ညောင်ခါးရှည် သတင်း-Nyaung Khar Shey News

  • Home
  • ညောင်ခါးရှည် သတင်း-Nyaung Khar Shey News

ညောင်ခါးရှည် သတင်း-Nyaung Khar Shey News ညောင်ခါးရှည် အခြေအနေအရပ်ရပ်သတင်းပို့နိုင်သည်

30/03/2023

ကံကောင်းခြင်း ဘယ်ကလာပါသလဲ
++++++++++++++++++++++++++

၁။ ကျန်းမာရေးကောင်းခြင်းကနေလာပါတယ်။

ကျန်းမာရေးသည် လဒ်တစ်ပါး ၊ ကျန်းမာရေးကောင်းခြင်းသည် ကံကောင်းခြင်း အားလုံး၏ အခြေခံဖြစ်တယ်။ ကျန်းမာရေးလို့ ဆိုရာမှာ၊ ကိုယ်ရဲ့ ကျန်းမာရေး၊ စိတ်ရဲ့ကျန်းမာရေး နှစ်ပါးလုံးပါ၀င်ပါတယ်။

၂။ စိတ်ရင်းကောင်းခြင်းမှ လာပါတယ်။

သူများကိုယ့်ကို ပြုမူလို့၊ ပြောဆိုလို့၊ ကိုယ်မနှစ်သက် မလိုချင်တဲ့ အရာမှန်သမျှ၊ သူများအပေါ် မပြုမူ၊ မပြောဆိုခြင်း ကိုဆိုလိုပါတယ်။ လူမှာ လူစိတ်နဲ့ တိရိစ္ဆာန်စိတ် ဆိုပြီး စိတ်ယဉ်နဲ့ စိတ်ရိုင်း နှစ်မျိုးရှိပါတယ်။ သာမာန်စိတ်ငြိမ်နေတဲ့ အချိန်၊ စိတ်ကောင်း၀င်နေတဲ့အချိန်မျိုးဟာ လူစိတ်၀င်နေတဲ့ အချိန်ဖြစ်ပြီး၊ ဒေါသထွက်နေတဲ့အချိန်၊ ဂလဲ့စားချေချင်တဲ့အချိန်၊ သူတစ်ပါးကို ပျက်ဆီးစေချင်တဲ့အချိန် စတဲ့ အချိန်မျုိုးမှာ တိရိစ္ဆာန်စိတ် ၀င်နေတတ်ပါတယ်။ လူစိတ်၀င်နေအောင် အမြဲ ကိုယ့်ကိုကို သတိပေးခြင်းဖြင့် စိတ်ရင်းကောင်းအောင် မွေးမြူလို့ရပါတယ်။

၃။ အတွေးအမြင်ကောင်းခြင်းမှ လာပါတယ်။

အတွေးအခေါ်ကောင်းဟာ အဆုံးအဖြတ်ကောင်းက်ို ဖြစ်ပေါ်စေပါတယ်။ အဆုံးအဖြတ်ကောင်းမှ အပြုအမူကောင်း၊ အဲဒီနောက်မှာ အခြေအနေကောင်းကို ဖန်တီးဖြစ်ပေါ်လာစေပါတယ်။

၄။ ကိုယ်ကျင့်စရိုက် ကောင်းမှ လာပါတယ်။

ကောင်းမွန်တဲ့ ကိုယ်ကျင့်စရိုက်ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဖြစ်ပေါ်စေတဲ့ အပြင်၊ ကောင်းမွန်တဲ့ ကျန်းမာရေးကိုပါ ဖြစ်ပေါ်စေပါတယ်။ စိတ်ဆိုးခြင်း ဒေါသထွက်ခြင်းဆိုတာ သူများလုပ်ထားတဲ့ အမှားနဲ့ ကိုယ့်စိတ်ကို ကိုယ်ပြန် ဒဏ်ခတ်ခြင်းဖြစ်ပါတယ်။

၅။ ကောင်းမွန်တဲ့ အမူအယာကနေ လာပါတယ်။

ရှေးကလူတွေမှာ ဆိုရိုးစကား တစ်ခွန်းရှိပါတယ်။ အပြင်ထွက်ရင် ကောင်းကင်အနေအထားကို ကြည့်ရတယ်။ မိုးရွာနိုင်မရွာပေါ့၊ အိမ်ထဲ၀င်ရင် မျက်နာအမူအရာကို ကြည့်ရတယ်။ စိတ်ရွှင်မရွှင်စသည်တို့ကို သိနိုင်တာပေါ့၊
ရှစ်ခေါက်ချိုးမျက်နာမျိုးကို ဘယ်သူမှ မနှစ်သက်ပါဘူး။ ဘယ်သူမှလည်း မျက်နာဆူပုပ်နေတဲ့ လူနားမကပ်ချင်ပါဘူး။

