Talk of Tech

Talk of Tech News , Leaks , Reviews , and Smart devices ? Let's Talk

March 22 မှာ Nothing ရဲ့ earbuds အသစ်ဖြစ်လာမယ့် Nothing Ear 2 ကို မိတ်ဆက်တော့မှာဖြစ်ကြောင်း confirm သွားပါတယ်။ Ear 2 မှာ...
06/03/2023

March 22 မှာ Nothing ရဲ့ earbuds အသစ်ဖြစ်လာမယ့် Nothing Ear 2 ကို မိတ်ဆက်တော့မှာဖြစ်ကြောင်း confirm သွားပါတယ်။

Ear 2 မှာတော့ design အပိုင်း သိသိသာသာပြောင်းလဲမှာတော့မဟုတ်ပေမယ့် Sound production နှင့် ANC ပိုင်းမှာ improvement တွေရှိလာမယ်လို့သိရပါတယ်။

တစ်လက်စတည်း Nothing ရဲ့ Flagship Phone ဖြစ်လာမယ့် Nothing Phone 2 မှာ သုံးမယ့် SoC က Qualcomm ရဲ့ Snapdragon 8+ Gen 1 လို့လည်း confirm ဖြစ်သွားပါပြီ။

ဒီနေရာမှာ Snapdragon 8 Gen 2 ကိုမသုံးတာကြောင့်မို့လို့ ဈေးကိုပဲ တစ်ခြား flagship တွေထက် သက်သာပြီး ဘယ်လိုမျိုး unique ဖြစ်တဲ့ဖုန်းမိတ်ဆက်လာမလဲဆိုတာ စဉ်းစားစရာပါပဲ။

Nothing ကနေ သူတို့ရဲ့ နောက်ထပ် ဖုန်းအသစ် Nothing Phone 2 ကို confirm လိုက်ပါပြီ။ အသစ်လာမယ့်ဖုန်းမှဋ Snapdragon 8 series ...
01/03/2023

Nothing ကနေ သူတို့ရဲ့ နောက်ထပ် ဖုန်းအသစ် Nothing Phone 2 ကို confirm လိုက်ပါပြီ။

အသစ်လာမယ့်ဖုန်းမှဋ Snapdragon 8 series ပါလာမှာဖြစ်ပြီး ခန့်မှန်းချေအရ Snapdragon 8 Gen 2 ပါ။

ဖုန်းအသစ်ကို ၂၀၂၃ ဒုတိယနှစ်ဝက်မှာ မိတ်ဆက်မှာဖြစ်ပြီးတော့ Nothing ရဲ့ ပထမဆုံး flagship Phone လည်းဖြစ်လာမှာပါ။

Xiaomi ကနေ ၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ့် 300W charging tech အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အခုမိတ်ဆက်ပြတဲ့အထဲမှာ Redmi...
28/02/2023

Xiaomi ကနေ ၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ့် 300W charging tech အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။

အခုမိတ်ဆက်ပြတဲ့အထဲမှာ Redmi Note 12 Discovery edition ရဲ့ modified version ကို Dual GaN device နှင့် အားသွင်းပြခဲ့တာဖြစ်ပြီး 4100mAh battery ကို ၂ မိနစ်အကြာမှာတင် ၅၀ အထိရောက်နေပြီး ၅ မိနစ်မှာတော့ ၁၀၀ ပြည့်သွားပါတယ်။

ဒီလို Crazy fast charging လိုမျိုး tech တွေကို Chinese brand တွေက ဆက်တိုက်စမ်းသပ်နေတာဖြစ်ပြီးတော့ ဒါက အရင် Realme နှင့် အရင် Xiaomi ရဲ့ ၁၀ မိနစ်အောက်စံချိန်တွေကိုလည်း ကျော်သွားပြီဖြစ်တာကြောင့် လက်ရှိမှာ အမြန်ဆုံး charging speed လည်းဖြစ်နေပါပြီ။

မေးစရာရှိတာက ဒီလိုမျိုး fast charging တွေက ရေရှည်မှာ battery degrade ဖြစ်တာပိုမြန်စေမလား မမြန်စေဘူးလားဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ၅ မိနစ်အတွင်း အားပြည့်တယ်ဆိုတာကတော့ မီးအမြဲပျက်နေတဲ့ မြန်မာနိုင်ငံအတွက် အကိုက်ပါပဲ 🥲

ဆက်မြင်တွေ့ရမယ့် iPhone SEApple ရဲ့ budget iPhone lineup ဖြစ်တဲ့ iPhone SE Lineup ဆိုရင် design အဟောင်းနှင့် latest Perf...
28/02/2023

ဆက်မြင်တွေ့ရမယ့် iPhone SE

Apple ရဲ့ budget iPhone lineup ဖြစ်တဲ့ iPhone SE Lineup ဆိုရင် design အဟောင်းနှင့် latest Performance တွေပေးနိုင်တဲ့ ဖုန်းတွေအဖြစ်လူသိများပါတယ်။

အရင်ထွက်ခဲ့တဲ့ iPhone SE 3 ရဲ့ မှန်းချက်နှင့်နှမ်းထွက်မကိုက်တဲ့ ရောင်းအားတွေအပြီးမှ Apple တစ်ယောက် iPhone SE lineup ကို ရပ်နားလိုက်ပြီဆိုတဲ့ သတင်းတွေထွက်လာပါတယ်။

ဒါပေမယ့် ဒီနေ့အသစ်ထွက်လာတဲ့ rumor အရ SE 4 ကို ဆက်ထုတ်ဖို့ပြင်ဆင်နေပြီး သူ့ရဲ့ Design က iPhone 14 နှင့်ဆင်မယ်သိရပါတယ်။ ထပ်ပြီး သူ့မှာတင် Apple ရဲ့ ကိုယ်ပိုင် 5G Chip ကိုလည်းမြင်ရမယ်သိရပါတယ်။

ဒီသတင်း သာတကယ်ဖြစ်ခဲ့ရင် SE fan တွေအတွက် ဝမ်းသာစရာဖြစ်ပေမယ့် ဈေးကကော သက်သာပါ့အုံးမလားလို့ ကျွန်တော်သံသယရှိပါတယ်။

25/02/2023

2023 မှာ iPhone XS ကို second ဝယ်သင့်သေးရဲ့လားဆိုတာ အဖြေရှာကြည့်ရအောင်

ဒီတစ်ခေါက်တော့ second သမားတွေကြားထဲ နာမည်ရှိနေသေးတဲ့ Apple ရဲ့ iPhone Xs ကို 2023 လိုအချိန်မှာ သုံးကြည့်ပြီး review လုပ်ထားပေးပါတယ်။

ကျွန်တော့ content ‌လေးတွေကို အားပေးချင်ရင် Youtube channel ကနေ ကြည့်နိုင်ပါတယ်ဗျ။
https://youtu.be/7740oHdqqJs

2018 မှာထွက်ခဲ့တဲ့ iPhone Xs က 2023 မှာကော သုံးလို့ကောင်းသေးလား? ဘာကြောင့် iPhone Second တွေထဲ အနိမ့်ဆုံးစဥ်းစားသင့်တာလဲဆိုတာ ဒီ video ကြည့်ပြီး အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

သဘောကျတယ်ဆို Like and Subscribe လုပ်သွားလို့ရပါတယ်ဗျ။

Sub to my Channel, Like and Follow my Page please,
YouTube channel - https://www.youtube.com/
Facebook channel - https://www.facebook.com/TalkofTech

Apple user တွေကိုမေးချင်တယ်ဗျာ။ iPhone တွေနှင့် photo ရိုက်ကြတဲ့အခါ ဖြစ်တတ်တဲ့ ပြဿနာတွေအားမရတာတွေရှိကြလားဗျ။ရှိရင်တစ်ချက...
25/02/2023

Apple user တွေကိုမေးချင်တယ်ဗျာ။
iPhone တွေနှင့် photo ရိုက်ကြတဲ့အခါ ဖြစ်တတ်တဲ့ ပြဿနာတွေ
အားမရတာတွေရှိကြလားဗျ။

