EV Car Myanmar

  • Home
  • EV Car Myanmar

EV Car Myanmar Update all news about Electric Cars...

Pre-order လက်ခံနေပြီဖြစ်တဲ့ Wuling ရဲ့ Bingo နဲ့ Mini EV Wuling Prime Automotive Myanmar ကနေ Wuling ပရိသတ်တွေအတွက် Bingo...
20/05/2023

Pre-order လက်ခံနေပြီဖြစ်တဲ့ Wuling ရဲ့ Bingo နဲ့ Mini EV

Wuling Prime Automotive Myanmar ကနေ Wuling
ပရိသတ်တွေအတွက် Bingo နဲ့ Mini EV တွေကို တင်သွင်း
ရောင်းချပေးသွားမှာဖြစ်ပြီး မေလ (၁၆) ရက်နေ့မှစ၍
သတ်မှတ်အစီးရေသာ Pre-order လက်ခံပေးသွားမယ်လို့
သိရပါတယ်။

ကဲ Wuling ရဲ့ Bingo နဲ့ Mini EV တွေကို ဦးဦးဖျားဖျား
စီးချင်သူတွေ Wuling Myanmar မှာ Pre-order တင်နိုင်ပြီနော် ...

Source : Wuling Myanmar


မိန်းကလေးတွေအကြိုက် ....Chery QQ Ice Cream EV ...မိန်းကလေးတွေအကြိုက်တွေ့မယ့် ချစ်စဖွယ် QQ ICE Cream EV မကြာခင် မြန်မာပြည...
20/05/2023

မိန်းကလေးတွေအကြိုက် ....
Chery QQ Ice Cream EV ...

မိန်းကလေးတွေအကြိုက်တွေ့မယ့် ချစ်စဖွယ်
QQ ICE Cream EV မကြာခင် မြန်မာပြည်
ရောက်လာပါတော့မယ် ...

Battery Warranty 8 နှစ်၊ Kilo 120,000 ထိရမယ်လို့ သိရပါတယ်။

Chery New Energy EV AIQAR
QQ ICE CREAM
8 Year Battery Warranty
Kilo 120,000


မြန်မာပြည်မှာ ပထမဆုံး ဖွင့်လှစ်လိုက်တဲ့ EV Charging Station=======================================နေပြည်တော်၊ ဇမ္ဗူသီရိမ...
04/03/2023

မြန်မာပြည်မှာ ပထမဆုံး ဖွင့်လှစ်လိုက်တဲ့ EV Charging Station
=======================================

နေပြည်တော်၊ ဇမ္ဗူသီရိမြို့ ၊ သပြေကုန်းစျေးနားက EV Charging Station ကို
ဒီနေ့ မနက်မှာ ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။ ဒါဟာ မြန်မာပြည်မှာ
ပထမဆုံးဖွင့်လှစ်တဲ့ EV Charging Station ဖြစ်မယ်လို့လည်း ဆိုကြပြီး..
နေပြည်တော်မှာတင် နောက်ထပ် (၃) နေရာလောက် ထပ်ဖွင့်ဖို့ရှိတယ်လို့
သိရပါတယ်။

Photo : Credit to Owner


Laem Chabang ဆိပ်ကမ်းမှာ ရောက်ရှိနေတဲ့ Tesla လျှပ်စစ်ကား========================================ထိုင်းနိုင်ငံ Laem Chaba...
28/02/2023

Laem Chabang ဆိပ်ကမ်းမှာ ရောက်ရှိနေတဲ့ Tesla လျှပ်စစ်ကား
========================================

ထိုင်းနိုင်ငံ Laem Chabang ဆိပ်ကမ်းရှိ Port C မှာ Tesla လျှပ်စစ်ကား
အများအပြားကို တွေ့နေရပြီး ပို့ဆောင်မှုစတင်ဖို့ စောင့်ဆိုင်းနေတာပဲဖြစ်ပါတယ်။

ကားအရေအတွက် (၁) ထောင်ကျော်ရှိနိုင်ပြီး အချို့မှာ ပေးပို့ထားပြီးပြီလို့လည်း
သိရပါတယ်။ Tesla ဟာ ၎င်းတို့ရဲ့ ပထမဆုံး Tesla Test Center နဲ့ Car Delivery
Center ကို ဇန်နဝါရီလကုန်ပိုင်းက ထိုင်းနိုင်ငံရှိ The Paseo Ramkhamhaeng မှာ
ဖွင့်လှစ်ခဲ့ပြီး Tesla Model 3 နဲ့ Tesla Model Y တို့ကို (၂၀၂၂) ခုနှစ်၊ ဒီဇင်ဘာလမှာ
ကြိုတင်မှာယူမှုများကို လက်ခံခဲ့ပါတယ်။ အွန်လိုင်းမှ ကြိုတင်မှာယူမှု (၇) ထောင်
ကျော် ရောက်ရှိနေပြီလို့လည်း သိရပါတယ်။


၁၀၀% လျှပ်စစ်ကား GAC Aion Hyper GT ==========================Aion ကုမ္ပဏီဟာ မျိုးဆက်သစ်လူငယ်များအတွက် လျှပ်စစ်ကားများထုတ...
27/02/2023

၁၀၀% လျှပ်စစ်ကား GAC Aion Hyper GT
==========================

Aion ကုမ္ပဏီဟာ မျိုးဆက်သစ်လူငယ်များအတွက် လျှပ်စစ်ကားများ
ထုတ်လုပ်တဲ့ ကုမ္ပဏီအဖြစ် (၂၀၁၈) ခုနှစ်တွင် စတင်ခဲ့ပြီး မူလက GAC ရဲ့
အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်သော်လည်း (၂၀၂၀) ခုနှစ်မှာ သီးခြားလွတ်လပ်တဲ့
ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်။

Aion Hyper GT ဟာ တံခါး (၄) ပေါက်နဲ့ Small Tunk ပါဝင်တဲ့ Coupe ဒီဇိုင်းပုံ
ဖန်တီးထားတဲ့ ဆီဒင်ကားပုံစံဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက Guangzhou
Auto Show မှာ ထုတ်ဖော်ပြသခဲ့ပြီး ယခုအခါ တရုတ်နိုင်ငံမှာ ကြိုတင်မှာယူနိုင်ပြီ
ဖြစ်ပါတယ်။

Hyper GT ကို ကနဦးမှာ အမြင့်ဆုံး 250 kW ရှိ လျှပ်စစ်မော်တာတစ်လုံးတည်းဖြင့်
တပ်ဆင်ထားသလို ပါဝါကို အနောက်ဘီးများတွင် တပ်ဆင်ထားပြီး Torque 430 Nm
ကြောင့် 0-100 km/h ကို (၄.၉) စက္ကန့်အတွင်း မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

မြင်းကောင်ရေ (၆၀၀) ကောင်အားရှိ မော်တာနှစ်လုံးဗားရှင်း ပါရှိမှာဖြစ်သော်လည်း
အချိန်အတော်ကြာမှ ထွက်ရှိလာမယ်လို့ ဆိုပါတယ်။

ADiGO Pilot ကို ပံ့ပိုးပေးတဲ့ AEP 3.0 Platform မှာ တည်ဆောက်ထားပြီး
ခေါင်မိုးပေါ်မှာ LiDAR Sensor (၃) ခုနဲ့ အဆင့်မြင့် ADAS ကို ပေးစွမ်းပါမယ်။

စျေးနှုန်းက ယူရို ၄၀၀၀၀ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းပြီး ထုတ်လုပ်မှုဗားရှင်းကို
ဧပြီလမှာ ရှန်ဟိုင်းအော်တိုပြပွဲ၌ တရားဝင်ပြသသွားမယ်လို့ သိရပါတယ်။

Source : EVArena



#လျှပ်စစ်ကား #100%

Tesla Model X နဲ့ Lincoln Towncar တို့ ယာဉ်မတော်တဆမှုဖြစ် ... Tesla Model X ယာဉ်မောင်း အနည်းငယ်သာ ထိခိုက်ခဲ့ ...ဖေဖော်ဝါ...
24/02/2023

Tesla Model X နဲ့ Lincoln Towncar တို့ ယာဉ်မတော်တဆမှုဖြစ် ...

Tesla Model X ယာဉ်မောင်း အနည်းငယ်သာ ထိခိုက်ခဲ့ ...

