04/10/2024
Halo guys!
First of all, sorry for our late report 🙏🙏
နောက်ဆုံးလှူခဲ့တဲ့ ၂ နေရာက ဓါတ်ပုံ Video footage တွေရဖို့ ခက်ခဲတဲ့နေရာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ အဲ့တာတွေစောင့်ရင်းနည်းနည်းကြာသွားတာပါ
ဒီနေ့တော့ ကျနော်တို့ ကောက်ခံရရှိတဲ့ ငွေနဲ့ ပြန်လည်လှူဒါန်းခဲ့တဲ့နေရာတွေကိုပါတစ်ခါတည်း စာရင်းပြပေးပါ့မယ်
My Lottery ရဲ့ဦးဆောင်မှုနဲ့ ကျနော်တို့ အလှူရှင်တွေရဲ့ စိတ်အားထက်သန်မှုကြောင့် စုစုပေါင်း ကောက်ခံရရှိငွေ ၄၇ သိန်းကျော်ရရှိခဲ့ပါတယ်
ထို ကောက်ခံငွေအားလုံးကို
- ဒါးရဲခေါင်း : 250 $ (၁,၂၅၀,၀၀၀ ကျပ်)
- ပေါစံခေါ : 150 $ (၇၅၀,၀၀၀ ကျပ်)
- သပြေပင် : 80 $ (၄၀၀,၀၀၀ ကျပ်)
- ပဲခူး : 200 $ (၁,၀၀၀,၀၀၀ ကျပ်)
- ကရင်နီ : 250 $ (၁,၂၅၀,၀၀၀ ကျပ်)
- Ground Teams : 24 $ (၁၂၀,၀၀၀ ကျပ်)
Total : 954 $ (၄,၇၇၀,၀၀၀ ကျပ်) ကိုလည်း သွားရောက်လှူဒါန်းပြီးဖြစ်ပါတယ်
အခုလို ရေဘေး, စစ်ဘေးကြုံနေတဲ့အချိန် ဝိုင်းဝန်းလှူဒါန်းပေးကြတဲ့အတွက် အားလုံးရဲ့ ကိုယ်စား ကျနော်တို့ TitanDAO Team မှအထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားရင်း နောက်ထပ်လည်း ဒီထက်မက လှူနိုင်တန်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာ
အားလုံးပဲ ကပ်ဘေးအမျိုးမျိုးမှ ကင်းလွတ်ကြပါစေ
Video footage from ပဲခူးအဖွဲ့