ရှိရင်တစ်ချက်ရေးသွားကြပါအုံး။ ကျွန်တော်နောက်လာမယ့် content မှာ လိုအပ်လို့ပါ။

Xiaomi Mi Pas series 6 ရဲ့ spec တွေကိုတော့ Digital Chat Station လို့ခေါ်တဲ့ Leaker ကနေ ချပြလိုက်ပါပြီ။ Mi Pad 6 နှင့် 6 ...
23/02/2023

Xiaomi Mi Pas series 6 ရဲ့ spec တွေကိုတော့ Digital Chat Station လို့ခေါ်တဲ့ Leaker ကနေ ချပြလိုက်ပါပြီ။

Mi Pad 6 နှင့် 6 pro တို့ကို March or April လောက်မှာ မိတ်ဆက်မှာဖြစ်ပြီး

2.8 or 3K resolution display နှင့်
120hz or 144hz အထိဖြစ်လာနိုင်တဲ့ IPS display တို့မြင်ရနိုင်ပြီး
6 pro မှာ SD8+ Gen 1 or Dimensity 9000 ပါလာနိုင်သလို
6 မှာတော့ Snapdragon 870 ကိုမြင်တွေ့ရနိုင်ပါတယ်။

Spec အသေးစိတ်ကတော့ ဒီမှာပါ

Xiaomi Pad 6 Pro :
• SD 8+ Gen 1 / Dimensity 9000
• 2.8K/3K 120Hz/144Hz display with HDR 10+ and Dolby vision.
• 10000mAh, 67

Xiaomi Pad 6 :
• Snapdragon 870
• 2.8/3.0K 120Hz/144Hz display with HDR 10+ and Dolby vision
• 10000mAh, 67W

အပြင်မှာမြင်ရတဲ့ ပုံလို့ ယူဆရတဲ့ ပုံနှင့် iPhone 15 မှာ Dynamic Island နှင့် Type C port တို့ပါလာဖို့သေချာသလောက်ပါပဲ။ Un...
23/02/2023

အပြင်မှာမြင်ရတဲ့ ပုံလို့ ယူဆရတဲ့ ပုံနှင့် iPhone 15 မှာ Dynamic Island နှင့် Type C port တို့ပါလာဖို့သေချာသလောက်ပါပဲ။

Unknown21 လို့ခေါ်တဲ့ Leaker က အရင်ကလည်း iPhone 15 Pro ရဲ့ Titanium frame နှင့် Type C port တို့ကို leak ခဲ့သူပါ။ အခုလည်း iPhone 15 ရဲ့အရှေ့ဖက်ခြမ်းတစ်ခုလုံးကို မြင်ရတဲ့ပုံ leak လိုက်ပြီးတော့

Basic iPhone 15 မှာ Dynamic Island ရယ် ပိုပါးတဲ့ဘောင်တွေရယ် 2.5D ဆန်ဆန် ထောင့်တွေကိုမြင်ရပါတယ်။

ကျန်တဲ့ပုံက rendering တွေကတော့ 9to5Mac က rendering တွေပါ။

Basic iPhone တွေမှာလည်း Dynamic island မြင်ရတော့မယ်ဆိုတာဟာ pro series မကြိုက်တဲ့ user တွေအတွက်သတင်းကောင်းပါပဲ။

Realme ကတော့ Dynamic Island လိုမျိုး feature ကို သူတို့ရဲ့ Realme C series တွေမှာ ထည့်ပေးဖို့ လုပ်နေတယ်လို့သိရပါတယ်။ ဒီအ...
22/02/2023

Realme ကတော့ Dynamic Island လိုမျိုး feature ကို သူတို့ရဲ့ Realme C series တွေမှာ ထည့်ပေးဖို့ လုပ်နေတယ်လို့သိရပါတယ်။

ဒီအကြောင်းကို Realme ရဲ VP ဖြစ်သူ Madhav Sheth ကတင်ခဲ့ပေမယ့် ခနလေးနှင့် ပြန်ဖျက်သွားပါတယ်။

Leak တွေကရလာတဲ့ information အရဆိုရင်တော့ ဒီ feature က Dynamic island လိုမျိုးပဲအလုပ်လုပ်မှာဖြစ်ပြီး အားပြည့်ရင် ပေါ်လာတာတို့လိုမျိုး function ရှိမှာပါ။

Apple ရဲ့ Dynamic Island feature က တော်တော်လေးမိုက်တဲ့ idea လည်းဖြစ်တာကြောင့် Android ပေါ် Third Party developers တွေအနေနှင့် ဖန်တီးခဲ့တယ်ဆိုပေမယ့် အခုလိုမျိုး official brand တစ်ခုအနေနှင့် ဒါမျိုးမြင်ရတာ Realme က ပထမဆုံးပါ။

ခင်ဗျားတို့ကော Dynamic Island ကို Android ပေါ်မှာ မြင်ချင်ကြလား

Foldable တွေထဲ သေးသေး ပေါ့ပေါ့နှင့် ကိုင်တဲ့သူတွေအကြိုက် Samsung Galaxy Z Flip series အသစ်မှာ အရင်ထက်အများကြီးပိုကြီးမယ်...
22/02/2023

Foldable တွေထဲ သေးသေး ပေါ့ပေါ့နှင့် ကိုင်တဲ့သူတွေအကြိုက် Samsung Galaxy Z Flip series အသစ်မှာ အရင်ထက်အများကြီးပိုကြီးမယ့် Cover Display ပါလာမယ်လို့ Ice Universe ပြောလိုက်ပါတယ်။

ပုံကတော့ သူကြားမိသလောက် ဖြစ်လာနိုင်ချေရှိတဲ့ Design ပါ။

အရင်က Z Flip series တွေထဲ cover screen သေးတဲ့ကိစ္စက အားနည်းချက်လိုအပြောခံရတာဆိုတော့ အခုလိုမျိုး design က Flip 5 ကို ရွေးချယ်ဖို့ main reason ဖြစ်လာနိုင်ပါတယ်။

Photo - Ice Universe

Android 13 (Nothing OS 1.5) ကို official release လုပ်လိုက်ပြီဖြစ်တဲ့ NothingNothing Phone 1 ဆိုပြီးဖုန်းတစ်လုံးတည်းရှိသေ...
21/02/2023

Android 13 (Nothing OS 1.5) ကို official release လုပ်လိုက်ပြီဖြစ်တဲ့ Nothing

Nothing Phone 1 ဆိုပြီးဖုန်းတစ်လုံးတည်းရှိသေးလို့ ဘယ်ဖုန်းတွေရပြီလဲပြောစရာတော့မလိုလောက်ပါဘူး။ region ကောခွဲထားသေးလားမသိသေးတာကြောင့် Myanmar က user တွေတင်လို့ရတယ်ဆို Ss လေး မန့်ခဲ့ပေးပါဦး။

အပြောင်းအလဲတွေကတော့ ဒါတွေပါ

App improvements

New custom Nothing weather app.
More refined camera app interface.
Up to 50% increase in app loading speed.
Customisation

New Glyph sound pack. More Glyph ringtones and notification sounds.
More “Material You”, meaning more colour schemes available for matching third party apps to wallpaper.
Lockscreen shortcut customisations. Create shortcuts for camera, torch, device controls, and wallet.
Improved experience

Easily switch data usage when using dual SIM with the improved network Quick Settings panel.
New QR code scanner in Quick Settings and in the camera app.
Multi-language support that allows different languages for different apps.
Clipboard preview. Copied text appears on the clipboard in the bottom corner of the screen. So you can directly edit the text before pasting.
Foreground services. Close active background apps directly from the notification centre to save battery.
Visual enhancements

New look for Media Control. Puts album artwork on full display with a wider set of music controls.
Improved volume control. Easily adjust individual volume sliders without unlocking the screen (e.g. music vs alarm).
Less distracting notifications whilst in Game Mode. Now with Google Game Dashboard. Dashboard supports screenshots, screen recording, FPS display, and Do Not Disturb.
Live caption: detects speech on your device and automatically generates captions.
Smoother animations when transitioning the display between on and off.
Privacy upgrades

Photo picker. Choose which images you want to share with each app.
Media permissions. Group the types of media you want to share e.g., photos and videos, music and audio, files.
Alerts when an app accesses your clipboard. Then cleared history after a period of time to prevent unwanted access.
Added Personal Safety app.
System performance

Increased background memory. Reducing the wait for frequently used apps to load.
New self-repair feature that keeps Phone (1) running like it’s new. By clearing unused cache and expired system dumps.
Increased system stability.
General bug fixes.

