Update News Today

  • Home
  • Update News Today

Update News Today Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Update News Today, Media/News Company, .
(3)

ပန်းဆိုးတန်း-ဒလမြစ်ကူး ချယ်ရီသင်္ဘောပေါ်၌ ဗုံးပေါက်ကွဲမှုဖြစ် ထိခိုက်ဒဏ်ရာရသူများပြားရန်ကုန်-ဒလ ပြေးဆွဲပေးနေသည့် ချယ်ရီသ...
18/12/2022

ပန်းဆိုးတန်း-ဒလမြစ်ကူး ချယ်ရီသင်္ဘောပေါ်၌ ဗုံးပေါက်ကွဲမှုဖြစ် ထိခိုက်ဒဏ်ရာရသူများပြား

ရန်ကုန်-ဒလ ပြေးဆွဲပေးနေသည့် ချယ်ရီသင်္ဘောပေါ်တွင် ဒီဇင်ဘာ ၁၈ ရက်(ယနေ့)ည ၇ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ကနဦး သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် သင်္ဘောပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များအနက် ခရီးသည် ၁၇ ဦးခန့်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းများမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဆေးရုံကား ၃ စီးထက်မနည်း လေတပ်ထဲသို့ ...
17/12/2022

မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဆေးရုံကား ၃ စီးထက်မနည်း လေတပ်ထဲသို့ ဝင်သွား

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို မနေ့ည ၈ နာရီ ၄၀ မိနစ်အချိန်မှစတင်၍ ရှော့တိုက်ဒုံး ၅ လုံးဖြင့် တိုက်ခိုက်ကြောင်း ရန် ကုန် မြို့ပြ ပျောက်ကျား UG တပ်ဖွဲ့တစ်ခုက ပြောသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်မှစတင်၍ မင်္ဂလာဒုံ လေ တပ် စခန်း ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပေါက်ကွဲသံ ၃ ချက် အလွန်ကျယ်လောင်စွာ ကြားရကြောင်း ဒေသပြည်သူများ က ပြောသည်။

"ည ၈ နာရီ ၄၁ မိနစ်မှာ ဗုံးကွဲသံနဲ့အတူ အိမ်ကို ခဲတွေတောင်လာမှန်ပါတယ်။ ‌ လေယာဉ်ကွင်း ပတ်လမ်းဘေးရပ်ကွက်က အရမ်းကို ကျယ်တဲ့ အသံကို ကြားရ တာ။ ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ အလင်းရောင်တွေတောင် ဖြာ ထွက်သွား တယ်။ လေယာဉ်ကွင်းဘေးက အိမ်တွေကို ခဲတွေ ခေါင်မိုးပေါ် မိုးရွာသလို ကျ လာ တာ။ လေတပ် ထဲကို လှမ်းပစ်တာ လို့ကြားရတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့ပြပျောက်ကျား UG တာဝန်ရှိသူကမူ မင်္ဂလာဒုံလေတပ် စခန်းဌာန ချုပ် ထဲသို့ ရှော့တိုက်ဒုံး ၁၀၇ မမ ၅ လုံး တစ်ပြိုင်နက်တည်း ပစ်ခတ်ခဲ့ခြင်း ဖြစ် ပြီး ရှော့တိုက်ဒုံး ၅ လုံး တစ်ပြိုင်နက်တည်း ကျရောက်ခြင်းဖြစ်ကြောင်း ပြော ဆိုသည်။

"ည ၈ နာရီ ၄၁ မိနစ်မှာ ရှော့တိုက်ဒုံး၅ လုံး တစ်ပြိုင်နက်တည်း ပစ်တာ။ ၅ လုံး က တစ်ပြိုင်နက်တည်း ကျတယ်၊ ပေါက်ကွဲတယ်။ ပေါက်ကွဲသံ ၃ ချက်ကြားရ ပေ မယ့် ၅ လုံး စလုံး တစ်ပြိုင်နက်တည်းပေါက်တာပါ" ဟု ရန်ကုန်မြို့ပြ UG တာဝန်ရှိ သူက ပြောသည်။

"ခွေးတွေတော်တော်ထိသွားတယ်ထင်တယ်။ အခု ဆေးရုံကားတွေ တောက် လျှောက်ပဲ ဝင်နေတယ်။ အခုအသံကြားတာတင် ဆေးရုံကား ၃ စီးရှိနေပြီ" ဟု လေဆိပ်အနီး နေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် မင်္ဂလာဒုံလေတပ်စခန်းနှင့် လေဆိပ်ဘက်တွင် စစ်ကောင်စီ ဘက်က စစ်ကား၊ ရဲကားများ အလုံးအရင်းဖြင့် ဝင်ရောက်နေပြီး ရှာဖွေစစ် ဆေးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

လျှပ်စစ်မီး တနိုင်ငံလုံးအတိုင်းတာနဲ့ ခွဲဝေ ဖြန့်ဖြူးရေးမှာ ၂၄နာရီမီးရရှိနိုင်ရန် ဆေးရုံ တက္ကသိုလ် အရေးကြီးဌာနဆိုင်ရာနဲ့ ...
09/12/2022

လျှပ်စစ်မီး တနိုင်ငံလုံးအတိုင်းတာနဲ့ ခွဲဝေ ဖြန့်ဖြူးရေးမှာ ၂၄နာရီမီးရရှိနိုင်ရန် ဆေးရုံ တက္ကသိုလ် အရေးကြီးဌာနဆိုင်ရာနဲ့ ဘုရားစေတီဲများမှကလွဲပြီး

တစ်ရက်ကို ၃ နာရီ နဲ့ ၆နာရီကြားတောင် မီးရနိုင်ဖို့ မသေချာ

နမ့်ဆန်တွင် စစ်ကောင်စီတပ်ကို TNLA ဝိုင်းပတ်ပိတ်ဆို့ထားရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတ...
08/12/2022

နမ့်ဆန်တွင် စစ်ကောင်စီတပ်ကို TNLA ဝိုင်းပတ်ပိတ်ဆို့ထား

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များက ဝိုင်းပတ်ပိတ်ဆို့ထားကြောင်း တိုက်ပွဲဖြစ်ပွားရာ ဒေသသတင်းရင်းမြစ်များနှင့် စောင့်ကြည့်လေ့လာနေသူများထံမှ စုံစမ်းသိရရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၇ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် နမ့်ဆန်မြို့နယ် အနောက်မြောက်ဘက်ရှိ ကုန်းသာ၊ ဟူးမန်းနှင့် ပိန်းလုံရွာများသို့ ရဟတ်ယာဉ် ၅ စီးဖြင့် ရောက်လာကာ စစ်သား ၂၀၀ ခန့်ဖြင့် အဆိုပါရွာများအား ဝင်ရောက် စီးနင်းခဲ့သည်။

စီနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကျေးရွာအတွင်းရှိ TNLA တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၈ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို TNLA တပ်ဖွဲ့များက ဝိုင်းပတ်ပိတ်ဆို့ထားခြင်း ဖြစ်ကြောင်း နမ့်ဆန်မြို့နယ်ရှိ ဒေသခံ အမျိုးသားတဦးက ပြောသည်။

TNLA သတင်းနှင့် ပြန်ကြားရေဌာနမှ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်ကလည်း တိုက်ပွဲမှာ ၂ ရက်ဆက်တိုက်ဖြစ်နေပြီး ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းတွင် စစ်ကောင်စီဘက်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပြောသည်။

၎င်းက “မနေ့က နေ့လည် ၁ နာရီခွဲကျော်လောက်ကစပြီး နမ့်ဆန်ဘက်က ဟူးမန်းရွာရယ်၊ ကုန်းသာရွာရယ်။ စစ်တပ်ဘက်က ရဟတ်ယာဉ်တွေ ၅ စီးနဲ့ လူတွေလာချတယ်။ ကျနော်တို့လူတွေနဲ့ ကုန်းသာရွာမှာ တိုက်ပွဲစဖြစ်တယ်။ တိုက်ပွဲက မနေ့က ၂ နာရီခွဲကျော်ကနေ တောက်လျှောက် ဖြစ်တယ်။ ညလုံးနီးပါးအထိပဲ ။

ဒီမနက်က ၄ နာရီလောက်ကျမှ ပြန်ငြိမ်တာပေါ့။ တိုက်ပွဲဖြစ်ပြီးနောက် ၃ နာရီခွဲ ၄ နာရီမှာ ရဟတ်ယာဉ်တွေနဲ့ တကြိမ်လာပစ်တယ်။ ည ၁၀ နာရီလောက်မှာ တကြိမ် လာပစ်တယ်။ လက်နက်ကြီးက မန်တုံ တပ်စခန်းဘက်ကရော ၊ နမ့်ဆန် တပ်စခန်းဘက်ကရော တောက်လျှောက်ပစ်တယ်။ ကုန်းသာရွာမှာတော့ နေအိမ်တချို့မီးလောင်သွားတယ်။ ထိခိုက်ကျဆုံးမှုတွေကတော့ မသိရသေးဘူး” ဟု ဆိုသည်။

