14/11/2021
လိပ်ပြာလုံပွဲ
ဘယ်လို Relationship မျိုးပဲဖြစ်ခဲ့ပါစေ
လမ်းခွဲတွေတိုင်းမှာ အမြဲ 2 မျိုးပဲ ရှိတယ်...
ချန်ထားခဲ့သူ နဲ့ ကျန်ရစ်ခဲ့သူ...
လိမ်သွားတဲ့သူ နဲ့ အလိမ်ခံခဲ့ရသူ...
ဂုဏ်သိက္ခာ ရှိတဲ့သူ နဲ့ ဂုဏ်သိက္ခာ မဲ့တဲ့သူ...
ရက်စက်သွားခဲ့တဲ့သူ နဲ့ နားလည်စွာ ကျန်ခဲ့တဲ့သူ...
ဖြတ်ချသွားခဲ့တဲ့ သူနဲ့ ပြတ်ကျ ကျန်ခဲ့ပေးသူ...
ဖောက်ပြန်သွားတဲ့သူ နဲ့ အဖောက်ပြန်ခံခဲ့လိုက်ရသူ...
မုန်းလို့ စွန့်ခွာသွားခဲ့သူ နဲ့ ချစ်လို့ ကျန်နေပေးခဲ့လိုက်သူ ဆိုပြီးတော့ပေါ့...
ငါတို့အားလုံးဟာ ပထမလူ နေရာရော
ဒုတိယလူ နေရာမှာရော ရှိခဲ့ဖူးလိမ့်မယ်...
ဒီကစားပွဲမှာ အနိုင် အရှုံးဆိုတာ လုံးဝ မရှိဘူး...
အရေးကြီးတာက
ဘယ်သူ လိပ်ပြာပိုလုံခဲ့သလဲဆိုတာပဲ ရှိပါတယ်
ဖြတ်သန်းလာခဲ့တဲ့ ဘဝတလျှောက်လုံးမှာ အလွှာအသီးသီးက လူတိုင်းနဲ့ ထိတွေ့
ဆက်ဆံခဲ့ဖူးပါတယ်...
So The question is...
Friendship , Partnership , Relationship
တွေတိုင်းမှာ လိပ်ပြာလုံခဲ့သလား လို့ မေးရင်
Well...I'm sorry.
ကိုယ် ကိုယ်တိုင်လိပ်ပြာမလုံခဲ့ရတဲ့ ဆက်ဆံရေးတွေ ရှိခဲ့ဖူးပါတယ်...
ကိုယ့်လုပ်ဖော်ဆောင်ဖက်ကို စိတ်ဆိုးစွာနဲ့ professional မဆန်ခဲ့စွာ ဆက်ဆံခဲ့မိဖူးတာမျိုး...
ငယ်ရွယ်စဉ်အခါတုံးက ကိုယ့်သူငယ်ချင်းတယောက်ရဲ့
အတင်းကို သူများတွေနဲ့ ပြောခဲ့မိဖူးတာမျိုး...
ကိုယ်မှန်ရင် တလောကလုံးနဲ့ အတိုက်အခံလုပ်ဖို့
ဝန်မလေးခဲ့တာမျိုး...
မရင့်ကျက်သေးတဲ့အရွယ်မှာ ကိုယ့်ဘက်ကမှန်နေခဲ့ရင် ကိုယ့်မိဘကိုတောင် စ မတောင်းပန်နိုင်ခဲ့တာမျိုး...
ကိုယ့်ကိုသိပ်ချစ်တဲ့လူတယောက်ကို ကိုယ်ကမချစ်တော့တဲ့ reason တခုထဲနဲ့ အားမနာခဲ့စွာ သူများအသဲကို ခွဲခဲ့မိတဲ့ အရာမျိုးတွေပေါ့....
အပြန်အလှန်ပါပဲ...
ကိုယ်သူများကို လုပ်မိဖူးတဲ့အရာတွေဟာ တချိန်ချိန်မှာတော့ ကိုယ့်ဆီကို တကျော့ပြန်လာခဲ့ပါတယ်...
ကိုယ့်အသဲကို သူများခွဲသွားတဲ့အခါမှ...
ကိုယ့်ကို သူများက ကျောခိုင်းသွားတဲ့အခါမှ...
