U U Hpa-an Thar

  • Home
  • U U Hpa-an Thar

U U Hpa-an Thar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from U U Hpa-an Thar, News & Media Website, .
(2)

12/10/2023

ဘုရားဝင်းကြီးရှေ့
🛵🛵🛵ဆိုင်ကယ် အဖမ်းအဆီးရှိနေပါသည်

ဘားအံမြို့ရဲ့ သက်တမ်းရင့် ဆန်ပြုတ်ဆိုင်လေး🍲နှစ်ပေါင်း အနည်းဆုံး ၄၅ နှစ်ကျော် ရှိပြီးလို့တော့ သိရပါတယ်။ ယခု လက်ရှိစျေးနှု...
10/10/2023

ဘားအံမြို့ရဲ့ သက်တမ်းရင့် ဆန်ပြုတ်ဆိုင်လေး🍲

နှစ်ပေါင်း အနည်းဆုံး ၄၅ နှစ်ကျော် ရှိပြီးလို့တော့ သိရပါတယ်။

ယခု လက်ရှိစျေးနှုန်းလေးကတော့ ၁ပွဲ = ၁၀၀၀ ကျပ်

နေရာလေးကတော့ ဘားအံနာရီစင်မိီးပွိုင့်ထောင့်နားလေးမှာပါ။

ဆိုင်ပိတ်ရက်မရှိဘူးလို့တော့သိရပါတယ်။

ဘားအံမြို့ခံတော်တော်များများကတော့
နေမကောင်းဖြစ်ရင် အဲ့ဆိုင်က အဖွားရဲ့ဆန်ပြုတ်လေးစားပြီး
အားပြန်မွေးရတာဆိုတော့ အဲ့ဆိုင်လေးနဲ့ ကင်းကြမယ်
မထင်ဘူးနော် ❤️❤️

Credit- ThirtyDiaryPage

မော်လမြိုင်မြို့မှ လိုင်စင်ကားVoxyတစ်စီး ခိုးယူခံရပြီး ဘားအံဘက်သို့ မောင်းနှင်လာခိုးခံထိတဲ့ကားက မောင်ငံရပ် ဂျူပီတာစတိုး ...
09/10/2023

မော်လမြိုင်မြို့မှ လိုင်စင်ကားVoxyတစ်စီး ခိုးယူခံရပြီး ဘားအံဘက်သို့ မောင်းနှင်လာ

ခိုးခံထိတဲ့ကားက မောင်ငံရပ် ဂျူပီတာစတိုး နဲ့
ထွန်းထာ၀ရ မုန့်ဆိုင်က (ဦးအောင်ချိုဦး)ရဲ့ကားပါ။

ဘားအံဘက်ကို ခိုးမောင်းသွားပါတယ်။
လမ်းတလျှောက် တွေ့ရှိသူများ ကူညီပေးကြပါဦး။

ကားနံပါတ်
YGN
3K-6105
AZR60-0158159
TOYOTA Voxy အဖြူရောင်ပါ

မောင်ငံရပ် အောက်လမ်းမကြီး ဂျူပီတာစတိုး
အိမ်ရှေ့မှာ ရပ်ထားရင်း အခိုးခံရတာပါ။
ဦးချိုရဲ့ သမီးက ညက အလုပ်ကအပြန် (၁၂)ခွဲ
(၁)နာရီလောက်မှ ပြန်ရောက်လို့ အိမ်ရှေ့မှာရပ်ထားလိုက်တာ ပါသွားပါတယ်။
ကားသော့က အိမ်ထဲမှာပဲ ကျန်ခဲ့ပါတယ်။

CCTV မှတ်တမ်းအရ မနက်(၅)နာရီကျော်၀န်းကျင်
လောက်မှာ ကပ်ဦးထုပ်ဆောင်းထားတဲ့ ယောင်္ကျား
တယောက်က မောင်းထွက်သွားတယ်လို့တွေ့ရ။

အိမ်ကလည်း ကားက မနက် မုန့်ရုံသွားလိုက်ပြီ
ထင်လို့ ကားပျောက်နေတာကို သတိမထားမိလိုက်ကြပါဘူး။

မနက် ကောင်မလေးနိုးလာမှ အိမ်မှာ လူရှိနေပြီး
ကားမရှိတော့တာတွေ့မှ အခိုးခံလိုက်ရကြောင်း
သိရှိရတာပါ။ လိုက်ရှာတဲ့အချိန်က နေ့လည်
(၁၀)နာရီ ဖြစ်နေပါပြီ။
ရဲစခန်းကိုတော့ အကြောင်းကြားထားပါတယ်။

မနက် (၅)ခွဲ (၆)နာရီ လောက်မှာ ဇာသပြင်
လမ်းခွဲမှာ ကားကို တွေ့လိုက်ပါတယ်။ မှတ်တမ်းတွေလဲ ရထားပါတယ်။

ကားခိုးသွားတဲ့ ဘားအံဘက် လမ်းတလျှောက်
တွေ့ရှိပါက ကူညီဆက်သွယ်ပေးကြဖို့ အကူအညီတောင်းခံအပ်ပါတယ်။

စစ်ဆေးရေး ဂိတ်တွေအနေနဲ့လည်း တွေ့ရှိက ဖမ်းဆီး ထိန်းသိမ်းပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

09 5320991
09 793366320
09788214734
09796989638
09776004180
095320832
09775212655

ဘားအံမြို့မှာ ပျှမ်းမျှ ၂ရက်ကို လိုင်စင်မဲ့ကား၁စီးနှုန်းအခိုးခံနေရပါတယ်အခိုးရသူများမှာလဲ လိုင်စင်မဲ့ကား ဖြစ်နေသည့်အတွက်ရ...
09/10/2023

ဘားအံမြို့မှာ ပျှမ်းမျှ ၂ရက်ကို လိုင်စင်မဲ့ကား၁စီးနှုန်း
အခိုးခံနေရပါတယ်

အခိုးရသူများမှာလဲ လိုင်စင်မဲ့ကား ဖြစ်နေသည့်အတွက်
ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားရန် အခက်အခဲရှိနေကြပါတယ်

ဥပဒေရဲ့ အကူအညီမရတဲ့ အခက်အခဲနဲ့
ညမထွက်ရအချိန်ကို အသုံးချကာ
ကားသူခိုးများမှာ တနေ့ထက်တနေ့ အတင့်ရဲလာကြတာပဲဖြစ်ပါတယ်

အမှတ်(၄)ရပ်ကွက် အလှ‌ဒသနလမ်းမှာ ဆိုင်ကယ်လာခိုးတဲ့သူရဲ့ CCTVရုပ်ပုံမှတ်တမ်းပါ
08/10/2023

အမှတ်(၄)ရပ်ကွက် အလှ‌ဒသနလမ်းမှာ
ဆိုင်ကယ်လာခိုးတဲ့သူရဲ့ CCTVရုပ်ပုံမှတ်တမ်းပါ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအကျော်မှာရှိတဲ့ ကျုံထော်ရေတံခွန်ဘားအံကိုလာရောက်ကြတဲ့ဧည့်သည်များမေးလေ့ရှိတဲ့...
08/10/2023

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအကျော်မှာရှိတဲ့ ကျုံထော်ရေတံခွန်

ဘားအံကိုလာရောက်ကြတဲ့ဧည့်သည်များမေးလေ့ရှိတဲ့ ကျုံထော်ရေတံခွန်က သွားလာလို့ရပါတယ်။

ဘာနဲ့သွားရင်အဆင်ပြေလဲ ???