ဇူဇူက ဒီတစ်ပါတ်ကစပြီး ဘီလူးမား ရထားတဲ့သူတွေအတွက် ဆက်ပြီးလိုချင်ရင် Web ဆို $12, iOS မှာဆို $15 ကျသင့်မယ့် subscription ပ...
19/02/2023

ဇူဇူက ဒီတစ်ပါတ်ကစပြီး ဘီလူးမား ရထားတဲ့သူတွေအတွက် ဆက်ပြီးလိုချင်ရင် Web ဆို $12, iOS မှာဆို $15 ကျသင့်မယ့် subscription ပြောင်းလိုက်တော့မှာပါ။

အရင် Blue Mark ရထားတဲ့သူတွေကတော့ဆက်ပြီးလိုချင်ရင် ဇူဇူကို အိုကနဲ(money) ဆက်သရတော့မှာမို့လို့ Meta လည်း Twitter ကိုမှီလာတော့မှာပါ။

CAD render တွေနှင့်အတူ ဘယ်လိုမျိုးဖြစ်လာနိုင်မလဲဆိုတာ ခန်းမှန့်လို့ရနေပြီဖြစ်တဲ့ iPhone 15 Proကျွန်တော်ကြည့်မိသလောက်အပြေ...
17/02/2023

CAD render တွေနှင့်အတူ ဘယ်လိုမျိုးဖြစ်လာနိုင်မလဲဆိုတာ ခန်းမှန့်လို့ရနေပြီဖြစ်တဲ့ iPhone 15 Pro

ကျွန်တော်ကြည့်မိသလောက်အပြောင်းအလဲအနေနှင့်ဆို

Camera module ပိုပြီးကြီးလာတယ်

ဘောင်တွေသိသိသာသာပိုပါးလာတယ်

2.5D front နှင့် curved back တွေနှင့်မို့လို့လေးထောင့်မကျတစ်ကျဘောင်ဖြစ်လာပြီး overall smoothing edge တွေဖြစ်လာတယ်

Type C သေချာနေပြီ

နောက်ကြားထားတာတွေအရ
Stainless steel အစား ပိုပေါ့တဲ့ Titanium frame ကိုပြောင်းသုံးလာမယ်

Physical button တွေအစား capacitive sensor နှင့် button တွေလည်းပြောင်းသုံးမယ်ပြောကြပေမယ့် ဒါက ဖြစ်လာမယ်လို့ကျွန်တော်မထင်မိသေးဘူး

ဆိုတော့ refreshed design နှင့် iPhone 15 pro ကိုဘယ်လိုမြင်ကြလဲဗျ

Source - 9to5Mac

Apple ရဲ့ အနာဂါတ်ဖြစ်လာနိုင်တဲ့ Apple AR/VR မျက်မှန်ကိုမြင်တွေ့ရတော့မယ်။ Meta verse နည်းပညာက လက်ရှိမှာ အရှိန်တစ်ခုအထိအား...
16/02/2023

Apple ရဲ့ အနာဂါတ်ဖြစ်လာနိုင်တဲ့ Apple AR/VR မျက်မှန်ကိုမြင်တွေ့ရတော့မယ်။

Meta verse နည်းပညာက လက်ရှိမှာ အရှိန်တစ်ခုအထိအားမကောင်းသေးပေမယ့် company အတော်များများကတော့ Mixed reality headset တွေနှင့်ပြင်ဆင်ထားပါပြီ။

အခု Apple လည်း virtual world အတွက် XR OS သုံးလာနိုင်မယ့် Mixed Reality device တစ်ခုကိုလည်း မိတ်ဆက်ဖို့ရှိနေပါတယ်။

ဒီ device မှာ object tracking အတွက် sensor and camera တွေပါမှာဖြစ်ပြီး အတွင်းမှာလည်း high resolution display တွေလည်းထည့်သွင်းပေးထားမယ့်အပြင် လက်ရှိ Mixed Reality device တွေထက် အများကြီးပိုသေးမယ့်သဘောရှိပါတယ်။

Design ကလည်း တစ်ခြား headset တွေလိုကြီးမနေဘဲ ပေါ့ပေါ့ပါးပါးနှင့်ဖြစ်မှာပါ။

ဒီ product အသစ်ကို လာမယ့် WWDC Event မှာ မိတ်ဆက်လာနိုင်ပြီး ဖြစ်နိုင်တာကတော့ June လလောက်ပါ။

UpsideDownCake လို့ အမည်ရတဲ့ Android 14 Developer Preview 1 ကို စပြီး release လုပ်ခဲ့ပါတယ်။ DP ပဲမို့ အပြောင်းအလဲသိပ်မတွ...
09/02/2023

UpsideDownCake လို့ အမည်ရတဲ့ Android 14 Developer Preview 1 ကို စပြီး release လုပ်ခဲ့ပါတယ်။

DP ပဲမို့ အပြောင်းအလဲသိပ်မတွေ့ရသေးပေမယ့် Android 14 မှာ tablet size တွေအတွက် improvement နှင့် overall security and privacy improvement တွေ တွေ့ရမယ်ပြောပါတယ်။

Chat GPT နှင့်အတူ ပြန်လာပြီဖြစ်တဲ့ BingSearch engine လို့ပြောတာနှင့် Google ကိုပဲပြေးမြင်ကြမှာပါ။ Google ရဲ့အားသာချက်က s...
08/02/2023

Chat GPT နှင့်အတူ ပြန်လာပြီဖြစ်တဲ့ Bing

Search engine လို့ပြောတာနှင့် Google ကိုပဲပြေးမြင်ကြမှာပါ။ Google ရဲ့အားသာချက်က simple interface and effective result တွေကြောင့် လက်ရှိ search engine တွေထဲ အကောင်းဆုံးဖြစ်နေတာပါ။

သူ့ပြိုင်ဖက် Microsoft မှာလည်း Bing ဆိုတဲ့ search engine တစ်ခုရှိပေမယ့် လူသုံးသိပ်မများပါဘူး။

OpenAI ရဲ့ Chat GPT နာမည်ကြီးလာပြီးတဲ့နောက်မှာ Microsoft ကလည်း သူတို့ Bing မှာ Chat GPT ကို ထည့်သွင်းလိုက်ပါပြီ။

အခု Bing မှာပါလာတဲ့ AI က Chat GPT 3.5 ရဲ့ ပိုကောင်းအောင်လုပ်ထားတဲ့ version ဖြစ်ပြီး chat GPT ထက်ပိုကောင်းတာက လက်ရှိ up to date news and data တွေကိုပါ လေ့လာနိုင်တာဖြစ်ပါတယ်။

Bing မှာ ကိုယ်သိချင်တာရှာလိုက်တာနှင့် သမရိုးကျ search တွေအပြင် တစ်ဖက်မှာ ကိုယ့်မေးခွန်းကိုဖြေပေးမယ့် AI chat Bot လည်းပါနေမှာပါ။ အဲ့ကနေ ပို simple and efficient ဖြစ်တဲ့ result တွေရနေမှာပါ။

နောက်ထပ် Compose and Chat ဆိုတဲ့ feature အသစ်နှစ်မျိုးလည်းပါမှာဖြစ်ပြီး
Compose က ကိုယ်ပါစေချင်တဲ့ အချက်တွေပြောပြီး email အသစ်ရေးခိုင်းတာတွေ
Chat က ကိုယ်ဖတ်နေတဲ့ content ကို ရှင်းခိုင်းတာ သိချင်တာဖြေခိုင်းတာကိုလုပ်နိုင်မှာပါ။

လက်ရှိ user တစ်ချို့မှာ စမ်းသုံးလို့ရနေပြီဆိုပေမယ့် ကိုယ်သုံးချင်ရင်တော့ waitlist ထဲ စောင့်နေရပါအုံးမယ်။

တစ်ဖြည်းဖြည်းနှင့် 2022 က စပြီး ကျွန်တော်တို့ AI ခေတ်ထဲ ရောက်လာပြီလို့ပြောရမှာပါ။

Apple A series တွေထက် ပိုကြမ်းလာမယ့် Snapdragon 8 Gen 3 ?ပုံထဲကတော့ Qualcomm ရဲ့ ဒီနှစ်ကုန်ထွက်လာမယ့် Snapdragon 8 Gen 3...
07/02/2023

Apple A series တွေထက် ပိုကြမ်းလာမယ့် Snapdragon 8 Gen 3 ?

