မိုးကြိုးသွား

  • Home
  • မိုးကြိုးသွား

မိုးကြိုးသွား အမှန်တရားဘက်တော်သား
(2)

❝သီတင်းကျွတ်ပိတ်ရက်ကာလ၌ ရန်ကုန်- နေပြည်တော်၊ ရန်ကုန်-ပြည် လေအိတ် အထူးရထားခရီးစဉ် ပြေးဆွဲမည်❞သီတင်းကျွတ်ရုံးပိတ်ရက်ကာလ၌ ရ...
18/10/2023

❝သီတင်းကျွတ်ပိတ်ရက်ကာလ၌ ရန်ကုန်- နေပြည်တော်၊ ရန်ကုန်-ပြည် လေအိတ် အထူးရထားခရီးစဉ် ပြေးဆွဲမည်❞

သီတင်းကျွတ်ရုံးပိတ်ရက်ကာလ၌ ရန်ကုန်- နေပြည်တော်၊ ရန်ကုန်-ပြည် အထူးရထား ခရီးစဉ် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

ထိုသိုပြေးဆွဲရာ၌ ရန်ကုန်- နေပြည်တော် အစုန် အထူးလေအိတ်ရထားနှင့် ပြည်-ရန်ကုန် အဆန် အထူးလေအိတ်ရထားများကို အောက်တိုဘာ ၂၇ ရက်တွင် ပြေးဆွဲပေးမည်ဖြစ်ပြီး ရန်ကုန်- နေပြည်တော် အဆန် အထူးလေအိတ်ရထားနှင့် ပြည်- ရန်ကုန် အစုန် အထူးလေအိတ်ရထားများကို အောက်တိုဘာ ၃၀ ရက်တွင် ပြေးဆွဲပေးမည်ဖြစ်သည်။

အဆိုပါ ခရီးစဥ်များအတွက် လက်မှတ်များကို ကြိုတင်လက်မှတ်အရောင်းဌာနတွင် စုံစမ်းဝယ်ယူနိုင်သလို ရထားထွက်ခွာမည့် အချိန်စာရင်းကိုလည်း သက်ဆိုင်ရာဘူတာရုံများ၌ ကြည့်ရှုနိုင်ကြောင်း သိရပြီး ခရီးသွားလာမှု အခြေအနေပေါ်မူတည်၍ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင် စသည့် အထူးရထားများ ပြေးဆွဲရန်လည်း စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ဖော်ကောင် ဘယ်သူလဲ?အခုတလော စစ်ကိုင်းတိုင်းထဲမှာ လက်နက်/ခဲယမ်းတွေ ရာနဲ့ချီပြီး အများကြီးဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်။ ဖမ်းဆီ...
17/10/2023

ဖော်ကောင် ဘယ်သူလဲ?
အခုတလော စစ်ကိုင်းတိုင်းထဲမှာ လက်နက်/ခဲယမ်းတွေ ရာနဲ့ချီပြီး အများကြီးဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်။ ဖမ်းဆီးမိတဲ့နေရာတွေကို ကြည့်လိုက်ရင် စာသင်ကျောင်းဝင်းတွေ၊ ဘုန်းကြီးကျောင်းဝင်းတွေ၊ ကျေးလက် တိုက်နယ်/ ကျန်းမာရေးဝင်းတွေထဲမှာချည်းပါပဲ။
-
Local PDF တွေက ဒီနေရာတွေကိုတော့ စစ်တပ်က မရှာလောက်ပါဘူးဆိုပြီး ဖွက်ထားကြတာ သူတို့ရဲ့ ပထမအမှားပါ။ ဒုတိယအမှားက ဒီလိုနေရာမျိုးတွေကို စစ်စခန်းမလုပ်ရဘူး၊ လုပ်ရင် ဂျင်နီဗာ Law နဲ့ငြိစွန်းပြီး စစ်ရာဇဝတ်မှုမြောက်တယ်ဆိုတာ Local PDF တွေ မသိခြင်းပါပဲ။
-
မဟာအမှားကြီးတစ်ခုက သူတို့ဘယ်လောက်ပဲ လုံခြုံအောင် ဖွက်ဖွက် ဖော်ကောင်ရှိနေတယ်ဆိုတာ မသိရှာကြဘူး။ စစ်တပ်ကို ဒေသခံတွေက သတင်းတွေပေးနေသလို လုံးဝထင်မထားရတဲ့ ပကဖတွေကလည်း သတင်းပေးနေကြတယ်။ ဖမ်းဆီးခံရရင် ဘယ်သူတွေလည်း ကြည့်လိုက်ပါ PDF တွေချည်းပဲ၊ ပကဖတွေကို ဖမ်းမိ တယ်ဆိုတာ ဘယ်နှခါများ ကြားဖူးကြလို့လဲ?
-
Local PDF လေးတွေအတွက် So Sad ။
KT

NUG အကြမ်းဖက်အဖွဲ့နဲ့ ၎င်းလက်အောက်ခံ PDF များ၏ငွေကြေးအရှုပ်တော်ပုံတွေ၊ လိင်ပိုင်းဆိုင်ရာကျုးလွန်မှုတွေ၊လူသတ်၊ လုယက်၊ မုဒ...
17/10/2023

NUG အကြမ်းဖက်အဖွဲ့နဲ့
၎င်းလက်အောက်ခံ PDF များ၏
ငွေကြေးအရှုပ်တော်ပုံတွေ၊
လိင်ပိုင်းဆိုင်ရာကျုးလွန်မှုတွေ၊
လူသတ်၊ လုယက်၊ မုဒိမ်းကျင့်၊
ဆက်ကြေးကောက်၊ ဓားပြတိုက်မှု၊
တောထဲရှိ PDF အမျိုးသမီးတွေနဲ့
အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု၊
မုဒိန်းမှုကျူးလွန်ထဲ့သူတွေကို NUG ကိုယ်တိုင်ဖမ်းဆီးပြီးတစ်ဖက်လှည့်နဲ့လွှတ်ပေးခဲ့တာတွေနဲ့
ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာလူအခွင့်အရေးအထူးကိုယ်စားလှယ်
သောမတ်အန်ဒရူးက ၇၈ ကြိမ် မြောက် ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီမှာတင်သွင်းခဲ့။
အမှန်တရားတွေကို နိုင်ငံတကာကလည်းသိကုန်ပြီဖြစ်သလို ဒီလို ယုတ်မာရက်စက်တဲ့ NUG အကြမ်းဖက်အဖွဲ့တွေကို ခိုလှုံခွင့်ပေးထားတဲ့ ပြည်ပနိုင်ငံများအနေနဲ့လည်း ပြန်လည်စမ်းစစ်ဖို့လိုအပ်နေပါပြီ။
မှိုင်းဝေ

ကြည်း ရေ လေ ပိုင်ဆိုင်သောအင်အားအတောင့်တင်းဆုံးသူပုန် တမီးလ်အီလန်ကျားတွေ ဖြိုခွဲခံရတာက…သူတို့အချင်းချင်း သွေးကွဲရာက စတယ်။...
16/10/2023

ကြည်း ရေ လေ ပိုင်ဆိုင်သော
အင်အားအတောင့်တင်းဆုံးသူပုန် တမီးလ်အီလန်ကျားတွေ ဖြိုခွဲခံရတာက…
သူတို့အချင်းချင်း သွေးကွဲရာက စတယ်။

ဗကပ ပြိုကွဲခြင်းက ''ဝ'' တပ်ဖွဲ့တွေ
ပုန်ကန်ရာက စတယ်။

KNU ပြိုကွဲခြင်းအစ က
DKBA တွေ ခွဲထွက် လို့။

အခုလည်း NUG နဲ့ နဂါး
PDF နဲ့ပကဖ
EAOs နဲ့ NUG
EAOs နဲ့ PDF အပြန်အလှန် အဝေမတည့်
ခွက်စောင်းခုတ် ကာ
ဖြုတ်ထုတ် thaat လုပ် ကြံနေကြပီ။

သရဲကိုအစာကျွေးကာ မွေးမိတော့
သရဲ က ခြောက်တာခံရမယ်။
တောင်းစား လို့ မရရင် လုစားမယ်။
ဂုတ်ချိုးမယ်။

နိုင်ငံတော်နဲ့တိုင်းရင်းသားအချင်းချင်းပေါ်မှာ
ဂတုံးထိပ်ကွက်နေသော
ဘိန်းစား KIA…

သူမွေးတဲ့ သရဲက ဂုတ်ချိုးတာခံလိုက်ရပီ။

ဒီသတင်းက ဖုန်းဖိထားပေမယ့်
ပုတ်လို့ပေါ်လာရတယ်။

ကချင်ပြည်နယ်မှာ KPDF ရှိတဲ့
မြို့နယ် မိုးကောင်း။

ဒီနှစ်အစ ပိုင်းလောက်တုံးကပေါ့။

စပွန်စာ မိုးကောင်း NLD တွေ ဟာPDF ကိုဖွဲ့စည်းပီးနောက် …
KIA ရဲ့ ကလိမ်ကကျစ်လုပ်ရပ်တွေကို
မခံနိုင်တဲ့အဆုံး မှာ…
UG Black K ဆိုသော အဖွဲ့ကို
တည်ထောင်ခဲ့ကြတယ်။

တိတ်တဆိတ် လေးပေါ့။

အဲ့ဒီအဖွဲဟာ တခြား ခပဒတ်တွေလိုဘဲ
လုပ်ကြံရေး အဖွဲ့ပါ။
လုပ်ကြံတာခြင်းအတူတူပေမယ့်
တခြားအဖွဲ့တွေနဲ့ မတူဘူး။
အကြံကြီးတယ်။

ရည်ရွယ်ချက် ထူးဆန်းတယ်။

လှိုက်စားနေတဲ့ အောက်ခြေကို
အပိုင်ပေါင်းပီး
KIA ရဲ့ အကောင်ကြီးကြီးမိသားစုတွေကို
ရှင်းလင်းဖို့ပါ။

ဒါဆို…
မိတ်ဆွေတို့အတွက် ယုံရခက်ကြီး ပေါ့။
တစ်ကယ်ပါ။

YG black k ဟာ
မိုးကောင်းမြို့နယ် လဝါးရွာ နားက ရင်း(၂၀)ရဲ့တပ်ခွဲမှုး လဆိုင်အောင်ကို
အပိုင်ပေါင်းတယ်။
လဆိုင်အောင်က လည်း အထက်ကိုမကျေနပ်လို့ နာကျည်းနေသူလေ။
အများကြီးစည်းရုံးစရာမလို။

