Mandalay Revolution Youth Force

  • Home
  • Mandalay Revolution Youth Force

Mandalay Revolution Youth Force MRYF အဖွဲ့၏ တရားဝင် Pageဖြစ်သည်

 #ဝမ်းနည်းကြောင်းထုတ်ပြန်ခြင်း မန္တလေးအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော မန္တလေးတိုင်းအထူးပြောက်ကျားတပ်ဖွဲ့ Mandala...
23/01/2022

#ဝမ်းနည်းကြောင်းထုတ်ပြန်ခြင်း

မန္တလေးအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော မန္တလေးတိုင်းအထူးပြောက်ကျားတပ်ဖွဲ့ Mandalay Special Task Force ( MSTF)မှ
ခေါင်းဆောင်( ၅ )ဦး အဖမ်းခံခဲ့ရခြင်းအတွက်
များစွာနှမြော စိတ်မကောင်းဖြစ်ရပါပါသည်။

ကျွန်ုပ်တို့ရဲဘော်များအတွက် အကြမ်းဖက်စစ်အာဏာရှင်စနစ်အား အမြစ်ပါမကျန် တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။


MRYF ၏ အရေးပေါ်သတိပေးထုတ်ပြန်ချက် ။   ။ဇန်နဝါရီလ ၂၂ ရက်၊ ညနေပိုင်းအချိန်တွင် Mandalay Special Task Force (MSTF) တပ်ဖွဲ့မ...
22/01/2022

MRYF ၏ အရေးပေါ်သတိပေးထုတ်ပြန်ချက် ။ ။

ဇန်နဝါရီလ ၂၂ ရက်၊ ညနေပိုင်းအချိန်တွင်

Mandalay Special Task Force (MSTF) တပ်ဖွဲ့မှ

ခေါင်းဆောင် ၅ ဦးမှာ စစ်ကောင်စီတပ်များ၏

မတရားဖမ်းဆီးခြင်းကိုခံခဲ့ရသလို့

MSTF page မှာလည်း မသမားသူများ လက်ထဲသို့

ကျရောက်ခဲ့သဖြင့် ၎င်းးတို့နဲ့ပတ်သက်ဖူးသူများနှင့်

မဟာမိတ်ညီအကိုများအား အချိန်မီရှောင်ရှားနိုင်

ရန်သတိပေနှိုးဆော်ပါသည်။


၂၁ ဇန်နဝါရီ၊ ၂၀၂၁ ခုနှစ်(ယနေ့ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့အခက်ခဲတခုကို ကျွန်တော်တို့ နည်းနည်းလောက်ပြောပြပါရစေ)ဒီနေ့ဖြစ်ပျက်...
21/01/2022

၂၁ ဇန်နဝါရီ၊ ၂၀၂၁ ခုနှစ်

(ယနေ့ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့အခက်ခဲတခုကို ကျွန်တော်တို့ နည်းနည်းလောက်ပြောပြပါရစေ)

ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ အခက်ခဲနည်းနည်း
ပြောပြချင်ပါတယ် မပြောပလောက်ဘူး ဆိုပေမဲ့ ကျွန်တော် စိတ်ဓာတ်လဲကျ ဝမ်းလဲဝမ်းနည်းခဲ့ရပါတယ်။

ကျွန်တော်ဒီနေ့ မနတ်မို့လင်းကတည်းက အလုပ်စလုပ်ခဲ့ရာ ညနေ့၄နာရီလောက်ကျ ဆိုင်ကယ်ပြသာနာစတတ်ပါတယ်

ဖြစ်ချင်တော့ကျွန်တော်လက်ထဲမှာငွေ၅ထောင်းပဲရှိပါတယ် k pay နဲ့ waveထဲမှာလဲ ဒီရက်ပိုင့်လို့အပ်တဲ့နေရာတွေဖြည်တင်ထားတော့မရှိတော့ပါဘူး

အဲ့တာနဲ့ဆိုင်ကယ်ကို တနေရာမှာထားပြီး လမ်းလျှောက်ပြန်လာခဲ့ပါတယ်

ပြန်ရမဲ့နေရာနဲ့ ​ရောက်နေတဲ့နေရာကတောင်ဘက်နဲ့မြောက်ဘက်တခြားစီပါပဲ

ဆိုင်ကယ်နဲ့ဆိုရင်တောင့် တစ်နာရီကျော်လောက်
မောင်းရပါတယ်
နားလိုက် လျှောက်လိုက်နဲ့ 7နာရီဝန်ကျင်လောက်မှာ၁၉လမ်း ၈၀\၈၁ကိုရောက်လာခဲ့ပါတယ်