ပုံထဲကတော့ Qualcomm ရဲ့ ဒီနှစ်ကုန်ထွက်လာမယ့် Snapdragon 8 Gen 3 ရဲ့ testing performance လို့ဆိုပါတယ်။ geekbench အရ ဒီကောင်က multi score မှာ ရမှတ် 1000 ကျော်လောက် 8 Gen 2 ထက် သာလာတာပါ ( Apple A16 ထက်လည်းအများကြီး ကြမ်းနေပါတယ်။ )

လောလောဆယ်တော့ တကယ့်အစစ်ဟုတ်မဟုတ် confirm မရသေးပေမယ့် တကယ်သာ prototype မှာ အဲ့လောက်ရှိရင် final version မှာ ဘယ်လောက်ထိ ကောင်းလာမလဲ ခန့်မှန်းကြည့်ကြည့်ပါ။

Bard လို့ခေါ်တဲ့ AI ကို Google Search မှာထည့်သွင်းတော့မယ်Chat GPT လိုမျိုး Natural Language AI တွေ ခေတ်စားလာတဲ့အချိန် Go...
07/02/2023

Bard လို့ခေါ်တဲ့ AI ကို Google Search မှာထည့်သွင်းတော့မယ်

Chat GPT လိုမျိုး Natural Language AI တွေ ခေတ်စားလာတဲ့အချိန် Google က လည်းသူတို့ရဲ့ အဖြေတစ်ခုကို ပြောပြသွားပါတယ်။

Bard လို့ခေါ်တဲ့ AI အသစ်က Chat GPT လိုမျိုး Natural Language Processing တွေလုပ်နိုင်မှာဖြစ်ပြီး သူ့ကို Google ရဲ့ search engine မှာ integrate လုပ်သွားမယ်သိရပါတယ်။

Bard ရဲ့ အားသာချက်က Chat GPT လိုမျိုး သူ့အတွက် trained data limit မရှိဘဲ Google search engine နှင့်တွဲထားတာကြောင့် ပိုပြီး data set များတဲ့ AI ဖြစ်မှာပါ။

ဆိုလိုတာက ပိုပြီး advance ဖြစ်မယ်ပေါ့။

ဒီလို AI က Google search မှာရှာသမျှ information တွေထဲ complex ဖြစ်တာတွေကို ပြန်ရှင်းပြသွားမယ်လို့ဆိုပါတယ်။

ဥပမာ
NASA’s James Webb Space Telescope to a 9-year-old လိုမျိုး topic တွေက internet ပေါ်ရှာရခက်ပေမယ့် AI အကူအညီနှင့် article တွေဖတ်နိုင်မှာပါ။

လက်ရှိတော့ Google က bard ကို သတ်မှတ်ထားတဲ့ user တွေအတွက်ကိုပဲ experimental model အနေနှင့်သုံးခိုင်းထားသေးတာဖြစ်ပြီး နောက်ပိုင်း public testing တွေ ရှိလာနိုင်ပါတယ်။

Bard လို AI မျိုးက fresh ဖြစ်တဲ့ data set တွေနှင့် train ထားပေမယ့် တစ်ဖက်မှာလည်း လုံခြုံစိတိချရတဲ့ AI ဖြစ်လာဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

Google ရဲ့ Article ဖတ်ချင်ရင်ဒီမှာ ကြည့်နိုင်ပါတယ်။

https://blog.google/technology/ai/bard-google-ai-search-updates/

S22 Ultra နှင့် S23 Ultra တို့ရဲ့ curve အနေအထားပါ။ ခင်ဗျားတို့ကောAndroid phone တစ်ချို့ရဲ့ ရှယ် curve ထားတဲ့ display လား...
05/02/2023

S22 Ultra နှင့် S23 Ultra တို့ရဲ့ curve အနေအထားပါ။

ခင်ဗျားတို့ကော
Android phone တစ်ချို့ရဲ့ ရှယ် curve ထားတဲ့ display လား
S22 Ultra ရဲ့ curve လား
S23 ရဲ့ slight Curve လား
iPhone တွေရဲ့ Flat screen ကိုပိုသဘောကျလား

တစ်ချက်ရေးခဲ့ပါအုံး

SD 8 Gen 2 နှင့်အတူ Battery test အခြေအနေကောင်းနေတဲ့ Android အုပ်စု။ TechDroider ကနေ စမ်းထားတဲ့ test တွေအရ Samsung S23 Ul...
04/02/2023

SD 8 Gen 2 နှင့်အတူ Battery test အခြေအနေကောင်းနေတဲ့ Android အုပ်စု။

TechDroider ကနေ စမ်းထားတဲ့ test တွေအရ Samsung S23 Ultra က 11hr 15 min နှင့် iPhone 14 Pro Max ထက် ၁၀ မိနစ်လောက်ပဲ ပိုနည်းတဲ့အခြေအနေမှာရှိနေပါတယ်။

ဒါက အရင် S22 Ultra ထက် သိသိသာသာပိုကောင်းလာတဲ့အခြေအနေပါ။

နောက်ထပ် 8 Gen 2 သုံးထားတဲ့
Xiaomi Mi 13 pro က 10hr 26min
One Plus 11 က 10hr 16min အသီးသီးရထားပါတယ်။

ဒါက ဘာကိုမြင်နိုင်မလဲဆိုရင် ဒီနှစ်အတွက် Qualcomm ရဲ့ Snapdragon 8 Gen 2 က efficient အများကြီးဖြစ်လာတာပါ။

5000mAh battery နှင့် S23 Ultra က 4300 mAh လောက်ပဲပါတဲ့ iPhone 14 PM ကိုမမှီသေးဘူးဆိုပေမယ့်

တစ်ဖက်မှာတော့ thermal 34.5 Degree လောက်ပဲရှိနေတယ်ဆိုတာက impressive ဖြစ်ဖို့ကောင်းပါတယ်။

ဒီအတိုင်းဆက်သွားရင် နောက်ပိုင်းနှစ်တွေမှာ Android phone တွေရဲ့ battery test result တွေမှာ iPhone Pro Max series တွေထက်တောင်သာချင်သာသွားနိုင်ပါတယ်။

တကယ်လို့ iPhone တွေမှာ battery size သေးသေးလေးတွေဆက်သုံးနေသေးရင်ပေါ့။

Battery ဘာလို့ကျ ?iPhone ကိုင်ပြီဟေ့ဆိုတာနှင့် လူအတော်များများ စိတ်ပူတတ်တာက battery health ကျတတ်တာပါ။ Battery health % တ...
03/02/2023

Battery ဘာလို့ကျ ?

iPhone ကိုင်ပြီဟေ့ဆိုတာနှင့် လူအတော်များများ စိတ်ပူတတ်တာက battery health ကျတတ်တာပါ။ Battery health % တွေကျလာတာဘာကြောင့်လဲဆိုတာကို အရှင်းဆုံးပြောရင် ကိုယ်သုံးနေလို့ကျတာပါ။

ဒါက အခုရေးမယ့် post ရဲ့ အဓိကအချက်ပါပဲ။

အရင်ကတော့ Battery Health ရဲ့ % ပြတဲ့ feature ဆိုတာ iPhone တွေမှာ မပါခဲ့ဘူးဗျ။ မှတ်မိတဲ့သူတွေလည်းမှတ်မိမှာပါ။ Apple ကနေသူတို့ရဲ့ iPhone တွေကို battery performance ကျလာတာကိုကာကွယ်ဖို့အတွက် phone performance ကို လျှော့နေတဲ့ update ကို မသိမသာ ထုတ်ပေးခဲ့ဖူးပါတယ်။ less performance = less battery drain ပေါ့ဗျာ။ iPhone ဆိုတဲ့ကောင်တွေကလည်း Battery capacity သေးသေးလေးတွေဆိုတော့ အဲ့အပိုင်းမှာ သိသာတာပေါ့ဗျာ။
နောက်တော့ user တွေသိသွားတယ်။ Apple အဆဲခံရတယ်။ အဲ့ကိစ္စတွေပြီးတော့ Battery Health ကိုပြတဲ့ % လေးပါလာတာပဲဗျ။ % နည်းလာရင် battery လဲပါဆိုတဲ့ အဓိပ္ပါယ်ပေါ့။