လဆိုင်အောင်ရဲ့ပံ့ပိုးမှုနဲ့ လဝါးရွာနေ
KIA ဆက်ကြေး စီးပွားရေး တာဝန်ခံနော်သိန်း အမျိုးတွေဖြစ်သော
ဒူကဘာ ဆလန်ကဘာ တွေ ကို ဘုရားသခင်ထံ ပို့ဆောင်ရေး
ပထမဆုံးရည်ရွယ်တယ်။

ပလန် အတိုင်း…
ဒီနှစ်ဦး ဆောင်းကုန်ခါနီး အချိန်မှာ စတင်အကောင်အထည်ဖေါ် ခဲ့တယ်။
ပက်ဂျီဆန် လို့ခေါ်တဲ့ KIA ဘိန်းဖျက်အမည်ခံအဖွဲ့ ရှိတယ်။
အဲ့ဒီအဖွဲ့က ဘိန်းတိုက်ဖျက်ရေးဆိုသော်လည်း
ကချင်တွေသာ မူးယစ်ဆေး ရောင်းဝယ်ဖေါက်ကားခွင့်ရအောင်
ကာကွယ်ပေးသောအဖွဲ့ဖြစ်တယ်။
တခြားလူမျိုးတွေ သုံးပါစေ
ရောင်းဝယ်ခွင့်ကို ကချင်တွေကသာ
လုပ်ခွင့်ရှိအောင် ပံ့ပိုးနေသောအဖွဲ့။

ခရစ်စမတ်ပွဲအပီးတစ်လအကြာ…
၂၅.၁.၂၀၂၃ ရက်နေ့ …

စပါပီ…
ဒါမှ PDF တွေရဲ့ တစ်ကယ့်နွေဦး…

ပက်ဂျီဆန်ခေါင်းဆောင် ဦးယောဟန် အပါအဝင် ဦးနော်ဒင် ' ဦးဖိုးတုတ် 'ဦးကျော်စိုး ' ဦးစန်းမောင် ' နဲ့အမျိုးသမီး လေးဦးလုပ်ကြံခံရတယ်။
UG black k အဖွဲ့ရဲ့ နာကျည်းချက်ဟာ
လက်ဖျားခါလောက်တယ်။
ရက်ရက်စက်စက် အပိုင်းပိုင်း ခုတ်ထစ်ခံထားရသော DB တွေကိုကြည့်ပီး
KIAအားလုံးတုန်လှုပ် သွားစေတယ်။
ဘယ်လောက်အထိအောင် မုန်းတီးနေသလဲဆိုတာ ကို မြင်ရလို့ ပါ။

တရားခံတွေကို အမြန်ဆုံးဖေါ်ထုတ်ပေးဖို့…
ထိုက်တန်သောပြစ်ဒဏ် ပေးဖို့ တောင်းဆိုသံတွေဟာ
KIA လူထုအတွင်းမှာ တိုးတိတ်ကြိတ်ခဲ ဆူညံနေခဲ့တယ်။
(လူသိလဲ မခံရဲဘူး)

ရင်း(၂၀)ရင်းမှုး ကိုယ်တိုင် ဦးဆောင်ပီး
မိုးကောင်း NLD တွေရဲ့အမာခံ
UG BK အဖွဲ့ဝင် ဇင်မျိုးသူ ' အောင်သူဟိန်း' ပိုင်သီဟ ခေါ် ပိုင်ကြီး ' တိုးမင်းအောင် တို့ကို
ရှာဖွေဖမ်းဆီးကာ လိုင်ဇာကို
ချက်ချင်းပို့ဆောင်ပေး လိုက်တယ်။

ဆက်စပ်စစ်ဆေးဖေါ်ထုတ်ချက်အရ…
UG black k အဖွဲ့ကို နောက်ကွယ်ကနေပီး
ငွေကြေးမတည် ကြိုးကိုင်သူဟာ
ဇင်ယော် စက်သုံးဆီဆိုင် ပိုင်ရှင်ဖြစ်ကြောင်း…
တင်ပြခဲ့တယ်။
ဒါကို လိုင်ဇာက လက်မခံပါဘူး။
ဖမ်းဆီးခံ black k အဖွဲ့တွေကို
ချက်ချင်းလက်စ ဖျောက်ခဲ့သော်လည်း…
ဇင်ယော် ဆီဆိုင်ကို မထိဖို့ ညွှန်ကြားလာတယ်။
သူတို့ရဲ့
အမာခံထောက်ပံ့သူဖြစ်လို့ပါ။

ရင်း(၂၀)ရင်းမှုးက ဘာမှမတတ်နိုင်ပေမယ့်
ဇင်ယော်ဆီဆိုင်ကို ဒဏ်ငွေ သိန်း(၂၀၀)ချမှတ်ခဲ့တယ်။

ဒါကို မကျေနပ်သော UG BK အဖွဲ့ဟာ
KIA ရဲ့ အမာခံစီးပွားရေးလုပ်ငန်းရှင်တွေကို
လုပ်ကြံဖို့ ဆက်လက်ဆောင်ရွက်ပါတော့တယ်။

ပီးခဲ့တဲ့အပါတ်ကဘဲ
ရင်း(၁)ရင်းမှုးရဲ့ စပွန်စာ လေးမိုင်ရွာက
ဦးလှထွန်း ပစ်thaat ခံခဲ့ရတယ်။
လူပါးKIA ပုလင်းကွဲ ရှလေပီ။

လာပါအုံးမယ်။

ကချင်ပြည်နယ် KPDF ရဲ့ KIA အပေါ်နွေဦးတော်လှန်ရေး တန်ပြန်တိုက်ကွက်တွေ…
လဝါးရွာက စတင်ပီး လေးမိုင်ရွာ…

KIAဘိန်းစား တော့…
မြွေခြောက် တုတ်ခံရပီ။

သူ့ကိုပြန်ယုတ်ခံရမှ
ပိုနာတတ်နေသော KIA ရေ…

ဆုတောင်းပေးလိုက်ပါတယ်…

''ဘုရားသခင် ကောက်ညှင်း များများကျွေးပါဇီ''။

mat R

ဦးကိုကိုကြီး
16/10/2023

ဦးကိုကိုကြီး

ဉီးအောင်မင်း
16/10/2023

ဉီးအောင်မင်း

ဒေါ်စောမြရာဇာလင်း
16/10/2023

ဒေါ်စောမြရာဇာလင်း

ဦးကိုကိုလှိုင် ပြောကြားချက်
16/10/2023

ဦးကိုကိုလှိုင် ပြောကြားချက်

အပစ်ရပ်မှသည် ထာဝရ ဆီသို့ NCA ခေါ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ထိုးခြင်း ၈ နှစ်ပြည့် အခမ်းအနာ...
16/10/2023