ကိုယ့်အကြောင်းကို သူများက နောက်ကွယ်မှာ အပုပ်ချနေတာကိုယ်တိုင်ပြန်ကြားရတဲ့အခါမှ...
ဆွေ့ဆွေ့ခုန်အောင် နာကျင်တတ်ခဲ့မိပါတယ်...
အဲ့ဒီ အချိန်ကစပြီး သိသွားတယ်...
နောက်ဘယ်တော့မှ သူများကို မရည်ရွယ်မိဘဲ ဖြစ်စေ ၊
တမင်ဖြစ်စေ နာကျင်သွားအောင် အရှက်ရအောင် ဘယ်တော့မှ ထပ်မလုပ်မိအောင် ကြိုးစားအသက်ရှင်သွားမယ် ဆိုတဲ့ လိပ်ပြာလုံချင်တဲ့ စိတ်ကလေး
ဖြစ်တည်လာခဲ့တယ်....
တ နေ့နေ့မှာ
မတော်တဆများ မိတ်ဆွေတယောက်နဲ့ ဖြစ်စေ ၊
လုပ်ဖော်ဆောင်ဖက်နဲ့ ဖြစ်စေ ၊ ချစ်သူနဲ့ပဲ ဖြစ်စေ ကျောခိုင်း လမ်းခွဲခဲ့ရပါစေဦး...
အနိုင် အရှုံးတွေ မတွက်တော့ဘူး...
ဒီလမ်းခွဲမှာ လိပ်ပြာလုံတဲ့သူ ငါဖြစ်ခဲ့ရဲ့လား
လို့ပဲ ပြန်သုံးသပ်တယ်...
ကိုယ့်ဘက်က အကောင်းဆုံးဆက်ဆံပေးခဲ့တာ သေချာရင် လိပ်ပြာလုံတဲ့သူက ကိုယ် ဖြစ်နေမှာပဲ...
လိပ်ပြာလုံခဲ့တဲ့အတွက် အမုန်းတွေလဲ ကင်းစင်စွာ
တနေ့ ဖြတ်ခနဲ လှမ်းတွေ့မိရင်တောင် အကောင်းဆုံး
စ ပြုံးပြနိုင်တဲ့သူက ကိုယ်ဖြစ်နေပါတယ်...
အကယ်၍များ ဒီလမ်းခွဲမှာ ကိုယ့်ဘက်က လိပ်ပြာမလုံခဲ့သလို ခံစားမိရင် ချက်ချင်းမဟုတ်တောင်
တနေ့နေ့မှာတော့ ကိုယ့်ဘက်ကနေ သေချာပေါက်
သွားတောင်းပန်ခဲ့တယ် ဆိုတာပါပဲ...
ခွင့်လွှတ်မှုကို ရရှိခဲ့တဲ့အခါ ပေါ့ပါးသွားစွာနဲ့ လိပ်ပြာလုံသွားတဲ့ ခံစားမှုကို ပြန်လည်ရရှိခဲ့တာချည်းပါပဲ...
ဒီလိပ်ပြာလုံတဲ့ ခံစားမှုလေးဟာ တကယ့်ကို လူပီသစေခဲ့ပါတယ်...
ဖြတ်သန်းလာတဲ့ ဘဝတလျှောက်လုံးမှာ
တစုံတယောက်ကို လိပ်ပြာလုံစွာနဲ့
ချစ်ခဲ့ဖူးလား...
ဒါမှမဟုတ် တစုံတယောက်ရဲ့
အချစ်ကိုရော ထိုက်ထိုက်တန်တန် ရခဲ့ဖူးလား...
ဆန့်ကျင်ဘက်ဖြစ်တဲ့
တစုံတယောက်က ကိုယ့်ကိုခြေစုံကန်၊ ကျောခိုင်းစွန့်ခွာသွားတဲ့ အခြေအနေမျိုးရော ကြုံဖူးလား...
ဒါမှမဟုတ် ကိုယ့်ကိုလိမ်သွားတဲ့သူတွေ ၊ Cheated လုပ်သွားတဲ့ ဘော်ဒါတွေ ၊ ကိုယ့်ကို Blind ကြီး ဖြတ်ချသွားခဲ့တဲ့ အထင်သေးသွားတဲ့ လူတွေနဲ့ ရော ကြုံဖူးခဲ့တယ်မလား...