ဖေဖော်ဝါရီ (၁၃) ရက်နေ့က Tesla Model X မောင်းနှင်သူ Irina ဟာ
မောင်းနှင်နေစဉ် Lincoln Towncar ဟာ လမ်းကြောကိုဖြတ်ပြီး သူမကားကို
လာတိုက်မိခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်တိုက်မှုမဖြစ်ခင် သူမဟာ အရှိန်လျော့ပြီး
ရှောင်ထွက်ဖို့ ကြိုးစားပေမယ့် အချိန်မမီလိုက်ဘဲ သူမကားကို ဝင်တိုက်မိခဲ့တယ်လို့
သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားပြီး Irina ဟာ ဒဏ်ရာပြင်းထန်စွာမရခဲ့သလို ဘေးကင်းမှုဒီဇိုင်း
အတွက် Tesla Model X ကို ချီးကျူးဂုဏ်ပြုလိုက်ပါသေးတယ်။

Lincoln Towncar အခြေအနေကတော့ မကောင်းဘူးလို့ ဆိုနိုင်ပြီး အဆိုပါကားမှ
တစ်ဆင့် Tesla Model X သို့ မီးကူးစက်ခဲ့ပါတယ်။

Tesla ကတော့ မတော်တဆမှုများအတွက် နာမည်ကောင်းရရှိထားပြီး
ကားပျက်ရင်တောင် ကားထဲက ခရီးသည်ဘေးကင်းတယ်လို့ ဆိုကြပါတယ်။

Source : Teslarati


MG ဟာ ထိုင်ခုံ (၇) ခုံဆန့် MPV EV ကို ထိုင်းမှာ ရောင်းချဖို့ ပြင်ဆင်နေ======================================MG ရဲ့ ထိုင်...
22/02/2023

MG ဟာ ထိုင်ခုံ (၇) ခုံဆန့် MPV EV ကို ထိုင်းမှာ ရောင်းချဖို့ ပြင်ဆင်နေ
======================================

MG ရဲ့ ထိုင်ခုံ (၇) ခုံဆန့် MPV EV ဟာ ကီလိုမီတာ (၄၄၀) ပြေးနိုင်ပြီး
MG MIFA9 ဒါမှမဟုတ် MG G90 EV ဆိုတဲ့ အမည်ကို အသုံးပြုနိုင်ပါတယ်။
အဆိုပါ MPV EV ဟာ ထိုင်းနိုင်ငံမှာ ရောင်းချမယ့် Maxus MIFA 9 (သို့)
LDV MIFA 9 ကို အခြေခံထားတယ်လို့ ဆိုပါတယ်။

အနက်ရောင်ခေါင်းမိုးနဲ့ လိုက်လျောညီထွေရှိတဲ့ LED ရှေ့မီးများပါဝင်ပြီး
မြင်းကောင်ရေ (၂၄၅) ကောင်အား၊ အမြင့်ဆုံး Torque 350 Nm နဲ့
Battery ကိုတော့ CATL 90 kWh Lithium-ion ကို သုံးပေးထားပါတယ်။
WLTP အကွာအဝေးအရ ကီလိုမီတာ (၄၄၀) ပြေးနိုင်ပြီး Driving Mode တွေက
Normal , Eco နဲ့ Sport ဆိုပြီး ပါဝင်ပါတယ်။

AC Charging အနေနဲ့ 11 kW ထောက်ပံ့ပေးပြီး 5-100% ကို (၈) နာရီခွဲဝန်းကျင်နဲ့
DC Charging ကတော့ 20-80% ကို (၃၆) မိနစ်အတွင်း အားသွင်းနိုင်ပါမယ်။

အတွင်းဘက်မှာ 12.3-inch Touch Screen ပါဝင်ပြီး Apple Car Play နဲ့ Android
Auto တို့ကို ထောက်ပံ့ပေးပါမယ်။ (၇) လက်မ ဒစ်ဂျစ်တယ်ကိရိယာနဲ့ Multi-Function
စတီယာရင်ပါဝင်ပြီး ထိုင်ခုံ (၇) ခုံကို သားရေပစ္စည်းတွေနဲ့ အလှဆင်ထားပါတယ်။

ပြီးပြည်စုံတဲ့ လုံခြုံရေးစနစ်၊ Blind Spot Deteciton၊ အရေးပေါ်ဘရိတ်ဖမ်းခြင်း၊
အလိုအလျောက် ပြောင်းလဲနိုင်တဲ့ အမြန်နှုန်းထိန်းချုပ်မှု Adaptive Cruise Control၊
အမြန်နှုန်းထိန်းပေးတဲ့ Speed Assist စနစ်၊ ထွက်ခွာမှုသတိပေးချက်နဲ့ လမ်းကြောင်း
ပြောင်းလဲမှုအကူအညီ၊ ယာဉ်တိုက်မှုသတိပေးချက် စတဲ့ စွမ်းဆောင်ရည်မြင့် စနစ်တွေ
ပါဝင်ပါတယ်။


#လျှပ်စစ်ကား

မြန်မာပြည်တွင်း၌ Taxi အနေဖြင့် ပြေးဆွဲသွားမည့်BYD E2 လျှပ်စစ်ကားများကို တွေ့ရစဉ်.Photo Credit to original uploader.
16/02/2023

မြန်မာပြည်တွင်း၌ Taxi အနေဖြင့် ပြေးဆွဲသွားမည့်
BYD E2 လျှပ်စစ်ကားများကို တွေ့ရစဉ်.

Photo Credit to original uploader.

Tesla Model 3 နဲ့ Tesla Model Y တို့ရဲ့ ကားထုတ်ယူမှုပုံရိပ်များ======================================ထိုင်းနိုင်ငံရှိ Pa...
10/02/2023

Tesla Model 3 နဲ့ Tesla Model Y တို့ရဲ့ ကားထုတ်ယူမှုပုံရိပ်များ
======================================

ထိုင်းနိုင်ငံရှိ Paseo Town Ramkhamhaeng ရှော့ပင်းစင်တာမှာ
Tesla Model 3 နဲ့ Tesla Model Y တို့ရဲ့ ပထမဆုံးနေ့ ကားထုတ်ယူမှု
ပုံရိပ်များပဲဖြစ်ပါတယ်။

ထုတ်ယူမှုအဆင့်တွေက ပထမဆုံး Self-Check in Register လုပ်ရပါမယ်။
ပြီးရင်တော့ Orientation Video ကို ကြည့်ရှုပြီးမှ ထုတ်ယူနိုင်ပါမယ်။

ထုတ်ယူမှုအရေအတွက်မှာ တစ်ရက်ကို (၄၅) စီး ဖြစ်ပြီး မနက် (၁၀) နာရီ၊
နေ့ခင်း (၁၂) နာရီနဲ့ (၂) နာရီ စသဖြင့် (၃) ကြိမ်ခွဲ၍ ထုတ်ယူနိုင်တယ်လို့
သိရပါတယ်။

Source : Headlightmag


GMW ဟာ Tank 500, Tank 300 နဲ့ Ora Grand Cat တို့ကို ယခုနှစ် ထိုင်းနိုင်ငံမှာ စတင်ရောင်းချမယ်လို့ပြောကြား================...
10/02/2023

GMW ဟာ Tank 500, Tank 300 နဲ့ Ora Grand Cat တို့ကို
ယခုနှစ် ထိုင်းနိုင်ငံမှာ စတင်ရောင်းချမယ်လို့ပြောကြား
=========================================

Great Wall Motors (GMW) ဟာ ယခုနှစ်နှောင်းပိုင်း ထိုင်းနိုင်ငံမှာ Tank 500,
Tank 300 နဲ့ ORA Grand Cat တို့ပါဝင်တဲ့ မော်ဒယ်များစွာကို စတင်ရောင်းချဖို့
ပြင်ဆင်နေတယ်လို့ သိရပါတယ်။

📌 Tank 500 ဟာ ကြီးမားတဲ့ ပရီမီယံဒီဇိုင်းနဲ့ Off-Road SUV ဖြစ်ပြီး
အားကောင်းတဲ့ မောင်းနှင်မှုစွမ်းဆောင်ရည်ပါဝင်သလို Off-Road မောင်းနှင်မှု
နည်းပညာလည်း ပါဝင်ပါတယ်။ စျေးနှုန်းက ဒေါ်လာ (၇၄,၀၀၀) ကနေ (၈၅,၀၀၀)
ကြားရှိပြီး ထိုင်းဘတ်ငွေအနေနဲ့ ဘတ် (၂,၄၇၀,၀၀၀) ကနေ (၂,၈၀၀,၀၀၀) ကြား
ရှိပါမယ်။

📌 Tank 300 က လူနေမှုပုံစံအတွက် ခိုင်ခံ့ကြမ်းတမ်းတဲ့ ဒီဇိုင်းနဲ့
Off-Road SUV ဖြစ်ပါတယ်။ မောင်းနှင်မှုတိုင်းမှာ စိတ်ဝင်စားစရာကောင်းမယ်လို့
ဆိုပါတယ်။ စျေးနှုန်းက ဒေါ်လာ (၅၅,၉၉၀) ကနေ (၆၀,၉၉၀) ကြားရှိပြီး
ထိုင်းဘတ်ငွေအနေနဲ့ ဘတ် (၁,၈၇၀,၀၀၀) ကနေ (၂,၀၃၀,၀၀၀) ကြားရှိပါမယ်။

📌 ORA Grand Cat က စွမ်းဆောင်ရည်မြင့် လျှပ်စစ်ပြိုင်ကား Sport Coupe
ဒီဇိုင်းကိုမှ နည်းပညာအသစ်တွေပါဝင်ပြီး (၆၀၀) ကီလိုမီတာ (CLTC Standard)
အထိ မောင်းနှင်နိုင်ပါမယ်။ စျေးနှုန်းက ဒေါ်လာ (၅၉,၀၀၀) ဖြစ်ပြီး ထိုင်းဘတ်ငွေ
(၁,၉၀၀,၀၀၀) ရှိပါမယ်။

