13/08/2023
မှာ Dynamic Island အနည်းငယ် ငြိမ်သွားနိုင်ဖွယ်ရှိနေလား... လက်ရှိသတင်းများအရ iPhone 15 Lineup မှာ ဖုန်းအကုန်လုံး Dynamic Island ပါလာမယ်ဆိုတာ အားလုံးသိပြီးကြသလို Apple ရဲ့ ထုံးစံအတိုင်း iOS အသစ်နဲ့ အိုင်ဖုန်းအသစ်တွေကို ပွဲထွက်လာနိုင်ချေရှိပါတယ်။ ဒီနေရာမှာ iPhone 15 Standard model နဲ့ Pro model ကို Dynamic Island ရဲ့ လုပ်ဆောင်ချက်ပေါ်မှာ အနည်းငယ် ခွဲခြားခွဲခြား လုပ်လာနိုင်ချေလည်းရှိပါတယ်။ iPhone X နဲ့ Xs တုန်းကလို ပုံထဲက object တို့ကို သီးသန့် ဆွဲထုတ်တဲ့ လုပ်ဆောင်ချက်မျိုး ပုံထဲက ဖုန်းနံပါတ်ကို ဆွဲထုတ်တဲ့ လုပ်ဆောင်ချက်မျိုးတွေကို ခွဲခြားခွဲခြား လုပ်ခဲ့ပါတယ်။ သဘောက ဒါမျိုးလိုချင် နောက်တစ်လုံးဝယ်ဆိုတဲ့သဘောမျိုးပေါ့ အခုလည်း အဲ့လိုမျိုး Standard နဲ့ Pro model နှစ်ခုယှဉ်လာတဲ့အခါမှာ Physical ပိုင်းကော Virtual ကော ခွဲခြားမှုတွေအများကြီး တွေ့လာရမယ့်အပြင်မှာမှ Dynamic Island ရဲ့ လုပ်ဆောင်ချက်တွေကလည်း Standard model အတွက် iOS 17 မှာ အများကြီး ငြိမ်သက်သွားနိုင်ချေလည်း ရှိနေပါတယ်။ အခုလက်ရှိမှာတော့ Dynamic island လုပ်ဆောင်ချက်က ဖုန်းပြော၊ stopwatch၊ recording ၊ music တွေမှာ လှလှပပ လုပ်ဆောင်နေပြီးတော့ တစ်ချက်ထိရင် သက်ဆိုင်ရာ app ထဲဝင်သွားစေပြီး ဖိထားရင်တော့ သက်ဆိုင်တဲ့ အက်ပ်ရဲ့ Window သေးသေးလေး ပေါ်လာစေပါတယ်။ စာဖတ်သူတို့ကော Dyanic Island လေးကို သဘောကျလား၊ ဘယ်လို လုပ်ဆောင်ချက်တွေကိုကော ထပ်ပေါင်းထည့်စေချင်လဲဆိုတာကို နည်းနည်း ဆွေးနွေးပေးကြပါအုံးနော်...