အဲ့အချိန်ကစပြီး iPhone user တွေလည်း ဆိတ်ကင်ဆာ ရတော့တာပဲဗျ။

ဆိုတော့ဗျာ။ ရိုးရိုးလေးပဲရှင်းတာပေါ့။

Battery cycle count ဆိုတာရှိတယ်ဗျ။ 0% ကနေ 100% ထိအားသွင်းပြီးတိုင်း battery တစ်ခါတစ်ပါတ်ပြည့်ပါတယ်။

ကြာကြာသုံးလေ battery cycle count တွေတက်လေ။ တစ်နည်းပြောရင် battery တစ်ဖြည်းဖြည်းယိုယွင်းလာလေပေါ့ဗျ။

ယိုယွင်းလာတဲ့အချိန် battery တွေက အားသွင်းလည်းအရင်လောက် မသိုလှောင်နိုင်တော့ဘူး။ ဒါကြောင့် အသစ်လောက်အားမခံတာဖြစ်တာပေါ့။

ကျွန်တော်ရှင်းပြတဲ့သဘောတရားက iPhone battery မှမဟုတ်ပါဘူး။ Battery တိုင်းဖြစ်ပါတယ်။

Battery % မကျချင်ရင် အကောင်းဆုံးကတော့ ဖုန်းကိုမသုံးတာပါပဲ။ သုံးရင်တော့ ကျမှာပဲပေါ့။

တစ်ချို့က update တင်ပြီးတော့ % ကျသွားတယ်လို့ပြောကြတယ်။ ဒါနှင့်ပက်သက်ပြီး idea တစ်ခု iOS banker group ထဲမှာတွေ့မိလိုက်သေးတယ်။ author ကိုမမှတ်မိတော့လို့ တောင်းပန်ပါတယ်။ သူ့ theory က

iPhone တွေကို သုံးနေရင်း battery % က တကယ်ကျနေတယ်။ ဒါပေမယ့် update မတင်မချင်း အကြောင်းအမျိုးမျိုးကြောင့် OS က refresh မဖြစ်ဘဲ % ကျနေတာကို မသိလိုက်ဘူး။ update တင်ပြီးမှ ဖုန်းက battery health ကျလာတာကိုသိတာကြောင့် % ပမာဏတစ်ခုစာ ရုတ်တရက်ကျသွားတယ်။ ဥပမာ update မတင်ခင်က 90% တင်ပြီးတော့ 85% ဖြစ်သွားတာမျိုးပေါ။ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ Theory ပါပဲ။

ထားပါတော့ % များများမကျချင်ရင် ဒါမှမဟုတ် မြန်မြန်မကျချင်ရင် recommend လုပ်တဲ့နည်းလမ်းတွေတော့ရှိပါတယ်။ Generally ပေါ့
Battery ကို 20% to 80% ကြားထဲမှာပဲ သုံးတာ
Charging သွင်းရင်းဖုန်းသုံးတာမလုပ်တာ
အရမ်းပူတဲ့ အရမ်းအေးတဲ့အခြေအနေမျိုးမှာ တတ်နိုင်သလောက်ဖုန်းသုံးတာရှောင်တာ
မလိုအပ်ဘဲ phone ကို အများကြီးမသုံးတာ
စသည်ဖြင့်ပေါ့။

မှတ်ထားရမှာက ဒီလို ဂရုစိုက်တာတောင် ၂ နှစ်ကြာလောက်သုံးပြီးရင် Battery Health 80% လောက်အထိ ကျသွားနိုင်ပါသေးတယ်။ လူတိုင်းမဟုတ်ပေမယ့် ဖြစ်နိုင်ချေတစ်ခုပေါ့။

Battery Health % ကျလာတာစိတ်ပူရလားဆို မပူရဘူးလို့ပဲမြင်ပါတယ်။ ကိုယ့်ဖုန်းက ကိုယ်လိုချင်တဲ့ အချိန်တစ်ခုအထိ အားမသွင်းဘဲ အသုံးခံနေသေးရင်တော့ အဆင်ပြေပါတယ်။

ကိုယ်သုံးနေသလောက် အားမခံတော့ဘူး။ % ကလည်း 80% အောက်ကျနေပြီဆိုရင် ဖြေရှင်းနည်းကတော့ စိတ်ချရတဲ့ဆိုင်မှာ battery အသစ်ကောင်းကောင်းတစ်လုံးလောက်လဲ လိုက်ရုံပါပဲ။

Apple ဖက်ကလည်း battery program နှင့် အသစ်တစ်လုံးပြန်လဲပေးတဲ့ အစီအစဉ်လည်းရှိနေတယ်ဆိုတော့ ကိုယ့်ဖုန်းက အကျုံးဝင်ရင် လည်းပိုကောင်းတာပေါ့။

အဆုံးသတ်ရရင်တော့ ဖုန်းဆိုတာ ကိုယ်သုံးဖို့ ဝယ်ထားတာပဲပေါ့ဗျာ။ battery % တွေကျနေတာကိုနေ့တိုင်း ချစ်သူ့မျက်နှာကြည့်နေသလို တစ်စိမ့်စိမ့်ကြည့်နေစရာတော့မလိုဘူးမြင်ပါတယ်။ ချစ်သူမရှိတဲ့သူကတော့ အိမ်မှာမွေးထားတဲ့ကြောင်လေးတွေ ခွေးလေးတွေကိုမြင်ပေါ့ဗျာ။ 🥲

Battery မကောင်းတာက လဲလို့ရပါတယ်။
ကိုယ်ဖုန်းကိုသုံးနေချိန် စိတ်ချမ်းသာသာရှိဖို့ကတော့ ပိုအရေးကြီးပါတယ်။

ဒါဆို Battery Health % ဘာကြောင့်ကျလာလဲ
ဘယ်လိုမျိုးတတ်နိုင်သလောက် ထိန်းသိမ်းနိုင်မလဲ
Battery Health % ကျလာတာက အရေးကြီးမကြီး စဉ်းစားနိုင်လောက်မယ်ထင်ပါတယ်။

Samsung ရဲ့ S23 Ultra အပါအဝင် product အသစ်တွေ launch လုပ်သွားတဲ့ Galaxy Unpacked အကြောင်းOnline ပေါ်ကနေ pre recorded vid...
02/02/2023

Samsung ရဲ့ S23 Ultra အပါအဝင် product အသစ်တွေ launch လုပ်သွားတဲ့ Galaxy Unpacked အကြောင်း

Online ပေါ်ကနေ pre recorded video တွေနှင့် မိတ်ဆက်တဲ့ ပွဲတွေအပြီးမှာ Physical Event နှင့် S23 series နှင့် Galaxy Book 3 series အသစ်တွေမိတ်ဆက်သွားတာ တော်တော်လေးလည်း refresh ဖြစ်သလို အရင်လိုမျိုး event vibe လည်း ခံစားရပါတယ်။ event တစ်ဝက်လောက်က pre recorded video တွေဖြစ်နေတာကလွဲရင်ပေါ့။

Phone တွေအတွက် S23, S23+ နှင့် S23 Ultra ဆိုပြီးမိတ်ဆက်သွားတယ်။ Laptop အတွက် Galaxy Book 360, Book 3 Pro နှင့် Galaxy Book 3 Ultra ဆိုပြီး မိတ်ဆက်ခဲ့ပါတယ်။

S23 series

S23 series ကတော့ physically အရင် S22 series ထက် သိသိသာသာပြောင်သွားတာမျိုးမရှိဘဲ stable design နှင့်ပဲလာပါတယ်။

S23 Ultra မှာ ဘေးဘောင်တွေ နည်းနည်းလေးထောင့်ဆန်လာတာနှင့် camera module ကြီးလာတာ
S23 နှင့် S23+ မှာ Ultra လိုမျိုး camera position ဖြစ်လာတာတွေက သိသာတဲ့အပြောင်းအလဲတွေပါ။
S22 series မှာကတည်းက သဘောကျခဲ့တဲ့ Design တွေကိုပဲပြန်သုံးထားတာကြောင့် Design ပိုင်းမှာတော့ ကျွန်တော့အတွက် သဘောကျစရာတွေချည်းပါပဲ။