ငါအရမ်း သဘောကျမိတဲ့ Aung La Nsang ပြောတဲ့ စကားလေး တခု ရှိတယ်....
" I never play for points.
I am all or nothing kind of person.
That’s just the way I am, kill or be killed. "
Kill or be killed တဲ့...
ငါတို့ နေ့စဉ် ဘဝတိုက်ပွဲမှာလဲ ဒီလိုပဲမလား...
ငါတို့ ဘယ်လောက်ပဲ ဘယ်သူ့တွေအပေါ်မှာ
ကောင်းခဲ့ပါစေ
ငါတို့ကို စွန့်ပစ်သွားမယ့်သူဟာ စွန့်ပစ်သွားမှာပဲ...
အနိုင်လိုချင်တဲ့သူဟာ အနိုင်ပိုင်းသွားမှာပါပဲ...
ဒါဆို တစုံတယောက် စွန့်ပစ်သွားတိုင်း
ငါဟာ တန်ဖိုးမရှိတော့ဘူးလား...
အနိုင်ယူသွားတဲ့သူတွေနဲ့ ကြုံတိုင်း
ငါ ရှုံးနိမ့်သွားတာလား...
လုံးဝ မဟုတ်ဘူး...
ဘာလို့လဲဆိုတော့ ငါလိပ်ပြာလုံခဲ့လို့ပဲ...
ဒါကြောင့် ငါဘယ်တော့မှ တန်ဖိုးမဲ့သွားမှာ မဟုတ်သလို ဘယ်တော့မှလဲ ရှုံးနိမ့်သွားမှာ မဟုတ်ဘူး ဆိုတာ သေချာခဲ့ပါတယ်...
ဘယ်လောက်ပဲ ဘဝဟာ ဆိုးရွားခဲ့ဖူးသည် ဖြစ်စေ ၊ ကောင်းမွန်ခဲ့သည်ဖြစ်စေ သေချာတာတခုကတော့
ငါတို့ ဆက်လက်ရှင်သန်သွားရဦးမယ်...
လူအသစ်တွေ လူဆိုးတွေ လူကောင်းတွေ နဲ့
ပို ကြုံလာရဦးမှာပါပဲ...
Aungla Nsang ပြောသလို
Kill or be killed ပါပဲ...
ဒါကြောင့် ငါ့ကိုယ်ငါ အမြဲ Remind လုပ်မိနေဆဲ...
လိပ်ပြာလုံပွဲတွေတိုင်းမှာ ငါ့လိပ်ပြာငါလုံတဲ့
လူဖြစ်နေဖို့ တခုပဲ...
သူများတွေ ငါ့ကို ဘယ်လိုလုပ်သွားခဲ့လဲ
ဆိုတာတွေ ငါမတွေးတော့ဘူး...
ဘာဖြစ်လို့လဲဆိုတော့
တနေ့ လောကကြီးထဲကနေ ထွက်ခွာသွားရတဲ့အခါ
လိပ်ပြာလှခဲ့တဲ့ လူတယောက် အဖြစ်နဲ့ပဲ
ငါချစ်တဲ့ ဘုရားသခင်ရှေ့မှာ ရပ်နေခွင့်ရချင်ပါတယ်...
ဒါဆိုရင် ငါရှင်သန်ခဲ့ရကျိုး နပ်ခဲ့ပြီ...
လိပ်ပြာလုံပွဲ လို့ဆိုကတည်းက လိပ်ပြာလှတဲ့သူတွေ
အတွက်ပဲ မဟုတ်လား...
ဒီကစားပွဲမှာ အနိုင် အရှုံးဆိုတာ လုံးဝ မရှိဘူး...
အရေးကြီးတာက
ဘယ်သူ လိပ်ပြာပိုလုံခဲ့သလဲဆိုတာပဲ
ရှိတဲ့အတွက်ကြောင့်ပါပဲ
#မူရင်းရေးသားသူ Honey Myo Win Aye ဆီကနေပြန်ပြီး Sharing လုပ်ပေးလိုက်ပါတယ်...။