Thinkit.

Thinkit. We provide information, tips, and guides for everyone who is interested in web and mobile developmen

19/10/2020

သရဲတူတူရှာကြမယ် 🔦

18/10/2020

သရဲဆိုတာဘယ်လိုမျိုးလဲ

ဘာမှမတင်ဖြစ်တာ နည်းနည်းကြာသွားတော့ လွမ်းနေကြပြီမလား (မလွမ်းလဲ လွမ်းလိုက်ပါ) ဒီနေ့ Topic က Web Development အပိုင်း စပြီးလ...
13/07/2020

ဘာမှမတင်ဖြစ်တာ နည်းနည်းကြာသွားတော့ လွမ်းနေကြပြီမလား (မလွမ်းလဲ လွမ်းလိုက်ပါ)
ဒီနေ့ Topic က Web Development အပိုင်း စပြီးလေ့လာဖို့ ပြင်ဆင်နေတဲ့ သူတွေအတွက် အခြေခံအနေနဲ့ သိထားသင့်မယ်ထင်တာလေးကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

Web Designer တစ်ယောက်က ဘာတွေသိထားသင့်လဲ?

- Webpage တွေကို Create လုပ်ရတာဖြစ်ပါတယ်။ Webpage တစ်ခုမှာဘာတွေပါလဲဆိုတာကို အရိုးရှင်းဆုံးပြောရရင်တော့ Header, Paragraph, Images, Animation, etc. အစရှိသဖြင့် ပါလေ့ရှိပါတယ်။
- အဲ့ဒီအရာတွေပါတဲ့ Webpage တစ်ခုဖြစ်လာအောင် ဘာတွေကို အသုံးပြုပြီး ရေးဆွဲရသလဲဆိုရင် HTML, CSS, JavaScript တို့ကို အဓိကအသုံးပြုထားတာလို့ ပြောလို့ရပါတယ်။
- အဲ့ဒီ ၃ခုရှိရုံနဲ့လဲ Webpage တစ်ခုဖြစ်ပြီလားဆိုတော့လဲ ဟုတ်မလိုလိုနဲ့ မဟုတ်သေးဘူးဗျ။ အရေးကြီးတာတစ်ခုကျန်နေသေးတယ်...အဲ့တာ မိဘ...အဲလေမှားလို့ Browser ပဲဖြစ်ပါတယ်။
- Browser ရဲ့ အကူအညီမပါတဲ့ Code တွေက Text File သာသာပဲရှိပါတယ်။
- ပေါက်လွတ်ပဲစားတွေတက်လာတတ်တဲ့ Chrome, Firefox, Safari တို့လို Browser တွေနဲ့သာ ကျွန်တော်တို့ Code တွေရေးထားတဲ့ Text File တွေကို ဖွင့်လိုက်မယ်ဆိုရင် “BOOM” Webpage ကြီးပေါ်လာမှာပဲဖြစ်ပါတယ်။ ဒါက Browser ရဲ့ အရေးပါပုံကို ခဏကြော်ငြာ၀င်တာပါ။
ဆိုတော့ အခုပြောမယ့် Topic ရဲ့ မင်းသား ၃ယောက်အကြောင်းကို ပြန်သွားလိုက်ရအောင်…

.

𝗜𝗻𝗱𝗶𝗮'𝘀 𝗚𝗼𝘃𝗲𝗿𝗻𝗺𝗲𝗻𝘁 𝗕𝗮𝗻𝗻𝗲𝗱 𝗧𝗶𝗸𝗧𝗼𝗸India အစိုးရကနေပြီးတော့ TikTok အပါအ၀င် China App ၅၉ ခုကို Ban လိုက်ပါပြီတဲ့ဗျို့။ .
01/07/2020

𝗜𝗻𝗱𝗶𝗮'𝘀 𝗚𝗼𝘃𝗲𝗿𝗻𝗺𝗲𝗻𝘁 𝗕𝗮𝗻𝗻𝗲𝗱 𝗧𝗶𝗸𝗧𝗼𝗸
India အစိုးရကနေပြီးတော့ TikTok အပါအ၀င် China App ၅၉ ခုကို Ban လိုက်ပါပြီတဲ့ဗျို့။
.