အပစ်ရပ်မှသည် ထာဝရ ဆီသို့
NCA ခေါ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ထိုးခြင်း ၈ နှစ်ပြည့် အခမ်းအနားကြီး မနေ့က အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ မနက် ၈ နာရီမှစ လိုက် သည့် အခမ်းအနားကား နေ့လည်ပိုင်းတွင် အောင်မြင်စွာပြီးဆုံးသွားသလို နေ့လည် ၂ နာရီမှစပြီးဆောင်ရွက်သည့် အလုပ်ရုံဆွေးနွေးပွဲကား ည ၆ နာရီမှာ အောင် မြင်စွာ ပြီးဆုံးသွားခဲ့ကာ ၈ နှစ်ပြည့် အခမ်းအနားကြီး ရုတ်သိမ်းခဲ့သည်ဟုဆိုရမည် ဖြစ်သည်။ စုစုပေါင်းကြာမြင့်ချိန် ၁၀ နာရီကျော်မျှ ကြာမြင့်သော်ငြားလည်း အနှီ အခမ်းအနားကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ခမ်းနားထည်ဝါစွာ နိုင်ငံတကာ သံတမန်များ၊ EAOs များရှေ့တွင် မြင်တွေ့နိုင်ရန်အတွက် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီ (NSPNC) တစ်ခုလုံး မှာ မနားတမ်း ပြင်ဆင်ဆောင်ရွက်ခဲ့ကြရသည်။
အခမ်းအနားကြီးမကျင်းပမှီက ဘယ်လို အခမ်းအနားကြီးကို ပြင်ဆင်ပုံက ဘယ်လို အခမ်းအနားကြီးကျင်းပတာကဘယ်လို စသည်ဖြင့် စသည်ဖြင့် ပြောရမည် ဆိုလျှင်တော့ နားထောင်သည့်သူအတွက် ဘာဆန်းတာမှတ်လို့ဆိုသည့် မှတ်ချက် သာရမည်ဖြစ်သော်လည်း အခမ်းအနားတက်ရောက်သူတိုင်းကား ရင်သပ်ရှုမောဖြစ် ရသလို အခမ်းအနားအတွင်း ခင်းကျင်းပြသထားသော ပြခန်းများ၊ အခမ်းအနားတွင် ကပြဖျော်ဖြေသွားသော တိုင်းရင်းသား အကအလှများကို ခံစားရင်း ငြိမ်းချမ်းရေး ရလိုက်လျှင်ဖြင့် ဘယ်လောက်တောင် ကောင်းလိုက်မလဲဆိုတာကို ခံစားမိမှာတော့ မြေကြီးလက်ခပ်မလွဲပါပေ။
ဒီ NCA ကြီးကို ပျက်ပျယ်ပြီဟု ပြောသူကပြောနေပေမဲ့ အခမ်းအနား တက်ရောက်လာသည့် နိုင်ငံတော်အကြီးအကဲများ၊ ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေး ပါတီ များ ကတော့ တစ်ညီ တစ်ညွတ်တည်း မပျက်ပျယ်ပါဟု အခိုင်အမာ ပြောကြား သွားကြသည်။
“နိုင်ငံတကာခေါင်းဆောင်များ၊ ကုလသမဂ္ဂကိုယ်စားလှယ်များ၊ ပြည်ထောင်စု လွှတ်တော်၏ တရားဝင်အသိအမှတ်ပြုမှုဆိုင်ရာ တရားဝင်စာချုပ်တစ်ခုဖြစ်”
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
“တပ်က နိုင်ငံတော်တာဝန်ကိုရယူလိုက်တာသည် အခြေခံဥပပေအရ ရယူလိုက်တာဖြစ်လို့ ခုချိန်တိုင်အောင် ယာယီသမ္မတ၊ ဒုသမ္မတ၊ လွှတ်တော် အကြီးအကဲတွေရှိနေသေးတယ်။ ကာလုံလည်း အသက်ရှိနေသေးတယ်။ ဒီမိုကရေစီ ကို ပြန်သွားနိုင်အောင်လို့ ရွေးကောက်ပွဲလုပ်ဖို့လဲရှိနေသေးတယ်။ ဒါကြောင့်မို့လို ခြေဥပျက်ပါပြီ၊ NCA ပျက်ပါပြီလို့ပြောနေတာသည် လိုတာဆွဲပြောနေခြင်းဖြစ်တယ်”
ဦးကိုကိုလှိုင်
“နိုင်ငံတကာ အသိသက်သေတွေရှေ့၊ အစိုးရ၊ တပ်မတော်၊ လွှတ်တော် ရှေ့မှာ ထိုးခဲ့သည့်စာချုပ်မို့ ဒီစာချုပ်ကိုရေးထိုးခဲ့ကြသူတွေက ပျက်ပျယ်ပြီဟု မပြောမချင်း မပျက်ပျယ်ဘူး”
ဒေါ်စောမြရာဇာလင်း
“NCA ထိုးတာကတော့ ၁၀ ဖွဲ့။ NCA ကိုဖျက်သိမ်းလိုက်ပြီ၊ NCA ကို ပျက်ပျယ်သွားပြီလို့ ဘယ်သူမှ ပြောကြတာမတွေ့ပါဘူး”
ဦးကိုကိုကြီး
ဆိုတော့ .. ကိုယ် အာဏာမရတာ၊ ကိုယ့်ပါတီ မြောင်းထဲရောက်သွားတာ၊ အနောက်နိုင်ငံက အထောက်အပံ့ရတာ စတာတွေစတာတွေကြောင့် လက်နက်ကိုင် တိုက်ဖို့ ဦးတည်ပြီး NCA ပျက်ပါပြီလို့ပြေတာဟာ အင်မတန်မှ စိတ်ပျက်ဖို့ ကောင်းတဲ့ လုပ်ရပ်တွေလို့ပြောလိုပါတယ်။
နဝတ-နယက ခေတ်၊ သမ္မတ ဦးသိန်းစိန် ခေတ်မှာ အထိုက်အလျောက် ရခဲ့တဲ့ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ခံစားခဲ့ဖူးကြတဲ့ ပြည်သူတွေကို သတ်နေကြတဲ့ လူတွေလို့ လက်ညိုးတွင်တွင်ထိုးပြီး စွပ်စွဲလိုသည်။ ပြည်ထောင်စု၊ တိုင်းရင်းသား၊ နိုင်ငံသားတွေရဲ့ အကျိုးကို မျက်ကွယ်ပြုတဲ့ လူတွေက ပြည်သူကိုချစ်ပါတယ်လို့ ပြောနေတာ ဘယ်လိုယုံရမလဲ ငါ့ကောင်တို့ရေ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကအစ တပ်မတော်တစ်ရပ်လုံးက ငြိမ်းချမ်းရေး အတွက် လက်ကမ်း ကြိုဆိုနေပါကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်း တွေမှာ ခဏခဏတွေ့နေရတယ်ဆိုရင် လက်နက်တွေကို ခဏချပြီး အပစ်ရပ် စာချုပ် ထိုးဖို့လာခဲ့ကြပါ။ မူဘောင်တွေ၊ လိုချင်တာတွေယူလာခဲ့ကြပါ။ မတူတာတွေဘေးချ၊ တူတာတွေညှိလိုက်ရင် NCA စာချုပ်ထဲကို ဝင်ချုပ်ဖို့အတွက်က အလွယ်လေးပါဗျ။
ဟ .. NCA ထိုးပြီးရင်ရော ဘာဖြစ်မှာလဲဟ။ ဖြစ်ပါတယ်ခင်ဗျာ။ NCA ထိုးပြီးလျှင် နိုင်ငံရေးဆွေးနွေးပွဲတွေဆီသွားလို့ရပါမယ်ခင်ဗျ။ အဲ့ကနေ တိုင်းရင်းသားတွေအရေး၊ ဖယ်ဒရယ်အရေး လွှတ်တော်ထိဆွေးနွေးပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့ ရပါတယ်။ ဆိုတော့ ဖယ်ဒရယ်ပြည်ထောင်စုကိုလဲ တည်ဆောက်လို့ရတယ်ဗျ။ ဒါမျိုး အခွင့်အရေးဆိုတာ ၂ ခါမရဘူးမို့လားခင်ဗျ။
အနှစ်ချုပ်ရမယ်ဆိုရင် .. ၁၉၄၈ ကစ တော်လှန်လာလိုက်တဲ့ ကိုယ့်လူတို့ တော်လှန်ရေးကြီးရဲ့ ရည်မှန်းချက်က ဖယ်ဒရယ်ဆိုရင် NCA စာချုပ်ဆီ အရောက်လာခဲ့ ကြပါ။ ဆွေးနွေးကြပါ။ မူဘောင်တည်ဆောက်ကြပါလို့ပြောကြားရင်း ....
“၈ နှစ်ပြည့်မှသည် ထာဝရ ဆီသို့” ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ
#မင်းထက်ကျော်ဇော

နိုင်ငံတော် ဝန်ကြီးချုပ်၏ မိန့်ခွန်း
16/10/2023

နိုင်ငံတော် ဝန်ကြီးချုပ်၏ မိန့်ခွန်း

*ထာဝရငြိမ်းချမ်းရေးဆီသို့့*တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ်ပေါ်လာဖို့အတွက် ၂၀၁၃၊ နိုဝင်ဘာလ (လ...
14/10/2023

*ထာဝရငြိမ်းချမ်းရေးဆီသို့့*
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ်ပေါ်လာဖို့အတွက် ၂၀၁၃၊ နိုဝင်ဘာလ (လိုင်ဇာ)မှာ EAOs တွေ အစည်းအဝေးလုပ်ကြပြီး NCA ရေးဆွဲဖို့ သဘောတူညီခဲ့ကြပါတယ်။ ၂၀၁၄၊ မတ်လမှာ UPWC နဲ့ NCCT တို့အကြား NCA ဆိုင်ရာညှိနှိုင်းအစည်းအဝေးကို ပထမဆုံးအကြိမ် ကျင်းပခဲ့တယ်။ NCCT ဆိုတာကတော့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ဖြစ်ပါတယ်။
-
၂၀၁၄၊ ဧပြီလမှာ နှစ်ဖက်တင်ပြလာတဲ့ NCA စာချုပ်တွေကို စာချုပ်တစ်ခုတည်း (NCA Single Text) အဖြစ်ပေါင်းစည်းနိုင်ခဲ့တယ်။ ၂၀၁၅၊ မတ်လ ၃၁ ရက်နေ့မှာ NCA မူကြမ်းထွက်ပေါ်လာပါတယ်။ ၂၀၁၅၊ ဇွန်လ ၂ ရက်နေ့မှာ လော်ခီးလာထပ်သီးညီလာခံကို ကျင်းပပြီး စာချုပ်အချောသပ်နိုင်ဖို့ စတင်ဆောင်ရွက်ခဲ့ပြီး ဩဂုတ် ၇ ရက်နေ့မှာတော့ NCA စာချုပ်ကို အချောသပ်နိုင်ခဲ့ပါတယ်။
-
၂၀၁၅၊ စက်တင်ဘာလ ၉ ရက်နေ့မှာ နိုင်ငံတော်သမ္မတနဲ့ ထိပ်သီးခေါင်းဆောင်တွေ စည်းဝေးကြပြီး NCA ကို အမြန်ဆုံးလက်မှတ်ရေးထိုးဖို့ နိုင်ငံတော်သမ္မတက ဖိတ်ခေါ်ခဲ့ပါတယ်။ EAOs တွေ အချင်းချင်း တွေ့ဆုံညှိနှိုင်းထားတဲ့ NCA စာချုပ်ဖြစ်လို့ EAOs တွေအားလုံး လက်မှတ်ရေးထိုးကြလိမ့်မယ်လို့ ပြည်သူတစ်ရပ်လုံးက မျှော်လင့်ကြပါတယ်။ အဲ့လိုမျှော်လင့်နေဆဲမှာ NCA ကို အဆောတလျင်လက်မှတ်မထိုးကြဖို့ နှောင့်ယှက်ပြောဆိုမှုတွေရှိလာတဲ့အတွက် ပြည်သူတွေ မျှော်လင့်ထားသလို ဖြစ်မလာခဲ့တော့ပါဘူး။
-
၂၀၁၅၊ အောက်တိုဘာလ ၁၅ ရက်နေ့ NCA သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးတဲ့အခါမှာ EAOs ၈ ဖွဲ့သာ ပါဝင်လာခဲ့ပါတယ်။ လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေကတော့ -
(၁) KNU
(၂) KNLA/PC
(၃) CNF
(၄) DKBA
(၅) PNLO
(၆) ABSDF
(၇) ALP
(၈) RCSS တို့ဖြစ်ပါတယ်။
-
လက်မှတ်ရေးထိုးပွဲကို ခမ်းခမ်းနားနားကျင်းပခဲ့ပြီး
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ
တပ်မတော်
EAOs အဖွဲ့ ၈ ဖွဲ့
UN ကိုယ်စားလှယ်အဖွဲ့
EU ကိုယ်စားလှယ်အဖွဲ့
တရုတ်ပြည်သူ့သမ္မတနိုင်ငံ
အိန္ဒိယသမ္မတနိုင်ငံ
ထိုင်းနိုင်ငံ
ဂျပန်နိုင်ငံ
တို့ပါဝင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
-
NCA လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၉၀ အကြာ ၂၀၁၆၊ ဇန် ၁၂-၁၆ ရက်အထိ နေပြည်တော်ရှိ MICC-2 စင်တာမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကိုကျင်းပနိုင်ခဲ့ပါတယ်။ NCA စာချုပ်မှာ အပစ်အခတ်ရပ်စဲရေးထက်ကျော်လွန်တဲ့ နိုင်ငံရေးသဘောတူညီချက်တွေကိုလည်း ထည့်သွင်းထားပါတယ်။ ၂၀၁၈၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာတော့ မွန်ပြည်သစ်ပါတီ (NMSP)နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၂ ဖွဲ့လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် NCA လက်မှတ်ရေးထိုးတဲ့ EAOs ၁၀ ဖွဲ့ ဖြစ်လာခဲ့ပါတယ်။
-
တပ်မတော်အနေနဲ့ ဒီကနေ့အချိန်အထိ ငြိမ်းချမ်းရေးတံခါးဖွင့်လှစ်ထားလျက်ရှိပြီး ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် ၂၀၂၃၊ အောက်တိုဘာလ ၁၅ ရက်(မနက်ဖြန်)မှာ ကျင်းပမယ့် NCA ၈ နှစ်မြောက်နှစ်ပတ်လည်နေ့မှာ EAOs အားလုံး တက်ရောက်ဖို့ ဖိတ်ခေါ်ထားပြီးလည်း ဖြစ်ပါတယ်။
-
ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဆိုတဲ့အတိုင်း မိမိတို့ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ငြိမ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားအားလုံးက စိတ်သဘောထားဖြူစင်ဖြောင့်မတ်စွာ ကြိုးပမ်းကြစေလိုပြီး တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေးမှသည် ထာဝရငြိမ်းချမ်းရေးဆီ ချီတက်ကြပါစို့ လို့ ပြည်သူ့ကိုယ်စား ရေးသားတင်ပြလိုက်ပါတယ်။။။