၆။ အပြောအဆိုကောင်းကနေလာပါတယ်။

ပြောတတ်ဆိုတတ်တဲ့ လူ၊ နူတ်ချိုတဲ့လူ ကို လူတိုင်းချစ်ခင်တတ်ပါတယ်။ အပြောအဆိုကောင်းတဲ့ လူတော်တော်များများဟာ မ်ိတ်များတတ်ပါတယ်။ အဆက်အသွယ်ကောင်းတွေရှိတတ်ကြပါတယ်။

ရ။ အပြုအမူ ကောင်းကနေလာပါတယ်။

အတွေးအမြင်ကောင်းမှ အပြုအမူကောင်းကို ဖြစ်ပေါ်စေပါတယ်။ အပြုအမူကောင်းခြင်းမှ ရလဒ်ကောင်းကို ဖြစ်ပေါ်စေပါတယ်။ မိမ်ိရဲ့ အပြုအမူကို ဆင်ခြင် ခြင်းဖြင့် ကံကောင်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဖတ်ရူ့မိသူတိုင်း ကံကောင်းကြပါစေ။
Ref: Wech

ဖုန်းနဲ့ပတ်သက်လို့ မရှိမဖြစ် သိထားသင့်တဲ့အကြောင်းအရာတွေပါ။ #တစ်ချိန်ချိန်မှာလိုအပ်ပါလိမ့်မယ်။
30/03/2023

ဖုန်းနဲ့ပတ်သက်လို့
မရှိမဖြစ် သိထားသင့်တဲ့
အကြောင်းအရာတွေပါ။
#တစ်ချိန်ချိန်မှာလိုအပ်ပါလိမ့်မယ်။

ညောင်ခါးရှည်ကိုမဖြစ်မနေဖြတ်ရမယ်ဆိုရင်ဘာယူဆောင်သွားရမလဲ?ရန်ကုန်မှမော်လမြိုင် ဒါမှမဟုတ် မော်လမြိုင်မှရန်ကုန် ခရီးကိုသွားရတ...
30/03/2023

ညောင်ခါးရှည်ကိုမဖြစ်မနေဖြတ်ရမယ်ဆိုရင်ဘာယူဆောင်သွားရမလဲ?

ရန်ကုန်မှမော်လမြိုင် ဒါမှမဟုတ် မော်လမြိုင်မှရန်ကုန် ခရီးကိုသွားရတော့မယ်ဆိုရင် ညောင်ခါးရှည်ဆိုတဲ့လမ်းပိုင်းကိုဖြတ်သန်းရပါမယ်။ အိမ်စီးကားနဲ့လား လူနာတင်ယာဉ်နဲ့လား ခရီးသည်တင်ယာဉ် Expressနဲ့လား ဘာတွေဆောင်သွားရမလဲဆိုတာ ပြောပြချင်ပါတယ်။

(၁) ငွေကြေးပိုက်ဆံ (မဖြစ်မနေပေါ့)
(၂) ကားစက်သုံးဆီလုံလောက်ပါစေ
(၃) ထီး ယပ်တောင် နေကာဖို့အဝတ်အပိုင်း တစ်ရှူး
(၄) ရေသန့်ဗူး ရှုဆေး ဖုန်းပါဝါဘန့် ပလပ်စတစ်ကော်ထိုင်ခုံ ဖျာ
(၅) ခြင်ဆေး ခြင်မကိုက်ဆေး အားသွင်းမီး ဓာတ်မီး
(၆) ထမင်းနှင့်အခြားစားသောက်ဖွယ်ရာများပဲဖြစ်ပါတယ်။

လမ်းခရီးက ဘယ်အခြေအနေဘယ်လိုပုံစံရှိမှန်း ဘယ်သူမှအတတ်ပြောလို့မရပါဘူး။ ရဟန်းသံဃာများအနေနဲ့ကတော့ ဆွမ်းဘုဉ်းပြီးမှကြွစေလိုပါတယ်။ ထမင်းကိုလည်းမိမိတို့အိမ်ကနေသော်လည်းကောင်း၊ လမ်းဆိုင်များကနေသော်လည်းကောင်း ကြိုတင်ဝယ်ယူထားလည်းရတယ်။ ကြိုစားထားလည်းရတယ်။ ဘာလို့လဲဆိုတော့ ပိုက်ဆံရှိပြီးထမင်းမစားရတဲ့ ခရီးသည်တွေကိုလည်း ကိုယ်တိုင်မြင်ခဲ့လို့ပြောပြတာပါ။

တစ်ချို့ကအပြင်အစားအစာမစားတတ်ကြတဲ့သူလည်းရှိကြမျာပါ။ ကြိုတင်ယူသွားနော်။ ဝယ်စားလို့ရပေမယ့် ကားရပ်နေရတဲ့နေရာနဲ့ ရောင်းတဲ့ဆိုင်က တစ်ခါတလေအလှမ်းဝေးနေလို့ မစားဖြစ်ကြတာများပါတယ်။တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှအဲ့လောက်မစောင့်ဆိုင်းခဲ့ရဖူးဘူး။ ကုန်တင်ယာဉ်မောင်းများကတော့ အနည်းဆုံး ၂ ရက်ကနေ ၃ ရက်အထိ စောင့်ဆိုင်းခဲ့ရတယ်လို့ ပြောကြတယ်။