Source : CarWizard


ဆောင်းရာသီအကွာအဝေး စမ်းသပ်မှုမှာ စံချိန်သစ်တင်ခဲ့တဲ့ Tesla Model S=============================================Norwegian...
06/02/2023

ဆောင်းရာသီအကွာအဝေး စမ်းသပ်မှုမှာ စံချိန်သစ်တင်ခဲ့တဲ့ Tesla Model S
=============================================

Norwegian Motor.no media outlet သည် Norwegian Automobile
Federation နဲ့ ပူးပေါင်းပြီး နိုင်ငံအတွင်း ဝယ်ယူရရှိနိုင်တဲ့ တရုတ်ကားအချို့
အပါအဝင် လျှပ်စစ်ကားအများအပြားဖြင့် နှစ်စဉ် ဆောင်းရာသီစမ်းသပ်မှုကို
ပြုလုပ်ခဲ့ပါတယ်။ လူကြိုက်များတဲ့ ကားအချို့ရဲ့ လက်တွေ့ဘ၀ စွမ်းဆောင်ရည်ကို
အကဲဖြတ်ဖို့ ရည်ရွယ်ပြီး နှစ်စဉ် ဆောင်းရာသီနဲ့ နွေရာသီ စမ်းသပ်မှုတွေကို
ပြုလုပ်လေ့ရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

WLTP အကွာအဝေးတွေဟာ အကောင်းမြင်တဲ့ ခရီးမိုင်များဖြစ်ပြီး အမှန်တကယ်
ခရီးမိုင်များနဲ့ ဘယ်လောက်ကွာခြားတယ်ဆိုတာကို မေးခွန်းထုတ်ဖို့ဖြစ်တယ်လို့
ဆိုပါတယ်။

Motor.no က စမ်းသပ်စစ်ဆေးခဲ့တဲ့ ပျမ်းမျှအပူချိန်ဟာ -5°C နဲ့ -10°C အကြား
ရှိနေပြီး လမ်းကြောင်းရှိ အစိတ်အပိုင်းတစ်ခုဟာ အပူချိန် -19°C အထိ ကျဆင်း
သွားတာကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ယခုနှစ်မှာတော့ Tesla Model S ဟာ 530 km ကို ရောက်ရှိခဲ့သလို (၂၀၂၁) ခုနှစ် က
Model 3 Dual Motor ရဲ့ စံချိန် 521 km ကို ချိုးဖျက်ခဲ့ပါတယ်။ ပျမ်းမျှအားဖြင့်
ကားအများစုဟာ အဆိုပါ အပူချိန်နဲ့ အခြေအနေများမှာ WLTP အကွာအဝေးရဲ့
၂၀% နဲ့ ၃၀% အကြား ဆုံးရှုံးသွားခဲ့ပြီး Model S အနေနဲ့တော့ ၁၆.၄% သာဆုံးရှုံးခဲ့
ပါတယ်။

Mercedes EQE 300 ကတော့ ၎င်းကြေညာထားတဲ့ အကွာအဝေးကနေ ၃၃.၃၉% ကျဆင်း
ခဲ့ပြီး 400 km ကျော်ကို ကျော်လွန်သွားနိုင်တာကြောင့် သတင်းဆိုးတော့ မဟုတ်ပါဘူး။
တရုတ် Hongqi E-HS9 ကလည်း အကွာအဝေးရဲ့ ၃၄% ကျော် ကျဆင်းသွားပါတယ်။

အဆိုပါစာရင်းမှာ တရုတ်နိုင်ငံလုပ်ကား (၁၂) စီးပါဝင်ပြီး အချို့ကားများမှာ မကြာမီ
ဥရောပတွင် ထွက်ရှိတော့မယ့် JAC e-JS4, Voyah Free , BYD Atto , BYD Han နဲ့
Nio ET7 တို့ ဖြစ်ပါတယ်။

Source : evarena



04/02/2023

EV Mini Bus in Thailand .....


တက္ကစီအဖြစ်ပြေးဆွဲဖို့ လျှပ်စစ်ကား အစီး (၄၀) ပြည်တွင်းတွင် ရောက်ရှိနေကြောင်း သိရ========================================...
25/01/2023

တက္ကစီအဖြစ်ပြေးဆွဲဖို့ လျှပ်စစ်ကား အစီး (၄၀) ပြည်တွင်းတွင် ရောက်ရှိနေကြောင်း သိရ
===================================================

ပထမအကြိမ်အဖြစ် လျှပ်စစ်ကားအစီး (၄၀) နဲ့ ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့
ရောက်ရှိနေပြီး ရန်ကုန်နဲ့ နေပြည်တော်တို့မှာ တက္ကစီအဖြစ် ပြေးဆွဲကြမယ်လို့ သိရပါတယ်။

ရောက်ရှိနေသောယာဉ်မှာ BYD အမျိုးအစား E2 Model ဖြစ်ပြီး လူစီးနဲ့ တက္ကစီအဖြစ်
စမ်းသပ်ပြေးဆွဲအသုံးပြုမယ့် လျှပ်စစ်ကားတွေဖြစ်ပါတယ်။

Chin Dwin Shan Construction Co., Ltd မှ ရန်ကုန်လေဆိပ်မှာ အခြေပြုပြီး တက္ကစီ
(၁၀) စီး၊ NPK Motors Co., Ltd မှ နေပြည်တော် သပြေကုန်းစျေးမှာ အခြေပြုပြီး
တက္ကစီ (၁၀) စီး ပြေးဆွဲကြမယ်လို့ ဆိုပါတယ်။

အဆိုပါ ကုမ္ပဏီများမှ တင်သွင်းလာတဲ့ လျှပ်စစ်ကား စုစုပေါင်း အစီး (၄၀) မှာ ရွာသာကြီး
Dry Port တွင် ရောက်ရှိနေပြီး အဆိုပါကားများမှာ ထုတ်ပြန်ထားတဲ့ စံချိန်စံညွှန်းများနဲ့
ကိုက်ညီမှု ရှိ မရှိ၊ ခွင့်ပြုထားတဲ့ လိုင်စင်ပါဖော်ပြချက်များ မှန်ကန်မှု ရှိ မရှိ စစ်ဆေးနေ
ကြောင်း ကော်မတီက ဆိုပါတယ်။

Source : yangonmedia


ဆီဆိုင် ၃၈ ဆိုင်မှာ LINCHR အမှတ်တံဆိပ်60 kW Charger များ တပ်ဆင်ရန် ညွှန်ကြားချက်ထွက်ရှိလာ..Credit စက်သုံးဆီ သုံးစွဲသူမျာ...
24/01/2023

ဆီဆိုင် ၃၈ ဆိုင်မှာ LINCHR အမှတ်တံဆိပ်
60 kW Charger များ တပ်ဆင်ရန် ညွှန်ကြားချက်
ထွက်ရှိလာ..

Credit စက်သုံးဆီ သုံးစွဲသူများ...

BYD လျှပ်စစ်ကားတွေ ဆိပ်ကမ်းရောက်နေပြီလို့ ကြားသိရ ...NETA နဲ့ BYD ကားများရဲ့ စျေးနှုန်းများလည်းသိရသလိုNETA V = 645+NETA ...
23/01/2023

BYD လျှပ်စစ်ကားတွေ ဆိပ်ကမ်းရောက်နေပြီလို့ ကြားသိရ ...

NETA နဲ့ BYD ကားများရဲ့ စျေးနှုန်းများလည်းသိရသလို

NETA V = 645+
NETA U = 985+

BYD Dolphine - 699+
BYD ATTO - 999+
BYD Han - 1599+

Pre-Order များလည်း စတင်လက်ခံနေပြီလို့ ဆိုပါတယ်။

Photo : Credit
Price Source : MoeZacAuto



NETA ဟာ ယခုနှစ်အတွင်း NETA V ကို ထိုင်းဖောက်သည်များထံအစီးရေ (၁၀,၀၀၀) ပေးအပ်ဖို့ မျှော်မှန်းထားတယ်လို့ ပြောဆို ...မကြာသေး...
21/01/2023

NETA ဟာ ယခုနှစ်အတွင်း NETA V ကို ထိုင်းဖောက်သည်များထံ
အစီးရေ (၁၀,၀၀၀) ပေးအပ်ဖို့ မျှော်မှန်းထားတယ်လို့ ပြောဆို ...

