Knowledgeableness

  • Home
  • Knowledgeableness

Knowledgeableness REMEMBER! THE STRUGGLE YOU ARE IN TODAY IS DEVELOPING YOUR STRENGTH FOR TOMORROW.

ဖက်ဒရယ်အကြောင်း =================Website Link 🖇️ မှာ စုံစုံလင်လင် ဝင်ဖတ်နိုင်ပါတယ်။စာရဲ့နောက်ဆုံးမှာ ထည့်ထားပါတယ်။
08/11/2021

ဖက်ဒရယ်အကြောင်း
=================
Website Link 🖇️ မှာ စုံစုံလင်လင် ဝင်ဖတ်နိုင်ပါတယ်။
စာရဲ့နောက်ဆုံးမှာ ထည့်ထားပါတယ်။

05/10/2021

CRPH , NUG တို့၏ သတင်းအချက်အလက်ဆိုင်ရာ တရားဝင်စာမျက်နှာများ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ဝန်ကြီးဌာနများ နှှင့် ဆက်စပ်ဌာနများ ၊ CRPH နှင့် NUG တို့နှင့် သက်ဆိုင်သော သတင်းအချက်အလက်ထုတ်ပြန်ရေး Channel များဖြစ်သည့် Radio NUG နှင့် Public Voice Television(PVTV) တို့၏ လက်ရှိအသုံးပြုနေသော တရားဝင် Website, YouTube , Telegram နှင့် Facebook စာမျက်နှာများဖြစ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
(Committee Representation Pyidaungsu Hluttaw - CRPH)
https://crphmyanmar.org
https://www.facebook.com/crph.official.mm
t.me/crphmyanmar
https://www.facebook.com/crph.cdm.support
https://www.facebook.com/crph.ofp.official

အမျိုးသားညီညွတ်ရေးအစိုးရ
(National Unity Government - NUG)
https://nugmyanmar.org
https://gov.nugmyanmar.org
https://www.facebook.com/NUGmyanmar
t.me/nugmyanmar

နိုင်ငံခြားရေးဝန်ကြီးဌာန
(Ministry of Foreign Affairs - MOFA)
https://mofa.nugmyanmar.org
https://www.facebook.com/mofaNUG
https://www.facebook.com/NUGRepresentativeUK (United Kingdom)
https://www.facebook.com/NUGRepresentativeofficeofficial (Czech Republic)
https://www.facebook.com/NUGRepresentativeforKorea (South Korea)
https://www.facebook.com/NUGrepresentativeAU (Australia)

ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
(Ministry of Home Affairs and Immigration - MOHAI)
https://mohai.nugmyanmar.org
https://www.facebook.com/mohaimyanmar
https://www.facebook.com/PCDMchannel

ကာကွယ်ရေး ဝန်ကြီးဌာန
(Ministry of Defence - MOD)
https://mod.nugmyanmar.org
https://www.facebook.com/modNUG
https://www.facebook.com/PeoplesEmbrace

ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန
(Ministry of Federal Union Affairs - MOFUA)
https://mofua.nugmyanmar.org
https://www.facebook.com/mofuanug

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန
(Ministry of Planning, Finance and Investment - MOPFI)
https://mopfi.nugmyanmar.org/
https://www.facebook.com/MoPFINUG
https://www.facebook.com/nuglottery

လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန
(Ministry of Humanitarian Assistence and Disaster Management - MOHADM)
https://mohadm.nugmyanmar.org
https://www.facebook.com/mohadmNUG
https://www.facebook.com/MindHealersMM

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန
(Ministry of International Cooperation - MOIC)
https://moic.nugmyanmar.org
https://www.facebook.com/MOICMyanmar

ကျန်းမာရေးဝန်ကြီးဌာန
(Ministry of Health - MOH)
https://moh.nugmyanmar.org
https://www.facebook.com/MoHNUGMyanmar
https://www.facebook.com/nhcmm
https://www.facebook.com/telehealthmm

ပညာရေးဝန်ကြီးဌာန
(Ministry of Education - MOE)
https://moe.nugmyanmar.org
https://www.facebook.com/moeNUGMyanmar

သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
(Ministry of Natural Resources and Environmental Conservation - MONREC)
https://monrec.nugmyanmar.org
https://www.facebook.com/MONRECNUGMyanmar

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
(Ministry of Human Right - MOHR)
https://mohr.nugmyanmar.org/
https://www.facebook.com/mohrmyanmar

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန
(Ministry of Women, Youths and Children Affairs - MOWYCA)
https://mowyca.nugmyanmar.org
https://www.facebook.com/mowyca

အလုပ်သမားဝန်ကြီးဌာန
(Ministry of Labour - MOL)
https://mol.nugmyanmar.org
https://www.facebook.com/MoLNUGMyanmar

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန
(Ministry of Communication, Information and Technology - MOCIT)
https://mocit.nugmyanmar.org
https://www.facebook.com/MoCITNUGMyanmar
https://unitedxyz.com/