#ညောင်ခါးရှည် #ပဲခူး #စစ်ဆေးရေး
Credit to Owner

သကြန်ပိတ်ရက်နဲ့ မြန်မာပြည်မှ  X Ray များ လက်ရှိ ခရီးသွားဒေသများမှ အကြောင်းပဲဖော်ပြပေးပါမယ် ၁. မွန်ပြည်နယ် ပဲခူးတိုင်း နယ...
30/03/2023

သကြန်ပိတ်ရက်နဲ့ မြန်မာပြည်မှ X Ray များ လက်ရှိ ခရီးသွားဒေသများမှ အကြောင်းပဲဖော်ပြပေးပါမယ်

၁. မွန်ပြည်နယ် ပဲခူးတိုင်း နယ်စပ် ညောင်ခါးရှည် X Ray

X Ray စထားကတည်းက ကြပ်တာ ယနေ့အထိပါပဲ ပြီးခဲ့တဲ့ သီတင်းကျွတ်ရက်ကတော့ Public Transportation ဖြစ်တဲ့ bus ကားတောင်မှ 28 hr လောက်ပိတ်ပါတယ် ကျိုက်ထီးရိုး မော်လမြိုင် ဘားအံ ဒေသ​​တွေကိုသွားမည့် ဧည့်သည်များ သတိပြုနိုင်ဖို့ပါ။

၂.ရှမ်းပြည်နယ် မြောက်ပိုင်း နဲ့ မန္တလေးတိုင်းဒေသကြီးအစပ် ပိတ်ချင်းမြောင် x ray

မွန်ပြည်နယ် လောက်မကြပ်ပေမယ့် ပွဲ​​တော်ရက်ဆိုသူလည်းကြပ်ပါတယ် ဒီ x ray က အရင်က မေမြို့ မြို့ရှောင်လမ်း ထိပ်မှာထားတဲ့ x ray ပါ အခုတော့ ပိတ်ချင်းမြောင် ကိုရွေ့လိုက်တာပါ သတိပြုစရာအချက်က ပိတ်ချင်းမြောင်ရဲစခန်းနဲ့ x ray နဲ့ကတစ်ဆက်တည်းဖြစ်နေတော့ တကယ်ကားပိတ်ရင် နှစ်နေရာထပ်ပြီးပိတ်တာပါ ဆိုတော့ကာ မေမြို့သွားလည်ကြမယ့်သူတွေက တောင်ပုလုနဲ့ပိတ်ချင်းမြောင်ကိုမသွားဘူးဆိုရင်တော့ x ray ဒုက္ခက ကင်းလွတ်မှာပါ သွားမယ့်သူတွေကတော့ အချိန်ကို ချင့်ချိန်ကြပါ။

၃. ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မန္တလေး တိုင်းဒေသကြီးနယ်စပ် ကျွဲတပ်ဆုံ x ray

သူကတော့ ပွဲတော်ရက်မှာ တစ်မိုင်လောက်အထိပိတ်တာ ကြုံဖူးပါတယ် ကလောကနေ မနက်လေးနာရီပြန်ထွက်နိုင်ရင်တော့ လွတ်သင့်သလောက်လွတ်ပါတယ် နောက်ကျလေ ကားပိတ်လေပါပဲ

အထက်ပါ x ray များဟာ အပြန်မှ ကားဖြတ်ရခြင်းသာဖြစ်ပါတယ် သို့ပေမယ့် ​ညောင်ခါးရှည် x ray က အသွားရောအပြန်ပါပိတ်တတ်ပါတယ်

ဆောင်ရန်က ရေဗူးနဲ့ပေါင်မုန့်ပါ ဆီအပြည့်နဲ့ x ray ဖြတ်ကြပါ ရှောင်ရန်က ယာဥ်သုံးထပ်မရပါဘူး နှစ်ထပ်အထိလက်ခံပေးတတ်ပါတယ် တရားဝင်ကတော့ ယာဥ်တစ်တန်းပဲပေးတာပါ

x ray မဟုတ်ပဲ ကားပိတ်တာက ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအစပ် ပန်တိုင် ပါ အကြာဆုံးအနေနဲ့ ရှစ်နာရီပိတ်ဖူးပါတယ်။

သွားလမ်းသာလို့ လာလမ်းဖြောင့်ကြပါစေ 🙏🙏🙏

#ညောင်ခါးရှည် #ပဲခူး #ယာဉ်ကြောပိတ်
Credit မူရင်း

Address


Website

Alerts

Be the first to know and let us send you an email when ညောင်ခါးရှည် သတင်း-Nyaung Khar Shey News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share