ကား / ဆိုင်ကယ်နဲ့သွားလို့ရပါတယ်။

ကားနဲ့သွားရင် -
အသွား (၂:၃၀)
အပြန် (၂:၀၀) ကြာပါတယ်။

ဆိုင်ကယ်နဲ့သွားရင် -
အသွား (၃:၀၀) ကြာပါမယ်။

လမ်းခရီးအခြေအနေ

ဘားအံ - ရွှေဂွန်း-မြိုင်ကြီးငူလမ်းက လမ်းပျက်(လမ်းကြမ်း) လို့ သတိထားသွားမှရပါမယ်။

နယ်မြေအနေအထား

နယ်မြေအနေအထားကတော့ သွားတဲ့လမ်းတစ်လျှောက် အစစ်အဆေးမရှိပါဘူး။

ဘယ်အချိန်သွားရင် ကောင်းလဲ

နံနက်ပိုင်းကိုသွားပါ။ ဖြစ်နိုင်ရင် စောစောလေးသွားပါ။ နံနက် (၆) နာရီ (၇) နာရီလောက်သွားပါ။ စောစောရောက်သွားလို့ ဘယ်သူမှမရှိသေးချိန် အေးဆေးဆေးဆေး ရေးကူး/ ရေကစား / ဓါတ်ပုံရိုက်လို့လဲလှပါတယ်။

ရှောင်ရန် - ဆောင်ရန်များ

အသားငါး - အရက်သေစာများလုံးဝမယူဆောင်လို့မရပါဘူး (အထူးသတိပြုပါ)။ သက်သက်လွတ်နယ်မြေပါတယ်။

အမှိုက်များကို စည်းကမ်းမဲ့ စွန်ပစ်ခြင်းကို လုံးဝရှောင်ရှားပေးပါ။

(ကရင်ပြည်နယ်ရဲ့ သဘာအလှအပများကို ရေရှည်တည်တံ့အောင် စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းများကို ရှောင်ရှားပေးကြပါ)

Thura OO
09797759267



မြဝတီခရိုင် ဝေါလေမြို့အနီးမှာ ရှိတဲ့ မုလအိတောင်ဆီသို့လာရောက်လည်ပတ်နေကြတဲ့ ထိုင်းခရီးသွားတွေပါလမ်းခရီးလုံခြုံမှုမရှိသဖြင်...
06/10/2023

မြဝတီခရိုင် ဝေါလေမြို့အနီးမှာ ရှိတဲ့ မုလအိတောင်ဆီသို့
လာရောက်လည်ပတ်နေကြတဲ့ ထိုင်းခရီးသွားတွေပါ

လမ်းခရီးလုံခြုံမှုမရှိသဖြင့် မြန်မာပြည်တွင်းခရီးသွားများ အလာနည်းပေမဲ့ ထိုင်းခရီးသွားများကတော့ ထိုင်း-မြန်မာနယ်စပ်မှတဆင့် သာယာလှပတဲ့ မုလအိတောင်ထိပ်ဆီသို့ မကြာခဏ လာရောက်လည်ပတ်လေ့ရှိကြပါတယ်

Photo-ထိုင်းခရီးသွားpage

စပါးဂူဘားအံမှာရှိတဲ့ဂူတွေထဲမှာ ပုံစံတစ်မျိုးကွဲပြားတဲ့ အလှတွေနဲ့တည်ရှိနေသူ။မိုးရာသီဆို ဂူအလယ်ကချိုင့်ကြီးထဲမှာ ရေတွေက ကြ...
06/10/2023

စပါးဂူ

ဘားအံမှာရှိတဲ့ဂူတွေထဲမှာ ပုံစံတစ်မျိုးကွဲပြားတဲ့ အလှတွေနဲ့တည်ရှိနေသူ။
မိုးရာသီဆို ဂူအလယ်ကချိုင့်ကြီးထဲမှာ ရေတွေက ကြည်စိမ်းလို့၊ ဒိုင်ဗင်ထိုးပြီး ရေကူးချင်စရာ🥰
မိုးထိမတတ်မြင့်မားတဲ့ကျောက်ဆောင်ကြီးတွေက ပန်းပုထုထားသလို ရုပ်လုံးကြွလို့😍
ဂူအတွင်းမှာ ကပ်ပေါက်နေတဲ့ အပင်စိမ်းလေးတွေက အဏုမြူရောင် တဖိတ်ဖိတ်တောက်ပလို့🍀☘️

စပါးဂူလို့ ဘာလို့ခေါ်တာလဲလို့..
ဒေသခံလှေဆရာအဘကို မေးကြည့်တော့
ဟိုးရှေးရှေးက ရွာသားတွေဟာ ခိုးဆိုးလုယက်သူတွေရဲ့ရန်ကလွတ်အောင် စပါးတွေကိုလာဖွက်ထားတဲ့ဂူဖြစ်လို့ စပါးဂူလို့ ခေါ်ပါတယ်တဲ့😊

ဘယ်လိုသွားရလည်းဆိုရင်...
ရသေ့ပျံဂူကနေ မိုးရာသီဆို လှေစီးပြီးသွားလို့ရပါတယ်၊ လှေစီးခက တစ်စီးကို 10000ကျပ်ပါ။
နွေရာသီဆို လယ်ကွင်းတွေထဲကဖြတ်သွားရမှာပါ။ ဆိုင်ကယ်နဲ့ပဲ အဆင်ပြေနိုင်ပါတယ်။ ကားလမ်းဖောက်နေပေမယ့် မပြီးသေးပါဘူး၊
လောလောဆယ်အနေအထားအရတော့ လှေစီးပြီးသွားရတာ ပိုအဆင်ပြေပါတယ်၊ ရသေ့ပျံတောင်ကြောကြီးဘေးကနေ လှေစီးရင်း အရမ်းလှတဲ့ရှုခင်းတွေကို တစ်ဝကြီးခံစားရနိုင်ပါတယ်။
ကံကောင်းရင် ပုပ္ပါးမျောက်မြှီးရှည်လန်ဂါလေးတွေကို တွေ့ရမှာပါ😊
တစ်ခါတော့ အန်တီကြီးနဲ့လန်ဂါလေး 5ပေအကွာလောက်မှာ နီးနီးကပ်ကပ်ဆုံဖူးပါတယ်။ စပါးဂူအနားကို လှေကအဝင်၊ သစ်ပင်အောက်ကအဖြတ် အသံကြားလို့မော့ကြည့်လိုက်တော့ လန်ဂါလေးက အန်တီကြီးကို သစ်ကိုင်းပေါ်ကနေ ငုံ့ကြည့်နေတာ၊ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ချစ်စရာလေး၊ 5စက္ကန့်လောက် နှစ်ယောက်သား အကြည့်ခြင်းဆုံလို့😊
ဓါတ်ပုံရိုက်မလို့ ဖုန်းကိုထုတ်လိုက်ချိန်မှာပဲ ပြေးထွက်သွားတာ မြန်မှမြန်ပဲ၊ ပုံရိုက်ဖို့မမှီလိုက်ဘူး။
စပါးဂူအတွင်းဘက်မှာလည်း ချောက်နေရာတွေကို တံတားလေးတွေလုပ်ထားတာ သဘာဝကို မပျက်ဆီးပဲနဲ့ ဓါတ်ပုံရိုက်လို့ သိပ်လှပါတယ်။
ရှုခင်းအနေအထားကို..
ပုံလေးတွေမှာ ရေးပေးထားတယ်နော်