ဖုန်းတစ်လုံးနဲ့လိုင်းပေါ်တတ်လမ်းလျှောက်ရင်
အသိမိတ်ဆွေတစ်ချို့ကို အကူညီပတ်တောင်ပါတယ် ကံဆိုးချင်တော့ တစ်ယောက်မှအဆင်မပြေခဲ့သလို့ ကျွန်တော်ဖုန်းဘေလ် ကုန်သွားလို့ တပူ ပေါ် တပူဆင့်ခဲ့ရပါသေးတယ်

အဲ့တာနဲ့ မိုးကလဲချုပ် သွားရမဲ့နေရာကလဲခြေလျင်
ဆက်လျှောက်ရင်မလွယ်တော့တာကြောင့်လက်ထဲကျန်တဲ့ငွေလေးနဲ့ ၁၉လမ်း၈၀/၈၁ ကြား ဧရာဝတီ
ဘဏ်ရှေကမီနီအိုးဝေးကို အသနားခံကူညီတောင်
ကြည်မယ်ဆိုပြီး (အလကားမဟုတ်ဘူးနော်)
စျေးမေးကြည်တဲ့အခါ ၇၀၀၀ တဲ့ တကယ်ဆို့ ၅၀၀၀လောက်ပဲကျသင့်တဲ့ အကွာအဝေး ဒါပေမဲ့ ခေတ်ကာလကြောင့်နေမှာပါဆို့ပြီး

လို့တဲ့ပိုက်ဆံကလဲနည်းနည်းပဲဆို့တော့ လိုင်းပေါ်
ပြန်တတ်ပြီး ချေးလိုက်တာ ၅ မိနစ်လောက်နေတော့ အိုခေသွားတယ် အဲတာနဲ့အကိုရပြီးသွားမယ်ဆိုတော့၁၀၀၀၀ မှလိုက်ပို့တော့မှာဆို့ပြီးချက်ချင်
ပြောင်းသွားတယ်ဗျာ နေရာလဲပြောပြီးသားနော်

ဒါတောင်သာမန်လူလမ်းခရီးဒုက္ခရောက်နေတဲ့ပုံစံမျို့သူဘက်ကသတိထားမိပြီးတော့ ငွေကိုပဲမြင်ပြီး စောက်ချိုးပြောင်သွားတာ

ကျွန်တော်မှာ ဒေါသလည်းတော်တော်ထွက်ခဲ့ရသလို စိတ်မကောင်းလဲဖြစ်ကာ အံ့ကျိတ် အားတင်ပြီး
လမ်းလျှောက်ပြန်ခဲ့ရပါတယ်

လမ်းတစ်ဝက်လောက်ရောက်တော့မှဆိုင်ကယ် ကယ်ရီတွေလို့
အခုလို့လုံခြုံတဲ့နေရာရောက်သွားခဲ့ရပါတယ်

ပြောချင်တာက ခုလို့လူတိုင်းဒုက္ခရောက် အဆင်မပြေတဲ့ကာလမျို့မှာ ကိုယ်ကောင်စားဖို့အတွက်နဲ့ မည်သူတစ်ဦးတစ်ယောက်ကိုမှမတရားအမြတ်
ထုတ်မလုပ်ကြဖို့တောင်ဆို့ခြင်းပါတယ်။

ဒါကြောင့်မတရားအမြတ်ထုတ်
လုပ်စားနေသူများလဲ သတိထားပြင်ဆင်ကြဖို့
နှင့် ကိုယ်တစ်ဘို့ထဲအတွက်နဲ့ လောဘကြီးလွန့်ရင်
ကိုယ်အပြစ်နဲကိုယ်မို့ ရှေလျှောက်တာဝန်ယူမည်မဟုတ်ကြောင့် သတိပေးတားမြစ်အပ်သည်။

