North Dagon Media

  • Home
  • North Dagon Media

North Dagon Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from North Dagon Media, Media/News Company, .

22/07/2021

လက်ရှိ အခြေအနေတွေနဲ့ ပက်သက်တဲ့ သီတင်းတွေ နေရာ ဒေသ အတိအကျနှင့် တကွ မတင်စေချင်လိုပါ။

​စိုးရိမ်မှု ကို နားလည်ပါသည်။ အသံတိတ်နေခြင်းဖြင့် ပြည်သူတပ်သားတွေကို ကူညီပါ။

သတင်းမျှဝေလိုလျှင် အခြား platform များကိုအသုံးပြုပါ။

ယနေ့ မြောက်ဒဂုံ ညသပိတ်မှ ဓာတ်ပုံတစ်ခု
30/03/2021

ယနေ့ မြောက်ဒဂုံ ညသပိတ်မှ ဓာတ်ပုံတစ်ခု

တောင်ဒဂုံ အခြေအနေဆိုးပါတယ်။ Defence line ပျက်သွားပြီ လို့ သိရပါတယ်။ လက်ပစ်ဗုံး သုံးတာ ငါးလုံး ရှိပါတယ်။ မြောက်ဒဂုံဘက်မှာ...
29/03/2021

တောင်ဒဂုံ အခြေအနေဆိုးပါတယ်။ Defence line ပျက်သွားပြီ လို့ သိရပါတယ်။ လက်ပစ်ဗုံး သုံးတာ ငါးလုံး ရှိပါတယ်။

မြောက်ဒဂုံဘက်မှာတော့ မဝတ ဘက်နဲ့ မန္တလေး လမ်းဘတ်မှာ လက်နက်ကိုင် အမှိုက်တွေ ရှိနေလို့ ပျောက်ကျား လှုပ်ရှားနေရတယ်လို့ သိရပါတယ်။

28/03/2021

တောင်ဒဂုံကို အင်အား အများကြီး သုံးပြီး ဝိုင်းဖိနေကြပါတယ်။ အဲ့တော့ မြောက်ဒဂုံသား တွေ ဘာလုပ်ရမလဲ သိကြမှာပါ။

မြေပြင်သတင်းတွေကို လူတွေသိနိုင်ဖို့ ပြည်သူတွေကူမှပဲ ရပါမယ်ဒဂုံမြောက်မြို့နယ်အတွင်း အရေးကြီးသတင်းတွေ၊ ခွေးစုရပ်၊ ခွေးလာလမ...
27/03/2021

မြေပြင်သတင်းတွေကို လူတွေသိနိုင်ဖို့ ပြည်သူတွေကူမှပဲ ရပါမယ်
ဒဂုံမြောက်မြို့နယ်အတွင်း အရေးကြီးသတင်းတွေ၊ ခွေးစုရပ်၊ ခွေးလာလမ်းစတဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီသိအောင်လို့ page cb မှာ သတင်းပို့ပေးလို့ရပါတယ်။

Telegram မှာဆိုရင်လည်း ဒါမှမဟုတ်
t.me/ndgchannel ကို join ပြီး pin post က အကောင့်ကို သတင်းပေးပို့နိုင်ပါတယ်

လက်ရှိ ည ၈ နာရီမှာ ၃၂ ရပ်ကွက်ထဲ ခွေးတွေဝင်နေတယ်လို့ သိရပါတယ်။

You can view and join right away.

ရသမျှ သတင်းတွေကို အမြန်တင်ရတာမို့လို့Telegram channel မှာပဲ တင်ပေးနေပါတယ်t.me/ndgchannelကို join ထားပေးကြပါ
27/03/2021

ရသမျှ သတင်းတွေကို အမြန်တင်ရတာမို့လို့
Telegram channel မှာပဲ တင်ပေးနေပါတယ်

t.me/ndgchannel

ကို join ထားပေးကြပါ

You can view and join right away.