လောလောနဲ့ ရေးမိသွားလို့ပါဖားမဲတောင် လို့ ရေးချင်တာပါ🙏🙏🙏
04/10/2023

လောလောနဲ့ ရေးမိသွားလို့ပါ

ဖားမဲတောင် လို့ ရေးချင်တာပါ

🙏🙏🙏

04/10/2023

ဖားမဲတောင် ဓာတ်ဆီဆိုင်အနီး
ကား အစစ်အဆေးရှိပါတယ်

🇹🇭 မနေ့ညနေ ဘန်ကောက် Siam Paragon ရှော့ပင်းမောမှာ သေနတ်နဲ့ပစ်ခဲ့တဲ့ အသက် (၁၄) နှစ်အရွယ်ကျောင်းသားဟာ စိတ်ကျန်းမာရေးပြဿနာရှ...
04/10/2023

🇹🇭 မနေ့ညနေ ဘန်ကောက် Siam Paragon ရှော့ပင်းမောမှာ သေနတ်နဲ့ပစ်ခဲ့တဲ့ အသက် (၁၄) နှစ်အရွယ်ကျောင်းသားဟာ စိတ်ကျန်းမာရေးပြဿနာရှိတယ်လို့ ဆိုပါတယ်။

အရင်ကဆေးသောက်နေရာကနေ အခုဆေးမသောက်ဖြစ်တာ မကြာသေးဘူးလို့ဆိုပါတယ်။ သူဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာတော့ မရှင်းသေးပါ။

ဘန်ကောက်မြို့တော်ရဲ့ လူစည်ကားရာရှော့ပင်းမောမှာ (၁၄) နှစိအရွယ်ကလေးတစ်ယောက်က G***k 19 ပစ္စတိုအသေးစားကိုကိုင်ပြီး တွေ့ရာလူကိုပစ်ခတ်လိမ့်မယ်လို့ ဘယ်သူမှမထင်ထားကြပါဘူး။

အခုလိုသေနတ်နဲ့ပစ်ခတ်မှုကြောင့် မြန်မာခရီးသွားတစ်ဦးအပါအဝင် လူ (၂) ယောက်သေဆုံးပြီး အနည်းဆုံး (၄) ယောက်ဒဏ်ရာရထားတယ်လို့ အတည်ပြုနိုင်တဲ့သတင်းတွေက ဆိုပါတယ်။

အခုလို ကျောင်းသားလေးတစ်ယောက်က သေနတ်ကိုလွယ်လွယ်ကူကူကိုင်ပြီးပစ်ခတ်ခဲ့တဲ့အတွက် လက်နက်နဲ့ပတ်သက်ပြီး ပိုမိုတင်းကျပ်မှုတွေဖြစ်လာနိုင်ပါတယ်။

Richard Myo Thant
4-October -2022


Online Shop တွေအတွက် မှတ်ပုံတင်တာက မြန်မာငွေ ၃၉၀၀ ကျပ်ပဲ ကုန်ပါတယ်Payment က MPU AYA Payment နဲ့ပေးလို့ရတယ် ကိုဘာသာ Onlin...
03/10/2023

Online Shop တွေအတွက် မှတ်ပုံတင်တာက
မြန်မာငွေ ၃၉၀၀ ကျပ်ပဲ ကုန်ပါတယ်

Payment က MPU AYA Payment နဲ့ပေးလို့ရတယ်
ကိုဘာသာ Online ကနေ Register လုပ်ရုံပဲ
ဘာလို့ ပွဲစားတွေအပ်နေကြတာလဲဟင် ၅ သောင်း ၁ သိန်းအကုန်ခံပြီးတော့လေ

ကိုယ့်ဘက်မှာရှိရမှာက
ရဲစခန်းထောက်ခံစာ
ရပ်ကွက်ထောက်ခံစာ
မှတ်ပုံတင်
လက်ရှိ​ရောင်းမဲ့ Page ရဲ့ Link
ပြီးတော့ ကိုယ်က ကုမ္ပဏီ မဟုတ်တော့ Individual စီးပွားရေးကို ရွေးပီးလျှောက် သူ့တို့ဘက်က Approve ပေးရင် Online Certificate လေးပေါ်လာပီး ကိုက Softcopy ကူးထားရင်ပီးပီရော

https://www.ecomreg.gov.mm/

အပေါ်က Link ထဲမှာ လုပ်ပုံလုပ်နည်းတွေ လိုအပ်တဲ့စာရွက်စာတမ်းတွေ အကုန်ပြောပြပေးထားတယ်

အခုမှ Online Shop လေးတွေစပီး လုပ်မဲ့သူတွေအတွက် အပိုငွေတွေကုန်ကျမှာစိုးလို့ပါ နော် ဘယ်မှမသွား ပိုက်ဆံမကုန်ဘဲနဲ့ အိမ်မှာတင်ထိုင်ပီးလုပ်လို့ရပါတယ်

သူတို့တောင်းတဲ့ စာရွက်လေးစာတန်းတွေကို ဆိုင်သွားပီး
Scan ဖတ် JPEG File နဲ့ထုတ်ခိုင်းထားရင်ပီးပီ အားလုံးစီးပွားလာဘ်လာဘ များတိုးပွါးကြပါစေ

မြို့ပြရဲ့ မွန်းကြပ်မှုတွေကနေ ရုန်းထွက်ချင်ရင်တော့တောင်တန်းတွေရှိတဲ့ ဘားအံမြို့လေးဆီသာ အလှမ်းလာခဲ့ပါ☘️📷-HUTO(ဓာတ်ပုံ)
03/10/2023

