Manchester United Daily News - Myanmar

  • Home
  • Manchester United Daily News - Myanmar

Manchester United Daily News - Myanmar United သတင်း‌များကိုနေ့စဥ် တင်သွားပေးမ?

ထရိန်နင် ဆင်းရန် ကာရင်တန်ကွင်း သို့ရောက်ရှိလာသောယူနိုက်တက်ကစားသမားများ။
07/07/2020

ထရိန်နင် ဆင်းရန် ကာရင်တန်ကွင်း သို့ရောက်ရှိလာသောယူနိုက်တက်ကစားသမားများ။

 #သမိုင်း၀င်စံချိန်တင်သရဲနီတို့ရဲ့ရွှေရောင်နေ့ 🏆  👑26.5.1999               အတိတ်သို့သွားချိန်(၁၀)မိနစ်ဒီနေ့ ယူနိုက်တက်ဟာ...
26/05/2020

#သမိုင်း၀င်စံချိန်တင်သရဲနီတို့ရဲ့ရွှေရောင်နေ့ 🏆
👑

26.5.1999 အတိတ်သို့သွားချိန်(၁၀)မိနစ်

ဒီနေ့ ယူနိုက်တက်ဟာ စပိန်နိုင်ငံ နူးကမ်ပ့်ကွင်းမှာ ဘိုင်ယန်အသင်းနဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ကို ကစားဖို့အတွက် ကွင်းထဲမှာ သွေးပူလေ့ကျင့်ခန်းပြုလုပ်နေကြပါတယ်။

ဒီနေ့ ပွဲစဉ်မတိုင်ခင်က ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေ ဖလား ချန်ပီယံ အဖြစ်အောင်ပွဲခံပြီး ဖြစ်တဲ့ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဖလားကိုပါ အရယူလိုက်မယ်ဆိုရင် ဖြင့် တစ်ရာသီအတွင်း ဖလား 3 လုံးအရယူနိုင်မယ့် ပထမဦးဆုံးသော အင်္ဂလန်အသင်းဖြစ်လာမှာပါ။

ထိုအခွင့်အရေးကို လက်လွတ်မခံနိုင်တဲ့ယူနိုက်တက်ဟာ ယနေ့ပွဲအတွက် အလွန်စိတ်လှုပ်ရှားကာ အောင်မြင်မှုကိုဆာလောင်နေကြပါတယ်။ တစ်ဖက်ဘိုင်ယန်အသင်းမှာလဲ ဂျာမန်ဘီလူးကြီးများ လို့ တင်စားခေါ်ရလောက် အောင် အင်မတန်မှ သန်မာအားကောင်းသော စုဖွဲ့မှုရှိတဲ့ အသင်းဖြစ်လို့ ယူနိုက်တက်တို့ အလွယ်တကူ အနိုင်ယူဖို့ ခက်ခဲ့တာ လုံး၀သေချာသလောက်ရှိပါတယ်။

ယူနိုက်တက်ဘက်က

4-4-2 ပုံစံနဲ့ပွဲထွက်လာပြီး

1. Schmeichel (C)
2. G.Neville
3. Johnsen
4. Stam
5. Irwin
6. Butt
7. Beckham
8. Giggs
9. Blomqvist
10. YorKe
11. Cole. တို့ပွဲထွက်ပါ၀င်ကာ

ဘိုင်ယန်ဘက်က

5-2-3 ပုံစံနဲ့ ထွက်လာခဲ့ပါတယ်

1. Khan
2. Mattaus
3. Tarnat
4. Kuffour
5. Linke
6. Babbel
7. Jeremies
8. Effenberg
9. Zickler
10. Jancker
11. Basler တို့ ပွဲထွက်ကစားခဲ့ကြပါတယ်။