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန
(Ministry of Electricity and Energy - MOEE)
https://moee.nugmyanmar.org
https://www.facebook.com/Ministry-of-Electricity-and-Energy-103729738673141
https://www.facebook.com/SayNoToMeterBill/

တရားရေးဝန်ကြီးဌာန
(Ministry of Justice - MOJ)
https://www.facebook.com/MoJNUG

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
(Ministry of Commerce - MOC)
https://www.facebook.com/mocNUGMyan

Public Voice Television (PVTV)
https://www.facebook.com/pvtvmyanmar
https://www.youtube.com/c/pvtvmyanmar
t.me/pvtvmyanmar
Broadcast in Mizzima and DVB TV Channels

Radio NUG
https://www.facebook.com/radionug
https://www.youtube.com/c/RadioNUGMyanmar
Everydays on Air
8AM LIVE @ SW 16 Meter Band, 17.71 MHz
8PM LIVE @ SW 25 Meter Band, 12 MHz

Radio 📻 N.U.G တိုးချဲ့ ထုတ်လွှင့်
04/10/2021

Radio 📻 N.U.G

တိုးချဲ့ ထုတ်လွှင့်

ဖက်ဒရယ်စာစောင် အတွဲ(၁)၊ အမှတ်(၄)
28/09/2021

ဖက်ဒရယ်စာစောင် အတွဲ(၁)၊ အမှတ်(၄)

ဖက်ဒရယ်စာစောင် အတွဲ(၁)၊ အမှတ်(၃)
28/09/2021

ဖက်ဒရယ်စာစောင် အတွဲ(၁)၊ အမှတ်(၃)

Like & Share 🎁
19/09/2021

Like & Share 🎁

“ငါတို့အနိုင်ရတဲ့အခါ နောက်တစ်ကြိမ် ငါတို့ရှုံးနိုင်တယ်ဆိုတာ သတိရရမယ်။ ငါတို့ရှုံးသွားတဲ့အခါ နောက်တစ်ကြိမ် ငါတို့အနိုင်ရနိုင်တယ်ဆိုတာကို သတိရရမယ်။”

IELTS အကြောင်း သိထားတာရှိလား ခဏလေး လေ့လာကြည့်ကြမယ်နော်
14/09/2021

IELTS အကြောင်း သိထားတာရှိလား

ခဏလေး လေ့လာကြည့်ကြမယ်နော်

10/09/2021
လက်နက်ကိုင်မှ PDF လို့ ခေါ်တာမဟုတ်ဘူး~~~~စခ အင်အား၊ လမ်းကြောင်း ကို သတင်းပေးတဲ့အမှိုက်သိမ်းတဲ့ သူလဲ PDF ခေါ်တယ်------ခလေ...
07/09/2021