#(MRYF)
Mandalay Revolution Youth Force

#မှတ်ချက်။ ယနေ့ကိုယ်တိုင့်ကြုံတွေလာခဲ့ရသော၁၉လမ်း ၈၀/၈၁လမ်းကြား ဧရာဝတီဘဏ်ရှေမှ့ မီနီအိုးဝေးဆရာများ အထူးဂရုပြုပြင်ဆင်ကြပါ။ ကြားရသိ သတင်းများအရ ယနေ့ဖြစ်ပျက်ခဲ့သည်ပုံစံဟာ မိမိတစ်ဦးထဲမဟုတ်ပဲ
လူတစ်ချို့လည်းကြုံတွေရကြောင့် သိထားရပါသည်။ အထူးဂရုစိုက်ကြဖို့ သတိပေးအပ်ပါသည်။

Mandalay Revolution Youth Force(ကြေညာချက်)ကျွန်တော်တို့(M.R.Y.F) မြို့ပြပြောက်ကျားတပ်ဖွဲ့ သည့် လွန်ခဲ့သော (၁)လကျော်ခန့်က...
19/01/2022

Mandalay Revolution Youth Force
(ကြေညာချက်)

ကျွန်တော်တို့(M.R.Y.F) မြို့ပြပြောက်ကျားတပ်ဖွဲ့

သည့် လွန်ခဲ့သော (၁)လကျော်ခန့်က လုံခြုံရေး

စည်းမျဉ်းပေါက်ကြားခဲ့သည့်ပြသာနာ ဖြစ်ပေါ်ခဲ့

သော်ကြောင့် ဘာမှမလုပ်နိုင်ပဲရှောင်ရှားခဲ့ရပါ

သည်။

သို့သော် ယခုအခါမှာအခြေနေအားလုံးတည်ငြိမ်

သွားပြီးဖြစ်သောကြောင့် ယခင်အတိုင့် အာဏာရှင်

စနစ်အား အမြစ်ပြတ်သည့်အထိဆက်လက်တိုက်

ခိုက်ချေမှုန်းသွားမည့်ဖြစ်ကြောင့်နှင့် ပြည်သူ့များ

အနေဖြင့်လဲ တတ်နိုင်သိဘက်ကနေပါဝင်ကူညီ

အားဖြည့်ပေးကြပါရန် မေတ္တာရပ်ခံအသိပေး

ကြေညာအပ်ပါသည်။

အရေးတော်ပုံ အောင်ရမည်…
အရေးတော်ပုံ အောင်ရမည်…
အရေးတော်ပုံ အောင်ရမည်…။

ပုံ / Leader - ကာကာ

အလှူ့ရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့အပ်ပါသည်။တစ်ဦးချင်းစီထံသို့ ပြန်လည်မပို့ဆောင်ပေးနိုင်ခြင်းအား တောင်းပန်အပ်ပါသည်...
18/12/2021

အလှူ့ရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့အပ်ပါသည်။

တစ်ဦးချင်းစီထံသို့ ပြန်လည်မပို့ဆောင်ပေးနိုင်ခြင်းအား တောင်းပန်အပ်ပါသည်။

အလှူ့ရှင်များ၏လုံခြုံမှုအတွက် လာရောက်လှူဒါန်းထားသော

SS များကိုလည်း Page Messenger တွင် ဖျက်ထားပြီးဖြစ်ကြောင်းကို

ထပ်လောင်းပြောကြားလိုပါသည်။

ခွေးရန်ကင်းပါစေ


"မန္တလေးမြို့နေ မိဘပြည်သူလူထုသို့မေတ္တာရပ်ခံချက်"   ယခုရက်ပိုင်း မန္တလေးမြို့တွင်  စကစမှအဖမ်းအဆီး အစစ်အဆေးများ တင်းတင်းက...
16/12/2021

"မန္တလေးမြို့နေ မိဘပြည်သူလူထုသို့မေတ္တာရပ်ခံချက်"

ယခုရက်ပိုင်း မန္တလေးမြို့တွင် စကစမှ
အဖမ်းအဆီး အစစ်အဆေးများ တင်းတင်းကြပ်ကြပ်
လှုပ်ရှားဆောင်ရွက်လာခြင်းများ၊
ညဘက်နေအိမ်များတွင် ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်းများ
ခပ်စိပ်စိပ် ဖြစ်ပေါ်နေပါသည်။
ထို့အတွက်ကြောင့် မိမိပတ်ဝန်းကျင်မြေပြင်သတင်းအချက်အလက်များကို နီးစပ်ရာ တော်လှန်ရေး ရဲဘော်များ၊
မြေပြင်သတင်း pages များ၊ သပိတ်အင်အားစု page များ၊
UG/LDF/PDF page များ နှင့် Telegram Channel များ
စသည်တို့ကို ဆက်သွယ်ပေးပို့ခြင်းများဖြင့်
မိမိတို့တတ်နိုင်တဲ့ဘက်မှ ကူညီပေး၊ ကာကွယ်ပေးကြပါရန်
လေးလေးနက်နက် တောင်းဆိုအပ်ပါသည်။
ကိုယ်နဲ့မဆိုင်သလို သွေးအေးမနေဘဲ တတ်နိုင်တဲ့ဘက်မှ
ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
(မြေပြင်မှာ တကယ်အခက်တွေ့နေကြတာပါ)