မကြာသေးမီက NETA Auto (Thailand) ဟာ ထိုင်းနိုင်ငံမှာ NETA V
အစီးရေ (၁၀,၀၀၀) ပေးပို့ဖို့ ရည်မှန်ထားပြီး အဆင်သင့်ဖြစ်နေပြီလို့
သိရပါတယ်။ ထိုင်းနိုင်ငံတွင်း လျှပ်စစ်ကားစျေးကွက်ကဟာ အစိုးရရဲ့
ပံ့ပိုးကူညီမှုကြောင့် (၁၀၀) ရာခိုင်နှုန်းကျော် တိုးတက်မယ်လို့ ဆိုပါတယ်။

NETA အနေနဲ့ စျေးကွက်ဝယ်လိုအားနဲ့အညီ ထုတ်ကုန်အသစ်များကို
စဉ်ဆက်မပြတ် မိတ်ဆက်ဖို့နဲ့ မောင်းနှင်မှုအတွေ့အကြုံအသစ်ကို
ပေးစွမ်းဖို့ ဖြန့်ဖြူးရေးလမ်းကြောင်းများ တိုးချဲ့လျက်ရှိကြောင်း သိရပါတယ်။

NETA V ဟာ ထိုင်းစျေးကွက်မှာ ဘတ်ငွေ (၅၄၉,၀၀၀) ဖြင့် ရောင်းချတဲ့
ပထမဆုံးမော်ဒယ်ဖြစ်ပြီး သုံးစွဲသူများထံ အရောက်ပေးပို့ရာမှာ ကြန့်ကြာမှု
ဖြစ်ပေါ်ခြင်းအတွက် တောင်းပန်အပ်ပါတယ်လို့ ကုမ္ပဏီဘက်က ဆိုပါတယ်။

NETA ဟာ လက်ရှိ ထိုင်းနိုင်ငံရှိ ဘန်ကောက်မှာ အရောင်းကိုယ်စားလှယ်
(၂၄) ဦးရှိပြီး နိုင်ငံတစ်ဝှမ်းရှိ အဓိကမြို့ကြီးများကို လွှမ်းခြုံထားတယ်လို့
သိရပါတယ်။ ဒါ့အပြင် စျေးဝယ်စင်တာဧရိယာမှာ NETA SPACE ဝန်ဆောင်မှု
စင်တာကို ဖွင့်လှစ်ပေးပြီး နောက်ထပ် နေရာ (၃၀) မှာ တိုးချဲ့သွားမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ စျေးကွက်ချဲ့ထွင်ခြင်းဟာ အာဆီယံဒေသတွင်း လျှပ်စစ်ကားတွေကို
ဆက်လက်အားကောင်းစေသလို NETA ရဲ့ လုပ်ငန်းလည်ပတ်မှုဗဟိုအဖြစ်လည်း
နေရာယူထားပါတယ်။ အရှေ့အလယ်ပိုင်း၊ ဩဇီနဲ့ နယူဇီလန်သို့ မတိုးချဲ့မီ လာအို၊
မြန်မာ၊ ဘူတန်၊ နီပေါနဲ့ အစ္စရေးနိုင်ငံများသို့ တိုးချဲ့လည်ပတ်ခဲ့ပါတယ်။

(၂၀၂၂) ခုနှစ်မှာ NETA ဟာ တရုတ်နိုင်ငံ သုံးစွဲသူများထံ လျှပ်စစ်ကားအရေအတွက်
(၁၅၂,၀၇၃) စီး ပေးပို့ခဲ့ပြီး တရုတ်နိုင်ငံ ပြင်ပအပါအဝင် လက်ရှိအချိန်အထိ
စုစုပေါင်း (၂၅၀,၀၀၀) စီး ပေးပို့ထားတယ်လို့ သိရပါတယ်။

Source : Car2Day


မော်ဒယ်အဟောင်း ဓါတ်ဆီအင်ဂျင်ကားတွေကို EV ကားဖြစ်သွားအောင်ပြောင်းလဲပေးသွားမယ်လို့ Toyota က ပြောကြားလိုက်ပါတယ် ...၁၉၈၀ ပြည...
19/01/2023

မော်ဒယ်အဟောင်း ဓါတ်ဆီအင်ဂျင်ကားတွေကို EV ကားဖြစ်သွားအောင်
ပြောင်းလဲပေးသွားမယ်လို့ Toyota က ပြောကြားလိုက်ပါတယ် ...

၁၉၈၀ ပြည့်နှစ်လွန်ကာလတုန်းက ထုတ်လုပ်ခဲ့တဲ့
လူကြိုက်များ ဓာတ်ဆီအင်ဂျင် ကားမော်ဒယ်တွေကို
မီးခိုးထုတ်လွှတ်မှု ကင်းတဲ့ သန့်ရှင်းသောကားများအဖြစ်
တစ်ဖန်ပြန်လည်ထုတ်လုပ်မယ်လို့ Toyota Motor က ဆိုပါတယ်။

ဂျပန်နိုင်ငံ ချီဘာမြို့မှာ ကျင်းပတဲ့ ဝယ်သူစိတ်တိုင်းကျ ထုတ်လုပ်ပေးတဲ့
ကားပြပွဲမှာ Toyota Motor က ခေတ်ဟောင်းကားမော်ဒယ် AE86 မျိုးဆက်
ကားနှစ်စီးဖြင့် ၎င်းအစီအစဉ်ကို အသိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တစ်စီးကို ဘက်ထရီဖြင့် မောင်းနှင်တဲ့ကားအဖြစ် တစ်နည်းပြောရရင်
အီးဗီမော်ဒယ်အဖြစ် ပြောင်းလဲပေးထားပါတယ်။ ကျန်တစ်စီးကိုတော့
ဟိုက်ဒရိုဂျင်ဖြင့် မောင်းနှင်တဲ့ ကားမော်ဒယ်အဖြစ် ပြောင်းလဲထားပါတယ်။

Toyota ဥက္ကဋ္ဌ Akio Toyoda က ၂၀၅၀ ခုနှစ်မှာ ကာဗွန်ထုတ်လွှတ်မှု
လုံးဝကင်းစင်ရေး ပန်းတိုင်ကို သွားနေတာမှာ နည်းလမ်းတစ်သွယ်အဖြစ်
ရှိပြီးသား ကားမော်ဒယ်များကို ပြန်လည်မွမ်းမံပြင်ဆင်ရန် လိုအပ်ကြောင်း
ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံလမ်းပေါ်ရှိ ကားအစီးရေ (၂၀) ခန့်မှာ တစ်စီးသာ အသစ်ဖြစ်ပြီး
ကားအဟောင်းအများစုမှာ ဓာတ်ဆီဖြင့် မောင်းနှင်ကြတဲ့ကားများ ဖြစ်ပါတယ်။
ဒီတော့ ကားအဟောင်းများကို ဘက်ထရီဖြင့် မောင်းနှင်သော ကား သို့မဟုတ်
ဟိုက်ဒရိုဂျင်ဖြင့် မောင်းနှင်သော ကားအဖြစ် ပြောင်းလဲပေးနိုင်ဖို့ နည်းလမ်း
ကြံဆတာ ဖြစ်ပါတယ်။

"ကိုယ်ချစ်တဲ့ကား ဒါမှမဟုတ် ကိုယ်ပိုင်ဆိုင်တဲ့ကားကို စွန့်လွှတ်မယ်အစား
ရွေးချယ်စရာ နည်းလမ်းတစ်ခု ချန်ထားဖို့ အရေးကြီးပါတယ်" လို့ Toyota က
ထပ်လောင်းပြောကြားပါတယ်။ သူကိုယ်တိုင်ကလည်း ကားချစ်တတ်သူဖြစ်ပြီး
ပြိုင်ကားမောင်းခဲ့သူလည်း ဖြစ်ပါတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

EV များ အမြောက်အမြား ထုတ်လုပ်ရောင်းချတဲ့ ဈေးကွက်ထဲသို့
နောက်ကျပြီးမှ ဝင်ရောက်လာတဲ့ Toyota က ၎င်းရဲ့ ကားများကို လျှပ်စစ်ကားအဖြစ်
ပြောင်းလဲဖို့ ကန်ဒေါ်လာ ၇၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ် ရေးဆွဲထားပါတယ်။
ဘက်ထရီဖြင့် မောင်းနှင်တဲ့ကားများကို ပိုမိုထုတ်လုပ်သွားဖို့ ရည်မှန်းထားပြီး
(၂၀၃၀) မှာ ဘက်ထရီသုံး လျှပ်စစ်ကားမော်ဒယ်များ အနည်းဆုံး တစ်နှစ်လျှင် အစီးရေ
(၃.၅) သန်း ရောင်းချနိုင်ဖို့ ရည်မှန်းချက် ထားရှိထားတယ်လို့ သိရပါတယ်။

Credit : TheMyanmarAutomobileIndustryGuide


ထိုင်းနိုင်ငံ Laem Chabang ဆိပ်ကမ်းမှာ ရောက်နေပြီဖြစ်တဲ့ Tesla Photo Credit : Fa Ris
19/01/2023

ထိုင်းနိုင်ငံ Laem Chabang ဆိပ်ကမ်းမှာ ရောက်နေပြီဖြစ်တဲ့ Tesla

Photo Credit : Fa Ris


တရုတ်နိုင်ငံမှာ ပထမဆုံး ထုတ်ဖော်ပြသလိုက်တဲ့ Mengshi M-Terrain EV============================================လမ်းကြမ်းကို...
18/01/2023

တရုတ်နိုင်ငံမှာ ပထမဆုံး ထုတ်ဖော်ပြသလိုက်တဲ့ Mengshi M-Terrain EV
============================================