လက်နက်ကိုင်မှ PDF လို့ ခေါ်တာမဟုတ်ဘူး
~~~~
စခ အင်အား၊ လမ်းကြောင်း ကို သတင်းပေးတဲ့
အမှိုက်သိမ်းတဲ့ သူလဲ PDF ခေါ်တယ်
------
ခလေးတွေ လမ်းကြုံစားသွားပါလို့ အော်ပြောတဲ့ မုန့်ဟင်းခါးသည် အဒေါ်ကြီးကိုလဲ PDF ခေါ်တာနော်
------
လက်နက်ကိုင် PDF တွေ ဘန်ကာဆောက်ဖို့ ငါ့ဆီက အုတ်ခဲကျိုးတွေ ယူသွားပါ၊ တွန်းလှည်း လဲယူသွားပါ လို့ ပြောတဲ့ ဆောက်လုပ်ဆဲတိုက်က အစောင့်လဲ PDF ပဲ
------
ဒကာလေးတွေ ဒီမှာပုန်း၊ စိတ်ချရတယ် လို့ မိန့်ပြီး
စခ တွေလာရင် ဒကာကြီးတို့ ရှာတဲ့သူ ဒီကျောင်းမှာ
မရှိဘူးဟု သီလအကျိုးခံပြီး လိမ်ညာပေးတဲ့ ဘုန်းဘုန်းကလဲ PDF ပဲနော်
------
ညီလေး၊ အကို မီးစက်မောင်းပေးမယ်၊ ICON စကားပြောစက် အားသွင်း ဆိုပြီး မီးစက်မောင်းပေးတဲ့
ဘယ်ကမှန်း မသိတဲ့ ဦးလေးကြီးကလဲ PDF ဆိုတာ
ဗေဒင်မမေးနဲ့
------
မောင်လေး၊ ဒဏ်ရာ ရတဲ့သူကို အိမ်မှာထားလို့ရတယ်၊ အမတို့ ဆေးကုပေးမယ် ဆိုတဲ့ ဘယ်ကမှန်းမသိတဲ့ မမ ကလဲ PDF ပဲနော်
------
PDF တွေ တွေ့မိလား၊ ဘယ်ဘက်ပြေးလဲ လို့ စခ တွေ မေးတော့ လမ်းလွှဲပြီး ဟိုဘက်ကိုပြေးတာ တွေ့တယ်လို့
ပြောတဲ့ စုတ်ပြတ်တဲ့ အဝတ်အစားနဲ့ အိမ်ယာမဲ့ လို့
လမ်းဘေးမှာ တောင်းစားနေရတဲ့ အဘိုးကြီးက လဲ
PDF နော်
------
သားတို့ အေးတယ်၊ စောင်ယူသွားကြ ဆိုပြီး
စောင်ကိုင်ပြီး ချိုင်းထောင့်နဲ့ ထွက်လာတဲ့
အဘွားကြီးကလဲ PDF
------
"သားတို့ ရေမိုးချိုး၊ ထမင်းစားသွား၊ အဘအိမ်မှာရှိတဲ့ သားတို့ လိုအပ်တာ အကုန်ယူသွား၊ အားမနာနဲ့" ဆိုပြီး
အိမ်ရှေ့ထွက်လာပြောတဲ့ မုတ်ဆိပ်နဲ့ မာမူကြီးကလဲ
PDF ပဲနော်
------
"ညီလေးတို့၊ လိုရင် ကားယူသွား၊ ဆီအပြည့်
ထည့်ထားတယ်" ဆိုတဲ့ ဘောစိ အကိုကြီးကလဲ PDF
------
လက်နက်ကိုင် PDF လာရာ လမ်းတလျောက် "အကိုတို့၊ စခ ဆီကလက်နက် အပိုလေးရရင် ပြစ်နည်းပြော ပြီး
ကျွန်တော့ကို ပေးပါ၊ အကိုတို့ တော်လှန်ရေး ထဲဝင်ပါမယ်"
ဆိုပြီး ဝင်ရောက်လာတဲ့ ထောင်ပေါင်းမျာစွာသော လယ်သမား၊ ယာသမား၊ အရက်သမား၊ ကအစ ဈေးသည်၊ ကွမ်းယာသည် အဆုံး အားလုံးဟာ PDF ပဲ
------
"PDF လာလို့ကတော့ ဆိုင်ပြုတ်ရင် ပြုတ်မစေ၊
ငါ့ကွမ်းယာဆိုင် ပါ ပေးလိုက်မယ်၊ ကြိုက်သလောက်
ယာစားကြစမ်း"
"လွတ်လပ်ရေး နဲ့ ကွမ်းယာ ရွေး ဆိုရင် လွတ်လပ်ရေး
ရွေးပြီး ကွမ်းပါဖြတ်လိုက်မယ်"ဟုပြောတဲ့ တသက်လုံး
ကွမ်းယာစားလို့ သွားဂျိုးအပြည့် နဲ့ အန်ကယ်ကြီးကလဲ
ကျရာနေရာက ကူဖို့ အဆင်သင့်ဖြစ်နေလို့ PDF ပဲနော်
------
"အိမ်ကိုတောင် အသိမပေးဘဲ သူ့သဘောနဲ့သူ လက်နက်ကိုင် PDF နဲ့အတူ လိုက်သွားတဲ့ ငါ့သားလေး နဲ့
PDF များ ဘေးမသီ၊ ရန်မခ ပါစေနဲ့" ဆိုပြီး အိမ်မှာ
ပုတီးစိတ်၊ မေတ္တာပို့၊ သစ္စာဆိုပေး နေတဲ့ အမေပေါင်း
များစွာလဲ PDF ပဲနော်
------
"ပိုက်ဆံက နောက်ရှာလို့ရတယ်၊ တတိုင်းပြည်လုံး
စစ်အာဏာရှင်ကို တော်လှန်နေတာ၊ ဒီအတိုင်း မျက်နှာလွှဲ
ခဲပြစ် မလုပ်နိုင်ဘူး၊ ထမင်းဆီဆန်းပဲ စားရ၊ စားရ၊ CDM လုပ်ပြီး တော်လှန်မယ်" ဆိုတဲ့ အလွှာပေါင်းစုံ၊ ရာထူးပေါင်းစုံ၊ အတတ်ပညာရှင် ၊ အသိပညာရှင် ပေါင်းစုံ ကလဲ PDF ပဲ
------
အာဏာရှင်ကို ရတဲ့နည်းလမ်း ပေါင်းစုံနဲ့
တော်လှန်နေသူတွေ၊ လက်နက်ကိုင် PDF တွေကို
ထောက်ပံ့ ကူညီသူ အားလုံးဟာ PDF တွေဘဲ
~~~~
ဒီနွေဦးတော်လှန်ရေးဟာ
အလွှာပေါင်းစုံ
လူမျိုးပေါင်းစုံ
ကျောင်းသူ၊ကျောင်းသား များ
တက္ကသိုလ်ပေါင်းစုံက ကျောင်းသားများ
အလုပ်သမား၊ လယ်သမား
ဝန်ထမ်းပေါင်းစုံ
အတတ် ပညာရှင်များစွာ

PDF ဖြစ်နေမှတော့

ဒီ နွေဦးတော်လှန်ရေး မနိုင်စရာ အကြောင်းကိုမရှိဘူး

.     “LANGUAGE”★>>>Burmese
06/09/2021

. “LANGUAGE”
★>>>Burmese

CR7 Guinness World Records ★★★★★★★Cristiano Ronaldo (Portugal)~~~~~~~~~
06/09/2021