လတ်တလောတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် TNLA တပ်ဖွဲ့ဝင်များသည် တဖက်နှင့် တဖက်စောင့်ကြည့်နေပြီး ပစ်ခတ်မှုများ ဆက်ဖြစ်နေကြောင်း ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ရှင်းပြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် TNLA တပ်ဖွဲ့ဝင်များ၏ စိုးမိုးနေရာအား အလစ်အငိုက်လာရောက် တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များလာရောက် တိုက်ခိုက်သည့်နေရာသည် TNLA ၏ ဌာနချုပ်နေရာမဟုတ်ကြောင်းဆိုသည်။

ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က “ခေါင်းဆောင်တွေနေတဲ့နေရာတော့မဟုတ်ဘူး။ ကျေးရွာမှာ ရွာနဲ့အပြိုင် ကျနော်တို့တပ်စခန်းရှိတယ်။ တပ်ဖွဲ့က ကျေးရွာမှာရှိတဲ့အချိန် သူတို့က လေယာဉ်နဲ့ လာချတဲ့အခါမှာ တိုက်ပွဲ ဖြစ်ပွားတာဖြစ်တယ်။ သူတို့ ဘက်က ထိုးစစ်ဆင်မှုများလာရင်တော့ တိုက်ပွဲက ပိုပြီးပြင်းထန်လာမှာ ဖြစ်တယ်” ဟု ဆိုသည်။

တိုက်ပွဲများကြောင့် ၂ ဖက်ထိခိုက်မှုအခြေအနေကိုမူ လတ်တလောအတည်မပြုနိုင်သေးကြောင်း TNLA ဘက်က ပြောသည်။ နမ့်ဆန်မြို့နယ်ရှိ ဒေသခံ အမျိုးသားတဦးကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိတွင် ကုန်းသာ ၊ ဟူးမန်းနှင့် ပိန်းလုံရွာများတွင် ခြေကုပ်စခန်းတည်ဆောက်နိုင်ရန် ကြိုးပမ်းနေပြီး ရွာသူရွာသား ရာဂဏာန်းခန့်သည်လည်း အဆိုပါရွာများအတွင်း ပိတ်မိနေကြောင်းဆိုသည်။

၎င်းက “အဲဒီရွာတွေက TNLA စိုးမိုးနယ်မြေ ဆိုတဲ့ အတိုင်း TNLA ဘက်က ကျွမ်းကျွမ်းကျင်ကျင် စစ်ရေး ကစားနိုင်တယ်။ လက်ရှိမှာတော့ ရွာသားတွေ ပိတ်မိနေတယ်။ မနေ့တုန်းက စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီး TNLA ဘက်က ပစ်ခတ်လို့ ထိခိုက်သွားတာရှိတယ်” ဟု ပြောသည်။

နမ့်ဆန်က TNLA တပ်စခန်းကို စစ်ကောင်စီ ထိုးစစ်ဆင်နေ ဒီဇင်ဘာ ၇၊ ၂၀၂၂ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း (ပလောင်) ကိုယ်ပိုင်အုပ...
07/12/2022

နမ့်ဆန်က TNLA တပ်စခန်းကို စစ်ကောင်စီ ထိုးစစ်ဆင်နေ

ဒီဇင်ဘာ ၇၊ ၂၀၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း (ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့များရှိရာ ဟူမန်းရွာကို ယနေ့ နေ့လယ် ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီက ရဟတ်ယာဉ် ၅ စီးဖြင့် ရောက်လာပြီး လျှပ်တပြက် ထိုးစစ်ဆင်ကာ တိုက်ခိုက်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ထို့နောက် ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ နမ့်ဆန်မြို့မှ လက်နက်ကြီး ပစ်ကူများဖြင့် တိုက်ခိုက်နေခဲ့သလို ယခုအချိန်ထိလည်း တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်း (ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ ဟူမန်း၊ မန်လုံ (ဘန်လုံး) ကျေးရွာဘက်များတွင်လည်း တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကို TNLA ဘက်က ခုခံထားနိုင်နေကြောင်း

ယခုလို စစ်ကောင်စီဘက်က TNLA ကို ထိုးစစ်ဆင်ကာ စစ်မျက်နှာ ဖွင့်လှစ်လိုက်ခြင်းသည် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဖြစ်သော ရက္ခိုင့်တပ်တော် (AA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် TNLA တို့၏ ပူးပေါင်းစစ်ဆင်ရေးကို ကြိုတင်ဟန့်တားလိုခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယခု တိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်နှင့် မိုင်းအိုက်ကျော်တို့ကို ဆက်သွယ်နေသော်လည်း ဖုန်းအဆက်အသွယ် မရရှိသေးပေ။

ဓာတ်ပုံ - TNLA တပ်ဖွဲ့ဝင်များ


TNLA တပ် နှင့် စစ်ကောင်စီတပ် တိုက်ပွဲ ပြင်းထန်နေ7 December 2022TNLA တပ် နှင့် စစ်ကောင်စီတပ်ကြား ရှမ်းပြည်မြောက်ပိုင်း နန...
07/12/2022

TNLA တပ် နှင့် စစ်ကောင်စီတပ် တိုက်ပွဲ ပြင်းထန်နေ

7 December 2022

TNLA တပ် နှင့် စစ်ကောင်စီတပ်ကြား ရှမ်းပြည်မြောက်ပိုင်း နန့်ဆန်မြို့နယ် ဟိုဖန်း၊ ဟိုမန်း၊ မန်ဖတ် စသည့် ကျေးရွာဒေသများတွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်မှစ၍ တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဂျက်လေယာဉ်နှင့် ရဟတ်ယာဉ်များဖြင့်လည်း တိုက်ခိုက်နေကြောင်း သိရသည်။

TNLA နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားမှု လနှင့်ချီရပ်တန့်နေရာမှ ယနေ့ ပြန်လည်ဖြစ်ပွားလာခြင်း ဖြစ်သည်။

06/12/2022

ယခုည ဖားကန့်အခြေနေ

၆.၁၂.၂၀၂၂

06/12/2022

လောက်ကိုင်မှာ တိုက်ပွဲ ပြင်းထန်လာမယ်ဆိုတဲ့ သတင်းပျံ့နေပြီး နေရပ်ပြန်သူတွေရှိနေ

ဒီဇင်ဘာ ၆၊ ၂၀၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မှာ တပ်နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲပြင်းထန်လာနိုင်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေတာကြောင့် ထိတ်လန့်စိုးရိမ်နေကြပြီး ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့မှာတော့ အဲဒီမှာ သွားရောက် အလုပ်လုပ်ကိုင်သူတွေ နေရပ်ပြန်ကြပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဂိတ်ကတော့ ပုံမှန်ဈေးပဲ။ ကားတွေက မရှိတော့ ဘူးဗျ။ လောက်ကိုင်နဲ့ လားရှိုး ကားခ မှာ ပုံမှန် ဈေး ၅ သောင်း ဖြစ်ပြီး လက်ရှိမှာလည်း ဂိတ်ကတော့ ပုံမှန်ဈေးပါပဲ၊ တခြား အပြင်မှာ ပေါက်ဈေးတော့ မသိဘူး"လို့ ကားဂိတ် ဝန်ထမ်း ၁ ဦး က ပြောပါတယ်။

လောက်ကိုင်မှာ အလုပ်လုပ်ကိုင်နေသူ လူငယ် အမျိုးသမီး တဦးကတော့ "အခုတော့ ဘာမှ မဖြစ်ပါဘူး။ တိုက်ပွဲ ဖြစ်လာနိုင်တယ်လို့တော့ ပြောနေကြတာပဲ။ ပြန်တဲ့သူတွေလည်း ပြန်၊ လာတဲ့သူတွေလည်း လာနေကြတာပဲ"လို့ ပြောပါတယ်။

"ဘာမှမဖြစ်ပါဘူး။ ပြောတော့ပြောနေကြတာပဲ။ သွားလို့ လာလို့ ရပါတယ်။"လို့ ချင်းရွှေဟော်မှ အစိုးရဝန်ထမ်း ၁ ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ လကုန်ပိုင်းမှာတော့ ချင်းရွှေဟော်အနီး နမ့်ဖာ ဆိုတဲ့ တောင်ကြောဘက်မှာ တပ်နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ကိုးကန့် သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဒေသခံတွေနဲ့ တခြားနေရပ်ဒေသက အလုပ်လာရောက် လုပ်ကိုင်သူတွေက ၂၀၁၅ ကလို တိုက်ပွဲပြင်းထန်လာမှာ စိုးရိမ်နေကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဦးခေါင်းခွံတစ်ခြမ်းမရှိတော့တဲ့ ကိုစောမူးနေဆေး ခွဲစိတ်ကုသမှုအောင်မြင်၊ လက်ရှိတွင် ထန်းတပင်ရှိ နေအိမ်၌ ဆေးဝါးကုသမှု ဆက်လက်...
03/12/2022

ဦးခေါင်းခွံတစ်ခြမ်းမရှိတော့တဲ့ ကိုစောမူးနေဆေး ခွဲစိတ်ကုသမှုအောင်မြင်၊ လက်ရှိတွင် ထန်းတပင်ရှိ နေအိမ်၌ ဆေးဝါးကုသမှု ဆက်လက်ခံယူနေ

ဦးခေါင်းခွံတစ်ခြမ်းမရှိတဲ့ ကံအကောင်းဆုံးလူသား ကိုစောမူးနေဆေး၏ ခွဲစိတ်ကုသမှုအောင်မြင်၊ လက်ရှိတွင် ထန်းတပ....