လမ်းကြမ်းကို အဓိကထားတဲ့ SUV လျှပ်စစ်ကားကို တရုတ်နိုင်ငံမှာ အလေးပေး
တီထွင်ထုတ်လုပ်နေပြီး ယခုအခါ GMC Hummer EV ကို အနည်းငယ် တိမ်မြှုပ်
သွားစေမယ့် Mengshi M-Terrain လျှပ်စစ် SUV ကားတစ်စီးကို တရုတ်နိုင်ငံမှာ
ပထမဆုံး ထုတ်ဖော်ပြသလိုက်ပါတယ်။ Mengshi ဟာ DongFeng ရဲ့ Off-Road
အမှတ်တံဆိပ်ဖြစ်ပါတယ်။

M-Terrian ရဲ့ အတွင်းပိုင်းဟာ အပြင်ပိုင်းလို ဆွဲဆောင်မှုရှိပြီး ထင်ရှားတဲ့ အပြား
အောက်ခြေစတီယာရင်၊ ကြီးမားတဲ့ ဗဟိုဖျော်ဖြေမှုမျက်နှာပြင် နဲ့ ဒစ်ဂျစ်တယ်တူရိယာ
အစုအဝေးတစ်ခုလည်း ပါရှိပါတယ်။

Mengshi ဟာ Warrior သို့ ဘာသာပြန်ဆိုထားပြီး ယခင်နှစ်များအတွင်း လောင်စာ
စွမ်းအင်သုံး စစ်သုံးယာဉ်အများအပြားမှာ DongFeng Motor က Mengshi
တံဆိပ်ကို အသုံးပြု ထုတ်လုပ်ခဲ့ပါတယ်။ ယခုအခါမှာတော့ ထုတ်လုပ်ရေးမော်ဒယ်
အဖြစ် ပထမဆုံးအကြိမ် အသုံးပြု ထုတ်လုပ်လာခြင်းပဲဖြစ်ပါတယ်။

Mengshi M-Terrian လို့ နာမည်ခေါ်ပြီး MORA Platform ပေါ်အခြေခံထားတယ်
လို့ ဆိုပါတယ်။ Car News China မှ All-Electric နဲ့ Range-Extender ဗားရှင်း (၂) မျိုး
ထုတ်လုပ်မယ်လို့ ဆိုပြီး ပထမက 140 kWh Battery နဲ့ မြင်းကောင်ရေ (၁၀၀၀) ကို
လျှပ်စစ်မော်တာ လေးလုံးတပ်ဆင်ထားပြီး (၅၀၀) ကီလိုမီတာ (CLTC အကွာအဝေး)
အထိ မောင်းနှင်နိုင်မယ်လို့ သိရပါတယ်။ 0-100 km/h ကို (၄.၂ စက္ကန့်) အတွင်းပြေးနိုင်ပါမယ်။

Range-Extender ကို အင်ဂျင်အသေးဖြင့် 65.88 kWh Battery တပ်ဆင်ထားပြီး
(၈၀၀) ကီလိုမီတာ (CLTC အကွာအဝေ) မောင်းနှင်နိုင်ပါမယ်။ ထုတ်လုပ်မှုကို ယခုနှစ်မှာ
စတင်ဖို့ မျှော်လင့်ထားပြီး စျေးနှုန်း ယွမ် (၇) သိန်းကျော်ဖြင့် ရောင်းချနိုင်တယ်လို့
Car News China က ဆိုပါတယ်။



ဝယ်သူအမည်ပေါက်နဲ့ ရမယ့် EV အိမ်စီးကား (နံပါတ်အနက်)====================================EV အိမ်စီးကား (နံပါတ်အနက်) မေးသူမျ...
14/01/2023

ဝယ်သူအမည်ပေါက်နဲ့ ရမယ့် EV အိမ်စီးကား (နံပါတ်အနက်)
====================================

EV အိမ်စီးကား (နံပါတ်အနက်) မေးသူများအတွက်လာပါပြီ🤩

Brand New BYD Dolphin (GLX Grade) - ၆၉၉ သိန်း + ဝင်ငွေခွန်
ဝယ်ယူသူ၏အမည်ပေါက်ရမှာဖြစ်ပြီး Preorder မှာယူရမှာဖြစ်ပါတယ်။

ရရှိနိုင်သောအရောင်များ Gray / Pink / Blue

BYD Dolphin Specification

"Base Variant"

Length - 4070 mm
Width - 1770 mm
Height - 1570 mm
Wheelbase - 2700 mm
Motor Type - PMSM
Motor Power - 70 kW
Motor Torque - 180 Nm
Battery Pack - Energy Content 30.7 kWh
Range - 301 km (NEDC Standard)
Max. AC Charging Power - 7 kW
Max. DC Charging Power - 40 kW
Fast-charging Time (30-80% SoC) - 30 minutes
0-50 km/h Acceleration Time - 3.9 seconds

"Mid Variant"

Length - 4125 mm
Width - 1770 mm
Height - 1570 mm
Wheelbase - 2700 mm
Motor Type - PMSM
Motor Power - 70 kW
Motor Torque - 180 Nm
Battery Pack - Energy Content 44.9 kWh
Range - 405 km (NEDC Standard)
Max. AC Charging Power - 7 kW
Max. DC Charging Power - 60 kW
Fast-charging Time (30-80% SoC) - 30 minutes
0-50 km/h Acceleration Time - 3.9 seconds

"Top-end Variant"

Length - 4150 mm
Width - 1770 mm
Height - 1570 mm
Wheelbase - 2700 mm
Motor Type - PMSM
Motor Power - 130 kW (177 PS)
Motor Torque - 290 Nm
Battery Pack - Energy Content 44.9 kWh
Range - 401 km (NEDC Standard)
Max. AC Charging Power - 7 kW
Max. DC Charging Power - 40 kW
Fast-charging Time (30-80% SoC) - 30 minutes
0-50 km/h Acceleration Time - 3 seconds

Credit : Ko Kyi Thar Han

Source : https://bit.ly/3H43YmY


#အိမ်စီးကား

🤩 မြန်မာနိုင်ငံအတွက် EV Taxi တွေလာပါပြီ 🤩BYD E2 (GLX Grade) ကို -  679 သိန်း(အပြီးအစီး) ဖြင့်Preorder တင်နိုင်ပြီ..EV ကာ...
13/01/2023

🤩 မြန်မာနိုင်ငံအတွက် EV Taxi တွေလာပါပြီ 🤩
BYD E2 (GLX Grade) ကို - 679 သိန်း(အပြီးအစီး) ဖြင့်
Preorder တင်နိုင်ပြီ..

EV ကားများကိုအငှါးယာဉ် Taxi အဖြစ်အသုံးပြုလိုသူများအတွက် Taxi နံပါတ်အနီအဖြစ်ရရှိမည့်
(BYD ထုတ်လုပ်ထားတဲ့) EV ကားအမျိုးအစားဖြစ်တဲ့
BYD E2

Equipment List
Color - White
Manufacturer - BYD
level - Hatchback
Energy type - BEV
NEDC range (km) - 405KM
DC Fast Charge Time - 0.5h (soc 30%-80%)
AC Slow Charge Time - 7-8h (soc 0%-100%)
Maximum power (kW) - 70
Maximum torque (N m) - 180
L*W*H(mm) - 4240*1760*1530
Maximum speed (km/h)- 130

Credit Ko Kyi Thar Han
Source : https://bit.ly/3iC8tMi

CES 2023 မှာ ပွဲဦးထွက်ပြသခဲ့တဲ့ Volkswagen ID.7 ================================Volkswagen ဟာ ၎င်းရဲ့နောက်ထပ် ကမ္ဘာလုံးဆ...
13/01/2023

CES 2023 မှာ ပွဲဦးထွက်ပြသခဲ့တဲ့ Volkswagen ID.7
================================

Volkswagen ဟာ ၎င်းရဲ့နောက်ထပ် ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ကား
ဖြစ်တဲ့ ID.7 ကို CES 2023 မှာ တစ်စိတ်တစ်ပိုင်း ထုတ်ဖော်ပြသခဲ့ပြီး
ကျယ်ဝန်းသော အတွင်းခန်းပါတဲ့ ဆလွန်းကားအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

အများဆုံး အကွာအဝေး (၇၀၀) ကီလိုမီတာ (WLTP Standard) အထိ
မောင်းနှင်နိုင်ပြီး 88 kWh Battery Packs ကို (၂၀၂၃) ခုနှစ် ဒုတိယကွာတားမှာ
တရားဝင် မိတ်ဆက်သွားဖွယ်ရှိပြီး US , Europe အတွက် (၂၀၂၅) နောက်ပိုင်း
ရရှိမယ်လို့ ဆိုပါတယ်။

Source : theverge



လျှပ်စစ်မော်တာ (၄) လုံးနဲ့ Mercedes-Benz EQG Off-Roader 2024========================================ဆွီဒင်နိုင်ငံ မြောက်...
12/01/2023

လျှပ်စစ်မော်တာ (၄) လုံးနဲ့ Mercedes-Benz EQG Off-Roader 2024
========================================