ပထမပိုင်း ပွဲစတယ် ဆိုတာနဲ့ နှစ်ဖက်စလုံးအကြိတ်အနယ် ထိုးစစ်ဆင်ကစားခဲ့ကြပါတယ်။
ဒါပေမယ့် ပွဲစပြီး 6မိနစ်အကြာမှာ ယူနိုက်တက်ဘက်က ဖရီးကစ် စပေးခဲ့ရပြီး ဘိုင်ယန်မြူးနစ်ဘက်မှ Basler မှအဖွင့်ဂိုးစတင် သွင်းယူခဲ့ပါတယ်။
သို့သော် ယူနိုက်တက်ဘက်မှ လုံး၀ကစားအားမချဘဲဘောလုံးပိုင်ဆိုင်မှု 55% နဲ့ ဘိုင်ယန် နှင့် သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်စစ်ဆင်ကစားနေကြပါတယ်။
ယူနိုက်တက်ဘက်မှ Corner 6 ခါမှတစ်ဆင့် ဂိုးသွင်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် အရာမရောက်ခဲ့ကာ ပထမပိုင်း 45မိနစ်ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းအစ စစချင်း ဘိုင်ယန်ဘက်မှ ဂိုးပေါက် ချိန်းခြောက်မှု တစ်ခုပြုလုပ်ခဲ့ပေမယ့် ဂိုးအဖြစ်ပြောင်းလဲခြင်းမရှိခဲ့ပါဘူး။
Giggs, Beckham တို့ရဲ့အဝေးကန်ချက်၊‌ ပေးပို့မှု တွေကလည်း မထိရောက်ခဲ့ပြန်ပါဘူး။
ကွင်းလယ်အကျော်က ဘိုင်ယန်ကစားသမား လှမ်းကန်လိုက်တဲ့ မထင်မှတ်ထားတဲ့ကန်ချက်က ဂိုးအဖြစ်မပြောင်းလဲ ခဲ့တာ ကြောင့် ယူနိုက်တက်တို့အတွက် သက်သာရာ ရခဲ့ပါတယ်။
ထို့နောက် မန်ယူကစားသမား Andy Cole ရဲ့ ပီလီကစ် တစ်ပေါက်ကလည်း ချေပဂိုးရရှိဖို့ အလွန်နီးစပ်တဲ့ အနေအထားကို ရောက်ရှိခဲ့ပါသေးတယ်။
ယူနိုက်တက်ရဲ့ ပထမလူစားလဲမှု အနေနဲ့ Blomqvist အစား Sheringhan ကို ထဲ့သွင်းကစားစေခဲ့ပါတယ်။
75မိနစ်မှာ ဘိုင်ယန်ကစားသမား Effenberg ရဲ့အပိုင်ကန်ဂိုးဟာ လည်း တိုင်ထိပြီး ကန်ထွက်ခဲ့ပါတယ်။
ပွဲပြီးဖို့ 10မိနစ်အလိုမှာ တော့ Cole အစား ဆိုလ်းရှားကို ဖာဂူဆန်က ကွင်းထဲထည့်သွင်းလိုက်ပါတော့တယ်။
၀င်လာလာချင်း ဆိုးလ်ရှားရဲ့ အပိုင်ခေါင်းတိုက်မှုကို ဂျာမန်ဂိုးသမား Khan ကလည်း ဒိုင်ဗင်ပြစ်ကာအပိုင်ကာကွယ်သွားပါတယ်။
တစ်မိနစ်အကြာ ဘိုင်ယန်ဘက်က ဖလားရဖို့သေချာစေမယ့် အခွင့်အရေးဖြစ်တဲ့ Jancker ရဲ့ ပီလီကစ် [Overhead Kick] ဟာလည်း တိုင်ထိပြီး ထွက်သွားပြန်ပါတယ်။
ပွဲပြီးဖို့ ၅မိနစ်အလို ဆိုလ်းရှားနောက်ပေါက်နဲ့အသာအယာချပေးတဲ့ ဘောလုံးကို Sheringhan ရဲ့ကန်သွင်းချက်ကို လည်း Khan က ဂိုးပေါက်စစ်သည် ပီသစွာ ကာကွယ်လိုက်နိုင်ပါသေးတယ်။
အချိန်ပို ၃မိနစ် ဒိုင်လူကြီးမှ ကြေငြာ လိုက်အပြီး
ပထမ ဆုံး Cornor ကို Beckham မှကန်တင်လိုက်ပါတယ် ။
ဘောလုံးဟာ Beckham မှတဆင့် ဘိုင်ယန်ရဲ့ပန်နယ်တီဧရိယာ အထိတက်လာတဲ့ မန်ယူဂိုးသမား Schmeichel ၏ ခေါင်းပေါ် မှ ဖြတ်ကာ YorKe ဆီအရောက် လူအုပ်ထဲသို့ကန်သွင်းလိုက်ပါတော့တယ်။
ဘိုင်ယန်နောက်တန်း Fink ရဲ့ မသေသပ်တဲ့ ဖြတ်ထုတ်မှု ကနေ ဘောလုံး ဟာ Giggs ဆီအရောက် Giggs ရဲ့ ကန်သွင်းချက်အနည်းငယ်ပျော့ကာ
Sheringham ဆီရောက်သွားသည့် ဘောလုံးကို ညာခြေနဲ့ ဘယ်ဘက်အောက်ထောင် ဂိုးပိုက်ထဲကို အပိုင်ကန်သွင်းကာ 90+ 0:36' မိနစ်မှာ သရဲနီတို့ ပထမဆုံးခြေပဂိုးရရှိသွားပါတယ်။
‌ခြေပဂိုးရအပြီး ယူနိုက်တက်အသင်းသားနှင့် ပရိတ်သတ်များ စိတ်ဓာတ်အင်မတန် တက်ကြွကာ တရပ်ဆက်တိုက်စစ်ဆင်ရင်း ဒုတိယမြောက် Corner ကို ထပ်မံရရှိပြန်ပါတယ်။ Beckham ကန်လိုက်တဲ့ ဘောလုံး ကို ဖာဂူဆန်ရဲ့ နေရာညွှန်ကြားချက်အတိုင်း အသင့်စောင့်နေတဲ့ Sheringhan ခေါင်းဖျားနှင့်ချအပေး ဆိုးလ်ရှားဆီအရောက် ညာခြေဖျားနှင့် ဂိုးပေါက်ထဲ ထည့်သွင်းကာ အနိုင်ဂိုး ကို နောက်ဆုံးမိနစ် 90+0:36 မှာ သွင်းယူလိုက်ပါတော့တယ်။
အနိုင်ဂိုးသွင်းအပြီး မကြာခင် စက္ကန်ပိုင်းမှာတော့ ဒိုင်လူကြီးမှ ပွဲသိမ်းခရာ မှုတ်ကာ ချန်ပီယံလိဂ် ချန်ပီယံ ယူနိုက်တက်အဖြစ် တင်မကဘဲ တစ်ရာသီထဲ ဖလား၃လုံး ရတဲ့ ပထမဆုံး အင်္ဂလန်အသင်းအဖြစ် ထိုက်ထိုက်တန်တန် မှတ်တမ်း၀င်သွားပါတော့တယ်။