ပြည်ပြေးအစိုးရဆိုတဲ့မျိုးက အခုကာလမှ မိုးကျရွှေကိုယ်လို ဝုန်းကနဲ ပေါ်လာတာမဟုတ်ပါဘူး။ မြန်မာ နိုင်ငံမှာ နိုင်ငံရေးဖောက်လွဲ...
14/10/2023

ပြည်ပြေးအစိုးရဆိုတဲ့မျိုးက အခုကာလမှ မိုးကျရွှေကိုယ်လို ဝုန်းကနဲ ပေါ်လာတာမဟုတ်ပါဘူး။ မြန်မာ နိုင်ငံမှာ နိုင်ငံရေးဖောက်လွဲဖောက်ပြန်မှုဖြစ်တဲ့ ကာလဆိုးတိုင်းမှာ အမြတ်ထုတ် ကိုယ်ကျိုး စီးပွားရှာမယ့် ပြည်ပြေးအစိုးရအဖွဲ့ဖြစ်ဖြစ်၊ အမှားကို ဝန်မခံဘဲ အဖမ်းမခံချင်လို့ ပြည်ပကိုထွက်ပြေးတဲ့ ပြည်ပြေးအစိုးရ အဖွဲ့ဖြစ်ဖြစ် ပေါ်လာစမြဲပါ။
-
ပြည်ပြေးဆိုကတည်းကဗျာ ပြည်တွင်းမှာ မနေရဲလို့ ပြေးတဲ့သူတွေက ပြည်တွင်းအရေးကို ဘယ်အုပ်ချုပ်လို့ ရပါ့မလဲ။ နိုင်ငံခြားမှာ ဒုက္ခသည်အဖြစ်နေထိုင်ပြီး သူများပေးစာ၊ ကမ်းစာကိုရဖို့၊ သူ့မိသားစုကို ကောင်းကောင်းကျွေးနိုင်ဖို့ ပြည်တွင်းကို လှမ်းပြီး ဆူပူမှုတွေဖြစ်အောင် မီးထိုး၊ သွေးထိုးပေးနိုင်ရုံ လောက်ပါပဲ။
-
ပြည်ပကိုပြေးနေတဲ့ ပြည်ပြေးအစိုးရကနေ နိုင်ငံရဲ့စစ်တပ်ကို အနိုင်တိုက်ပြီး တိုင်းပြည်ကို အာဏာရ အစိုးရအနေနဲ့ ပြန်အုပ်ချုပ်နိုင်ခဲ့တဲ့ဖြစ်ရပ် မြန်မာမှာရော၊ ကမ္ဘာမှာရော တစ်ခါမှ မကြားဖူးပေါင်။ ဒုက္ခပေးလွန်းတာကြောင့် ပြည်သူတွေက ရွံရှာမုန်းတီးပြီး နောက်ဆုံးမှာတော့ အငတ်ငတ်အပြတ်ပြတ်နဲ့ ဇီဝိန်ချုပ်သွားရတဲ့ ပြည်ပြေးအစိုးရတွေပဲ တွေ့ဖူးတယ်။
-
ဒင်းတို့လည်း မကြာမီ အဲ့လို ဇီဝိန်ချုပ်ကြရလိမ့်မည်။
KT

သမီးရဲ့မိဘတွေက သမီးကို နိုင်ငံခြားကိုပို့ပြီး ကျောင်းမထားနိုင်ပါဘူး။ အင်တာနေရှင်နယ် စကူးလ်လည်း မထားနိုင်ဘူး။ ဈေးများတဲ့ ...
13/10/2023

သမီးရဲ့မိဘတွေက သမီးကို နိုင်ငံခြားကိုပို့ပြီး ကျောင်းမထားနိုင်ပါဘူး။ အင်တာနေရှင်နယ် စကူးလ်လည်း မထားနိုင်ဘူး။ ဈေးများတဲ့ ကိုယ်ပိုင်ကျောင်းတွေလည်း မထားနိုင်ပါဘူး။ ပိုက်ဆံမပေးရတဲ့ အစိုးရကျောင်းတွေပဲထားနိုင်တယ်။
-
အဲ့တာတောင် အဖေက သမီးကို ပညာတတ်ကြီးဖြစ်စေချင်လို့ အခက်အခဲကြားထဲက လိုက်ပို့ရတယ်။ nug က သမီးတို့ တတ်နိုင်တဲ့ အစိုးရကျောင်းကို မတက်ရအောင် ကျောင်းတွေကို မီးရှို့ပစ်တယ်။ ကျောင်းသွားရင် ခြေပြတ်လက်ပြတ်ဖြစ်မယ် ခြိမ်းခြောက်လို့ အဖေက သမီးကို ကျောင်းမထားရဲတော့ဘူး။
-
မြို့ပေါ်က ကိုယ်ပိုင်ကျောင်းတက်ကြသူတွေက သမီးတို့ အစိုးရကျောင်းတက်ရင် ဝိုင်းဆဲကြတယ်။ tတ်မယ်ခြိမ်းခြောက်ကြတယ်။
-
ပိုက်ဆံရှိတဲ့ သူတွေကတော့ ကိုယ်ပိုင်ကျောင်းတွေ၊ အင်တာနေရှင်နယ်စကူးလ်တွေတက်နေတော့ သမီးလည်း ကျောင်းပြန်တက်ချင်တယ်၊ သူငယ်ချင်းတွေနဲ့ ပြန်ဆုံချင်တယ်။
-
ပိုက်ဆံချမ်းသာသူတွေ ကျောင်းတက်နေတာကို မြင်ပြီး သမီးတို့ ကျောင်းတက်ရင် ဆဲဆိုကြသူတွေ တားမြစ်ကြသူတွေကို သမီးမုန်းတယ် အဖေ။
-
အဓမ္မဝါဒီတွေ ကျရှုံးပါစေ သမိုင်းတရားခံဖြစ်ပါစေ အဖေ။
ဓာတ်ပုံ credit ပါ
crd/ KT

💚💚💚💚ပြည်သူ့အတွက်တပ်မတော်💚💚💚💚ပူတာအိုမှ မြစ်ကြီးနားသို့ သင်တန်းတက်ရန်နှင့် တက္ကသိုလ်တက်ရောက်ဖို့ သွားလာရန် အခက်အခဲ ဖြစ်နေသ...
12/10/2023

💚💚💚💚ပြည်သူ့အတွက်တပ်မတော်💚💚💚💚
ပူတာအိုမှ မြစ်ကြီးနားသို့ သင်တန်းတက်ရန်နှင့် တက္ကသိုလ်တက်ရောက်ဖို့ သွားလာရန် အခက်အခဲ ဖြစ်နေသည့် နိုင်ငံ့၀န်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူ ၆၇ ဦးကို တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့
စစ်ဘက်/အရပ်တာ၀န်ရှိသူများအားလုံး ကျေးဇူးတင်ပါတယ်ဗျာ
😊😊😊မြင်ရတာပီတိဖြစ်ရပါတယ်😊😊😊

အငုံ့စိတ် တစ်ခုတည်းနဲ့ တစ်ခုခုဖြစ်ပြီဆိုရင် တပ်မတော်ကလုပ်တယ်ဆိုပြီး ထိုးချလို့မရဘူးကွကိုယ့်လုပ်ရပ်ကိုလည်း ကိုယ်တိုင်တာဝန...
12/10/2023

အငုံ့စိတ် တစ်ခုတည်းနဲ့
တစ်ခုခုဖြစ်ပြီဆိုရင် တပ်မတော်ကလုပ်တယ်ဆိုပြီး ထိုးချလို့မရဘူးကွ
ကိုယ့်လုပ်ရပ်ကိုလည်း ကိုယ်တိုင်တာဝန်ယူရဲရတယ်
အဖြစ်မှန်တွေကို သိသိကြီးနဲ့
ကချင်ပြည်သူတွေနဲ့ မီဒီယာတွေပေါ်မှာ တက်ပြီးလိမ်နေတာ
မင်းတို့ အကြမ်းဖက် KIA တွေ လိပ်ပြာလုံရဲ့လား
မှိုင်းဝေ

ကိုရင်ဂွမ်မော်သို့ အိတ်ဖွင့်ပေးစာသို့ … ကိုရင်ဂွမ်မော်  ကိုရင့် အသံပျောက်နေတာကြာလို့ ရှိပါ့ရှိပါ့မလားလို့ သံသယတွေဖြစ်မိတ...
12/10/2023

