ကောင်စီတပ်သားများနှင့်အတူ ၎င်း ကျွန်သဘောက်ပျူများပါ ပါဝင်ကြောင်းအောင်ဆန်းတပ်ဖွဲ့ကပြောသည်ll

ဇီးဖြူကုန်းသို့ ဆုတ်သွားသော စခများမှာ အင်အားဖြည့်တင်းလျှက် လက်နက်ကြီးပစ်ကူများဖြင့် ပြန်ဆန်တက်လာသောကြောင့် မဟာမိတ်တပ်ပေါင်းစုမှ ညနေ ၅ နာရီ ၄၀ မိနစ်တွင် ပြန်လည်ဆုတ်ခွာခဲ့ပါသည်။

ယနေ့စီးနင်းမှုဖြစ်စဥ်တွင် တပ်ပေါင်းစုဘက်မှ မည်သည့်အထိအခိုက်မှမရှိခဲ့ကြောင်း မြေပြင်မှသတင်းပေးပို့လာကြောင်းသိရသည်ll

မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာရှိ တော်လှန်ရေးမတိုင်မီကတည်းက ပျူတာဝန်ခံအဖြစ်လုပ်ဆောင်ခဲ့သူ နံပြားကိုယမန်နေ့ညကBHFMကသုတ်သ...
18/02/2022

မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာရှိ တော်လှန်ရေးမတိုင်မီကတည်းက ပျူတာဝန်ခံအဖြစ်လုပ်ဆောင်ခဲ့သူ နံပြားကိုယမန်နေ့ညကBHFMကသုတ်သင်ခဲ့ကြောင်းထုတ်ပြန်ပါတယ်ll

Address


Website

Alerts

Be the first to know and let us send you an email when Moe Thar Yeik Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share