25/03/2021

တောင်ဒဂုံ ၇၀ / ၇၂ ဘက် စက်သေနတ် တွေပါ သုံးပြီး ပစ်ခတ်မှုတွေ ရှိနေပါတယ်။

Breaking New - 24.3.2021တောင်ဒဂုံ ၂၅ရပ်ကွက် ကံ့ကော်လမ်းကNLDအဖွဲ့ဝင် တစ်ဦး အဖမ်းခံရပါတယ်။ ဒလန်တွေ လမ်းပြခဲ့တယ် လို့လည်း သ...
24/03/2021

Breaking New - 24.3.2021တောင်ဒဂုံ ၂၅ရပ်ကွက် ကံ့ကော်လမ်းကNLDအဖွဲ့ဝင် တစ်ဦး အဖမ်းခံရပါတယ်။ ဒလန်တွေ လမ်းပြခဲ့တယ် လို့လည်း သိရပါတယ်။

24.03.2021 မြောက်ဒဂုံ မြို့နယ် Silent Strike
24/03/2021

24.03.2021

မြောက်ဒဂုံ မြို့နယ် Silent Strike

ယနေ့ညမှာ မြောက်ဒဂုံနဲ့ အရှေ့ဒဂုံ အတွင်း ညသပိတ်တွေ ငါးနေရာ ခြောက်နေရာ လောက်ရှိနေခဲ့ပါတယ်။ မညီဘူး ဆိုတာတွေ ၊ ကြောက်ကြတယ် ဆ...
22/03/2021

ယနေ့ညမှာ မြောက်ဒဂုံနဲ့ အရှေ့ဒဂုံ အတွင်း ညသပိတ်တွေ ငါးနေရာ ခြောက်နေရာ လောက်ရှိနေခဲ့ပါတယ်။

မညီဘူး ဆိုတာတွေ ၊ ကြောက်ကြတယ် ဆိုတဲ့ အသုံးအနှုန်း တွေကို ခေါက်ထားလိုက်ကြပါတော့။

21/03/2021

9:15 pm
ဦးဝိစာရလမ်း မဟာမြိုင်အိမ်ယာမရောက်ခင်
A4 KTVနားမှာ
တံခါးတွေဖျက်နေတယ်
အခုမဟာမြိုင်တော်၀င် ရုပ်ရှင်ရုံနားက ဝါးကပ်တွေ ဖြုတ်သွားတယ်
နောက်တစ်ဖွဲ့က ၄၂ ဇော်ဂျီနားရောက်နေပြီ

31 ရပ်ကွက်မှာလည်း
ရပ်ကွက်ထဲဒီညပေါ်တာဝင်ဆွဲမယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက သတင်းလွှင့်ထားသဖြင့် လူစုနေကြောင်း သိရှိရပါတယ်။

ယနေ့ည ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ညသပိတ်
21/03/2021

ယနေ့ည ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ညသပိတ်

21/03/2021

မြောက်ဒဂုံ နဲ့ အရှေ့ ဒဂုံ group တွေထဲမှာ စေသနာနဲ့ အားမရလို့ ထောက်ပြချင်စိတ်နဲ့ ဆိုပေမဲ့ အပြုသဘော မဆောင်တဲ့ post လေးတွေ တွေ့မိလို့။

မြောက်ဒဂုံ ကော အရှေ့ဒဂုံ မှာကော ရတဲ့နည်းနဲ့ ရသလို ပြောက်ကျား သပိတ်တွေ လူမဲ့ သပိတ်တွေ နေ့ကော ညကော ပုံမှန် ရှိနေပါတယ်။

အပြင်မှာ အင်တာနက်မရတာက တစ်ကြောင်း ၊ ပြောက်ကား ဖြစ်နေတာ တစ်ကြောင်း မို့လို့ ပုံတွေ မတွေ့လို့ မြောက်ဒဂုံ နဲ့ အရှေ့ဒဂုံက ငြိမ်ကုန်ကြပြီ လို့ တစ်ချို့တွေ အထင်လွဲနေကြလို့ပါ။

ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီC RYH က ထုတ်ပြန်အသိပေးခဲ့သော မိမိကိုယ်ကိုယ်ခုခံကာကွယ်ပိုင်ခွင့်လုပ်ငန်းစဉ် (၅)ရ...
20/03/2021

ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီC RYH က ထုတ်ပြန်အသိပေးခဲ့သော မိမိကိုယ်ကိုယ်ခုခံကာကွယ်ပိုင်ခွင့်လုပ်ငန်းစဉ် (၅)ရပ်ကို အများပြည်သူ ပိုမိုရှင်းလင်းစွာ သိရှိနိုင်ရန် ရုပ်ပုံကားချက်များဖြင့် ရှင်းလင်းချက်အားဖော်ပြလိုက်ပါသည်။

Ref - CRYH

19/03/2021

ကျွန်တော်တို့ရဲ့ Martial law Alliance မြောက်ဥက္ကလာ မှာ မီး ဖျတ်ပြီး CDM သမားတွေ ဝင်ဆွဲနေတယ်လို့ ကြားပါတယ်။

မြောက် ဥက္ကလာ သားတွေ သတိရှိကြပါ။

19/03/2021

ဖောက်တဲ့နေရာကတော့ တစ်နေရာထဲ မဟုတ်ပါဘူး
နေရာတွေ အတည်ပြုပြီးရင် ပြန်ပြောပေးပါမယ်ဗျ။

ယနေ့ မြောက်ဒဂုံ သပိတ်စစ်ကြောင်း  4tos crd  to original uploader
19/03/2021

ယနေ့ မြောက်ဒဂုံ သပိတ်စစ်ကြောင်း

4tos crd to original uploader

19/03/2021

မြောက်ဒဂုံ Up to date

ရာဇဓိရာဇ် လမ်း ၊ ကျောင်းလမ်းနဲ့ တပင်ရွှေထီး လမ်းထောင့် ၊ ကျောင်းလမ်းနဲ့ ပင်လုံလမ်းထောင့်မှာ ရဲတွေ ရှိနေတယ် လို့ သိရပါတယ်။ လက်နက်အပြည့်အစုံ ပါဝင်ပြီး ကျည်ကာများလည်း တပ်ဆင်ထားတယ်လို့ သ်ရပါတယ်။

အချိန်အပြောင်းအလဲ အပေါ်မူတည်၍ ယနေ့အခြေအနေများကို Cmt မှာ ထပ်တိုး ဖော်ပြပေးပါမယ်။

18/03/2021

ဒီနေ့ ဖြစ်သွားတဲ့ ကိစ္စ က ပြီးခဲ့တာလည်း ပြီးပြီ မို့ ထွေထွေထူးထူး ပြန်မပြောချင်တော့ဘူး။
( စိတ်ထဲ မကောင်းတာတော့အမှန်ပါ )

နာရေးကူညီမှုအသင်း ကို ခွေးတွေလာတုန်းက ပုဒ်မ ၁၄၄ ကို အရင် ဖီဆန်တာ ကျွန်တော် တို့ မြောက်ဒဂုံ သားတွေပါ။

အခု အနေအထားကို သိပ်ပြီးတော့ သဘောမကျချင်ဘူး။

ကျွန်တော်တို့ လမ်းမပေါ်က စစ်အမှိုက်တွေ ကို ရှင်းဖို့

ပိုကောင်းတဲ့ မြောက်ဒဂုံ သားတွေ အဖြစ် ပြန်လာ ကြမယ်လို့ ယုံကြည်ပါတယ်။

လမ်းတွေ အထပ်ထပ် ပိတ်ထားတာ ဘာလုပ်ဖို့လဲဗျာ။ သူတို့ကို အချိန်ဆွဲချင်ယုံ သက်သက်တော့ အပင်ပန်းခံ မပိတ်ကျပါနဲ့ ။လမ်းပိတ်တယ်။ လ...
18/03/2021

လမ်းတွေ အထပ်ထပ် ပိတ်ထားတာ ဘာလုပ်ဖို့လဲဗျာ။

သူတို့ကို အချိန်ဆွဲချင်ယုံ သက်သက်တော့ အပင်ပန်းခံ မပိတ်ကျပါနဲ့ ။

လမ်းပိတ်တယ်။ လာဖြတ်သွားတယ်။ ပြန်ပိတ်တယ်။ ပြန်ဖျက်တယ်။ ပြီးတော့ ရပ်ကွက်ထဲတွေ ဝင်လာရော။