ကိုရင်ဂွမ်မော်သို့ အိတ်ဖွင့်ပေးစာ
သို့ … ကိုရင်ဂွမ်မော်
ကိုရင့် အသံပျောက်နေတာကြာလို့ ရှိပါ့ရှိပါ့မလားလို့ သံသယတွေဖြစ်မိတယ်။ ကိုရင် တို့ KIA ကလဲပြောရတာမဟုတ်ဘူး။ ကချင်အချင်းချင်းတောင် ရက်ရက်စက်စက်သတ်တာဆိုတော့ ကိုရင်များ လက်စဖျောက်ခံရပြီလားလို့ပါ။
KIA ဆိုတာ ဦးနု လက်ထတ် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ်ပြဌာန်းလို့ပေါ်လာတဲ့ လက်နက်ကိုင်အဖွဲ့
အဲ့အချိန်ကစပြီး ကိုရင် တို့တော်လှန်လာလိုက်တာ ကိုရင် ဂွမ်မော်တောင် စစ်တပ်အကြီးအကဲဖြစ်လာပြီ အောင်မြင်လို့လား
ဖားကန့်ကျောက်စိမ်းတွင်းတွေ ဆက်ကြေးကောက် တွင်းထွက်တွေခိုးထုတ် နဲ့ ကိုရင် တို့ ရှင်သန်လာလိုက်တာ ခုဆို နှစ် ၆၀ တောင်ကျော်လာပြီရော
ဘယ်မှာလဲ … ကချင်လူမျိုးကောင်းစားရေး
ဘယ်မှာလဲ …. ကချင်လူမျိုးတိုးတက်ရေး
တခုမှလဲမတွေ့ရပါလား ကိုရင် ဂွမ်မော်
ဒါမဲ့ ကိုရင် တို့ KIA က တစ်ခုတော့ကောင်းတယ်။ ဘာကောင်းလဲဆိုတော့ မိန်းမလို မိန်းမရ အောက်လုံးထိုးပြီး ဘေးတီးတာကောင်းတာ
TNLA ကိုမွေး AA ကိုမွေး နဲ့ ပထွေး အားကိုး ပုစိန်ရိုးလေးတွေမွေး ၊ ဟိုနားမီးမွှေး ဒီနားမီးမွှေးနဲ့ လိုင်ဇာ ကို စစ်မီးမရောက်အောင်လဲ လုပ်နိုင်ခဲ့တာတော့ ချီးကျူးစရာ
လက်နက်ကိုင်ပြီးမှောင်ခိုလုပ်ရတာ အရသာတွေ့နေပြီဖြစ်တဲ့ ကိုရင် တို့ KIO/KIA လူကြီးတွေဟာ စစ်အစိုးရပဲဖြစ်ဖြစ် စစ်တပိုင်းအစိုးရပဲဖြစ်ဖြစ် အရပ်သားအစိုးရပဲဖြစ်ဖြစ် ဘယ်အစိုးရတက်တက် ငြိမ်းချမ်းရေး ကို အကြောင်းအမျိုးမျိုးကိုပြပြီးတော့ရှောင်တယ်ဆိုတာ ဦးသိန်းစိန် အစိုးရခေတ်မှာထိုးခဲ့တဲ့ NCA ရယ် ၊ NLD အစိုးရခေတ်မှာလုပ်ခဲ့တဲ့ ၂၁ ရာစု ပင်လုံရယ်က သက်သေပဲ။
အဲ … တကယ်ဆော်တဲ့ နဝတ/နယက ခေတ်မှာတော့ ကိုရင်တို့ ငြိမ်ချက်နော် အဟတ်
ကိုရင် ဂွမ်မော် … ကိုရင် သိထားဖို့က ကချင်တိုင်းရင်းသားတိုင်းသည် KIO နဲ့ သဘာထားတစ်ထပ်ထည်းမဟုတ်သလို KIA တိုင်းသည်လည်း ကချင်တိုင်းရင်းသားမဟုတ်ဘူးဆိုတာ သတိချပ်စေချင်တယ်
ကိုရင်သိပါတယ် … သိလို့ပဲ ခု လိုင်ဇာနား ပေါက်ကွဲမှုက ကိုရင်တို့ KIA ရဲ့ အမိုနီယမ် နိုက်ထရိုက်တွေပေါက်ကွဲမှုဆိုတာ ထပြောတဲ့ ကချင် တွေကို မှတ်ထားတယ်တို့ ဘာတို့ လူမိုက်စကားတွေ မပြောရဲတာ
ကိုရင် ဂွမ်မော် … ကိုရင် လိမ္မာသင့်ဘီထင်တယ်
ကိုရင့် သားသမီးတွေ တရုတ်မှာကောင်းစားနေချိန် လိုင်ဇာမှာနေတဲ့ ကိုရင့်လူမျိုး ကချင် မိသားစုဝင် ကလေးတွေမှာ သည်းတထိတ်ထိတ် နဲ့နေနေရတာရယ်၊ မိသားစုတွေမှာ လက်နက်ကြီးသံနဲ့ လေယာဉ်သံခပ်လှမ်းလှမ်းက ကြားရင်ကို ဗုံးကျင်းကိုပြေးရတာရယ် အတွက် စိတ်ကောလုံရဲ့လားဗျ ။ လိပ်ပြာရော သန့်ရဲ့လား ကိုရင်
ဆိုတော့ ကိုရင် ရယ် … ကိုရင် လုပ်နေတာတွေကို ခဏခဝါချပြီး ငြိမ်းချမ်းရေးကို ရှေးရှုသင့်တယ်
NCA ၈ နှစ်မြောက် ငြိမ်းချမ်းရေးအခမ်းအနားကိုတက်ပြီး အလွတ်သဘောဆွေးနွေးသင့်တယ်
ကချင်တိုင်းရင်းသားတွေကို အားနာပါ … ကိုရင်
ကချင်လူမျိုးတွေရဲ့ဘဝ ကိုစာနာပါ … ကိုရင်
မနိုင်မှန်းသိရက်နဲ့ ကချင်တိုင်းရင်းသားတွေ အသက်ကိုရင်းပြီး စစ်ဆက်တိုက်နေတာ အောက်တန်းကျတယ် ကိုရင် ရဲ့
တော်သေးပြီ
မင်းထက်ကျော်ဇော

သတင်းသမားက အစ္စရေးကို မေးပါတယ်။(ဘာကြောင့် ဂါဇာမြို့ပေါ်က အရပ်ဖက်ပစ်မှတ်တွေကို ပစ်ရတာလဲ)ပေါ့ ..-အစ္စရေးက ပြန်ဖြေတယ်။(ကျနေ...
12/10/2023

သတင်းသမားက အစ္စရေးကို မေးပါတယ်။
(ဘာကြောင့် ဂါဇာမြို့ပေါ်က အရပ်ဖက်ပစ်မှတ်တွေကို ပစ်ရတာလဲ)ပေါ့ ..
-
အစ္စရေးက ပြန်ဖြေတယ်။
(ကျနော်တို့ အရပ်ဖက်ပစ်မှတ်တွေကို မတိုက်ပါဘူး .. ဒါပေမဲ့ အရပ်ဖက်ပစ်မှတ်ကနေ ပစ်ခတ်နေရင်တော့ စစ်ဖက်ပစ်မှတ်ပြောင်းလဲသွားပြီလို့ ကျနော်တို့ ခံယူပါတယ် .. အဲလို စစ်ဖက်ပစ်မှတ်ဖြစ်သွားရင်တော့ ကျနော်တို့က ချမ်းသာမပေးပါဘူး)တဲ့။
-
မြန်မာပြည်က အကြမ်းဖက်သမားတွေလည်း သတိထားပေါ့ ။။။

အမှန်တရား ပေါ်လာပြီ
11/10/2023

အမှန်တရား ပေါ်လာပြီ

Breaking Newsမနေ့က KIA အကြမ်းဖက်အဖွဲ့ရဲ့ လိုင်ဇာ မုန်လိုင်ခက်စခန်းမှာ ယမ်းတိုက်ပေါက်ကွဲတဲ့ဖြစ်စဥ်အမှန်ရေးတင်လိုဆိုပြီး ခ...
11/10/2023

Breaking News

မနေ့က KIA အကြမ်းဖက်အဖွဲ့ရဲ့
လိုင်ဇာ မုန်လိုင်ခက်စခန်းမှာ ယမ်းတိုက်ပေါက်ကွဲတဲ့
ဖြစ်စဥ်အမှန်ရေးတင်လိုဆိုပြီး ခြိမ်းခြောက်ခံနေရတဲ့ ကချင်တစ်ဦးက ဒီနေ့မှာလည်း ယမ်းတိုက်ပေါက်ကွဲရတဲ့ အကြောင်းအရင်းကို တိတိကျကျထပ်တင်နေပြန်ပြီ

နော်ဘူဆိုတဲ့ကောင် တပ်ကပစ်တယ်ဆိုပြီး ဘယ်လိုပဲ လိမ်လည်စွပ်စွဲနေပါစေ

မုသားက ကမ္ဘာပတ်တဲ့ ခေတ်မဟုတ်တော့ဘူးနော်

သိဖို့

မှိုင်းဝေ

11/10/2023

မနေ့က လိုင်ဇာ၊ မုန်လိုက်ခက်က
သူ့ဘာသာ မတော်တဆမှုကြောင့်
ယမ်းတိုက်ကွဲတာကို
-
Khit Thit က လက်နက်ကြီးနဲ့ပစ်တယ်လို့
စစ်တပ်ကို ယိုးစွပ်တယ်။
-
KachinNews က လေယာဉ်နဲ့ ဗုံးကြဲတယ်လို့
စစ်တပ်ကို ယိုးစွပ်တယ်။
-
BBC နဲ့ နော်ဘူက Drone Attack လုပ်တာလို့
စစ်တပ်ကို ယိုးစွပ်တယ်။
-
ခက်တော့နေပြီ
စစ်တပ်က မလုပ်လဲ စွပ်စွဲခံရတာပဲ.. မထူးဘူး
ဆိုပြီး တကယ်လုပ်မှ ပြေးပေါက်မှားနေဉီးမယ်။
-
R2P မျှော်တဲ့သူတွေ ဒီ video ကိုကြည့်ထား
အကြမ်းဖက်ဆိုရင် အစ္စရေးက ဘယ်လို
အုပ်သလဲ ဆိုတာ..
-
လိုင်ဇာဖြစ်ရပ်က အမှုန်အမွှားအဆင့်ပဲရှိတယ်။

နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာ ဘယ်တော့မှမရှိပါဘူး။-အောက်တိုဘာ ၅ ရက်နေ့တုန်းက ဆီးရီးယားစစ်ကောလိပ် ကျောင်းဆင်းပွဲကို အစ္...
11/10/2023

နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာ ဘယ်တော့မှ
မရှိပါဘူး။
-
အောက်တိုဘာ ၅ ရက်နေ့တုန်းက ဆီးရီးယား
စစ်ကောလိပ် ကျောင်းဆင်းပွဲကို အစ္စရေးနဲ့ us
က Drone Attack လုပ်လို့ ဆီးရီးယားအရာရှိ
ကြီးတွေအပါ ကျောင်းဆင်းစစ်သားတွေရဲ့
မိဘတွေ အယောက် ၁၀၀ ကျော် သေဆုံး ခဲ့ရ
တယ်။ (ဒါပေမယ့် ဒီဖြစ်စဉ်ကို သိတဲ့လူရှားပါ
တယ်၊ အနောက်အုပ်စုက သတင်းဖုံးခဲ့ကြတယ်။)
-
ယခုဖြစ်နေတဲ့ အစ္စရေးပရိပက္ခကလည်း
ဆီးရီးယားဖြစ်စဉ်ကနေ ဆင်းသက်လာတယ်။
တိုက်ရိုက်အနေနဲ့ နောက်ကွယ်မှာ အီရန်ရှိတယ်၊
သွယ်ဝိုက်တဲ့အနေနဲ့ကတော့ ရုရှားတို့၊ တရုတ်
တို့လို နိုင်ငံအကြီးကြီးတွေ ပါဝင်ပတ်သက်နေ
တယ်။ အခု ဟားမက်စ်အပြင် ဟစ်ဘိုလာအဖွဲ့
တွေပါဝင်လာပြီ။
-
စစ်မီးက ဒီထက် ကြီးထွားဖို့ပဲရှိတယ်။ un
လည်း မနိုင်ဘူး။ ဦးသန့်ခေါင်းဆောင်ခဲ့ဖူးတဲ့
un လို သမာသမတ်ကျတဲ့အဖွဲ့ဆို တစ်မျိုး
ပြောင်းသွားနိုင်သေးတယ်။ အခုတော့ မထင်။
-
us က Carrier တွေလွှတ်တယ်ဆိုတာကလည်း
ရုရှားကို စစ်မြူတာပါ။ ရုရှားက ပါးပါးလှပ်လှပ်
လေးရယ်။ ဒီကနေ့ဆိုရင်ပဲ ယူကရိန်းမှာ ခံစစ်သာ
လုပ်နေတဲ့ ရုရှားက တိုက်စစ်ဖွင့်လိုက်လို့ ယူကရိန်း
ရဲ့ Avdeevka ခံတပ်မြို့ ကျသွားပြီ။ ရုရှားက
ဆက်ပြီး နယ်မြေချဲ့မလားဆိုတာတော့ မသိရ
သေးဘူး။ နာရီပိုင်းအတွင်းကို ရုရှားလက်ထဲကျ
သွားတာပါ။ us မီးခဲဖင်ခုထိုင်နေရတုန်း လုပ်ပြ
သွားတာ။
-
အာရှတိုက်မှာဆိုလည်း ဝက်ပေါက်လေးက
တောင်ကိုရီးယားကို ဝင်တိုက်မလားဆိုပြီး
ထိတ်လန့်နေကြတယ်။
-
ဒါကြောင့် နိုင်ငံရေးဆိုတာ တိုက်ဆိုင်မှုမရှိဘူး၊
အစီအစဉ်တကျချည်းပဲ ။။။။
-

နဂိုဒုက္ခနှင့် အပိုဒုက္ခကြားကမြန်မာပြည်ကို ချစ်ပါသလား တတိယကမ္ဘာစစ်ကြီး ဖြစ်လာမလားအောက်မေ့ရသည်။ မနေ့ကပဲ သတင်းတက် လာသည်။ အ...
10/10/2023