30/10/2022

တောင်ကိုရီးယားနိုင်ငံ Halloween ပွဲတော်မှာ
လူအထပ်လိုက်ပိကုန်တာ ဆွဲထုတ်လို့တောင်မရဘူးတဲ့

လူတစ်ရာကျော်နှစ်ရာနီးပါးသေရတဲ့ဖြစ်ရပ်==================တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့အနီး Itaewon အီထယ်ဝေါန်းတွင် အေ...
30/10/2022

လူတစ်ရာကျော်နှစ်ရာနီးပါးသေရတဲ့ဖြစ်ရပ်
==================
တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့အနီး Itaewon အီထယ်ဝေါန်းတွင် အောက်တိုဘာလ ၂၉ ရက်နေ့ည ၂၃:၃၀ ချိန်ခန့်က ဟောလိုးဝင်းပါတီပွဲကျင်းပသည့်ပွဲတွင်လူပေါင်းထောင်သောင်းမက ကြက်ပျံမကျ တိုးဝှေ့သွားလာကြရင်း လူအရမ်းများတာကြောင့် အောက်စီဂျင်ပြတ်လပ်ကာ လဲကျသေဆုံးသူတွေ ၁၀၀ ကျော်နီးပါးရှိပြီး ဒဏ်ရာရရှိသူတွေလည်းများပြားနေတာကြောင့်ကယ်ဆယ်ရေးအဖွဲ့တွေ အရေးပေါ်အခြေအနေသတ်မှတ်ထားပါတယ် ။

အဆိုပါပွဲကို အောက်တိုဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၃ ရက်တာကျင်းပတာကြောင့်လူအစည်ကားဆုံးပွဲတော်ဖြစ်သလို ယခုဖြစ်စဉ်မှာတော့ ကိုးရီးယားနိုင်ငံရဲ့ အဆိုးဝါးဆုံး လူအစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်ပြီး ဗီဒီယိုရုပ်သံဖိုင်တွေမှာတော့ကမ္ဘာပျက်မတတ် ကြောက်လန့်အော်ဟစ်တိုးဝှေ့နေကြပြီးသေဆုံးသူများရဲ့ရုပ်အလောင်းတွေကို ချက်ချင်းသယ်မထုတ်နိုင်သေးဘဲ လမ်းဘေးမှာ အဝတ်တွေနဲ့တန်းစီဖုံးအုပ်ထားကြတာကိုစိတ်မကောင်းစွာမြင်တွေ့ရသည် ။

ဒဏ်ရာရရှိသူတွေ ၁၀၀ ကျော်ရှိနေပြီး အခင်းဖြစ်ပွါးတဲ့နေရာမှာတင်သေဆုံးသူရုပ်အလောင်း ၅၀ ခန့်ရှိနေပြီဟုသိရ ။

ယခုထက်ထိမြေအောက်ရထားသွားလမ်းအတက်အဆင်းလမ်းများနှင့်လမ်းမများတွင် လူအုပ်ကြီးများကတိုးဝှေ့အော်ဟစ်နေကြဆဲမို့ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တွေနဲ့ကယ်ဆယ်ရေးဝန်ထမ်း ၄၀၀ လည်းအတော်ကလေးအလုပ်ရှုပ်နေကြပါတယ် ။ Tay ဆုံးသူတွေဟာမည်သူမည်ဝါဖြစ်ကြကြောင်းမထုတ်ပြန်နိုင်သေးပါ ။

Tay ဆုံးသူတွေနောက်ထပ်တိုးလာမှုရှိ / မရှိတော့မသိရှိရသေးပါ ၊ အဆိုပါပွဲကိုကိုးရီးယားရောက်မြန်မာနိုင်ငံသားတွေလည်းသွားရောက်ခဲ့ကြတာတွေလည်းရှိပါတယ် ။

ဦးသက်(ရွှေမိုးသောက်)

news&Photo -Crd

တောင်ကိုရီးယားနိုင်ငံ Itaewonမှာ Halloween ပွဲတော် လာရောက်ဆင်နွှဲကြသူ များပြားလို့ယခုလက်ရှိ အောက်စီဂျင်ပြတ်ကာ Tayyဆုံးသူ...
29/10/2022

တောင်ကိုရီးယားနိုင်ငံ Itaewonမှာ Halloween ပွဲတော် လာရောက်ဆင်နွှဲကြသူ များပြားလို့
ယခုလက်ရှိ အောက်စီဂျင်ပြတ်ကာ Tayyဆုံးသူ 50 ကနေ 100ကျော်အထိ ရှိလာနိုင်ပါတယ် အစိုးရကလည်း အရေးပေါ်အခြေအနေ ကြေငြာထားလိုက်ပြီဖြစ်ကြောင်းသိရ

မြန်မာနိုင်ငံကို အကြမ်းဖက်မှုနှင့် ကမ္ဘာ့ငွေကြေးခဝါချမှုဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာအပြီး နာရီပိုင်းအတွင်း ညတွင်းခ...
22/10/2022

မြန်မာနိုင်ငံကို အကြမ်းဖက်မှုနှင့် ကမ္ဘာ့ငွေကြေးခဝါချမှုဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာအပြီး နာရီပိုင်းအတွင်း ညတွင်းချင်း ကျပ်ငွေတန်ဖိုး ထိုးကျပြီး‌ ဒေါ်လာတန်ဖိုးတက်လာ၊ ဒေါ်လာဝယ်လိုအား ရုတ်တရက် မြင့်တက်ပြီး ကြိုက်ရောင်းကြိုက်ဝယ်စျေးဖြစ်နေဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၂

ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ကြီး (FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာကြောင်း FATF ဥက္ကဋ္ဌT. Raja Kuma က ယခုညပိုင်းတွင် တရားဝင် ထုတ် ပြန်ကြေညာပြီးနောက် နာရီပိုင်းအတွင်း ကျပ်ငွေတန်ဖိုး ထိုးကျပြီး ဒေါ်လာတန်ဖိုး တက်လာကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

"စျေးကွက်တွေလည်း ပိတ်နေပြီ။ အချင်းချင်းရောင်းဝယ်တာတွေရှိနေတယ်။ ဒေါ်လာ တန်ဖိုး စတက်ပြီ။ ဒေါ်လာ ဝယ်လိုအား ရုတ်တရက် တက်လာတာ။ လန့်တက် တက်တာ လို့ ပြောလို့ရသလို ရေရှည်မှာ ကျပ်ငွေ တန်ဖိုးထိုးကျမှာဖြစ်လို့ အဲဒါ အရောင်းအဝယ်တွေ လုပ်နေကြတာ။ ဒါမျိုးက မဖြစ်ဖူး၊ မကြုံဖူးသေးဘူး။ စျေးကတော့ ရောင်းသူ ဝယ်သူ ညှိလုပ်ကြတယ်။ သန်းခေါင်ယံစျေးကွက်ဖြစ်နေတယ်။ တစ်ဒေါ်လာ ၄၀၀၀ ကျော်လည်းအော်တယ်။ အဲဒီထက်ပိုတာလည်း အော်နေတယ်။ စျေးတန်းရယ်လို့တော့ မရှိဘူး။ စျေးကစားတယ်ဆိုတာထက် အရေးယူခံရမှုကြောင့် နောက်ဆက်တွဲ သက်ရောက်မှုအရ လန့်တာမျိုးဖြစ်တာ" ဟု ရန်ကုန်စီးပွား ရေးသမားတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုုဆိုင်ရာ အရေးယူတိုက်ဖျက်ရန် မလုပ်ဆောင်ခြင်း၊ အကြမ်းဖက်မှုနှင့်ပတ်သက်သော ဘဏ္ဍာရေး ဆိုင်ရာ အရေးယူမှုများ မလုပ် ဆောင်ခြင်း၊ FATF အဖွဲ့ကြီးက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း ဘောင် များအတိုင်း လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ တိုးတက်မှု မရှိခြင်းများကြောင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ဘဏ္ဍာရေးများတွင် ပါဝင်ပတ်သက်သော အမည်ပျက်နိုင်ငံအဖြစ် ကြေညာခြင်းဖြစ်ကြောင်း FATF ဥက္ကဋ္ဌ T. Raja Kuma က ယနေ့ ကြေညာခဲ့ခြင်းဖြစ်သည်။