ခံတပ်တစ်ခု ဆောက်ထားရင် ခံတပ်ကို ကာကွယ်ဖို့ တာဝန် ရှိပါတယ်။

ကိုယ်လူတွေ ကိုယ်တိုင်က ပြန်ဖြုတ်နေတာတော့ အဆင်မပြေဘူး။

17/03/2021

Update သိရသမျှ edit ပေးပါ့မယ်

12:20 pm
ခွေးတွေ ၃၄ ရပ်ကွက်၊ သရဖီ(၆)လမ်းဝန်းကျင်မှာရှိပါတယ်။ ၆ယောက်ပါ။

သရဖီလမ်းကနေလဲ double cab နဲ့သွားနေတာတွေရှိပါတယ်။

12:27 pm
ခွေးအကောင် 30 လောက်ရှိတယ် ပြောပါတယ်။
အခုထိရှိပါတယ်။
စစ်‌ေခွး5‌ေကာင်ရဲခွေးက များပါတယ်။
Total (30)လောက်ရှိပါတယ်။
တစ်ချို့လည်း အဖမ်းခံရတယ်ပြောပါတယ်။
13ယောက်ဝန်းကျင်လို့ပြောပါတယ်။
Source ကတော့ မြင်တယ့်လူဖုန်းလှမ်းဆက်တာပါ။
အတိအကျသိရရင်ထပ် editပေးပါမယ်။

12:32 pm
ရဲကားကလူတွေတင်ပြီးထွက်သွားပါပြီ။
ရဲတစ်ချို့တွေတော့ကျန်ခဲ့တယ်။

12:34
ဗိုလ်မင်းရောင်နဲ့ တောင်သရက်ထိပ်က အတားအဆီးတွေဖျက်နေပါတယ်။

အရေးပေါ် ပြန်ကြားချက် ___________________________________ညပိုင်း အချိန် တွင် အိမ်များနှင့် လမ်းများ အမှောင်ချထားခြင်းသည်...
16/03/2021

အရေးပေါ် ပြန်ကြားချက်
___________________________________

ညပိုင်း အချိန် တွင် အိမ်များနှင့် လမ်းများ အမှောင်ချထားခြင်းသည်

-မြေပြင်သတင်း မှတ်တမ်း ရယူရန် မလွယ်ကူခြင်း
-သတင်းမှန်မမှန် ဆုံးဖြတ်ရခက်ခဲခြင်း
-ဒလန်တွေ သတင်းအမှားပေးနိုင်ခြင်း

အစရှိတဲ့ ပြဿနာများနှင့် အခက်အခဲ များ ဖြစ်ပေါ် စေပါတယ်။

သို့ဖြစ်ပါ၍ ညပိုင်းအချိန်များတွင် အကြောင်းအမျိုးမျိုး ကြောင့်မီးအကုန်ပိတ်ထားခြင်း ၊ မီးအမှောင်ချခြင်းများ မပြုလုပ်ဖို့ အသိပေးပြန်ကြားလိုက်ပါတယ်။

March 155:00 pmဗထူးလမ်းနှင့် ပြည်ထောင်စုလမ်းဆုံရာ၄၆ မီးပွိုင့်တွင်ရဲကားနှင့် စစ်ကားများ ရောက်ရှိနေပါသည်။ဘူဒိုဇာကားကြီးလည...
15/03/2021

March 15
5:00 pm
ဗထူးလမ်းနှင့် ပြည်ထောင်စုလမ်းဆုံရာ
၄၆ မီးပွိုင့်တွင်
ရဲကားနှင့် စစ်ကားများ ရောက်ရှိနေပါသည်။
ဘူဒိုဇာကားကြီးလည်း ပါရှိသည်။

တောင်ဒဂုံ ဘက်မှာ အယောက် ၂၀ ကျော် ကျည်အစစ်ထိထားပြီး ပြင်းထန် ဒဏ်ရာ ရသူတွေ သေဆုံးမှုတွေ ရှိနေတယ် လို့လည်း သိရပါတယ်။ media ...
14/03/2021

တောင်ဒဂုံ ဘက်မှာ အယောက် ၂၀ ကျော် ကျည်အစစ်ထိထားပြီး ပြင်းထန် ဒဏ်ရာ ရသူတွေ သေဆုံးမှုတွေ ရှိနေတယ် လို့လည်း သိရပါတယ်။

media attention မရတဲ့ ကျွန်တော်တို့ မြို့နယ်နီးချင်း တောင်ဒဂုံ မြို့က သူတွေ ကျွန်တော်တို့ကို သတင်းတွေ ရေးပို့လို့ရပါတယ်။