နဂိုဒုက္ခနှင့် အပိုဒုက္ခကြားကမြန်မာပြည်ကို ချစ်ပါသလား
တတိယကမ္ဘာစစ်ကြီး ဖြစ်လာမလားအောက်မေ့ရသည်။ မနေ့ကပဲ သတင်းတက် လာသည်။ အစ္စရေး - ပါလက်စ္စတိုင်း ဖြစ်ကြပြန်ပြီ။ ယူကရိန်းအရေး ဘယ်တော့ ပြီးမယ် မှန်း မခန့်မှန်းမိနိုင်စဉ်မှာပင် အစ္စရေး ထဖြစ်ခြင်းသည် သွေးရိုးသားရိုးတော့ဟုတ်တန်ရာ မတူ။ အင်အားကြီးနိုင်ငံတွေရဲ့ နိုင်ငံရေးကစားပွဲတစ်ခုဖြစ်သည်ဆိုတာတော့ သေချာ သည်။ အံ့အားသင့်ဖွယ်ကောင်းသည် ကား ကမ္ဘာ့အရေးတွေတွင် ဝင်ရောက် လူလည်ကျ နေသော အမေရိကန် ကတော့ သူ့နိုင်ငံတွင်း စစ်ပွဲများဖြစ်မနေခဲ့။ သူ့ကို ပခုံးချင်းယှဉ် ဖို့ ကြိုးစားသည့် တရုတ်မှာလဲ အေးဆေး ကလေးမွေး စီးပွားရေးများသာလုပ်လျက်။ တကယ့် ဘရိန်းကောင်းသည့် လူတွေ လို့ပဲပြောရမည်။ Proxy War တွေကိုသာ ဖန်တီး ရင်း အင်အားချင်းယှဉ်နေကြသည်။ သူတို့ ယှဉ်တာ အကြောင်းမဟုတ် .. အချောင် နိုင်ငံလေးတွေမှာ ဘဝတွေပျက်ကြရသည်။
ထားပါလေ ... ကျန်နိုင်ငံတွေတော့။ ကျုပ်တို့ မြန်မာပြည်မှာလည်း ၂၀၂၁ ဖေ ၁ နောက်ပိုင်း အာဏာလက်လွှတ်လိုက်ရသဖြင့် ပုန်ကန်ထကြွသူများအရေးကလည်း မသေးသေးပေ။ မဲမသမာတာတွေ၊ မဲသမာတာတွေ ပျောက်ကာ တပ်ကပဲ မတရား အာဏာထိန်းလိုက်ရလို့ ပုန်ကန်တာဆိုသည့် အသံတွေသာ တွင်တွင်ပြောရင်း တိုင်းပြည် ကို စစ်တွင်းထဲ ဇွတ်တွန်းချကြသည်။ PUBG တွင်သာယာချက်ရှိသည့် ဟီးရိုး ဖြစ်ချင် သော လူငယ်များကို မဟုတ်မမှန် ဝါဒတွေဖြန့်ရင်း အသုံးချကာ PDF ဆိုပြီး စင်ပေါ် တင်ပေးသည်။ ၇၅ နှစ် တည်ဆောက်ထားသည့် တပ်မတော်ကို မနိုင်မှန်းသိတော့ လူသတ်၊ ဗုံးခွဲ စတာတွေနှင့် ကျင်လည်စေသည်။ တော်တော်ပင် စုတ်ပဲ့သည်လို့ ပြောရ မည်ဖြစ်သည်။
နဂိုကတည်းက မြန်မာပြည်တွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး မပေးချင် ပေးချင်နှင့် ပေးခဲ့ရသည့် အင်္ဂလိပ်က တောပြောတောင်ပြောတွေ လျှောက်ပြောထားသည့် အချက် တွေကို Bold တင်ရင်း KNDO တောခိုသည်။ ဗကပ တိုင်းပြည်ကို ပုန်ကန်သည်။ KIA ထကြွသည်။ သူတို့အပြောတော့ ရှင်းသည်။ ကရင် တစ်ကျပ် မြန်မာတစ်ကျပ် ဖြစ်ရမည်တဲ့။ တိုင်းရင်းသားတွေ တန်းတူ အခွင့်အရေးရရမည်တဲ့။ ဆိုတော့ ... လွတ်လပ် ရေးရပြီးစ မြန်မာတောင် တစ်ကျပ်မရှိသေးချိန်တွင် ဘယ်က တစ်ကျပ် ကရင်ကို ပေးရမည်နည်း။ KNDO တောခိုပြီး တိုက်လိုက်တာ တစ်နိုင်ငံလုံး ရန်ကုန်သာ ကွက်ကွက် ကျန်တော့သည်မို့ ဘယ်လို တန်းတူ အခွင့်အရေးပေးရမည်နည်း။ ကံကောင်းလို့ တပ်မတော် မှ အတိုက်ကောင်းလို့။ မဟုတ်လျှင် ခုလောက်ဆိုရင်ဖြင့် ဝမ်ပေါင်ကချင့် နိုင်ငံ တို့ ကရင်ပြည် တို့ စတာတွေဖြစ်နေချေပြီ။ ဒါတွေသည် နဂို ဒုက္ခဖြစ်သည်။
ဒီ နဂိုဒုက္ခတွေကို အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးဖြင့် အဖြေရှာဖို့ ဆောင်ရွက် ခဲ့ကြသည်။ တပ်မတော်အစိုးရ လက်ထတ်တွင် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ပြီး ဒေသတိုးတက်ရာတိုးတက်ကြောင်းတွေလုပ်ဖို့ ဖိတ်ခေါ်တော့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ကြီး ၁၇ ဖွဲ့ တောတွင်းမှ လက်နက်နှင့်ငြိမ်းချမ်းရေးလဲလာသည်။ ထို လဲလှယ် မှုကြောင့် ကရင်ပြည်နယ် ဘားအံမှသည် မြဝတီ၊ ကချင်ပြည်နယ် မြစ်ကြီးနားမှသည် ခေါင်လန်ဖူး၊ ရှမ်းပြည်နယ် တောင်ကြီးမှသည် ရွှေတြိဂံ ဆီ လမ်းတွေဖောက်၊ တံတား တွေဆောက်ကာ တိုးတက်စေခဲ့သည်။ န၀တ-နယက ခေတ်တွင် တစ်နိုင်ငံလုံး နေရာ အနှံ့အပြားသို့ စိတ်ချလက်ချ သွားနိုင်သည့် အခြေအနေသို့တိုင်ရောက်ခဲ့သည်။ မြန်မာပြည်သည် ခေတ်ဆိုးမှ ခေတ်ကောင်းဆီသို့ ရုန်းထဖို့ထိ ရောက်ခဲ့သေးသည်။ ဒါပေသိ အလုံးစုံ အဆင်မပြေခဲ့။ အမေရိကန် နှင့် အနောက်နိုင်ငံများသည် သူတို့ လက်ဝေခံ အစိုးရ မြန်မာပြည်တွင် တက်စေချင်သဖြင့် ထို ခေတ် ထိုကာလမှာလည်း မျိုးစုံ ကြိုးခုန်ကာ သွေးထိုးသဖြင့် နဂို ဒုက္ခများသည် ပျောက်ကင်းသည့်အဆင့်ထိ မရောက်ပဲ သက်သာသည်ဆိုရုံသာ သက်သာခဲ့သည်။ ထို့နောက် ဦးသိန်းစိန် ဦးဆောင်သော အစိုးရလက်ထတ်တွင် NCA ဆိုသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး နဂို ဒုက္ခကို ငြိမ်းသက်ရန် ကြိုးစားပြန်သည်။ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့ အချို့ နိုင်ငံတကာ အသိသက်သေတွေရှေ့တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ဖို့ စာချုပ်ချုပ်ခဲ့ကြသည်။ ဒါပေသိ KIA နှင့် လက်နက်ကိုင်အချို့ မပါဝင်ခဲ့။ AA , TNLA , MNDAA စသည့် လက်နက်ကိုင်အသစ်တွေထပ်ပေါ်လာကာ နဂိုဒုက္ခကို ထပ်ဝန်းရံ ပြန်သည်။
ကိုယ့်ကိုကိုယ် အရပ်သား အစိုးရပါဟု အင်မတန် သေလုမျောပါး ကြွေးကြော်ထား သည့် NLD အစိုးရလက်ထတ်တွင် အစောက ချုပ်ဆိုခဲ့သည့် NCA ကိုချောင်ထိုးကာ ၂၁ ရာစု ပင်လုံတွေ ပင်မလုံတွေထထွင်သည်။ ကိုယ့် နာမည်၊ ကိုယ့်ပါတီ အာဏာ ဖြန့်ဝေ ဖို့အရေး ရှေ့က အစိုးရ ဆောင်ရွက်ခဲ့သမျှ မြောင်းထဲလွှင့်ပစ်သလိုလုပ်ကာ အဆန်းထွင် ပြီး ငြိမ်းချမ်းရေးလုပ်သော်လည်း အရာမထွင်ခဲ့။ ဆိုတော့ NLD ၏ Hero ဒေါ်အောင်ဆန်း စုကြည် လက်ထတ်မှာတော့ နဂို ဒုက္ခ ကား အရာကိုမယွင်းသလို ၂၁ ရာစု ပင်လုံ ဆိုသည့် စကားလုံး အသုံးအနှုန်းကား နှစ် ၁၀၀ သွေးထိုးမှုကြောင့် သွေးကွဲနေခဲ့ကြသည့် တိုင်းရင်း သားတွေရဲ့ အတွေးအခေါ်ကို ပိုပြီး ဆန်းသစ်စေသလိုဖြစ်သွားသဖြင့် KIA, TNLA, MNDAA, AA တို့ကား ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုခဲ့ကြသည်။
ထို နဂိုဒုက္ခများ အား မပျက်စေခဲ့သော အခြေအနေမှသည် ၂၀၂၁ ဖေ ၁ နောက်ပိုင်း အာဏာလက်လွှတ်လိုက်ရသည့် NLD ပါတီဝင်အချို့သည် အပိုဒုက္ခကိုပါထွင်ခဲ့ကြသည်။ မဲမသမာမှု၊ မဲစာရင်းထပ်နေမှုတို့ကြောင့် အာဏာထိန်းမှုကို ပဒီးပဒါးတွေလျှောက်ပြော ကာ လူငယ်အချို့အား PDF ဆိုပြီး နာမည်တပ်ကာ တောခိုစေသည်။ NCA စာချုပ် ချုပ်ဆိုပြီး အေးချမ်းနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ထံ စိမ့်ဝင်ပြီး တိုင်းရင်းသားရေး၊ ဖယ်ဒရယ်ရေး ကို မစားရဝခမန်းပြောကာ NCA ကိုကျောခိုင်းစေ သည်။ အနောက်နိုင်ငံ အထောက်အပံ့များဖြင့် တိုင်းပြည်ကို စစ်မီးမွှေးကြပြန်သည်။ အပို ဒုက္ခကား ကြီးမားလှသည်။ ခပ်တိုတိုပြောရမည်ဆိုသော် ... ယနေ့ခေတ်တွင် တစ်နိုင်ငံ လုံးအနှံ့ အေးအေးဆေးဆး ကုန်သွယ်လို့မရတော့သလို ကျောင်းသားလူငယ် များရဲ့ ပညာသင်ကြားမှုကိုပါ ဖျက်ဆီးခံခဲ့ရပြီး တိုင်းပြည်ကို နစ်သထက်နစ်အောင် လုပ်ကြ သည်ဟုပြောရမည်ဖြစ်သည်။
ဒါတွေသည် ဖြစ်ပျက်ပြီးသမျှကို စာရေးသူ အနေဖြင့် Memory Recall ခေါ်ခြင်း ဖြစ်သည်။ ယခုမှ ဆောင်းပါး ၏ တကယ့်ပေးချင်သည့် Message စမည်ဖြစ်သည်။ အဆိုပါ နဂိုဒုက္ခနှင့် အပိုဒုက္ခကြားက မြန်မာပြည်ကို တကယ်ချစ်ပါသလား။ ဒီ မေးခွန်းသည် တိုင်းရင်းသားလက်နက်ကိုင်တွေကိုရော နိုင်ငံရေးသမားတွေရော အကုန်လုံးကို မေးချင် ပါသည်။ နိုင်ငံတိုးတက်ဖို့ ပညာရှင်တွေပေါဖို့ လုပ်ဖို့အသာထား၊ အာဏာကို အပြန်အလှန် လုရင်းနှင့်ပင် ခုလဲ ငါ အာဏာမရလျှင်ဖြစ်ချင်ရာဖြစ်ဆိုပြီး တိုင်းပြည်ကို ချောက်ထဲ ကျစေမည်လား .. စဉ်းစားပါ။
၂၀၂၁ မှာ လာမလုပ်နဲ့တို့ ဘာတို့ဆိုသည့် စကားတွေသည် နားထောင်လို့သာ ကောင်းသည်။ တကယ့်တကယ်မှာတော့ ၇၅ နှစ်တည်ထောင်ထားသည့် တပ်မတော် ဆိုသည့် Institution ကို တိုက်လို့မနိုင်ဘူးဆိုတာတော့ ဒူးဝါးလရှီးလ လဲသိသည် ဇော်ဝေစိုးလဲသိသည်။ အဲ ... အင်ဘန်လှလဲသိသည်။ စောကွယ်ထူးဝင်းလဲသိသည်။ စောကွယ်ထူးဝင်းဆို သိလွန်းလို့ NCA စာချုပ် လက်မှတ်ထိုးတုန်းကတောင် ပါလာခဲ့ သည်မဟုတ်ပါတကား။ အဲ့တော့ မနိုင်မှန်းသိလျက်နှင့် ဘာလိုတိုက်လဲဆိုတော့ အနောက် နိုင်ငံတွေရဲ့ ထောက်ပံ့မှုနှင့် လက်နက်၏ အရာသာကို သိလို့တိုက်သည်လို့ပြောရမည် ဖြစ်သည်။
ဘာမှ ကချင်တိုင်းရင်းသား၊ ကရင်တိုင်းရင်းသား၊ ဗမာ တိုင်းရင်းသား အရေး တစ်ခုမှမပါပါ။ တကယ်သာ တိုင်းရင်းသားတွေကောင်းစေချင်လျှင် ဒီလို စစ်တိုက်မည် မဟုတ်။ စစ်တိုက်ပြီးတိုင်းပြည်မငြိမ်းချမ်းလျှင် ကချင်၊ ကရင်၊ ရှမ်း တိုင်းရင်းသားတွေ ရဲ့ လူနေမှုနိုမ့်ကျမည်။ ကုန်သွယ်မှုမဖြစ်တော့။ ဒါဆို ကရင်တစ်ကျပ်မရနိုင်တော့။ ခွဲမပေး လို့မရနိုင်တာမဟုတ် ... မရလို့ကိုမရတာဖြစ်သည်။ ဆိုတော့ ... တိုင်းရင်းသားတွေ ကောင်းစားစေချင်လျှင် စစ်မီးကိုငြိမ်းအောင်လုပ်ရမည်ဖြစ်သည်။ ငြိမ်းချမ်းရေးရမှသာ စစ်အသုံးစရိတ်လျော့ကျမည်ဖြစ်သည်။ ရွေးကောက်ပွဲမှာ ဝင်အရွေးခံပြီး ဒေသ အရေး၊ ဖယ်ဒရယ်အရေးဆွေးနွေးနိုင်မည်ဖြစ်သည်။ လက်နက်ကိုင်နေသရွေ့ကတော့ ဖြစ်လာ မည် မဟုတ်ဆိုတာ လောင်းကြေးစားကြေးချပြောရဲသည်။
ဆိုတော့ အကျဉ်းချုပ်မည်ဆိုလျှင် ... နဂိုဒုက္ခနှင့် အပိုဒုက္ခကို ငြိမ်းချမ်းနိုင်ဖို့ နည်းလမ်းသည် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ပင်ဖြစ်သည်။ တပ်ကိုလဲမနိုင်၊ ဒေသလဲအကျိုးမရှိသည့် သည့် လိပ်ခဲတည်းလည်း သေနတ်ဖြင့် စစ်တိုက်ခြင်းကို စွန့်ကာ စားပွဲဝိုင်းတွင် အဖြေရှာရမည်ဖြစ်သည်။ လက်ရှိ နစက ဉက္ကဌ ကြီးက မကြာသေးခင်ကပြောသွားသည်။ အမုန်းတရားတွေနှင့် ရှေ့ဆက်နေလျှင်ဖြင့် တိုင်းပြည်ကောင်းနိုင်မည်မဟုတ်တဲ့။ ဒီစကားကိုထောက်ရှုလျှင် နစက ဉက္ကဌကြီးသည် ငြိမ်းချမ်းရေးတံခါးကိုအမြဲတမ်းဖွင့်ထားသည်ဆိုတာ ယုံမှား သံသယ ရှိစရာမရှိ။ NCA ၈ နှစ်ပြည့်ပွဲကိုလဲ လက်မှတ်ထိုးထားသည့်အဖွဲ့ရော လက်မှတ်မထိုးထားသည့်အဖွဲ့တွေရော ဖိတ်ခေါ်ထားသည်ဟု ကြားရပြန်သည်။ ဝမ်းသာစရာအတိပါပင်။ အနှီ ပွဲကို တက်ပြီး ငြိမ်းချမ်းရေးတံခါးပေါက်ကို တိုင်းရင်းသားလက်နက်ကိုင် ဆိုသူတွေကို လာခဲ့ဖို့ ဒီ ဆောင်းပါးဖြင့် ဖိတ်ခေါ်အပ်ပါသည်။ နဂို ဒုက္ခနှင့် အပိုဒုက္ခကြားက မြန်မာပြည် ကို ချစ်ရင် NCA လက်မှတ်ထိုးခြင်း ၈ နှစ်ပြည့်ပွဲကို တက်ခဲ့ကြပါ။ ပြီးလျှင် ဆွေးနွေးညှိနှိုင်း ခြင်းဖြင့် အဖြေရှာကြပါ။ ကရင်တစ်ကျပ် ရအောင်ဆောင်ရွက်ကြပါဟု ဆန္ဒပြုရင်း ။။။။
မင်းထက်ကျော်ဇော

စက်ဆုတ်ဖွယ် အနောက်အုပ်စုရဲ့သဘောထား***************ယခုလတ်တလောဖြစ်ပေါ်နေတဲ့ (ပါလက်စတိုင်း)ဟားမက်စ်တွေက အစ္စရေးနယ်နိမိတ်ကို ...
10/10/2023