ဆွီဒင်နိုင်ငံ မြောက်ပိုင်း ရာသီဥတုအေးသောစမ်းသပ်မှုအတွင်း ပထမဆုံး
ဓါတ်ပုံရိုက်ခံခဲ့ရတဲ့ Mercedes-Benz EQG Off-Roader ဟာ ဘီးတစ်ခုစီ
အတွက် လျှပ်စစ်မော်တာတစ်လုံးစီနဲ့ စုစုပေါင်း လျှပ်စစ်မော်တာ (၄) လုံး
ပါရှိပြီး Gelandewagen လို့ နာမည်ပေးထားတဲ့ လျှပ်စစ်ကားကို (၂၀၂၄) မှာ
တရားဝင်ပွဲဦးထွက် ပြသမယ်လို့ ဆိုပါတယ်။

ဒါမျိုး တပ်ဆင်မှုက အထူးအဆန်းမဟုတ်သလို ပြီးခဲ့တဲ့နှစ် Prototype EQG ရဲ့
ပထမဆုံးစီးနင်းမှုသုံးသပ်ချက်မှာ ၎င်းရဲ့စွမ်းရည်ကိုပြသခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ
Battery Packs ဟာ အလွဲသုံးစားပြုမှုများစွာကို ခံနိုင်ရည်ရှိတဲ့ Kevlar Carbon ဖြင့်
ကာကွယ်ထားကြောင်း သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

မော်တာလေးလုံးတပ်ဆင်မှုကြောင့် လာမယ့်လျှပ်စစ် G-Class ဟာ
အထင်ကြီးလောက်အောင် ပြောင်းလဲလာနိုင်ပါတယ်။ သို့သော် ပြထားတဲ့အတိုင်း
ကားဟာ Front Trunk မရှိတာကြောင့် Hood အောက်ရှိ ထိန်းချုပ်အီလက်ထရွန်းနစ်
ပစ္စည်းများစွာကို လိုအပ်တယ်လို့ ဆိုပါတယ်။

အဆိုပါကားရဲ့ ဘက်ထရီ၊ အကွာအဝေး၊ ပါဝါအကြောင်း အချက်အလက်များ
မသိရသေးပါဘူး။ EQS 580 SUV 4Matic မှာ အမြင့်ဆုံး မြင်းကောင်ရေ (၅၃၆)
ရှိပြီး မော်တာနှစ်ခုသာရှိတာကြောင့် EQG မှာ အပိုမော်တာနှစ်ခုပါတာကြောင့်
ပါဝါပိုမို များပြာလာဖွယ်ရှိပါတယ်။ 350 kW အထိ အားသွင်းနိုင်မယ်လို့ သတင်း
ထွက်ပေါ်နေပြီး 10-80% ကို နာရီဝက်ခန့်ကြာမယ်လို့ ဆိုပါတယ်။

Mercedes-Benz EQG လျှပ်စစ်ကားဟာ (၂၀၂၁) မှာ Concept ကားအဖြစ် ကနဦး
ထုတ်ဖော်ပြသခဲ့ပြီး များမကြာမီပင် ဂျာမန်အမှတ်တံဆိပ်က ထုတ်လုပ်မှုဗားရှင်းကို
စတင်တီထွင်ခဲ့သလို (၂၀၂၄) ခုနှစ်မှာ ထုတ်ဖော်ပြသဖို့ မျှော်လင့်ထားပါတယ်။

Source : insideevs


-Benz
#လျှပ်စစ်ကား

တရုတ်နိုင်ငံမှာ စမ်းသပ်မောင်းနှင်နေတဲ့ Volvo EX30================================တရုတ်နိုင်ငံ လမ်းမပေါ်မှာ စမ်းသပ်မောင်း...
12/01/2023

တရုတ်နိုင်ငံမှာ စမ်းသပ်မောင်းနှင်နေတဲ့ Volvo EX30
================================

တရုတ်နိုင်ငံ လမ်းမပေါ်မှာ စမ်းသပ်မောင်းနှင်နေတဲ့ Volvo EX30 ကြောင့်
လာမယ့် Volvo XC30 ဟာ Volvo ရဲ့ အသေးဆုံး လျှပ်စစ် SUV ဖြစ်ပြီး
ကုမ္ပဏီက တရုတ်နိုင်ငံရဲ့ Eagle-Eyed ကားဝါသနာရှင်များရဲ့ ပုံဖြင့် စမ်းသပ်
ထားတဲ့ ကားတွေထဲက တစ်ခုနဲ့ စမ်းသပ်ဖို့ အဆင့်မြှင့်နေတယ်လို့ သိရပါတယ်။

ကုမ္ပဏီအနေနဲ့ ကားကို ဖုံးကွယ်ထားသော်လည်း နည်းပညာအချို့ကို သိထားပြီ
လို့ ဆိုကြပါတယ်။ Smart #1 နဲ့ Zeekr003 လိုမျိုး တူညီတဲ့ Platform ပေါ်မှာ
အခြေခံထားမှာဖြစ်သလို တူညီသော ဘက်ထရီနဲ့ လျှပ်စစ်မော်တာများကို မျှဝေ
ပေးမှာဖြစ်ပါတယ်။ ဆိုလိုတာက မြင်းကောင်ရေ (၂၇၂) ကောင်အားရှိ RWD
ဒါမှမဟုတ် မြင်းကောင်ရေ (၄၂၈) ကောင်အားရှိ AWD အမျိုးအစားဖြစ်ပါမယ်။

အပြင်ဘက်မှာတော့ မြင့်မားတဲ့ Bonnet Line နဲ့ ရှေ့မီးတစ်စုံပါရှိပြီး နောက်ပိုင်းမှာ
နောက်ဆုံးပေါ် Thor Hammer ရှေ့မီးများနဲ့ အစားထိုးဖွယ်ရှိပါမယ်။

အနောက်ဘက်မှာ ပြောင်မြောက်သောအမိုး Spoiler နဲ့ နောက်ဘက်ပြတင်းပေါက်
အတွက် Wiper တို့ကို အဆင့်မြှင့်တယ်ထားတယ်လို့ သိရပါတယ်။

အတွင်းဘက်မှာတော့ အတော်များများကို ဖုံးကွယ်ထားပြီး ဒေါင်လိုက်ချထားသော
မျက်နှာပြင်လို့ ယူဆရတဲ့ မျက်နှာပြင်တစ်ခုပါရှိတာ တွေ့ရပါတယ်။ အလယ်က
အနည်းငယ်ကျဉ်းသော်လည်း အတွင်းခန်းကတော့ ကျယ်ဝန်းတာ တွေ့ရပါတယ်။

ယခုနှစ်အတွက် ကြေငြာဖို့ Volvo EX30 ကို စမ်းသပ်နေပြီဖြစ်ပြီး အဆုံးသတ်
ထုတ်လုပ်ရေးနဲ့ လျှပ်စစ် SUV စျေးကွက်မှာ ပြိုင်ဆိုင်မှုကို ဘယ်လိုနှိုင်းယှဉ်မလဲဆိုတာ
စိတ်လှုပ်ရှားစရာကောင်းပါတယ်။

Source : arenaev



YangWang Luxury EV Brand ကို မိတ်ဆက်လိုက်တဲ့ BYD==================================ကမ္ဘာပေါ်တွင် အကြီးဆုံး EV ထုတ်လုပ်သူအ...
10/01/2023

YangWang Luxury EV Brand ကို မိတ်ဆက်လိုက်တဲ့ BYD
==================================

ကမ္ဘာပေါ်တွင် အကြီးဆုံး EV ထုတ်လုပ်သူအဖြစ် ထင်ရှားလာတဲ့ တရုတ်ကုမ္ပဏီ
BYD ဟာ Mercedes-Benz, BMW နဲ့ Audi တို့ကို ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့
YangWang ခေါ် Luxury EV Brand ကားအမှတ်တံဆိပ်ကို မိတ်ဆက်လိုက်ပါတယ်။

အဆိုပါ YangWang မှာ U8 ခေါ် ကြမ်းတမ်းတဲ့လမ်းအတွက် EV ဇိမ်ခံကား
SUV တစ်စီးနဲ့ U9 လို့ခေါ်တဲ့ Super Car တစ်စီကို ထုတ်ဖော်ပြသလိုက်ပါတယ်။

YangWang U8 4x4 ကို Ladder Frame Classic ဒီဇိုင်း ဖန်တီးထားပြီး
မြင်းကောင်ရေ (၁၁၀၀) ကျော်၊ အမြင့်ဆုံး Torque 1627 Nm နဲ့
လျှပ်စစ်မော်တာ (၄) လုံးတပ်ဆင်ပေးထားပါတယ်။

ဘက်ထရီနဲ့ အကွာအဝေး အချက်အလက်များ ပြောကြားခြင်းမရှိသော်လည်း
U8 SUV မှာ အဆင့်မြင့် Torque Vectoring ပါဝင်ပြီး 0-100 km/h ကို
(၃) စက္ကန့်အတွင်း အရှိန်တင်နိုင်တယ်လို့ ဆိုပါတယ်။ မော်တာ (၄) လုံး ကြောင့်
Mercedes-Bens EQG လိုမျိုး Tank Turns လုပ်နိုင်တယ်လို့ ကုမ္ပဏီဘက်က
ဆိုပါတယ်။