Google Meet မှာဘာတွေလုပ်လို့ရလဲ?Google Meet ဆိုတာ တော်တော်များများ ရင်းနှီးခဲ့ဖူးသား ဖြစ်တဲ့ Google Hangouts ကနေ အသွင်ပြ...
01/07/2020

Google Meet မှာဘာတွေလုပ်လို့ရလဲ?
Google Meet ဆိုတာ တော်တော်များများ ရင်းနှီးခဲ့ဖူးသား ဖြစ်တဲ့ Google Hangouts ကနေ အသွင်ပြောင်းလာတာပါပဲ။ Google Hangouts နေရာမှာ အစားထိုးလိုက်တာလို့ပြောလို့လဲရပါတယ်။ Google Meet ကို May 2020 မှာ တရား၀င်ကြေညာခဲ့ပြီးနောက်မှာတော့ စပြီးသုံးခွင့်ပေးခဲ့တာပါ။
ဒီတော့ Google Meet မှာ ဘာတွေပါမလဲ...ဘာတွေလုပ်လို့ရမလဲဆိုတာကို အောက်မှာဆက်ပြီးဖတ်ကြည့်ကြပါဦး။
(မဖတ်ခင် ကြိုပြီးပြောချင်တာက ဒီ Topic က Review လုပ်တာမဟုတ်တဲ့အတွက် ကိုယ့်ရဲ့ရွေးချယ်မှုက ကိုယ့်ပေါ်ပဲ မူတည်နေပါတယ်။ It’s up to you guys…)
.

1.1.1.1ဆိုတာဘာကြီးလဲ? 🤔ကျွန်တော်လဲမသိဘူးလေ...စတာပါ...သိချင်ရင်တော့ ပုံတစ်ပုံချင်းစီအောက်မှာ ရေးထားတာတွေကို ဖြေးဖြေးချင်း...
26/06/2020

1.1.1.1ဆိုတာဘာကြီးလဲ? 🤔

ကျွန်တော်လဲမသိဘူးလေ...
စတာပါ...သိချင်ရင်တော့ ပုံတစ်ပုံချင်းစီအောက်မှာ ရေးထားတာတွေကို ဖြေးဖြေးချင်းစီဆက်ပြီးဖတ်ကြည့်ကြဗျာ 😁

Android
https://play.google.com/store/apps/details?id=com.cloudflare.onedotonedotonedotone

iOS
https://apps.apple.com/us/app/1-1-1-1-faster-internet/id1423538627

.

iOS user ဖြစ်တဲ့ Admin အတွက်တော့ တစ်ခါမှမပါဘူးတဲ့ Widget Feature လေးပါလာတော့ ဝမ်းသာနေမိတယ် 😂iOS 14 ရဲ့ဘယ်အချက်တွေကို သဘေ...
23/06/2020

iOS user ဖြစ်တဲ့ Admin အတွက်တော့ တစ်ခါမှမပါဘူးတဲ့ Widget Feature လေးပါလာတော့ ဝမ်းသာနေမိတယ် 😂

iOS 14 ရဲ့ဘယ်အချက်တွေကို သဘောကျတယ် မကျဘူးဆိုတာကို အောက်က comment မှာ ဝင်ရေးသွားကြပါဦး 👇🏻

stc: https://www.apple.com/ios/ios-14-preview/

iOS 14 features reimagined iconic phone experiences, updates to the apps you use every day, all-new App Clips, new privacy measures, and more.

iOS 14 ရဲ့ Widget Feature က Android နဲ့ ဘယ်လိုများမတူကွဲပြားနေမလဲဆိုတာ စိတ်ဝင်စားစရာပဲ 🤔
22/06/2020

iOS 14 ရဲ့ Widget Feature က Android နဲ့ ဘယ်လိုများမတူကွဲပြားနေမလဲဆိုတာ စိတ်ဝင်စားစရာပဲ 🤔

At WWDC, Apple reveals the newest versions of its operating systems, which developers and early adopters can try out in beta form over the summer. In previous years, the final versions of Apple's new software launches to the public alongside new products in the fall.