စက်ဆုတ်ဖွယ် အနောက်အုပ်စုရဲ့သဘောထား
***************
ယခုလတ်တလောဖြစ်ပေါ်နေတဲ့ (ပါလက်စတိုင်း)ဟားမက်စ်တွေက အစ္စရေးနယ်နိမိတ်ကို ဖြတ်ကျော်ပြီး အစ္စရေးနယ်ခြားတပ်စခန်း၂၂ ခုကိုအင်အားအလုံးအရင်းနဲ့ တပြိုင်နက်စီးနင်း တိုက်ခိုက်ခဲ့ရာမှာ အစ္စရေး အတော်အထိနာသွားတယ်။
-
အစ္စရေးနိုင်ငံက ဟားမက်စ်တွေကို စစ်ကြေငြာပြီး ပြင်းပြင်းထန်ထန် လက်တုန့်ပြန်တိုက်ခိုက်နေတယ်။ အမေရိကန်နဲ့အနောက်အုပ်စုနိုင်ငံတွေက ထုံးစံအတိုင်း ဟားမက်စ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတယ်။ အစ္စရေးက ပါလက်စတိုင်းပြည်သူတွေနေထိုင်တဲ့ ဂါဇာကမ်းမြောင်ဒေသကို ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်တာကိုထောက်ခံကြတယ်တဲ့။
-
မှတ်မိကြဦးမှာပါ
မဝေးသောကာလတစ်ခုက ရခိုင်မှာ နယ်ခြားစောင့်တပ်စခန်း ၃၀ ကို အခုဟားမက်စ်တွေလုပ်သလိုပဲ ARSA က လူအင်အားအလုံးအရင်းနဲ့တချိန်တည်းတပြိုင်တည်းတိုက်ခိုက်ခဲ့ကြတယ်။ နယ်ခြားစောင့်ကင်းစခန်းအချို့ အသိမ်းခံရ၊ ဖျက်ဆီးမီးရှို့ခံရ၊ နယ်ခြားစောင့်စစ်သည်တွေtတ်ဖြတ်ခံရ၊ လက်နက်ခဲယမ်းအချို့ဆုံးရှုံးခဲ့ရတယ်။
-
အခုအစ္စရေးကို ဟားမက်စ်တွေလုပ်တာနဲ့ ထပ်တူညီညီပဲ။ နယ်ခြားစောင့်တပ်စခန်းတွေတင်မဟုတ် မဲမဲမြင်ရာ ရခိုင်တိုင်းရင်းသားကျေးရွာတွေကို ARSA နဲ့ ဘင်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖျက်ဆီးတိုက်ခိုက်ကာ ရခိုင်တိုင်းရင်းသားတွေနဲ့ ဟိန္ဒူတွေအစုလိုက်အပြုံလိုက်အtတ်ခံကြရတယ်။
-
ဟားမက်စ်တွေလည်း အစ္စရေးနယ်ခြား စောင့်တပ်တွေသိမ်းပိုက်ပြီး အစ္စရေးနယ်ထဲအထိဝင်ရောက်ကာ အစ္စရေးပြည်သူတွေကို ပစ်ခတ်tတ်ဖြတ်ဖမ်းဆီးအကြမ်းဖက်တာတွေလုပ်နေကြတယ်။
-
ရခိုင်ဒေသဖြစ်စဉ်မှာ မြန်မာ့တပ်မတော်က ARSA ကို အကြမ်းဖက်အဖွဲ့ကြေညာ၊ ပြင်းပြင်းထန်ထန် ရှင်းလင်းတာကိုကြတော့ မြန်မာ့တပ်မတော်က လူမျိုးတုံးtတ်ဖြတ်ပါသတဲ့။ ဘင်တွေနေရပ်စွန့်ခွာ ထွက်ပြေးကြတာကို အထူးစိုးရိမ်တကြီးဖြစ်ပြီးလူသားချင်းစာနာကြပါသတဲ့။
-
အစ္စရေးက ဂါဇာမြို့ပေါ်ကို လူနေရပ်ကွက်မရှောင် လေကြောင်းက ပြင်းပြင်းထန်ထန် တုံ့ပြန်ဗုံးကြဲတာ၊ အမြောက်တွေနဲ့ပစ်ခတ်တာကြတော့.....အစ္စရေးနိုင်ငံရဲ့တုံ့ပြန်တိုက်ခိုက်မှုကတရားမျှတပါသတဲ့။
-
ပါလက်စတိုင်းပြည်သူတွေ ဂါဇာကနေပြေးစရာမြေမရှိ၊ အစ္စရေးလုပ်သမှခံနေကြရတာကိုတော့ လူမျိုးတုန်း tတ်ဖြတ်ပါတယ်....လို့ဘယ်သူမှအသံမထွက်။
-
ဟားမက်စ်တွေဘက်ကသော်လည်းကောင်း၊ အစ္စရေးဘက်ကသော်လည်းကောင်း တဖက်တည်း ဘက်လိုက် ပြောတာမဟုတ်ပါ။ အနောက်အုပ်စု အနောက်နိုင်ငံတွေ (အထူးသဖြင့်) အမေရိကန်နဲ့အင်္ဂလိပ်တွေရဲ့ သဘောထားနှစ်မျိုးထားရှိလေ့ရှိတဲ့.... ကျန်တဲ့နိုင်ငံငယ်လူမျိုးငယ်တွေအပေါ် သူတို့အနိုင်ကျင့်ချင်သလို ကျင့်တဲ့သဘောထား(နိုင်ငံခြားရေးမူဝါဒ)ဟာ လျှာနှစ်ခွနဲ့မြွေဟောက်တွေလို အင်မတန်စက်ဆုတ် ရွံရှာ သေးသိမ် ယုတ်ညံ့တဲ့စိတ်ထားသဘောထားတွေကို လက်တွေ့ကျကျရှုမြင်ကြဖို့လိုပါတယ်လို့ ပြောချင်ပါတယ် ။။။
( အနောက်မျှော်တွေ သိဖို့ .. လာမဆဲကြနဲ့)

ယမန့်နေ့က လွိုင်ကော်မြို့နယ်၊ ပဒါးညေးရွာအနားမှာ တပ်ကိုလာဝိုင်းတဲ့ ကယားပဒက်တွေ မျက်ဖြူစိုက်ပြီး အလောင်းဆွဲကာ ပြန်ပြေးသွား...
10/10/2023

ယမန့်နေ့က လွိုင်ကော်မြို့နယ်၊ ပဒါးညေးရွာအနားမှာ တပ်ကိုလာဝိုင်းတဲ့ ကယားပဒက်တွေ မျက်ဖြူစိုက်ပြီး အလောင်းဆွဲကာ ပြန်ပြေးသွားတယ် ..
-
ကြားဖြတ်ပေါ်ကတော့ ၂ ယောက်သေပြီး ၆ ယောက် ဒဏ်ရာရတယ် ..
-
မိမိဘက် ထိခိုက်မှုမရှိ။။။

အဖြစ်မှန်ကို ဝန်မခံရဲဘဲ ကချင်ပြည်သူတွေကို လိမ်ညာနေတဲ့ KIA အခြောက်အဖွဲ့မနေ့ကညက KIA ဌာနချုပ် လိုင်ဇာမြိုထဲရှိ မုန်လိုက်ခက်...
10/10/2023

အဖြစ်မှန်ကို ဝန်မခံရဲဘဲ ကချင်ပြည်သူတွေကို လိမ်ညာနေတဲ့ KIA အခြောက်အဖွဲ့
မနေ့ကညက KIA ဌာနချုပ် လိုင်ဇာမြိုထဲရှိ မုန်လိုက်ခက်စခန်းမှာပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်
ဒီလိုပေါက်ကို တပ်မတော်မှ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် KIA အဖွဲ့တွေသေဆုံးမှုရှိကြောင်း အကြမ်းဖက်အားပေး မီဒီညာတွေမှ တင်နေပေမယ့် KIA အကြမ်းဖက်အဖွဲ့ကတော့ ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ထားပါတယ်
အမှန်တကယ်က တပ်တော်မှ လက်နက်ကြီးနဲ့ပစ်ခတ်မှုမရှိသလို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ခြင်းလည်း လုံးဝမရှိခဲ့ပါဘူး
ယခုပေါက်ကွဲမှုဖြစ်တဲ့ မုန်လိုက်ခက်ဆိုတဲ့ KIA စခန်းမှာ KIA အဖွဲ့ဝင်တွေနဲ့ ၎င်းတို့မိသားစုဝင်တွေ နေထိုင်တာဖြစ်ပြီး KIA စခန်းအတွင်းရှိ ကလေးငယ်တစ်ဦး မီးဆော့ကစားရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး KIA အကြမ်းဖက်အဖွဲ့တွေရဲ့ ခဲယမ်းတိုက်ကို မီးကူးစက်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ
ဒီပေါက်ကွဲမှုကြောင့် KIA အဖွဲ့ဝင်တွေ သေဆုံးခဲ့သလို KIA အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံနေတဲ့ အကြမ်းဖက်အားပေးတစ်ချို့လည်း သေဆုံးခဲ့တယ်လို့သိရပါတယ်
KIA အကြမ်းဖက်အဖွဲ့ဟာ ၎င်းတို့ရဲ့ပေါ့ဆမှုကြောင့် ခဲယမ်းတိုက် ပေါက်ကွဲတဲ့ဖြစ်စဉ်ကို ဖုံးကွယ်ပြီး တပ်မတော်ကပဲ လက်နက်ကြီးနဲ့ပစ်သလိုလို လေယာဉ်နဲ့ပစ်ပစ်သလိုလို သတင်းအမှားတွေတွင်ပြီး တပ်မတော်ကို ထိုးချနေခြင်းသာဖြစ်ပါတယ်
ပုံ နှစ်ပုံကို ကြည့်ပါ
Khit Thit မီဒီညာကက လက်နက်ကြီးနဲ့ ပစ်တယ်ပြောပြီး
Kachin News Group မီဒီညာတစ်ခုကတော့ လေယာဉ်နဲ့ ဗုံးကြဲတယ်ဆိုပြီး တင်ထားတာပါ
ဒီလိုရှေ့နောက်မညီ ရေးချင်တာရေးပြီး ဖြစ်စဉ်အမှန်ကို ဖုံးကွယ်လို့မရပါဘူး
အမှန်တရားကို နတ်စောင့်ပါတယ်

Address


Website

Alerts

Be the first to know and let us send you an email when မိုးကြိုးသွား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share