ကျွန်တော်တို့မှာ ကျွန်တော်တို့ ပြည်သူတွေပဲရှိပါတယ်။
မဆိုင်သလို မနေကြပါနဲ့၊
နေသာသလို နေပျော်သလို မနေကြပါနဲ့၊
နေသားကျမသွားကြပါနဲ့၊
သွေးအေးမသွားကြပါနဲ့။

ပြည်သူအားလုံးခွေးရန်ကင်းပါစေ။

အရေးတော်ပုံအောင်ရမည်။

Mandalay Revolution Youth Force
(M.R.Y.F)

15.12.2021 (ဗုဒ္ဓဟူးနေ့)ယနေ့မနက် ၁၁ နာရီခွဲဝန်းကျင်တွင် လေး​ကေ​ကော် တိုက်ပွဲ စတင်ခဲ့ပါပြီ။ဤတိုက်ပွဲသည် ကျွန်တော်တို့ အား...
15/12/2021

15.12.2021 (ဗုဒ္ဓဟူးနေ့)

ယနေ့မနက် ၁၁ နာရီခွဲဝန်းကျင်တွင်
လေး​ကေ​ကော် တိုက်ပွဲ စတင်ခဲ့ပါပြီ။
ဤတိုက်ပွဲသည် ကျွန်တော်တို့ အားလုံးရဲ့တိုက်ပွဲဖြစ်ပါသည်။
ကျေးလက်မြို့ပြမကျန် ပြည်သူအားလုံး
ကိုယ်နိုင်ရာဘက်မှ ပူးပေါင်းပါဝင်ကူညီကြပါ။
စားနပ်ရိက္ခာ၊​​ဆေးဝါး၊ငွေကြေး စသည်တို့ကို
ဝိုင်းဝန်းကူညီပံ့ပိုးကြပါ။

​နိုင်ငံတဝန်းလုံးက တိုင်းရင်းသားပြည်သူလူထုအားလုံးရဲ့
သွေးစည်းညီညွတ်မှုကို ​ပြသကြမယ်ဗျာ။

တိုက်ပွဲဝင်နေသော ရဲဘော်များ အထိအခိုက်ရှင်းပါစေ။
ဘေးကင်းပါစေ။ တိုက်ပွဲတိုင်းနိုင်ပါစေ။

တရားသော စစ်ပွဲတိုင်း နိုင်ရမည်။

အ​ရေး​​တော်ပုံ​အောင်ရမည်။

Mandalay Revolution Youth Force (M.R.Y.F)

Photo Crd;

🚫 CCTV များဖြုတ်ထားပေးရန် သတိပေးခြင်း 🚫မြို့ပြများတွင် လှုပ်ရှားနေသော UG/LDF နှင့် PDF များအား CCTV များမှ တစ်ဆင့်လမ်းကြ...
13/12/2021

🚫 CCTV များဖြုတ်ထားပေးရန် သတိပေးခြင်း 🚫

မြို့ပြများတွင် လှုပ်ရှားနေသော UG/LDF နှင့် PDF များအား
CCTV များမှ တစ်ဆင့်လမ်းကြောင်းလိုက်ခြင်းများကြောင့်
ဆုံးရှုံးမှုများစွာကို အားလုံးသိကြမယ်ထင်ပါတယ်။
CCTV များကြောင့် လမ်းကြောင်းများ ရှာဖွေရခက်ခြင်း၊
Mission များပျက်ခြင်း စသည်တို့ကြောင့်
တလရတွင် နှောင့်နှေးမှုများစွာ ဖြစ်ရပါတယ်။

CCTV များဖြုတ်ပေးကြဖို့ အဖွဲ့အသီးသီးမှလည်း
အကြိမ်ကြိမ် တောင်းဆိုခြင်း၊သတိပေးခြင်းများ
ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