မြို့ပြရဲ့ မွန်းကြပ်မှုတွေကနေ ရုန်းထွက်ချင်ရင်တော့တောင်တန်းတွေရှိတဲ့ ဘားအံမြို့လေးဆီသာ
အလှမ်းလာခဲ့ပါ☘️

📷-HUTO(ဓာတ်ပုံ)

01/10/2023

ဘားအံမြို့ ညမထွက်ရအချိန်အား
ည (၁၁)နာရီ မှ မနက် (၄)နာရီ သို့
ယနေ့ရက်စွဲဖြင့်
ပြောင်းလဲ သတ်မှတ်လိုက်ပါသည်

ထုံးစံအတိုင်း လစဥ်တင်ပေးနေကျ အောက်တိုဘာလအတွက် မီးရရှိမှုဇယားကို တင်ပေးလိုက်ပါပြီခင်ဗျာ...ရန်ကုန် Load Disptach Center (L...
30/09/2023

ထုံးစံအတိုင်း လစဥ်တင်ပေးနေကျ အောက်တိုဘာလအတွက် မီးရရှိမှုဇယားကို တင်ပေးလိုက်ပါပြီခင်ဗျာ...
ရန်ကုန် Load Disptach Center (LDC) ၏ သတ်မှတ်ခွင့်ပြုဝန်အားအလိုက် သုံးစွဲနေရမှုကြောင့် မီးရရှိမှု လျော့
နည်းသည့်အခါများလည်း ရှိခဲ့ပါသည်။ သို့သော် နာရီစဥ်အလိုက် ခွဲရုံအသီးသီး၏ သုံးစွဲရသည့်ပမာဏကို အချိန်နဲ့အမျှချိန်ဆလျက် တတ်နိုင်သလောက် အပိုသုံးရရှိအောင် ကျွန်တော်တို့ ကြိုးစားပေးနေပါတယ် ။
ညစဥ် ညနက်သန်းကောင်ကျော်မှသည် နံနက်ကျီးမနိုးခင်
အထိတာဝန်ကို မလစ်ဟင်းအောင် ထမ်းဆောင်လျက်ရှိ
ပါသည်။ မီးသုံးသူတို့ကိုသာမျက်နှာမူ၍ တာဝန်ကိုထမ်း
​ဆောင်ပါမည်။ မှန်သောစကားနှင့် မှန်သောစေတနာတို့ကြောင့်တူသောအကျိုးကို ပေးပါစေ။
မိတ်ဆွေအပေါင်းတို့လည်း ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ...

#ကရင်ပြည်နယ်ဘားအံမြို့နယ်နဲ့အနီးတဝိုက်အတွက်ပါခင်ဗျာ
ထုံးစံအတိုင်း လစဥ်တင်ပေးနေကျ အောက်တိုဘာလအတွက် မီးရရှိမှုဇယားကို တင်ပေးလိုက်ပါပြီခင်ဗျာ...
ရန်ကုန် Load Disptach Center (LDC) ၏ သတ်မှတ်ခွင့်ပြုဝန်အားအလိုက် သုံးစွဲနေရမှုကြောင့် မီးရရှိမှု လျော့
နည်းသည့်အခါများလည်း ရှိခဲ့ပါသည်။ သို့သော် နာရီစဥ်အလိုက် ခွဲရုံအသီးသီး၏ သုံးစွဲရသည့်ပမာဏကို အချိန်နဲ့အမျှချိန်ဆလျက် တတ်နိုင်သလောက် အပိုသုံးရရှိအောင် ကျွန်တော်တို့ ကြိုးစားပေးနေပါတယ် ။
ညစဥ် ညနက်သန်းကောင်ကျော်မှသည် နံနက်ကျီးမနိုးခင်
အထိတာဝန်ကို မလစ်ဟင်းအောင် ထမ်းဆောင်လျက်ရှိ
ပါသည်။ မီးသုံးသူတို့ကိုသာမျက်နှာမူ၍ တာဝန်ကိုထမ်း
​ဆောင်ပါမည်။ မှန်သောစကားနှင့် မှန်သောစေတနာတို့ကြောင့်တူသောအကျိုးကို ပေးပါစေ။
မိတ်ဆွေအပေါင်းတို့လည်း ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ...

မြန်မာနိုင်ငံအတွင်း လက်ရှိသုံးစွဲလျက်ရှိသည့် ၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန်များအား ရုတ်သိမ်းလိုက်ကြောင်း စက်တင်ဘာ ၂၉ ရက် ရက...
30/09/2023

မြန်မာနိုင်ငံအတွင်း လက်ရှိသုံးစွဲလျက်ရှိသည့် ၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန်များအား ရုတ်သိမ်းလိုက်ကြောင်း စက်တင်ဘာ ၂၉ ရက် ရက်စွဲဖြင့် ဗဟိုဘဏ်မှထုတ်ပြန်သည်ဟုထွက်ပေါ်နေသည့်ထုတ်ပြန်ချက်မှာ သတင်းမှားသာ ဖြစ်ပါတယ်

မနေ့ညက လှာကမြင်ရပ်ကွက် ပိန္နဲတောဘုန်းကြီးကျောင်းမုဒ်ဦးအနီးက အိမ်ကနေ အခိုးခံလိုက်ရတဲ့ ကားလေးပါကျေးဇူးပြု၍ဝိုင်းဝန်းကူညီ စ...
30/09/2023

မနေ့ညက လှာကမြင်ရပ်ကွက် ပိန္နဲတောဘုန်းကြီးကျောင်းမုဒ်ဦးအနီးက အိမ်ကနေ အခိုးခံလိုက်ရတဲ့ ကားလေးပါ

ကျေးဇူးပြု၍ဝိုင်းဝန်းကူညီ စုံစမ်းပေးပြီး
နီးစပ်ရာနေရာများတွေ့ရှိခဲ့ရင်အကြောင်းကြားပေးကြပါ

ကားအမျိုးစားToyota wish 2003 ခဲရောင် အဖုံးlogo မရှိနီကယ်အနက်ရောင်တတ်ထားသည်။

တွေ့ရှိပါကဆက်သွယ်ရန်။09790800690

ကားကံစမ်းမဲဖောက်ပေးမယ်ဆိုပြီး ငွေတွေလိမ်ယူနေတဲ့ Three King Auto Carခုတလော Facebook ပေါ်မှာ အတွေ့အများဆုံးကတော့ လိမ်နည်းပ...
27/09/2023

ကားကံစမ်းမဲဖောက်ပေးမယ်ဆိုပြီး ငွေတွေလိမ်ယူနေတဲ့ Three King Auto Car

ခုတလော Facebook ပေါ်မှာ အတွေ့အများဆုံးကတော့ လိမ်နည်းပေါင်းစုံနဲ့ ငွေတွေလိမ်နေတဲ့ page တွေပါပဲ။ တချို့ Page တွေရဲ့ လိမ်ပုံလိမ်နည်းတွေက စနစ်တကျနဲ့ သေချာစွာစီမံထားပြီးမှ လိမ်တာမို့လို့ နောက်ကွယ်မှာ ဂိုဏ်းတွေဘာတွေနဲ့ လိမ်နေတဲ့သူတွေလို့ သုံးသပ်ရပါတယ်။