ထူးခြားချက်

1. လူစား၀င်ကစားသမား နှစ်ယောက်မှ နှစ်ဂိုးလုံးသွင်းသွားခြင်း
2. အချိန်ပို နောက်ဆုံး မိနစ်၊စက္ကန့်မှ နှစ်ဂိုးလုံးသွင်းယူခြင်း

နောက်ဆုံး အချိန် နောက်ဆုံးစက္ကန့်အထိ အလျော့မပေးသောဇွဲလုံ့လဖြင့် ကစားခဲ့သောယူနိုက်တက်ကစားသမားများအား ဂုဏ်ပြုသောအားဖြင့်.......

ယူနိုက်တက်မှ အငှားချထားသော ကစားသမားများ ဖြစ်သည့် Joel Pereira , Ethan Hamilton , Kireran O'Hara တို့ အတွက် ပေး‌ချေ ရမယ့်...
26/05/2020

ယူနိုက်တက်မှ အငှားချထားသော ကစားသမားများ ဖြစ်သည့် Joel Pereira , Ethan Hamilton , Kireran O'Hara တို့ အတွက် ပေး‌ချေ ရမယ့် ကျန်ရှိ အငှားငွေများကို ပေးချေစေရန်မလိုတော့ကြောင်း Hearts, ဘော်လ်တန်နှင့် ဘာတန် အသင်းတို့အား အကြောင်းကြားခဲ့ပါတယ်။

ယူနိုက်တက်ဘက်မှ အသင်းငယ်များ၏ ငွေကြေးအခက်အခဲကို တက်နိုင်သည့်ဘက်မှ ကူညီခဲ့ခြင်း ဖြစ်သည် ကို အဆိုပါအသင်းငယ်များမှ လည်း ၀မ်းမြောက်စွာ လက်ခံကာကျေးဇူးတင်စကား ပြောကြကြောင်း ဖော်ပြထားသည်။

Source [ official ]

ကာရင်တန်သို့ 📷 ပုံရိပ်များ
25/05/2020

ကာရင်တန်သို့ 📷 ပုံရိပ်များ

ကံမကုန်ပြန်ဆုံကြမယ် 🤝 Odion Ighaloတရုတ်ရှန်ဟိုင်းရှင်ဟွာကလပ်ပိုင် အီဂါလိုအတွက် ယူနိုက်တက်ရဲ့ဆွေးနွေးမှုဟာ အထမမြောက်ခဲ့တဲ...
25/05/2020