၁၉၈၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် FATF ခေါ် “ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့” က မြန်မာနိုင်ငံသည် အကြမ်းဖက် ရာဇ၀တ်မှုများနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးတွင် ကျေနပ်ဖွယ်မရှိသော ရလဒ်များကြောင့် နာမည်ပျက်စာရင်းသွင်းလိုက်ခြင်းဖြစ်ရာ စစ်ကောင်စီ အပါ အဝင် မြန်မာနိုင်ငံသားများ အနေဖြင့် ပြည်ပ ငွေကြေးဆိုင်ရာ လွှဲပြောင်းမှု၊ နိုင်ငံတကာ ငွေကြေး ကဏ္ဍများတွင် အရေးယူ တားဆီးခံရမှုများရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။

FATF က မြောက်ကိုရီးယား၊ အီရန်တို့နှင့်တန်းတူ မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် ကြေညာမှုကြောင့် မြန်မာနိုင်ငံမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ထွက်ခွာဖွယ်ရှိပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအသစ်များ ဝင်ရောက်ရန်လည်း အခွင့် အလမ်းနည်းပါးနိုင်ကြောင်း နိုင်ငံတကာသတင်းတချို့က သုံးသပ်ထားသည်။

ရန်ကုန်အခြေစိုက် စီးပွားရေးသမားတစ်ဦးကမူ FATF က မြန်မာနိုင်ငံကို အရေး ယူလိုက်ခြင်းသည် လက်ရှိ စစ် ကောင်စီက အသည်းအသန် ဖိအားပေး တည် ငြိမ်ရန် ထိန်းနေသော ကျပ်ငွေတန်ဖိုးကို ထိုးကျစေဖွယ်ရှိကြောင်း၊ မြန်မာပြည်ပပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ အပါအဝင် စီးပွားရေး ကဏ္ဍ ကြီးတစ်ခုကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆွဲချ ရိုက်ခတ်ဖွယ်ရှိကြောင်း ပြောဆိုသည်။

"ဒီဂယက်က မြန်မာကျပ်ငွေ တန်ဖိုးအပေါ် အကြီးအကျယ် ရိုက်ခတ်ပါလိမ့်မယ်။ မြန်မာကို အမည်ပျက်နိုင်ငံကြေညာတာက ကောင်းတဲ့ ရလဒ်တော့ရှိမှာမဟုတ်ဘူး။ ပြည်တွင်းစီးပွားရေး တစ်ခုလုံးနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကိုပါ ရိုက်ခတ်ပါမယ်။ ဒီရက်ပိုင်းအတွင်းကို စီးပွားရေး ကသောင်းကနင်းထပ်ဖြစ်တာမျိုး ကြုံရနိုင်ပါတယ်" ဟု ရန်ကုန်စီးပွားရေးသမားက ပြောဆိုသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို သေဒဏ်စီရင်လိုက်ပြီဟုအကြမ်းဖက် စစ်ကောင်စီမှထုတ်ပြန်အကြမ်းဖက်စစ်ကောင်စီ၏ သေဒဏ်...
25/07/2022

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို သေဒဏ်စီရင်လိုက်ပြီဟုအကြမ်းဖက် စစ်ကောင်စီမှထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီ၏ သေဒဏ် ပြစ်ဒဏ် ချမှတ်ခံထားရသော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို ပြစ်ဒဏ် စီရင်လိုက်ပြီ ဖြစ်ကြောင်း

ယနေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာများဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတွင် ထုတ်ပြန် ဖော်ပြထားသည်။

လပွတ္တာစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက နှာခေါင်းကြီးသူကို အရေးတကြီးရှာနေဇွန်လ ၁၉ ရက်။ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်စစ်ဆေးရ...
19/06/2022

လပွတ္တာစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက နှာခေါင်းကြီးသူကို အရေးတကြီးရှာနေ

ဇွန်လ ၁၉ ရက်။

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေက နှာခေါင်းကြီးတဲ့သူကို အရေးတကြီးလိုက်ရှာနေတယ်လို့ သိရပါတယ်။

လပွတ္တာမြို့အဝင်စစ်ဆေးရေးဂိတ်မှာ ဝင်လာသမျှယာဉ်တွေကို တားဆီးပြီး မှတ်ပုံတင်တွေစစ်ဆေးသလို Mask တပ်လာရင် ချွတ်ပြခိုင်းပြီး သေချာစစ်ဆေးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ ပြီးခဲ့တဲ့ အပတ်က ပုသိမ်ကပြန်လာတာ အဲ့မှာ အကုန်စစ်တာကြုံရတာ မှတ်ပုံတင်ထုတ်ပြရတယ် ပြီးတော့ မက်စ်ပါ ချွတ်ပြရတယ် မျက်နှာကိုတော့ သေချာကြည့်တယ် ပြီးမှသွားဖို့ ခွင့်ပြုတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်တွေစစ်ဆေးတဲ့အပြင် မက်စ်ချွတ်ပြခိုင်းတာဟာ နှာခေါင်းကြီးတဲ့သူကို ရှာဖွေ နေတာဖြစ်ပြီး လုံခြုံရေးအရ စီစီတီဗွီမှတ်တမ်းယူနေတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

နှာခေါင်းကြီးတဲ့သူကိုရှာနေတယ်ဆိုတာနဲ့ပတ်သက်ပြီး အမျိုးသားလား အမျိုးသမီးလားဆိုတာကိုတော့ ဧရာဝတီတိုင်းမ်က ဆက်လက်မေးမြန်းခဲ့ပေမယ့် အတည်ကျဖြေဆိုခြင်းမရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်အတွင်းမှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီတပ်သား တွေနဲ့ လက်အောက်ခံရဲတွေက လူစည်ကားတဲ့ လမ်းတွေမှာစောင့်ပြီး အသားမည်းတဲ့သူတဦးကို ရှာဖွေတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ခုလိုမျိုး စစ်ကောင်စီတပ်သားတွေ အရေးတကြီးရှာဖွေနေတဲ့ နှာခေါင်းကြီးတဲ့သူဟာ အမျိုးသားလား အမျိုး သမီးလား သေချာမသိရပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်လို့ ခုလိုမျိုးရှာဖွေနေတာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတဦးက မှတ်ချက်ပြု ပြောဆိုပါတယ်။

" မြန်မာအာဏာသိမ်းစစ်တပ်က ရှုံးနေပြီလို့ အသိပေးလိုက်တဲ့ အမေရိကန် " မြန်မာအာဏာသိမ်းစစ်တပ်ဟာ ဒီမိုကရေစီ တော်လှန်ရေးသမားတွေက...
13/06/2022

" မြန်မာအာဏာသိမ်းစစ်တပ်က ရှုံးနေပြီလို့ အသိပေးလိုက်တဲ့ အမေရိကန် "

မြန်မာအာဏာသိမ်းစစ်တပ်ဟာ ဒီမိုကရေစီ တော်လှန်ရေးသမားတွေကို အနိုင်ရဖို့ မဖြစ်နိုင်တော့ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet က ပြောကြားလိုက်ပါတယ် ။

" မြန်မာအာဏာသိမ်းစစ်တပ်ဟာ ဒီမိုကရေစီ တော်လှန်ရေးသမားတွေကို အနိုင်ရဖို့ မဖြစ်နိုင်တော့ပါဘူး ။ အာဏာသိမ်းစစ်တပ်က အနိုင်ရနေတယ်ဆိုတာ ဘယ်လိုမှ တွေးယူလို့မရပါဘူး ။ မြင်တွေ့ရဖို့ခက်ပါတယ် ။ မြန်မာစစ်တပ်ဟာ ဒီမိုကရေစီလမ်းကို ပြန်လည် လျှောက်လှမ်းရပါလိမ့်မယ် ။ မြန်မာစစ်တပ်ဟာ နယ်မြေတွေဆုံးရှုံးနေတယ် ။ သူတို့ အကြီးအကျယ်ကို ဆုံးရှုံးနေတာပါ "

လို့ ချိုလက်က ပြောထားပါတယ် ။

ဒီအကြောင်းကို ပြီးခဲ့တဲ့သောကြာနေ့က ဘန်ကောက်မြို့မှာ ပြောကြားခဲ့တာပါ ။ ရိုက်တာသတင်းသမားနဲ့ နိုင်ငံတကာသတင်းသမားတွေကို ဒီလို အသိပေးခဲ့ပါတယ် ။

" မြန်မာစစ်တပ်ဟာ နိုင်ငံတကာမှာ အထီးကျန်တာမဟုတ်ပဲ ပြည်တွင်းမှာလည်း အထီးကျန်စစ်တပ်ဖြစ်နေတာပါ ။ "

လို့ ချိုလက်က ဆိုပါတယ် ။

နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရထံကနေ အာဏာသိမ်းခဲ့ပြီး ဆန္ဒပြပွဲတွေကို အင်အားသုံး ဖြိုခွဲခဲ့ပါတယ် ။ အစုအပြုံလိုက် ဖမ်းဆီး နှိပ်စက်မှု့တွေနဲ့ သတ်ဖြတ်မှု့တွေ လုပ်ခဲ့ပါတယ် ။