ကျွန်တော်တို့ အနေနဲ့လည်း သတိပေးလို့ရတာတွေကို သတိပေးထားတာတွေရှိပါတယ်။ ယခုတစ်ခါထပ်မံပြီးတော့ သတိပေးချင်တာကတော့ ကားကံစမ်းမဲဖောက်ပေးမယ်ဆိုပြီး လိမ်နေတဲ့ Three King Auto Car အကြောင်းပါ။

Three King Auto Car ဆိုတဲ့ page ကို 7.Feb.2023 ရက်နေ့မှာ "မဟာဘောဂချေးငွေလုပ်ငန်း" ဆိုတဲ့ နာမည်နဲ့ စတင်ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် 4.Aug.2023 ရက်နေ့မှာမှ Three King Auto Car ဆိုပြီး နာမည်ပြောင်းခဲ့တာပါ။

ခုလောလောဆယ် သူတို့အဓိကလိမ်နေတာကတော့ ကားမဲကိစ္စပါ။ 19.Sep.2023 ရက်နေ့ မှာတင်ထားတဲ့ Post မှာတော့ (၄) ကြိမ်မြောက် ကားကံစမ်းမဲဆိုပြီး Mark X (3J-7323) ဆိုတဲ့ကားကို မဲတစ်စောင်ကို (၇) သောင်းနဲ့ အစောင် (၁၀၀၀) ရောင်းချနေတာကို တွေ့ရပါတယ်။

အဆိုပါ Mark X (3J-7323) ရဲ့ ကားပိုင်ရှင်ကလည်း ကျွန်တော်တို့ဆီကို ဆက်သွယ်လာပြီး လိမ်လည်မဲဖောက်နေတာဖြစ်ကြောင်း အသိပေးဖို့ အကူအညီလာတောင်းထားပါသေးတယ်။

ဒါကြောင့် Three King Auto Car ဆိုတဲ့ page ကနေ ကံစမ်းမဲလက်မှတ်တွေရောင်းပြီး မဲဖောက်ပေးနေတယ်ဆိုတာ အလိမ်အညာသာ ဖြစ်ပါကြောင်း အသိပေးလိုက်ပါရစေ။

" Three King Auto Car ကနေ လက်မှတ်ဝယ်ဖို့ ငွေလွှဲခိုင်းတဲ့ KBZ Pay & Wave Pay ဖုန်းနံပါတ်များ"

KBZ Pay
Phone - 09 663 723 595
Name - Nyi Nyi Myo

Wave Pay
Phone - 09 663 723 595
Name - Zar Chi Aye

“ အပျိုကြီး ထမင်းကြော်ဆိုင် “အရင်ကဆို ညနေပိုင်းကနေ မနက်၂နာရီထိ ဖွင့်ပြီးညဘက် ဗိုက်ဆာတတ်တဲ့ ဇီးကွက်လေးတွေ အားထားခဲ့ရဖူးတဲ...
27/09/2023

“ အပျိုကြီး ထမင်းကြော်ဆိုင် “

အရင်ကဆို ညနေပိုင်းကနေ မနက်၂နာရီထိ ဖွင့်ပြီး
ညဘက် ဗိုက်ဆာတတ်တဲ့ ဇီးကွက်လေးတွေ အားထားခဲ့ရဖူးတဲ့ ထမင်းကြော်ဆိုင်လေးပါ

အခုတော့ ည၁၀နာရီထိသာ ဖွင့်တော့တာပါ

ဆိုင်ရဲ့အားသာချက်က ဆိုင်ရှင်အန်တီအပျိုကြီးရဲ့
အပြောချိုတာလေးပါ🌚

ဆိုင်မှာ ထုတ်ထားတဲ့စည်းကမ်းတစ်ခုကတော့ အရက်ဘီယာကို ဆိုင်ထဲ သောက်ခွင့်မပေးတာပါ

နေရာ -အမှတ်(၂)ရပ်ကွက်ရုံးအနီး ဆွမ်းလောင်းတဲ

Photo Credit- Thirty Diary Page

ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေရှိ တက္ကသိုလ်ပညာရေးဝန်ထမ်းများအတွက်အိမ်ခန်းပေါင်း ၁၆၀ ပါရှိသည့် ဘားအံပညာ့ရိပ်သာ
27/09/2023

ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေရှိ
တက္ကသိုလ်ပညာရေးဝန်ထမ်းများအတွက်
အိမ်ခန်းပေါင်း ၁၆၀ ပါရှိသည့် ဘားအံပညာ့ရိပ်သာ

25/09/2023

ယခုတလော ဘားအံမြို့မှာ မီးပုံမှန် မရရှိသည့်အကြောင်းနှင့် ပတ်သက်ပြီး ရှင်းလင်းချက်

ဒီလမ်းလေးပေါ်မှာ ဆော့ပြေးကစားခဲ့တာတွေမှတ်မိပါတယ် ဦးရေ မှတ်မိပါတယ် အသက်ရေငယ်က ကျွမ်းတဲ့ ငယ်ကျွမ်းဆွေလေးရေ😢( ဘားအံကမ်းနားလ...
25/09/2023

ဒီလမ်းလေးပေါ်မှာ ဆော့ပြေးကစားခဲ့တာတွေ

မှတ်မိပါတယ် ဦးရေ

မှတ်မိပါတယ် အသက်ရေ

ငယ်က ကျွမ်းတဲ့ ငယ်ကျွမ်းဆွေလေးရေ😢

( ဘားအံကမ်းနားလမ်းအဟောင်းက ချစ်သူတွေ ထိုင်နေကြ ထိုင်ခုံပုံလေးကို တွေ့မိပြီး ဦးဦးရဲ့ အတိတ်က ချေ့သူလေးကို သတိရသွားလို့ပါ )

ကမ်းနားလမ်းမှာ အသစ်ဖွင့်လှစ်လိုက်တဲ့သုခငြိမ်းအေးဆေးရုံကြီး၏ ဝန်ဆောင်မှုတစ်ခု
24/09/2023

ကမ်းနားလမ်းမှာ အသစ်ဖွင့်လှစ်လိုက်တဲ့
သုခငြိမ်းအေးဆေးရုံကြီး၏ ဝန်ဆောင်မှုတစ်ခု

ဘားအံမြို့၌ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အား အချိန်မှီဆောင်ရွက်ပေးနေသည့် Myanmar Rescueအသင်း၏ ဘားအံအဝေးပြေးကားဝင်းအ...
24/09/2023