14/03/2021

ဒဂုံမြောက် ရဲစခန်းအား အရှေ့ဒဂုံ ၅ ရပ်ကွက် ၄ ရပ်ကွက် ၈ ရပ်ကွက်မှ ဒန်ပေါက်ထုပ် အုန်းနို့ခေါက်ဆွဲထုပ်များဖြင့်ဝိုင်းထား ။ ရဲကင်းမှ သေနတ်ပစ်ဖောက် ။ ၅ ရပ်ကွက် အကုန် အိမ်မီးတွေပိတ်ထားပါသည်။

14/03/2021

March 14
8:15 pm

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၏ မဝတလမ်းဆုံရှိ ယနေ့ ညသပိတ်တွင် အကြမ်းဖက်ဖြိုခွဲခံရသဖြင့် ကျည်ထိသူများထဲမှ တစ်ဦး သေဆုံးသွားပါပြီ
အရှေ့ဒဂုံမှ လာသူဟု သိရပြီး အခြားအချက်များ မသိရသေးပါ
ဒဏ်ရာရသူများစွာရှိနေပြီး အရေအတွက် အတိအကျ မသိရသေးပါ။

14/03/2021

March 14

ယနေ့ည ၇ နာရီကျော်ခန့်တွင်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မဝတလမ်းဆုံရှိ ထွေအုပ်ရုံးရှေ့တွင် လမ်းပိတ်ကာ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ နေရာယူထားပြီး အခြားလမ်းတစ်ဖက်တွင် ပြည်သူများလည်း ညသပိတ်စုဝေးကာ ဆန္ဒပြလျက်ရှိသည်။

ထိုအချိန်တွင် လက်နက်ကိုင်များမှ အသံဗုံးများ ဖောက်ကာ လူစုခွဲနေသကဲ့သို့ ပြည်သူများဘက်မှလည်း ဗျောက်အိုးများ ပြန်ဖောက်ခဲ့ကြောင်း သိရှိရပါသည်။

NDG Media

13/3/2021Time 10:30 ဝန်းကျင်၃၅ကနေ- လောပိတ ‌- ကျောင်းဘက်-လမ်းထိပ်- သင်းဝင်(၅)လမ်း-ayaကနေ ပြန်ထွက်သွားပါပြီကားကတော့ တချို့...
13/03/2021

13/3/2021
Time 10:30 ဝန်းကျင်

၃၅ကနေ- လောပိတ ‌- ကျောင်းဘက်-လမ်းထိပ်- သင်းဝင်(၅)လမ်း-ayaကနေ ပြန်ထွက်သွားပါပြီ
ကားကတော့ တချို့ကားတွေကျန်ခဲ့တယ်
(ဒလံကားတွေဖြစ်ဖို့များပါတယ်)

အလာတုန်းကပါတဲ့ လက်နက်ကိုင်လမ်းလျှောက်လူတွေကို မတွေ့တော့ဘူး

ပြန်လာတဲ့ ကားအင်အားနည်းသွားတယ်

ပုံပါ ဟိုင်းလက်တစ်စီးကျန်ခဲ့တယ်

ကျွန်တော်တို့ ဒလန်တွေကို ပြန်လွှတ်ပေးတာမျိုးတွေ မလုပ်ကြပါနဲ့။
13/03/2021

ကျွန်တော်တို့ ဒလန်တွေကို ပြန်လွှတ်ပေးတာမျိုးတွေ မလုပ်ကြပါနဲ့။

12/03/2021

Breaking News

46 မှာ ကင်းသမား တစ်ယောက် ရာဘာကျည်ထိထားပါတယ်။

ဗိုလ်ဗထူး ဘက်မှာတော့ အတွင်းလမ်း တွေကို ဓာတ်မီး နဲ့ ထိုးကြည့်နေတာတွေ ရှိပါတယ်။

ထ၄ ကျောင်းနားမှာ စစ်ကားတွေ ရှိနေပါတယ်။

ကင်းသမားတွေ အထူးသတိရှိကြပါ။

ကျွန်တော် တို့ North Dagon Media မှ မြေပြင်အခြေအနေများကို လွယ်လွယ်ကူကူ သတင်းပေးနိုင်ရန် နှင့် မြောက်ဒဂုံ အတွင်း အခြေအနေမ...
11/03/2021