ကံမကုန်ပြန်ဆုံကြမယ် 🤝 Odion Ighalo

တရုတ်ရှန်ဟိုင်းရှင်ဟွာကလပ်ပိုင် အီဂါလိုအတွက် ယူနိုက်တက်ရဲ့ဆွေးနွေးမှုဟာ အထမမြောက်ခဲ့တဲ့အတွက် ယခုအပတ်အတွင်း မှာအဆိုပါကစားသမားဟာ မိခင်ကလပ်အသင်းကို ပြန်ရတော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ချုပ်ဆိုထားတဲ့ ရေတိုစာချုပ်ဟာ ယခုလအတွင်းသက်တမ်းကုန်ဆုံးမှာ ဖြစ်တဲ့အတွက် တရုတ်အသင်းဘက်မှ အီဂါလိုအား အလျှင်အမြန်အသင်းနှင့်ပူးဆောင်စေလိုသောကြောင့် ယခုကဲ့သို့ အမြန် အိမ်ပြန်ခြင်းဖြစ်သည်။ အီဂါလိုမှာ ယူနိုက်တက်အတွက် ဆက်လက်ကစားစေချင်သော ဆန္ဒပြင်းပြနေသော်လည်း ယူနိုက်တက်ဘက်မှ ဆွေးနွေးမှု မအောင်မြင်သော ကြောင့် အီဂါလိုအား လက်လွှတ်လိုက်ရ ခြင်းဖြစ်သည်။

Source [Official]

 ဗန်ပါစီ 🗣️ဖာဂူဆန်ဟာ ၀င်းဂါးထက်ရော ဗန် ထက်ပါ ပိုကောင်းတဲ့ မန်နေဂျာတစ်ယောက်ပါ။ယူနိုက်တက်မှာ Striker အဖြစ်ကစားသွားတဲ့ ဗန်ပ...
24/05/2020



ဗန်ပါစီ 🗣️

ဖာဂူဆန်ဟာ ၀င်းဂါးထက်ရော ဗန် ထက်ပါ ပိုကောင်းတဲ့ မန်နေဂျာတစ်ယောက်ပါ။

ယူနိုက်တက်မှာ Striker အဖြစ်ကစားသွားတဲ့ ဗန်ပါစီက သူ့ကစားသမားဘ၀တစ်လျောက် ဖာဂူဆန်ဟာ အကောင်းဆုံး မန်နေဂျာဖြစ်ကြောင်း။ ၀င်းဂါးလက်အောက်မှာ နှစ်ပေါင်းများစွာ ကစားခဲ့ရတာကိုနှစ်သက်ပေမယ့် ဖာဂူဆန်ဆီရောက်မှ သာ မိမိအရည်အချင်းပိုမို တိုးတက်ခဲ့ကြောင်း ကို
"The Manager and the total person " ဆိုတဲ့ခေါင်းစဉ်အောက်မှာရေးသားထားပါတယ်။

" ဖာဂူဆန်ဟာ တကယ့်မန်နေဂျာ ကောင်းတစ်ယောက်ပါ။ သူအမြဲတမ်း အသင်းအပေါ်လွှမ်းမိုးနှိုင်တယ်။ သူပြောရင်အသင်းက တစ်ခွန်းဘဲ ကျွန်တော်ပြောတာ အပို မဟုတ်ဘူးနော်။ အောင်မြင်မှုတွေက သက်သေဘဲ။



Photo- August 17,2012 ဗန်ပါစီ အသင်းနှင့် လေးနှစ်စာချုပ်ချုပ်ဆိုခဲ့စဉ်က

ဒီနေ့ ဟာယူရိုပါလိဂ်ဖလား 🏆 မှာ ခြေစွာနေတဲ့ အေဂျက်အသင်းကို Stockholm မှာ အကြိတ်အနယ်ယှဉ်ပြိုင်ပြီး အောင်မြင်မှုသရဖူကိုဆောင်...
24/05/2020

ဒီနေ့ ဟာ
ယူရိုပါလိဂ်ဖလား 🏆 မှာ ခြေစွာနေတဲ့ အေဂျက်အသင်းကို Stockholm မှာ အကြိတ်အနယ်ယှဉ်ပြိုင်ပြီး အောင်မြင်မှုသရဖူကိုဆောင်းခဲ့တဲ့နေ့လေးတစ်နေ့ဖြစ်ပါတယ်။

ဘာလို့❓
ဒီဖလားကို ယူနိုက်တက်တို့ မဖြစ်မနေအရယူခဲ့ကြတာလဲဆိုတာရော ယူနိုက်တက်ဖန်များမှတ်မိ‌ကြပါသေးလား❓

ရွှေရောင် အတိတ်ကိုပြန်တွေးကြည့်ရအောင်......