ဘားအံမြို့၌ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အား အချိန်မှီဆောင်ရွက်ပေးနေသည့် Myanmar Rescueအသင်း၏ ဘားအံအဝေးပြေးကားဝင်းအနီးရှိ လက်ရှိရုံးဖွင့်လှစ်ထားသောနေရာအား လာမည့်တန်ခူးလတွင် မြေပိုင်ရှင်မှ အိမ်သစ်ဆောက်လုပ်မည်ဖြစ်ပါ၍ တန်ခူးလမတိုင်မှီ သုစိတတ္တာရာမကျောင်းအနီးရှိ အဆောက်အဦးနေရာအသစ်သို့ ပြောင်းရွှေ့နိုင်ရန် မြေရှင်းခြင်း မြေဖို့ခြင်းလုပ်ငန်းများအားဆောင်ရွက်လျှက်ရှိရာ မြေကားတစ်စီးကို၂သောင်းကျပ်ဖြင့် မြေကားအစီးရေ၅၀ခန့် ဖို့ရမည်ဖြစ်ပါသည်

သို့ပါ၍ မြေဖို့ခြင်လုပ်ငန်း အမြန်ပြီးစီးနိုင်ရန် မြေကားတစ်စီးလျှင် ၂သောင်းကျပ်နှုံးဖြင့် ပါဝင်လှူဒါန်ပေးနိုင်ကြပါရန် နှိုးဆော်အပ်ပါသည်။

လှူဒါန်လိုသူများဆက်သွယ်ရန်
အရှင်သုစိတ္တသုစိတ္တာရာမကျောင်း
09777777263
ဦးအောင်မြင့်(ဘားအံအသင်း ဥက္ကဌ)
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေအဖွဲ့
09795303011 KBZ pay ပေးရှိပါသည်။
09694455441ရုံးဖုန်း

ကလေးမလေးတစ်ယောက်အိမ်မပြန်တတ်ဘဲ ဘားအံမြို့၊ အမှတ်( ၁)အဆင့်မြင့်စံပြဈေးထဲတစ်ဦးတည်းလျှောက်သွားနေပြီးဈေးတွင်းမှ ဆိုင်ကယ်အပ်...
23/09/2023

ကလေးမလေးတစ်ယောက်အိမ်မပြန်တတ်ဘဲ ဘားအံမြို့၊ အမှတ်( ၁)အဆင့်မြင့်စံပြဈေးထဲတစ်ဦးတည်းလျှောက်သွားနေပြီးဈေးတွင်းမှ ဆိုင်ကယ်အပ်နှံသည့်ဘေးတွင်မတ်တပ်ရပ်နေပြီး ဆိုင်ကယ်အပ်နှံသည့်နေရာမှဝန်ထမ်းကောင်လေးအား စကောကရင်ဘာသာဖြင့်ပြောနေ၍ နားမလည်သဖြင့် စကောကရင်ဘာသာစကားနားလည်သူတစ်ဦးအားအကူအညီတောင်း မေးမြန်းရာ
အမည် - နော်မူးညော
အသက် - ၁၇ နှစ်
မိဘအမည် - ဦးဖဆေးကလိုး+ ဒေါ်နော်မူးမူး
လိပ်စာ - လုံကျေးရွာ၊ ကမာ့မောင်းမြို့နယ်
ဟု ဖြေပါသည်။ ၎င်းပြောပြသော ကျေးရွာအားဆက်စပ်မေးမြန်းရာ ( လုံကျေးရွာ) မည်သူမှမသိရှိ၍ သိရှိသူများကူညီဆက်သွယ်ပေးကြပါ

ဘားအံမြို့မှ မနီးမဝေးတွင် ရှိသည့် မြိုင်ကြီးငူရွာလေးမြိုင်ကြီးငူအထူးဒေသရှိ မြိုင်ကြီးငူရွာ နှင့် ကျုံထော်ရေတံခွန်သို့ ထိ...
21/09/2023

ဘားအံမြို့မှ မနီးမဝေးတွင် ရှိသည့် မြိုင်ကြီးငူရွာလေး

မြိုင်ကြီးငူအထူးဒေသရှိ မြိုင်ကြီးငူရွာ နှင့် ကျုံထော်ရေတံခွန်သို့ ထိုင်း မြန်မာနယ်စပ်ရှိ မဲသဝေါရွာမှတဆင့်
လာရောက်လည်ပတ်ခဲ့သည့် ထိုင်းခရီးသွားဧည့်သည်များမှ
မှတ်တမ်းတင်ရိုက်ကူးခဲ့သည့် ကရင်ဒေသအလှပုံရိပ်များပါ

မြိုင်ကြီးငူအထူးဒေသသည် ဘားအံမြို့မှ ၁နာရီခွဲခန့်ကားခရီးဖြင့် သွားရပြီး သာယာလှပသည့်နေရာလေးလဲဖြစ်ပါသည်

အဆိုပါ မြိုင်ကြီးငူအထူးဒေသလေးမှာ KNU တပ်မဟာ(၇)နယ်မြေ ဘားအံခရိုင်၌ တည်ရှိပေမဲ့ ကရင်နယ်ခြားစောင့်တပ်BGFထိန်းချုပ်ထားရာ ဒေသတစ်ခုလဲဖြစ်ကာ ယခုကာလ၌ တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ အေးချမ်းနေသည့်ဒေသတစ်ခုလဲ ဖြစ်ပါသည်

Photo Credit-ထိုင်းခရီးသွား

ယနေ့ နံနက် ၁နာရီခွဲ အချိန်၌  ဘားအံမြို့အမှတ် ( ၉ ) ရပ်ကွက် မေတ္တာလမ်း ဘားအံတက္ကသိုလ် ကျောင်းအနောက်ဘက်လမ်း၌ ကားတစ်စီး မတေ...
21/09/2023

ယနေ့ နံနက် ၁နာရီခွဲ အချိန်၌ ဘားအံမြို့အမှတ် ( ၉ ) ရပ်ကွက် မေတ္တာလမ်း ဘားအံတက္ကသိုလ် ကျောင်း
အနောက်ဘက်လမ်း၌ ကားတစ်စီး မတော်
တဆ တိမ်းမှောက်၍ ကားအတွင်းလူနာများ
ညှပ်နေကြောင်းသတင်းရရှိ၍ Myanmar Rescue Organization - Hpa An ၏ အရေးပေါ်
ကယ်ဆယ်ရေးအဖွဲ့နှင့် ရှာဖွေကယ်ဆယ်ရေး
အဖွဲ့မှ ထွက်ခွာ၍ ဖြစ်စဥ်နေရာတွင် ကားအတွင်း
ညှပ်နေသောလူနာ ကျား (၂)ဦးအား ကယ်ဆယ်
ခြင်းနှင့် အပြင်ထွက်နေသောလူနာကျား (၁)ဦး
မ (၁) ဦးအား ဒဏ်ရာများပြုစုပေးခြင်းအား
တစ်ပြိုင်နက်တည်း ဆောင်ရွက်၍ စုစုပေါင်း
လူနာ (၄) ဥဦးအား လူနာတင်ယာဥ် နှစ်စီးဖြင့် တောင်က​လေးစစ်ဆေးရုံသို့ ဆက်လက် ပို့ဆောင်ခဲ့ပါသည်။

မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ကရင်ပြည်နယ်
#09694455441

ဘားအံက ဓာတ်ပုံဆရာများ စုစည်းမှု
20/09/2023

ဘားအံက ဓာတ်ပုံဆရာများ စုစည်းမှု

သက်မှတ်ဖောင်းကြွနံပါတ်ပြား မတပ်ဆင်ပဲ မောင်းနှင်လျက်ရှိသော ကားများကို ဖမ်းစီးလျက်ရှိဆဲဘားအံမြို့ပေါ်မှာ သက်မှတ်ဖောင်းကြွမ...
19/09/2023

သက်မှတ်ဖောင်းကြွနံပါတ်ပြား မတပ်ဆင်ပဲ မောင်းနှင်လျက်ရှိသော ကားများကို ဖမ်းစီးလျက်ရှိဆဲ

ဘားအံမြို့ပေါ်မှာ သက်မှတ်ဖောင်းကြွမတပ်ဆင်သောကားများကို အလျင်းသင့်သလို စီစစ် ဖမ်းစီးသိမ်းစည်းလျက်ရှိဆဲ ဖြစ်ပါသည်။ဒါကြောင့် မစီစစ်လောက်ပါဘူးဆိုပြီး ပေါ့လျော့မှူက မိမိခရီးနှောင်နှေးသွားသလို မိမိကားပါ ဆုံးရှုံးမှူကိုပါ ကြုံတွေ့နိုင်ပါသည်။ထိုအတွက်ကြောင့် နီးစပ်ရာ ကားဝယ်ရောင်းသူများကို မေးမြန်လျင်သော်၎င်း၊ ကားအလှဆင်ဆိုင်များတွင်သော်၎င်း ၊ Online ပေါ်ရှိ ဘားအံ၊မြဝတီမြို့တွင် ရောင်းသော သူများကို မေးမြန်းပြီး ဝယ်ယူတပ်ဆင်စေခြင်းဖြင့် မိမိကားကို စိတ်အေးလက်အေး မောင်းနှင်လို့ရအောင် ပြုလုပ်ထားစေလိုပါကြောင်း အကြံပြုအပ်ပါသည် ခင်ဗျာ။ရွာဘက်မှ အသိမိတ်ဆွေများလဲ မြို့ပေါ်လာလျင် ထိုအတိုင်းတပ်ဆင်လာကြဖို့ လက်ဆင့်ကမ်း ပြောကြားစေလိုပါတယ် ခင်ဗျာ။

ကရင်ပြည်နယ်အတွင်းရှိ ဂူကြီး(၁၀)ဂူ အကြောင်းကိုတစ်ပုံချင်းထောက်၍စာဖတ်ရှု့နိုင်ပါသည်။ ❣️၁။ ဘုရင့်ညီဂူ 🍃၂။ ရသေ့ပျံဂူ 📖၃။ ကော...
16/09/2023

ကရင်ပြည်နယ်အတွင်းရှိ ဂူကြီး(၁၀)ဂူ အကြောင်းကို
တစ်ပုံချင်းထောက်၍စာဖတ်ရှု့နိုင်ပါသည်။ ❣️

၁။ ဘုရင့်ညီဂူ 🍃
၂။ ရသေ့ပျံဂူ 📖
၃။ ကော့ဂွန်းဂူ 🍃
၄။ ဆဒ္ဒန်ဂူ 📖
၅။ ဝဲပျံဂူ 🍃
၆။ လှိုဏ်ကော့ဖျားဂူ 📖
၇။ ကော့ကသောင်ဂူ 🍃
၈။ ပဒုံဂူ 📖
၉။ လင်းနို့ဂူ 🍃
၁၀။သာယာရွှေဂူ 📖

✍📖
📖
🌸

ဘန်ကောက်ရှိဈေးဝယ်စင်တာကို ရဲတပ်ဖွဲ့ဝင်စီး၊ မြန်မာ ၁၈ ဦးအဖမ်းခံရ  --------------------------------------------------ထိုင်...
14/09/2023

ဘန်ကောက်ရှိဈေးဝယ်စင်တာကို ရဲတပ်ဖွဲ့ဝင်စီး၊ မြန်မာ ၁၈ ဦးအဖမ်းခံရ
--------------------------------------------------
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီးနောက် မြန်မာနိုင်ငံသား ၁၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီ ထိုင်းသတင်းဌာန Khaosod က ယနေ့ (စက်တင်ဘာ ၁၄) နံနက်ပိုင်းတွင် ရေးသားသည်။

ထိုင်းနိုင်ငံတွင်းသို့ တရားမဝင်ဝင်ရောက်သူများနှင့် တရားမဝင် အလုပ်လုပ်နေသူများကို ရှာဖွေဖမ်း ဆီးရန် ရဲတပ်ဖွဲ့က ယမန်နေ့တွင် ဘန်ကောက်မြို့ရှိ ပတ်သူဝမ်ရပ်ကွက်ကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ရဲတပ်ဖွဲ့ဝင်ရောက်စီးနင်းစဉ် အချင်းချင်းတပ်လှန့်သတိပေးရင်း လွတ်မြောက်သွားသူများ ရှိသည်ဟု ဆိုသည်။ ပတ်သူဝမ်ရပ်ကွက်တွင် ဈေးဝယ်စင်တာအများအပြားရှိ ဘန်ကောက်မြို့၏ အဓိကအ ချက်အခြာနေရာတစ်ခုလည်းဖြစ်သည်။

ဖမ်းဆီးခံရသူများအနေဖြင့် ထိုင်းဘတ်ငွေ ၅၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ကြေးဆောင်ရနိုင်ခြေရှိပြီး အလုပ်ရှင်သည် ဒဏ်ကြေးဘတ်တစ်သိန်းအထိ ပြစ်ဒဏ်ချခံရနိုင်သည်ဟု Khaosod သတင်းက ဆိုသည်။

ဓာတ်ပုံများ - Khaosod

သူခိုးတွေ အရမ်းသောင်းကြမ်းလွန်းတဲ့ ခေတ်မှာမိမိဆိုင်ကယ်ကို မဆုံးရှုံးရအောင် အလွယ်တကူခတ်လို့ရတဲ့ Alarm 🚨စနစ်ပါတဲ့ Disc Loc...
14/09/2023

သူခိုးတွေ အရမ်းသောင်းကြမ်းလွန်းတဲ့ ခေတ်မှာ

မိမိဆိုင်ကယ်ကို မဆုံးရှုံးရအောင် အလွယ်တကူ

ခတ်လို့ရတဲ့ Alarm 🚨စနစ်ပါတဲ့ Disc Lockတွေရောက်

အသုံးပြုပုံရိုးရှင်းလွယ်ကူပြီး အသုံးတည့်လွန်းတဲ့ကောင်

အချက်ပေးသံကလည်း အကျယ်ကြီးမို့

လုံး၀ အမိုက်စားကြီးပါဗျို့...