ပြည်သူတွေအပေါ် အကြမ်းဖက်လာတဲ့ မြန်မာစစ်တပ်ကို တုံ့ပြန်နိုင်ဖို့ မဟာမိတ်တော်လှန်ရေးသမားတွေဟာ အပေါ့စားလက်နက်ငယ်တွေ ဆွဲကိုင်ပြီး ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို ပြန်လည် တိုက်ခိုက်ခဲ့ကြပါတယ် ။ မြန်မာစစ်တပ်က လက်နက်ကိုင်ဆောင်တဲ့ ခုခံရေးသမားတွေကို အကြမ်းဖက်သူတွေအဖြစ် စွပ်စွဲခဲ့ပါတယ် ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ချိုလက်ရဲ့ ပြောကြားချက်တွေကို မှတ်ချက်ပေးနိုင်ဖို့ မြန်မာစစ်တပ်က ပြောရေးဆိုခွင့်ရှိသူကို ရိုက်တာက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ခဲ့ပါဘူး ။

အမေရိကန်နိုင်ငံခြားရေးဌာနက အကြံပေးပုဂ္ဂိုလ်ဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေတာပါ ။ အမေရိကန်ဟာ အာဆီယံအဖွဲ့အတွင်းက အင်ဒိုနီးရှား ၊ မလေးရှား ၊ စင်္ကာပူနိုင်ငံတွေနဲ့ မြန်မာ့အရေးအတွက် ပူးပေါင်းအဖြေရှာနေတယ်လို့ အသိပေးထားပါတယ် ။

ချိုလက်က တရုတ်နိုင်ငံဟာလည်း မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောကြားခဲ့ပါတယ် ။

သုံးသပ်ရရင်တော့ ....၊
ဒါဟာ ကမ္ဘာ့အမြင်ပါဘဲ ။ ကမ္ဘာကြီးက ဘာကိုမြင်သလဲဆိုရင် လူထု ( The People ) ကို မြင်ပါတယ် ။ နိုင်ငံတစ်နိုင်ငံရဲ့ သဘောထားဟာ အဲ့ဒီနိုင်ငံမှာနေတဲ့ ပြည်သူလူထုရဲ့ သဘောထားပါ ။ အစိုးရဆိုတာက ပြည်သူ့သဘောထားကို အကောင်အထည်ဖော် တင်ပြပေးရတဲ့ အဖွဲ့ပါ ။

ဆိုတော့ ပြည်သူအများစုရဲ့ သဘောထားက ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရကို မဖြစ်မနေ ပြန်တင်ချင်တာပါ ။ ဒါကို လက်နက်နဲ့ အနိုင်ကျင့်လို့ တန်ပြန် လက်နက်ကိုင်ခဲ့ကြတာပါ ။ ဒီအခြေအနေကို ကမ္ဘာကြီးက ကောင်းကောင်း သဘောပေါက်ပါတယ် ။ ဒါ့ကြောင့်လည်း အမေရိကန်ကိုယ်စားပြုသူဟာ မြန်မာစစ်တပ်က ရှုံးနေပြီလို့ သေချာပေါက်ပြောခဲ့တာပါ ။

အမေရိကန် နိုင်ငံခြားရေးဌာနက အကြံပေးပုဂ္ဂိုလ်ဟာ တာဝန်နဲ့လာသူမို့ သူပြောတဲ့စကားဟာ အမေရိကန်အစိုးရကို ကိုယ်စားပြုပါတယ် ။

ဘကြီးအောင် LA
11 June,2022

ကြက်အူချောင်း စားမိရာမှ ကလေးနှင့်ကိုယ်ဝန်ဆောင်မိခင်များ အပါအဝင် လူ ၅၀ ဝန်းကျင် အစာအဆိပ်သင့်မှု ဖြစ်ပွား ရန်ကုန်၊ မေ ၁၀ရန...
11/05/2022

ကြက်အူချောင်း စားမိရာမှ ကလေးနှင့်ကိုယ်ဝန်ဆောင်မိခင်များ အပါအဝင် လူ ၅၀ ဝန်းကျင် အစာအဆိပ်သင့်မှု ဖြစ်ပွား

ရန်ကုန်၊ မေ ၁၀

ရန်ကုန်တိုင်း၊ ဒဂုံအရှေ့မြို့နယ်တွင် ယမန်နေ့ (မေလ ၉ ရက်) ညပိုင်းက ကြက်အူချောင်းစားမိရာမှာ လူပေါင်း ၅၀ ဝန်းကျင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

"လာရောင်းတာပြောတယ် စျေးပေါတော့ ဝယ်စားကြတာပေါ့၊ ညကျတော့ ဖြစ်ကြတာဘဲ ရွာသာကြီးဘူတာအနီး က လူတွေဖြစ်တာ ကလေးတွေရောပါတယ် " ဟု ဒေသခံတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

အစာအဆိပ်သင့်လူနာများတွင် ကလေးအများစုနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပါဝင်နေကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ လူနာ (၅၀) ဝန်းကျင်ကို ဒဂုံအရှေ့ပိုင်းမြို့နယ် ပရဟိတအသင်းများ မှ လူနာတင်ယာဉ်များဖြင့် စံပြ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ကူ ညီပေးခဲ့ကြောင်း စေတနာရှင် ပရဟိတအသင်း ရန်ကုန်ကလည်း ယနေ့ ထုတ်ပြန်ထားသည်။

ထို့ပြင် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၇ ရက်ကလည်း ရှမ်းပြည်၊ မြောက်ပိုင်း သီပေါမြို့နယ်၊ တွန်ခေါ့ကျေးရွာက မိခင်နှင့် ကလေး ၃ ဦးရှိ မိသားစုတစ်စုလည်း အဆိုပါ ကြက်အူချောင်း စားပြီးနောက် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သေး သည်။

အဆိုပါ ထိုင်းနာမည်ဖြင့် ကြက်အူချောင်းသည် နယ်စပ်မှ တရားမဝင် ဝင်ရောက်လာပြီး အစားအသောက်နှင့်ဆေး ဝါးကွပ်ကဲရေး FDA ထောက်ခံချက်မရှိခြင်းကြောင့် စားသုံးခြင်းမပြုရန်နှင့် ရောင်းဝယ်ခြင်းမပြုရန်လည်း စစ် ကောင်စီ လက်အောက်ခံ FDA က တားမြစ်ထားပြီးဖြစ်သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကောင်စီတိုင်းမှူး ထင်လတ်ဦးကို သတိပေး၊ " ငြိမ်းချမ်းရေးဘာညာသောက်ဂရုစိုက်နေမ...
07/05/2022

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကောင်စီတိုင်းမှူး ထင်လတ်ဦးကို သတိပေး၊ " ငြိမ်းချမ်းရေးဘာညာသောက်ဂရုစိုက်နေမှာမဟုတ်ဘူး။ မင်းနေတဲ့နေရာထိတက်ကြိတ်ပလိုက်မှာနော်"ဟု တိုင်းမှူးကို စိန်ခေါ်သတိပေး

ရန်ကုန်၊ မေ ၆

ရက္ခိုင့်တပ်တော်AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ထင်လတ်ဦးကို လူမှုကွန်ရက် Twitter မှတစ်ဆင့် သတိ ပေး လိုက်ပြီး ငြိမ်းချမ်းရေး ဂရုစိုက်မည်မဟုတ်ဘဲ တိုင်းမှူးနေရာအထိ တိုက် ခိုက်မည်ဟု ပြောဆိုလိုက်သည်။

"ကိုထင်လတ်ဉီးသိပ်လျှောက်မလုပ်နဲ့အာရုံနောက်နေပြီ ငြိမ်းချမ်းရေးဘာညာသောက်ဂရုစိုက်နေမှာမဟုတ်ဘူး။ မင်းနေတဲ့နေရာထိတက်ကြိတ်ပလိုက်မှာနော်" ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူမှုကွန်ရက် Twitter တွင် ရေးသားထားသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သည် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် တည်ရှိပြီး လက်ရှိတွင် စစ်တပ်က ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် စစ်အင်အားတိုးချဲ့မှုများ၊ နယ်မြေချဲ့ထွင်မှုများလုပ်ဆောင်နေကြောင်း ရခိုင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

အဆိုတော်အောင်လနှင့် ဝိုင်းစုခိုင်သိန်းကို စစ်တပ်နှင့်ရဲက ဝင်ဖမ်း၊ စစ်တပ်ဆန့် ကျင်၍ အဆိုတော်နှစ်ဦးကို ဖမ်းဆီးရန်  ရွှေဘ အ...
23/04/2022

အဆိုတော်အောင်လနှင့် ဝိုင်းစုခိုင်သိန်းကို စစ်တပ်နှင့်ရဲက ဝင်ဖမ်း၊ စစ်တပ်ဆန့် ကျင်၍ အဆိုတော်နှစ်ဦးကို ဖမ်းဆီးရန် ရွှေဘ အမည်ခံ တယ်လီဂရမ်၏ လှုံ့ ဆော်မှုကြောင့် အဖမ်းခံရပြီး ခံဝန်ဖြင့် ပြန်လည် လွတ်မြောက်