2015/2016 Premier League ရာသီ အပြီး အဆင့်၅ သာ ရခဲ့တဲ့ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ကစားဖို့ရာ အတွက် ယူရိုပါလိဂ်ဖလားကို အရယူဖို့ အင်မတန်မှလိုအပ်နေပါတယ်။ သို့သော်လည်း အသင်းမှာ ဒါဏ်ရာရကစားသမားများပြားနေတာက တစ်ကြောင်း ခြေစွမ်းအနည်းငယ်ကျဆင်းနေတာက တစ်ကြောင်းမို့ ပြိုင်ဘက်အသင်းဖန်များရဲ့ အထင်သေးမှုကိုလည်း ခံနေရပြန်ပါတယ်။ ဒါပေ
မယ့် ယူနိုက်တက် မိသားစုဟာ အားလုံးမထင်မှတ်ထားတဲ့ အရာကို အခက်အခဲပေါင်းများစွာကြားမှာ လုပ်ပြလိုက်ပါတယ်။

ဒါကတော့ ယူရိုပါလိဂ်ဖလားကို အရယူကာ ချန်ပီယံ လိဂ် ကစားခွင့်ကိုပါ ရရှိလိုက်တာပါဘဲ။

အခက်အခဲကြားရောက်တိုင်း အမြဲအောင်မြင်မှု တစ်ဖန်ရရှိတတ်တဲ့ အနီရောင်သူရဲကောင်းများကို ဂုဏ်ပြုရင်း..............

တစ်ကြိမ်ထက်ပိုပြီး Premier League ဖလားရဖူးတဲ့ ကစားသမားများထဲမှာ ယူနိုက်တက် ကစားသမား 6ယောက်ထိပါ၀င် ။Source [BBC]
23/05/2020

တစ်ကြိမ်ထက်ပိုပြီး Premier League ဖလားရဖူးတဲ့
ကစားသမားများထဲမှာ ယူနိုက်တက် ကစားသမား 6ယောက်ထိပါ၀င် ။

Source [BBC]

" Bruno ဟာ မန်ယူရဲ့ ဂန္ဓ၀င် ကစားသမားနှစ်ယောက်ပေါင်းစပ်ထားတဲ့ကိုယ်ပွားတစ်ယောက်ပါ "~~~Ryan Giggs~~~🗣️GiggsBruno ဟာ အသင်းရဲ...
23/05/2020

" Bruno ဟာ မန်ယူရဲ့ ဂန္ဓ၀င် ကစားသမားနှစ်ယောက်ပေါင်းစပ်ထားတဲ့ကိုယ်ပွားတစ်ယောက်ပါ "
~~~Ryan Giggs~~~

🗣️Giggs

Bruno ဟာ အသင်းရဲ့ Hero များဖြစ်တဲ့ ကန်တိုနာကြီးနဲ့ ဗန်ပါစီတို့ ပေါင်းစပ်ထားတဲ့ ကိုယ်ပွားတစ်ယောက်ဖြစ်တယ်ဆိုတာ ကျွန်တော်ရဲရဲကြီးပြောရဲတယ်။ £47million နဲ့ စပို့တင်းကနေပြောင်းလာတဲ့ Bruno ဟာ ပေးရတဲ့ဈေးထက် ပိုမိုထိုက်တန်ကြောင်းလည်း အရင်ကစားခဲ့တဲ့ ပွဲတွေမှာသက်သေပြခဲ့တယ်။ သူသာပိုပြီးခြေစွမ်းပြလာရင်ကျွန်တောတို့ ယူနိုက်တက်ဟာ အခုထက်ပိုတိုးတက်လာဦးမှာပါ။

နှမြောစရာကောင်းတာက တော့ ယူနိုက်တက်က အရှိန်အဟုန်နဲ့ ထိုးတက်ပျံသန်းနေတုန်း ဘောလုံးပွဲတွေရပ်နားလိုက်ရတာပါဘဲ ။

Source [Giggs Interview]

22/05/2020
ဒီဂီယာ ဝူခုန်း Version 🙊🙉🙈(သခင်ကြီးကေ နဲ့အလန်းကြီး)
22/05/2020

ဒီဂီယာ ဝူခုန်း Version 🙊🙉🙈
(သခင်ကြီးကေ နဲ့အလန်းကြီး)

သွေးပူလေ့ကျင့်ခန်းစ နေသော Rash !!!
22/05/2020

သွေးပူလေ့ကျင့်ခန်းစ နေသော Rash !!!

 ယနေ့ (May 22)ကာရင်တန်သို့ရောက်ရှိလာသောယူနိုက်တက်အသင်းသား များ။
22/05/2020



ယနေ့ (May 22)ကာရင်တန်သို့ရောက်ရှိလာသောယူနိုက်တက်အသင်းသား များ။

Address


Website

Alerts

Be the first to know and let us send you an email when Manchester United Daily News - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share