အတွင်းခန်းပုံများ၊ အလိုအလျောက် မောင်းနှင်နိုင်သောစနစ်များ၊ အသေးစိတ်
အချက်အလက်များနဲ့ စျေးနှုန်းများ မသိသေးသော်လည်း ခန့်မှန်းစျေး ယွမ်တစ်သန်း
(ဒေါ်လာ ၁၄၅,၀၀၀ ဝန်းကျင်) ဖြစ်နိုင်ပြီး လျှပ်စစ် Land Rover Defender ကဲ့သို့
ထိပ်တန်း SUV များကို ယှဉ်ပြိုင်ဖို့ အသွင်အပြင်အားဖြင့် ဖြစ်နိုင်ပါတယ်။

YangWang U9 က U8 SUV နဲ့ တူညီတဲ့ ပါဝါစနစ်ရှိပြီး ဘီးတစ်ခုစီအတွက်
မြင်းကောင်ရေ (၃၂၂) ကောင်နဲ့ စုစုပေါင်း မြင်းကောင်ရေအား (၁၂၈၈) ကောင်အား
ထွက်ရှိမှာဖြစ်ပါတယ်။ 0-100 km/h ကို (၂) စက္ကန့်အတွင်း အရှိန်တင်နိုင်ပြီး ၎င်းဟာ
ခရိုအေးရှားလုပ် Rimac Nevera လို (၁.၈၅) စက္ကန့်အတွင်း တစ်နာရီ မိုင် (၆၀) နှုန်း
ပြေးနိုင်မှာဖြစ်ပါတယ်။

YangWang U9 ရဲ့ စျေးနှုန်းကို မကြေညာသေးသော်လည်း ကုမ္ပဏီအနေနဲ့ ယွမ်သန်းနဲ့ချီတဲ့
စူပါကားအဖြစ် ပြသထားတာကြောင့် U8 SUV နဲ့ စျေးအတူတူ (ဒေါ်လာ ၁၄၅,၀၀၀ ဝန်းကျင်)
ဖြင့် စတင်ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။

BYD အမှတ်တံဆိပ်ခွဲအသစ် YangWang ဟာ ဥရောပဇိမ်ခံကားများနဲ့ ယှဉ်ပြိုင်ရန်
ရည်ရွယ်ထားကြောင်း Financial Times ရဲ့ ဖော်ပြချက်အရ သိရပြီး " ကမ္ဘာ့ဇိမ်ခံကား
စျေးကွက်ရဲ့ အသွင်အပြင်ကို ပြန်လည်ပုံဖော်လိမ့်မယ် " လို့လည်း ဆိုပါတယ်။

ကုမ္ပဏီဘက်က U8 SUV ကို အရင်ထုတ်လုပ်လာနိုင်ပြီး U9 Super Car က
နောက်ပိုင်းမှ ထုတ်လုပ်လာပါမယ်။




CES 2023 မှာ RAM 1500 Revolution BEV Concept ကို ထုတ်ဖော်ပြသ==========================================Stellantis ဟာ CES ...
09/01/2023

CES 2023 မှာ RAM 1500 Revolution BEV Concept ကို ထုတ်ဖော်ပြသ
==========================================

Stellantis ဟာ CES 2023 မှာ ဘက်ထရီ-လျှပ်စစ်ထရပ်ကား စျေးကွက်အတွက်
ကျယ်ဝန်းတဲ့အတွင်းခန်း ထိုင်ခုံများနဲ့ RAM 1500 Revolution BEV အယူအဆ
လျှပ်စစ်ကား Concept ကို ထုတ်ဖော်ပြသလိုက်ပါတယ်။

၎င်းဟာ Ford F-150 Lightning နဲ့ Chevrolet Silverado EV အပါအဝင် အခြား
ဘက်ထရီ-လျှပ်စစ်ထရပ်ကား စျေးကွက်အတွင်း ဝင်ရောက်သူများနဲ့ ယှဉ်ပြိုင်ဖို့
ရည်မှန်းထားပုံရပါတယ်။

ကားရဲ့ဘေးဘက်မှာ ဘေးကြည့်ကင်မရာ၊ ကျောဘက်မှာ အနီရောင်တောက်ပတဲ့
RAM လိုဂိုကို ဖုံးအုပ်ထားတဲ့ LED နောက်မီး (၇) လုံးပါရှိပါတယ်။ အတွင်းဘက်
ထိုင်ခုံ (၅) လုံးပါရှိပြီး (၂၈) လက်မ ဒေါင်လိုက်မျက်နှာပြင်လည်း ပါရှိပါတယ်။

RAM ရဲ့ ဘက်ထရီအချက်အလက်၊ ပါဝါအချက်အလက် မသိရသေးသော်လည်း
အရှေ့နဲ့ အနောက်လျှပ်စစ်မော်တာဖြစ်ပြီး DC အမြန်အား 350 kW 800 V အထိ
အားသွင်းနိုင်မှာဖြစ်သလို (၁၀) မိနစ်ကြာအားသွင်းပါက (၁၆၁) ကီလိုမီတာခန့်
ပြေးနိုင်ပါမယ်။ ဒါ့အပြင် Level 3 အထိ အလိုအလျောက် မောင်းနှင်မှုကို ပံ့ပိုး
ပေးမယ့် STLA အခြေခံ 159 kWh Battery Packs ပါဝင်နိုင်မယ်လို့ ဆိုပါတယ်။

ထုတ်လုပ်ရေးကိုတော့ လာမယ့် ၂၀၂၄ ခုနှစ် (သို့) ၂၀၂၃ ခုနှစ် နှစ်ကုန်မှာ ဖြစ်လာနိုင်ပါတယ်။



Xiaomi ရဲ့ ပထမဆုံးလျှပ်စစ်ကားကို တရုတ်နိုင်ငံ လမ်းမပေါ်မှာ တွေ့ရှိ=========================================Xiaomi ဟာ ပထမ...
07/01/2023

Xiaomi ရဲ့ ပထမဆုံးလျှပ်စစ်ကားကို တရုတ်နိုင်ငံ လမ်းမပေါ်မှာ တွေ့ရှိ
=========================================

Xiaomi ဟာ ပထမဆုံးလျှပ်စစ်ကားကို လုပ်ဆောင်နေတယ်ဆိုတာ တရားဝင်
ကြေညာထားပြီးပြီဖြစ်သလို ယခုအခါ Xiaomi ရဲ့ လျှပ်စစ်ကားကို တရုတ်နိုင်ငံ
လမ်းမပေါ်မှာ ဖုံးအုပ်ထားတဲ့ပုံစံနဲ့ တွေ့မြင်လာရပါတယ်။

Weibo အသုံးပြုသူတစ်ဦးက " ဒါဟာ ဖုံးကွယ်ထားတဲ့ Xiaomi လျှပ်စစ်ကား
လုံး၀ သေချာတယ်၊ ခေါင်းမိုးပေါ်မှာ LiDAR တစ်ခု၊ ကားရဲ့ဘယ်ဘက်ခြမ်းမှာ
LiDAR နောက်တစ်ခု၊ အဝါရောင် ဘရိတ်ကလစ်ပါတွေနဲ့ Xiaopen P7 နဲ့ ဆင်တူတဲ့
မျဉ်းကြောင်းတစ်ခု " ဆိုပြီး ရေးသားတင်ခဲ့ပါတယ်။

Xiaomi အနေနဲ့ လျှပ်စစ်ကားထုတ်လုပ်မယ်လို့ ကြေညာထားတာ (၁) နှစ်ကျော်
ကြာပြီဖြစ်သလို Tesla Model 3 နဲ့ အပြိုင် (၂၀၂၄) ခုနှစ်မှာ ဒေါ်လာ (၄) သောင်း
အောက်နဲ့ ရောင်းချမှာဖြစ်ပြီး တိကျစွာပြောဆိုရရင်တော့ အခွန်မပါဝင်ဘဲဆိုရင်
ယူရို (၁၂,၀၀၀) နဲ့ (၃၈,၀၀၀) ကြား ရှိမယ်လို့ သိရပါတယ်။

တရုတ်မီဒီယာ LatePost ရဲ့အဆိုအရ Xiaomi ဟာ လျှပ်စစ်ကားမော်ဒယ် (၂) မျိုးကို
ထုတ်လုပ်လျက်ရှိပြီး ပထမမော်ဒယ်ကို Modena နဲ့ ဒုတိယမော်ဒယ်ကို Le mans လို့
နာမည်ပေးထားပါတယ်။