CR7

Guinness World Records
★★★★★★★
Cristiano Ronaldo (Portugal)
~~~~~~~~~

မြန်မာနိုင်ငံဟာ အာဆီယံဒေသအတွင်း ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ဆေး အစောဆုံးထိုးနှံနိုင်ခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ပေမယ့် အခု...
06/09/2021

မြန်မာနိုင်ငံဟာ အာဆီယံဒေသအတွင်း ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ဆေး အစောဆုံးထိုးနှံနိုင်ခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အာဆီယံ ၁၀ နိုင်ငံမှကာကွယ်ဆေးထိုးပြီးသူ ရာခိုင်နှုန်းမှာတော့ အနည်းဆုံးဖြစ်နေတာကို Vaccine Tracker အချက်အလက်တွေအရ တွေ့ရှိရပါတယ်။
ဇန်နဝါရီ ၂၇ ရက်မှာ ကာကွယ်ဆေးထိုးနှံခြင်းကို အိန္ဒိယနိုင်ငံထုတ် Covishield နဲ့ စတင်ခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ နှောင့်နှေးရပ်တန့်ခဲ့ရပြီး လက်ရှိမှာ တရုတ်နိုင်ငံထုတ် Sinopharm, နှင့် Sinovac ကာကွယ်ဆေးများ၊ ရုရှနိုင်ငံမှ Sputnik ဆေးများနဲ့သာ ထိုးနှံပေးနေရတဲ့အပြင် ကာကွယ်ဆေး နှစ်ကြိမ် အပြည့် ထိုးပြီးသူ ဦးရေမှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၃.၈ ရာခိုင်နှုန်းခန့်သာ ရှိနေပါသေးတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်နိုင်တင်း ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၂,၁၀၄,၉၃၄) ဦးနဲ့ ပထမအကြိမ်ထိုးနှံပြီးစီးသူ (၂,၆၆၂,၃၆၄) ဦး၊ စုစုပေါင်း (၄,၇၆၇,၂၉၈) ဦးရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Credit # DVB

စစ်ကောင်စီ အာဏာသိမ်းပြီး ၆လ အကြာတွင် ကမ္ဘာ့ငွေကြေးအဖောင်းပွဆုံး ၁၀နိုင်ငံ စာရင်းထဲ မြန်မာရောက်ရှိသွား 💸💸💸💸💸စက်တင်ဘာ ၅ပြည...
06/09/2021

စစ်ကောင်စီ အာဏာသိမ်းပြီး ၆လ အကြာတွင် ကမ္ဘာ့ငွေကြေးအဖောင်းပွဆုံး ၁၀နိုင်ငံ စာရင်းထဲ မြန်မာရောက်ရှိသွား 💸💸💸💸💸
စက်တင်ဘာ ၅

ပြည်သူရွေးချယ်ထားသည့် အစိုးရကို ဖမ်းဆီကာ စစ်တပ်က အာဏာသိမ်းပြီး ၆လအကြာတွင် မြန်မာနိုင်ငံ၏ ငွေကြေးတန်ဖိုး ဇောက်ထိုးကျဆင်းကာ ကမ္ဘာ့ပေါ်တွင် ငွေကြေးဖောင်းပွမှုအများဆုံး ၁၀နိုင်ငံ စာရင်းသို့ ဝင်ရောက်သွားသည်။

ဩဂုတ်လ နောက်ဆုံးသီတင်းပတ်က ထုတ်ပြန်သည့် ဂျွန်စ်ဟော့ပ်ကင်းတက္ကသိုလ် Hanke ငွေကြေးဖောင်းပွမှုအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃၁ ရာခိုင်းနှုန်းရှိကာ အီရန်ကို ကျော်လွန်ပြီး ကမ္ဘာ့အဆင့် ၉သို့ ရောက်ရှိသွားသည်။

ပြည်သူ့အစိုးရ နောက်ဆုံးအုပ်ချုပ်ခဲ့သည့် ဇန်နဝါရီလကုန် ဖေဖော်ဝါရီလဆန်းတွင် ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်းမှာ ၂ ဒဿမ ၆၁ ရာခိုင်နှုန်းသာ ရှိရာမှ ၃၁ရာခိုင်းနှုန်းသို့ တဟုတ်ထိုး ထိုးတက်သွားခြင်းဖြစ်ပြီး ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ်၁၃၀၀ ကျော်မှ ကျပ် ၁၈၀၀ ကျော်သို့ ထိုးတက်သွားသည်။