ထို့ကြောင့် တလရတွင် နှောင့်နေးမှုမရှိစေရန်
CCTV တပ်ဆင်ထားသော
နေအိမ်အဆောက်အဦးများ CCTV များဖြုတ်ပေးကြရန် ၊
မဖြုတ်နိုင်တဲ့ အခြေအနေဆိုလည်း လမ်းပေါ်သို့ ချိန်ထားခြင်းမပြုရန် (ဖြုတ်ပေးနိုင်ရင် အကောင်းဆုံးပါ)
နောက်ဆုံးအကြိမ် အဖြစ် သတိပေးလိုက်ပါသည် ❗️

Mandalay Revolution youth Force (M.R.Y.F)

M.R.Y.F ၏အရေးပေါ်သတင်းထုတ်ပြန်ချက်မတရားမှုများနေ့စဉ်ခံစားနေရတဲ့ကျွန်တော်တို့ ပြည်သူများအတွက်တုန့်ပြန်မှုများ ပြုလုပ်သွား...
12/12/2021

M.R.Y.F ၏
အရေးပေါ်သတင်းထုတ်ပြန်ချက်

မတရားမှုများနေ့စဉ်ခံစားနေရတဲ့
ကျွန်တော်တို့ ပြည်သူများအတွက်
တုန့်ပြန်မှုများ ပြုလုပ်သွားမည်

ယခုအချိန်ထိပြုလုပ်ခဲ့သော mission များမှာ
စကစလက်အောက်ခံကင်းများကိုသာ
ပစ်မှတ်ထားခဲ့ပါသည် ။

အများပြည်သူထိခိုက်စေမည့် နေရာများအား
ရှောင်သွားပါမည်ဖြစ်ပြီး
ပြည်သူ့ကာကွယ်ရေးလုပ်ငန်းများကိုသာကြိုးစားသွားပါမည်

မြန်မာနိုင်ငံတဝှမ်းမှ ညီကိုများနှင့်
ရပ်တည်ပြီး အဖိနှိပ်ခံပြည်သူများဘက်မှ
ရပ်တည်သွားပါမည် ။

Leader ကာကာ
.

ပြည်သူတွေကို လက်နက်/အာဏာအားကိုးပြီးဖိရင် ပြန်ပေးဆပ်ဖို့ ပြင်ထားပါMANDALAY REVOLUTION YOUTH FORCE နှင့် မဟာမိတ်ညီက်ိုများ...
12/12/2021

ပြည်သူတွေကို လက်နက်/အာဏာအားကိုးပြီးဖိရင် ပြန်ပေးဆပ်ဖို့ ပြင်ထားပါ

MANDALAY REVOLUTION YOUTH FORCE နှင့် မဟာမိတ်ညီက်ိုများမှ

အောက်ဖော်ပြပါ လက်ပါးစေများက်ို
ထ်ိထိရောက်ရောက် ဆုံးမသွားမည်ဖြစ်သည်

ကျွန်တော်တို့​၏လုံခြုံရေးအခြေအနေပေါ်
မူတည်၍ ပျောက်ကြားလှုပ်ရှားမှု

ထုတ်ပြန်ချက်များကို ထုတ်ပြန်သွားပါမည်ခင်ဗျာ

ကျွန်တော်တို့အားကူညီထောက်ပံ့ပေးသော
ပြည်သူများကိုဦးညွတ်ကျေးဇူးတင်ပါသည်။ ။

ကျွန်တော်တို့အား ကူညီထောက်ပံ့လိုပါက
Official fb page များကနေ ဆက်သွယ်ပြီး
ကူညီနိုင်ပါတယ် ။


မြို့ပြမစ်ရှင်များအတွက်လိုအပ်သော ရိက္ခာနှင့် အခြားပစ္စည်းများဝယ်ရန်နှင့်တိုရှည်/နှတ်ခမ်းနီများနှင့် အာလူး/ဘူးသီးများဝယ်ယ...
10/12/2021

မြို့ပြမစ်ရှင်များအတွက်လိုအပ်သော ရိက္ခာနှင့် အခြားပစ္စည်းများဝယ်ရန်နှင့်
တိုရှည်/နှတ်ခမ်းနီများနှင့် အာလူး/ဘူးသီးများဝယ်ယူရန် အလှူခံပါရစေ။