ရန်ကုန်၊ ဧပြီ ၂၃

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့မှုဖြင့် အဆိုတော်အောင်လနှင့် အဆိုတော်ဝိုင်းစုခုသိန်းတို့ကို စစ်တပ်နှင့်ရဲက ဧပြီလ ၂၀ ရက်နေ့ ည ၈ နာရီတွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ခံဝန်ဖြင့် နှစ်ဦးစလုံးကို ပြန်လည် လွတ်မြောက်လာကြောင်း သိရှိရသည်။

ဧပြီလ ၂၀ ရက်နေ့ ည ၈ နာရီချိန်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၃၄ ရပ် ကွက် သရဖီ (၅)လမ်းတွင် နေထိုင်သော အဆိုတော် အောင်လ (ခ) ဇွန်ရဲအောင်လနှင့် မဝိုင်းစုခိုင်သိန်း တို့ကို စစ်တပ် မှ ဒုတိယဗိုလ်မှူးကြီး သန့်ဇော် ဦးဆောင်သော စစ်တပ်နှင့်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးရသည့်အကြောင်းအရင်းမှာ ရွှေဘ TELEGRAM အကောင့်က အဆို တော်အောင်လနှင့် ဝိုင်းစုခိုင်သိန်းတို့သည် စစ်တပ် ဆန့်ကျင်သူများဖြစ်၍ ဖမ်းဆီးရန် လှုံ့ဆော်ခြင်းကြောင့်ဖြစ်ပြီး ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံခဲ့ရကြောင်း သိရှိရသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် အစပိုင်း ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပါဝင်ခြင်းမရှိ၍ နောက်နောင် နိုင်ငံရေးနှင့်ပတ်သက်၍ Online ပေါ်တွင် ရေးတင်ခြင်း မပြုလုပ်ရန် ဝန်ခံကတိဖြင့် အဆိုတော်နှစ်ဦးစလုံး ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အဆိုတော်အောင်လနှင့် အဆိုတော်ဝိုင်းစုခိုင်သိန်း။

Photo- Win Su Khine Thein Facebook

Breaking News🟢 လားရှိုး တရားသူကြီးနဲ့ မန်တုံ၊ နမ့်ဆန်တရားသူကြီးအပါအဝင် ၇ ဦးကို TNLA က ဖမ်းဆီးရမိဧပြီလ ၁၉ ရက်ဒီနေ့မနက် ၁...
19/04/2022

Breaking News
🟢 လားရှိုး တရားသူကြီးနဲ့ မန်တုံ၊ နမ့်ဆန်တရားသူကြီးအပါအဝင် ၇ ဦးကို TNLA က ဖမ်းဆီးရမိ

ဧပြီလ ၁၉ ရက်

ဒီနေ့မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ရှမ်းမြောက် တအာင်း (ပလောင်)ဒေသ နမ့်ဆန်မြို့နယ် တောင်မ လမ်းခွဲအနီးမှာ မူးယစ်ဆေးဝါး စစ်ဆေးနေစဥ် လားရှိုးတရားသူကြီးတစ်ဦးနဲ့ မန်တုံ၊ နမ့်ဆန်တရားသူကြီးအပါအဝင် ၇ ဦးကို တအာင်းတပ်မတော် (TNLA)က ဖမ်းဆီးရမိခဲ့တယ်လို့ ခိုင်မာတဲ့ သတင်းရင်းမြစ်ဆီကနေ စုံစမ်းသိရှိရပါတယ်။

အဲဒီဖမ်းမိတဲ့ တရားသူကြီးထဲမှာ ဆန္ဒပြလူငယ်တွေကို အမိန့်ချမှတ်ခဲ့တဲ့ တရားသူကြီးတစ်ဦးလည်း ပါဝင်နေတယ်လို့ ပြောဆိုပေမယ့် အတိအကျ မသိရသေးပါဘူး။

တောင်မ လမ်းခွဲအနီးမှာ TNLA က ကြုံရင်ကြုံသလို မူးယစ်ဆေးဝါး စစ်ဆေးတာမျိုးတွေ ပြုလုပ်လေ့ရှိပြီး အခုလို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ၇ ဦးရဲ့ အသေးစိတ် စာရင်းကို ရွှေဖီမြေက ထပ်မံ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီးတော့ TNLA ဘက်ကို ကြိုးစားဆက်သွယ်ပေမယ့် အကြောင်းပြန်တာမျိုး မရှိသေးပါဘူး။

" အာဏာသိမ်းခေါင်းဆောင်နှင့် ထိပ်ပိုင်းအရာရှိ ၆၁ ဦးကို တရားစွဲဖို့ တောင်းဆိုလိုက်ခြင်း "" မြန်မာစစ်တပ်က လူသားမျိုးနွယ်အပေ...
25/03/2022

" အာဏာသိမ်းခေါင်းဆောင်နှင့် ထိပ်ပိုင်းအရာရှိ ၆၁ ဦးကို တရားစွဲဖို့ တောင်းဆိုလိုက်ခြင်း "

" မြန်မာစစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှု့တွေကို ခိုင်လုံသေချာတဲ့ အကြောင်းပြချက်တွေ တွေ့ရှိထားပါတယ် " လို့ Yale Law School နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ကြေငြာလိုက်ပါတယ် ။

ဒီကြေငြာချက်ကို Nowhere is Safe ( ဘယ်မှာမှ မလုံခြုံတော့ဘူး ) လို့ ခေါင်းစဉ်ပေးထားပါတယ် ။ လူသတ်မှု့ ၊ ညှဉ်းပန်းနှိပ်စက်မှု့ ၊ အကျဉ်းချမှု့ ၊ အတင်းအဓမ္မ ခိုင်းစေမှု့ ၊ လူမဆန်မှု့တွေကို ၂၀၂၁ ဖေဖေါ်ဝါရီလကစပြီး မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ် ။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ၊ ဒုတိယခေါင်းဆောင် စိုးဝင်းတို့အပါအဝင် ရာဇဝတ်မှု့ ကျူးလွန်နေတဲ့ အကြီးတန်းအရာရှိ ၆၁ ဦးကို တရားစွဲဖို့ နာမည်စာရင်း တင်ပြလိုက်ပါတယ် ။

" မြန်မာနိုင်ငံမှာ တရားမျှတမှု့ဟာ အလွန်လိုအပ်နေပါတယ် ။ ဒီအစီရင်ခံစာဟာ စုံစမ်းရေးအတွက် အခြေခံတွေ ရလိမ့်မယ်လို့ ယုံကြည်ပါတယ် ။ " လို့ Shell Center အဖွဲ့က Roger Po**ck က ပြောကြားထားပါတယ် ။

" အာဏာသိမ်းမှု့ကို ဆန့်ကျင်တဲ့ ပြည်သူတွေကို သေစေလောက်တဲ့ အင်အားသုံးပြီး ထိုးစစ်ဆင်ခဲ့ပါတယ် ။ ဆန္ဒထုတ်ဖော်သူ အရပ်သားတွေနဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချခဲ့တယ် ။ မီဒီယာတွေကို ဖြိုခွင်းခဲ့တယ် ။ မျက်မြင်သက်သေနဲ့ ဗီဒီယိုသက်သေတွေအရ အရပ်သားတွေကို ကျည်ဆန်အစစ်နဲ့ စနိုက်ပါသုံးပြီး ပစ်သတ်ခဲ့တာ ၊ ပစ်သတ်နေတာတွေကို မှတ်တမ်းတင်ထားပါတယ် ။ ဒါဟာ အာဏာသိမ်းမှု့ကို ဆန့်ကျင်သူတွေကို အကြောက်တရားဖြစ်လာအောင် လုပ်ဆောင်နေတာပါ " လို့ တင်ပြထားပါတယ် ။

သုံးသပ်ရရင်တော့ ...၊ မြန်မာ့အရေးဟာ နိုင်ငံတကာက ဘယ်လိုပုံစံနဲ့ အဆုံးသတ်စေမလဲဆိုတာ ရုပ်လုံးပေါ်လာပါတယ် ။ ၂၁ ရာစု စစ်နည်းဗျူဟာသစ်အရ နိုင်ငံတကာရဲ့ အဆုံးသတ်ချင်တဲ့ပုံစံဟာ ရိုဟင်ဂျာဂျီနိုဆိုက် ၊ စီးပွားရေးဆန်ရှင် ၊ လက်နက်ပိတ်ပင်ရေး ၊ ဥပဒေနည်းလမ်းအတိုင်း ဆွဲခေါ်နေတယ်လို့ ယူဆရပါတယ် ။ အမေရိကန်ကတော့ မြန်မာစစ်တပ်ဟာ ဂျီနိုဆိုက်အမှု့ ကျူးလွန်တယ်လို့ အခိုင်အမာ ပြောကြားထားပါတယ် ။ ဒီပြောကြားချက်အတိုင်း မြန်မာစစ်တပ်ကို အရေးယူပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ကုလကို တောင်းဆိုလာကြပါတယ် ။ မြန်မာစစ်တပ်က ထိပ်ပိုင်းအရာရှိ ၆၁ ဦးကို အမည်စာရင်းနဲ့တကွ အရေးယူပေးဖို့ တောင်းဆိုလိုက်တာပါ ။