ရွှေဈေးမှာလည်း ကျပ် ၁၇သိန်းခွဲခန့်သို့ တက်လာပြီး ပြည်ပမှုတင်သွင်းသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများမှာ ၃၀ ရာခိုင်နှုန်းခန့် ဈေးတက်သွားကြောင်း အီလက်ထရောနစ်ပစ္စည်း တင်သွင်းရောင်းချသူ တစ်ဦးက ပြောသည်။

“ဈေးကတော့ ရှယ်တက်တာ။ အရင်က ၆သိန်းလောက်ဟာက အခု ၈သိန်းနား ကပ်သွားတယ်။ စားသောက်ကုန်ဆိုရင်လည်း စားသုံးဆီတွေ ၃၂ ရာခိုင်နှုန်းလောက်ဈေးတက်သွားတယ်” ဟု သူက ပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် ရွှေဈေးနှင့် ဒေါ်လာဈေးမှာ စံချိန်တင် ဈေးအမြင့်ဆုံးဖြစ်နေပြီး မြန်မာ့ငွေကြေးတန်ဖိုးမှာလည်း စံချိန်တင် ကျဆင်းနေခြင်းဖြစ်သည်။

ဖက်ဒရယ်စာစောင် အတွဲ(၁)၊ အမှတ်(၂)ထုတ်နုတ်ချက်မှတ်စု  # # #
06/09/2021

ဖက်ဒရယ်စာစောင် အတွဲ(၁)၊ အမှတ်(၂)

ထုတ်နုတ်ချက်မှတ်စု # # #

ဖက်ဒရယ်စာစောင် အတွဲ(၁)၊ အမှတ်(၂)
20/08/2021

ဖက်ဒရယ်စာစောင် အတွဲ(၁)၊ အမှတ်(၂)

ဖက်ဒရယ်စာစောင် အတွဲ(၁)၊ အမှတ်(၁)ထုတ်နုတ်ချက်မှတ်စု  # # #
20/08/2021

ဖက်ဒရယ်စာစောင် အတွဲ(၁)၊ အမှတ်(၁)

ထုတ်နုတ်ချက်မှတ်စု # # #

ဖက်ဒရယ် ပြည်နယ်အစိုးရ
20/08/2021

ဖက်ဒရယ် ပြည်နယ်အစိုးရ

https://tinyurl.com/4szuatcm (ဤလင့်ခ်ကို နှီပ်ပြီး နားဆင်နိုင်ပါပြီ)Radio NUG - Test Program - Aug 20th 2021သတင်းများ၊ က...
20/08/2021

https://tinyurl.com/4szuatcm
(ဤလင့်ခ်ကို နှီပ်ပြီး နားဆင်နိုင်ပါပြီ)

Radio NUG - Test Program - Aug 20th 2021

သတင်းများ၊ ကိုဗစ်ကာကွယ်ရေးဆိုင်ရာ တင်ပြချက်၊ ခွန်အားမျှပေးစာကဏ္ဍ၊ နွေဦးအနုပညာ တင်ဆက်မှု၊ (ဆပ်ပြာပူဖောင်းလေးတွေလို၊ မြစ်မင်းသာ)၊ CDM တို့၏ အသံများကဏ္ဍ၊ PDF ဂုဏ်ပြု တေးသီချင်း တင်ဆက်မှု။
(ဩဂုတ် ၂၀၊ ၂၀၂၁၊ မနက်နဲ့ ညနေ ၈ နာရီ အစီအစဉ်ဇယား)

Radio NUG - Test Program - Aug 20th 2021

(ဩဂုတ် ၂၀၊ ၂၀၂၁၊ မနက်နဲ့ ညနေ ၈ နာရီ အစီအစဉ်ဇယား)
00:20 - 01:10 သတင်းများ၊
01:33 - 14:15 ကိုဗစ်ကာကွယ်ရေးဆိုင်ရာ တင်ပြချက်၊
14:20 - 22:30 ခွန်အားမျှပေးစာကဏ္ဍ၊
22:35 - 24:25 မြစ်မင်းသာရဲ့ ဆပ်ပြာပူဖောင်းလေးတွေလို (နွေဦးအနုပညာ တင်ဆက်မှုကဏ္ဍ)၊
24:30 - 26:25 CDM တို့၏ အသံများကဏ္ဍ၊
26:30 - 29:00 PDF ဂုဏ်ပြု တေးသီချင်း တင်ဆက်မှု။

ယနေ့ အစီအစဉ်များအား ပြန်လည်နားထောင်လိုပါက
Internet Archive https://tinyurl.com/4szuatcm
Google Podcast https://tinyurl.com/3y7hrp9u
TUNEIN Podcast https://tinyurl.com/u3ktjbr6
APPLE Podcast https://tinyurl.com/5fx2d3tj
တို့တွင် နားထောင်နိုင်ကြောင်းလဲ အသိပေးအပ်ပါသည်။

ယခုလို အင်တာနက်ရေဒီယိုပေါ့ဒ်ကတ်စ် တင်ဆက်နိုင်အောင်