Display မှာ Ultra က LTPO ဖြစ်တာကလွဲ ကျန်တဲ့ကောင်တွေမှာ peak brightness 1750nit ထိရတဲ့ Dynamic 2x AMOLED တွေပါ။ ဒီနေရာမှာ S23 နှင့် S23+ တို့ရဲ့ improvement တွေရှိလာပါတယ်။

Performance အတွက်ကတော့ over clocked လုပ်ထားတဲ့ Snapdragon 8 Gen 2 တွေကိုသုံးပေးထားပါတယ်။ ဒီနေရာမှာ အရင်ကထက်အများကြီး stable and efficient ဖြစ်လာတဲ့ SD8Gen2 ဖြစ်တာရယ် Exynos Chip တွေဆက်မသုံးတော့တာရယ်ကိုတော့ တော်တော်လေး ဝမ်းသာမိပါတယ်။ performance အပိုင်းမှာ gaming အပိုင်းပိုကောင်းလာတာအပြင် battery life လည်းပိုကောင်းလာဖို့ကတော့သေချာပါတယ်။

Gaming အတွက်သတင်းကောင်းထပ်ပြောရရင် Cooling chamber ကိုလည်း သေသေချာချာနှင့် S23 series အကုန်မှာထည့်ပေးထားတာကလည်း SD8Gen2 ရဲ့ potential ကိုပိုကောင်းစေမယ့်အချက်ပါ။

နောက်တစ်ချက်က 4 Years major update and 5 years security update တွေကလည်း S23 series ကို ရွေးချယ်ဖို့ပိုကောင်းစေတဲ့အချက်တွေပါ။ ဒါက Android ထဲ Samsung တစ်မျိုးပဲရှိသေးတာပါ။

Camera မှာတော့ S23 Ultra မှာ Samsung ရဲ့ 200MP camera ကို main ထားထားတာကြောင့် အပြောင်းအလဲလို့ဆိုရမှာပါ။
အခု sensor အသစ်မှာ 200MP Mode အပြင် 50MP နှင့် 12MP အထိ pixel binning နှင့်ပြောင်းလဲအသုံးပြုနိုင်မှာကမဆိုးဘူးလို့ပဲပြောရမှာပါ။ သိထားသလောက်ကတော့ အခု sensor အသစ်က အရင်ကထက် night performance ပိုကောင်းလာပြီး focusing အပိုင်းလည်းပိုမြန်လာပါမယ်။ ဒါက S22 Ultra ရဲ့အားနည်းတဲ့အချက်တွေဖြစ်ခဲ့လို့ S23 Ultra မှာဒါတွေ fix လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Video မှာတော့ OIS ရဲ့ range ကို ၂ ဆအထိတင်ပေးထားတာကြောင့် stabilization လည်းပိုကောင်းလာမယ်သိရတယ်။ 8K ကိုလည်း 30fps အထိရလာတာက Cinematography သမားတွေအတွက် တော်တော်အဆင်ပြေလာစေမယ့်သဘောပါ။

ကျွန်တော့ရဲ့ 2022 fav camera system က Samsung ဖြစ်ခဲ့တယ်ဆိုတော့ S23 series ကကော ဘယ်လိုဖြစ်လာမလဲတော့ တော်တော် စိတ်ဝင်စားမိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မိတ်ဆက်ပွဲတစ်ခုလုံးမှာ စိတ်ဝင်စားစရာကတော့ Eco friendly ဖြစ်တဲ့အချက်ပါ။ ဒီအကြောင်းကို ကျွန်တော်သိပ်ပြောလေ့မရှိပေမယ့် S23 series မှာ အတွင်းပိုင်း components တွေအပြင် အပြင် ပိုင်း % အတော်များများ recycled material တွေပြန်သုံးထားတာတွေရယ် packaging ကလည်း 100% recycle လုပ်နိုင်တာရယ်ကိုတော့ မချီးကျူးဘဲမနေနိုင်ပါဘူး။ ပါတ်ဝန်းကျင်အတွက် စဉ်းစားပေးတဲ့ Samsung ရဲ့ idea ကိုတော့ ပိုကောင်းဖို့ပဲရှိတယ်လို့မြင်ပါတယ်။

အကြမ်းပြောရရင် S23 series က S22 users တွေအတွက် upgrade လုပ်ဖို့လိုသေးတယ်မမြင်ပါဘူး။ ဒါပေမယ့်သဘောကျတဲ့အချက်တွေထဲမှာတော့ S23+ နှင့် S23 Ultra အတွက် base storage ကို 128GB အစား 256GB ပြောင်းပေးလာတာရယ် stable ပိုဖြစ်တဲ့ Snapdragon 8 Gen 2 လို SoC တွေသုံးလာပေးတာပါ။ Spec အသေးစိတ်ကတော့ ပုံထဲမှာထည့်ပေးထားပါတယ်။
Android phone တွေထဲမှာတော့ S23 series က တော်တော်လေး သဘောကျစရာကောင်းတဲ့အထဲပါတာကြောင့် 2023 အတွက် အကောင်းဆုံး flagship တွေစဉ်းစားရင် ထည့်သွင်းစဉ်းစားသင့်တဲ့အထဲပါတဲ့ ဖုန်းတစ်လုံးပါပဲ။

ဈေးတွေကတော့ Samsung Myanmar မှာတင်ထားတာအရ
S23 (8/128) ကို 2,679,000
S23+ (8/256) ကို 3,295,000
S23 Ultra ကို 3,915,000 ကျပ် ရှိတာကြောင့် ဈေးကတော့မသေးပါဘူး။
ဒါပေမယ့်လက်ရှိ pre order တင်ရင် storage ၂ ဆ upgrade ရှိမယ့် model ကိုရမယ့်အပြင် Galaxy buds 2 lucky draw ရှိတာကြောင့်လည်း မဆိုးဘူးလို့ပြောရမယ်ထင်ပါတယ်။

နောက်ထပ် မိတ်ဆက်တာကတော့ Galaxy Book 3 series ပါ။
ဒီထဲမှာ
ပုံမှန် laptop ဖြစ်တဲ့
Galaxy Book 3 Pro ရယ်
Hybrid laptop ဖြစ်တဲ့ Book 360 ရယ်
Power house ဖြစ်တဲ့ Book 3 Ultra ဆိုပြီး ၃ မျိုးမိတ်ဆက်ပါတယ်။

၃ ကောင်လုံးမှာ Intel ရဲ့ 13th gen processor တွေပါလာပြီးတော့ Book 3 Ultra မှာတော့ Nvidia ရဲ့ RTX 4000 series ပါ ပါလာမှာပါ။

Samsung laptop တွေက ဈေးသက်သာတဲ့အထဲတော့မပါပေမယ့် Samsung user တွေအတွက် inter device connection သေချာလုပ်ပေးထားလို့ မိုက်တယ်လို့ပြောရမယ့်အခြေအနေမှာတော့ရှိပါတယ်။ ဒီနိုင်ငံထဲ မသွင်းပေမယ့်လို့ပေါ့ 🥲

ဈေးကတော့
Galaxy Book 3 Pro ကို $1249
Galaxy Book 3 Pro 360 ကိာ $1399
Galaxy Book 3 Ultra ကိုတော့ $2199 သတ်မှတ်ထားပါတယ်။

US Market မှာ Phone 2 နှင့်အတူပြန်လာမယ်ဆိုတဲ့ NothingDesign award တွေရထားတဲ့ Nothing Phone (1) က Global မှာကော မြန်မာနို...
31/01/2023

US Market မှာ Phone 2 နှင့်အတူပြန်လာမယ်ဆိုတဲ့ Nothing

Design award တွေရထားတဲ့ Nothing Phone (1) က Global မှာကော မြန်မာနိုင်ငံထဲမှာပါ attention တော်တော်လေးရခဲ့တဲ့ကောင်ပါ။