လှူဒါန်းလိုသောသူများအနေဖြင့်

Mandalay Revolution Youth Force (MRYF) Page Chatbox
မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

အရေးတော်ပုံအောင်ရမည်။
အရေးတော်ပုံအောင်ရမည်။
အရေးတော်ပုံအောင်ရမည်။


Rangers of Mandalay (ROM Team ) နှင့်Mandalay Revolution Youth Force (MRYF) တို့အင်အားပေါင်းစည်းပြီး စကစ​၏ထောက်တိုက်များ...
10/12/2021

Rangers of Mandalay (ROM Team ) နှင့်
Mandalay Revolution Youth Force (MRYF) တို့

အင်အားပေါင်းစည်းပြီး
စကစ​၏ထောက်တိုက်များကို ချေမှုန်း
တော်လှန်သွားမည်ဖြစ်ကြောင်း 🤜

ကျွန်တော်တို့​၏လုံခြုံရေးအခြေအနေပေါ်
မူတည်၍ ပျောက်ကြားလှုပ်ရှားမှု
ထုတ်ပြန်ချက်များကို ထုတ်ပြန်သွားပါမည်ခင်ဗျာ
ကျွန်တော်တို့အားကူညီထောက်ပံ့ပေးသော
ပြည်သူများကိုဦးညွတ်ကျေးဇူးတင်ပါသည်။ ။

ကျွန်တော်တို့အား ကူညီထောက်ပံ့လိုပါက
Official fb page များကနေ ဆက်သွယ်ပြီး
ကူညီနိုင်ပါတယ် ။


မနက်ဖြန် ဒီဇင်ဘာလ ၁၀ရက်နေ့ (သောကြာနေ့ ) ဟာ Silent Strike(တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်)ပြုလုပ်မယ့်နေ့ဖြစ်သလို လူအခွင့်အရေး...
09/12/2021

မနက်ဖြန် ဒီဇင်ဘာလ ၁၀ရက်နေ့ (သောကြာနေ့ ) ဟာ Silent Strike(တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်)ပြုလုပ်မယ့်နေ့ဖြစ်သလို လူအခွင့်အရေးနေ့လည်းဖြစ်ပါတယ်။

Silent Strike (တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်)ကို ကျွန်တော်တို့ ဘယ်လို ပါဝင်ကြမလဲ

- မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ အပြင်မထွက်ရဘူး။ ကားမရှိ၊လူမရှိ၊ စျေးဆိုင်တွေမရှိ၊ အရာရာဟာခြောက်ကပ် တိတ်ဆိတ်နေရပါမယ်။

- လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ လူအခွင့်အရေးမရှိမှုတွေကို ဖော်ပြတဲ့အနေနဲ့ အနက်ရောင်ဝတ်စုံတွေကို ဝတ်ဆင်ပြီး Social Media မှာ မျှဝေရင်း Campaignမှာ ပါဝင် ဆင်နွှဲရမှာ ဖြစ်ပါတယ်။

"ငါတို့မြို့ကို ငါတို့ပိုင်တယ်။ ငါတို့ငြိမ်ချင် ငြိမ်မယ်။ ငါတို့ လှုပ်ချင်လှုပ်မယ်။"

"ဆိတ်သုဥ်းနေတဲ့လူ့အခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ"

တိတ်ဆိတ်ခြင်းရဲ့ အကျယ်​လောင်ဆုံး ဟစ်​ကြွေးသံကို အာဏာရူး​တွေ ဆက်ဆက်ကြား​စေရမယ်။


Revolution YouthForce



ပြည်သူများအတွက် ဒီညအဖို့ သတင်းကောင်း 💙မတရားသေဆုံးသွားရသောပြည်သူများအတွက်သွေးကြွေး  ✊ROM Team ၏ ပြောက်ကျားတိုက်ပွဲထုတ်ပြန...
08/12/2021

ပြည်သူများအတွက် ဒီညအဖို့ သတင်းကောင်း 💙

မတရားသေဆုံးသွားရသောပြည်သူများအတွက်
သွေးကြွေး ✊

ROM Team ၏ ပြောက်ကျားတိုက်ပွဲထုတ်ပြန်ချက်

ROM Team နှင့် Mandalay Revolution Youth Force
ပူပေါင်းအဖွဲ့မှ
အမှတ် ၁ ရဲစခန်းအား အသီးကျွေးခဲ့ပါသည်
မုန့်ဟင်းခါး ၂ နဲ့ ထိခိုက်မှုများရှိပါတယ်
ပြန်လည်ပစ်ခတ်သော်လဲ
အထိအခ်ိုက်မရှိ ဆုတ်ခွာခဲ့ပါသည်