CRPH Support Team SF Bay Area Community က ကူညီထားပါသည်။

🌟မကြာခင် တိုက်ပွဲ ခေါ်သံ ကြားရပါမည်။🪖တိုက်ပွဲ စတင်ရင် စကစမှ☑️မီးဖြတ်☑️ရေဖြတ်☑️ရိက္ခာ ဖြတ်☑️လမ်းပမ်းဆက်သွယ်ရေးဖြတ်☑️တယ်လီ...
19/08/2021

🌟မကြာခင် တိုက်ပွဲ ခေါ်သံ ကြားရပါမည်။

🪖တိုက်ပွဲ စတင်ရင် စကစမှ
☑️မီးဖြတ်
☑️ရေဖြတ်
☑️ရိက္ခာ ဖြတ်
☑️လမ်းပမ်းဆက်သွယ်ရေးဖြတ်
☑️တယ်လီဖုံးလိုင်း ဖြတ်

စသည်တို့ လုပ်လာပါမယ်။

🔥မီးဖြတ်ပါက ကြိုတင်ကာကွယ်ရန် ----
♂️မီးသွေး၊ ဂတ်မီးဖိုနဲ့ဂတ်များ၊ ဖယောင်းတိုင်၊ ဓါတ်မီးနဲ့ဓါတ်ခဲများ
ဆောင်ထားကြပါ။
♂️မီးစက် တက်နိုင်ပါက ဝယ်ယူထားပါ။

💧ရေဖြတ် ခဲ့သော် ---
♂️ရေကို အချိန်တိုင်း ရသလောက် ဆောင်ထားပါ။
♂️ရေကို သောက်ရေ၊ ထမင်းချက် အတွက်ပဲ သုံးပါ။
♂️ရေအရမ်းချိုးချင်လျှင် ရေပတ်ပဲတိုက်ပါ။
♂️မိမိ အနီးအနားမှ အိမ်နီးနားချင်း တွေ အတွက် သောက်ရေ ဝေမျှပေးပါ။
♂️ခြံနဲ့ နေတဲ့သူတွေ မီးစက်၊ရေမော်တာ နဲ့ လောင်စာဆီ ဆောင်ထားပါ။

🌭🧇ရိက္ခာအတွက် ---
♂️ကြာရှည်ခံပြီး အလွယ်တကူ ချက်ပြုတ်လို့ ရတာ သိမ်းစည်းထားပါ။

👮🧑‍✈️လုံခြုံရေး
♂️တံခါးအလွယ်တကူ ဖွင့်လို့ မရအောင် သော့များများ ခတ်ထားပါ။
♂️တတ်နိုင်လျှင် သံပန်း တပ်ထားပါ။
♂️အိမ်ထဲမှ နေပြီး တံခါးမဖွင့်ဘဲ အပြင်အခြေအနေ၊ အိမ်အရှေ့ ကြည့်လို့ရအောင် စီမံထားပါ။
♂️နောက်ဘေးမှ အရေးပေါ် ထွက်ပြေးနိုင်အောင် အရေးပေါ် လှေကား ပြုပြင်မွန်းမံထားပါ။
♂️ခြံနဲ့နေသူများ အရေးပေါ်အခြေအနေမှာ ခြံနောက်ကနေ ထွက်နိုင်အောင် အိမ်နီးနားချင်းတွေနဲ့ တိုင်ပင်ထားပါ။
♂️အိမ်နီးနားချင်းတွေနဲ့ ဆက်သွယ်လို့ ရအောင် ဘယ်သူမှ မသိနိုင်တဲ့ တံခါးခေါက် ပုံစံ မျိုးလုပ်ထားပါ။

🥷👬ကာကွယ်ရေး
♂️PDF တွေကို ကူညီပါ။
☑️စခ လမ်းကြောင်း ထောက်လှမ်း ပြီးသတင်းပေးပါ။
♂️PDF တွေ ပုန်းခိုဖို့၊ ရိက္ခာ၊ သောက်သုံးရေ လိုအပ်ပါက တတ်နိုင်သလောက်ပေးပါ။

⛑️🆘ဆေးဝါး၊ ဆေးပစ္စည်း
♂️မဖြစ်မနေ ဆောင်ထားပါ။
မိမိ အသုံးမလိုသော်လည်း လိုအပ်သူကို ပေးနိုင်သည်။

🔉🔈အထူးသတိ ပေးချက်
သေနက်သံ၊ ဗုံးသံ ကြားလျှင် --
♂️ကြောက်အား လန့်အားနဲ့ အပြင်ကို ပြေးထွက် ခြင်း မလုပ်ပါနဲ့။
♂️အပြင်အခြေအနေ ကြည့်ချင်ပါက အကာအကွယ် တခု ယူပြီး ကြည့်ပါ။
♂️မိမိ ချောင်းမြောင်းကြည့်ရှူ တာကို စခ တွေ မမြင်ပါစေနဲ့။
♂️မိမိ အိမ်တွင်းမှာ နေထိုင်ခြင်းသည်သာ အလုံခြုံဆုံး ဖြစ်သည်။

🐕‍🦺🦮မိမိ အိမ်ထဲကို စခတွေ ဝင်ရောက်ဖို့ တံခါးခေါက်လျှင် --

♂️မိမိမှာ သေနက်မရှိလျှင် --
ခုခံခြင်း မပြုပါ။
♂️လောက်လေးခွ၊ ဓါးတို့နဲ့ တိုက်ခိုက်ခြင်း မပြုပါနဲ့။
♂️သေနက်ကိုင်ထားသူကို လက်ရုံးနဲ့ တိုက်ခိုက်တာ မိမိအပြင် မိသားစုပါ အသက် အန္တရာယ် ရှိပါတယ်။
♂️တံခါး လုံးဝ မဖွင့်ပေးပါနဲ့၊
♂️အိမ်ထဲမှာ လူရှိကြောင်း အသံမပြုပါနဲ့။
♂️စခတွေ အိမ်ထဲ မလာခင် အထက်က ပြောသလို အိမ်နောက်ဖေးပေါက်ကနေ တိတ်တဆိပ် ထွက်ပြေးပါ။