ဘကြီးအောင် LA
24 March, 2022

ဒါဟာလဲ သမိုင်းတစ်ပုဒ် GZ❤🍂🍂မှတ်မိကြသေးမှာပါ...ဖြိုခွင်းမှုကြောင့် ထွက်ပြေးရာမှာ ကျန်ရစ်ခဲ့တဲ့ဖိနပ်တွေ ဦးထုပ်တွေကို ပြန်စ...
08/03/2022

ဒါဟာလဲ သမိုင်းတစ်ပုဒ် GZ❤🍂🍂

မှတ်မိကြသေးမှာပါ...
ဖြိုခွင်းမှုကြောင့် ထွက်ပြေးရာမှာ ကျန်ရစ်ခဲ့တဲ့
ဖိနပ်တွေ ဦးထုပ်တွေကို ပြန်စီပြီး
လာယူလို့ရအောင် ထားထားပေးတာ။

ခိုးဆိုးလုနှိုက်တွေမပြောနဲ့ ဖိနပ်တောင်မပျောက်စေရတဲ့ ပြည်သူတွေ...နေတဲ့နိုင်ငံ။

ငါတို့နိုင်ငံက ဒီမိုကရေစီနဲ့ မတန်လို့လား...
ဒီမြင်ကွင်းကို ဘယ်မေ့နိုင်ပါ့မလဲ။

" ရုရှားရဲ့ကျူးကျော်မှု့ကို ကန့်ကွက်လိုက်တဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် စစ်ရာဇဝတ်မှု့နဲ့ စွဲချက်တင်ခံရတော့မယ...
03/03/2022

" ရုရှားရဲ့ကျူးကျော်မှု့ကို ကန့်ကွက်လိုက်တဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် စစ်ရာဇဝတ်မှု့နဲ့ စွဲချက်တင်ခံရတော့မယ့် ပူတင် "

ယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲနေတဲ့ ရုရှားရဲ့စစ်ရေးလုပ်ရပ်တွေရပ်တန့်ဖို့နဲ့ အပြစ်ပေးနိုင်ဖို့ကို နယူးယောက်မြို့က ကုလသမဂ္ဂဋ္ဌာနမှာ မဲခွဲဆုံးဖြတ်ပါတယ် ။ အထွေထွေညီလာခံမှာ နိုင်ငံပေါင်း ၁၉ ၃ နိုင်ငံက မဲပေးရတာပါ ။ ဒီမဲပေးတဲ့အခါ ၅ နိုင်ငံက ထောက်ခံခဲ့ပြီး ၃၅ နိုင်ငံက ကြားနေခဲ့ပါတယ် ။ ရုရှားရဲ့ ကျူးကျော်မှု့ကို ဆန့်ကျင်ရှုတ်ချခဲ့တဲ့နိုင်ငံက ၁၄၁ နိုင်ငံရှိနေတဲ့အတွက် သောင်ပြိုကမ်းပြို အနိုင်ရသွားတယ်လို့ NBC သတင်းဋ္ဌာနက ကြေငြာပါတယ် ။

ဒီမဲပေးပွဲမှာ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံအစိုးရရဲ့ တရားဝင်ကိုယ်စားလှယ် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အာဖဂန်နစ္စတန်ကိုယ်စားလှယ်တို့နှစ်ဦးကလည်း ရုရှားရဲ့လုပ်ရပ်ကို ဆန့်ကျင်ပြီး ကန့်ကွက်မဲပေးခဲ့ကြပါတယ် ။

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေ အာဏာသိမ်းထားပေမယ့် ကုလကိုယ်စားလှယ်ကိုတော့ ဆက်လက်အသိအမှတ်ပြုထားပါတယ် ။ မြန်မာစစ်ကောင်စီဘက်က ကုလကိုယ်စားလှယ် အမည်စာရင်း တင်သွင်းထားပေမယ့် ကုလက ခွင့်မပြုခဲ့ပဲ ၊ ရွေးကောက်ခံအစိုးရရဲ့ တရားဝင်သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက် အသိအမှတ်ပြုထားပါတယ် ။

ဒီရလာဒ်ကြောင့် ၊ ရုရှားဟာ ယူကရိန်းကနေ အမြန်ဆုံး ထွက်ခွာရမှာပါ ။ အကယ်၍ မထွက်ခွာခဲ့ဘူးဆိုရင်တော့ နိုင်ငံတကာရဲ့ စစ်ရေးတုံ့ပြန်မှု့ကို ရုရှားတို့ ရင်ဆိုင်ရမှာပါ ။

ရုရှားဟာ ယူကရိန်းကို တဖက်သတ် ရန်စ ကျူးကျော်တယ်ဆိုတာကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက တရားဝင်အသိအမှတ်ပြုလိုက်တဲ့အတွက် ၊ ကုလပဋိဥာဉ်စာချုပ်အရ ပေးအပ်တဲ့ ပြစ်ဒဏ်ကို ခံယူရမှာပါ ။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်က မဲမပေးခင်မှာ

" ဒါဟာ ရိုးရှင်းတဲ့ မဲတစ်ပြားလို့ ယုံကြည်ပါတယ် ။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ အချုပ်အခြာအဏာနဲ့နယ်မြေစိုးမိုးရေး လုပ်ပိုင်ခွင့်ရှိတယ်လို့ ယုံကြည်တယ်ဆိုရင် မဲပေးပါ ။ ရုရှားရဲ့ လုပ်ရပ်ကို စွဲချက်တင်သင့်တယ်လို့ထင်ရင် ...၊ ဟုတ်ကဲ့ ... မဲပေးလိုက်ပါ "
လို့ ပြောကြားလိုက်ပါတယ် ။

တဆက်တည်းမှာပဲ အမေရိကန်အထက်လွှတ်တော်အမတ် Graham နဲ့ Victoria တို့က ရုရှားသမ္မတပူတင်ကို စစ်ရာဇဝတ်မှု့နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှု့တွေကို စုံစမ်းစစ်ဆေးပေးဖို့ နိုင်ငံတကာတရားရုံးကို တောင်းဆိုဖို့ စီစဉ်နေပါတယ် ။

အမေရိကန်နိုင်ငံ ၊ နယူးယောက် ကုလသမဂ္ဂမှာ တာဝန်ထမ်းနေတဲ့ ရုရှားကိုယ်စားလှယ် 7 ယောက်ကို သူလျှိုလုပ်နေတဲ့အတွက် အမေရိကန်ကနေ နှင်ထုတ်လိုက်ပါတယ် ။

သုံးသပ်ရရင် .....၊
ပူတင်အတွက် သေမြေကြီး ၊ ရှင်ရွှေထီး အချိန်ဖြစ်သလို ကမ္ဘာကြီးကလည်း ပူတင်ရဲ့လုပ်ရပ်တွေကို ရှုတ်ချလိုက်ပြီး စွဲချက်တင်ဖို့ အားပေးလိုက်တဲ့အတွက် ပူတင်လှုပ်ရှားလာနိုင်တဲ့ နယူကလီးယားအရေးကိုပါ ပြင်ဆင်ရတော့မှာပါ ။ အားရစရာကောင်းတာက ကုလအဖွဲ့ဝင် ၁၄၁ နိုင်ငံဟာ ရုရှားခြိမ်းခြောက်နေတဲ့ နယူကလီးယားကို မကြောက်ဘူးလို့ ရဲရဲရင့်ရင့် သက်သေပြလိုက်တာပါ ။

ဒီအခြေအနေဟာ တတိယကမ္ဘာစစ်ကြီး ဖြစ်သွားနိုင်ပါတယ် ။ သို့ပေမယ့် ကမ္ဘာ့နိုင်ငံအများစုကတော့ စစ်လက်နက်အင်အား သာလွန်ကောင်းမွန်တဲ့ ဒိတ်ဒိတ်ကျဲနိုင်ငံကြီးရဲ့လုပ်ရပ်ကို တရားဝင် ရှုတ်ချလိုက်တာပါ ။

ရုရှားဟာ လာမယ့် မတ်လ ၇ ရက်နေ့မှာ ကုလပဋိဥာဉ်စာတမ်းကို ချိုးဖောက်ပြီး ယူကရိန်းကို ကျူးကျော်တဲ့အတွက် နိုင်ငံတကာတရားရုံးမှာ တရားရင်ဆိုင်ရမှာပါ ။ ရုရှားဘက်က တရားရင်ဆိုင်ခဲ့ရင်တော့ ဥပဒေကြောင်းအရ အပြစ်ပေးခံရမှာပါ ။ တကယ်လို့ တရားရင်မဆိုင်ပဲ နယူကလီးယားလက်နက်နဲ့ ခြိမ်းခြောက်လာရင်တော့ ကုလကနေ ထုတ်ပယ်ခံရမှာဖြစ်သလို ဗီတိုအာဏာလည်း ဆုံးရှုံးမှာပါ ။