နန်းရှေ့လမ်းပိတ်လိုက်ပြီဟုသ်ိရပါတယ်
ပြည်သူများရှောင်သွားကြပါ
CCTV များ ဖြုတ်ပေးကြပါ
ပြည်သူလူထု​၏ PDF များအပေါ်ကူညီမှု
အကာအကွယ်ပေးမှု
ဒေသခံ ပကဖ များရဲ့ ထုတ်ပြန်ချက်များကို
လိုက်နားပေးမှု အထူးလိုအပ်ပါသည် ။

Rangers of Mandalay


Revolution Youth Force

08/12/2021

နေ့စွဲ့ ။ ။ နို့ဝင်ဘာ လ - ၂၈ ရက်။
နေ့လည်း၁၂နာရီအတွင်
အာဏာရူး စစ်ကောင်စီတချို့နှင့် နောက်အစေပါးများတာဝန်ထမ်းဆောင်နေသော
မြောက်ပြင် epc ရုံးအားနာနတ်သီးကျွေး ဖောက်ခွဲမှုပြုလုပ်ခဲ့ပါသည် ။
ယခုအနှောင့်ပိုင်မှစတင်ကာ အလှူရှင်တချို့နှင့်အနစ်နာခံသူများဖြင့်
ဖွဲ့စည်းကာ ဖောက်ခွဲခဲ့ရသဖြင့် အခက်ခဲတချို့ရှိခဲ့၍
စစ်ကောင်စီမှထိခိုက်မှုမရှိပဲ ခြောက်လန့်ယုံအဆင့်ဖြင့်သာ
ကျေနပ်ခဲ့ရပါသည် ။
နောက်ဒီထက်မကဆက်လက်ကြိုးစားလုပ်ဆောင်သွားပါမည် ကတိသစ္စာပြုပါသည်။

.R.Y.F အရေးတော်ပုံအောင်ရမည်

08/12/2021

မန္တလေးမြို့-

မနော်တောင်ဘက် ၅၄ ၅၅ကြား မီတာတွေလိုက်ဖြုတ်နေပါတယ် စခရခလက်နက်အပြည့်စုံ
အိမ်စီးကား အဖြူနှစ်စီးနဲ့❗️❗️❗️

December 8
11:10am

မန္တလေးမြို့တွင် ပျောက်ကြားစစ်သည်တပ်ဖွဲ့ MRYF ကို စတင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာ။ဒီဇင်ဘာလ ၊  ရက် ၈နေ့မန္တလေးမြို...
08/12/2021

မန္တလေးမြို့တွင် ပျောက်ကြားစစ်သည်တပ်ဖွဲ့ MRYF ကို စတင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာ။

ဒီဇင်ဘာလ ၊ ရက် ၈နေ့

မန္တလေးမြို့တွင် စစ်ကောင်စီ ကိုအလိုမရှိသော ၊စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေ​ေသာ၊တက်ကြွ လူငယ်တစုမှ Mandalay Revolution Youth Force မန္တလေး ပျောက်ကြား စစ်သည် တပ်ဖွဲ့ ဖွဲ့စည်းကြောင်း
ကြေငြာအမှတ် - ၁/၂၀၂၁ ​​​ဖြင့်ကြေငြာလိုက်သည်။

MRYF ရဲ့လုပ်ငန်းစဥ်များအနေဖြင့် ပြည်ထောင်စုဘုံရန်သူစစ်ကောင်စီနဲ့လက်ပါးစေတွေကိုအခြားသောအင်အားစုတွေနဲ့ပူးပေါင်းတိုက်ခိုက်ဖို့ နဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ဖို့ MRYF ကိုဖွဲ့စည်းတာဖြစ်ပြီး အဖွဲ့အနေနဲ့ ယခုအခါတွင် ကိုယ်ထူကိုယ်ထ လှုပ်ရှားမှုများပြုလုပ်မည်ဖြစ်သော်လဲ နောက်တစ်ချိန်တွင် မန္တလေး PDF လက်အောက်တွင်ရှိနေမည်ဖြစ်သည်။

Address


Website

Alerts

Be the first to know and let us send you an email when Mandalay Revolution Youth Force posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share