Nothing Phone 2 ကတော့ Flagship တစ်လုံးဖြစ်လာမှာဖြစ်ပြီး ဒီတစ်ခါတော့ US Market ထဲ ဝင်လာမယ်လို့ Nothing Founder Carl တစ်ယောက် confirm ပေးထားပါတယ်။

ဒါပေမယ့် ဒါက 2023 နှောင်းပိုင်းလို့ပဲပြောထားတော့ ကြာအုံးမယ့်သဘောဖြစ်ပြီး လက်ရှိမှာ ဘယ်လိုမျိုး phone ဖြစ်လာမယ်ဆိုတာ မသိရသေးပါဘူး။

Nothing ကတော့ ရိုးအီနေတဲ့ phone တွေကြား ပျော်စရာဖုန်းတွေဖြစ်လာဖို့ ရည်ရွယ်ထားတုန်းမို့လို့ Nothing Phone 2 ကကော ဘယ်လို design and software combination လာမလဲသိချင်မိတယ်။

A16 နှင့် Snapdragon 8 Gen 2 - ဘယ်သူပိုကောင်းလဲ?A16 ဆိုတာက Apple ရဲ့ iPhone 14 Pro series မှာ သုံးတဲ့ SoC ဖြစ်ပြီးတော့ S...
26/01/2023

A16 နှင့် Snapdragon 8 Gen 2 - ဘယ်သူပိုကောင်းလဲ?

A16 ဆိုတာက Apple ရဲ့ iPhone 14 Pro series မှာ သုံးတဲ့ SoC ဖြစ်ပြီးတော့ Snapdragon 8 Gen 2 ကတော့ qualcomm ကနေ 2023 ပထမနှစ်ဝက် Android ဖုန်းတွေမှာသုံးဖို့မိတ်ဆက်ထားတဲ့ Flagship SoC တစ်ခုပါ။ အရင်ကတော့ Snapdragon တွေက A series chip တွေနှင့်ယှဥ်လိုက်တိုင်း generation တစ်ခုစာလောက် ဟနေတာမျိုးရှိခဲ့ပါတယ်။

အခုအသစ်ထွက်တဲ့ SoC နှစ်ခုကို Geekwan ဆိုတဲ့ Youtuber တစ်ယောက်က Performance test တွေလုပ်ခဲ့တဲ့အချိန်မှာတော့ စိတ်ဝင်စားစရာအချက်တွေကိုတွေ့ရပါတယ်။ ဒီ post မှာတော့ အဲ့ထဲက main point တွေကို ရေးသွားပါမယ်။ ပုံတစ်ပုံချင်း ကြည့်သွားနိုင်ပါတယ်။

Video ကိုကြည့်ချင်ရင်လည်း Geekwan ရဲ့ channel မှာကြည့်နိုင်ပါတယ်။
https://youtu.be/c1j5p4iNvRM

iOS 16.3 ကို ဒီနေ့မနက်ကစပြီး update တင်လို့ရပါပြီ။ အခု 16.3 မှာတော့ အရင် က ဖြစ်ခဲ့ဖူးတဲ့ power ဖွင့်တုန်း အစိမ်းကြောင်းတ...
24/01/2023

iOS 16.3 ကို ဒီနေ့မနက်ကစပြီး update တင်လို့ရပါပြီ။

အခု 16.3 မှာတော့ အရင် က ဖြစ်ခဲ့ဖူးတဲ့ power ဖွင့်တုန်း အစိမ်းကြောင်းတွေပေါ်တဲ့ error အပါအဝင် bug fix တွေလုပ်ထားပြီးတော့

Black တွေရဲ့ History and Culture အတွက် Wallpaper အသစ်တွေလည်းထပ်ထည့်ပေးထားပါတယ်။

Security ပိုင်းအတွက် improvement တွေရှိပေမယ့် performance မှာတော့ နဂိုအတိုင်းပါပဲ။

ရှေ့ကော နောက်ကော ကွေးအုံးမယ့် iPhone 15 proDesign အပြောင်းအလဲတွေနှင့်ထွက်လာမယ်လို့ကြားနေရတဲ့ iPhone 15 pro မှာ back glas...
23/01/2023

ရှေ့ကော နောက်ကော ကွေးအုံးမယ့် iPhone 15 pro

Design အပြောင်းအလဲတွေနှင့်ထွက်လာမယ်လို့ကြားနေရတဲ့ iPhone 15 pro မှာ back glass ကိုကွေးမယ့်အပြင် front glass ရဲ့ ဘေးဘောင်တွေနားမှာလည်း curvature အနည်းငယ်ရှိနေမယ်လို့ leak တစ်ခုအရသိရပါတယ်။

အကြမ်းအားဖြင့် iPhone 11 Pro တွေကိုလေးထောင့်ဘောင်တွေနှင့်တွေးကြည့်ကြည့်ပါ။

September လလောက်မှာ မိတ်ဆက်လာမယ့် iPhone 15 pro မှာ Titanium frame, curved glass တွေနှင့် Type C port တွေစသုံးလာမယ်လို့ သတင်းထွက်တာပါ။

ပုံတွေကတော့ Volodymyr လို့ခေါ်တဲ့ 3D designer တစ်ယောက်လက်ရာတွေပဲဖြစ်ပါတယ်။

S23 Ultra ရဲ့ အပြင်ပုံတွေ 🤮Chin
22/01/2023

S23 Ultra ရဲ့ အပြင်ပုံတွေ

🤮Chin

ဘယ်နိုင်ငံက iPhone တွေပိုကောင်းလဲ ?iPhone တွေကို ဝယ်ဖို့စဉ်းစားလိုက်တိုင်းဒီနိုင်ငံထဲက ဆိုင်တစ်ဆိုင်မှာတစ်ဈေးနောက်တစ်ဆို...
21/01/2023

ဘယ်နိုင်ငံက iPhone တွေပိုကောင်းလဲ ?

iPhone တွေကို ဝယ်ဖို့စဉ်းစားလိုက်တိုင်း
ဒီနိုင်ငံထဲက ဆိုင်တစ်ဆိုင်မှာတစ်ဈေး
နောက်တစ်ဆိုင်မှာ တစ်ဈေး
အဝယ်တော်တွေမှာ တစ်ဈေး

ဘာဖြစ်လာလဲဆိုတော့ ဈေးသက်သာတာဝယ်ရမလား၊ ဈေးသက်သာနေရင်ကော အညံ့တွေပါလာမလား ဆိုပြီး တွေးတတ်ကြမှာပါ။ အဲ့အကြောင်းပြောကြတာပေါ့။

ပထမဆုံးအနေနှင့်ပြောရရင် iPhone တွေမှာ region ကွဲပါတယ်။
CH/A ဆို China region
ZP/A ဆို အများအားဖြင့် Singapore region
TH/A ဆို Thailand region အစရှိသဖြင့်ပေါ့။

Region တွေကွာတယ်ဆိုတာ Apple က ဘယ် region က ကောင်းတာသုံးပေးမယ် ဘယ် region က မကောင်းတာပဲသုံးမယ်ဆိုပြီး ခွဲတာမျိုးမဟုတ်ဘဲ

Region အလိုက်သက်ဆိုင်ရာ accessories တွေ အလိုက်သင့်သုံးနိုင်ဖို့၊ service တွေပေးနိုင်ဖို့ပါပဲ။

ဘယ်မှာသွားသိလဲဆို အရင်က iPhone ဝယ်ရင်ပါလာတဲ့
charger က 2 Pin and 3 Pin ကွဲတတ်တာတို့၊
ဘူးထဲပါလာတဲ့ manual လေးတွေမှာ region အလိုက် ဘာသာစကားကွဲပြားတာတို့ပေါ့။

ချွင်းချက်အနေနှင့်တော့
14 series မှာ US region အတွက် E-Sim only အလုံးတွေ၊
China region တစ်ချို့မှာ Physical Dual Sim အလုံးတွေရှိပါတယ်။

ဒါက ဝယ်တဲ့အခါသတိထားလို့ရအောင်ပြောပြတ ပါ။

အဲ့တော့ region ကွာရင် ဘာကွာလဲဆိုတော့ အပေါ်က ပြောထားတဲ့အချက်ကလွဲကျန်တဲ့ ဟာအတူတူပါပဲ။
Thailand region iPhone သုံးလဲ ဒီ experience ပဲ၊ Singapore သုံးလည်းဒါပဲပေါ့ဗျာ။