ကျွန်တော် တို့ North Dagon Media မှ မြေပြင်အခြေအနေများကို လွယ်လွယ်ကူကူ သတင်းပေးနိုင်ရန် နှင့် မြောက်ဒဂုံ အတွင်း အခြေအနေများကို ပိုမို ဖော်ပြနိုင်ရန် Twitter နှင့် Telegram channel များပါထပ်တိုး ဖွင့်လှစ်ထားသည်။

Twitter

https://twitter.com/MediaDagon?s=09

Telegram channel URL ကို Cb မှာ လာယူပေးပါ။

ဒီနေ့ ကျရှုံးသွားတဲ့ အာဇာနည် များ ကောင်းရာမွန်ရာ ရောက်ပါစေ။သိပ်မကြာခင်မှာ ကောင်းကင်ပေါ်ကနေ အကြောက်တရား မရှိတဲ့ ကျွန်တော်...
11/03/2021

ဒီနေ့ ကျရှုံးသွားတဲ့ အာဇာနည် များ ကောင်းရာမွန်ရာ ရောက်ပါစေ။

သိပ်မကြာခင်မှာ ကောင်းကင်ပေါ်ကနေ အကြောက်တရား မရှိတဲ့ ကျွန်တော်တို့ရဲ့ ဖက်ဒရယ် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ကို လှမ်းကြည့်ပေါ့ဗျာ။

ဒဏ်ရာရ ပေါင်ထိ ညီလေး သတိရနေပါပြီ။လက်လည်း ​ကျိုးသွားပါတယ်။မိသားစုတွေလည်း ရောက်နေပါပြီ။စိတ်ချရတဲ့ နေရာမှာပါ။ဆီးခုံထိတာ မဟု...
11/03/2021

ဒဏ်ရာရ ပေါင်ထိ ညီလေး သတိရနေပါပြီ။
လက်လည်း ​ကျိုးသွားပါတယ်။
မိသားစုတွေလည်း ရောက်နေပါပြီ။
စိတ်ချရတဲ့ နေရာမှာပါ။
ဆီးခုံထိတာ မဟုတ်ပါဘူး။
ခေါင်းထိတဲ့ ညီလေးကတော့ တက်ဆွဲကတည်းက ကျဆုံးသွားတာပါ။ RIP ပါ ညီလေး။
ဖြစ်ပွားတာကတော့ ဒီနေ့ မတ်လ ၁၁ ရက်နေ့၊ နေ့ခင်း ၁၁ နာရီဝန်းကျင်၊ ဒဂုံမြောက် ၃၅စစ်ကြောင်းမှာပါ။

ကျည်ဆံထိထားသော ပြည်သူနှစ်ဦး ထဲမှ တစ်ဦးကတော့ ကျဆုံးသွားပြီဟု သိရပါတယ်။ ခေါင်းကို ကျည်ဆံထိမှန်ခဲ့တာ ဖြစ်ပါတယ်။https://www....
11/03/2021

ကျည်ဆံထိထားသော ပြည်သူနှစ်ဦး ထဲမှ တစ်ဦးကတော့ ကျဆုံးသွားပြီဟု သိရပါတယ်။

ခေါင်းကို ကျည်ဆံထိမှန်ခဲ့တာ ဖြစ်ပါတယ်။

https://www.facebook.com/105743284906608/posts/112610580886545/?d=n

11/03/2021

Breaking New
____________

Edited - တစ်ဦး ဆုံးသွားပါပြီ။

မြောက်ဒဂုံ 35 နဲ့ ဆက်သွယ်ရေး ၊ ကျောင်းလမ်း ဘက်တွေမှာ လက်နက်ကိုင် သူပုန်တွေ သေနတ်နဲ့ ပစ်ခတ်တာတွေ ရှိနေပြီး 35 ဗိုလ်မင်ရောင်လမ်းမှာပြည်သူ နှစ်ဦး သေနတ် ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