ဆိုတော့ .......၊ ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲမှာ မြန်မာ့တော်လှန်ရေးပြည်သူတွေအတွက် စံပြုစရာတစ်ခုရှိပါတယ် ။

ရုရှားက ယူကရိန်းကို ကျူးကျော်ချိန်မှာ အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေက သေနတ်တစ်ချက် မဖောက်သေးပါဘူး ။ ရုရှားတွေထင်သလို ရက်ပိုင်းအတွင်းမှာ ယူကရိန်းကို မသိမ်းနိုင်သေးပါဘူး ။ သို့ပေမယ့် ရုရှားကတော့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဗီလိန်ဖြစ်သွားခဲ့ပါပြီ ။ ရှေ့တိုးရင် တတိယကမ္ဘာစစ် သို့မဟုတ် အထီးကျန်ဘဝနဲ့ စီးပွားပျက် ၊ တိုင်းပြည်ပြိုကွဲပြီး လူရိုသေရှင်ရိုသေ ဂုဏ်ပုဒ်မှန်သမျှ ဆုံးရှုံးရမှာပါ ။ နောက်ဆုတ်ခဲ့ရင်လည်း ကမ္ဘာ့တရားရုံးမှာ စွဲချက်တင် အပြစ်ပေးခံရမှာပါ ။ ဒါဟာ ၂၁ ရာစုရဲ့ စစ်ပွဲဗျူဟာပါဘဲ ။

ဘကြီးအောင် LA
2 March, 2022"

ယူကရိန်းဘက်ကနေ NATO မှဝင်မတိုက်ရင် စစ်ရပ်ဖို့ လမ်းမမြင်ပါ။ NATO ဝင်တိုက်ရင် တတိယကမ္ဘာစစ်မဟုတ်တောင် အတော်ကြီးတဲ့စစ်ဖြစ်နိ...
24/02/2022

ယူကရိန်းဘက်ကနေ NATO မှဝင်မတိုက်ရင် စစ်ရပ်ဖို့ လမ်းမမြင်ပါ။ NATO ဝင်တိုက်ရင် တတိယကမ္ဘာစစ်မဟုတ်တောင် အတော်ကြီးတဲ့စစ်ဖြစ်နိုင်

တစ်နာရီ ၂၂ မိနစ်မှာပဲ ယူကရိန်းအရှေ့ခြမ်းကို ရုရှားတပ်တွေက ကောင်းကောင်းထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
၂၀၁၄ စစ်ပွဲကို သင်ခန်းစာဖော်ထုတ်ပြီး အိမ်စာသေချာလုပ်ထားတဲ့ ရုရှားတို့ဟာ ဒီတစ်ခါတော့ အဓိကပင်မဌာနချုပ်တွေကို တိကျပဲ့ထိန်းလက်နက်တွေနဲ့ တိုက်ရိုက်ပစ်ခတ်ပြီး အရင်းကိုလှဲသိပ်လိုက်ပါတယ်။
ပစ်ခတ်မှုတွေဆက်ဖြစ်နေပြီး မြို့တော်မှာရှိတဲ့ စစ်ဌာနချုပ်အထိ တိုက်ခိုက်ခံရတာကြောင့် ယူကရိန်းရဲ့ Chain Of Command အတော်ပျက်သွားပြီလို့ပြောလို့ရပါတယ်။

စစ်ပွဲရဲ့ ပုံစံပြောင်းသွားတာကတော့ ရုရှားဟာ ယူကရိန်းစစ်တပ်ရဲ့ အဓိကကျတဲ့ ဌာနချုပ်တွေ လက်နက်သိုလှောင်ရုံတွေ HQ တွေ လေတပ်စခန်းတွေကို ဦးနှိမ်ပြီး PGM တွေနဲ့ပစ်ပါတယ်။ Kh-55/101/Kalibr ခရုဇ်ဒုံးပျံတွေနဲ့ Isklander TBM တွေကိုအသုံးပြုပါတယ်။ ဒါကြောင့် ရုရှားဘက်က သဲကြီးမဲကြီးမြို့လည်ခေါင်ထိပစ်ခတ်နေပေမယ့် အရပ်သားသေဆုံးမှုတွေ ထင်သလောက်မတွေ့ရသေးတာပါပဲ။
Isklander တွေရဲ့ တိကျမှုကလည်း CEP 0 လို့ဆိုရလောက်အောင်ကိုတည့်တည့်ထိတာပါ။

အခြားနယ်စပ်က Outpost တွေကိုတော့ MLRS တွေအဓိကအသုံးပြုပြီးတော့ တိုက်တာကိုတွေ့ရပါတယ်။ စစ်ပွဲဟာ Element Of Suprise အစစ်အမှန်ရသွားတာဖြစ်ပြီး ယူကရိန်းတပ်တွေအတော်ကြောင်ပြီးကြည့်နေရတဲ့ပုံပါပဲ။ တိကျပဲ့ထိန်းလက်နက်တိုက်ခိုက်မှုဟာ အရပ်သားသေဆုံးမှုအနည်းဆုံးဖြစ်စေပြီး လိုရင်းကို ထိတဲ့ စစ်နည်းဗျူဟာဖြစ်ပါတယ်။
အမေရိကန်တွေရဲ့ Overwhalming ဆိုတဲ့ နည်းဗျူဟာရပ်အတိုင်း ရုရှားတွေ ဒုံးပျံတွေအများအပြားအသုံးပြုပေမယ့် ပစ်ချင်တိုင်းရမ်းပစ်နေတာမျိုး ကျချင်ရာကျ ဆိုပြီး ပစ်တာမျိုးတော့မဟုတ်ပါဘူး။

ဒါမျိုးလုပ်နိုင်ဖို့အတွက် အဓိကမြှုတ်ကွက်ကတော့ သတင်းလုံခြုံမှုပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက သတင်းဌာနတွေမှာ ရုရှားတပ်တော်တွေရဲ့ တပ်တည်တွေကို Satellite Image တွေနဲ့ တင်နေကြပေမယ့် ရုရှားဘက်ကလုပ်နေတဲ့ Intelligence Operation တွေဘာရှိမှန်းဘယ်သူမှမသိရပါဘူး။ ဘယ်မှာမှလည်း မတင်ထားပါဘူး။ ရုရှားတွေဟာ တောက်လျှောက် သူတို့ရသမျှသတင်းတွေကို ဖုံးကွယ်ထားပြီး ယူကရိန်းစစ်ဖက်ဆိုင်ရာနေရာတွေကို ဖော်ထုတ်ပစ်မှတ်မှတ်ပုံတင်ပြီး ဘယ်လိုထိုးနှက်ရမလဲပဲ စဉ်းစားနေတာပါ။ ခုတော့ ဒီအစီအစဉ်ကအလုပ်ဖြစ်သွားပါတယ်။

တောက်လျှောက် ယူကရိန်းနယ်စပ်မှာပျံနေတဲ့ NATO စစ်လေယာဉ်တွေ ထောက်လှမ်းရေးလေယာဉ်တွေလမ်းကြောင်းကို Flight Radar နဲ့ 360 Radar တွေကနေပြီးတော့ ရုရှားတို့အလကားသိနေပေမယ့် ရုရှားဘက်က Tu-214 နဲ့ A-50U AWACS တွေ အပါအဝင် ယူကရိန်းနယ်စပ်ကို ထောက်လှမ်းနေတဲ့ Su-24MR ထောက်လှမ်းရေးလေယာဉ် ဆယ်စီးကိုတော့ ဘယ် App မှာမှ မဖော်ပြနိုင်ခဲ့ပါဘူး။ ခုလည်း ယူကရိန်းရေဒါတွေကို EW စစ်ယာဉ်တွေနဲ့ မြေပြင်/ဝေဟင်ကနေ ဖိနှိပ်ထားပြီးမှ ဒုံးပျံတွေကိုပစ်လွှတ်တဲ့အတွက် ဘယ်ရေဒါကမှ သတိမပေးနိုင်ခဲ့ပါဘူး။

ခုတော့ နာရီပိုင်းလေးအတွင်း ယူကရိမ်းအရှေ့ခြမ်းဟာ ဘာမှမတွန်းလှန်မတိုက်ခိုက်နိုင်ဘဲနဲ့ ရုရှားတွေသိမ်းတာခံရတော့မှာပဲဖြစ်ပါတယ်။
ယူကရိန်းဘက်ကနေ NATO မှဝင်မတိုက်ရင် စစ်ရပ်ဖို့ လမ်းမမြင်ပါ။ NATO ဝင်တိုက်ရင် တတိယကမ္ဘာစစ်မဟုတ်တောင် အတော်ကြီးတဲ့စစ်ဖြစ်မှာပါ။ ကိုဆိုဗိုစစ်ပွဲမှာတော့ ရုရှားတွေဟာ ထိုင်ကြည့်နေခဲ့ရတာပါ။ ခုကော NATO ရပ်ကြည့်ဦးမှာလား ? ? ? ?

credit
မူရင်း

Address


Website

Alerts

Be the first to know and let us send you an email when Update News Today posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share