Thinkit. page ရဲ့ ပထမဆုံးတင်တဲ့ Post လေးကို Adobe XD to Flutter ဆိုတဲ့ အကြောင်းလေးနဲ့ စချင်ပါတယ်ဗျို့!ပထမဦးဆုံး Adobe XD...
22/06/2020

Thinkit. page ရဲ့ ပထမဆုံးတင်တဲ့ Post လေးကို Adobe XD to Flutter ဆိုတဲ့ အကြောင်းလေးနဲ့ စချင်ပါတယ်ဗျို့!
ပထမဦးဆုံး Adobe XD ဆိုတာကတော့ UX/UI Designer တော်တော်များများနဲ့ ရင်းနှီးပြီးသားဖြစ်မယ်လို့တော့ ထင်ပါတယ်။ မသိသေးတဲ့သူတွေအတွက် တိုတိုနဲ့လိုရင်း ရှင်းပြပေးရမယ်ဆိုရင်တော့ Adobe XD ဆိုတာဟာ Adobe Inc. ကနေပြီးတော့ UX/UI Designer တွေအတွက်ရေးဆွဲပေးထားတဲ့ Tool တစ်ခုပါ။ Adobe XD မှာဘာတွေလုပ်လို့ရမလဲဆိုတော့ Digital Product တွေဖြစ်တဲ့ Websites and Mobile Apps တွေအတွက် UX/UI တွေကို Prototypes or Wireframes အနေနဲ့ စိတ်ကြိုက်‌‌‌ရေးဆွဲလို့ရပါတယ်။ Adobe XD အကြောင်း ဒီထက်ပိုပီးသိချင်သေးသပ ဆိုရင်တော့ နောက်ပိုင်းတွေမှာ အချိန်ရရင်သလို တင်ပေးသွားပါမယ်နော်။
အခုအဓိက ဆက်ပြီးပြောချင်တဲ့ အပိုင်းက Adobe XD နဲ့ Google ကနေ ဖန်တီးထားပြီး Mobile Apps Developer တော်တော်များများ အသုံးပြုနေကြတဲ့ Open-source UI Software Development Kit တစ်ခုဖြစ်တဲ့ Flutter နှစ်မျိုးကို ဘယ်လိုချိတ်ဆက်ပြီး သုံးလို့ရလဲဆိုတာပါ။ ပုံမှန်ဆိုရင် Mobile Apps Developer အများစုဟာ UX/UI Designer တွေဆီကနေထွက်လာတဲ့ UI (User Interface) တွေအတိုင်း အစကနေပြန်ပြီးလိုက်ဆွဲရတာကတော့ ရိုးရှင်းပါတယ်။ ဒါပေမယ့် သိပ်မကြာသေးခင်က Adobe ကနေပြီးတော့ XD to Flutter ဆိုတဲ့ Plugin တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ဒီ Plugin ကို ဖန်တီးလိုက်ရတဲ့ ရည်ရွယ်ချက်ကလည်း ရိုးရှင်းပါတယ်။ Creative Ideas တွေကို မြန်မြန်ဆန်ဆန်နဲ့ Develop လုပ်စေချင်လို့ပါပဲ။ မိနစ်ပိုင်းအတွင်းမှာ UI (User Interface) တွေကို မြန်မြန်ဆန်ဆန်နဲ့ Develop လုပ်နိုင်ဖို့ကလည်း Mobile Apps Developer တွေရဲ့ အိပ်မက်တစ်ခုလို့လည်း ပြောလို့ရတယ်ဆိုတော့ Flutter Developer တွေအတွက်တော့ သတင်းကောင်းပါပဲ။
XD to Flutter Plugin ရဲ့ အလုပ်လုပ်တဲ့ ပုံစံကလည်း နားလည်ရလွယ်ပါတယ်။ Adobe XD ထဲမှာတင်ပဲ ဒီ Plugin က ဆွဲထားတဲ့ Design Elements တွေအတွက် Dart Code တွေကို Generate လုပ်ပေးပြီး Application ရဲ့ Codebase ထဲမှာ သွားထည့်လိုက်ရုံနဲ့ရပြီဆိုတော့ တော်တော်လေးကို လွယ်ကူပါတယ်။ Client ကို Prototype ပြတဲ့အခါမှာလည်း ပိုပြီးတော့ အဆင်ပြေလွယ်ကူမှာပါ။
ဒါပေမယ့် ဒီလောက်ရိုးရှင်းလွယ်ကူနေတာကို ဘာလို့ အသုံးနည်းနေသေးတာလဲလို့ မေးခွန်းထုတ်ချင်စရာပါပဲ။ ဟုတ်ပါတယ်...ဒီမေးခွန်း အတွက်ကလည်း အဖြေတစ်ခုပေးပါဆိုရင်တော့ Effective ဖြစ်တဲ့ အခြေအနေထိမ‌ရောက်သေးလို့ မသုံးကြသေးတာလို့ပဲ ‌ပြောချင်ပါတယ်။ ဘယ်လိုမျိုး Effective မဖြစ်တာလဲဆိုတော့ Adobe XD မှာ Mobile Apps အတွက် UX/UI တွေကို Responsive ဖြစ်အောင်ဆွဲလို့ မရ‌သေးတာကြောင့်ပါ။ Responsive ဖြစ်အောင်ဆွဲလို့ မရသေးတော့ Developer တွေအနေနဲ့ ပြန်ပြီးတော့ လိုက်ပြင်နေရဦးမှာပါပဲ။ ဒီအချက်နဲ့တင် XD to Flutter Plugin ကို သုံးတာနည်းနေ‌သေးတယ်လို့တော့ မြင်မိတယ်။ (နောက်ထပ် ဖြည့်စွက်ပြောချင်တာတွေရှိရင် comment မှာ ၀င်ပြီးပြောသွားလို့ရပါတယ်ဗျ)
XD to Flutter Plugin အတွက် Personal Opinion အနေနဲ့ပြောရမယ်ဆိုရင်တော့...
“ ဒီ Plugin လေးကို သဘောကျတယ်။ အချိန်ပေးပြီးစောင့်မယ်ဆိုရင်တော့ အများကြီး ထပ်ပြီးကောင်းလာလိမ့်မယ်လို့ထင်တယ်။ Production အသေးလေးကနေ စပြီးစမ်းကြည့်ရင်း စောင့်ကြည့်ပါ။ နောက်ပိုင်း Developer Team တွေဆီက Update တွေထပ်ပီးထွက်လာမယ်ဆိုရင် အဆင်ပြေလာလိမ့်မယ်လို့ မြင်မိတယ်။ ဒီလို Plugin လေးတွေက လူသိနည်းပေမယ့် အသုံး၀င်မယ့် အရာလေးတွေဖြစ်လာမှာပါ။ အခုလို အချိန်မျိုးမှာ Developer တွေအနေနဲ့လည်း ပိုပြီးကောင်းတဲ့ Update တွေကိုစောင့်နေတဲ့ အချိန်မှာ အခုလက်ရှိ Version ကို စမ်းသုံးကြည့်စေချင်တာကတော Developer to Developer အကြံပေးတဲ့သဘောပါ။
Flutter ကိုဒီထပ်ပိုပြီးတိုးတက်စေချင်တယ်... XD to Flutter Plugin ကို တကယ့် Production တွေမှာ သုံးဖို့‌တော့လိုပါသေးတယ်”