ပစ္စည်းအရေအတွက် အနည်းငယ်သာ ရောက်ရှိတာမို့

လိုအပ်ရင်တော့ Hello လိုက်ပါ

☎️09765660138
📱09666655544

Myint Kyaw Tun Key Service- 2
အမှတ်(၉)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီး၊ ရေကျော်ရပ်
ကား၀င်းအထွက်ပေါက် အနီး

Key Service is Always with You

နှစ်စဉ် ကရင်ပြည်နယ်ပွဲ ကျင်းပရာ သီရိကွင်းရှိ ကရင်နှစ်သစ်ကူး ဒုံးစင်အား အဆင့်မြှင့်တင်ပြီး ပြုပြင်နေတာကို ယနေ့ တွေ့ရတာဖြစ...
14/09/2023

နှစ်စဉ် ကရင်ပြည်နယ်ပွဲ ကျင်းပရာ သီရိကွင်းရှိ
ကရင်နှစ်သစ်ကူး ဒုံးစင်အား အဆင့်မြှင့်တင်ပြီး ပြုပြင်နေတာကို ယနေ့ တွေ့ရတာဖြစ်ပါတယ်

အဆိုပါ ဒုံးစင်ဟာ ယခင်က အမိုးအကာမရှိပဲ စင်သက်သက်သာ ဖြစ်နေခဲ့ရာမှ ယခုအခါ အမိုးအကာနဲ့ မိုးလုံလေလုံ အခိုင်အခံ့ဖြစ်အောင် ပြုပြင်နေတာလို့ သိရပါတယ်

ဘားအံဒေသခံများအနေနဲ့ အဆိုပါဒုံးစင်အား နတ်ကြီးသည်ဟု အသိအမှတ်ပြုကြပြီး ပွဲတော်နေ့များ၌ ရိုးရာယဉ်ကျေးမှုဖြစ်သည့် ကရင်ဒုံးအကပြိုင်ပွဲသာ ကျင်းပခဲ့ကြတာပါ

လာမည့်ကရင်ပြည်နယ်နေ့မှာတော့ အသစ်ပြန်လည်မွမ်းမံထားသည့် ဒုံးစင်အသစ်ကြီးအား မြင်တွေ့ရဖွယ်ရှိနိုင်ပါသည်

ယနေ့မနက်7:15amခန့်တွင် သထုံ-ဘားအံလမ်းမကြီးပေါ် အထက်ကော့ရင်းကျေးရွာဆန်းထူး ကုမ္ပဏီ ကွေ့၌ရန်ကုန်-မြဝတီ  မှန်လုံယာဥ်ငယ်မှာအ...
13/09/2023

ယနေ့မနက်7:15amခန့်တွင် သထုံ-ဘားအံလမ်းမကြီးပေါ် အထက်ကော့ရင်းကျေးရွာ
ဆန်းထူး ကုမ္ပဏီ ကွေ့၌ရန်ကုန်-မြဝတီ မှန်လုံယာဥ်ငယ်မှာ

အရှိန်လွန်ပီး ရေမြောင်းအတွင်းသို့
တိမ်းမှောက်သွားခဲ့ပီး

ယာဥ်ပေါ်ပါ(5)ဦးအနက်မှ

လက်ပံတန်းမြို့ ခမုန်းနေ

အမျိုးသားအသက်(52)ခန့်
ခရီးသည်တဦးသေဆုံးခဲ့ပီး

အဆိုပါ DBအား ရင်ခွဲစစ်ဆေး အတည်ပြုနိုင်ရေးအတွက်

ဘားအံပြည်သူ့ဆေးရုံကြီး သို့

ပေးဆပ်သူ(Rescue) အဖွဲ့မှ
ကူညီပို့ဆောင်ပေးခဲ့ပါသည်။

Credit-Nay Lin Aung

ချစ်သူလမ်းကြား ရေပြန်တက်နေပါပြီးအနိမ့်ကားနှင့် ဆိုင်ကယ်များ မသွားစေချင်ပါ
12/09/2023

ချစ်သူလမ်းကြား ရေပြန်တက်နေပါပြီး

အနိမ့်ကားနှင့် ဆိုင်ကယ်များ မသွားစေချင်ပါ

10/09/2023

ကရင်ပြည်နယ်တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး လေပြင်းတိုက်ခတ်နိုင်

မိုးကြီးမည့်သတိပေးချက်
=====================================================
ယနေ့မြန်မာစံတော်ချိန်(၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ (၁၁.၉.၂၀၂၃)ရက်နေ့မှ (၁၅.၉.၂၀၂၃)ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း ကရင်ပြည်နယ်တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

အကြံပြုချက်

သို့ဖြစ်ပါ၍ မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်တို့ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင် သတိပြုနိုင်ပါရန်နှင့် အသိပေးနှိုးဆော်အပ်ပါသည်။

Crd မိုးဇလ

ဘားအံမြို့သူ မြို့သားတွေရဲ့ အပန်းဖြေရာနေရာလေးတစ်ခုဖြစ်တဲ့  #ကန်သာယာကန်တော်ကြီး ဟာ ဖွံ့ဖြိုးတိုးတက်မှုလေးတွေနဲ့အတူ လည်ပတ်...
10/09/2023

ဘားအံမြို့သူ မြို့သားတွေရဲ့ အပန်းဖြေရာနေရာလေးတစ်ခုဖြစ်တဲ့ #ကန်သာယာကန်တော်ကြီး ဟာ ဖွံ့ဖြိုးတိုးတက်မှုလေးတွေနဲ့အတူ လည်ပတ်စရာနေရာလေးတစ်ခုဖြစ်လာတာကို တွေ့ရပါတယ်

မနက်ခင်းပိုင်းမှာ ကျန်းမာရေးအရ လမ်းလျှောက်လေ့ကျင့်ခန်းလာလုပ်ကြသူ သက်ကြီးပိုင်းတချို့ကိုလဲ တွေ့ရမှာဖြစ်သလို ညနေခင်းပိုင်းမှာတော့ လူလတ်ပိုင်း လူငယ်ပိုင်းတွေ လာရောက်လည်ပတ်ကြတာကိုလဲ တွေ့နိုင်ပါတယ်

ကား ယာဉ်ရပ်နားရန်နေရာကိုတော့ ဆေးရုံအနောက်လမ်း၌ သတ်မှတ်ပေးထားပါတယ်

ချစ်သူလမ်းကြားဘက်မှလဲ ကွန်ကရစ်ခင်းပြီး ဆိုင်ကယ်လမ်းလေး လုပ်ထားပေးတာကြောင့် အနားယူရန်နေရာထိ ဆိုင်ကယ်နဲ့ဝင်လာလို့ပါတယ်

Address


Website

Alerts

Be the first to know and let us send you an email when U U Hpa-an Thar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share