အကွက်ထဲဝင်မယ် UN လာမယ်ဆိုတဲ့ လူတွေ ကျော်သွားပါ။ လူငယ်တွေကို ပိုအလိုရှိပါတယ်။ကျွန်တော် တို့ မြောက်ဒဂုံ မြို့နယ်မှာ သပိတ်အ...
10/03/2021

အကွက်ထဲဝင်မယ် UN လာမယ်ဆိုတဲ့ လူတွေ ကျော်သွားပါ။

လူငယ်တွေကို ပိုအလိုရှိပါတယ်။

ကျွန်တော် တို့ မြောက်ဒဂုံ မြို့နယ်မှာ သပိတ်အင်အား ပြန်လည်တောင့်တင်းလာရေး အတွက် အောက်ဖော်ပြပါ နေရာများ အတွက် တာဝန်ယူနိုင်မည့် လူငယ်များကို အလိုရှိပါသည်။

1 page အတွက် မြေပြင်ကနေ သတင်းပေးမဲ့ သတင်းထောက်များ

2 ဖိရင်ကြွ ထိရင်ခြ ဖို့ cocktail ဖျော်ဖို့ ရေပတ်ဖို့ ပြင်ဆင်မဲ့ လူငယ်များ

3 protester များ

4 Twitter ပေါ် သွားမဲ့ ပန်းနုသွေးများ ( လိုအပ်ပါက North Dagon Media Twitter အကောင့် ဖွင့်မည်။ )

5 ညကင်းစောင့် လူငယ်များ

6 ည ၁-၆ အင်တာနက်ရသူများ ( ဇီးကွက်စကွက် )

7 မနက် ၆ နာရီ မှ ကိုးနာရီ အတွင်း မအလတို့ Location သတင်းပေးနိုင်သူများနှင့်

8 Telegram channel admin များ

9 သတင်းလက်ခံ page admin များ အလို ရှိသည်။

CCTV ရှိသော အိမ်များမှ သူများ ( အထူးသဖြင့် ပင်လုံလမ်း ) များကိုလည်း Page Cb တွေ လာရောက်ဆက်သွယ်စေလိုသည်။

ကျွန်တော်တို့ အဖွဲ့ အသုံးပြုမဲ့ platform ကို cb ကနေ ပဲ ပြောပါမယ်။ လှို့ဝှက်အစီအစဥ်များ ထုတ်ဖော်သွားမည် မဟုတ်ပါ။

04/03/2021

လက်ရှိ မြောက်ဒဂုံ ပင်လုံလမ်းမှာ ဘေလီဘက်နဲ့ မဝတ ဘက်ကနေ တာလာတဲ့ ရဲတွေကြား နှပ်ဖက်ညှပ်ခံနေရတဲ့ အနေအထားမှာ ရှိနေပါတယ်။

မဝတ ဘက်က တက်လာတာ ကျောင်းလမ်း နားလောက်ထိ ရောက်နေပြီ လို့ သိရပါတယ်။

သင်းဝင် ၊ ဆက်သွယ်ရေး ဘက်က ပြည်သူတွေကို အခြား ရပ်ကွက်တွေ ဘက်ကနေ လာရောက်ဝန်းရံပေးပါ။

မြောက်ဒဂုံ မနက်ပိုင်း အခြေအနေ သင်းဝင် ကို စစ်ကားတွေ နဲ့ နှစ်ဖက်ပိတ်ထားပြီး မျက်ရည်ယိုဗုံး နဲ့ အသံဗုံး အသုံးပြုမှုတွေ ရှိ...
03/03/2021

မြောက်ဒဂုံ မနက်ပိုင်း အခြေအနေ

သင်းဝင် ကို စစ်ကားတွေ နဲ့ နှစ်ဖက်ပိတ်ထားပြီး မျက်ရည်ယိုဗုံး နဲ့ အသံဗုံး အသုံးပြုမှုတွေ ရှိနေပါတယ်။

Captial ဘေးလမ်းကြားမှာလည်း စစ်သားတွေ နေရာယူထားကြောင်းသိရပါတယ်။

Address


Website

Alerts

Be the first to know and let us send you an email when North Dagon Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share