♂️အိမ်နောက်ဖေးကနေ အိမ်နီးနားချင်း အိမ်တစ်အိမ်ဆီကို တံခါးခေါက် အမှတ်အသား ပြုပြီး ရှောင်တိမ်းပါ။
♂️မှတ်ချက်။ ။ တံခါးခေါက်ရင် ဖွင့်ပေးမယ် ဆိုတဲ့ အကြံပေးသူတွေ ရှိမှာပါ။

♂️တကယ်လို့ တံခါး ဖွင့်ပေးခဲ့သော်--
☑️ မိမိကို ဓါးစာခံ အနေနဲ့ ခေါ်နိုင်တယ်
☑️ တိုက်ပွဲ ဖြစ်ရာ နေရာမှာ ပေါ်တာဆွဲနိုင်တယ်
☑️ မိသားစုထဲမှာ လူငယ်ယောက်ျားရှိပါက PDF လို့ သတ်မှတ်ပြီး သတ်ပြစ်နိုင်သည်။ နှိပ်စက်နိုင်သည်။

🐈‍⬛🐈ဒဏ်ရာဖြင့် စခ အိမ်ရှေ့ရောက်လာခဲ့သော်
♂️သေနက်၊ ခဲယမ်းပစ္စည်း အရင်သိမ်းပါ။
♂️အိမ်ထဲခေါ်ပြီး လက်ပြန်ကြိုးတုတ်၊ ပါးစပ် အသံမထွက်အောင် အဝတ်စ ပါးစပ်ထဲ ထည့်ပြီး တိတ်နဲ့ စည်းပါ။
♂️ဒဏ်ရာကို ကုသပေးပါ။
♂️ရန်သူအားအင်ကြီးလျှင် မိမိကို အန္တရာယ်ပြုနိုင်လို့ အင်အားနည်းအောင်ထားပါ။(အစားအစာ၊ရေ မသေရုံကြွေးပါ၊ မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက်)
♂️မိသားစုမှ အလှည့်ကျ ခပ်ခွာခွာမှ နေပြီး အလှည့်နဲ့ စောင့်ကြည့်ပါ။
♂️လွတ်မြောက်နယ်မြေ ဖြစ်ရင် PDF လက်ထဲ ထည့်ပါ။

☎️📞သတင်: အချက်အလက်
♂️ဓါတ်ခဲသုံး Radio ကနေ သတင်းနားဆင်ပါ။ ရရှိတဲ့ သတင်းကို ပတ်ဝန်းကျင်ကို ဝေမျှပါ။
ဘယ်ဒေသ၊ ဘယ်ရပ်ကွက်၊ ဘယ်မြို့၊ ဘယ်တိုင်း တွေ လွတ်မြောက်နယ်မြေ ဖြစ်လာပြီ ဆိုတာ နေ့စဉ်နှင့် အမျှ ကြားရပါလိမ့်မယ် 👍
♂️လွတ်မြောက်နယ်မြေ ဖြစ်တဲ့ နယ်မြေဟာ မိမိတို့နေရာနဲ့ အနီးမှာဆိုရင် မကြာခင် မိမိတို့ လွတ်မြောက်တော့မယ် ဆိုတဲ့ အသိနဲ့ ဝမ်းမြောက်ပါ။
✊✊လုံးဝ စိတ်ဓါတ် မကျပါနဲ့။

💪နှစ်ပေါင်း ၆၀ ကျော် အမြစ်တွယ်နေတဲ့ စစ်အာဏာရှင်ကို အမြစ်ဖျက်ဖို့ အသက်တွေ ပေးလှူကြရအုံးမယ်

💪အခက်အခဲတွေ အများကြီး ဖြစ်မယ်။

✨ဒီတခါ နွေဦးတော်လှန်ရေးဟာ ထာဝရ ငြိမ်းချမ်းရေး ၊ အာဏာရှင် အမြစ်ဖျက်ရေး ဖြစ်လို့ ဒီလို အခက်အခဲတွေကို ကျော်ဖြတ်ရမယ် ဆိုရင်တောင် ကျေကျေနပ်နပ်ကြီး ကျော်ဖြတ်ရမှာပါ။

လိုအပ်မူ ရှိရင်လဲ ထည့်‌ဖြည့်ပါ။



#ငါတို့မှာငါတို့ရှိတယ်

GMSR-Gen Z
18/8/2021

Six Habits of HAPPY PEOPLE (ပျော်ရွှင်သောလူများ၏ အလေ့အကျင့်ကောင်း ၆ နည်း)• Ignore nonsense (အဓိပ္ပာယ်မရှိရင် လျစ်လျူရှုပ...
19/08/2021

Six Habits of HAPPY PEOPLE (ပျော်ရွှင်သောလူများ၏ အလေ့အကျင့်ကောင်း ၆ နည်း)

• Ignore nonsense (အဓိပ္ပာယ်မရှိရင် လျစ်လျူရှုပါ)
Talk less (စကားပြော နည်းပါ)
• Learn daily (နေ့စဉ် သင်ယူပါ)
Help less fortunate (ကံနည်းသူကို ကူညီပါ)
• Laugh more (များများ ပြုံးရယ်ပါ)
Don't show off (ခွန်အားရှိကြောင်း မကြွားပါနဲ့)

Radio NUG အစီအစဉ်ကို📻📻📻📻😱📻📻📻📻🎙️🎙️🎙️🎙️🎙️ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၈ နာရီတစ်ကြိမ် ည ၈ နာရီတစ်ကြိမ် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ...