src: https://medium.com/flutter/announcing-adobe-xd-support-for-flutter-4b3dd55ff40e


.

22/06/2020

Web & Mobile Developments ပိုင်းကို လေ့လာနေတဲ့သူတွေအတွက် အသုံးဝင်လောက်မယ့် Information, Tips and Guides တွေကို သိသလောက် မှတ်သလောက်လေးတွေ 𝗧𝗵𝗶𝗻𝗸𝗶𝘁. page ကနေပြီးတော့ တင်ပေးသွားပါမယ်နော်။
ဆရာကြီးတွေ မဟုတ်တဲ့အတွက်လည်း မှားတာတွေရှိရင် ဝင်ပီးထောက်ပြသွားလို့ရပါတယ်နော်

အချိန်ရရင်ရသလို Gameplay တွေကိုလည်း Stream မှာဖြစ်လို့ Page ကို Like and follow လုပ်ထားကြပါဦးဗျို့ 🖤

We'll post information, tips, and guides for everyone who is interested in web & mobile developments from 𝗧𝗵𝗶𝗻𝗸𝗶𝘁. page. Please free feel to correct and discuss with us if you find something wrong with our point of views.

Please like and follow my page to watch game streams sometimes. 🖤

.

Address


Website

Alerts

Be the first to know and let us send you an email when Thinkit. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share