Modena က အလယ်အလတ်တန်းစား Fastback Sedan ကို ဗားရှင်း (၂) မျိုးနဲ့ ရနိုင်ပြီး
စျေးနှုန်းအားဖြင့် ဒေါ်လာ (၃၇,၉၀၀) မှ (၄၃,၈၀၀) ကြား ရှိမယ့် ပထမဗားရှင်းကို BYD မှ
လီသီယမ် ဘက်ထရီအသုံးပြုထားပြီး ၅ မီလီမီတာ လှိုင်းရေဒါ နဲ့ ကင်မရာတို့ ပံ့ပိုးထားတဲ့
အလိုအလျောက်မောင်းနှင်ခြင်းစနစ်ပါရှိပါမယ်။ စျေးနှုန်း ဒေါ်လာ (၅၁,၀၀၀) မှ စတင်တဲ့
ဒုတိယဗားရှင်းက CATL မှ Qilin ဘက်ထရီကို အသုံးပြုထားပါမယ်။ အဆိုပါ ဗားရှင်း
(၂) မျိုးလုံးက Qualcomm ရဲ့ Snapdragon 8295 Chip ကို အသုံးပြုထားမှာဖြစ်ပြီး
ဒုတိယဗားရှင်းမော်ဒယ်ကိုတော့ ဒီနှစ်ကုန်လောက်မှာ ထုတ်ဖော်ပြသနိုင်မယ်လို့
အစီရင်ခံစာက ဆိုပါတယ်။

Le mans ဆိုတဲ့ ဒုတိယမော်ဒယ်ကတော့ ပုံစံတူဗိသုကာလက်ရာများ အသုံးပြုမှာဖြစ်ပြီး
(၂၀၂၅) မှာမှ ထွက်ရှိလာမယ်လို့ သိရပါတယ်။ Xiaomi အနေနဲ့ (၂၀၂၁) ခုနှစ် မတ်လမှာ
လျှပ်စစ်ကားလုပ်ငန်းအတွက် ဒေါ်လာ (၁၀) ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး ပထမဆုံး
မော်ဒယ်ကို (၂၀၂၄) ခုနှစ်မှာ အလုံးအရင်းဖြင့် ထုတ်လုပ်ဖို့ မျှော်လင့်ထားတယ်လို့
သိရပါတယ်။

ကားရဲ့ နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး အလိုအလျောက်မောင်းနှင်ခြင်းစနစ် အတွက်
LiDAR ကို အခြေခံထားတဲ့ Xiaomi Pilot ကို အသုံးပြုထားတယ်ဆိုတဲ့ အချက်ပဲ
သိရပါသေးတယ်။ တရုတ် Website 36kr က CATL မှ Qilin ဘက်ထရီအသစ်ဟာ
အားတစ်ကြိမ်သွင်းရုံနဲ့ (၁၀၀၀) ကီလိုမီတာအကွာအဝေး (CLTC Standrad) သို့
ရောက်နိုင်တယ်လို့ (၂၀၂၂) ခုနှစ် ဩဂုတ်လက အခိုင်အမာဆိုထားပါတယ်။

ယခုဆို နည်းပညာမြင့်အမှတ်တံဆိပ်ထဲက Xiaomi နဲ့ Sony ကတော့ လျှပ်စစ်ကား
စျေးကွက်ထဲကို ဝင်ရောက်လာခဲ့ပြီး Sony က (၂၀၂၆) ခုနှစ်မှာ စတင်ရောင်းချဖို့
စီစဉ်ထားပါတယ်။

Source : LatePost , gettotext , weibo



လျှပ်စစ်ကားစျေးကွက်ကို Afeela နာမည်ဖြင့် ဝင်ရောက်လာတဲ့ Sony =======================================Sony ဟာ Honda နဲ့ ပူး...
05/01/2023

လျှပ်စစ်ကားစျေးကွက်ကို Afeela နာမည်ဖြင့် ဝင်ရောက်လာတဲ့ Sony
=======================================

Sony ဟာ Honda နဲ့ ပူးပေါင်းပြီး လျှပ်စစ်ကားအမှတ်တံဆိပ် Afeela
အတွက် ဖက်စပ်လုပ်ကိုင်မယ်ဆိုပြီး CES 2023 မှာ ကြေညာလိုက်ပါတယ်။

ကုမ္ပဏီနှစ်ခုရဲ့ ဖက်စပ်လုပ်ငန်းဟာ (၂၀၂၆) ခုနှစ် မြောက်အမေရိက
စျေးကွက်မှာ လျှပ်စစ်ကားများထုတ်လုပ်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ်အစောပိုင်းမှာ Sony ဟာ လျှပ်စစ်ကားများ ထုတ်လုပ်ခြင်း၊
ရောင်းချခြင်းအတွက် ရှင်းလင်းသော ရည်ရွယ်ချက်ဖြင့် Honda နှင့် ဖက်စပ်
လုပ်ငန်းတစ်ခု ဖန်တီးနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

CES 2023 မိတ်ဆက်ပွဲမှာတော့ Sony ဟာ Afeela လို့ခေါ်တဲ့ ရှေ့ပြေး EV ပုံစံကို
ထုတ်ဖော်ပြသခဲ့ပါတယ်။ အဆိုပါ Afeela အမှတ်တံဆိပ်ဟာ ဖက်စပ်လုပ်ငန်းရဲ့
ပထမဆုံးအလုံးအရင်းဖြင့် ထုတ်လုပ်သော လျှပ်စစ်ကားတွင် ပေါ်လာမှာ
ဖြစ်ပြီး (၂၀၂၆) ခုနှစ် မြောက်အမေရိကမှာ ထုတ်လုပ်မယ်လို့ ဆိုပါတယ်။

အမှတ်တံဆိပ်အကြောင်း အသေးစိတ်မသိသေးသော်လည်း Sony Honda Mobility
ရဲ့ အမှုဆောင်အရာရှိချုပ်က အဆိုပါလျှပ်စစ်ကားဟာ Sony ရဲ့ အတွေ့အကြုံကို AI ,
ဖျော်ဖြေရေး၊ Virtual Reality နဲ့ Augmented Reality နဲ့အတူ ထူးခြားတဲ့ EV များ
အတွက် စွမ်းဆောင်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကင်မရာများ၊ ရေဒါ၊ Ultrasonic နဲ့ LiDAR အပါအဝင် အာရုံခံကိရိယာ ၄၀ ကျော်ဖြင့်
ယာဉ်အပြင်ပိုင်းတစ်လျှောက် ထည့်သွင်းထားပြီး အရာ၀တ္ထုများကို သိရှိနိုင်မှုနဲ့ အလို
အလျောက် မောင်းနှင်နိုင်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်မယ်လို့ သိရပါတယ်။

Sony-Honda ကားများကို အမေရိကန်ပြည်ထောင်စုရှိ Honda ရဲ့ စက်ရုံ (၁၂) ရုံမှာ
ထုတ်လုပ်သွားမှာဖြစ်ပြီး (၂၀၂၆) ခုနှစ်မှာ ပထမဆုံးရောင်းချမယ်လို့ဆိုပြီး နောက်ပိုင်း
ဂျပန်နဲ့ ဥရောပတို့မှာ ရောင်းချသွားမှာဖြစ်ပါတယ်။ ကြိုတင်မှာယူမှုများကိုတော့
(၂၀၂၅) ခုနှစ်မှာ ဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Source : TheVerge



Tesla လျှပ်စစ်ကားဖြင့် သတ်သေရန် ကြိုးစားခဲ့တဲ့သူ================================အသက် (၄၁) နှစ်အရွယ် ကယ်လီဖိုးနီးယား အမျိ...
05/01/2023

Tesla လျှပ်စစ်ကားဖြင့် သတ်သေရန် ကြိုးစားခဲ့တဲ့သူ
================================

အသက် (၄၁) နှစ်အရွယ် ကယ်လီဖိုးနီးယား အမျိုးသားတစ်ဦးဟာ
၎င်းရဲ့ ဇနီး၊ ကလေး (၂) ဦးနဲ့အတူ ပစိဖိတ်ကမ်းရိုးတန်း အဝေးပြေး
လမ်းမပေါ်ရှိ ချောက်ကမ်းပါးတစ်ခုမှ သတ်သေရန် ကြိုးစားခဲ့သော်လည်း
အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ဒဏ်ရာများနဲ့ အဆုံးသတ်ခဲ့တယ်လို့
သိရပါတယ်။

စီးနင်းလိုက်ပါသူ လေးဦးစလုံးဟာ ဆန်ဖရန်စစ္စကိုမြို့ တောင်ဘက်
မိုင် (၂၀) ခန့်အကွာရှိ Devil's Slide လို့သိကြတဲ့ ကျောက်ဆောင်
ကမ်းခြေတစ်ခုသို့ ပေ ၂၅၀ မှ ၃၀၀ ကြား ထိုးကျသွားပြီး လေးဦးစလုံး
အသက်ရှင်ကြောင်း ကယ်လီဖိုးနီးယား အဝေးပြေးကင်းလှည့်အဖွဲ့က ဆိုပါတယ်။

" ယာဉ်ပျက်စီးမှုက ဝင်တိုက်တာကို ညွှန်ပြပြီး အကြိမ်ပေါင်းများစွာ လှန်လိုက်သလို
ဖြစ်သွားတယ် " လို့ Cal Fire's Coastside Fire Protection District မှ တပ်ရင်းမှုး
Brian Pottenger က ပြောကြားခဲ့ပါတယ်။

ယာဉ်မောင်းဖြစ်သူ ဖခင်မှာ ကလေးသူငယ် လူသတ်မှုနဲ့ ဘက်ထရီမှုဖြင့်
ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။

Source : CNN


Address


Alerts

Be the first to know and let us send you an email when EV Car Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share