18/08/2021

Radio NUG အစီအစဉ်ကို
📻📻📻📻😱📻📻📻📻🎙️🎙️🎙️🎙️🎙️
ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၈ နာရီတစ်ကြိမ် ည ၈ နာရီတစ်ကြိမ် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်သောကြောင့် လှိုင်းတိုမီတာ ၁၆ / မက်ဂါဟဇ် ၁၇ဒသမ ၇၁ တွင် ဖမ်းယူနားဆင်နိုင်မည်ဖြစ်သည်။

စမ်းသပ်ထုတ်လွှင့်ချိန်ကာလဖြစ်သောကြောင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် မြို့နယ်အလိုက် ဖမ်းယူရရှိခြင်းရှိ/မရှိ၊ အသံကြည်လင်ပြတ်သားမှုရှိ/မရှိတို့ကို နားထောင်ပြီး အသံဖမ်းယူပေးပို့ပေးခြင်းဖြင့် ကူညီကြပါရန် မေတ္တာရပ်ခံပါသည်။

နေ့စဉ် မနက် ၈ နာရီ နဲ့ ည ၈ နာရီ တိုင်းမှာ
(မိနစ်၃၀)စာ တနေ့လျှင် နှစ်ကြိမ် ထုတ်လွင့်သွားမည်ဖြစ်ပါသဖြင့် ……
10 Band Digital Radio အမျိုးအစားများကို ဆောင်ထားကြရန်လည်း တိုက်တွန်းပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီထုတ်ပြန်နိုင်ရန်အတွက် Radio NUG မကြာမီစတင်မည်။
၁၈ ဩဂုတ် ၂၀၂၁

မည်သို့သော အခြေအနေမျိုးမှာမဆို ပြည်သူလူထုနှင့် အဆက်အသွယ်မပြတ်ရှိနေစေရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အရေးကြီးသော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ပြည်သူသို့ အသိပေးနိုင်ရန်အတွက် Radio ထုတ်လွှင့်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မကြာမီ အချိန်တွင် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Radio NUG အစီအစဉ်ကို
ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၈ နာရီတစ်ကြိမ် ည ၈ နာရီတစ်ကြိမ် စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်သောကြောင့် လှိုင်းတိုမီတာ ၁၆ / မက်ဂါဟဇ် ၁၇ဒသမ ၇၁ တွင် ဖမ်းယူနားဆင်နိုင်မည်ဖြစ်သည်။
စမ်းသပ်ထုတ်လွှင့်ချိန်ကာလဖြစ်သောကြောင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် မြို့နယ်အလိုက် ဖမ်းယူရရှိခြင်းရှိ/မရှိ၊ အသံကြည်လင်ပြတ်သားမှုရှိ/မရှိတို့ကို နားထောင်ပြီး အသံဖမ်းယူပေးပို့ပေးခြင်းဖြင့် ကူညီကြပါရန် မေတ္တာရပ်ခံပါသည်။
နေ့စဉ် မနက် ၈ နာရီ နဲ့ ည ၈ နာရီ တိုင်းမှာ
(မိနစ်၃၀)စာ တနေ့လျှင် နှစ်ကြိမ် ထုတ်လွင့်သွားမည်ဖြစ်ပါသဖြင့်
10 Band Digital Radio အမျိုးအစားများကို ဆောင်ထားကြရန်လည်း တိုက်တွန်းပါသည်။

မကြာခင် D-Day အတွက်အစစ အရာရာ ကြိုတင်ပြင်ဆင်ထားကြပါ +++++++++++++++++++++++++++++++
18/08/2021

မကြာခင် D-Day အတွက်

အစစ အရာရာ ကြိုတင်ပြင်ဆင်ထားကြပါ
+++++++++++++++++++++++++++++++

Address


Website

Alerts

Be the first to know and let us send you an email when Knowledgeableness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share