ဘယ်ဆိုင်ဝယ်ဝယ်အတူတူပဲဆို ဈေးသက်သာတဲ့ဆိုင်ကပဲဝယ်တော့မှာပေါ့။

အဲ့လိုမျိုးဆို တစ်ချက်တော့ သိထားရပြန်ပါအုံးမယ်။

ဒီနိုင်ငံမှာ Apple official store မရှိဘဲ အမြင့်ဆုံးအနေနှင့် authorized dealer တွေပဲရှိပါတယ်။
ဥပမာ ပြောရရင် mDrive လို ဆိုင်မျိုးပေါ့ (not sponsored)

Authorized dealer တွေက ရောင်းလိုက်တဲ့ ဖုန်းတွေဆို warranty အတွက် 2 နှစ်(Apple’s warranty+ Dealer’s warranty) အထိပေးသလို၊ battery service program တွေ၊ တစ်ချို့ model တွေအတွက် မှန်လဲတာမျိုး service ဆိုင်ရာ လျော့ဈေးတွေပေးတာမျိုးရှိပါတယ်။
အကြမ်းအားဖြင့် warranty ပိုခိုင်တယ်ပေါ့ဗျာ။

Authorized မဟုတ်ရင်ကော warranty မခိုင်ဘူးလားဆို သူတို့မှာတော့ Apple ရဲ့ official warranty တစ်နှစ်ရပါတယ်။ နောက်ပြီး warranty and after sale service အပိုင်းမှာလည်း ဆိုင်အလိုက် policy ကွဲတတ်တာကြောင့် မဝယ်ခင် သေချာမေးဖို့အကြံပြုချင်ပါတယ်။

ဒါကြောင့်မို့လို့ iPhone တွေနှင့်ပက်သက်ပြီး ဘယ်ကောင်ဝယ်သင့်လဲ page မှာ အကြံလာတောင်းတဲ့အခါ ကျွန်တော်အကြံပေးနေကျပြန်ပြောပေးချင်ပါတယ်။
ကိုယ်က ဖုန်းကို သေသေသပ်သပ်သုံးမယ် warranty အတွက် တော်သင့်ရုံလောက်ပဲရှိမယ်၊ authorized မဟုတ်တဲ့ region တွေက ဈေးပိုသက်သာနေရင် အဲ့တာတွေဝယ်လို့အဆင်ပြေပါတယ်။

မဟုတ်ဘူး၊ ကိုယ်က ကွဲတတ်တာ၊ battery အရမ်းကျတာစိတ်ပူတတ်တာ၊ warranty ကိုလည်း ပိုလိုချင်တာဆို authorized ကိုပဲ ညွှန်းပေးပါတယ်။

တကယ်လို့ authorized က တစ်ခြားဆိုင်တွေထက် ဈေးပိုသက်သာနေရင်ပိုကောင်းတာပေါ့။

(ကျွန်တော်ကိုယ်တိုင်သုံးနေတဲ့ကောင်ကလည်း mDrive ကဝယ်ထားတာမဟုတ်တဲ့ တစ်ခြား region အလုံးပါ။ ဘာမှ ကွာနေတာမျိုးမရှိပါဘူး)

Authorized ဟုတ်မဟုတ်သိချင်ရင် ဒီ link လေးဖတ်ကြည့်ကြည့်ပါ

https://m.facebook.com/story.php?story_fbid=8364344566968836&id=524172097652828&mibextid=qC1gEa

ပြန်ခြုံပြောရင် ဘယ်နိုင်ငံ က ဝယ်ဝယ် ပိုကောင်းတာ ပိုညံ့တာမျိုးမရှိပါဘူး။ ကိုယ်က warranty နှင့် budget အတွက်ပဲ စဉ်းစားပြီး ဘယ်ဆိုင်မှာဝယ်သင့်လဲ ကိုပဲ ဆုံးဖြတ်ရင်ရပါပြီ။

Budget ဆန်တဲ့ HomePod အသစ်မိတ်ဆက်ခဲ့တဲ့ Apple$299 ရှိတဲ့ အခု HomePod က Apple ရဲ့ 2nd gen HomePod ဖြစ်လာပြီး4 Inch Woofer...
18/01/2023

Budget ဆန်တဲ့ HomePod အသစ်မိတ်ဆက်ခဲ့တဲ့ Apple

$299 ရှိတဲ့ အခု HomePod က Apple ရဲ့ 2nd gen HomePod ဖြစ်လာပြီး
4 Inch Woofer
5 Tweeter
4 Mic
နှင့် performance အတွက် S7 Chip ကိုသုံးလာမယ်ဆိုပါတယ်။

Ultra Wideband feature တွေပါပြီးတော့ Siri integration ပါမယ်၊

အလေးချိန်အနေနှင့် 5.1 lb ရှိပြီး အိမ်တွင်းအပူချိန်နှင့် စိုထိုင်ဆ တိုင်းတာပေးနိုင်မယ့် sensor တွေလည်းပါပါတယ်။

အရောင်အနေနှင့် white and midnight ဆိုပြီးရွေးနိုင်မယ်သိရပါတယ်။

Apple အနေနှင့် Mac Mini အသစ်၂ မျိုးနှင့် MacBook Pro အသစ်နှစ်မျိုးတို့ကိုမိတ်ဆက်သွားပါတယ်။ ဒီ MacBook တွေနှင့်အတူ M2 Pro...
17/01/2023

Apple အနေနှင့် Mac Mini အသစ်၂ မျိုးနှင့် MacBook Pro အသစ်နှစ်မျိုးတို့ကိုမိတ်ဆက်သွားပါတယ်။

ဒီ MacBook တွေနှင့်အတူ M2 Pro နှင့် M2 Pro Max အသစ်တို့ကိုပါမိတ်ဆက်သွားပြီးတော့ ဈေးအနေနှင့်

M2 Mac Mini ကို $599
M2 Pro သုံးထားတဲ့ Mac Mini ကို $1299

M2 Pro နှင့် 14” MacBook Pro ကို $1999
M2 Max နှင့် 14” MacBook Pro ကို $3099

M2 Pro နှင့် 16” MacBook Pro ကို $2499
M2 Max နှင့် 16” MacBook Pro ကို $3499 ပါ

M2 Pro ကတော့ မနှစ်ကမိတ်ဆက်ခဲ့တဲ့ M1 Pro ရဲ့မျိုးဆက်ဖြစ်ပြီး M2 ကို double လုပ်ထားတဲ့ကောင်ပါ။ performance အားဖြင့်တော့ M1 Pro ထက်

CPU 20%
GPU 30%
Neural Engine 40% ပိုကောင်းလာပြီး 12 Core CPU , 19 Core GPU တို့နှင့်ထွက်လာတဲ့ကောင်ဖြစ်ပါတယ်

M2 Max ကလည်း M1 Max ရဲ့နောက်မျိုးဆက်ဖြစ်ပြီး သူ့ထက်

CPU 20%
GPU 30%
Neural Engine 40% ပိုကောင်းလာတယ်။ နောက်ပြီးသူက 12 Core CPU , 38 Core GPU တို့နှင့်ထွက်လာတဲ့ကောင်ဖြစ်ပါတယ်

ဒါကြောင့်မို့လို့ အခုမိတ်ဆက်လိုက်တဲ့ Product 4 ခုမှ
M2 and M2 Pro သုံးထားတဲ့ Mac Mini တင်မက
Performance ပိုလိုချင်တဲ့သူတွေအတွက် MacBook Pro 14” and 16” တွေပါ မိတ်ဆက်ခဲ့တာပါ။ Chip ပဲပြောင်းတာဖြစ်ပြီး ကျန်တာကတော့ အရင် MacBook Pro တွေနှင့် မကွာလှပါဘူး။

Anyway, Powerful ဖြစ်လှတယ်ဆိုတဲ့ Laptop တွေလိုချင်တဲ့သူတွေအတွက်ကတော့ MacBook Pro နှင့် Mac mini အသစ်တွေက လိုချင်စရာတွေပါပဲ။

Address


Alerts

Be the first to know and let us send you an email when Talk of Tech posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share